
ယဉ်ကျေးမှုမြို့တော် မန္တလေးတွင် မြန်မာမှုလုပ်ငန်းများစွာရှိသည်။ ထိုအထဲတွင် ရွှေချည်ထိုး လုပ်ငန်းလည်း တစ်ခုအပါအဝင်ဖြစ်သည်။ ရွှေချည်ထိုးဆိုသည်မှာ အဝတ်အထည်အဆောင် အယောင်တို့နှင့် ဆက်စပ်နေသော် လည်း မရှိမဖြစ် အသုံးပြု ရသော နေ့စဉ်သုံးကုန်ပစ္စည်းမဟုတ်ပေ။ အခမ်းအနား၊ အလှူမင်္ဂလာ၊ ကုမ္ပဏီ၊ ရုံးခန်းတို့ တွင် အလှဆင်သည့် အရာတစ်ခုဖြစ်သည်။ ရှင်ပြု ပွဲ အခမ်းအနားများ၊ ဇာတ်သဘင်ပွဲများတွင် အသုံးပြုကြ သည်။ ထီးနန်းသုံး၊ တော်ဝင်သုံးပစ္စည်းဟုဆိုလျှင်လည်း ရသည်။ မန္တလေးတွင် မြန်မာမင်းနေပြည်တော်ရှိစဉ်အခါက ရွှေချည် ငွေချည်ထိုး ထားသည့် အဆောင်အယောင်များကို ရာထူးရာခံ အဆင့်လိုက် အသုံးပြုကြသည်ဟု သိရ သည် ။ နန်းတော်အတွက်အသုံးပြုရန်ပညာရှင်များကို မန္တလေးမြို့တွင်း ရပ်ကွက်တည်ထားပေးရသည်အထိ ကြီးကျယ် ခမ်းနားသည့်လုပ်ငန်းတစ်ခုလည်း ဖြစ်သည်။မန္တလေးမဟာအောင်မြေမြို့ နယ် မျက်ပါး ရပ် တွင် ရွှေ ချည် ထိုး လုပ်ငန်းများယခုအချိန်အထိ ရှိနေသည်။ မျက်ပါးရပ်ဆိုသည်မှာ ဘုရားရွှေချ သည့် ရွှေပြားရွှေဆိုင်းလုပ်ကိုင်သည့်အရပ်ဖြစ်ပြီး ရွှေချည်ထိုးလုပ်ငန်းများပါ ပူးတွဲတွေ့ရှိရခြင်းဖြစ် သည်။ ဘုရင်နှင့် မိဖုရားတို့အတွက် ဆင် ယင်ေ သာ ရွှေချည်ငွေချည် ထိုးထားသည့် ဝတ်လဲတော်များ၊ အဆောင်အယောင်များကို ပညာရှင်အမျိုးသား သက်ကြီးများကသာ နန်းတွင်းသို့လာရောက်၍ ပြုလုပ်ပေးကြရသည်ဟု သိရသည်။ ထီးနန်းဓလေ့ ပျောက်ကွယ်ခဲ့ပြီဖြစ်သော်လည်း ထီးသုံးနန်းသုံးယဉ်ကျေးမှုပစ္စည်းများ၊ ဆက်စပ်လုပ်ငန်းများကျန် ရှိနေသေးသည်ကို တွေ့မြင်နိုင်သည်။ ရွှေချည်ထိုး လုပ်ငန်းများ၏ ရှေးအသုံးအဆောင် ကုန်ကြမ်း များနေရာ တွင် ခေတ်နှင့် လျော်ညီသည်များကို အစားထိုးကာ ဆက်လက် လုပ်ကိုင်ဆောင်ရွက် နေကြသည်။ ပြည်ပမှ လာရောက်သည့် ဧည့်သည် များက မန္တလေးရောက်ခိုက် ဝင်ရောက် လေ့လာ မှတ်တမ်း တင်ရသည့် မြန်မာမှု ပညာရပ် အဖြစ် ဂုဏ်ယူဖွယ်ရာ ရပ်တည်နေပါသည်။
