
တစ်အိမ်၊ မိသားစုတစ်စုမှာ ဝင်ငွေနဲ့ အသုံးစရိတ်မျှတဖို့ လိုပါတယ်။ ဝင်ငွေထက် ထွက်ငွေက များနေခဲ့ရင် အဲဒီအိမ်၊ ဒါမှမဟုတ် အဲဒီမိသားစုဟာ ချာလပတ်လည်ရမ်းနေအောင် ကြွေး တင်နေမှာဖြစ်ပါတယ်။ ဝင်ငွေက ထွက်ငွေထက်များနေခဲ့မယ်ဆိုရင် တော့ အဲဒီမိသားစုဟာ ရွှေတွဲလဲ ငွေတွဲလဲနဲ့ တကယ့်ကိုပျော်ရွှင်ချမ်း မြေ့ဖွယ်အတိကောင်းတဲ့မိသားစုတစ်စုအဖြစ်ကို ပုံဖော်နိုင်မှာဖြစ်ပါ တယ်။မိသားစုလို့ဆိုရာမှာ နိုင်ငံတစ်နိုင်ငံ အတွင်းမှာ မှီတင်းနေထိုင် ကြတဲ့ တိုင်းရင်းသားညီအစ်ကိုမောင်နှမ အပေါင်းတွေဟာလည်း မိသားစုကြီးတစ်စုပါပဲ။ မိသားစုကြီးတစ်စု မှီတင်းနေထိုင်ကြတဲ့ ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးဟာ မိသားစုကြီးတစ်စုအဖြစ် စုစည်းနေထိုင်ကြတဲ့ အိမ်ကြီးတစ်အိမ်ပါပဲ။ အဲဒီအိမ်ကြီးရဲ့ အိမ် ထောင်ဦးစီးကတော့ နိုင်ငံတော်အစိုးရပါ။ နိုင်ငံတော်အစိုးရဟာ အိမ်ကြီးထဲမှာနေထိုင်ကြတဲ့ မိသားစုတွေ အဆင်ပြေပြေ နေထိုင် နိုင်ကြဖို့ အမျိုးမျိုးတွေးတော ကြံဆပြီး လုပ်ကိုင်ဆောင်ရွက်ပေးနေတာ ကို အားလုံးအသိပဲဖြစ်ပါတယ်။ဒါပေမယ့်လည်း မြန်မာနိုင်ငံ ဟာ အစိုးရသစ်တက်လာတဲ့ အချိန်ကတည်းက ကောင်းမွန်တဲ့ ယန္တရားလည်ပတ်မှုနဲ့အတူ နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေး အစစအရာရာ ဘက်စုံထောင့်စုံကနေ ကောင်းမွန်အောင်လုပ်ဆောင်ဖို့အတွက် ဥပဒေတွေစည်းမျဉ်းစည်း ကမ်းတွေချမှတ်ပြီး လုပ်ဆောင်ခဲ့ပါတယ်။ အစိုးရရဲ့သက်တမ်းဟာ ငါးနှစ်သက်တမ်းဖြစ်တာကြောင့် အဲဒီသက်တမ်းမကုန်ဆုံးခင်မှာ တတ်စွမ်းသမျှ လုပ်ဆောင်ပေးခဲ့ကြပါတယ်။အစိုးရဟာ သူ့ရဲ့သက်တမ်းငါးနှစ်အတွင်း အရင်အစိုးရလက် ထက်က <ကင်းကျန်ခဲ့တဲ့ အညစ်အကြေးတွေကို သုတ်သင်နေရတဲ့ အတွက် အချိန်တွေသာကုန်လွန်လာခဲ့ပေမယ့် လက်ဆုပ်လက်ကိုင် ပြနိုင်တဲ့အရာဆိုလို့ အနည်းအကျဉ်းမျှသာရှိပါလိမ့်မယ်။ အရာရာ ကို ဖြေလျော့မှုတွေလုပ်ပေးခဲ့ပေမယ့် ဦးနင်း ပဲ့ထောင်၊ ပဲ့နင်း ဦး ထောင် ဖြစ်နေခဲ့တာကြောင့် လုပ်သမျှ အရာမထင်ခဲ့ဘဲ ပြစ်တင်ေ၀ ဖန်မှုတွေနဲ့ပဲရင်ဆိုင်ခဲ့ရပါတယ်။ အဲဒီလိုတွေဖြစ်နေချိန်မှာ အစိုးရ ရဲ့အားနည်းချက်ကိုသိနေမြင်နေကြတဲ့ဝိသမ လောဘသမားတွေ ကြောင့် နိုင်ငံတော်ကြီးရဲ့ အခြေအနေဟာ တိုးတက်သယောင် ယောင်နဲ့ တဖြည်းဖြည်း ဆုတ်ယုတ်နေတယ်လို့ ထင်မိပါတယ်။
ယခုနှစ်အစမှာကတည်းက နိုင်ငံတော်အစိုးရဟာ အကျပ် အတည်းတွေနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။ အလုပ်သမားတွေရဲ့ တစ်နေ့ လုပ်ခလစာကို ၃၆၀၀ ကျပ်လို့ သတ်မှတ်ပေးလိုက်တဲ့အတွက် အလုပ်သမားထုအတွင်းမှာရော၊ စက်ရုံအလုပ်ရုံပိုင်ရှင်တွေအတွင်း မှာရော အစိုးရကို မကျေနပ်တဲ့သူတွေ များပြားလို့ လာခဲ့ပါတယ်။ အလုပ်သမားတွေကလည်း သူတို့အတွက် တစ်နေ့လုပ်ခကို ကျပ် လေးထောင်နဲ့ငါးထောင် ကြားရမှ ကျေနပ်နိုင်မယ်၊ အလုပ်ရှင်တွေ စက်ရုံပိုင်ရှင်တွေဘက်ကလည်း သူတို့အနေနဲ့ ဒီလို တစ်နေ့ လုပ်ခ ၃၆၀၀ ကျပ်ပေးရမယ်ဆိုရင် စက်ရုံတွေပိတ်ပြီးပြန်ပါတော့မယ်လို့ ပြောကြားလာတာတွေဟာ အစိုးရကို ဘေးကျပ်နံကျပ်ဖြစ်စေခဲ့တဲ့ အကြောင်း တရားတွေပါပဲ။
