
အမေရိကန်နိုင်ငံဟာ ကမ္ဘာပေါ်မှာ စစ်ရေး၊ နိုင်ငံရေး၊ စီးပွား ရေး အစစအရာရာမှာ တခြားသောကမ္ဘာပေါ်ရှိ နိုင်ငံများထက် သာ လွန်ကောင်းမွန်တဲ့ နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ်။အမေရိကန်နိုင်ငံဟာ သူ့နိုင်ငံက ထွက်ရှိတဲ့ ကုန် ပစ္စည်း များကို စံချိန်စံညွှန်း အရည်အသွေးတွေအပြင် ထုပ်ပိုးပစ္စည်းများရဲ့ အရည် အသွေးကိုပါ ထည့်သွင်းတွက်ချက်ပြီးမှ တခြားသောပြည်ပနိုင်ငံများ ကိုပါ တင်ပို့ခွင့်ပြုနေတဲ့နိုင်ငံတစ်နိုင်ငံလည်းဖြစ်ပါတယ်။သူ့နိုင်ငံက ထွက်ရှိ တဲ့ကုန်ပစ္စည်းတွေကို သေချာစွာစိစစ်ရုံသာ မက သူ့နိုင်ငံကို တင်သွင်းလာတဲ့ကုန်ပစ္စည်းတွေကိုလည်း အရည် အသွေး၊စံချိန်စံညွှန်းတွေနဲ့ကိုက်ညီမှုရှိမရှိ စစ်ဆေးနေတာကို အားလုံး အသိပဲဖြစ်ပါတယ်။ဒါဟာ အမေရိကန် အစိုးရအနေနဲ့ သူ့နိုင်ငံသားတွေသာမက သူ့နိုင်ငံတွင်းမှာ လာရောက်မှီတင်းနေထိုင်ကြတဲ့ နိုင်ငံသားအားလုံး ကို ဘေးအန္တရာယ်ကင်းရှင်းစေရေးဆိုတဲ့မူကို ချမှတ်ပြီး လုပ်ဆောင် နေတာဖြစ်ပါတယ်။ဒါကြောင့် အမေရိကန်နိုင်ငံ ကို မည်သို့သောကုန်ပစ္စည်းမျိုး တင်ပို့ခွင့်ရသည်ဖြစ်စေ၊ တင်ပို့သူတစ်ဦးအနေနဲ့ မိမိရဲ့ထုတ်ကုန် ပစ္စည်းများကို ထုပ်ပိုးမှုမှအစ ကုန်ပစ္စည်းအဆုံး အရည်အသွေးမီ အဆင့်အတန်းမီတဲ့ကုန်ပစ္စည်းဖြစ်ဖို့ လိုတယ်ဆိုတာ ကိုေြ ပာခြင်းဖြစ် ပါတယ်။ ယနေ့ကမ္ဘာကြီးဟာအရေအတွက် ခေတ်မှသည် အရည် အသွေး၊ အရည်အချင်းကို စံနမူနာထားတဲ့ခေတ်ကို ပြောင်းလဲရောက် ရှိနေပြီဖြစ်ပါတယ်။
ဒါကြောင့် မြန်မာနိုင်ငံက ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ အနေနဲ့ မိမိရဲ့ကုန်ပစ္စည်းများကို တင်သွင်းသည်ဖြစ်စေ၊ တင်ပို့သည် ဖြစ်စေ အရေအတွက်ထက် အရည်အသွေးကို အဓိကထားပြီး တင်ပို့ တင်သွင်းမှုတွေ ပြုလုပ်ရမှာြ ဖစ်ပါ တယ်။
