Main menu

Background

ကုန်သွယ်ရေးသတင်း

မြေသြဇာဈေးကွက် အရောင်းအေး

Thu, 07/28/2016 - 10:59 -- journal_editor

ဇူလိုင် ၁၀ ရက်မှ ၁၆ ရက် သီတင်းပတ်အတွင်း ပြည်တွင်းကို ရေလမ်းမှ မြေ သြဇာ၁၄၄၈၄တန်ကျော် အဝင်ရှိခဲ့ပြီး ယခင်တစ်ပတ်မှာ  ၁၅၇၃၅ တန် ဝင်ခဲ့တာ ကြောင့် ဒီတစ်ပတ်မှာ တန်ချိန်၁၂၅၀ကျော်အဝင်လျော့ခဲ့ တယ်လို့ သိရပါတယ်။ နယ်စပ်လမ်းမှ ယခုတစ်ပတ်မြေသြဇာအဝင်မှာ ၂၄၄၅၈ တန်ကျော်ရှိခဲ့ပြီး၊  ယခင် တစ်ပတ်အဝင်မှာ ၃၇၄၆၄ တန်ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်မှာ တန်ချိန် ၁၃၀၀၀ ကျော် အဝင်လျော့ခဲ့တယ်လို့ သိရပါတယ်။  ဒါကြောင့် ဒီတစ်ပတ်မှာ ရေလမ်းရော နယ်စပ်လမ်းမှပါ မြေသြဇာအဝင်လျော့ခဲ့ပါတယ်။ပြည်တွင်းဈေးကွက်များဖြစ်တဲ့ မန္တလေး၊ မော်လမြိုင်၊ မကွေးနဲ့ တောင်ကြီးမှာ ဈေးနည်းနည်းကျ လာတယ်လို့သိရပါတယ်။

ဘိလပ်မြေတန်ချိန် ၄၀၀၀၀ နီးပါးသာဝင်

Thu, 07/28/2016 - 10:57 -- journal_editor

ဇူလိုင် ၁၀  ရက်မှ ၁၆  ရက် သီတင်းပတ်အတွင်း   ကန်ဒေါ်လာ ၂၉၉၆၇၆၂ တန်ဖိုးရှိ ဘိလပ်မြေ ၃၅၈၈၂ ဒသမ ၈၅၄ တန်ကို ပင်လယ်ရေကြောင်း ကုန်သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ်မှာ တရုတ်နိုင်ငံမှ ၄  တန်နဲ့  ထိုင်းနိုင်ငံမှ ၃၅၈၇၈ ဒသမ ၈၅၄ တန် တင်သွင်းခဲ့တယ်လို့ သိရပါတယ်။  တင် သွင်းခဲ့တဲ့ တံဆိပ် များမှာ စိန်၊ ဆင်နဲ့ အင်စီးတို့ ဖြစ်ပါတယ်။ ယခင်သီတင်းပတ်ဘိလပ်မြေ တင်သွင်းမှုမှာ တန်ချိန် ၃၉၄၀၀ ကျော်ရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန် ၃၅၃၀ ကျော် တင် သွင်းမှုလျော့ခဲ့တယ်လို့ သိရပါတယ်။

သီတာဝင်း( DOT)

တရုတ်၊ ထိုင်းနဲ့အိန္ဒိယနယ်စပ်များမှ ဆိုင်ကယ်နဲ့ သုံးဘီးဆိုင်ကယ်များတင်သွင်း

Thu, 07/28/2016 - 10:38 -- journal_editor

ဇူလိုင်  ဒုတိယပတ် အတွင်း တရုတ်၊  ထိုင်းနဲ့  အိန္ဒိယ နယ်စပ်များမှ အမေရိကန်ဒေါ်လာ  ၆ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ  ဆိုင်ကယ်မျိုးစုံ ၁၃၅၈၄ စီး တင်သွင်းခဲ့ပါတယ်။  ယခင်တစ်ပတ် ထက် ထိုင်းနယ်စပ်နဲ့  အိန္ဒိယ နယ်စပ် တို့မှပိုမိုတင်သွင်းခဲ့သော်လည်း တရုတ် နယ်စပ်မှ  ဆိုင်ကယ် တင်သွင်းမှုလျော့ ကျခဲ့သဖြင့် နယ်စပ်သုံးခုမှ  ဆိုင်ကယ် ဝင်ရောက်မှု  ၁၄၁၁ စီး   လျော့နည်းခဲ့ တယ်လို့ ကုန်သွယ်ရေးဇုန်နဲ့   ကုန်သွယ် ရေး စခန်းများမှ  သိရပါတယ်။

