
မြန်မာ့လက်မှုပညာ ပန်းဆယ်မျိုးစာရင်းဝင် ပန်းတိမ်ပညာရပ် ဖြင့်ဖန်တီးထားသော ပစ္စည်းများကို မြန်မာနိုင်ငံတွင် ပျူခေတ်ကတည်း က နန်းတွင်းအသုံးအဆောင်ပစ္စည်းအဖြစ် ရှေးမြန်မာမင်းအဆက် ဆက် ဝင့်ဝင့်ထည် ထည် အသုံးပြုခဲ့ကြောင်း သမိုင်းအထောက်အထား များအရ သိရှိရပါသည်။ ယနေ့ခေတ်တွင်လည်း နိုင်ငံတော်အခမ်း အနားများတွင် ဆုတံဆိပ်အဖြစ် အသုံးပြုခြင်း၊ ဘာသာရေးဘက် အသုံးအဆောင်အဖြစ် စေတီတော်၊ ဆင်းတုတော်ပုံ၊ ဘုရားပန်းအိုး၊ ဆွမ်းအုပ်၊သပိတ်၊ လင်ပန်း၊ သောက်တော်ရေခွက်၊ရေစက်ချခရားအဖြစ်အသုံးပြုခြင်း၊ ကွမ်းအစ်၊ ဆုဖလား၊ သေတ္တာ၊စီးကရက်ဘူး၊ ပေါင်ဒါဘူး၊ ပိုက်ဆံ အိတ်၊ စောင်း စသည်ဖြင့် အသုံးပြုလျက်ရှိပါသည်။
မြန်မာ့လက်မှုပညာရပ်ဖြစ်သည့် ငွေထည်၊ကြေးထည်လုပ် ငန်းသည် ကမ္ဘာကပင် အသိအမှတ်ပြု တန်ဖိုးထားသည့် လက်မှု လုပ် ငန်းတစ်ခုဖြစ်ပါသည်။ ဤလုပ်ငန်းကို လွန်ခဲ့သောနှစ်ပေါင်း ၁၂၀၀ ကျော် ပျူခေတ်ကတည်းက ကျွမ်းကျွင်စွာ လုပ် ကိုင်ခဲ့ကြောင်း သိရှိရပါသည်။ ရှေးမြန်မာမင်းများ လက်ထက်က နန်းတွင်းပစ္စည်းများအဖြစ် အသုံး ပြုခဲ့သဖြင့် နန်းစိုက်ရာမြို့တော်များတွင် ပန်း တိမ်ပညာမျိုးဆက်များ စဉ်ဆက်မပြတ်တည် ရှိနေခြင်းပင် ဖြစ်ပါသည်။
အထူးသဖြင့် မြန်မာနိုင်ငံတော်တွင် ထင်ရှားသည့် ပန်းတိမ်ပညာရပ်၏ ငွေထည်၊ ကြေးထည် လုပ်ငန်းများအနက် စစ်ကိုင်းမြို့ ရွာ ထောင်ရပ်ရှိ အိမ်တွင်းလက်မှုလုပ်ငန်းသည် ယနေ့ တိုင် ထင်ရှားစွာ တွေ့မြင်ရ မည်ဖြစ် ပါသည်။ ရှေး မြန်မာမင်းအဆက်ဆက်မှ ဘိုးစဉ်ဘောင်ဆက် ထိန်းသိမ်း လုပ်ကိုင်လာခဲ့ကြပြီး လက်ဆင့်ကမ်း အမွေတစ်ခုအဖြစ် တည်ရှိနေ သည့် နန်းတွင်းရနံ့ထုံမွှန်းသည့် ပညာရပ်တစ်ခုဖြစ်ပါသည်။စစ်ကိုင်း၊ ရွာထောင်ရပ် တွင် တစ်ရပ်ကွက်လုံးနီးပါး ဆောင်ရွက်လုပ်ကိုင်လာခဲ့ သည့် လုပ် ငန်းတစ်ခု ဖြစ်ပါသည်။ ရွာထောင်ရပ်ကွက်မှ ပညာရှင် များသည် ယင်းပန်းတိမ်လုပ်ငန်းကို ရှေးမူရိုးရာမပျက် လက်ဆင့်ကမ်း လုပ်ကိုင်လာခဲ့ကြရာ ယနေ့အချိန် တွင် ခေတ်မီဒီဇိုင်းများ ရောယှက် လာသည်အထိ တိုးတက်လာသည် ကိုလည်း လေ့လာတွေ့ရှိရပါသည်။ ရွာထောင်ရပ်ကွက်မှ ငွေပန်းတိမ်ပညာရှင်များသည် ငွေထည်ပစ္စည်း ဝယ်ယူသုံးစွဲမှု လျော့နည်းနေ ချိန်များ တွင် ကြေး ထည် ပစ္စည်းများဖြင့် ထုလုပ်ကာ ငွေထည်အစား ထိုးပစ္စည်းအဖြစ် ရောင်းချခြင်းနှင့် ပညာ ရှင်များ ဆက်လက်ထိန်းသိမ်း မွေးထုတ်ပေးခြင်းကိုလည်း အလေး အနက်ထား ဆောင်ရွက်ခဲ့ကြပါသည်။
ငွေထည်ပစ္စည်း ထုတ်လုပ်ခြင်းလုပ်ငန်းများ
ငွေထည်ပစ္စည်းများထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ် ပြည် တွင်းထွက် ဘော်သတ္တုကို အဓိကအားထား အသုံးပြုကြပါသည်။ငွေထည်ပစ္စည်း ထုတ်လုပ်ရာတွင် ကုန်ကြမ်းအဖြစ်ဘော် ငွေစင် ၁၀၀ ရာခိုင်နှုန်းကိုသာ အ သုံးပြု ရာတွင် ပျက်စီးလွယ်သည့်အတွက် ကြေးနီ အနည်းငယ် ရောစပ်ခြင်းကို ၉၉၊ ၉၅၊ ၉၀ ရာခိုင်နှုန်း စသည်ဖြင့် ထုဆစ်ထုတ်လုပ်ခဲ့ရကြောင်း သိရှိရပါသည်။ ၎င်းင်းရာခိုင်နှုန်းနှင့် ကိုက်ညီသည့် ဈေးနှုန်းသတ်မှတ်၍ ဝယ် ယူ ခဲ့ကြ ရပါသည်။ ရွှေမိုက် ထုတ်သူများထံကလည်း အနည်းအကျဉ်း ဝယ်ယူရတတ်ကြောင်း သိရှိရပါသည်။ ဘော်ဈေးနှုန်းသည်လည်း မြန်မာ့ရွှေဈေးကွက်နှင့် ကမ္ဘာ့ရွှေဈေးကွက်ပေါ်တွင် အခြေခံသတ် မှတ်ကြရပါသည်။ သို့ရာတွင် ငွေထည်လုပ်ငန်း ကျယ်ပြန့်စွာလုပ်ကိုင်နေချိန်များတွင် ကုန် ကြမ်းကို လိုသလောက် အလွယ်တကူ မရရှိနိုင်သည့်အတွက် ဘော် ဈေးနှုန်းမှာ အဆမတန်ကြီးမြင့်တတ်ကြောင်း သိရှိရပါသည်။
ငွေထည် ပန်းတိမ်လုပ်ငန်းများသည် မှာယူသည့် အသုံး အဆောင် ပစ္စည်းများ အလိုက် ပုံဖော်ကာ ထုဆစ်ထုတ်လုပ် ခြင်းဖြစ်ပါသည်။ ဥပမာဖလားပြုလုပ် မည်ဆိုပါက ပြုလုပ်မည့် ငွေထည်ပစ္စည်း အလေးချိန်အလိုက် သံဖို (ဖားဖို၊ပန်ကာဖို)နှင့် မီးအပူပေး၍ အရည် ကျိုပြီး ပုံစံခွက်ထဲလောင်းထည့်ရပါသည်။ထွက်လာသော ငွေချောင်း များကို လိုချင်သောအရွယ်အစား အထူအပါးရအောင် အပြားကြိတ် စက်ဖြင့် ကြိတ်ယူရပါသည်။ ရရှိလာသော အပြားကို (၅)ကြိမ်မျှ မီးဖုတ်လိုက်၊ တူဖြင့်ထုလိုက်နှင့် မတ်ခွက်ပုံစံဖြစ်လာအောင် ပြုလုပ်ရ ပါသည်။ ၎င်းင်းမတ်ခွက်ပုံစံကို ဖလားဖြစ်လာအောင် တူ၊ ပေတို့ကို အသုံးပြု၍ အုံထုတ် (ပုံပြင်) ရပါသည်။ ဖလားပုံရလာပါက ပန်း