မြန်မာနိုင်ငံရဲ့ပို့ကုန်တွေအထူးသဖြင့် စားသောက်ကုန်ပစ္စည်း တွေဖြစ်တဲ့ ဆန်၊ ပဲ၊ ပြောင်းစတဲ့ကုန်ပစ္စည်းတွေမှာ ပိုးသတ်ဆေး ဓာတ်ကြွင်းကျန်ရှိမှုတွေ၊ ထုပ်ပိုးမှုနည်းစနစ်မမှန်ကန်တာတွေ၊ ခေတ်မီတဲ့ထုပ်ပိုးမှုနည်းစနစ်နဲ့ ထုပ်ပိုးခြင်းမပြုတာတွေ၊ အဲဒါတွေနဲ့ ပတ်သက်ပြီး စံချိန်စံညွှွန်းမမီလို့ ကိုယ့်နိုင်ငံကို ပြန်ပို့ခံရတာတွေဟာ အများအပြားရှိနေပြီလို့ ကြားသိရပါတယ်။
အခုအခါမှာလည်း မြန်မာနိုင်ငံကနေ အမေရိကန်နိုင်ငံသို့ တင်ပို့ခွင့်ရတဲ့ ကုန်ပစ္စည်းအမယ်များအနက် ရေထွက်ကုန်ပစ္စည်းတွေ ကို တင်ပို့ရာမှာ သတ်မှတ်စံချိန် စံညွှန်းနဲ့ကိုက်ညီမှုမရှိတဲ့အတွက် ငြင်း ပယ်ခြင်း(Reject)ခံခဲ့ရ ပါ တယ်။ အဲဒီလိုငြင်းပယ်ခံခဲ့ရတဲ့အတွက် မြန်မာနိုင်ငံက ပို့ကုန်လုပ်ငန်းရှင်များအနေနဲ့များစွာ ဆုံးရှုံးနစ်နာမှု ရှိခဲ့ပါတယ်။
မြန်မာ- အမေရိကန်နှစ်နိုင်ငံကုန်သွယ်မှုအခြေအနေ
မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ဟာ သံတမန်ဆက်သွယ်မှုကို ၁၉၄၇ ခုနှစ်တွင် စတင်ထူထောင်ခဲ့ပြီး မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံ အကြား ကုန်သွယ်ရေးနဲ့ရင်းနှီးမြှုပ်နှံမှုများ ဆောင်ရွက်ရန်အတွက် မူဘောင်သဘောတူစာချုပ် (Trade and Investment Framework Agreement –TIFA) ကို ၂၀၁၃ ခုနှစ်၊ မေလ ၂၁ ရက်က အမေရိ ကန်ပြည်ထောင်စု၊ ဝါရှင်တန်ဒီစီမှာ လက်မှတ်ရေးထိုးခဲ့ပါတယ်။TIFA ကို အဓိကတာဝန်ယူဆောင်ရွက်နေ တာ ကတော့ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနဖြစ်ပြီး စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနအနေနဲ့ကတော့ ကုန်သွယ်မှုမြှင့်တင်ရေးကဏ္ဍမှာ ပူးပေါင်းဆောင်ရွက်လျက်ရှိပါတယ်။
မြန်မာနိုင်ငံနဲ့အမေရိကန်နိုင်ငံတို့ရဲ့ နှစ်နိုင်ငံကုန်သွယ်မှုကို ကြည့်မယ်ဆို ရင် ၂၀၁၄-၁၅ ခုနှစ်အတွင်းက ကုန် သွယ်မှုပမာဏဟာ အမေရိကန်ဒေါ်လာသန်းပေါင်း ၅၄၄ ဒသမ ၆၄၀ ရှိခဲ့ပြီး အများဆုံး ဖြစ်ခဲ့ပါတယ်။၂၀၁၆ - ၁၇ ဘဏ္ဍာနှစ် မှာ စုစုပေါင်းကုန်သွယ်မှုပမာဏမှာ အမေရိကန်ဒေါ်လာသန်းပေါင်း ၁၉၅ ဒသမ ၀၇၉ ရှိခဲ့ရာ ပို့ကုန် ပမာဏမှာ အမေရိ ကန်ဒေါ်လာသန်းပေါင်း၁၀၃ ဒသမ ၆၃၉ ၊ သွင်း ကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ သန်းပေါင်း ၉၁ ဒသမ ၄၄၀ ရှိ ခဲ့ပါတယ်။ ၂၀၁၁-၁၂ဘဏ္ဍာနှစ်မှ ၂၀၁၆-၁၇ဘဏ္ဍာနှစ်အောက်တို ဘာလအထိ နှစ်နိုင်ငံကုန်သွယ်မှုကိုအောက်ပါဇယားအတိုင်း သိရှိ နိုင်ပါတယ်။
