
ကျွန်တော်တို့ ဗုဒ္ဓဘာသာ မြန်မာလူမျိုးတွေဟာ တစ်ဦးနှင့် တစ်ဦးတွေ့ဆုံနှုတ်ဆက်သည်ဖြစ်စေ၊ ကြီးသူကို ငယ်သူက ဂါရ၀ တရားနှင့် ပူဇော်ရိုကျိုးသည်ဖြစ်စေ ဆုတောင်းပေးတတ်ကြပါတယ်။ "ကျန်းမာပါစေ ချမ်း သာပါစေ ကိုယ်စိတ်နှစ်ပါး စီးပွားမယွင်း ချမ်း သာကျန်းမာခြင်းနှင့် ပြည့်စုံပါစေ}} ဆိုတာတွေပါ။ နောက်ဆုံး ဘုရား ရှိခိုးရင်တောင် နောက်ဆုံး နိဗ္ဗာန်မဂ်ဖိုလ် ရက်တိုတိုဖြင့် ရောက်ရ ပါလို၏ဘုရား ဆိုတာတောင်းကြတယ် မဟုတ်ပါလား။ စာရေး သူဆိုလိုချင်တာက ကျန်းမာစေကြောင်း ချမ်းသာစေကြောင်းကို အဓိကထားပြီး ဆုပေးနေကြတယ်လို့ ပြောချင်တာပါ။ ကောင်းပြီ ချမ်းသာမှုဆိုတာ အတိတ်ဘဝက ဆောင်ရွက်ခဲ့သော ဒါနဥစ္စာ ထုပ်မြေဝယ်မြှုပ်ခဲ့မှ ပေးမှုကမ်းမှု လှူဒါန်းမှုအကျိုးဆက်ရယ် ပစ္စုပ္ပန် ဘဝမှာ ကိုယ်ရဲ့လုပ်ကိုင် ဆောင်ရွက်မှုရယ် ပေါင်းစည်းပြီး အကောင် အထည်ပေါ်တယ်။ ကျန်းမာမှုမှာရော သူလည်းပဲ အတိတ်ဘဝနဲ့ ဆိုင်တဲ့ ကိစ္စပါပါတ ယ်။ လှသူ၊ ရုပ်ဆိုးသူ၊ ဖြူသူမည်းသူ၊ ပုသူရှည်သူ စသည်ဖြင့်ပေါ့လေ၊ ပစ္စုပ္ပန်မှာတော့ အစားအသောက် အရေးကြီး လှပါတယ်။ ခန္ဓာရလာပြီ ဆိုကတည်းက ဒီခန္ဓာကိုယ့်အတွက် လိုအပ် သောအာဟာရ အစားအသောက်စားပြီ ြ ဖည့် ဆည်း ပေးရမှာဖြစ်ပါ တယ်။
ဒီတော့ စားရမယ်ပေါ့၊ စားရတော့မယ်။ စားသောက်စရာ ပစ္စည်းတွေက မိမိကိုယ်တိုင် ထုတ်လုပ်နိုင်ပါသလား၊ မထုတ်လုပ် နိုင်ရင် ဝယ်ယူစားသုံးရမယ်။ ဒီလိုဝယ်ယူစားသုံးရမှာကို မိမိ ဝယ်ယူတဲ့ ပစ္စည်းဟာ ပင်ရင်း ကို တိုက်ရိုက်ဝယ်ယူမှာလား ဒီလိုတော့ မဖြစ်နိုင်ပါဘူး။ ဥပမာ-ဧရာဝတီတိုင်းဒေသကြီးက ထွက်ရှိပိုလျှံတဲ့ ဆန်၊ သဘာဝသယံဇာတကပေးတဲ့ ငါးခြောက်၊ ငါးပိစတာတွေကို သက်ဆိုင်ရာ တိုင်းအလိုက် ဝင်ရောက်လာပါတ ယ်။ သက်ဆိုင်ရာ ပွဲရုံဈေးဆိုင်တွေဆီကို သွားဝယ်ယူရတာပေါ့၊ ကြားထဲမှာ ရောင်းသူက ဘယ်လို စေတနာထား ရောင်းချမလဲ။ ဝယ်ယူစားသုံးသူက ဘယ်လို အရှိတရားကို သတိထားဝယ်ယူစားသုံးမလဲဆိုတာ ဒီမှာ မထင်မှတ် တဲ့ပြဿနာတစ်ခုဖြစ်ပေါ်လာတာပါပဲ၊ ရောင်းချသူက ကုန်ပစ္စည်း ဝယ်ယူသူကြိုက်အောင် လှတပတ အရောင်တွေသုံးမယ်။ ပြီးတော့ မပုပ်မသိုးအောင် တာရှည်ခံအောင် ဘာတွေအသုံးပြုမလဲဆိုတာတွေ ပါလာပါပြီ။ဒါကပြည်တွင်း ကိစ္စ။ အခြားတစ်ပါးသော နိုင်ငံက တင် သွင်းလာပြီဆိုရင်တော့ ပိုမိုကျယ်ပြန့်လာတာပေါ့၊ ဒါက ရောင်းသူ အပိုင်း။
ဝယ်ယူသူကိုလည်း ပြန်ကြည့်ရပါဦးမယ်။ စားသောက်စရာကို မျက်စိပဿာဒလှမှ စားမှာလား၊ ဖြူဖြူပြာပြာ နီနီဝါဝါ စိမ်းစိမ်း အရောင်ကလေးတွေပါမှ စားသုံးကြမှာလား၊ ရောင်းသူဘက်က ကိုယ့်အကျိုး ကျေးဇူးတစ်ခု တည်းကိုကြည့်ပြီး ဝယ်ယူစားသုံးသူဘာပဲ ဖြစ်ဖြစ်ဆိုတဲ့ အရောင်းအဝယ် သစ္စာဖောက်တာကို ဝယ်ယူစားသုံးသူက ကိုယ့်ကျန်းမာရေးအတွက် အဓိကလိုအပ်ချက် အာဟာရ ဆိုတာကို အဓိကမထားဘဲ နိုင်ငံခြားဖြစ်ကို အထင် ကြီးကာ လှပအောင် ပြုလုပ် ထားတဲ့ အရောင်ဆိုးထားတဲ့ အစားအစာတွေကို ကြိုက်နှစ်သက်တဲ့ စားသုံးသူက အသိတရားကို ဦးထိပ်ပန်ဆင် သတိထားရမယ်။ သစ္စာ မရှိတာ ဒီအကျိုးဆက်က ဘာတွေဖြစ်ပေါ်လာပါသလဲ၊ အသ က်ရှည် ရာအနာမဲ့ကြောင်းဆိုတဲ့ လမ်းပေါ်ကို မရောက်ဘဲ အသက်တိုရာ အနာပေါကြောင်းလမ်းပေါ်ကို ရောက်လာခဲ့ကြတယ်။ မြန်မာနိုင်ငံအနေနဲ့ ၂၀၁၄ ခုနှစ်ကစတင်ပြီး စားသုံးသူ အကာ အကွယ်ပေးရေး လုပ်ငန်းတွေကို လှုပ်ရှား အကောင်အထည်ဖော် ခဲ့ပါတယ်။ နိုင်ငံတော်ရဲ့ ယန္တရားတစ်ခုဖြစ်တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနက တာဝန်ယူ ဆောင်ရွက်ခဲ့ကြ တာပါ။ မိတ်ဖက် အဖွဲ့အစည်းတွေလ့ိုပြောရမယ့် ကျန်းမာရေး ဝန်ကြီးဌာန၊ FDA ဌာနဆိုင်ရာ အဖွဲ့အစည်းတွေမဟုတ်တဲ့ ပုဂ္ဂလိက အဖွဲ့အစည်းတွေ အပါအဝင် ကြိုးစားပမ်းစားဆောင်ရွက်ခဲ့ကြလို့ ပြည်သူတွေ ကြား မှာ စားသုံးသူအကာအကွယ်ပေးရေးဆိုတဲ့ အသံ တွေ များစွာ ကျယ် လော င်နေပါပြီ။ ကျွန်တော်တို့ကိုယ်တိုင် နယ်တွေ ကျောင်းတွေမှာ သွားပြီးဟောပြောကြရာ လက်ကမ်းစာစောင်တွေ ပေးဝေကြ၊ လိုအပ်တဲ့ ပိုစတာတွေ၊ ဗီနိုင်းတွေ ထောင်ပြကြ စိတ်ဝင် စားကြပါတယ်။ ဟောပြောပွဲအပြီး အပြန်အ လှန် ဆွေးနွေးပွဲတွေမှာ တော့ ဆွေးနွေး မှုနည်းတယ်။ လူကြားထဲမှာဆိုတော့ အလေ့အကျင့် မရှိတာ ကြောက်တာလည်းပါကြမှာပေါ့၊ ဒါပေမယ့် အပြင်မှာဆိုရင် တော့ မေးကြပါတယ်။ ဒီလိုရောင်းသူတွေကို ဘယ်လိုအရေး ယူမှာလဲ ဒါတွေပဲမေးကြတယ်။ ကျွန်တော်တို့ ကျွန်မတို့က ဘာတွေ ရှောင်ကြဉ်ရမလဲဆိုတာ မပါပါဘူး။ သတင်းစာတွေ ဂျာနယ်တွေ တီဗီတွေမှာ ကျန်းမာရေးဝန်ကြီးဌာန၊ အစားအသောက်နဲ့ ဆေးဝါး ကွပ်ကဲမှုဌာန၊ စားသုံးရန် မသင့်သော အစားအစာသုံးစွဲရန် မသင့် သော အလှကုန်ပစ္စည်း တွေရဲ့ ဆိုးကျိုးအပြစ်ဆိုတာတွေ ဆက်တိုက် ကြေညာပေးပါတယ်။
သက်ဆိုင်ရာ ဌာနဆိုင်ရာဆိုတာကလည်း ခက်တော့ခက်ပါ တယ်။ တံဆိပ်တစ်ခု အဖွဲ့တစ်ဖွဲ့ ကုမ္ပဏီတစ်ခုက ထုတ်လုပ်တဲ့ ပစ္စည်းကိုသာ စစ်ဆေးစမ်းသပ်ခံ အတည်ပြုချက် ထုတ်ပေးနိုင်တာမျိုးပါ။ နေ့စဉ်စားနေကြ တဲ့ (ပန်းမုန်လာ၊ မုန်လာထုပ်၊ ခါကြက်ဥ၊ မုန်လာဥဖြူ၊ အခြားအသီးအရွက်) တွေ နေ့စဉ်စားနေတဲ့ အသားငါး တွေ ပုစွန်တွေကို နေ့စဉ်ရောင်းချနေကြတော့ ဘယ်အသီးအရွက် အသားငါးဈေးသည်ထံမှ ထောက်ခံချက်လာ လုပ် ကြမှာ မဟုတ်ကြပါ ဘူး။ ဒီအပေါ်မှာ အခွင့်အကောင်းယူပြီး ရောင်းချတဲ့ အသံတွေ သတင်းတွေ ကြားနေရပါတယ်။ ဥပမာ-ပုစွန် (အလတ်စားနဲ့ အကြီး စား)တွေ ရောင်းချတဲ့နေရာမှာ အလေးချိန်တိုးအောင် ပုစွန်ထုပ် ေ ခါင်းထဲကို ခဲချောင်းထည့်တယ်။ဒီအပေါ်မှာ ရောင်းသူဘယ်လောက် အကျိုးအမြတ်ရှိသလဲ၊ ပုစွန်ထုပ်တစ်ကောင်ကို ဘယ်လောက် အလေးချိန်ရှိလို့ ဒီခဲချောင်း ဘယ်လောက်ပိုရမှလဲ ။ ဝယ်ယူစားသုံးသူ ဘက်ကနစ်နာတာက ကိုယ်ဝယ်လို့ပေးရတဲ့ ငွေနဲ့ညီမျှထိုက်တန်တဲ့ အလေးချိန်ပြန်မရဘူး။ နစ်နာတယ်။ ဒါက အပရိကနစ်နာမှုကိုး။ အဓိကနစ်နာမှုက ဒီပုစွန်ထဲကထည့်ထားတဲ့ ခဲတွေက လူတွေကို ဘာဒုက္ခပေးနိုင်သလဲ။လူကိုချက်ချင်းဒုက္ခ မပေးနို င်ပေမယ့် နည်းနည်းချင်း စားရင်းစားရင်း ခန္ဓာကိုယ်ထဲမှာ ဒုက္ခပေးနိုင်တဲ့ ပမာဏ (Minimun Residual Limit-MRI ) ရောက်လာပြီဆိုရင်တော့ ခဲဆိပ်တက်တဲ့ရောဂါ (Lead Poisoining ) ရလာမှာ ဖြစ်ပါတယ်။ ဒီခဲရဲ့ဂုဏ်သတ္တိက ခန္ဓာကိုယ်ရဲ့ ဦးနှောက်အာရုံကြောနဲ့ ကျောက်ကပ် တွေဆီမှာ ထိရောက်မှုရှိစေခဲ့ပြီး ဒါနဲ့ပတ်သက်တဲ့ ရောဂါတွေဖြစ် လာမှာပါ။ သတိလစ်မယ်၊ မေ့မျောသွားမယ်၊ နောက်ဆုံး အသက်ပါ ဆုံးရှုံးသွားမယ်။ ကဲလာပြီ အသက်ေ သတဲ့အထိ ဆုံးရှုံးရတဲ့ စားသုံး သူထိခိုက် နစ်နာမှု တော်တော်ကြီးမားတဲ့ ပေးဆပ်မှုပါ။ ဒါက ပုစွန် ခေါင်းထဲ ခဲချောင်းထည့်တဲ့ကိစ္စ။ဒီပုစွန်တွေကို ဆပ်ပြာမှုန့် ရေဖျော်နစ်လိုက်တော့ ပြောင်တယ်၊ လတ်တယ်။ တစ်ခါဝယ်သူက ကိုင်ကြည့်တော့ ချော်သွားမယ်။ ဒီငါး ပုစွန်များ လတ်ဆတ်ချက်ကတော့ အရောင်ပြောင်လက်ချော်ထွက်နေတယ်ပေါ့။ ရောင်းချသူက ဝယ်ယူစားသုံးသူ လှည့်ဖြားတာ လေ့ လာရသလောက် ဆပ်ပြာမှုန့်တွေထဲမှာ ဓာတုဗေဒ ပစ္စည်းပေါင်း များစွာပါတယ်ဆိုတာပါပဲ၊ အဲဒီပစ္စည်း ၁၂ မျိုးမှာ- Surfactants (Surface Active Agents) ရေမျက်နှာပြင်ကိုတင်းစေတယ် သို့မဟုတ် ရေမှာပါတယ် ဆီနဲ့ရေကို ခွဲထုတ်စေသောဓာတ်၊ Builders (ရေကို သွက်စေေ သာ ရေသွက်ဖြစ်စေတဲ့ ဓာတ်ပစ္စည်း)၊ Anti Redepo - sition Agent (အဝတ်လျှော်ရာမှ ထွက်လာတဲ့ အနယ်တွေကို အနည် မထိုင်စေဘဲ ရေနှင့်အတူ မျောပါစေသောဓာတ်)၊ Corrosion Inhibitor (ဆပ်ပြာကြောင့် ကြေးထည် ပစ္စည်း ကွာကျမှုကို ကာကွယ် ပေးသော ဓာတ်ပစ္စည်း)၊Bleach (ကြေး (ချေး) ချွတ်ဆေး)၊ Taed (Tetra Acetyl Ethylene Diamine (ကြေး (ချေး) ချွတ်ဆေးကို