ထိုင်းနယ်စပ်မှဇူလိုင် ဒုတိယပတ်အတွင်း ရေထွက်ကုန် ပစ္စည်းတန်ချိန် ၂၀၀၀ ကျော်တင်ပို့

Thu, 07/28/2016 - 10:36 -- journal_editor

 

တရုတ်နိုင်ငံသို့ ပြောင်းတင်ပို့မှု လျော့ကျ

Tue, 07/26/2016 - 15:53 -- journal_editor

ရွှေလီမြစ်ကြောင်းတစ်လျှောက်ရှိ  ကုန်ပစ္စည်း သယ်ယူရာ   ဇက်ဆိပ်များတွင် ရေကြီးခြင်းကြောင့်  မော်တော်ယာဉ်များ  သွားလာ၍မရသဖြင့် တင်ပို့မရခဲ့တာ ကြောင့် ပြောင်းတင်ပို့မှု လျော့နည်းခဲ့ပါတယ်။  ဇူလိုင်ဒုတိယပတ်တွင် တရုတ်နယ်စပ် စခန်းများမှ အမေရိကန်ဒေါ်လာ ၂ ဒသမ ၀၅၃ သန်း တန်ဖိုးရှိ ပြောင်းဖူးစေ့ တန်ချိန် ၈၀၃၃ တန်တင်ပို့ခဲ့ရာ  မူဆယ်မှ ၄၉၉၈ တန်ခွဲ၊ လွယ်ဂျယ်မှ ၂၇၇၅ တန် ကျော်နဲ့ချင်းရွှေဟော်မှ  တန်ချိန် ၂၆၀ ကျော် တင်ပို့ခဲ့ပါတယ်။ ယခင် သီတင်းပတ်က  မူဆယ်၊ လွယ်ဂျယ်၊ချင်းရွှေဟော်နဲ့  ကန်ပိုက်တီးစခန်းစုံမှ ပြောင်းဖူးစေ့ ၁၃၇၂၁ တန်ခွဲတင်ပို့ခဲ့တဲ့အတွက်  ယခုတစ်ပတ်ပြောင်းတင်ပို့မှု ၅၆၈၇ တန်ကျော် လျော့ နည်းသွားခဲ့ ပါ

စစ်တွေကုန်သွယ်ရေးစခန်းမှ ရေချိုငါးမြစ်ချင်း တန် ၈၀ ကျော်တင်ပို့

Tue, 07/26/2016 - 15:52 -- journal_editor

ဇူလိုင်လ ဒုတိယပတ်မှာ မြန်မာ-ဘင်္ဂလားဒေ့ရှ် နယ်စပ်ဖြစ်တဲ့  စစ်တွေ ကုန်သွယ်ရေးစခန်းမှ အမေရိကန်ဒေါ်လာ သုညဒသမ ၀၈၆ သန်းတန်ဖိုးရှိ ရေချို ငါးမြစ်ချင်း  ၈၄ တန်ခန့်ကို တင်ပို့ခဲ့ပါတယ်။ ပြီးခဲ့တဲ့  ဇူလိုင်ပထမပတ်မှာ  တင်ပို့မှု မရှိဘဲ  ဇူလိုင် ဒုတိယပတ်မှာသာ တင်ပို့တာတွေ့ရပါတယ်။ဇွန်တစ်လလုံး စစ်တွေကုန်သွယ်ရေးစခန်းမှ  အမေရိကန်ဒေါ်လာ သုည ဒသမ ၂၃၅ သန်းတန်ဖိုးရှိ ရေချိုငါးမြစ်ချင်း ၂၂၄ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခု တစ်ပတ်မှာ စစ်တွေကုန်သွယ်  ရေးစခန်းမှရေချိုငါးမြစ်ချင်းအပြင် အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၈ သန်း   တန်ဖိုးရှိ   ချင်းအစို ၂၃ တန် ၊  အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၂ သန်း တန်ဖိုး ရှိ  ဆီးယိုထုပ် ၇ တန်၊  အမေရိကန

