ပြောင်းတန်ချိန် တစ်သောင်းခွဲနီးပါး တင်ပို့
မြန်မာ-တရုတ်နယ်စပ်ရှိ မူဆယ်၊ လွယ်ဂျယ်၊ ချင်းရွှေဟော်နဲ့ ကန်ပိုက်တီး စခန်းလေးခုမှ စက်တင်ဘာ ၁၀ ရက်မှ ၁၆ ရက်အထိ ရက်သတ္တပတ်အတွင်း အမေရိကန်ဒေါ်လာ ၃ ဒသမ ၄၈၅ သန်းတန်ဖိုးရှိ ပြောင်းတန်ချိန် ၁၄၈၇၉ တန် ကျော် တင်ပို့နိုင်ခဲ့ပါ တယ်။ စခန်းအလိုက် တင်ပို့ခဲ့တာကတော့ မူဆယ်မှ ၁၂၇၄၂ တန်ခွဲ၊ လွယ်ဂျယ်မှ ၁၃၅၀ တန်၊ ချင်းရွှေဟော်မှ ၆၅၉ တန်ကျော်နဲ့ ကန်ပိုက်တီးမှ ၁၂၈ တန်ဖြစ်ပါတယ်။ ယခင်သီတင်းပတ်က ထိုစခန်းလေး ခုပေါင်းမှ တင်ပို့ခဲ့တဲ့ ပြောင်းတန်ချိန် ၁၀၅၄၉ တန်ဖြစ်လို့ ယခုတစ်ပတ်မှာ တရုတ်နိုင်ငံသို့ ပြောင်းတန်ချိန် လေးထောင်ကျော် ပိုမို တင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။ မူဆယ်ကုန်စည်ဒိုင်မှာ စက်တင်ဘာ ၉ ရက်က ပြောင်းတစ်တန်ကို ၂










