Main menu

Background

ကုန်သွယ်ရေးသတင်း

မြိတ်ကုန်သွယ်ရေးစခန်းမှ သြဂုတ်လအတွင်းထိုင်းနယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ ရေထွက်ကုန် များပိုမိုတင်ပို့

Thu, 09/15/2016 - 13:18 -- journal_editor

သြဂုတ်လ ၂၇ ရက်မှ စက်တင် ဘာလ ၂ ရက်အထိ ရက်သတ္တပတ် အတွင်း မြန်မာ-ထိုင်း နယ်စပ်ရှိ ကုန်သွယ်ရေးဇုန်နဲ့ ကုန်သွယ်ရေး စခန်းများမှ အမေရိကန်ဦသ ဒေါ်လာ ၃ ဒသမ ၈၉၅ သန်းတန်ဖိုးရှိ ရေထွက် ကုန်ပစ္စည်း တန်ချိန် ၂၅၀၀ ကျော်ကို တင်ပို့ခဲ့ပါတယ်။ရေထွက်ကုန်ပစ္စည်းများကို မြဝတီ ကုန်သွယ်ရေးဇုန်မှ အမေရိ ကန်ဒေါ်လာ သုည ဒသမ ၁၅၅ သန်း တန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ငါးရှဉ့်နဲ့အခြားရေထွက် ကုန် တန်ချိန် ၉၀ ကျော် ကိုလည်းကောင်း၊ ကော့ သောင်းကုန်သွယ်ရေးစခန်းမှ အမေ ရိကန်ဒေါ်လာ သုည ဒသမ ၅၅၉ သန်းတန်ဖိုးရှိ ငါးမျိုးစုံ၊ ကဏန်း၊ ပုစွန်၊ ကင်းမွန်နဲ့ အခြား ရေထွက်ကုန် တန်ချိန် ၆၀၀ ကျော်၊ မြိတ် ကုန်သွယ် ရေးစခန်းမှ အမေရိ ကန် ဒေါ်လာ

တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့

Thu, 09/15/2016 - 11:37 -- journal_editor

မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၇ရက်မှ စက်တင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၄၁၉၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၁၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၄၆တန် နီးပါး တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီ လိတ်မှ လက်ဖက်ခြောက် ပိုမို တင်ပို့ လာတာ တွေ့ရ ပါတယ်။

မောင်တော ကုန်သွယ်ရေးစခန်းမှ သြဂုတ်လကုန်သွယ်မှု ဆောင်ရွက်ချက် လျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်

Thu, 09/15/2016 - 11:36 -- journal_editor

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၃သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅သန်း၊ စုစု ပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၈သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ သြဂုတ်လအတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၀သန်း ဖြစ်၍ လျာထားချက်အပေါ် ၈၁ ရာခိုင် နှုန်းကျော် အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

မောင်တော ကုန်သွယ်ရေးစခန်းမှ သြဂုတ်လကုန်သွယ်မှု ဆောင်ရွက်ချက် လျာထားချက်ရဲ့ ၈၀ ရာခိုင်နှုန်းကျော် ဆောင်ရွက်

Thu, 09/15/2016 - 11:21 -- journal_editor

၂၀၁၆ ခုနှစ် သြဂုတ်လအတွင်း မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ရှိ မောင်တော ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၃သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ သုညဒသမ ၀၀၅သန်း၊ စုစု ပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန် ဒေါ်လာ သုညဒသမ ၅၆၈သန်း ဆောင် ရွက်နိုင်ခဲ့ကြောင်း၊ သြဂုတ်လအတွက် ကုန်သွယ်မှု လျာထားချက်မှာ အမေ ရိကန်ဒေါ်လာ သုညဒသမ ၇၀၀သန်း ဖြစ်၍ လျာထားချက်အပေါ် ၈၁ ရာခိုင် နှုန်းကျော် အထိ ဆောင်ရွက်နိုင်ခဲ့ကြောင်း သိရပါသည်။