အလုပ်သမားတွေ အထူးသဖြင့် အထည်ချုပ်စက်ရုံက အလုပ် သမားတွေဟာ သူတို့အတွက် တစ်နေ့လုပ်ခ ကျပ် ၁၈၀၀ ဟာ အလွန်ကို နည်းလွန်းတဲ့အတွက် ခုခေတ်ကုန်ဈေးနှုန်းအရ ဘယ်လိုမှ မဖြစ်နိုင်ဘူးလို့ တောင်းဆိုလာခဲ့ တာဖြစ်ပါတယ်။ အလုပ်သမားတွေရဲ့ တောင်းဆိုချက်ဟာ သမာသမတ်ကျလှပါတယ်။ အထည်ချုပ်စက်ရုံ က နေ့စားအလုပ်သမားတစ်ယောက်ရဲ့ တစ်နေ့ရတဲ့ဝင်ငွေဟာ သူ တစ်ယောက်တည်းအတွက်တောင် မှ လောက်ငှခြင်း မရှိဘူးဆိုတာ လူတိုင်းအသိပါ။ သူတို့အတွက် တစ်နေ့ငါးထောင်ရမှ ဖြစ်မယ်ဆို တာလည်း မှန်လွန်းလှတဲ့အချက်တစ်ချက်ဖြစ်တယ်ဆိုတာကို သိပြီး သားဖြစ်မှာပါ။ဒါပေမယ့်လည်း တစ်ဖက် က ကိုယ့်မြေကိုယ့်ရေမှာ စီးပွားလာ ရှာကြတဲ့ ရင်းနှီးမြှုပ်နှံသူတွေဘက်ကို ပြန်ကြည့်ရင်လည်း သူတို့ရင်း နှီးမြှုပ်နှံထားတဲ့အပေါ်မှာ နိုင်ငံတော်က ပံ့ပိုးမှုပေးထားတဲ့အပိုင်း ဘယ်လောက်အထိ ပါဝင်ထားသလဲဆိုတာ ပြန်ကြည့်ရမယ်ထင်ပါ တယ်။ ဒီအထည်ချုပ် စက်ရုံတွေဟာ အရင်ကတည်းက ဖွင့်ထားတာ ဆိုပေမယ့် အရင်ခေတ်က စီးပွားရေးပိတ်ဆို့မှုတွေကြောင့် ရသင့်တဲ့ အခွင့်အရေးတွေ မရခဲ့ပါဘူး။ ခုချိန်မှာတော့ ဂျီအက်စ်ပီအခွင့်အရေး တွေရရှိလာပြီဖြစ်ပေမယ့် အထည်ချုပ် လုပ်ငန်းတွေဟာ အထည် အမှာအော်ဒါများ ရရှိမှုနည်းပါးနေသလို ကုန်ကျစရိတ်တွေ များပြား လာတဲ့အတွက် အမြတ်အစွန်းရရှိမှုမှာ နည်းပါးလာတာကြောင့် အလုပ်သမားတွေရဲ့ လုပ်ခလစာတွေကို တိုးမပေးနိုင်သေး တာဖြစ် မယ်လို့ သုံးသပ်နေကြပါတယ်။
ဒါ့ပြင် မြန်မာနိုင်ငံမှာရှိတဲ့ အထည်ချုပ်စက်ရုံနဲ့တခြားစက်ရုံ တွေနဲ့ အလုပ်လုပ်ကိုင်ချင်သူတွေရဲ့ အချိုးချကို ချတွက်ကြည့်လိုက် တဲ့အခါမှာ စက်ရုံတွေမှာခန့်ထားနိုင်တဲ့အရေအတွက်ထက် အလုပ် လုပ်ချင်တဲ့သူက ပိုများနေတာ ကို တွေ့ရှိ ရပါတယ်။ အဲဒီလိုဖြစ်ရပ် တွေကြောင့် ရှိပြီးသားစက်ရုံ နဲ့အလုပ်လုပ်ကိုင်လိုသူအလုပ်သမားတွေ ရဲ့အချိုးမမျှမတဖြစ်နေတဲ့ အခြေခံအရင်းအမြစ်ကို ရှာကြည့်ဖို့လိုပါတယ်။တကယ့်ရင်းမြစ် ကတော့ မြန်မာနိုင်ငံမှာရှိတဲ့ အလုပ်လုပ်ကိုင် လိုသူ အရေအတွက်ဟာ တခြားနိုင်ငံတွေ ဥပမာအားဖြင့် ဘင်္ဂလား ဒေ့ရှ်၊ ကမ္ဘောဒီးယား၊ ဖိလစ်ပိုင်စတဲ့ဖွံ့ဖြိုးမှုနောက်ကျနေတဲ့နိုင်ငံတွေ နဲ့ယှဉ်ရင် ပိုများနေတာကိုတွေ့ရမှာဖြစ်ပါတယ်။ အလုပ်လုပ်ကိုင် လိုသူ များပြားသလို အလုပ်သမားတွေကိုပေးရတဲ့ လုပ်ခလစာ ဟာလည်း အဲဒီနိုင်ငံတွေထက် နည်းပါးတာကြောင့် နိုင်ငံခြားရင်းနှီး မြှုပ်နှံသူတွေဟာ မြန်မာပြည်ကို လာပြီးရင်းနှီးမြှုပ်နှံလိုကြပါတယ်။ ဒါပေမယ့်လည်း အလုပ်လုပ်ကိုင် လိုသူအရေအတွက် များပြားတာ ရယ်၊ လုပ်ခလစာနည်းပါးတာရယ် နှစ်ခုကလွဲရင် ရင်းနှီးမြှုပ်နှံသူတွေ အတွက် ကျန်တဲ့ အခြေခံလိုအပ်ချက်မှာတော့ ဖွံ့ဖြိုးပြီးနိုင်ငံတွေထက် တောင် အဆမတန် များပြားနေတာကိုတွေ့ရပါတယ်။
