Main menu

Background

စိတ်နဲ့လုပ်ထားတယ့် လက်ဆောင်

Mon, 10/19/2015 - 19:13 -- journal_editor

         ခေတ်စနစ်တွေ ပြောင်းလဲတိုးတက်လာတာနဲ့အမျှ တီထွင်ဆန်းသစ်မှုတွေကလည်း အံ့မခန်းတိုးတက်လာပါတယ်။ အဲဒီခေတ်စနစ်တွေနဲ့အညီ လိုက်လျောညီထွေရှိအောင်လည်း နည်းပညာ၊ အတတ်ပညာတွေက တစ်နေ့ ပြီးတစ်နေ့ ဖွံ့ဖြိုးတိုးတက်လာနေတာတွေ့ရမှာပါ။ ခြေလျင်၊ နွားလှည်း၊ မြင်းခေတ်ကနေ၊ ဘွိုင်လာအင်ဂျင်မှ သည် ယခုနောက်ဆုံး ဒစ်ဂျစ်တယ်ခေတ်များအထိ သိပ္ပံနည်းပညာရဲ့ ဖွံ့ဖြိုး မှုပြောင်းလဲမှုသမိုင်းကြောင်းကို  လည်ပြန်ငဲ့ ကြည့်လိုက်ရင် သိသာထင်ရှားလှပါတယ်။ ဒါကသိပ္ပံနည်းပညာတွေနဲ့ ရုပ်ဝတ္ထုပစ္စည်းတွေရဲ့ဆက်စပ်မှုပါ။ ယခုတစ်ပတ်တင်ပြလိုတာကတော့ ရုပ်ဝတ္ထုပစ္စည်းဆိုပေမယ့် စိတ်နဲ့လုပ်ထားတဲ့ ပစ္စည်းကလေးများ အကြောင်းပါ။ သူတို့ ဟာ ခေတ်မီပစ္စည်းတွေနဲ့ နှိုင်းစာရင်လှပချင်မှလှပမယ်။ ဆန်းသစ်ချင်မှ ဆန်းသစ်မယ်။ ဒါပေမယ့် သူတို့ဟာ သမိုင်းတစ်ခုကိုပြောနေလိမ့်မယ်။ နယ်မြေဒေသ၊ နိုင်ငံတစ်နိုင်ငံကိုကိုယ်စားပြုမယ့်  လူမျိုးတစ်မျိုးရဲ့ ပုံရိပ်ကို ဖော်ကျူးေ နမယ်။ သူတို့ရဲ့မူလကုန်ကြမ်းတွေက ငွေကြေးတန်ဖိုးအရ နိမ့်ချင်နိမ့်နေပါလိမ့်မယ်။ ဒါပေမယ့် သူတို့ကို လုပ်ကိုင်တီထွင်ဖန်တီးတဲ့ အနုပညာရှင်၊ အတတ်ပညာရှင်တွေရဲ့ စိတ်ကူးစိတ်သန်း တီထွင်မှု၊ ဖွင့်ဟမှု၊ ဖော်ညွှန်းလိုမှု ေ တွက အဖိုးမဖြတ်နိုင်တဲ့ အနုပညာတွေပါပဲ။ သူတို့ရဲ့အဓိကအရင်းအနှီးများပါပဲ။ ငွေကြေးနဲ့ တန်ဖိုးဖြတ်ရန်ခက်ခဲမှာ ဖြစ်ပြီး အိမ်တစ်အိမ်ရဲ့ ဧည့်ခန်း၊ ပြခန်းတစ် ခန်းထက် အရေးကြီးတဲ့ကဏ္ဍတွေမှာ နေရာယူထားကြတာတွေ့ရ ပါလိမ့်မယ်။
        ဒါတွေကိုဖန်တီးနိုင်တဲ့ အနုပညာရှင်ဆိုသူများကလည်း လူတောသူတောမှာ သဟဇာတဖြစ်ချင်မှဖြစ်မယ်။ ပတ်ဝန်းကျင်နဲ့လည်း သီးခြားဖြစ်တည်နေလေ့ရှိကြတယ်။ သူ့စိတ်ကူးနဲ့သူ တွေးတော နေတတ်ပြီး ပတ်ဝန်းကျင်နဲ့ လည်း ကင်းကွာသလိုမြင်တွေ့ရတတ်တယ်။ ပကာသနကိုလည်း လျစ်လျူရှုတတ်ကြတယ်။ သဘာဝတရားကိုပဲ ဦးတည်ပြီး အာရုံပြုနေကြတာများပါတယ်။ လူတို့မျက်စေ့ထဲမှာ သဘာဝပစ္စည်းတစ်ခုဟာ သာမန်လူတွေ အတွက်ေ တာ့ သာမန်ပစ္စည်းကလေးပဲ ဂရုပြုစရာမလိုတဲ့အမှိုက်ပဲ ဖြစ်ချင်ဖြစ်မယ်။  သူတို့လက်နဲ့၊ သူတို့စိတ်နဲ့ခံစားပြီး ထွင်းစရာရှိတာ ထွင်းမယ်၊ ထုစရာရှိတာထုမယ်။ ဒီလိုနဲ့ပဲ သစ်ကိုင်းခြောက်ကလေးက မီးအိမ်ဖြစ်၊ အုန်းမှုတ်ခွက်က ေ ဆးလိပ်ပြာခွက်ဖြစ်၊ ဝါးကျည်ထောက် ကလေးက တစ်ရှူးဘူးကလေးဖြစ်၊ ဝါးခြင်းတောင်းကိုရက်လိုက်ရင် မီးပန်းဆိုင်းအုပ်ဆောင်းကလေး ဖြစ်နဲ့ သူတို့စိတ်နဲ့လုပ်ပြီးလို့ကြည့်လိုက်ရင် တစ်ခုခုကိုခံစားရတတ်ပါတယ်။ ဥပမာ-ဝါးြ ခမ်းကလေးတွေညီအောင်စီပြီး ကုလားထိုင်ငယ် ကလေးလို ကော်နဲ့တွဲစပ်လိုက်ရာ လက်ကိုင်ဖုန်းတင်တဲ့  စင်ငယ်ကလေးအဖြစ် ချစ်စရာ၊ စားပွဲတင်အလှအပ လက်ဆောင်ပစ္စည်းဖြစ် သွားပါတယ်။ သာမန် လူတစ်ယောက်ကေ တာ့ ဒါလေးများဆိုပြီး အထင်အမြင်သေးတတ်ပါတယ်။ အဲဒီလိုဆိုလုပ်ဗျာဆိုပြီး ဝါးနဲ့ဓါး၊ ကော်ထုပ်ပါပုံပေးလိုက်ရင် ဘာကစဘာလုပ်ရမှန်းမသိတော့ပါဘူး။ လုပ်တဲ့အတတ်ပညာရှင်က နည်းပညာသက်သက်နဲ့လုပ်တာ မဟုတ်ပါ ဘူး။ စိတ်ကူးစိတ်သန်း စိတ်ကူးပုံဖော်မှု၊ စေတနာ၊  အနုပညာစတဲ့ စိတ်ပိုင်းဆိုင်ရာ ခံစားချက်တွေနဲ့ တီထွင်ကြံဆလုပ်ရာက  အနုပညာ မြောက်တဲ့ လူ့အသုံးအဆောင်ပစ္စည်းတွေ ထွက်ပေါ်လာတာပါ။  အင်္ဂလိပ်လိုကတော့ Han -dicraft လို့  လုံးပြီးခေါ်ကြပေမယ့် မြန်မာ့ယဉ်ကျေးမှုအမွေအနှစ်ဖြစ်တဲ့ ပန်း ၁၀ မျိုးကို ဒီခေါင်းစဉ် အောက်မှာ  သွတ်သွင်းလိုပါတယ်။ ကျွန်တော်တို့ ပန်း ၁၀ မျိုးဝင် အလှအယဉ်များဟာ သင်ဆရာ မြင်ဆရာတို့ရဲ့ သွန်သင်ဆုံးမ ပညာပေးသင်ကြားမှုများအပြင် မိမိတို့ရဲ့ စိတ်ကူးစိတ်သန်း၊  တီထွင်ဖန်တီး ချက်များနဲ့ ခေတ်အဆက်ဆက် အောင်ပွဲခံလာကြတာပါ။
         အခြားနိုင်ငံတွေမှာလည်း လက်မှုအနုအလှပစ္စည်းများ အများအပြားကို အင်တာနက်မှာ ကြည့်ရင်တွေ့နိုင်ပါတယ်။ သူတို့ပစ္စည်း ကလေးတွေကို မြင်လိုက်တာနဲ့ သူတို့လူမျိုးရဲ့သရုပ်၊ သူတို့နိုင်ငံရဲ့ ယဉ်ကျေးမှု အငွေ့အသ က် များပါပြီးဖြစ်လို့ ဘယ်နိုင်ငံကိုယ်စားပြု တယ်ဆိုတာ မြင်တာနဲ့သိနိုင်ပါတယ်။ ဒီအတွက်လည်း ဒီလိုလုပ်ငန်း ငယ်ကလေးတွေကို သက်ဆိုင်ရာက တွန်းအားပေးမြှောက်စားခြင်း၊ ကုမ္ပဏီများဖွဲ့စည်းပေးပြီး ထုတ်လုပ်မှု တိုးတ က်စေခြင်း၊ အရည် အသွေးထိန်းသိမ်းခြင်း၊ ပြည်တွင်း/ပြည်ပဈေးကွက်များ ရှာဖွေမြှင့် တင်ပေးခြင်းများ ပြုလုပ် လေ့ရှိကြပါတယ်။ ဒါကြောင့်လည်းသူတို့ရဲ့ ယဉ်ကျေးမှု၊ လက်မှုအနုပညာတွေဟာ  နိုင်ငံတကာမှာထိုးဖောက် ရပ် တည်နိုင်ကြတာတွေ့ရမြင်ရကြားရပါတယ်။ ကျွန်တော်တို့နိုင်ငံမှာလည်း သူ့အရပ်နဲ့သူ့ဇာတ်ဆိုသလို သစ် သား ပန်းပုပညာရပ်များ၊ ဝါးအနုပညာ အဆင်တန်ဆာအလှအပများ၊ ကျောက်ဆစ်ပညာများ၊ ကြေးသံသွန်းတဲ့လုပ်ငန်းများ များစွာရှိကြ ပါတယ်။ သူတို့ကို  စုစည်းပြီး ပညာသည်အင်အား၊  နည်းပညာအင်အား၊  အတတ်ပညာအင်အားများဖလှယ်ခြင်း၊ နိုင်ငံတကာမှာ လေ့လာစေခြင်း၊ တီထွင်ကြံဆစေခြင်း၊ အရင်းအနှီးထောက်ပံ့ပေးခြင်း၊ ဈေးကွက် ရှာဖွေပေးခြင်းများနဲ့ မြှင့်တင်ပေး သင့်ပါတယ်။ လမ်းညွှန်ပေးသင့်ပါတယ်။ ဒီလက်မှုအနုပညာတွေကို ထုတ်လုပ်သူများက တွင်တွင်ကျယ် ကျယ်လုပ်နိုင်အောင် ကျန်ပြည်သူတစ်ရပ်လုံးမှာရှိတဲ့  ရုံးဌာနများ၊ အသင်းအဖွဲ့များ၊ ဈေး များ၊ ကျောင်းများ၊ လူမှုအဖွဲ့အစည်းများကလည်း လူထုလူတန်းစားအသီးသီးနဲ့ အိမ်ထောင်စုများကလည်း စက်ရုံထုတ် နိုင်ငံခြားဖြစ်ပလတ်စတစ်၊ ဖိုင်ဘာ၊ အလူမီနီယံ၊ စတီးစတဲ့ အသုံးအဆောင်တွေအစား ပြည်တွင်းဖြစ် လက်မှု အနုပညာပစ္စည်းတွေကို တိုးတက်ဝယ်ယူသုံးစွဲသင့်ပါတယ်။ ဥပမာ-ရုံးရှေ့မှာ ပလတ်စတစ် အမှိုက်ပုံးထားမယ့်အစား ဝါးခြင်းတောင်း၊ထန်းလျှော်တောင်းများ နဲ့အစားထိုးထားခြင်းက အစပေါ့ခင်ဗျာ။ သဘာဝပတ်ဝန်းကျင်ကို လည်း ထိန်းသိမ်းပြီးသားဖြစ်သွားပါတယ်။
        ဒီ Handicraft လုပ်ငန်းရှင်ကလေးတွေဟာ လက်လှုပ်မှပါးစပ် လှုပ်နိုင်တဲ့ လူတွေများပါတယ်။  အားလုံးကို ရာနှုန်းပြည့်ပြောတာ တော့မဟုတ်ဘူးနော်။ သူတို့ရဲ့ ကုန်ချောထုတ်ကုန်တွေကို ပြည်တွင်း ဈေးကွက်ကတိုးမြှင့် အားပေးမှ သူတို့ဝင်ငွေတိုးပြီး လူမှုအဆင့်အတန်းနဲ့လူမှုစီးပွားတွေတိုးတက်မှာဖြစ်ပါတယ်။  သူတို့အတွင်းက ပညာတတ် လူငယ်တွေကို သီးသန့်မွေးမြူပြီး အဆင့်မြင့်နည်းပညာတွေ ပံ့ပိုးပေး ကာ အင်တာနက်ထဲက အခြားနိုင် ငံတွေရဲ့ လက်မှုပစ္စည်းတွေဘယ်လို လုပ်ထားတယ်။ ဈေးကွက်ဘာကြောင့်ခိုင်မာနေတယ်ဆိုတာတွေပါ လေ့လာနိုင်စေမှာဖြစ်ပါတယ်။ ပြည်တွင်းဈေးကွက်ပြီးရင် ပြည်ပဈေးကွက်ကိုလည်း