ကျွန်တော့်အနေဖြင့် မန္တလေးသို့ မကြာခဏ အလုပ်ကိစ္စဖြင့် သွားရောက်လေ့ရှိပါသည်။ ရောက် သည့်အခါတိုင်း မြန်မာ့ဓလေ့ထုံးတမ်းစဉ်လာများ၊ ယဉ်ကျေးမှု အနုသုခုမလက်ရာများရှိသည့် နေရာ များ၊ လက်မှုပစ္စည်းများ ထုတ် လုပ်ပေးနေသည့် အလုပ်ရုံများသို့ သွားရောက်ကာလေ့လာဖြစ်ခဲ့ပါ သည်။ ယခုတစ်ခေါက် မန္တလေးသို့ ခရီးဆက်ဖြစ် သည်တွင် မြန်မာ့ယဉ်ကျေးမှုလုပ်ငန်းတစ်ခု ဖြစ် သော စိန်မြင့်ရွှေချည်ထိုးသို့ ခြေဦးတည်ဖြစ်ခဲ့ပါသည်။
ရွှေချည်ထိုးပညာရှင် ဦးစိန်မြင့်သည် ရန်ကုန် မြို့ ယောမင်းကြီးလမ်း ခြံအမှတ် ၆၅ တွင် ွေူူနမပ ၆၅ အမည်ဖြင့် အနုပညာပြခန်းတစ်ခု ဖွင့်လှစ် ထားသည်။ ယင်းပြခန်းအတွင်း ၂၀၁၃ ခုနှစ် ဇွန်လ ၁ ရက်နေ့မှ ၁၆ ရက်နေ့ အထိ ပန်းချီပညာရှင် ဦးဝင်းဖေနှင့် ဦးစိန်မြင့် တို့ပူးပေါင်းပြီး ပြပွဲတစ်ခု ပြုလုပ်ခဲ့သည်။ ပန်းချီပညာရပ်ကို ထိတွေ့ နား လည်တတ်သူမဟုတ်သော်လည်း ပြပွဲသို့ အချိန် ပေးကာလေ့လာဖြစ်ပြီး ရွှေ ချည်ထိုးပညာရပ်ကိုပါ တတ်မြောက် သည့် ဆရာဦးစိန်မြင့် အကြောင်း ကိုလည်း စေ့ငုကြည့်မိခဲ့ပါသည်။ ဦးဝင်းဖေ အပါ အဝင် ပေါ်ဦးသက်၊ ဦးလူတင်တို့ကဲ့သို့ နိုင်ငံကျော် ဆရာကြီးများထံတွင် ဦးစိန်မြင့်သည် ပန်းချီပညာ ကို လေ့လာခဲ့သူဖြစ်သည်။ ပန်းချီဖြင့် မြန်မာမှု အနုပညာလုပ်ငန်းများကို စတင်ခဲ့သော်လည်း ၁၉၈၅ ခုနှစ်မှစကာ မြန်မာ့ရိုးရာ ရွှေချည်ထိုးပညာ ရပ်အား စိတ်ဝင်တစား လေ့လာ ပြုလုပ်ခဲ့သည်။ ၁၉၉၀ ခုနှစ်တွင် ဦးစိန်မြင့်ဖန်တီး ပြုလုပ်ထားသော အလျား ၁၇ ပေ၊ အနံ ၇ ပေရှိသည့် မြန်မာမှု ရွှေချည်ထိုးကားကြီးကို အမေရိကန်နိုင်ငံ နယူး ယောက်မြို့ရှိ ကမ္ဘာ့ကုလသမဂ္ဂရုံးတွင် ချိတ်ဆွဲထား ရန် ဂုဏ်ယူဖွယ်ရာ ရွေးချယ်ခံခဲ့ရသည်။
မြန်မာနိုင်ငံအစိုးရ၏ နေပြည်တော်ရုံးများအတွက်ထို့အတူ မြန်မာနိုင်ငံအစိုးရ၏ နေပြည် တော်ရုံးများအတွက် ရွှေချည်ထိုးကားများကို ဦးစိန်မြင့်၏ အလုပ်ရုံမှ ပြုလုပ်ပေးခဲ့သည်ဟု သိရ သည်။ ရွှေချည်ထိုးလုပ်ငန်း အများစုမှာ မျက်ပါး ရပ်တွင်ရှိသော်လည်း ဦးစိန်မြင့်အလုပ်ရုံမှာ နန်း တော်ရှေ့ရပ်တွင် သီးသန့်တည်ရှိသည်။ မြန်မာ ဘုရင် လက်ထက်တော်ကတည်းက မျိုးရိုးစဉ်ဆက် လုပ် ကိုင်လာခြင်း မဟုတ်သော်လည်း အောင်မြင် မှုရှိနေသည့် လုပ်ငန်းတစ်ခုအဖြစ် ရပ်တည်နေ သည်။ ဝန်ထမ်း အမျိုးသမီး ၁၅ ဦး ဝင်ရောက် လုပ် ကိုင်နေသည်ကို တွေ့ရသည်။ ကျွမ်းကျင်လုပ်သား များ ဖြစ်ခြင်းကြောင့် အဆင်ပြေမှုရှိနေသည်။ စတင်စဉ်ကတည်းက လုပ်ငန်းနှင့် အံဝင် ခွင်ကျမည့် သူများကိုသာ စိစစ်ရွေးချယ်ထားသည်ဟုဆိုသည်။
