Main menu

Background

စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို စိန်ခေါ်နေသည့် မတည်ငြိမ်မှုများ

Mon, 03/09/2015 - 20:14 -- journal_editor

အတွဲ(၁၅)အမှတ်(၁၀)

နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်လာစေရန် အရေးကြီးဆုံးလိုအပ် ချက်မှာ တည်ငြိမ်အေးချမ်းမှုပင်ဖြစ်သည်။ မတည်ငြိမ်၊ မအေးချမ်း သမျှစီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လုပ်ဆောင်နိုင်မည်မဟုတ် သည့်အတွက် တည်ငြိမ်အေးချမ်းမှုကိုသာ ဦးစားပေးဆောင် ရွက်ရမည်ဖြစ်သည်။ ထို့အတူ တည်ငြိမ်မှု မရှိခြင်းက အသစ်ဝင်ရောက်လာ မည့် နိုင်ငံတကာလုပ်ငန်းကြီးများကို ဟန့်တားနေသလို လက်ရှိလုပ်ငန်းများ ဆောင်ရွက်နေကြသည့်FDI လုပ်ငန်း ကြီးများကိုလည်း ဆောင်ရွက်နိုင်မှု မရှိအောင် အဟန့်အတားဖြစ်စေနိုင်သောကြောင့်ပြန်လည်ထွက်ခွာသွားအောင် ဖန်တီးသလိုဖြစ်သည်။ ကွင်းဆက် အနေဖြင့် ထောင်နှင့်ချီသော မြန်မာလုပ်သားများ အလုပ်လက်မဲ့ဘဝကျရောက်မည်ဖြစ်ပြီး၊ ၎င်းင်းတို့ကို မှီခိုနေရသည့် မိသားစုဝင်များ ဒုက္ခ ရောက်မည်ဖြစ်သည်။FDI   လုပ်ငန်းကြီးများအနေဖြင့်မူ ၎င်းင်းတို့အတွက်   အဘက်ဘက်မှ   အာမခံချက်ရှိသည့် အခြားနိုင်ငံများသို့ ပြောင်းရွှေ့ထုတ်လုပ်ကြမည်ဖြစ်ပြီး၊ လုံခြုံမှုမရှိသည့် မြန်မာနိုင်ငံသို့နောက်ထပ်လာရောက်ရင်းနှီးတော့မည် မဟုတ်သလို အခြားလုပ်ငန်း ရှင်များကိုလည်း သွားရောက်ရင်းနှီးလိုမှုကို ဟန့်တားမည်ဖြစ်သည်။
မြန်မာနိုင်ငံကဲ့သို့ ဖွံ့ဖြိုးမှု နောက် ကျနေသည့် နိုင်ငံများအတွက် အမြန်ဆုံးစီးပွားရေးတိုးတက်မှု ဖော်ဆောင်နိုင်သည့် လမ်းစဉ်မှာနိုင်ငံတကာလုပ်ငန်းကြီးများကို ပိုမိုဖိတ်ခေါ်ပြီး၊ ထုတ်လုပ်မှု လုပ်ငန်း များတွင် ရင်းနှီးမြှုပ်နှံစေခြင်းဖြင့် ပြည်တွင်းထုတ်ကုန်တန်ဖိုး သိသိသာသာတိုးမြှင့်ပေးမည်ဖြစ်သလို အလုပ်အကိုင်အခွင့်အလမ်းများကို လည်း အများအပြားဖော်ဆောင်ပေးသည့်အတွက် ဖွံ့ဖြိုးဆဲနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးသာမက ဆင်းရဲမှုလျှော့ချရေးအတွက်ပါ အထူး အရေးပါသည်။  