ဖလားလိုလျှင် ပန်းထု၍ရရှိလာသည့် ဖလားကို စက်နှင့်ချောပြီးလျှင် ပန်းဖလားကို ရရှိပါသည်။ ထိုမှတစ်ဆင့် ကနုတ်ပန်းဖော်ရာတွင် အဖြူ ထည်ပြုလုပ်ပြီး အထည်များကို ပန်း ဖော်ခြင်း၊ ဇာတ်ကြီးဆယ် ဘွဲ့ဇာတ်လမ်းများ ထုလုပ် ပါက သုံးလေးမီးခန့်ချိတ်သွင်းခြင်း၊ ပုံစံ အမျိုးမျိုးဖြင့် အနုစိတ်ပုံဖော်ခြင်းများ ပြုလုပ်ရပါသည်။ ထိုအခါမှ သာ ဝင်းလက်တောက်ပြောင်သော ငွေထည်ပစ္စည်းများကို ရရှိပါ သည်။
ကြေးထည်ပစ္စည်းထုတ်လုပ်ခြင်းလုပ်ငန်းများ
ကြေးထည်ပစ္စည်းများထုတ်လုပ်ရာတွင် အဓိက အားဖြင့် ကြေးဝါကို အသုံးပြုကြပါသည်။ကြေးဝါသည် ဓာတ်သတ္တုပစ္စည်းများတွင် တိုက်ရိုက်ပါဝင်မှုမရှိဘဲ ကြေးနီနှင့်သွပ်ကို အချိုးကျရောစပ်၍ အရည်ကြိုခြင်း ပြုလုပ်ရ ပါ သည်။ ကြေးထည်ကုန်ကြမ်းများကို ပြည်တွင်း ရှိ မြို့နယ်များမှ စုဆောင်းရရှိသော ကြေးထည်အပျက် ပစ္စည်းများကို အရည်ကြို၍ ပြန်လည်အသုံးပြုကြပါသည်။ကြေးထည်ထုဆစ်ခြင်းလုပ်ငန်းသည် ငွေထည်လုပ်ငန်းစဉ် အတိုင်းပင် ဖြစ်ပါသည်။
ယနေ့ စစ်ကိုင်းမြို့ ပန်းတိမ်လုပ်ငန်းအခြေအနေများ
ယခုအခါ စစ်ကိုင်းမြို့ ရွာထောင်ရပ်ရှိ ပန်းတိမ်လုပ်ငန်းများတွင် ငွေထည်လုပ်ငန်းရှင် ၁၀ ဦးနှင့် ကြေးထည်လုပ်ငန်းရှင် ၇၀ ဦး စုစု ပေါင်း ၈၀ ဦး၊ လုပ်သားဦးရေ ၃၀၀ ကျော်ဖြင့် လုပ်ကိုင်လျက်ရှိပါသည်။ ကုန်ကြမ်းဈေးမှာ ဘော် တစ် ပိဿာ ကျပ်ဆယ်သိန်း၊ ကြေးတစ်ပိဿာ ကျပ်ခုနစ်ထောင်ဖြင့် ဝယ်ယူရပါသည်။အထွက်နှုန်းအနေဖြင့် တစ် ပိဿာပေါ်အခြေခံ၍ ကုန်ပစ္စည်းအလိုက် အရေအတွက် ထွက်ရှိပါ သည်။ ဈေးနှုန်း သတ်မှတ်ချက်အနေဖြင့် ငွေစင်၊ကြေးစင် အရည် အသွေး၊ အလေးချိန်နှင့် လက်ရာပေါ်မူတည်ပြီး ဈေးနှုန်း သတ်မှတ်ပါ သည်။ကြေးပန်းအိုး ၆ လက်မ တစ်လုံးကို ကျပ်နှစ်ထောင်မှတစ် သောင်း၊ ကြေးပန်းအိုး ၈ လက်မတစ်လုံး ကျပ် လေးထောင်မှ တစ် သောင်းခွဲ အထိ၊ ကြေးပန်းအိုး ၉ လက်မတစ်လုံး ကျပ်ငါးထောင်မှ နှစ်သောင်းခွဲနှုန်းဖြင့် ရန်ကုန်၊မန္တလေး၊အင်းလေးဒေသများသို့ တင်ပို့ ရောင်းချလျက်ရှိပြီး ပြည်ပဈေးကွက်အနေဖြင့် အိန္ဒိယ၊ ထိုင်းနိုင်ငံများ သို့ တင်ပို့လျက်ရှိပါသည်။ အိန္ဒိယနိုင်ငံမှတစ်ဆင့် အနောက်နိုင်ငံ များသို့ ပြန်လည်ရောင်းချနေကြောင်း သိရှိရပါသည်။နောင်တစ်ချိန် တွင် မြန်မာနိုင်ငံအနေဖြင့် သယ်ယူခွင့်နှင့် သင့်တင့်သော အခွန်ကင်း လွတ်ခွင့်များ ရရှိမည်ဆိုပါက စစ်ကိုင်း ငွေထည် လုပ်ငန်းသည် တစ် ရှိန်ထိုး တိုးတက်အောင်မြင်လာမည်ဖြစ်ပါသည်။
အိမ်တွင်းစက်မှုလုပ်ငန်းများဆီသို့
မြန်မာနိုင်ငံသည် ၂၀၁၁ခုနှစ် အစိုးရသစ် တက်လာပြီးသည့် နောက်ပိုင်း ခေတ်မီတိုးတက်သည့် နိုင်ငံတော်သစ်ကြီး တည်ဆောက် ရေးကို ဦးတည်လျက် အသေးစားနှင့် အလတ်စားစက်မှု လက်မှုလုပ်ငန်း တိုးတက်ေ ရး ဆောင် ရွက်နေ သည့် အချိန်အခါဖြစ်ပါသည်။ ဤသို့ ှနြျ လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအကျ ဆုံးအရာသည် လက်မှုလုပ်ငန်းတစ်ရပ်ဖြစ်သော ငွေထည်နှင့် ကြေး ထည်လုပ်ငန်းများဖြင့် နှစ်ပေါင်းများစွာ အသက်မွေး ဝမ်းကျောင်းပြု လုပ်သည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းတိုးချဲ့ရေးသည် စက်မှုလုပ်ငန်း အစပျိုးခြင်းပင်ဖြစ်ပါသည်။ နှစ်ပေါင်းများစွာ မိသားစု လုပ်ငန်းများ အဖြစ် လက်ဆင့်ကမ်းပညာအမွေ သယ်လာခြင်းဖြင့် ပေါင်းစပ်ပြီး တိုးချဲ့ မည်ဆိုပါက လုပ်ငန်းစုမှ လုပ်ငန်းကြီးအဆင့်သို့ တက်ရောက် လှမ်းနိုင်မည်ဖြစ်ပေသည်။
ယနေ့စစ်ကိုင်းမြို့ ရွာထောင်ရှိ ငွေထည်၊ကြေးထည်လုပ်ငန်း များသည် မိရိုးဖလာ ဒင်၊ တူ၊ ဆောက်၊ ပေများကို အသုံးပြု၍ ဆောင်ရွက်နေဆဲဖြစ်ပါသည်။ ဤအခြေအနေကို ပြောင်းလဲရန် ခေတ်မီနည်းပညာများ ရှာဖွေရ မည်ဖြစ်ပါသည်။ ပထမအဆင့်တွင် ဒီဇိုင်းရေးဆွဲခြင်းကို ကွန်ပျူတာအသုံးပြု၍ ရေးဆွဲနိုင်ရေး နည်းလမ်း ရှာဖွေရမည်ဖြစ်ပါသည်။ ထို့နောက် ပုံကြမ်းသွင်းခြင်းကို ခေတ်မီပုံ သွင်းစက်ဖြင့် ထုတ်လုပ်နိုင်ရေး၊ ၎င်းင်းပြီးမှ ဒီဇိုင်း အတိုင်း ပုံဖော်အလှ ဆင်ခြင်း၊ ခေတ်မီစက်များဖြင့် အရောင်တင်ခြင်း စသည့် လုပ်ငန်းစဉ် များကို နည်းပညာသုံး စက်ပစ္စည်းများဖြင့် ဆောင်ရွက်နိုင်ရေး စီမံ ထားရှိရမည် ဖြစ်ပါသည်။
လုပ်ငန်းအသင်း ဖွဲ့စည်းခြင်း