ရွှေချည်ထိုးလုပ်ငန်း၏ အားသာချက်မှာ သက်သောင့်သက်သာဖြင့် အရိပ်ထဲတွင် လုပ်ကိုင် နိုင်ခြင်းဖြစ်သည်။ အလေးအပင်မçပြီး ပင်ပင်ပန်း ပန်း အားစိုက်စရာမလိုအပ်သည့်အတွက် အမျိုး သမီးသီးသန့် လုပ်ကိုင်၍ရသည်။ မိန်းမသားအချင်း ချင်းလည်းဖြစ်၍ လွတ်လွတ်လပ်လပ်၊ ပွင့်ပွင့် လင်းလင်း ပြောဆိုဆောင်ရွက်နိုင်ကြသည်။ အသက် အရွယ်မရွေး လုပ်ကိုင်နိုင်သည့်အတွက် ရွှေချည် ထိုးလုပ်ငန်းသည် အမျိုးသမီးများအတွက် အလုပ် အကိုင် အခွင့်အလမ်းကောင်းတစ်ရပ် ဖြစ်သည်ကို တွေ့ရသည်။ လုပ်အားခကို လစာဖြင့် မဟုတ်ဘဲ နေ့စားဖြင့် ရှင်းပေးခြင်းဖြစ်သည်။ ယခင်က ပြည်ပ သို့ တင်ပို့မှုရှိခဲ့သော်လည်း ယခုအခါတွင် ပြည်တွင်း အတွက်သာ ထုတ်လုပ်နေခဲ့ပြီ ဖြစ်သည်။
ကုန်ကြမ်းများ
ရွှေချည်ထိုး၏ အဓိကကုန်ကြမ်းမှာ ကတ္တီပါစ ဖြစ်သည်။ အခြားလိုအပ်သည်များမှာ ပိတ်စဖြူ၊ ပိတ်စအနက်၊ ဖဲ၊ ပိုးစ၊ မိုင်းကိုင်စက္ကူ၊ ဘော်ကြယ် (စီးကွင့်ခေါ် ရောင်စုံပလတ်စတစ် ကြယ်များ)၊ ရွှေ ချည်ငွေချည် (နာဂ ထာကြိုး) ပညာရပ်အပါအဝင် ကျောက်သွေး၊ ရောင်စုံချက်ကျောက်၊ ဥကျောက်၊ ကော် စသည်တို့ ဖြစ်သည်။ နာဂထာကြိုးဆို သည်မှာ လုပ်ငန်းအခေါ်ဖြစ်ပြီး ရွှေရောင်လက် နေသည့် ကြိုးမျှင်ကလေးများ ဖြစ်သည်။ ရွှေချည် ငွေချည်နှင့် ယင်းနာဂထာကြိုးကိုပေါင်းကာအသုံး ပြုရခြင်းဖြစ်သည်။ အဓိကကုန်ကြမ်းဖြစ်သည့် ကတ္တီပါစကို အိမ်နီးချင်းတရုတ်နှင့် အိန္ဒိယတို့မှ ဝယ်ယူ အသုံးပြုရသည်။ အိန္ဒိယထက်စာလျှင် မူဆယ်လမ်းကြောင်း ပွင့်နေသောကြောင့် တရုတ် ကို အားထားရသည်။ ကတ္တီပါအပြင် အခြား အသုံးပြုရသည့် ရွှေကြိုး၊ ငွေကြိုး၊ စီးကွင့် အားလုံး ကိုလည်း တရုတ်မှသာ ဝယ်ယူရသည်။ မြန်မာ့ ရိုးရာပစ္စည်းများအစား ပြည်ပကုန်ကြမ်းများက နေရာယူလာသည့် သဘောဖြစ်သည်။