လက်ရှိအခြေအနေတွင် မြန်မာနိုင်ငံအနေဖြင့်အရှေ့တောင်အာရှနိုင်ငံများအနက် ဖွံ့ဖြိုးမှုအနိမ့်ဆုံးအခြေအနေ ဖြစ်သောကြောင့်LDC  အဆင့်မှ လွတ်မြောက်ရန် အထူးကြိုးစားနေရသည့်ကာလဖြစ်သည်။ အစိုးရသစ်ကာလအတွင်း အဘက်ဘက်မှ ပြုပြင်ပြောင်းလဲမှုများကြောင့်  ပွင့်လင်းလာသည့် မြန်မာနိုင်ငံတွင်လာရောက်လုပ်ကိုင်လိုသည့် နိုင်ငံခြားလုပ်ငန်းရှင်များ၊ ကုမ္ပဏီကြီး များ ပိုမိုဝင်ရောက်လာမှုကြောင့် အာရှနှင့် အရှေ့တောင်အာရှနိုင်ငံများတွင် ဖွံ့ဖြိုးမှုအလားအလာ အကောင်းဆုံးအနေအထားရှိနေပြီ ဖြစ်သော်လည်း လက်ရှိဖြစ်ပေါ်နေသည့် မတည်ငြိမ်မှုများ (လောက်ကိုင် ကိုးကန့် နယ်စပ်စစ်ပွဲ၊ ကျောင်းသားသပိတ်နှင့် အလုပ်သမား သပိတ်) သည် လက်ရှိကာလများအတွင်း တက်ရိပ်ပြနေသည့် စီးပွားရေးတိုးတက်မှုကို ခြိမ်းခြောက်နေသည့်အပြင် စီးပွားရေးကျဆင်းမှု (Economic  Recession)ကိုပါ  ဖြစ်ပေါ်နိုင်စေမည်ဖြစ်၍ အန္တရာယ်ကြီးမားပေသည်။
ယနေ့ကမ္ဘာပေါ်ရှိ  နိုင်ငံတိုင်း  အပြိုင်အဆိုင်ကြိုးပမ်းကြသည် မှာ စီးပွားရေးတိုးတက်မှုပင်ဖြစ်သည်။   စီးပွားရေး နောက်ကျလျင်အဘက်ဘက်မှ နောက်ကျစမြဲဖြစ်သည်။ ထို့အတွက် လည်း ၂၁ ရာစု ဖွံ့ဖြိုးဆဲနိုင်ငံများ အမြန် ဆုံးတိုးတက်ဖွံ့ဖြိုးရေးအတွက်နိုင်ငံတကာ လုပ်ငန်းကြီးများလာရောက် ရင်းနှီးမြှုပ်နှံစေရန် ဆွဲဆောင်မှုရှိသည့် ဥပဒေများ၊ အကာအကွယ်ပေးမှုများနှင့်  ရင်းနှီးမြှုပ်နှံမှုပတ်ဝန်းကျင် ကောင်းများ ပိုမိုဖော်ဆောင်ရေးကို ဖွံ့ဖြိုးဆဲနိုင်ငံတိုင်းက အထူးကြိုး စားနေသည့်ကာလလည်းဖြစ်သည်။အင်အားကြီးမားသည့်FDI  လုပ်ငန်းကြီးများလာမှသာ ဖွံ့ဖြိုးဆဲနိုင်ငံများ၏ တိုးတက်မှုအတွက် အဓိကလိုအပ်နေသည့် အရင်းအနှီး၊နည်းပညာ၊ ဈေးကွက်ရနိုင်မှုတို့ ကို ဖြည့်စွမ်းပေးနိုင်မည်ဖြစ်သည်။ ထို့ အတွက် ဖွံ့ဖြိုးဆဲနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှုအလားအလာကြည့်မည်ဆိုလျှင် အဆိုပါ နိုင်ငံတွင် နိုင်ငံ တကာလုပ်ငန်းကြီးများ မည်မျှလာရောက်ရင်းနှီးလုပ်ကိုင်နေသည်။နိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ နိုင်ငံတကာနှင့် မည်မျှထိထိ စပ်စပ် ပေါင်းစည်းနိုင်သည်ဟူသော အချက်များပေါ်မူတည်နေသည်ကို တွေ့ရှိရပေသည်။ တစ်နည်းအားဖြင့်ဆိုသော် ကမ္ဘာ့ထုတ်လုပ်မှု လမ်းကြောင်း (Global Supply Chain) နှင့် မည်မျှပေါင်းစည်းနိုင်သည်ဟူသော အချက်ပင်ဖြစ်သည်။