ချင်းရွှေဟော်မှ သကြား ပိုမိုတင်ပို့

Fri, 09/09/2016 - 14:07 -- journal_editor

မြန်မာ-တရုတ် နယ်စပ်ရှိ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၀ ရက်မှ ၂၆ရက် သီတင်းပတ်တွင် အမေရိ ကန်ဒေါ်လာ ၃၄၃၈၀၀ တန်ဖိုးရှိ သကြား ၅၉၀ တန်ခွဲကို တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ်က ၁၆တန်ခွဲသာ တင်ပို့ခဲ့လို့ ယခု တစ်ပတ် ချင်းရွှေဟော်မှ သကြား ၅၇၄တန် ပိုမို တင်ပို့ ခဲ့တာ တွေ့ရပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကတော့ အမေရိကန် ဒေါ်လာ ၈ဒသမ ၅၄၉သန်း တန်ဖိုးရှိ သကြား ၁၅၅၀၁ တန်ကျော် တင်ပို့ခဲ့ပါတယ်။ မူဆယ် ကုန်သွယ်ရေးဇုန်မှ ယခင်တစ်ပတ်က ၂၀၉၁၄ တန်ကျော် တင်ပို့ခဲ့လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ သကြားတင်ပို့မှု လျော့နည်းခဲ့ပါတယ်။ ယခု သီတင်းပတ်တွင်လည်း ပြည်တွင်း ၌ သကြားဈေး တစ်တန်လျှင် ခုနစ်သိန်း လေးသောင်းကျ

ရော်ဘာဈေးနှုန်းအတက်အကျအနည်းငယ်နဲ့ ဈေးငြိမ်လျက်ရှိ

Fri, 09/09/2016 - 13:38 -- journal_editor

  မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်နဲ့ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းတို့မှ သြဂုတ်လ ၂၀ ရက်မှ ၂၆ ရက်အထိ ကာလအတွင်း အမေရိကန်ဒေါ်လာ ၁ ဒသမ ၇၀၁ သန်းတန်ဖိုးရှိ ရော်ဘာ ၁၃၁၉ တန်ကျော် တင်ပို့ခဲ့ပါ တယ်။ မူဆယ် (၁၀၅) မိုင်မRSS-3 ၈၇၉ တန်ကျော်၊MSR -50  ၃၉ တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းမှ MSR-20၃၃၂ တန်ကျော်နဲ့RSS-3 ၆၉ တန်တင်ပို့ပါတယ်။ ယခင်တစ်ပတ်က မူဆယ်နဲ့ ချင်းရွှေဟော်မှ ရော်ဘာ ၉၁၈ တန်ကျော်သာ တင်ပို့ခဲ့ ပြီး ယခုတစ်ပတ်မှာ ၄၀၁ တန်ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခုတစ်ပတ် မူဆယ်ကုန်စည်ဒိုင်ရဲ့ ရော်ဘာပေါက်ဈေးမှာRSS-3 တစ်တန်ကို ၁၅၀၄၄၈၈ ကျပ်ဖြစ်တဲ့အတွက် ယခင်တစ်ပတ်ထက် တစ်တန်ကို ၁၃၄၉ ကျပ်ပိုမိ

စခန်းစုံမှ ကြက်သွန်နီ တင်ပို့

Thu, 09/08/2016 - 13:07 -- journal_editor

သြဂုတ် ၂၀ရက်မှ ၂၆ရက်တာ ရက်သတ္တပတ်တွင် မြန်မာ - တရုတ် နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ ၂၁၂၀၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၈၀၀ ၊ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေး ဇုန်မှ အမေ ရိကန်ဒေါ်လာ ၈၇၁၂၁ တန်ဖိုးရှိ ကြက်သွန်နီ ၂၃၉ တန်နီးပါး၊ တာချီလိတ် ကုန်သွယ်ရေးစခန်းမှ အမေရိကန် ဒေါ်လာ ၂၆၅၀၀ တန်ဖိုးရှိ ကြက်သွန်နီ တန် ၁၀၀ နဲ့ အမေရိကန်ဒေါ်လာ ၂၆၀၇၀၀ တန်ဖိုးရှိ ကြက်သွန် ဖြူ ၁၆၅ တန် အသီး သီး တင်ပို့ခဲ့ကြပါ တယ်။ ယခင်ရက်သတ္တပတ်က မူဆယ်မှ ကြက်သွန်နီ ၁၅၅၀ တန်နဲ့ မြဝတီမှ ၂၂၂တန်ကျော်သာ တင်ပို့ခဲ့တဲ့ အတွက် ယခု တစ်ပတ် ကြက်သွန်နီ ပိုမိုတင်ပို့လာတာ တွေ့ရပါတယ်။ မူဆယ်တွင် ကြက်သွန်နီ တင်ပို့မ