ဥပမာအားဖြင့် စက်မှုဇုန်မှာ စက်ရုံဆောက်ဖို့အတွက် မြေ ကွက်တစ်ကွက်ဟာ မြန်မာငွေကျပ်သိန်းပေါင်း သောင်းနဲ့ချီပြီးပေး ဝယ်ရသလို ငှားရမ်းတဲ့အခါမှာလည်း တစ်နှစ်ထက်တစ်နှစ် ငှားရမ်းခ တွေက မြင့်တက်လာတဲ့အတွက် ရင်းနှီးမြှုပ်နှံသူတွေဟာ အဲဒီတစ် ချက်နဲ့တင် လက်တွန့်သွားသလို စက်ရုံတစ်ရုံဆောက်ပြီးလို့ လိုအပ် လာမယ့် လျှပ်စစ်မီး၊ ရေ၊ လမ်း စတဲ့ အခြေခံလိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်လည်း လိုအပ်ချက်တွေ ရှိနေပြန်ပါသေး တယ်။
နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေကို လာပါလာပါလို့ လက်ယပ် ခေါ်နေရုံနဲ့ မပြီးပါဘူး။ သူတို့ရဲ့လိုအပ်ချက်တွေကို အတိုင်းအတာ တစ်ခုအထိ ဖြည့်ဆည်းပေးမယ်ဆိုရင် ဘယ်လိုရင်းနှီးမြှုပ်နှံမှုမျိုးမဆို မြန်မာနိုင်ငံထဲကို မဖိတ်ခေါ် ဘဲနဲ့ရောက်လာမှာ သေချာပါတယ်။ သူတို့ရဲ့အခြေခံလိုအပ်ချက်တွေ အပြည့်အစုံဖန်တီးပေးထားတဲ့လုပ် ငန်းတစ်ခုဟာ အောင်မြင်မှုတွေရရှိလာပြီဆိုရင် အိုင်တီခေတ်ကြီး ဖြစ်တဲ့ အတွက် မြန်မာနိုင်ငံရဲ့ ကောင်းသတင်း ဟာ နိုင်ငံရပ်ခြားက စီးပွားရေးလုပ်ငန်းရှင်ကြီးတွေကြားမှာ ရေပန်းစားလာမှာ အမှန်ပါပဲ။ အဲဒီလိုသတင်းကောင်းတွေနဲ့ပြည့်စုံနေတဲ့ မြန်မာနိုင်ငံမှာ စက်ရုံတွေ လာဆောက်ပြီး ရင်းနှီးမြှုပ်နှံကြမှာဖြစ်တဲ့အတွက် စက်ရုံတွေ အများ အပြားပေါ်ပေါက်လာပြီး အလုပ်အကိုင်တွေလည်း ပေါများလာ မှာဖြစ်ပါတယ်။အလုပ်အကိုင်တွေ ပေါများလာမှုနဲ့အတူ အလုပ်သမားအချင်း ချင်းကြားမှာလည်း ပြိုင်ဆိုင်မှုတွေ ရှိလာမှာဖြစ်ပါတယ်။ အလုပ် သမားကို အလုပ်ရှင် က ရွေးချယ်ခန့်ထားခွင့်ကို သေချာပေါက်ရရှိ ပိုင်ဆိုင်မှာဖြစ်သလို အလုပ်သမားကောင်းတွေကို ရွေးချယ်ခန့်ထား နိုင်မယ့်အခွင့်အရေးတွေလည်းသေချာပေါက် ရရှိလာမှာဖြစ်ပါတယ်။ အလုပ်သမားတွေဘက်မှာလည်း သူတို့ရဲ့အရည် အချင်းတွေကို သူတို့ကိုယ်တိုင် ပြန်သုံးသပ်ခွင့်ရရှိမှာဖြစ်သလို သူတို့အရည်အချင်း တွေကို တစ်နေ့တခြားတိုးတက်ဖို့အတွက် ကြံဆောင်လာကြမှာဖြစ် ပါတယ်။ အလုပ်ရှင်တွေများလာရင် အလုပ်သမားတွေ အတွက် လည်း ကိုယ်ကြိုက်တဲ့အလုပ် လစာများတဲ့အလုပ်ကို ရွေးချယ်နိုင်ဖို့အတွက် ကိုယ်ပိုင်အရည်အချင်းတစ်ရပ်ကိုကိုယ်တိုင်ဖန်တီးလာကြ မှာဖြစ်ပါ တယ်။ ဒါကြောင့် စက်ရုံတွေ များများရှိဖို့၊ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု တွေ များများဝင် လာဖို့ အတွက် လုပ်သာကိုင်သာရှိအောင် ဆောင် ရွက်ပေးဖို့က နိုင်ငံတော်အစိုးရရဲ့တာဝန်ပါပဲ။
ဒါ့အပြင် နိုင်ငံတော်မှာ တစ်နေ့တခြား ဆုတ်ယုတ်လာတဲ့အပိုင်း က အသေးစား၊ အလတ်စား စက်မှု လုပ်ငန်းလုပ်ကိုင်သူအရေအတွက် နည်းလာတာပါပဲ။ ဒါဟာ နိုင်ငံတော်ရဲ့စီးပွားရေးတိုးတက်ဖို့အတွက် တကယ့်ကို ကြီးမား တဲ့ထိုးနှက်ချက်တစ်ခုပဲဖြစ်ပါတယ်။ အသေးစား အလတ်စား စက်မှုလုပ်ငန်းတွေ တိုးတက်လာမှ အလုပ်အကိုင် အခွင့်အလမ်းတွေ ပိုမိုပေါများလာမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ရှိတဲ့ အသေးစား၊ အလတ်စား စက်မှုလုပ် ငန်းတွေ ဟာ တိုးတက်သင့် သလောက်မတိုးတက်တဲ့အပြင် တချို့သောအသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေဟာ မြေပေါ်ကနေ ကြက်ပျောက်ငှက်ပျောက် ပျောက်သလိုဖြစ်သွားတာကိုလည်း မြင်တွေ့နေရပါသေးတယ်။