ကမ္ဘာ့စီးပွားရေးလုပ်ငန်းကြီးများ ကမ္ဘာအရပ်ရပ်သို့ ပြောင်း ရွှေ့ထုတ်လုပ်လာခြင်း၏ အဓိကအကြောင်းရင်းမှာ လုပ်သားစရိတ်သက်သာခြင်းကြောင့်ပင်ဖြစ်သည်။ ထို့အတူမြန်မာနိုင်ငံသို့ လာ ရောက်ရင်းနှီးကြသည့် လုပ်ငန်းရှင်များအနေဖြင့်လည်း ဒေသတွင်း

နိုင်ငံများအတွင်း စီးပွားရေးအနိမ့်ကျဆုံးဖြစ်သလို လုပ်အားဈေးအချို ဆုံးဖြစ်၍လည်းလာရောက်ရင်းနှီးမြှုပ်နှံခြင်းပင်ဖြစ်သည်။ယခုကာလများအတွင်း ထုတ်လုပ်မှုလုပ်ငန်းများ၌ ပိုမိုရင်းနှီးမြှုပ်နှံလာမှု ကြောင့်လည်းထုတ်လုပ်မှုနှင့် ပို့ကုန်တန်ဖိုး သိသိသာသာတက်လာ သလို လုပ်သားစူးစိုက်သုံး(Labour Intensive) လုပ်ငန်းများဖြစ်၍ လူပေါင်းများစွာအလုပ်အကိုင်ရရှိကြသည့်အတွက် နှစ်ဦးနှစ်ဘက်Win-Win  အခြေအနေပင်ဖြစ်သည်။
FDI ၏ သဘောသဘာဝနိုင်ငံတကာ လုပ်ငန်းကြီးများအနေဖြင့် ကမ္ဘာ့တစ်ဝန်းဖြန့်ကျက် ပြီး ရင်းနှီး မြှုပ်နှံရာတွင်အခြေခံသည့် ညွှန်းကိန်း လေးခုအပေါ်မူတည် ပြီးရင်းနှီးမြှုပ်နှံရန် သင့်  မသင့်ကို ဆုံးဖြတ်လေ့ရှိသည်။ ၎င်းင်းတို့မှာ တည်ငြိမ်မှု (Stability) ၊ လုံခြုံစိတ်ချမှု (Security) ၊ ဥပဒေစိုးမိုးမှု(Rule of law) နှင့် အမြတ်ရရှိရန်တွက်ချက်ခန့်မှန်းနိုင်မှု  (Account-ability)  တို့ဖြစ်သည်။  ယခုကာလများအတွင်း လှိုင်သာယာနှင့်ရွှေပြည်သာ အထည်ချုပ်စက်ရုံအချို့တွင်  ဖြစ်ပေါ်ခဲ့သည့် လုပ်ခ တိုးမြှင့်ရေးနှင့်ပတ်သက်သည့် ဆန္ဒပြမှုများသည် သာမန်တောင်းဆိုသည့် အဆင့်ထက်ကျော်လွန်ပြီး စက်ရုံဝိုင်းထားခြင်း၊ အဝင်အထွက် မလုပ်နိုင်အောင်ပြုလုပ်ခြင်း၊ နိုင်ငံတကာဈေးကွက်သို့ မပို့နိုင်ရန်လုပ်ဆောင်ခြင်းစသည့် အကြမ်းဖက် အပြုအမူများကြောင့် လုံခြုံစိတ် ချမှုကိုပါ ပျက်ပြားစေသလို ဥပဒေစိုးမိုးမှုနှင့် အမြတ်ရရှိရန် တွက်ချက်နိုင်မှု စသည်တို့ကိုပါ ထိခိုက်နေသည့်အတွက် ရတက်မအေးစရာ  ဖြစ်ရသည်။FDI လုပ်ငန်းကြီးများအနေဖြင့်မူကမ္ဘာတစ်ဝန်းလုံးတွင် ဖြန့်ကြက်လုပ်ဆောင်သောကြောင့် နှိုင်းယှဉ်အခွင့်အရေးသာသည့် နိုင်ငံများသို့သာသွားရောက်လုပ်ကိုင်မည်ဖြစ်သည်။ အထည်ချုပ် လုပ်ငန်းဆိုလျှင် မြန်မာ့ပြိုင်ဖက်များဖြစ်သည့် ဘင်္ဂလားဒေ့ရှ်၊ ဗီယက် နမ်၊ကမ္ဘောဒီးယား၊ လာအို နိုင်ငံများသို့ ပြောင်းရွှေ့လုပ်ကိုင်မည်ဖြစ် ရာ ၎င်းင်းအနေဖြင့် ထူးထူးခြားခြားထိခိုက်မည်မဟုတ်ပေ။ တကယ်ထိခိုက်မည်မှာ အခြေခံလူတန်းစားများအတွက် အုံနှင့်ကျင်းနှင့် အလုပ် အကိုင်အခွင့်အရေးများ လက်လွတ်ဆုံးရှုံးရမည်ဖြစ်သည်။ ပို၍ဆိုးသည်မှာ နောင်လာမည့် လုပ်ငန်းရှင်များရော လက်ရှိလုပ်ကိုင်နေသူ များအကြား မြန်မာနိုင်ငံ၏ မကောင်းသတင်းပျံ့နှံ့ခြင်းသည် နိုင်ငံ၏ရေရှည်ဖွံ့ဖြိုးတိုးတက်မှုကိုပါ ထိခိုက်စေမည်ဖြစ်သည်။အကယ်၍ ပြည်တွင်း၌  အလုပ်အကိုင်အခွင့် အလမ်းများရှားပါးလျှင် ပြည်တွင်းလုပ်သားများ စီးပွားရေးပိုမိုဖွံ့ဖြိုးသည့် အိမ်နီးနားချင်းနိုင်ငံများနှင့် အာဆီယံ၊ အာရှနိုင်ငံများသို့ တရားဝင်ဖြစ်စေ၊ တရားမဝင်ဖြစ်စေသွားရောက် အလုပ်လုပ်ကြရမည်ဖြစ်သည်။ ကျွမ်းကျင်မှုမရှိသောကြောင့် အများ စုမှာ3D ဟု ခေါ်သည့် ညစ်ပတ် သည့်လုပ်ငန်းများ ''Dirty''၊အန္တရာယ် ရှိသည့်လုပ်ငန်းများ ''Danger''  နှင့် လူ့ဂုဏ်သိက္ခာ ညှိုးနွမ်း စေသည့် လုပ်ငန်း(Demeaning)  များတွင်သာလုပ်ကိုင်ရမည်ဖြစ်ပြီး သူများတိုင်းပြည်၊ သူများခိုင်းသမျှလုပ်ကြရမည်ဖြစ်သလို ခွဲခြားဆက် ဆံခြင်း၊ ခေါင်းပုံဖြတ်ခြင်း၊ အချိန်ပိုခိုင်းခြင်း၊လုပ်ခငွေ နှိမ့်ချပေးခြင်း တို့ ကြုံရမည့်အပြင် လူမှောင်ခိုကိစ္စများပါဖြစ်ပေါ်လေ့ရှိသည်။ အခြား တိုင်းပြည်များတွင် အားကိုးစရာမရှိ၊အဘက်ဘက်မှ နိမ့်ကျသည့်ဘ၀ ကို ရင်ဆိုင်ရမည်ဖြစ်သည်။ ထို့အတွက် ပြည်တွင်း၌ အလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးနိုင်ရေးအထူးအရေးကြီးနေပြီဖြစ်သည်။