ရွှေချည်ငွေချည်ကြိုးများကို ရှေးက အမရ ပူရက ပြုလုပ်ရောင်းချကြသည်။ ယခုတိုင်လည်း အမရပူရဘက်တွင် ယင်းလုပ်ငန်းရှိနေသေးသည်။ သို့သော် လှပပြီးဈေးသက်သာသည့် တရုတ်နိုင် လွန်ချည်များကို ပိုမို အသုံးပြုကြ သည်။ ပြည်တွင်း ထွက် ဘော်ကြယ်များနေရာတွင်လည်း စီးကွင့်ဟု ခေါ်သည့် ပလတ်စတစ်များကို အစားထိုးလာကြပြီ ဖြစ်သည်။ ကုန်ကြမ်းပစ္စည်းများကို တရုတ်သို့ တိုက်ရိုက်မှာယူရန်မလိုဘဲ မန္တလေးမြို့ရှိ ရွှေချည် ထိုး ပစ္စည်းရောင်းချသည့် ဆိုင်များတွင် ဝယ်ယူရရှိ နိုင်သည်။ တရုတ်က ကတ္တီပါစများကို အလိပ်လိုက် ရောင်းချခြင်းဖြစ်သည့်အတွက် ရွှေချည်ထိုး လုပ် ကိုင်သူများသည် မိမိတစ်နိုင်စာ အရွယ်အစား အတိုင်း အရောင်းဆိုင်များ၊ ကုန်သည်များထံမှသာ လိုသလောက်မှာယူကြခြင်း ဖြစ်သည်။
လုပ်ငန်းအဆင့်ဆင့်ရွှေချည်ထိုးပြုလုပ်ရာတွင် အဆင့်များစွာ မရှိပေ။ လုပ်ငန်းစသည်မှ ပြီးဆုံးသည်အထိ အဓိကအားဖြင့် လေးဆင့်သာရှိသည်။ ယင်းတို့မှာ ကားကြက်ခြင်း၊ ပုံရေးအကွက်ဖော်ခြင်း၊ ချည်ထိုး ခြင်းနှ င့် ကော်ကပ် ပုံဖော်ခြင်းတို့ဖြစ်သည်။ ပညာ ရှင်များက ကားချပ်ဘောင်ပြုလုပ်ခြင်းနှင့် အရုပ် ထိုးရခြင်းဟူသည့်နှစ်ပိုင်းသာရှိကြောင်း ဆိုသည်။
ရွှေချည်ထိုးသည် ပန်းဆယ်မျိုးတွင် ပါဝင် ခြင်းမရှိသော်လည်း ပန်းချီပညာရပ်မတတ်လျှင် လုပ်ကိုင် ၍ မရသည့် နောက်ဆက်တွဲလုပ်ငန်း ဖြစ်သည်။ ထို့ကြောင့် ပန်းဆယ်မျိုး၏ ဆင့်ပွား ပညာရပ်ဟုဆိုရမည်။ ကိုယ်တိုင် ပန်းချီ မရေး တတ်လျှင် ပညာရှင်ကို ပညာကြေးပေးပြီး အလုပ် အပ်ရသည်။ မျက်ပါးရပ်အတွင်း ရွှေချည်ထိုး လုပ်ငန်းများအတွက် ပန်းချီဆွဲပေးသော ပညာရှင် များရှိသည်။ စိန်မြင့် ရွှေချည်ထိုးလုပ်ငန်းတွင် ပိုင်ရှင်ဖြစ်သည့် ဦးစိန်မြင့်က ပန်းချီဆရာ ဖြစ် သည့်အတွက် အဆင်ပြေမှုရှိသည်။ ကိုယ်တိုင် ရေး ဆွဲထားသည့် ပုံများကိုသာ ရွှေချည်ထိုးကားများ အတွက် အသုံးပြုသည်ဟု သိရသည်။
ရွှေချည်ထိုးရာတွင် ပထမဆုံးပြုလုပ်ရသည် မှာ သရုပ်ဖော်ပုံရေးဆွဲထားသည့် ပိတ်စအဖြူကို သစ်သား (သို့မဟုတ်) ဝါးကိုအသုံးပြုကာ ဘောင် ကွပ်ရခြင်းဖြစ်သည်။ ထို့နောက်ပန်းချီပုံကောက် ကြောင်း အတိုင်းလိုက်ကာ အပ်နှင့် ချည်ကို အသုံး ပြုပြီး ပုံဖော်ရသည်။ မျက်လုံးကလေးများက အစ ချည်ဖြင့်လိုက်ကာ ရေးဆွဲချုပ်လုပ်ရသည်။ ပုံတစ်ခု လုံးကို ချည်ဖြင့်ချုပ်ပြီးသည်နှင့် ယင်းသီးသန့်ပုံကို ညှပ်ယူရသည်။ ပန်းချီဆွဲထားသည့် ပုံများလျှင် များ သလောက် ကောက်ကြောင်းများအားလုံးကို ချုပ်ကာ တစ်ခုချင်း ကပ်ကြေးဖြင့် ညှပ်ရခြင်း ဖြစ်သည်။ ညှပ်ထားသည့်ပုံများကို နောက်တစ် ကြိမ် ဘောင်ကွပ်ထားသော ပိတ်စပေါ်သို့ ပန်းချီ ပုံအတိုင်း တင်ထားခင်းထားရသည်။ ပိတ်စအဖြူ အောက်ခံမည်ဆိုပါက ပိတ်ကိုအသုံးပြုသလို ကတ္တီပါ အခင်းသုံးမည်ဆိုလျှင် ကတ္တီပါနှင့် ပြုလုပ်ရမည် ဖြစ်သည်။ အခင်းပေါ်ရောက်သွားသည့် ချည်ထိုးပုံ လေးများကို ဆက်စပ်မှုရှိသည့် ပန်းချီပုံစံအတိုင်း မြဲနေစေရန် လက်ချုပ်လိုက်ထားရသည်။
ပုံများကိုလှသည်ထက် လှလာစေရန် ရောင်စုံချည်ကြိုးများ၊ စီးကွင့်များ၊ နာဂထာ ကြိုးများအသုံးပြုကာ ချုပ်အပ်ဖြင့် လက်ချုပ်လိုက်ပေးရသည်။ အရောင် ရွေးချယ် မှု၊ အနုပညာမြောက်စွာအရောင်ထည့် သွင်းမှုလိုအပ်သည်။ အရောင်ရှိတိုင်းလှ သည်ဆိုတိုင်း ထည့်သွင်းအသုံး ပြုမည်ဆိုပါက ကြည့်ရဆိုးသော၊ အနုပညာမဆန်သောဖန်တီးမှုတစ်ခုဖြစ်နေပေလိမ့်မည်။ လှပသောအရောင် ထည့်သွင်းချုပ် လုပ်ထားသည့် အရုပ်များ၊ ရှုခင်းပုံများကို ပိုပြီးရုပ်လုံးရုပ်<ကဖြစ်နေစေရန် ပုံများ အောက်သို့ ဂွမ်းစထည့်ပေးရသည်။ ယင်းကိုလုပ်ငန်းအခေါ်အရ ဂွမ်းထိုးသည် ဟုခေါ်သည်။ အဖောင်းအ<ကညီစေရန် ပုံအားလုံး၌ ဂွမ်းကို မျှတစွာ ထည့်ရသည်။ ဂွမ်းထည့်ပြီးညီညာတင့်တယ်သွားသည်နှင့် ပုံကလေးများ အောက်ခံပိတ်နှင့် ကပ် နေစေရန် ချုပ်ပေးရသည်။
ထိုသို့ချုပ်လုပ်ရာတွင် ကော်ကိုလည်းထည့်သွင်းအသုံးပြုရသည်။ ရွှေချည် ထိုးကားတစ်ခုတွင် အပ်ချက်ပေါင်းမရေတွက်နိုင်အောင်ရှိသည့်အတွက် အပ် ချည်ချက်များ မကျိုးပြတ်ရန်နှင့် ပုံများမြဲစွာကပ်နေစေရန် ကော်ကို အသုံးပြု ရခြင်းဖြစ်သည်။ ကော်သုံးသည့်အခါ လက်ဖြင့် ကော်ကိုကိုင်ပြီးသုတ်လိမ်းကြရ သည်။ ခေတ်မီကော်များကို အသုံးပြုခြင်းမရှိဘဲ ကိုယ်တိုင်ကျိုထားသော သာကူကော်ကို အသုံးပြုကြသည်။ ကော်ပြုလုပ်သည့်ပုံစံမှာ သာကူမှုန့်ကို ရေစပ်စပ်ဖြင့်နယ်ကာ ရေနွေးပွက်ပွက်ထည့်၍ ပြုလုပ်ရခြင်းဖြစ်သည်။ ထိုသု့ိ ပြုလုပ်ထားမှသာ ကော်ကိုလိုအပ်သလို အပျော့အမာ လုပ်ကိုင်နိုင်ပေမည်။ ပိတ်စအနက်၊ ဖဲစ၊ ကတ္တီပါစ၊ မိုင်းကိုင်စက္ကူ စသည်တို့ကို အလှအပအတွက် လိုအပ်သလို ထည့်သွင်းအသုံးပြုကြသည်။ မိုင်းကိုင်စက္ကူမှာ ရှေးခေတ်ရွှေချည်ထိုးလုပ်ငန်းများတွင် အသုံးပြုကြသော်လည်း ယခုခေတ်တွင် အသုံးနည်းသွား ခဲ့သည်။ ဂွမ်းစထည့်၍ချုပ်လုပ်ပြီးသွားသည်နှင့် လုပ်ငန်းအဆုံးသတ်ပြီဖြစ်သည်။
ရွှေချည်ထိုးကားကို သစ်သားဘောင်အတွင်းထည့်ပြီးပါက မှာထားသူထံ ပို့နိုင်ပြီ ဖြစ်သည်။ သစ်သားဘောင်ကို ပန်းပုသမားထံမှာရသည်။ ရွှေချည်ထိုး လုပ်ငန်းသည် ပန်းချီပညာလိုအပ်သလို ပန်းပုပညာရှင်နှင့်လည်း ကင်းလွတ်မရ သည့် ပညာဖြစ်သည်ကို တွေ့ရသည်။ ရွှေချည်ထိုးမှာပန်းချီ၊ အပ်ချုပ်၊ ကျောက်စီ၊ ကြယ်ခတ် စသည်ဖြင့် ကဏ္ဍများစွာဖြင့် ပတ်သက်ပါဝင်နေသည့် လုပ်ငန်းဖြစ် သည်။ ရွှေချည်ထိုးပန်းချီကား၏ အရွယ်အစားအသေးအကြီးကိုလိုက်ကာ ပြုလုပ် ရသည့် အချိန်ကြာမြင့်မှု ကွာခြားသွားသည်။ တစ်ပေပတ်လည် ကားသေးလေးများ အတွက် တစ်ရက်တာအတွင်း ပြီးစီးနိုင်သည်။ ရုံးဧည့်ခန်းများတွင် အလှချိတ်ထား သည့်ပုံများအတွက် တစ်ပတ်မှတစ်လအတွင်း အချိန်ပေးရသည်။ ပုံကြီးလျှင် ကြီးသလို အချိန်ပေးရသည်။ ဈေးနှုန်းများမှာလည်း ထိုနည်းတူဖြစ်သည်။ ရောင်းတန်းပြုလုပ်ထားသည့် ပုံထက် သီးသန့်မှာသည့်ပုံက ဈေးကြီးသည်။ ဇာတ်ကြီးဆယ်ဘွဲ့ပုံများ၊ မြန်မာဓလေ့ထုံးတမ်းစဉ်လာသရုပ် ဖော်ပုံများ၊ ဗုဒ္ဓဝင်၊ ရာဇဝင်၊ ဇာတ်ကြီးဆယ်ဘွဲ့၊ ရှေးခေတ်စစ်ချီ၊ စစ်တက်၊ စစ်ထိုးနေသည့်ပုံများ၊ ရာသီပွဲ သဘင်၊ သဘာဝရှုခင်းပုံကိုအများဆုံးအပ်နှံကြသည်။
မန္တလာမှရွှေချည်ထိုး
မန္တလေးမြို့မှ ရွှေချည်ထိုးလုပ်ငန်းများတွင် ပန်းချီကားများရေးဆွဲခြင်း၊ ရှင်ပြုပွဲများတွင်အသုံးပြုရန် မောင်ရင်လောင်းပုဆိုး၊ စလွယ်အမျိုးမျိုး၊ ခေါင်း ပေါင်း၊ နားသမင်္ဂလာအတွက် မာလိကာတန်ဆာ၊ ခေါင်းဆောင်းသည့် စည်းပုံ အမျိုးမျိုး၊ မကိုဋ်များ၊ ဇာတ်သဘင်နှင့် ဝင်းခင်းလှည့်လည်သည့် အခမ်းအနား များအတွက် နတ်၊ သိကြားမင်း အဝတ်တန်ဆာ၊ ဝန်ကြီး၊ ဝန်ကလေး၊ အမတ်များ ဆောင်းသည့် ