တာချီလိတ်မှ လက်ဖက်ခြောက် ပိုမိုတင်ပို့
မြန်မာ-ထိုင်း နယ်စပ်ရှိ တာချီ လိတ် ကုန်သွယ်ရေးစခန်းမှ သြဂုတ် ၂၇ရက်မှ စက်တင်ဘာ ၂ ရက်အထိ သီတင်းပတ်အတွင်း အမေရိကန် ဒေါ်လာ ၄၄၁၉၀ တန်ဖိုးရှိ လက်ဖက် ခြောက် ၁၁၃ တန်ကျော် တင်ပို့နိုင်ခဲ့ ပါတယ်။ ယခင်တစ်ပတ်က ၄၆တန် နီးပါး တင်ပို့ခဲ့လို့ ယခုတစ်ပတ် တာချီ လိတ်မှ လက်ဖက်ခြောက် ပိုမို တင်ပို့ လာတာ တွေ့ရ ပါတယ်။