စစ်ကိုင်းတိုင်း ကုန်သွယ်မှုမြှင့်တင်ရေးနှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ တိုင်းဒေသကြီးဦးစီးမှူး၏ကြီးကြပ်မှုဖြင့် ပုဂ္ဂလိကလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်အရ စစ်ကိုင်းမြို့၊ရွာထောင် ရပ် ငွေထည်၊ ကြေးထည် လုပ်ငန်း ရှင်များစုစည်း၍ လုပ်ငန်းအသင်းဖွဲ့စည်းရန် ဆောင် ရွက်လျက်ရှိပါသည်။ ဤကဲ့သို့ အသင်းအဖွဲ့များဖြင့် ရပ်တည်မှသာ နိုင်ငံတကာနှင့် ချိတ်ဆက်လုပ်ကိုင်မှု ကျယ်ပြန့်လာသည့်အခါ တင်ပို့ ရောင်းချရေးအတွက် လမ်းပွင့် သွားမည်ဖြစ်ပါသည်။ သို့အတွက် ကြောင့်လည်း စီးပွားဈေးကွက် အလားအလာကောင်းသည့် စစ်ကိုင်း ငွေထည်၊ ကြေးထည်လုပ်ငန်းအသင်း ပေါ်ပေါက်လာရေးကို ဦးစား ပေးဆောင်ရွက်နေခြင်း ဖြစ်ပါသည်။
ဖွံ့ဖြိုးတိုးတက်လာမည့်ဇေယျပူရငွေထည် ကြေးထည်လုပ်ငန်း
ဇေယျပူရ(ခေါ်)စစ်ကိုင်းမြို့ရှိ ရွာထောင်ရပ်ကွက်တွင် အောင် မြင်လျက်ရှိသည့် ငွေထည်၊ ကြေးထည်လုပ်ငန်းသည် ပြည်တွင်း သာမက ပြည်ပနိုင်ငံများအထိ အရောင်းအဝယ် ပြုလုပ်လျက်ရှိသည့် လုပ်ငန်းတစ်ရပ်ဖြစ် ပါ သည် ။ ငွေထည်၊ ကြေးထည် လုပ်ငန်းသည် ှနြျ လုပ်ငန်း ဖြစ်သည့်အတွက် လုပ်ငန်းဒီဇိုင်းရေးဆွဲခြင်းကို နိုင်ငံ ခြားမှ ဒီဇိုင်းပညာရှင်များ၊ ဗိသုကာပညာရှင်များနှင့် ခေတ်မီစက် ယန္တရားများဖြင့် ပုံဖော်ခြင်း၊ ပုံသွင်းခြင်းများဖြင့် ထုတ် လုပ်နိုင်မည်ဆို ပါက ငွေထည်၊ ကြေးထည်လုပ်ငန်းသည် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာ့အလယ်တွင် ထင်ပေါ်ကျော်ကြားအောင်မြင်လာမည်ဟု ထင် မြင်မိပါသည်။ ငွေထည်၊ ကြေးထည် ပန်းတိမ်ပညာသည် မြန်မာလူမျိုး တို့၏ ရှေးအစဉ်အဆက် တန်ဖိုးထားခဲ့သော မြန်မာ့ရိုးရာအနုပညာ လက်ရာ အမွေအနှစ်ဖြစ်သည့် အားလျော်စွာ ယနေ့ထိတိုင်အောင် ငွေပန်းတိမ်ပညာ မတိမ်ကော၊ ပပျောက်သွားခြင်းမရှိဘဲ ရေရှည်တည် တံ့ခိုင်မြဲစေရန် မျိုးချစ် စိတ်ဓာတ်ဖြင့် ဆက်လက်ထိန်းသိမ်းစောင့် ရှောက်သွားရ မည့် လုပ်ငန်းဖြစ်ပေသည်။ သို့အတွက်ကြောင့်စစ်ကိုင်း မြို့၏ အဖိုး တန်ဒေသထွက်ကုန်ဖြစ်သော ငွေထည်ကြေးထည်လုပ်ငန်း အကြောင်း သိရှိနိုင်စေဖို့ တင်ပြလိုက်ပါသည်။