ထိုင်းနိုင်ငံသို့လက်ဖက်ခြောက် ပုံမှန်တင်ပို့

Tue, 07/26/2016 - 15:51 -- journal_editor

မြန်မာ-ထိုင်း နယ်စပ်ရှိ  တာချီ လိတ်  ကုန်သွယ်ရေးစခန်းမှ ဇူလိုင် ဒုတိယပတ်တွင်  အမေရိကန်  ဒေါ်လာ ၁၇၉၀၁ တန်ဖိုးရှိ  လက်ဖက်ခြောက် ၄၆တန်နီးပါး တင်ပို့ ခဲ့ပါတယ်။  ယခင် သီတင်းပတ်က၅၆တန်  တင်ပို့ခဲ့ လို့ မြန်မာနိုင်ငံမှ  ထွက်ရှိတဲ့  လက်ဖက် ခြောက်တွေကို ထိုင်းနိုင်ငံသို့ ပုံမှန်တင် ပို့နေတာကို တွေ့ရပါတယ်။လက်ရှိတွင်  အမေရိကန်ဈေး ကွက်သို့  ဈေးကွက်ချဲ့ထွင်နိုင်ရန် လက် ဖက် နမူနာများ  စမ်းသပ်တင်ပို့ထားပြီး အမှာစာများရရှိရန်  စောင့်ဆိုင်းနေ ကြောင်း၊  ဂျာမနီနိုင်ငံမှ  ွှုဇ အဖွဲ့ အစည်း၏  အကူအညီဖြင့် လက်ဖက် ထုတ်လုပ်တဲ့  နည်းစနစ်များ ဆောင် ရွက်နေခြင်းဖြစ်ကြောင်း၊   လက်ဖက် အချိုခြောက်  တန်ချိန်  တစ်သိန်းခွဲခန့်

ပြည်ပဈေးကွက်တွင် ဖျာပုံမှ ငါးမုတ်နှင့် ငါးသလောက် ဈေးကောင်းရနေ

Tue, 07/26/2016 - 15:50 -- journal_editor

ဖျာပုံမြို့နယ်သည် လယ်ယာ စိုက်ပျိုးခြင်း လုပ်ငန်းနှင့် ပင်လယ် ငါးဖမ်းခြင်း လုပ်ငန်းတို့ဖြင့် စီးပွားရေး ရပ်တည်နေသော မြို့တစ်မြို့ ဖြစ်ပါ တယ်။ ယခုလရာသီသည် လယ်ယာ လုပ်ငန်းများကို စတင်စိုက်ပျိုး လုပ်ကိုင် ကြေ သာ လရာသီ ဖြစ်သလို ပင်လယ်ငါးဖမ်းလုပ်ငန်းအနေဖြင့်လည်း ငါးမုတ် ငါးဖမ်းသော လရာသီလည်း ဖြစ်ပါ တယ်။ ငါးမုတ်ငါးများကို ဇွန်လမှစ၍ သြဂုတ်လအထိ ဖမ်းယူကြပါတယ်။ငါးမုတ်သည် ဈေးကွက်ဝင်ငါးဖြစ်လို့ ပင်လယ် ငါးဖမ်း ရေယာဉ်ပိုင်ရှင်များ အနေဖြင့် သူ့လရာသီရောက်လာလျှင် ငါးမုတ်ကိုသာ ဦးစား ပေးဖမ်းလေ့ ရှိကြ ပါတယ်။ ဒုတိယဈေးကွက်ဝင် ငါးမှာငါးသလောက်ဖြစ်ပြီး ယခုအချိန် အခါသည် ငါးသလောက်ရာသီ မဟုတ်သော်လည်း လက်ကျန် ငါးသလောက် အကေ