အထောက်အကူပြု ဓာတ်ပစ္စည်း) ၊ Phosphonate (ချွတ်ဆေးကို အတိုင်းအတာအချိန်တစ်ခုအထိ ကြာရှည်စေရန်အားကူ ပေးသော ဓာတ်ပစ္စည်း)၊ Fluorescers (အရောင်တောက်ပြောင်စေသော ဓာတ်ပစ္စည်း)၊Lather Control Agents- Suds Suppressor (အထူးသဖြင့် အဝတ်လျှော်စက်များ မပျက်စီးစေရေန် ဆပ်ပြာ အမြှုပ်များကို လိုအပ်သည်ထက် ပို၍မထွက်စေရန် ထိန်းချုပ်ပေး သောဓာတ်ပစ္စည်း)၊ Enzymes (ဓာတ်ကူပစ္စည်း)၊ Fragrances (အနံ့မွှေးစေသောဓာတ်ပစ္စည်း)၊ Preservative (အဝတ်များဆွေးမြေ့ မသွားအောင် အရောင်မမှိန်အောင် ထည့်သော တာရှည်ခံ ဆေး ဓာတ်ပစ္စည်း) တို့ဖြစ်ကြပါတယ်။
ဖော်ပြပါ ဓာတ်ပစ္စည်း ၁၂ မျိုးအားလုံး ဓာတုပစ္စည်းတွေပါ၊ ဒီဓာတုပစ္စည်းတွေမှာ လူတွေဖြစ်စေချင်သော အရာဝတ္တု ဓာတ် ပစ္စည်းတွေဖြစ်သလို သူ့မှာလည်း ဘေးထွက်ဆိုးကျိုးတွေရှိနေမှာ မလွဲပါ။ ထုတ်လုပ်စဉ် ရည်ရွယ်တာကိုက အဝတ်မှကပ်နေသော ပေနေသော အညစ်အကြေးတွေကို စင်ကြယ်အောင် ဆေးကြောဖို့ ထုတ်လုပ်ထားတာပါ။ ဒီပစ္စည်းတွေကို စားမယ့်သောက်မယ့် ပစ္စည်း တွေကို အရောင်လှဖို့ လတ်ဆတ်တယ် ထင်အောင်လို့ အသုံးပြုတယ်။ ဒီဖော်ပြပါ ဓာတ်ပစ္စည်းတွေဟာ ပုစွန်များ ၊ ငါးများ အသားထဲကို အနည်းနဲ့အများ စိမ့်ဝင်သွားမှာဖြစ်ပါတယ်။ ဒါဆိုရင် ဒီပုစွန်တွေကို စားသုံးသူဘာဖြစ်မလဲဆိုတာ သေသေချာချာ စဉ်းစားဖို့ လိုပါ မယ်။ ဒါဆိုရင် ဒီငါးစားတဲ့ပါးစပ် အစာအိမ်ခံနိုင်ပါ့မလား။ နောက်တစ်ခု ဖော်မလင်'' ကို ဂဃနဏ သေသေချာချာမသိရင် တောင် ကြားဖူးနားဝရှိနေကြပါပြီ။ ဒါကလည်း ကျွန်တော်တို့ဌာနနဲ့ မိတ် ဖက်အဖွဲ့အစည်းများ စည်း ရုံးလှုံ့ဆော် ဟောပြောစည်းရုံးမှုကြောင့်လို့ ပြော ရမှာပါ။ လူတွေသေရင် ရပ်ဝေးရောက်နေတဲ့ ဆွေမျိုးသားသမီးတွေကို စောင့်ရင်း မပုပ်မသိုးအောင် ထိုးရတဲ့ဆေး။ နောက်လူနဲ့ တိရစ္ဆာန်တွေရဲ့ အသားစကို ကိုယ်တွင်းအင်္ဂါ (Tissue and Organ) တွေကို မပုပ်မသိုးအောင် ဆေးစိမ်ရာမှာသုံးတဲ့ပစ္စည်း။ ဒီဖော်မလင်ကို ပုစွန်အသားငါးတွေထဲ ဆေး ထိုးအပ်နဲ့ ထိုးထားကြပါ တယ်။ ဒီနေရာမှာ ကဏ္ဍလေးတွေကို ခွဲကြည့်ရအောင်ပါ ''ထုတ်လုပ် ရောင်း ချ ဖြန့်ဖြူးသူအပိုင်းရယ်'' ၊ ''ဝယ်ယူစားသုံးသူ အပိုင်းရယ် ''၊ ''နိုင်ငံတော် အပိုင်းရယ်'' လို့ တွေ့ရပါတယ်-
- နိုင်ငံတော်အပိုင်းအနေနဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနကို တာဝန်ပေးထားတယ်။ ဌာနကလည်း တာဝန် ယူပြီး ကျေပွန်အောင်ဆောင်ရွက်တယ်။ မိတ်ဖက်အဖွဲ့အ စည်းတွေနဲ့ ပေါင်းစည်းလုပ်ေ ဆာင် တယ်။ ဒါ့ကြောင့်လည်း ပြည်သူ တွေကြားမှာ စားသုံးသူအကာအကွယ် ပေးရေးဆိုတဲ့ အသံလှိုင်း မြင့်တက်နေတယ်။
- ထုတ်လုပ်ရောင်းချဖြန့်ဖြူးသည့်အပိုင်း ဘယ်သူတွေ ဒုက္ခရောက် ရောက် ရောဂါရရ။ ငါအကျိုးအမြတ်ရဖို့ တစ်ခုတည်းကိုသာ ဦးတည်လုပ်ဆောင်နေမယ်ဆိုရင် ကိုယ်တစ်ဦးတည်းက ကုန် ပစ္စည်းအားလုံးကို ထုတ် လုပ် ဖြန့်ဖြူးရောင်းချတာ မဟုတ်ပါ ဘူး။ ကိုယ်မထုတ်လုပ်တဲ့ပစ္စည်းကို ကိုယ်က ပြန်လည်ဝယ်ယူသုံး စွဲရပါလိမ့်ဦး မယ်။ တူသောအကျိုးပေးတတ်ပါတယ်။
- နောက်ဆုံး ဝယ်ယူစားသုံးသူအပိုင်း နိုင်ငံခြားဖြစ်မှ နီနီ ဝါဝါ ပြာပြာစိမ်းစိမ်း ကလေးမှဆိုတဲ့ အစားအသောက်ကို ပါးစပ်နဲ့တင် မစားဘဲ မျက်စိကအရင်စားတဲ့အကျင့် မိမိဝယ်ယူစားသုံးတဲ့ အစားအစာပစ္စည်းဟာ ကိုယ့် မိသားစုနဲ့တကွ ပတ်ဝန်းကျင် အတွက် တကယ်စားသုံးသင့်ရဲ့လားဆိုတဲ့ သတိနဲ့ယှဉ် အသိ နဲ့ဆင်ခြင် စားသုံးကြဖို့လိုနေတယ်ဆိုတာ အသိတရား တစ်ခု ထားစေချင်ပါတယ်။ ဒီ သုံးခုသာ တက်ညီ လက်ညီ ဆောင်ရွက် လုပ်ေ ဆာင်နိုင်ကြရင် စားသုံးသူ အကာအကွယ်ပေးရေး လက် ခုပ်သံမြိုင်မြိုင်တီးနိုင်မှာ ဖြစ်ပါတယ်။ ''အစားအသောက် အသုံးအဆောင်များကြောင့်ဖြစ်တဲ့ ရောဂါဘယ ကင်းဝေးကြပါစေ''
မြင့်ဦး၊ ပခုက္ကူ