ဒါဟာ အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေအတွက် ကြီးမားတဲ့ စိန်ခေါ်မှုတစ်ရပ်ပဲဖြစ်ပါတယ်။ မြန်မာပြည်သူတွေဟာ အလျင်အမြန် တိုးတက်လာတဲ့အိုင်တီခေတ်ရဲ့ရေစီးကြောင်းနောက် ကို စီးမျောဝင်ရောက်နေတဲ့ အတွက် အဲဒီတိုးတက်လာတဲ့နောက်မှာ ဖြစ်လာတဲ့စိတ်ကတော့ ပစ္စည်းရဲ့ဈေးနှုန်းဆိုတာထက် ပစ္စည်းရဲ့ အရည်အသွေးကိုသာ ကြည့်တော့တဲ့စိတ်ပါပဲ။ အဲဒီစိတ်ကြောင့်လည်း မြန်မာပြည်တွင်းက အသေးစား၊ အလတ်စား စက်မှုလုပ်ငန်းတွေ ကျဆုံးရတယ်ဆိုရင် မှားမယ်မထင်ပါဘူး။
မြန်မာပြည်တွင်းက လုပ်ငန်းရှင်တွေဟာ ပြည်တွင်းက စား သုံးသူတွေအပေါ်မှာ စေတနာထားပြီး လုပ်ကိုင်တဲ့သူ ထုတ်လုပ်တဲ့သူ လုပ်ငန်းရှင်အရေအတွက်ဟာ နည်းပါးလွန်းလှပါတယ်။ စစ်အစိုးရ လက်ထက်က အသစ် အဆန်း တစ်ခု ထုတ်လိုက်တိုင်း အစိုးရတာဝန် ရှိတဲ့သူတွေကို ဖိတ်ကြားပြီး ထုတ်လုပ်လိုက်တဲ့ပစ္စည်းကို ပြသလိုက် တာနဲ့ အဲဒီပစ္စည်းဟာ နိုင်ငံတစ်ဝန်း ကြော်ငြာစရာမလိုလောက်အောင် ဟိုးလေးတကျော်ကျော်ဖြစ် သွားခဲ့ တာကို သိရှိကြမှာပါ။ အဲဒီလိုခေတ် ကာလမျိုးမှာ စီးပွားရှာခဲ့ကြတဲ့ မြန်မာနိုင်ငံက လုပ်ငန်းရှင်တချို့ဟာ စီးပွားရေးခေတ်သစ်ကိုရောက်လာတဲ့အချိန်မှာလည်း သူတို့ရဲ့ပုံစံကို မပြင်နိုင်သေးဘဲ ပုံစံဟောင်းအတိုင်းသာ သွားနေကြပါ တယ်။ မကြာ ခင်ကာလမှာ အာဆီယံစီးပွားရေးအသိုက်အဝန်းဆိုတာကို စတင် ကျင့်သုံးတော့မယ်။ အဲဒီအခါမှာ လမ်းဟောင်းအတိုင်းကို လိုက်နေတဲ့ စီးပွားရေးသမားတွေ ကျဆုံးခန်းနဲ့ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။
နိုင်ငံခြားက ဝင်ရောက်လာမယ့် ရင်းနှီးမြှုပ်နှံသူတွေဟာ မြန်မာပြည်တွင်းမှာရှိတဲ့ အခြေခံအဆောက်အအုံစရိတ်တွေကြောင့် အရှုံးပေါ်မယ့်အရေးကို ကြိုတွေးမိသလို သူတို့လုပ်ရမယ့်အကွက်ကို မြင်သွားခဲ့တာကတော့ အသေအချာပါပဲ။ ဒါဟာဘာလဲဆိုရင် မြန်မာ နိုင်ငံရဲ့ လူသုံးကုန်ပစ္စည်းဈေးကွက်ပါ။ ပြည်တွင်းမှာ ထုတ်လုပ်နေတဲ့ လူသုံးကုန်ပစ္စည်းတွေဟာ ထုပ်ပိုးမှုမှာလည်း စံချိန်မမီသလို အရည် အသွေးပိုင်းမှာလည်း ပြည်ပက ပစ္စည်းရဲ့အရည်အသွေးကို လိုက်မမီ တာကြောင့် နိုင်ငံခြားကတင်သွင်းလာတဲ့ပစ္စည်းကိုပဲ ပြည်သူတွေက မက်မောနှစ်ခြိုက်စွာ ဝယ်ယူသုံးစွဲနေကြတာပါ။ပြည်တွင်းမှာ လူသုံးကုန် ပစ္စည်းတွေ ထုတ်လုပ်ပေးနေတဲ့အစိုးရ စက်ရုံတွေကိုလည်း ပုဂ္ဂလိကလုပ်ငန်းရှင်တွေရဲ့လက်ဝယ်ကို ဝကွက် အပ်လိုက်ပြီမို့ လူသုံးကုန်ပစ္စည်းဈေးကွက်မှာ ပြည်ပကတင်သွင်း လာတဲ့ ပစ္စည်းတွေကိုပဲ မြင်တွေ့နေရတာပါ။ အဲဒီလူသုံးကုန်ပစ္စည်း တွေကို မြန်မာနို င်ငံမှာ စက်ရုံဆောက်ပြီး ထုတ်လုပ်လာကြမယ်ဆိုရင် မြန်မာပြည်ရဲ့လူသုံးကုန်ပစ္စည်းဈေးကွက်မှာ ြေိန ငည ပြညောမေ ဆိုတဲ့ကုန်ပစ္စည်းကို တွင်တွင်ကျယ်ကျယ်သုံးစွဲနိုင်ရုံသာမက ပြည်ပ ကိုပါ တင်ပို့နိုင်တဲ့အထိ ဖြစ်လာမှာပါ။ အဲဒီလိုပြည်ပ ကိုတင်ပို့နိုင်ပြီ ဆိုရင် နိုင်ငံတော်မှာ အဓိကလိုအပ်နေတဲ့ နိုင်ငံခြားငွေဟာ နိုင်ငံ တော်ရဲ့ဘဏ္ဍာတိုက်ထဲကို ပြန်လည်စီးဝင်လာမှာဖြစ်ပါတယ်။နိုင်ငံတော်မှာ နိုင်ငံခြားငွေ စီးဝင်မှု ထက် စီးထွက်မှုက များပြား နေပါ တယ်။ သွင်းကုန်ပမာဏ များပြားနေခြင်းဟာ ကုန်သွယ်ရေး လိုငွေပြနေတဲ့အတွက် နိုင်ငံခြားငွေသုံးစွဲမှု ပိုမိုနေတယ်ဆိုတာကို ထောက်ပြနေတာပဲဖြစ်ပါတယ်။ ဒီနှစ်အတွင်းမှာ နိုင်ငံတော်ကို အဓိက နိုင်ငံခြားငွေ ရှာဖွေေ ပးနေတဲ့ သဘာဝဓာတ်ငွေ့ကလည်း ရရှိမှုနည်းပါးခဲ့သလို ကျောက်စိမ်းကျောက်မျက်ရောင်းချရမှုမှလည်း နိုင်ငံခြားငွေကို အရင်နှစ်တွေကလောက် မရရှိခဲ့ပါဘူး။
ဒါ့အပြင် တရုတ်နိုင်ငံမှာဖြစ်ပေါ်ခဲ့တဲ့ ရှယ်ယာဈေးနှုန်းတွေ ရုတ်တရက် ထိုးကျမှုကလည်း မြန်မာနိုင်ငံ ကို ဂယက်ရိုက်ခတ်ခဲ့ပါ တယ်။ တရုတ်နိုင်ငံကို ဆန်တင်ပို့နေတဲ့အချိန်မှာ ရှယ်ယာဈေးတွေ ထိုးကျခဲ့တဲ့အတွက် တရုတ်ကုန် သည်တွေ ဟာ ဆန်ဝယ်ယူတာကို ရပ်ဆိုင်းခဲ့သလို အဖမ်းအဆီးတွေကြောင့်လည်း တရုတ်ဆန်ကုန် သည်တွေဟာ ဆန်ဝယ်ယူခြင်းကို ရပ်တန့်ခဲ့ပါတယ်။ ဒါပေမယ့်လည်း တရုတ်ဆန်ကုန်သည်တွေဟာ မြန်မာနိုင်ငံဖက် မူဆယ်ကုန်စည်ဒိုင် ရဲ့ ဆန်ဂိုထောင်တွေမှာ ဆန်တွေ စုပုံနေတာကို အခွင့်ကောင်းယူပြီး ဆန်ဈေးကိုနှိမ်ပြီး ဝယ်ဖို့ကြိုးစားနေတာကို သိရှိရတဲ့အတွက် လူ လည်ကျလွန်းတဲ့ တရုတ်ဆန်ကုန်သည်တွေရဲ့လုပ်ရပ်ကိုလည်း သတိ ထားဖို့ လိုနေပါပြီ။
ပြည်တွင်းမှာ လိုအပ်နေတဲ့နိုင်ငံခြားငွေကိုရရှိနိုင်ဖို့ နည်းလမ်း ရှာပေမယ့် ဘယ်နေရာကမှ ထွက်ပေါ်လာခြင်းမရှိတာမို့ ပြည်သူ တွေဆီကနေ တယ်လီဖုန်းခွန်ကောက်ပြီး အဲဒီကနေ ဝင်ငွေပြန်ရှာဖို့ ကြိုးစားခဲ့ပေမယ့် အရာမထင် ခဲ့ပါဘူး။ တယ်လီဖုန်းအသုံးပြုနေကြတဲ့ သန်း ၂၀ သောပြည်သူတွေဆီက လက်မခံဘူးဆိုတဲ့ တုံ့ပြန်သံတွေ ကြောင့် လက်လျှော့ခဲ့ရပြန်ပါတယ်။ဒါ့အပြင် မော်တော်ယာဉ် တင်သွင်းခွင့်ဆိုင်ရာ မူဝါဒထဲက တစ်ခုဖြစ်တဲ့ တစ်ဦးချင်း ကားတင်သွင်းသူတွေဟာ ဘဏ်ရဲ့ငွေစာရင်း မှာ အမေရိကန်ဒေါ်လာ ငါးထောင်ထည့်သွင်းထားပေမယ့် အဲဒီ ဒေါ်လာကို တစ်ဖက်ကားရောင်းချသူရဲ့ ငွေစာရင်းကိုလွှဲပြောင်းပေး ရခြင်းမရှိတာကြောင့် တင်သွင်းလာ တဲ့ ကားတန်ဖိုးကို ပေးချေရာမှာ တရားမဝင်တဲ့ အောက်လမ်းနည်းနဲ့လွှဲပြောင်းပေးနေရတာကြောင့် ဒီဒေါ်လာစီးဆင်းမှုဟာ နိုင်ငံတော်အတွက် များစွာနစ်နာခဲ့ရတဲ့ လွှဲပြောင်းပေးမှုတစ်ခုပဲဖြစ်ပါတယ်။ ဒီအချက် ကို မော်တော်ယာဉ် တင်သွင်းသူလုပ်ငန်းရှင်တွေက ဝေဖန်ကြ၊ ထောက်ပြခဲ့ကြပေမယ့် ဘဏ်တွေမှာ ကျင့်သုံးနေတဲ့မူဝါဒအရ လက်မခံနိုင်တာကြောင့် တရားမဝင်ငွေ ကြေးစီးဆင်းမှုတွေ ပိုမိုများပြား လာပြီး နိုင်ငံတော်ရဲ့ ရသင့်ရထိုက်တဲ့နိုင်ငံခြားငွေတွေ ဆုံးရှုံးနစ်နာခဲ့ရတာဖြစ်ပါတယ်။
အဲဒီလိုအချက်တွေကြောင့်လည်း ပြည်တွင်းမှာ နိုင်ငံခြားငွေ အထူးသဖြင့် အမေရိကန်ဒေါ်လာ လိုအပ်ချက်ဟာ တစ်နေ့တခြား ပိုမိုများပြားလာပါတော့တယ်။ ပြည်တွင်းက ပုဂ္ဂလိကဘဏ်တွေက ဒေါ်လာတွေ ကို ရောင်းချခြင်း မပြုနိုင်ေ တာ့ တဲ့အတွက် သွင်းကုန်လုပ် ငန်းရှင်တွေ၊ နိုင်ငံရပ်ခြားကို သွားရောက်လည်ပတ်လိုတဲ့သူတွေ၊ ဆေးကုသလိုတဲ့သူတွေဟာ သူတို့လိုအပ်တဲ့နိုင်ငံခြားငွေကို အပြင် ပုဂ္ဂလိက တွေဆီကနေ ဝယ်ယူနေရပါတယ်။ ပုဂ္ဂလိကဘဏ်တွေရဲ့ လှည့်ကွက်တွေနဲ့ အပြင်ငွေလဲစင်တာတွေရဲ့ လှည့်ကွက်တွေကြားမှာ သာမန်ပြည်သူတွေဟာ အလူးအလဲခံစားခဲ့ကြရပါတယ်။
