Main menu

Background

ရောင်းပန်းဝယ်ပန်းလှလာတော့မယ့် ရွှေဘိုပေါ်ဆန်းမွှေး

Fri, 03/06/2015 - 20:56 -- journal_editor

အတွဲ(၁၅)အမှတ်(၉)

ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲမှုလျှော့ချရေး အသေးစားကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုး တိုးတက်ရေး ပြည်ထောင်စု ရန်ပုံငွေဖြင့်  ဖေဖော်ဝါရီလ ၂၄ရက်နေ့တွင် စစ်ကိုင်း တိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ရွှေဘိုမြို့ ဧဒင်ခန်းမမှာ ရွှေဘိုပေါ်ဆန်းမွှေး စိုက်ပျိုး ထုတ်လုပ်တင်ပို့ရောင်းချမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနဲ့ ရွှေဘို ပေါ်ဆန်းမွှေး မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကျင်းပပြုလုပ်ခဲ့ပါတယ်။
အဆိုပါအလုပ်ရုံဆွေးနွေးပွဲမှာ သဘာပတိအဖြစ် ကုန်သွယ် မှုမြှင့်တင်ရေးဦးစီးဌာန၊ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးအောင်စိုး၊
နိုင်ငံတော်သမ္မတစီးပွားရေးအကြံပေး၊ မြန်မာနိုင်ငံဆန်စပါးအသင်း ချုပ် အကြံပေးပညာရှင် ဒေါက်တာစိန်လှဗိုလ်နဲ့ မုံရွာမြို့၊ စီးပွားရေး တက္ကသိုလ်မှ ပါမောက္ခဒေါက်တာမောင်မောင်ဝင်းတို့က ဆောင်ရွက် ခဲ့ပါတယ်။
သဘာပတိ ဒေါက်တာစိန်လှဗိုလ်က ရွှေဘိုပေါ်ဆန်းစပါးကို ရာသီမရွေး စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သတင်းကောင်းပါးခြင်း၊ စိုက် ပျိုးမြေကို ဓါတ်ခွဲစမ်းသပ်ပေးခြင်းကို စိုက်ပျိုးရေးဌာနမှ ဆောင်ရွက် နေပြီဖြစ်ကြောင်း၊ ရွှေဘိုပေါ်ဆန်းစပါး တစ်ဧကပျမ်းမျှအထွက်နှုန်း တင်း ၉၀ ထွက်အောင် လိုအပ်တဲ့ အာဟာရများဖြည့်ပြီး စိုက်ပျိုးလျှင် ရနိုင်ကြောင်း၊ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ပိုမိုတိုးတက်အောင် အားလုံး ဝိုင်းဝန်းကြိုးစားရန် ပြောကြားခဲ့သလို ဒုတိယညွှန်ကြားရေး မှူးချုပ် ဦးအောင်စိုးကလည်း နိုင်ငံတော်မှစီးပွားရေး ပြုပြင်ပြောင်းလဲမှုများပြုလုပ်ခဲ့ရာ  အစိုးရကတိုက်ရိုက် စပါးဝယ်ယူခြင်း မပြုတော့ ဘဲ လွတ်လပ်စွာရောင်းဝယ် ဖောက်ကားခွင့်ပြုသည့် ဆန်စပါး ရောင်း ဝယ်ရေးမူဝါဒကို ကျင့်သုံးခဲ့ သည့် ၂၀၀၃ ခုနှစ် ဧပြီ ၂၃ ရက် နေ့မှ စတင်၍ မြန်မာ့ လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာန သည် ဆန်စပါးကို ဝယ်၊ သယ်၊ သို၊ ကြိတ်၊ ဖြန့်လုပ်ငန်းများ ဆောင်ရွက်မှုကို ရပ်ဆိုင်းခဲ့ပါကြောင်း၊ ၂၀၁၃ခုနှစ်၊ ဧပြီလ ၁ရက်နေ့မှ စတင်၍              မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းရောင်းဝယ်ရေးဌာနကို ကုန်သွယ်မှု မြှင့်တင်ရေးဦးစီးဌာန အမည်အဖြစ် ပြောင်းလဲဖွဲ့စည်းကာ ကုန် သွယ်မှုမြှင့်တင်ရေး လုပ်ငန်း များကိုဆောင်ရွက်ခဲ့ကြောင်း၊ ကုန် သွယ်မှုမြှင့်တင်ရာမှာ ကုန်သွယ်မှုပမာဏ (ပို့ကုန်/သွင်းကုန်) တိုး တက်အောင် ဆောင်ရွက်ရမည်ဖြစ်သော်လည်း ပို့ကုန်မြှင့်တင်ဖို့က အဓိကဖြစ်ပါကြောင်း၊ ယခုအချိန်မှာ သွင်းကုန်က များနေတဲ့အတွက် ကုန်သွယ်မှု လိုငွေဖြစ်ပေါ်နေပါကြောင်း၊ ပို့ကုန်များမှသာ ဝင်ငွေရ မည်ဖြစ်ရာ လယ်ယာကဏ္ဍပို့ကုန်များပြီး ဝင်ငွေများများရမှ ဆင်းရဲ မှုလျော့ကျမည်ဖြစ်ကြောင်း၊ အမျိုးသားပို့ကုန်မဟာဗျူဟာကို အပြည် ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနနှင့်ပူးပေါင်း ဆောင်ရွက်နေပြီ ဖြစ် ကြောင်း၊ ဆန်စပါး၊ ပဲမျိုးစုံ၊ ရေထွက်ပစ္စည်း၊ အထည်ချုပ်၊ ရော်ဘာ စတဲ့ ကုန်ပစ္စည်းများရဲ့ ပို့ကုန်စီမံကိန်းကိုငါးနှစ် စီမံကိန်း ရေးဆွဲ ဆောင်ရွက်နေပြီဖြစ်ကြောင်း၊ ဆန်စပါးကဏ္ဍ တိုးတက်အောင် ဘာတွေလုပ်မလဲဆိုတဲ့မူကြမ်း ထွက်နေပြီဖြစ်ကြောင်း၊ မိမိနိုင်ငံ ရဲ့ကိုယ်ပိုင်ပစ္စည်း၊ မျိုးကောင်းတဲ့ ရွှေဘိုပေါ်ဆန်းကို စိုက်ပျိုး ထုတ်လုပ်တင်ပို့ ရောင်းချ မှုကဏ္ဍဖွံ့ဖြိုးတိုးတက်အောင် ဘာဆက် လုပ်မယ်၊ မူပိုင်ခွင့်ရအောင် ဘယ်လိုလုပ်မလဲဆိုတာကို စိုက်ပျိုး ထုတ်လုပ်သူတောင်သူများ၊ ဆန် စက်လုပ်ငန်းရှင်များ၊ ပညာရှင်များ နှင့် ယခုအလုပ်ရုံဆွေးနွေးပွဲမှာ ဆွေးနွေးကြမည်ဖြစ်လို့ နိုင်ငံတော်၏ ရည်မှန်းချက်၊ ဝန်ကြီးဌာန၏ ရည်မှန်းချက်တွေ အောင်မြင်အောင် ဆောင်ရွက်ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
အလုပ်ရုံ ဆွေးနွေးပွဲတွင် စိုက်ပျိုးမှုကဏ္ဍ၊ ထုတ် လုပ်မှုကဏ္ဍ၊ ရောင်းချမှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် မူပိုင်ခွင့်ရရှိရေး အတွက် ပထဝီဆိုင်ရာအညွှန်း၊ Óဏပစ္စည်း မူပိုင်ခွင့်ဥပဒေ၊ ကုန်အမှတ် တံဆိပ်ဥပဒေ အကြောင်း သိကောင်းစရာများကို ကဏ္ဍအသီးသီး ခွဲကာ ပညာရှင်များက စာတမ်းဖတ်ခြင်း၊ ဆွေးနွေးခြင်းများ ပြုလုပ်ခဲ့ ပါတယ်။ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် ဦးခင်စိုးမှ ဒေသအလိုက် စိုက်ပျိုး လျက်ရှိ သော စပါးမျိုးများ၏မျိုးရိုးဗီဇ ဆက်နွယ်မှု၊ ရွှေဘို ပေါ်ဆန်းစပါးကို တိုင်း ဒေသကြီး/ပြည်နယ်များ အလိုက်စိုက်ဧကနှင့် အထွက်နှုန်းများကို နှိုင်းယှဉ် ရှင်းလင်း ပြောကြားပြီး၊ စိုက်ပျိုး ထုတ် လုပ်မှု တိုးတက်ရေး အတွက် ဆောင်ရွက်သင့်သည့် အခြေခံအချက် များကို ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်၊ အထွေထွေအတွင်းရေးမှူး ဦးရဲမင်းအောင်က ဆန်စပါးစိုက်ပျိုးရာတွင် အဓိကအရေးကြီးဆုံးမှာ မျိုးကောင်းမျိုးသန့်ထုတ်လုပ်ဖို့လိုပါတယ်၊ မျိုးစေ့က အရေးကြီးပါ တယ်၊ မျိုးစေ့ဥပဒေရှိ ပြီးဖြစ်ကြောင်း၊ မျိုးစေ့ဥပဒေကို ထောက်ခံချက် နဲ့ရောင်းဝယ်ဖောက်ကားဖို့ အဓိကလိုအပ်ပါကြောင်း၊ ရွှေဘိုပေါ် ဆန်းကို ရေရှည်တည်တံ့အောင် အခုအလုပ်ရုံဆွေးနွေးပွဲမှ သုံးသပ် ချက်၊ ဖော်ထုတ်ချက်၊ အကြံပြုချက်များကို အကောင်အထည်ဖေါ် ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ စစ်ကိုင်းတိုင်းဒေသကြီးမှာ အများပိုင် ကုမ္ပဏီမရှိခြင်းသည် အားနည်းချက်ရှိကြောင်း၊ ဒါကြောင့်အများပိုင် ကုမ္ပဏီဖွဲ့စည်းသင့်ကြောင်း၊ အများပိုင်ကုမ္ပဏီဖွဲ့ပါက ဆောင်ရွက် ရမည့်လုပ်ငန်းစဉ်အဆင့်ဆင့်ကို ရှင်းလင်းဆွေးနွေးပြောကြား ခဲ့ပါ တယ်။
မြန်မာနိုင်ငံမှ ရွှေဘိုပေါ်ဆန်းမွှေးကိုPreciousကုန်အမှတ် တံဆိပ်ဖြင့် နိုင်ငံတွင်းဈေးကွက်များသာမက စင်္ကာပူနိုင်ငံစူပါမား ကက်များတွင်  ဈေးကွက်တင်ရောင်းချနေသော Myanmar ComBiz Trading Company Limited မှ လက်ထောက်ညွှန်ကြားရေး မှူး ဦးစိုးဟိန်းက လက်ရှိဈေးကွက်ထိုးဖောက်မှုအခြေအနေများကို အကျယ်တဝင့်ဆွေးနွေးခဲ့ပြီး၊ ယခု ဥရောပ(EU)ဈေးကွက်၊ အီတလီ နိုင်ငံနှင့်တရုတ်နိုင်ငံဈေးကွက်များမှ အမှာစာကိုရရှိထားပြီးဖြစ် ကြောင်း၊ လုပ်ငန်းဆောင်ရွက်မှုအဆင့်ဆင့်ကို ဆွေးနွေးပြောကြားခဲ့ပါ တယ်။
သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒေါက်တာစိမ့်သန္တာထွန်းက မိမိဌာနမှ Óဏပစ္စည်းမူပိုင်ခွင့်ဥပဒေ ပြဋ္ဌာန်းနိုင်ရေးအတွက်         ဆောင်ရွက်ထားရှိမှုအခြေအနေများနှင့် ကုန်အမှတ်တံဆိပ်ဥပဒေအကြောင်းသိကောင်းစရာများကို အကျယ်တဝင့်ကို  ဆွေးနွေးရာ ပုဂ္ဂလိကလုပ်ငန်းရှင်များအနေနဲ့ မိမိလုပ်ငန်းကို