မေလဆန်းမှာ ရှမ်းချင်းကို ပြည်ပဝယ်လက်တို့ဝယ်ယူ
အောင်ပန်းဈေးကွက်မှာ ချင်း (စို) အဝင်နည်းသွားပါတယ်။ တောင်သူတွေ ထံမှာလည်း အနည်းငယ်သာ ကျန်ရှိတော့တယ်လို့သိရပါတယ်။ ဒီနှစ်ထွက်တဲ့ ချင်း(စို) က ပြည် တွင်း/ပြည်ပမှာအဝယ်လိုက်နေလို့ အရောင်း သွက်နေ တယ်လို့လည်း သိရပါတယ်။ ဧပြီလမှာ ပြည်ပဝယ်လက်တွေရှိခဲ့လို့ ဖြုန်းအား အနည်းငယ်ကောင်း ခဲ့ပါတယ်။ဧပြီလအကုန်မှာတော့ ပြည်ပဝယ်လက်တွေက နားသွားလို့ ပြည်တွင်းသုံး ချင်းထိုးသမားတွေသာ အဝယ်ရှိတော့တယ်လို့လည်း သိရပါတယ်။ မေလဆန်း မှာတော့ အောင်ပန်းဈေးကွက်မှာချင်းကို ဘင်္ဂလားဒေ့ရှ်သို့တင်ပို့ဖို့အတွက် ဝယ် လက်အချို့က ပြန်ပြီး ဝယ်ယူနေကြပါတယ်။ ဒါပေမယ့် ချင်း(စို)ကိုပြန်ပြီး စိုက်နေ တာကြောင့် ဈေးကွက်ကိုအဝင်နည်းလာလို