ဒါ့အပြင် ဗဟိုဘဏ်ရဲ့ ငွေကြေးထိန်းကျောင်းပုံ နည်းစနစ် မမှန်ကန်တဲ့အတွက် ငွေဈေးနှုန်းအတက်အကျကို တစ်ခဏသာ ထိန်းထားနိုင်ခဲ့ပါတယ်။ ဗဟိုဘဏ်ဟာ ငွေလဲနှုန်းတက်လာတာကို ထိန်းကျောင်းဖို့အတွက် သွင်းကုန်လုပ်ငန်းရှင်တွေလိုအပ်တဲ့ နိုင်ငံခြားငွေကို လိုအပ်သလောက်ထုတ်ပေးမယ်ဆိုတဲ့စကားနဲ့ ငွေ ကြေးဈေးကွက်ကို ထိန်းချုပ်ဖို့ ကြိုးစားခဲ့ပါတယ်။ ဒါဟာလည်း တဒင်္ဂအတွင်းမှာသာ ထိန်းချုပ်နိုင်ခဲ့ပါတယ်။ သွင်းကုန်သမားတွေ အထူးသဖြင့် စက်သုံးဆီ၊ စားအုန်းဆီ၊ ဆောက်လုပ်ရေးပစ္စည်းစတဲ့ နိုင်ငံခြားသုံးငွေလိုအပ်ချက်ပမာဏကြီးမားတဲ့ လုပ်ငန်းတွေအတွက် လိုအပ်တဲ့နိုင်ငံခြားသုံးငွေကို ဘဏ်တွေ အထူးသဖြင့် ပုဂ္ဂလိကဘဏ် တွေကနေ ရောင်းချပေးရမယ်၊ နိုင်ငံခြားငွေကို ထိန်းချုပ်နိုင်ဖို့အတွက် ဝိုင်းပြီးကူညီပါဆိုတဲ့ညွှွန်ကြားချက်တွေကြောင့် ရက်ပိုင်းအတွင်းသာ ငွေဈေးကျသွားခဲ့ရပါတယ်။
ဒါပေမယ့်လည်း ပုဂ္ဂလိကဘဏ်ကြီးတစ်ခုကိုယ်တိုင်က သူ့ အတွက် လိုအပ်နေတဲ့ နိုင်ငံခြားသုံးငွေကြေးကို ဈေးကွက်အတွင်း မှာ လိုက်လံဝယ်ယူခဲ့တဲ့အတွက် ဈေးတွေပြန်လည်မြင့်တက်လာခဲ့ရ တာကိုလည်း သိရှိခဲ့ရပါတယ်။ ဒါ့အပြင် ဗဟိုဘဏ်က ထုတ်ပြန်လိုက် တဲ့ ညွှန်ကြားချက်ကိုလည်း ဘယ်ဘဏ် ဘယ်ငွေလဲစင်တာကမှ လိုက် နာခြင်းမရှိခဲ့တဲ့အတွက် သွင်းကုန်သမားလူနည်းစုလောက်သာ အဲဒီ ခံစားခွင့်ကို ရရှိခဲ့ကြပါတယ်။ ဘဏ်တွေရဲ့အရောင်းမရှိ အဝယ်သာ ရှိတဲ့ငွေလဲစင်တာတွေဟာ မြန်မာနိုင်ငံကို ခေတ္တခဏသာ လာရောက် လည်ပတ်ကြတဲ့ နိုင်ငံခြားသား ခရီးသွားဧည့်သည်တွေအတွက် အဆင်ပြေ ချောမွေ့တဲ့ဝန်ဆောင်မှုကို ပေးစွမ်းနိုင်စွမ်းမရှိခဲ့ပါဘူး။
ဒီအခက်အခဲတွေကြားမှာ ဒေါ်လာဈေးတွေဟာ တစ်နေ့ရွှေ တစ်နေ့ငွေလို့ပြောရလောက်အောင် တစ်နေ့တခြား ကျပ်တည်းမှု တွေနဲ့ကြုံလာရပါတယ်။ ဈေးကွက်မှာ လဲစရာမရှိလို့ ဈေးကွက်ထဲမှာ ပစ္စည်းပြတ်လောက်တဲ့အထိ အဝယ်လိုက်လာလို့ ဈေးတွေတက်ရတာ ပါ။ ဈေးကွက်ထဲမှာ ဘယ်သူကတော့ ဘယ်လောက်ပမာဏအထိ အဝယ်လိုက်လာတယ် စသည်ဖြင့်ဈေးကွက်အတွင်းက အသံတွေဟာ ဒေါ်လာဈေး ကို မြင့်သည်ထက်မြ င့်အောင် သွေးထိုးေ ပးနေ သလိုပါပဲ။
ဗဟိုဘဏ်ဟာ သူ့ရဲ့လုပ်ပိုင်ခွင့် အတိုင်းအတာတစ်ခုကိုပြသ တဲ့အနေနဲ့ ဗဟိုဘဏ်ရဲ့ရည်ညွှန်းငွေလဲနှုန်းကို ဇူလိုင်လ ၁၃ရက် နေ့ကစပြီး ပြင်ပပေါက်ဈေးအတိုင်း သတ်မှတ်လိုက်ပါတယ်။ အဲဒီလို သတ်မှတ်လိုက်တဲ့အတွက် ဘဏ်တွေရဲ့ ငွေလဲစင်တာတွေ ပြန်လည် အသက်ဝင်လာခဲ့ပါတယ်။ဒါပေမယ့်လည်းအဖြစ်ရှိရင် အပျက်ရှိရမယ် ဆိုတဲ့လောကသဘာဝရဲ့ထုံးစံအတိုင်း ဘဏ်တွေရဲ့ငွေလဲစင်တာတွေ မှာ အမှန်တကယ်လိုအပ်လို့ လာဝယ်တဲ့ သူထက် အပြင်ငွေလဲစင်တာ က လူလွှတ်ပြီး ဝယ်ခိုင်းတဲ့သူတွေက ပိုပြီး များနေတာကို တွေ့မြင်ခဲ့ရ ပါတယ်။ သူတို့ဟာ ဗဟိုဘဏ်ရဲ့ လုပ်ပုံကိုင်ပုံကိုကြည့်ပြီး ဈေးဆက် တက်နိုင်တယ်ဆို တဲ့ မျှော်လင့်ချက်နဲ့ ဒေါ်လာ ကို ရသလောက် ဝယ် ထားတဲ့ ပုံစံမျိုးပဲဖြစ်ပါတယ်။