ကုန်အမှတ်တံဆိပ် နဲ့အကာအကွယ်ယူထားရမည်ဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်သည် ကုန်ပစ္စည်းရဲ့တန်ဖိုးနဲ့တိုက် ရိုက်သက်ဆိုင်ကြောင်း၊ မိမိပစ္စည်း ရဲ့အရည်အသွေးကို အမြဲထိန်းသိမ်းမှ မိမိရဲ့ကုန်အမှတ်တံဆိပ်သည် လည်း ရေရှည်တည်တံ့မှာဖြစ်ကြောင်း၊ ကုန်အမှတ်တံဆိပ်ရဲ့ သက် တမ်းသည် ၁၀နှစ်ဖြစ်ပြီး၊ သက်တမ်းတိုးနေပါက မိမိ၏ သားစဉ်မြေး ဆက်ထိ ဆက်လက်သုံးစွဲနိုင်ပါကြောင်း၊ ကုန်အမှတ်တံဆိပ်အဖြစ် ဖော်ပြခြင်း မပြုသင့်သော ( ဘာသာရေး၊ နိုင်ငံရေး) အမှတ်အသား များကိုပါ ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ဆက်လက်ပြီး ပထဝီဆိုင်ရာအညွှန်း  (Geographical Indi-cations)အဖြစ် မှတ်ပုံတင်ခြင်းဖြင့် ထုတ်လုပ်သူများရရှိမည့်အကျိုးကျေးဇူးများကို ရှင်းလင်း ပြောကြားခြင်း၊ ပထဝီဆိုင်ရာအညွှန်းကို အသင်းအဖွဲ့အလိုက်ပိုင်ဆိုင်ပါသဖြင့် ရွှေဘိုမြို့၌ ရွှေဘိုပေါ်ဆန်း မွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချသူများအသင်း ဖွဲ့စည်းသင့်ပါ ကြောင်း၊ အသင်းဖွဲ့စည်းရာတွင် စိုက်ပျိုးသူ တောင်သူ၊ ဆန်စက် လုပ်ငန်းရှင်များနှင့် ပညာရှင်များပါ ပါဝင်ရမည်ဖြစ်ပါကြောင်း အကြံပြုဆွေးနွေးခဲ့ပါတယ်။
ဆက်လက်၍သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ဒေါက်တာ အေးအေးမော်က Óဏပစ္စည်းမူပိုင်ခွင့် ဥပဒေအကြောင်းဆက် လက် ဆွေးနွေးပြောကြားခဲ့ရာ မိမိတို့ဌာနမှ Óဏပစ္စည်းမူပိုင် ခွင့်ဥပဒေများဖြစ်သည့် တီထွင်မှုမူပိုင်ခွင့်ဥပဒေ၊ စက်မှုဒီဇိုင်းမူပိုင်ခွင့် ဥပဒေ၊ ကုန်အမှတ်တံဆိပ်ဥပဒေ၊ မူပိုင်ခွင့်ဥပဒေများဆိုပြီး ဥပဒေ ၄ ခု ရေးဆွဲတင်ပြထားရာ လွှတ်တော်မှအတည်ပြုပါက ဒီနှစ်အတွင်း ထွက်မည်ဖြစ်ပါကြောင်း၊ ဥပဒေထွက်ပြီးက  မိမိတို့ဝန်ကြီးဌာနလက် အောက်ရှိ အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်ဌာနတွင် ပထဝီဆိုင်ရာအညွှန်း ကို မှတ်ပုံတင်ခွင့် ပြုလုပ်ပေးမည်ဖြစ်ပါကြောင်း၊ ပထဝီဆိုင်ရာအညွှန်း သည် တီထွင်မှုထုတ်ကုန်မဟုတ်ဘဲ သူ့ရဲ့ဒေသ၊ သူ့ရဲ့ထွက်ကုန် ဖြစ်ရပြီး ထုတ်လုပ်နေသူအားလုံးကို ကိုယ်စားပြုရမှာဖြစ်ကာတိုင်းအတွင်းရှိ ဒေသဆိုင်ရာ အာဏာပိုင်အဖွဲ့အစည်းမှ ခွင့်ပြု ချက်ပါရှိရ မည်ဖြစ်ကြောင်း၊ မိမိတို့ဌာနမှ ကွင်းဆင်းစစ်ဆေးပြီးမှ မှတ်ပုံတင် ထုတ်ပေးမည်ဖြစ်ကြောင်း အကျယ် တဝင့် ရှင်းလင်းဆွေးနွေးပြော ကြားခဲ့ပါတယ်။
SATAKE  ကော်ပိုရေးရှင်းမှ ဦးတေဇက ဆန်စက်တွင်တပ်ဆင် ရမည့်  Colour Sorter မ  စက်များ အကြောင်းနဲ့ ၎င်းင်းတို့ကုမ္ပဏီရဲ့ ရောင်းဈေးနှုန်းများ၊ အကူအညီလိုပါက ရန်ကုန်ရုံးချုပ်သို့ ဖုန်းဖြင့် ဖြစ်စေ၊ လူကိုယ်တိုင်ဖြစ်စေ လာရောက်ဆက်သွယ်မေးမြန်းနိုင် ကြောင်း၊ အကူအညီပေးမည်ဖြစ်ကြောင်း ဆွေးနွေးပြော ကြားခဲ့ပါ တယ်။
ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ နေပြည်တော်မှ ဒုတိယ ညွှန်ကြားရေးမှူး ဦးနေဆန်းက Colour Sorter စက်များသုံးစွဲလာခြင်း နောက်ခံသမိုင်းနဲ့ တွေ့ကြုံနေရသောစိန်ခေါ်မှုများကို ရှင်းလင်း ဆွေးနွေးခဲ့ပြီး ဆန်စပါးထုတ်လုပ်တင်ပို့ရောင်းချမှုကဏ္ဍဖွံ့ဖြိုးတိုး တက် ရေးအတွက် ဆန်စက်များကို ခေတ်မီအဆင့်မြင့်ဆန်စက်များဖြစ် အောင် တိုးမြှင့်ဆောင်ရွက်ရန်မှာလည်း အဓိကအရေးကြီးပါကြောင်း၊ ဆန်စက်များမှ ကြိတ်ခွဲတဲ့ အရည်သွေးကောင်းဆန်များကို ဆန်ကုန် သည်များအနေနဲ့ အရည်အသွေးကျဆင်းမှုမရှိအောင် ထိန်းသိမ်းပြီး စနစ်တကျ ချိန်တွယ်၊ ထုပ်ပိုး၊  တင်ပို့ရောင်းချကြရန် လိုအပ်ကြောင်း၊ မျိုးစေ့ထုတ်သူ၊ စိုက်ပျိုးသူတောင်သူ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဆန် ကုန်သည်များ၊ နထစသမအနမ များစတဲ့ အဆင့်တိုင်း အဆင့်တိုင်းမှာ ကိုယ့်တာဝန်ကို ကျေပွန်အောင် ကြိုးစားဆောင်ရွက်ကြမည်ဆိုလျှင် ရွှေဘိုပေါ်ဆန်းမွှေးသည် ကမ္ဘာ့အဆင့်မှာ ဈေးကွက်ခိုင်မာစွာ ရေရှည် တည်တံ့ ခိုင်မာမည်ဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ လယ်ယာကဏ္ဍကို စက်မှုလယ်ယာစနစ်သို့ကူးပြောင်းနေပြီဖြစ်၍ လယ်ယာသုံးစက် ကရိယာများစာရင်း၊ ဆန်စက်စာရင်း၊ ငါးပုံဟာလာဆန်စက်စာရင်းစသည်တို့ရဲ့ ကိန်းဂဏန်း စာရင်းများ မှန်ကန်စွာရှိရန်လည်းလိုအပ် ပါကြောင်း၊ တစ်ဦးတစ်ယောက်တည်းဆောင်ရွက်ခြင်းထက် အများ စုပေါင်းဆောင်ရွက်မှသာ လုပ်ငန်းများပိုမိုအောင်မြင်နိုင်လို့ အသင်း အဖွဲ့ဖွဲ့စည်းကာ ဆန်စပါးကဏ္ဍ ပိုမိုဖွံ့ဖြိုးတိုးတက်အောင် ဆောင် ရွက်ကြရန် ရှင်းလင်းဆွေးနွေးခဲ့ပါတယ်။