မြန်မာနိုင်ငံမှ အမေရိကန်နိုင်ငံသို့ အဓိကပို့ကုန်များ
၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံမှ အမေရိကန် နိုင်ငံသို့ အဓိကတင်ပို့ခဲ့တဲ့ ကုန်စည်များအနက် ချုပ်ပြီးအထည်တင်ပို့ မှုမှာ အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ ၂၉ ဒသမ ၂၅၂ သန်းရှိ ကြောင်းသိရပါတယ်။ ဒါ့အပြင် ရေထွက် ကုန်ပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ် လာ ၂ ဒသမ ၉၈၉ သန်းဖြစ်ပြီး ဒုတိယ နေရာမှာ ရပ်တည်နေကြောင်းသိရပါတယ်။ဒါ့အပြင် မတ်ပဲက အမေရိ ကန် ဒေါ်လာ ၂ ဒသမ ၁၀၉ သန်း၊ ပဲတီစိမ်း က အမေရိ ကန်ဒေါ်လာ ၁ ဒသမ ၆၇၆ သန်း၊ ပုစွန်တင်ပို့မှုက အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၁၃သန်း၊ ကျွန်းသစ်ခွဲသားတင်ပို့မှုက အမေရိကန် ဒေါ်လာ သုညဒသမ ၇၅၉ သန်း၊ ပဲစင်းငုံက အမေရိ ကန်ဒေါ်လာ သုည ဒသမ ၀၈၆ သန်း၊ ပန်းနှမ်းက အမေရိကန် ဒေါ်လာ သုညဒသမ ၀၈၆သန်း၊ သစ်မာခွဲသားက အမေရိကန် ဒေါ်လာ သုည ဒသမ ၀၄၆သန်း၊ ကုလားပဲက အမေရိကန်ဒေါ်လာ သုညဒသမ ၀၂၂ သန်းဖိုး တင်ပို့ခဲ့တာတွေ့ရပါတယ်။ဒီအဓိက ပို့ကုန်တွေထဲမှာတော့ ရေထွက်ကုန်ငါးနဲ့ပုစွန်တင်ပို့ မှုက အမေရိကန်ဒေါ်လာ ၄ ဒသမ ၁၀၂ သန်းဖိုးရှိတာကြောင့် ရေ ထွက်ကုန်တင်ပို့မှု ကပို့ကုန်တွေထဲမှာ ဒုတိယအများဆုံး ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံရဲ့GSP အစီအစဉ်ဆိုင်ရာကိစ္စရပ်များ
အမေရိကန်နိုင်ငံရဲ့GSP အစီ အစဉ်ကို ၁၉၇၆ ခုနှစ်၊ ဇန်နဝါရီ လ ၁ရက်ကတည်းက စတင်ခဲ့ပြီး၊ မြန်မာနိုင်ငံကလည်း GSP အစီ အစဉ် စတင်ခဲ့တဲ့အချိန်ကစပြီး အခွင့်အရေးခံစားခွင့်ရှိတဲ့ နိုင်ငံတစ် နိုင်ငံဖြစ်ခဲ့ပါတယ်။ ဒါပေမယ့် ၁၉၈၉ ခုနှစ်မှာ အမေရိကန်နိုင်ငံရဲ့ စီးပွားရေးပိတ်ဆို့မှုကြောင့်အမေ ရိကန်နိုင်ငံက ပေးအပ်တဲ့ GSP အစီအစဉ်ရဲ့အကျိုးခံစားခွင့်ကို မြန်မာနိုင်ငံအနေနဲ့ လက်လွတ်ဆုံး ရှုံးခဲ့ရပါတယ်။အမေရိကန်ပြည်ထောင် စုရဲ့ GSP အကျိုးခံစားခွင့် ပြန်လည် ရရှိရေးအတွက် မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှ စတင်ပြီး စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင်ကာ အခြားဆက်စပ် ဌာနများ၊ အဖွဲ့အစည်းများနဲ့ ပူးပေါင်းဆောင်ရွက် ခဲ့ပါတယ်။
ယခုတစ်ဖန်၂၀၁၆ခုနှစ်၊ စက်တင်ဘာလ ၁၄ ရက်က ထုတ် ပြန်ခဲ့တဲ့ အမေရိကန်သမ္မတရဲ့ ထုတ်ပြန်ကြေညာချက်အမှတ်(၉၄၉၂)(Proclamation No. 9492))အရ မြန်မာနိုင်ငံ ကိုအမေရိကန်နိုင်ငံက တစ်ဖက် သတ် ပေး အပ်ေ သာGSP အခွင့်အရေးကို ခံစားခွင့်ရှိတဲ့ဖွံ့ဖြိုး မှုအနည်းဆုံးနိုင်ငံ (Least Developed Benificiary Developing Country)အဖြစ် ၂၀၁၆ ခုနှစ်၊ နိုဝင်ဘာလ ၁၃ ရက်မှ စတင်ကာ ပြန်လည် ခံစားခွင့်ပေးခဲ့ပါတယ်။
အမေရိကန်SP အစီအစဉ်အရ မြန်မာနိုင်ငံအပါအဝင် SP အခွင့်အရေး ခံစားခွင့်ရှိသောနိုင်ငံနှင့် နယ်မြေစုစုပေါင်း ၁၂၃ နိုင်ငံရှိပြီး၊ အခွင့်အရေးခံစားခွင့်ရှိသောနိုင်ငံများကို ခံစားခွင့်ရှိသော ဖွံ့ဖြိုးဆဲနိုင်ငံများ(Beneficiary Developing Countries-BDC)နဲ့
ခံစားခွင့်ရှိသောဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ(Least Developed Beneficiary Developing Country-LDBDC) ဆိုပြီး ခွဲခြားသတ်မှတ် ထားကာ ကုန်စည်စာရင်းများကိုလည်း ခံစားခွင့်ရှိသည့် နိုင်ငံအမျိုး အစားအလိုက် ခွဲခြား၍ ပြဋ္ဌာန်းသတ်မှတ်ထားပါတယ်။
အမေရိကနGSP အစီအစဉ်၏ ကုန်စည်စာရင်းများအရBDC နိုင်ငံများအတွက် ကုန်စည်လိုင်းစုစုပေါင်း (၃၄၃၉)လိုင်းကို အကောက်ခွန်ကင်းလွတ်ခွင့် ပေးအပ်ထားပြီး၊LDBDCနိုင်ငံများကလည်း အဆိုပါကုန်စည် စာရင်း ကို ခံစား ခွင့်ရှိပါတယ်။ LDBDCနိုင်ငံများကို အကောက်ခွန်ကင်းလွတ် ခွင့်ရှိ သည့် ကုန်စည်လိုင်း (၁၄၉၀) လိုင်း ထပ်မံပေးအပ်ထားတဲ့ အတွက် မြန်မာနိုင်ငံအပါအဝင်LDBDC နိုင်ငံများအနေနဲ့ ကုန်စည် လိုင်းစုစုပေါင်း (၄၉၂၉)လိုင်းကို အကောက်ခွန်ကင်း လွတ်ခွင့်ခံစားရရှိမှာဖြစ်ပါတယ်။ အမေရိကနGSP အစီ အစဉ်အရ မြန်မာနိုင်ငံအနေနဲ့ အကောက်ခွန် သက်သာခွင့် ခံစားခွင့်ရှိတဲ့ ရေထွက်ကုန် ကုန်စည်လိုင်း(၃၄)လိုင်းပါဝင် လျက်ရှိ တာကို လေ့လာတွေ့ရှိရပါတယ်။