ပစ်မှတ် ထားရမှာဖြစ်ပါတယ်။ ဥပမာ- တိုင်းဒေသကြီးနဲ့ ပြည်နယ်တိုင်းရဲ့အကောင်းဆုံးလက်မှုပညာရှင်တွေခေါ်ပြီး  နိုင်ငံတော်အဆင့် ပြပွဲပြိုင်ပွဲ၊ စာတမ်းဖတ်ပွဲ၊  နည်းပညာဖလှယ်ပွဲလုပ်ပေးပြီး နိုင်ငံခြားသားတွေကို ပြည်ပဈေးကွက်ဝင်နိုင်မယ့် ထုတ်ကုန်တွေကို  သီးသန့် အမှတ်ပေးရွေးချယ်ပြီး ဈေးကွက်တင်ရမှာဖြစ်ပါတယ်။ ဈေးကွက်ကအမှာစာရလို့ အစုလိုက်အပြုံလိုက်ထုတ်လုပ်ရတဲ့ Mass Production ဖြစ်လာရင်တော့ တစ်ဦးတစ်ယောက်ချင်းထက်စုပေါင်းပြီး  ထုတ်လုပ်ရန် လိုအပ် လာရင် စုပေါင်းဖွဲ့စည်းထုတ်လုပ်စေရမှာဖြစ်ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ တိုင်းဒေသကြီးနဲ့  ပြည်နယ်အနှံ့မှာ Handicraft တီထွင်ထုတ်လုပ်နေတဲ့ လုပ်ငန်းကြီးငယ်တွေ၊ ရွက်ပုန်းသီးပညာသည်တွေ၊ မီးခဲပြာဖုံးတီထွင်ဆန်းသစ် လိုတဲ့လူငယ်တွေ နေရာအနှံ့အပြားမှာ ရှိနေကြပါတယ်။  တစ်နေ့ကပဲ တောင် ကြီးက ရှမ်းပြည်နယ်ဦးစီးမှူးရဲ့ကျေးဇူးနဲ့ အင်းလေးထဲရောက်ခဲ့တော့ P.P.P စနစ်နဲ့  သင်တန်းပေးတီထွင်ထုတ်လုပ်နေကြတဲ့ ဝင်းမေတ္တာ လက်မှုလုပ် ငန်း အလုပ်ရုံလေးကိုရောက်ရှိခဲ့ပါတယ်။ သူတို့ကို အား ပေးမြှောက်စားချင်တာလည်းတစ်ကြောင်း၊ လွိုင်ကော်မှာ ယခုလ အတွင်းဖွင့်မယ့် ဝါးအခြေခံလက်မှုပညာ သင်တန်းသားတွေကိုလည်း နမူနာပစ္စည်း အဖြစ် ပြသလိုတာ တစ်ကြောင်းကြောင့် ပစ္စည်းကလေး တွေ ဝယ်ယူအားပေးဖြစ်ခဲ့ပါတယ်။ နိုင်ငံခြားသားတွေလည်း ဒီလို ဆိုင်တွေမှာ ဝင်သူဝင်၊  ထွက်သူထွက်၊ ဝယ်သူဝယ်နဲ့ပေါ့ခင်ဗျာ။ ဒီလိုနဲ့  မြန်မာ့ယဉ်ကျေးမှု၊  မြန်မာ့ပုံရိပ်၊ မြန်မာ့ရိုးရာတွေ ထုံမွှမ်းထားတဲ့ လက်မှုအနုပညာများဟာ ကမ္ဘာအနှံ့  ရောက်ရှိပြီးသူတို့က ကြော်ငြာတဲ့တာဝန်ကို ယူပါလိမ့်မယ်။  ကမ္ဘာလှည့် ခရီးသည်အသစ်တွေကို သက်မဲ့ပစ္စည်းဖြစ်တဲ့ သူတို့တွေကပဲ ထပ်မံ ဖိတ်ခေါ်ကြပါလိမ့်မယ်။ သူတို့ ကပဲ မြန်မာ့ရိုးရာပုံပြင်ဒဏ္ဍာရီတွေ ပြောပြပြီး  ကမ္ဘာလှည့်ခရီးသည်တွေကို  မြန်မာပြည်ထဲစေလွှတ်ကြပါလိမ့်မယ်။ ကဲ ..မြန်မာလက်မှုအနုပညာတွေကို ကမ္ဘာ့ဈေးကွက်ထဲ ရောက်ရှိအောင် ဝိုင်းဝန်းပြီး စီမံချက် တိတိကျကျ ချပြီး ဆောင်ရွက် ကြပါစို့ ...။

 

မောင်မောင်အေး - လွိုင်ကော်