ဆန်စပါးမူပိုင်ခွင့်ဆိုင်ရာ    အလုပ်ရုံဆွေးနွေးပွဲတွင် ပညာရှင်များရဲ့ ဖတ်ကြားဆွေးနွေးကြသည့် စာတမ်း အသီးသီး အပေါ်အပြန်အလှန်ဆွေးနွေးကာ ဆွေးနွေးဖော်ထုတ်ချက် ရလဒ်များကို သဘာပတိအဖွဲ့နှင့် ဆွေးနွေးပွဲ တက်ရောက်သူ စုစုပေါင်း ၁၅၆ ဦး၏ သဘောတူညီချက်အရ ဆုံးဖြတ်ချက် ၉ ချက်ဖြစ်သော ရွှေဘိုခရိုင် ဆန်စပါးစိုက်ပျိုးထုတ်လုပ်တင် ပို့ရောင်းချသူများအသင်းကို ၂၀၁၅ ခုနှစ် မတ်လအတွင်း ဖွဲ့စည်းရန်၊ ဒေသထွက်ကုန်များ၏ ပထဝီဆိုင်ရာအညွှန်း  စာရင်းတွင် ရွှေဘိုပေါ်ဆန်းပါဝင်ခွင့်ရရှိအောင် ဆောင်ရွက် နိုင်မည့် အဖွဲ့အစည်းရှိအောင် ကြိုတင်ဆောင်ရွက် ထားရန်၊ မူပိုင်ခွင့်ရရှိရေးအတွက်   ရွှေဘိုပေါ်ဆန်းမွှေးသမိုင်း ကြောင်း  ပြုစုသည်မှစ၍ အဆင့်ဆင့်ဆောင်ရွက်နိုင်အောင် ဖွဲ့စည်းထားသည့် အသင်းအား သင်တန်းပေးရန်၊ ရွှေဘိုခရိုင် အတွင်းရှိ မြို့နယ် ၈ မြို့နယ်မှ  ရွှေဘိုပေါ်ဆန်းမွှေးများ၏ အရည်အသွေးများနှင့်  မြို့နယ်အလိုက် မြေ၊ရေ များအား ဓာတ်ခွဲစမ်းသပ်စစ်ဆေးခြင်းကို ၂၀၁၅ခုနှစ် မတ်လအတွင်း ဆောင်ရွက်ရန်၊ မျိုးကောင်းမျိုးသန့်  စနစ်တကျ ထုတ်လုပ် နိုင်အောင် စိုက်ပျိုးရေးပညာရှင်များနှင့်  ပူးပေါင်း၍ Expoter တစ်ခုဖြစ်အောင်  ထူထောင်ရန်၊ အရည်အသွေး ကောင်း ဆန်စပါးထွက်ရှိစေရန် ပိုးသတ်ဆေးအလွန်အကျွံ မသုံးစွဲဘဲ ဘက်စုံပိုးမွှား ကာကွယ်နည်း စနစ်ကို အသုံးပြုရန် နှင့် ပညာပေးရန်၊ ဈေးကောင်းရရှိတဲ့အချိန် ပစ္စည်းပြတ်သွား ခြင်းမဖြစ်အောင် သိုလှောင်နိုင်မှု အခြေအနေ၊ စစ်ကိုင်းတိုင်း ဒေသကြီး ရွှေဘိုမြို့၌ ဆန်စပါး ဖွံ့ဖြိုးတိုးတက်ရေး အများပိုင် ကုမ္ပဏီတည်ထောင်ပြီး မျိုးကောင်းမျိုးသန့် ထုတ်လုပ်ခြင်းနှင့် ရွှေဘိုပေါ်ဆန်းမွှေး ရေရှည်တည်တံ့စွာ ဖွံ့ဖြိုးတိုးတက်ရေး စုပေါင်းဆောင်ရွက်ရန်နှင့် ဆန်စက်လုပ်ငန်း ဖွံ့ဖြိုးတိုးတက် ရေး၊ ဆန်စက်အဆင့်မြှင့်တင်ခြင်း လုပ်ငန်း များကို နည်းပညာ ပေးဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ပါတယ်။ ထိုဆုံးဖြတ်ချက်များကို သက်ဆိုင်ရာအသင်းအဖွဲ့များ၊ ဆန်စက်လုပ်ငန်းရှင်များ၊ ဌာန ဆိုင်ရာများက   အကောင်အထည်ဖော်ဆောင်ကြမည်ဖြစ် ကြောင်း အားလုံးရဲ့သဘောတူညီချက်ရယူကာ  ရွှေဘိုပေါ် ဆန်းမွှေး စိုက်ပျိုးထုတ်လုပ်တင်ပို့ရောင်းချမှုကဏ္ဍ ဖွံ့ဖြိုးတိုး တက်ရေးနှင့် ရွှေဘိုပေါ်ဆန်းမွှေး မူပိုင်ခွင့်ဆိုင်ရာ အလုပ်ရုံ ဆွေးနွေးပွဲကို အောင်မြင်စွာ ကျင်းပပြီးစီးခဲ့ကြောင်း သိရှိပါ တယ်။