တရုတ်နဲ့ ထိုင်းနိုင်ငံသို့ သီဟိုဠ်စေ့ တန် ၃၀ နီးပါးတင်ပို့

Thu, 09/08/2016 - 12:47 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ သြဂုတ် လနောက်ဆုံးပတ်အတွင်း အမေရိကန် ဒေါ်လာ သုည ဒသမ ၁၂၀ သန်းတန်ဖိုး ရှိ သီဟိုဠ်စေ့တန် ၂၀ နီးပါးနဲ့ မြန်မာ- ထိုင်းနယ်စပ်ရှိ   မြဝတီကုန်သွယ်ရေး ဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၀၆၁ သန်းတန်ဖိုးရှိ သီဟိုဠ်စေ့ ရှစ် တန်ခန့်ကို တရုတ်နိုင်ငံနဲ့ ထိုင်းနိုင်ငံ သို့ တင်ပို့ခဲ့ပါတယ်။သြဂုတ်လဆန်းမှစပြီး စတုတ္ထ ပတ်အထိ  မူဆယ်ကုန်သွယ်ရေးဇုန်မှ ၁၀၄ တန်ခွဲနဲ့ မြဝတီ ကုန်သွယ်ရေးဇုန်မှ ၁၆ တန် တင်ပို့ပြီးဖြစ်တယ်လို့ သတင်း ရရှိပါတယ်။                        

  ခင်မိုးသူ

ကြက်သွန်ဖြူစိုက်ဧက လျော့သွားလို့ အထွက်နည်းပြီး ဈေးကောင်းရလာ

Wed, 09/07/2016 - 14:27 -- journal_editor

ဒီနှစ်မှာ ရှမ်းကြက်သွန်ဖြူက ဈေးကောင်းရနေပါတယ်၊ လွန်ခဲ့တဲ့ ငါးနှစ်ခန့်ကစပြီး  ဆက်တိုက်ဈေးကွက်ပျက်ခဲ့တာ၊ ဈေးပြန်ကောင်းလာတာ မနှစ်နဲ့  ဒီနှစ် နှစ်နှစ်ခန့်သာရှိပါတယ်။ ငါးနှစ်ခန့်ဈေးကွက်ပျက်တာကြောင့် စိုက် တဲ့ တောင်သူတွေက လည်း စိတ်ပျက်ပြီး မစိုက်ကြတော့ပါဘူး။ ကြက်သွန်ဖြူ နေရာ မှာ ပြောင်းကိုအစားထိုးစိုက် ပျိုးနေတာကြောင့် စိုက်ဧကလည်းလျော့သွားပါတယ်။ ဒီနှစ်မှာတော့ ဈေးကောင်းရပေမယ့် စိုက်တဲ့တောင်သူတွေ နည်းလာပါတယ်။   အရှုံးပေါ်ခဲ့တဲ့ အတွက် တောင်သူတွေကလည်း  မျိုးဖိုးတောင်  မတတ်နိုင် တော့လို့မစိုက်နိုင်ကြတော့ဘူးလို့သိရပါတယ်။

ကုန်သွယ်ရေးစခန်းများမှ ဆန်တင်ပို့မှု လျော့ကျသော်လည်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ ပိုမိုတင်ပို့

Wed, 09/07/2016 - 14:01 -- journal_editor

သြဂုတ် ၂၀ ရက်မှ ၂၆ ရက်အထိကာလအတွင်း ကုန် သွယ်ရေးစခန်းများမှ အမေရိကန်ဒေါ်လာ ၃ ဒသမ ၀၁၈ သန်းတန်ဖိုးရှိ ဆန် ၈၂၃၈ တန်တင်ပို့ခဲ့ပြီး ယခင်တစ်ပတ် တင်ပို့မှုထက် ၄၀၁၇ တန်  လျော့နည်းခဲ့ပါတယ်။ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ ငစိန်ဆန် ၂၇၉၇ တန်၊ ဧည့်မထဆန်တန် ၉၀၀၊ ချင်းရွှေဟော်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၁၈၆တန်ခန့်၊လွယ်ဂျယ်ကုန်သွယ်ရေးစခန်းမှ ငစိန်ဆန် ၄၃၅၅ တန်ကျော်တင်ပို့ခဲ့တာဖြစ်ပါတယ်။

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း