ဒါ့အပြင် ဘဏ်တွေအနေနဲ့ ဒေါ်လာဈေးကွက်ကိုထိန်းထားတဲ့သဘောမျိုးနဲ့ လိုသလောက်ရောင်းချ ခြင်းမပြုဘဲ တစ်ယောက်ကို သတ်မှတ်ထားတဲ့နှုန်းအတိုင်းသာရောင်းချပေးတာမို့ သူတို့အတွက် တစ်နေ့တာ ဖူလုံ သွားပြီး တဲ့အခါမှာ ဘဏ်တွေမှာလည်း လိုသ လောက် မရပါဘူးကွာ၊ ဒေါ်လာက ဝယ်တာတောင် အကန့်အသတ် တွေနဲ့ ဆိုတဲ့စကားတွေကြောင့် ပြင်ပဈေးကွက်မှာ ဈေးက တစ်နေ့ တခြား မြင့်တက်ခဲ့ ပါတယ်။
ပြင်ပဈေးကွက်ကနှုန်းအတိုင်း သူ့ရဲ့နှုန်းရှင်ကိုသတ်မှတ်မယ် ဆိုတဲ့အတွက် ဗဟိုဘဏ်ဟာ နေ့စဉ် ငွေလဲနှုန်းကို ငါးကျပ်ခန့် ဈေး မြင့်တက်ခဲ့ရပါတယ်။ ဇူလိုင်လ ၁၃ရက်နေ့က ၁၂၀၀ ကျပ်ရှိခဲ့တဲ့ငွေလဲ နှုန်းဟာ ဇူလိုင်လ ၁၇ရက်နေ့ ဈေးကွက်ပိတ်ချိန်ကိုအရောက်မှာ ၁၂၂၀ အထိ ရောက်ရှိခဲ့ပါတယ်။ တစ်ပတ်အတွင်း ကျပ် ၂၀ တက် သွားတဲ့ဈေးကွက်ရဲ့အနေအထားကို ပြန်ပြီးသုံးသပ်ဖို့လိုနေပါပြီ။ဒေါ်လာဈေးမြင့်တက် လာခဲ့တဲ့ အတွက် သွင်းကုန်တွေ ရဲ့ဈေး နှုန်းတွေ လိုက်ပါမြင့်တက်ခဲ့ရပါတယ်။ သွင်းကုန်တွေဈေးမြင့်တက် လာတာနဲ့အမျှ သွင်းကုန်တွေအပေါ်မှာမှီခိုနေရတဲ့ကုန်ပစ္စည်းတွေရဲ့ဈေးနှုန်းတွေ လိုက်ပါမြင့်တက်ခဲ့ ရပါတယ်။ အထူးသဖြင့် ဆေးဝါး ပစ္စည်းတွေရဲ့ဈေးနှုန်းတွေ၊ စက်သုံးဆီဈေးနှုန်း တွေ၊ ဆောက်လုပ် ရေးပစ္စည်းတွေရဲ့ ဈေးနှုန်းတွေ၊ အဲဒါတွေဟာ ပြည်သူတွေအပေါ် တိုက်ရိုက်အကျိုး သက်ရောက်လာနိုင်တဲ့အချက်တွေပါပဲ။ စက်သုံး ဆီဈေးနှုန်း တက်လာတဲ့ အတွက် ကုန်သယ်ယူခတွေဟာ တစ်နည်း မဟုတ် တစ်နည်းမြင့်တက်လာမှာသေချာပါတယ်။ ကုန်သယ်ယူခတွေ မြင့်တက်လာတဲ့အတွက် စားသောက်ကုန်ပစ္စည်းတွေ၊ ဟင်းသီးဟင်း ရွက်ဈေးနှုန်းတွေဟာ မြင့်တက် လာတော့ မှာ သေချာပါတယ်။ ဒါတွေ ဟာ အခြေခံလူတန်းစားတွေအတွက် အထိခိုက်ဆုံးသောအရာတွေ ဖြစ်လာတာကြောင့် ကုန်ဈေးနှုန်း ကြီးမြင့်မှုကို ရင်ဆိုင်ရတော့မှာ သေချာပါတယ်။ကုန်ဈေးနှုန်း ကြီးမြင့် လာခြင်း၊ အလုပ်အကိုင် ရှားပါး လာခြင်း အဲဒီအချက်တွေဟာအခြေခံလူတန်းစား တွေသာမက သာမန်လက် လုပ်လက်စားလူတန်းစားတွေ အပါအဝင် ဝန်ထမ်းများပါ တိုက်ရိုက် ထိတွေ့ ခံစားရမှာဖြစ်ပါတယ်။ ဒီလိုမျိုးတွေဖြစ် လာပြီဆို ရင် နိုင်ငံ တော်မှာ နိုင်ငံတော်မှာ နိုင်ငံခြားသုံးအရန်ငွေကြေး နည်းပါးလာပြီဆို ရင် တစ်ချိန်မှာ ဥရောပရဲ့အင်အားကြီး အီးယူလိုအဖွဲ့ရဲ့အဖွဲ့ဝင်နိုင်ငံ တစ်နိုင်ငံဖြစ်တဲ့ ဂရိနိုင်ငံလိုမျိုးဖြစ်လာမှာကို စိုးရိမ်မိလာကြသူတွေ ရှိနေကြ ပါပြီ။ နိုင်ငံတော်ရဲ့ လိုအပ်နေတဲ့ နိုင်ငံခြားသုံးအရန်ငွေ ကြေးကို ဘယ်ပုံဘယ်နည်းနဲ့ ရှာကြမလဲဆိုတာကို စဉ်းစားတွေးတော အဖြေရှာကြဖို့သင့်ပါပြီ။ဒေါ်လာငွေကြေး တန်ဖိုး မြင့်တက်လာခြင်း ဟာ ပြည်တွင်း သုံး ငွေကြေးဖြစ် တဲ့ မြန်မာကျပ်ငွေရဲ့တန် ဖိုး ခိုင်မာမှုမရှိဘူးဆိုတာကိုပြသတဲ့အပြင် ကျပ်ငွေရဲ့တန်ဖိုး ကျဆင်းလာတာဖြစ်တဲ့အတွက် ငွေ ကြေးဖောင်းပွမှုကိုပါ ရင်ဆိုင်ဖြေရှင်းရမှာဖြစ်ပါတယ်။ အဲဒီလို ဆိုးကျိုးတွေ ကိုဖြေရှင်းဖို့အတွက် အဓိကလုပ်ဆောင် ပေးရမှာက ပြည် တွင်းက အသေးစား၊ အလတ်စားစက်မှုလုပ်ငန်းတွေ ပိုမိုတိုးတက် ဖွံ့ဖြိုးလာအောင် လုပ်ဆောင်ပေးဖို့ရယ်၊ ပြည်ပကနေ တိုက်ရိုက် ဝင် ရောက်လာမယ့် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူတွေ ပြည်တွင်းကို အများ အပြားဝင်ရောက်လာဖို့အတွက် ဘယ်လိုပုံစံမျိုးနဲ့ အဆင်ပြေချော မွေ့အောင် လုပ်ဆောင်ပေးရမလဲဆိုတာတွေကို စဉ်းစားပေးရမှာဖြစ် ပါတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်ဥက္ကဋ္ဌ ဦးအောင်သန်းဦး က ပြောကြားခဲ့ပါတယ်။
မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်ကတော့ ပြီးခဲ့တဲ့ဘဏ္ဍာ နှစ်အတွင်းက နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဝင်ရောက်လာတဲ့ပမာဏဟာ လျာထားထားတဲ့ ပမာဏထက် ပိုမိုခဲ့တယ်လို့ ဖော်ပြထားပါတယ်။ လျာထား ထားတဲ့ပမာဏက အမေရိ ကန်ဒေါ်လာ သန်းလေးထောင် ဖြစ်ပြီး အမှန်တကယ်ဝင်ရောက်လာတဲ့ရင်းနှီး မြှုပ်နှံမှုပမာဏက အမေရိကန်ဒေါ်လာ သန်းပေါင်း ၈၀၁၀ ရှိတယ်လို့ ထုတ်ဖော်ကြေညာ ခဲ့ပါတယ်။ ဒါ့အပြင် ယခု ၂၀၁၅-၁၆ဘဏ္ဍာနှစ်မှာ လည်း ရင်းနှီးမြှုပ် နှံမှုအတွက် လျာထားတဲ့ပမာဏက အမေရိကန်ဒေါ်လာ သန်း ခြောက်ထောင်ဖြစ်တယ်လို့ အဲဒီဖော်ပြချက်မှာပါရှိတာကို တွေ့ရပါ တယ်။
ရင်းနှီးမြှုပ်နှံမှုဝင်ရောက် လာ တဲ့ပမာဏက နှစ်စဉ်တိုးတက်မှုဆိုတာကိုပြသနေပေမယ့် နိုင်ငံတော်ရဲ့ နိုင်ငံခြားငွေကြေးကဏ္ဍမှာ ဘာကြောင့် အခုလို ဈေးမတည်ငြိမ်မှုတွေဖြစ်နေရသလဲဆိုတာကိုပါ စဉ်းစားသုံးသပ်ကြဖို့ လိုမှာဖြစ်ပါတယ်။ နိုင်ငံတကာမှာ ငွေကြေး မတည်ငြိမ်လို့ ဒီနိုင်ငံအတွင်းမှာလည်းတည်ငြိမ်မှု မရှိတာပါဆိုတဲ့ အချက်ကို လက်ခံလို့ရပေမယ့် နိုင်ငံတကာရဲ့ငွေကြေးဈေးကွက်ဟာ တည်ငြိမ်သင့်သလောက် တည်ငြိမ်နေတယ်ဆိုတာကိုလည်း သိရှိကြ မှာဖြစ်ပါတယ်။
မြန်မာနိုင်ငံအနေနဲ့ လက်ရှိအစိုးရရဲ့သက်တမ်းဟာ ကုန်ဆုံး တော့မှာဖြစ်ပါတယ်။ အစိုးရရဲ့သက်တမ်းကုန်ဆုံးဖို့ နီးကပ်လာတာ နဲ့အမျှ တိုင်းပြည်ရဲ့စီးပွားရေးအခြေအနေ၊ ငွေရေးကြေးရေး အခြေ အနေတွေမှာ အခုလို အတက် အကျ ကြမ်းတာနေတာတွေဟာ နိုင်ငံ ခြားရင်းနှီးမြှုပ်နှံသူတွေကို လာရောက်ဖို့ ဆွဲဆောင်ရာမှာ အခက်အခဲ တွေ့နိုင်သလို ပြည်တွင်းက အသေးစား၊ အလတ်စားလုပ်ငန်းရှင်တွေ ရော အကြီးစားလုပ်ငန်းရှင်တွေအတွက်ပါ အခက်တွေ့စေနိုင်မှာ ဖြစ်ပါတယ်။
ငွေလဲနှုန်းမြင့်တက်လာတဲ့အတွက် ပို့ကုန်လုပ်ငန်းပိုင်းမှာ ထိ ခိုက်လာသလို သွင်းကုန်တွေ ဈေးတက်လာတာ၊ ကုန်ဈေးနှုန်းတွေ ကြီးမြင့်လာတာ၊ အလုပ်သမားတွေရဲ့အခြေခံလုပ်ခလစာကိစ္စ တည် ငြိမ်မှုမရှိတာ စတဲ့အချက်တွေ ဟာ တိုင်းပြည်ရဲ့စီးပွားရေးတည်ငြိမ် မှုမရှိဘူးဆိုတာကို ပြသနေတာဖြစ်တယ်လို့ လုပ်ငန်းရှင်တွေက သုံးသပ်ထားကြပါတယ်။
ဒါကြောင့် တိုင်းပြည်ရဲ့စီးပွားရေးတည်ငြိမ်မှုရှိဖို့ ငွေရေးကြေး ရေးကဏ္ဍဟာ အရေးပါလှပါတယ်။ ဒါ့အပြင်တိုင်းပြည်ရဲ့ ဝင်ငွေနဲ့ ထွက်ငွေ မျှတမှုရှိဖို့နဲ့ ဝင်ငွေပိုမိုရရှိဖို့ လုပ်ဆောင်ရေးဟာ အဓိက တာဝန်ကြီးတစ်ခုလို့သတ်မှတ် ရ မှာဖြစ်ပါတယ်။ ဝင်ငွေထွက်ငွေမျှတ မှုရှိဖို့၊ ဝင်ငွေပိုမိုရရှိအောင် လုပ်ဆောင်ဖို့၊ သွင်းကုန်အစားထိုးလုပ် ငန်းတွေ၊ အသေးစားအလတ်စားစက်မှုလုပ်ငန်းတွေ အောင်မြင်မှုရ ရှိအောင်လုပ်ဆောင်ကြဖို့ လိုအပ်လှပါကြောင်း။