မူဆယ်ကုန်သွယ်ရေးဇုန်မှ ပရဆေးကုန်ကြမ်း တန်ချိန် ၄၀၀ ကျော် တင်ပို့

Thu, 07/21/2016 - 12:57 -- journal_editor

မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်(၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် ဇူလိုင် ၂ ရက်မှ ၇ ရက်အတွင်း အမေရိကန်ဒေါ်လာ သုညဒသမ ၄၃၄ သန်း တန်ဖိုးရှိ ပရဆေးကုန်ကြမ်း ၄၁၉ တန်ကျော်ကို တင်ပို့ခဲ့ပါတယ်။ တင်ပို့ခဲ့ တဲ့ ပရဆေးကုန်ကြမ်းတွေကတော့  ဒရင်ကောက်မြစ်၊ တောဂျူးမြစ်၊ တော ချင်း၊ မာလာဥခေါင်း၊ ကြောင်ပန်းစေ့၊ နေလဲစေ့၊ မိကျောင်းကွမ်းဖတ်စေ့၊ ရွေးစေ့၊ ရွေးရွက်၊ ချဉ်ပေါင်ဖာလာ၊စမုံနက်၊ ကွမ်းစာ၊ ဂမုန်း၊ ဝဥခြောက်၊ ဖန်ခါး သီးခြောက်၊ ဆီးဆန်နဲ့ မုတ်ခါးတို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ပရဆေးအမယ် ၉မျိုး စုစုပေါင်း၄၂၅တန် တင်ပို့ခဲ့လို့  ယခုတစ်ပတ် ပရဆေးတင်ပို့မှုမှာကုန်ကြမ်းအမယ်များသော်လည်း တင်ပို့တန်ချိန် ၅တန် ခန့် လျော့ နည်း သွားခ

စစ်တွေကုန်သွယ်ရေးစခန်းမှ သစ်ခေါက်၊ မန်ကျည်းစေ့ နှင့် ငါးနီတူခြောက်တို့ တင်ပို့

Thu, 07/21/2016 - 12:51 -- journal_editor

မြန်မာ-ဘင်္ဂလားဒေ့နယ်စပ်ဖြစ်တဲ့ စစ်တွေကုန်သွယ်ရေး စခန်းမှ ဇူလိုင်လ ပထမပတ်အတွင်း အမေရိကန်ဒေါ်လာ သုည ဒသမ ၀၀၂သန်းတန်ဖိုးရှိ သစ်ခေါက် ၅တန်၊ အမေရိကန်ဒေါ်လ ာ သုည ဒသမ၀၀၄သန်းတန်ဖိုး ရှိ မန်ကျည်းစေ့ ၇၅ တန် တို့အပြင် အမေရိကန်ဒေါ်လာ သုညဒသမ ၀၀၃သန်းတန်ဖိုးရှိ ငါးနီတူခြောက် ၂တန်၊ အမေရိကန် ဒေါ်လာ သုညဒသမ ၀၁၄သန်းတန်ဖိုးရှိ ဇီးယို ထုပ် ၄၃တန်နဲ့အမေရိ ကန် သုညဒသမ ၀၀၂သန်းတန်ဖိုးရှိ ပဲကြီး ၂တန်တို့ကို တင်ပို့ခဲ့ပါတယ်။ယခင်တစ်ပတ်ကထက် မန်ကျည်းစေ့၂၆တန်နဲ့ ဇီးယိုထုပ် ၃၈တန် ပိုမို တင်ပို့နိုင်သော်လည်း ဇီးဖတ်နဲ့ ဂျင်းစိုကို ယခု တစ်ပတ်မှာ တင်ပို့နိုင်ခြင်းမရှိဘူးလို့ စစ်တွေကုန်သွယ်ရေးစခန်းမှ သိရပါတယ်။    

Pages

Subscribe to RSS - ကုန်သွယ်ရေးသတင်း