လုပ်သားများ ချင့်ချင့်ချိန်ချိန် စဉ်းစားစေချင်နိုင်ငံခြားသားလုပ်ငန်းများ အနေဖြင့် မြန်မာနိုင်ငံတွင်လာ ရောက် ရင်းနှီးမြှုပ်နှံလုပ်ကိုင်သည့် အခြေခံအကြောင်းရင်းမှာ ဒေသတွင်းနိုင်ငံများအတွင်း လုပ်ခသက်သာမှုကြောင့်ပင် ဖြစ်သည်။ တစ်ဖက်တွင်လည်း လျှပ်စစ်၊    လမ်းပန်းဆက်သွယ်ရေး မပြည့်စုံမှုနှင့်မြေ၊ အဆောက်အအုံငှားခ  ဈေးကြီးမှုကိုလည်း နားလည်ထားပြီး ဖြစ်သည်။ အကယ်၍ မြန်မာနိုင်ငံတွင် မရင်းနှီးဘဲ အခြားနိုင်ငံများ တွင်ရင်းနှီးလျှင် အဆိုပါစရိတ်များ မြန်မာနိုင်ငံထက် သက်သာ ကြောင်း အမြဲပြောဆိုကြသည်။ ဘာကြောင့်မြန်မာနိုင်ငံ၏ လုပ်ခနိမ့်ရသလဲဟုဆိုလျှင် ဒေသတွင်း၊ နိုင်ငံများအတွင်း  နှိုင်းယှဉ်ဖွံ့ဖြိုးတိုး တက်မှုနိမ့်ကျသလို လုပ်သားတစ်ဦးချင်းစီ၏   ကျွမ်းကျင်မှု(skill)  နိမ့်နေ၍ဖြစ်ကြောင်း လေ့လာမှုစာတမ်းများ အရသိရသည်။ အထည် ချုပ်လုပ်ငန်းများအနေဖြင့် ကမ္ဘာ့ဈေးကွက်အသီးသီးမှ အမှာစာ(order)  များလက်ခံချုပ် လုပ်တင်ပို့ရာတွင် ရည်မှန်းရက်အတိ အကျ ဖြင့် တင်ပို့ရလေ့ရှိပြီး အချိန်မီမတင်ပို့နိုင်လျှင် အဆိုပါလုပ်ငန်းရှင်အနေဖြင့် ရေရှည်ရပ်တည်ရန် မဖြစ်နိုင်ပေ။
လုပ်သားများဘက်မှလည်း လုပ်ခတိုး၍ရလိုမှုမှာ သဘာဝပင် ဖြစ်သည်။ သို့သော် မိမိအလုပ်စဝင်ကတည်းက ပေးသည့်လစာ၊ မိမိတာဝန်ဝတ္တရား၊ အလုပ်ချိန် စသည်တို့ကိုသဘောတူပြီးမှ ဝင်ရောက် ခဲ့ခြင်းဖြစ်သည်။ လုပ်သက်ရင့်လာမှုကြောင့် မိမိလုပ်ငန်းပိုမို ကျွမ်းကျင်မှုရှိသည့်အတွက် မိမိ၏ ထုတ်လုပ်မှုစွမ်းအားတိုးတက်လာမှုကို  အကြောင်းပြလျက် သက်ဆိုင်ရာဌာနခွဲခေါင်းဆောင်များမှ တစ်ဆင့်မှန်ကန်သော   နည်းလမ်းသစ်များဖြင့်သာ     တောင်းဆိုသင့်ပေသည်။ အာဆီယံနိုင်ငံဖြစ်၍ အာဆီယံလုပ်ခရရှိရမည်ဆိုသည့် အသံများလည်းကြားရသည်။ အမှန်တကယ်မူ ၂၀၁၅ အလွန်တွင် ဖြစ်ပေါ်လာ မည့်AEC အာဆီယံစီးပွားရေး အသိုက်အဝန်းထူထောင်တော့မည်ဆိုလျင် လွတ်လပ်စွာ ပြောင်းရွှေ့ခြင်းနှင့် တူညီသည့်နှုန်းများရရှိရေးတွင် လုပ်သားနှင့်ပတ်သက်၍ အာဆီယံကျွမ်းကျင် လုပ်သားအဆင့်ဖြစ်လျင် အာဆီယံအတွင်း တူညီသည့်နှုန်းထား အာမခံထားသော်လည်း ကျွမ်းကျင်မှုမရှိသည့် လုပ်သားများ အကျုံးမဝင်ပေ။ လုပ်သားတိုင်းအထူးအလေးပြုရမည်မှာ မိမိလုပ်ဆောင်သည့် လုပ်ငန်းတွင် ကျွမ်း ကျင်သူဖြစ်ပြီး မိမိလုပ်သည့် အလုပ်ကိုတာဝန်ယူ တာဝန်ခံနိုင်သူများဖြစ်မှသာလျှင်  အလုပ်ရှင်အနေဖြင့် လစာတိုးမြှင့်ရေးကို လိုလိုလား လား လုပ်ဆောင်ပေးမည်ဖြစ်သည်။ ဆိုလိုသည်မှာလုပ်ငန်းကျွမ်းကျင် သူဖြစ်လာလျှင် လူကအလုပ်ကို ရှာရန်မလိုဘဲ အလုပ်ကလူကိုရှာ ရသည့်အဆင့် အလိုလိုရောက်လာမည်ဖြစ်သည်။မြန်မာ့အထည်ချုပ်  လုပ်သားများ ကျွမ်းကျင်မှုနည်းရခြင်းအကြောင်းမှာလည်း အခြား နိုင်ငံများနှင့်  နှိုင်းယှဉ်လျှင်  အလုပ်ခွင်သင်တန်းများပေးခြင်းနည်း နေဆဲဖြစ်ပြီး အများစုမှာ လုပ်ငန်းခွင်သင်တန်းအဖြစ် လက်တွေ့ လုပ်ကိုင် သင်ယူရသည့်စနစ်(learning by doing) အရလုပ်ဆောင်ကြ သည်။ ယခုအခါ   နေထိုင်စားသောက်စရိတ်ပေါ်မူတည်၍   မျှတ သည့်အနိမ့်ဆုံးလုပ်ခပြဋ္ဌာန်းနိုင်ရန် လုပ်ဆောင်နေပြီဖြစ်သည်။
အထူးပြောလိုသည်မှာ  အလုပ်ရှင်နှင့် အလုပ်သမားများ အကြား မျှတသည့်လုပ်ခဖြစ်ပေါ်ရေးတွင် နိုင်ငံတကာကဲ့သို့ လုပ်သားတစ်ဦးချင်း၏ ကျွမ်းကျင်မှုနှင့်အလုပ်ပြီးမြောက်မှုကို စံအဖြစ် သတ်မှတ်ပြီး လုပ်ခကိုပေး သည့်စနစ်ဖော်ဆောင်မည်ဆိုလျှင် နှစ်ဦးနှစ်ဘက်စလုံးအတွက်Win-Win အခြေအနေပင်ဖြစ်သည်။ သတိ ပြုရမည်မှာ လုပ်သားများအနေဖြင့် လုပ်ခတိုးရေးအတွက် တောင်း ခြင်းထက်လုပ်ယူသည့်နည်းလမ်းဖြစ်သည့် မိမိ၏ကျွမ်းကျင်မှု ပိုမိုတိုး တက်ရေး အလေးထားရမည်ဖြစ်သည်။  နှစ်ဦးနှစ်ဖက်ပျက်စီးရာလမ်းကြောင်းအဖြစ် အကြမ်းဖက်သည့်နည်းလမ်းရှောင်ရှားမှသာ ကမ္ဘာ့အလယ် ]]ရိုးသားကြိုးစားပြီး ယဉ်ကျေးသည့်မြန်မာ}}ဟူသောဂုဏ်ပုဒ်ကို ထိန်းသိမ်းနိုင်မည်ဖြစ်သည်။   လုပ်သားများအနေဖြင့် မက်လုံးများပေးပြီး အကြမ်းဖက်မှုများ လုပ်ဆောင်ရန် ကြိုးစားနေသူများကိုလည်း  သတိထားရှောင်ကြရမည်ဖြစ်သည်။ ရေရှည်အကျိုး စီးပွားအတွက် လုပ်သားတိုင်း ချင့်ချင့်ချိန်ချိန် စဉ်းစားသင့်ပေသည်။အထည်ချုပ်ကဲ့သို့သော အုံနှင့်ကျင်းနှင့် အလုပ်အကိုင်အသစ်များ ပိုမိုထွန်းကားလာမှသာ ယနေ့ပြည်သူများ ရင်ဆိုင်နေရသည့် ဆင်းရဲ  မှုသိသိသာသာ လျှော့ချနိုင်မည်ဖြစ်သလို နိုင်ငံဖွံ့ဖြိုး တိုးတက်မှုကို လည်း တစ်ဖက်တစ်လမ်းမှ ဖြည့်စွမ်းနိုင်မည်ဖြစ်ကြောင်း  တင်ပြလိုက်ရပေသည်။