မြန်မာ့ရေထွက်ကုန်တွေကို အမေရိကန်နိုင်ငံက
ဘာကြောင့် ငြင်းပယ်နေရတာလဲ
၂၀၁၆ခုနှစ် ဇန်နဝါရီလမှ နိုဝင်ဘာလအတွင်း အမေရိ ကန်နိုင်ငံသို့ တင်သွင်းခဲ့တဲ့ မြန်မာနိုင်ငံရဲ့ရေထွက်ကုန်စည် များအပေါ် အမေရိကန်နိုင်ငံမှ ငြင်းပယ်ခဲ့တယ်လို့ အမေရိ ကန်နိုင်ငံရဲ့အစားအစာနှ င့်ဆေးဝါးကြီးကြပ်ကွပ် ကဲရေး ဌာန ရဲ့ဖော်ပြချက်များအရ သိရှိရပါတယ်။ အဆိုပါငြင်းပယ်ခံရသူ များမှာ ကုမ္ပဏီ ၁၃ ခုပါဝင်နေတာ တွေ့ရပါတယ်။ အဲဒီ ကုမ္ပဏီ ၁၃ခု စလုံးရဲ့တင်ပို့ခဲ့တဲ့ အကြိမ်အရေအတွက်များ အနက် ၂၇ ကြိမ်တိုင် တိုင် ငြင်းပယ် ခံရတယ်လို့ အဆိုပါဌာနရဲ့ ဖော်ပြချက်များအရ သိရှိရပါတယ်။
ငြင်းပယ်ခံ ရ တဲ့အကြောင်းရင်းများကတော့ တင်ပို့တဲ့ ကုန်စည်များမှာ ကျန်းမာရေးကို ထိခိုက်စေနိုင်တဲ့ ဓာတ်သတ္တု ပစ္စည်းတွေပါရှိနေခြင်း၊ ကုန်ပစ္စည်းထုပ်ပိုးရာမှာ ပါရှိသင့်တဲ့ အချက် အလက်တွေမပါရှိခြင်း၊ ထုတ် လုပ်ခြင်း ၊ ထုပ်ပိုးခြင်း တို့ဆောင်ရွက်ရာမှ ကျန်းမာရေးနဲ့ညီညွတ်မှုမရှိခြင်း၊ စားသုံး ရန် မသင့်တော်ခြင်း၊ သန့်ရှင်းလတ်ဆတ်မှုမရှိခြင်း၊ ထုပ်ပိုးမှု ပုံစံအရ ဖော်ပြရမည့် အလေးချိန်၊ စံချိန်စံညွှန်း၊ အရေအတွက် တို့ကို ဖော်ပြ ထားသော် လည်းအတွင်းမှ ကုန်ပစ္စည်းနဲ့ကိုက်ညီ မှုမရှိခြင်း၊ ပါဝင်မှုအချိုးအစားများကို ကုန်အမှတ်တံဆိပ် ပေါ်တွင် ဖော်ပြထားမှုမရှိခြင်း၊ တံဆိပ်များကိုသိသာထင်ရှား စွာ ဖော်ပြထားမှုမရှိခြင်း၊ တံဆိပ်လွဲမှားကပ်ခြင်း၊ တံဆိပ်ပေါ် တွင် အစားအစာရဲ့အမည်ကို ဖော်ပြထားမှုမရှိခြင်းစတဲ့အချက် တွေကြောင့်အခုလိုငြင်းပယ်ခံခဲ့ရတာဖြစ်တယ်လို့ ဆိုပါတယ်။
အမေရိကန်နိုင်ငံသို့ ကုန်စည် တင်ပို့ရာမှာ သိသင့်တဲ့အချက်များ
အမေရိကန်နိုင်ငံသို့ ရေထွက်နဲ့ လယ်ယာထွက်ကုန် ကုန်စည်များ တင်သွင်းရာမှာ အဓိကထိန်းကျောင်းလျက်ရှိတဲ့ အဖွဲ့အစည်းများကတော့ USDA (US Department of Agriculture), CBP (US Customs and Border Inspection), NMFS (National Marine Fishery Service),FDA (US Food and Drug Administration), FSW (Food Service Warehouse)တို့ဖြစ်ပါတယ်။တင်သွင်းမှုများအားFDA အနေ နဲ့ ကျဘမ်းစစ်ဆေးခြင်းဆောင်ရွက်တာဖြစ်ပါတယ်။
အမေရိကန်နိုင်ငံသို့ ကုန်စည်တင်ပို့သူများအနေနဲ့ အမေရိကန်နိုင်ငံရဲ့ FDA မှာ မှတ်ပုံတင်ဖို့ လိုအပ်ပါတယ်။ အမေရိကန်နိုင်ငံကို တင်သွင်းတဲ့ ကုန်စည်တွေကို များစွာ သော အဖွဲ့အစည်းများက တင်သွင်းမှုပိုင်းမှာ စီမံခန့်ခွဲ လျက်ရှိ ကြတာကြောင့် ၎င်းင်းအဖွဲ့အစည်းများရဲ့သီးခြားလိုအပ်ချက် များကိုသိရှိဖို့လည်းလိုအပ်မှာဖြစ်ပါတယ်။ ဒါ့အပြင် အကောက် ခွန်စည်းကြပ်မှု၊ ဒါမှမဟုတ် အကောက်ခွန်ဆိုင်ရာ သက်သာ ခွင့်အစီအစဉ် များ အတွက် ကုန်စည် ပုံစံနဲ့ ကုန်စည်အမျိုး အစားတင်ပြမှုဟာ ကုန်စည်ထုပ်ပိုးရာမှာ ပါဝင်တဲ့အချက် အလက်များနဲ့ စာရွက်စာတမ်းများအားလုံးမှာ ကိုက်ညီမှန်ကန် မှုရှိရမှာဖြစ်ပါတယ်။ လိုအပ်ချက်အားလုံးကို သက်ဆိုင် ရာ အဖွဲ့အစည်း များရဲ့ website မှာ ဝင်ရောက်ကြည့်ရှုနိုင်ကြမှာ ဖြစ်ပါတယ်။
အချုပ်အားဖြင့်ဆိုရပါက အမေရိကန်ကို တင်ပို့တဲ့ ကုန်စည်တွေ နောက်နောင်မှာ အကြောင်းအမျိုးမျိုးနဲ့ ငြင်း ပယ်ခံရတာမျိုး မဖြစ်စေရေးအတွက် လုပ်ငန်းရှင်များအနေနဲ့ မိမိတို့တင်ပို့တဲ့ နိုင်ငံအလိုက်၊ ကုန်စည်အလိုက် သတ်မှတ်စံ ချိန်စံညွှန်းများအား သိရှိလေ့လာထားဖို့ လိုအပ်မှာဖြစ်ပါတယ်။ ပြည်တွင်းမှထုတ်လုပ်သူများအနေနဲ့ မည်သည့် ပြည်ပ နိုင်ငံကို မဆိုတင်ပို့မယ့် မိမိရဲ့ကုန်စည်တွေကို သတ်မှတ် စံချိန်စံ ညွှန်း နဲ့အရည်အသွေးမီ ထုတ်လုပ်တင်ပို့သင့်ကြောင်း အလေး အနက်ထား တိုက်တွန်းနှိုးဆော်ရပါတယ်။
ကိုးကားစာရင်း-www.myanmartradepotal.gov.mm
GSP-eligible for All Beneficiary
Countries (July 2016)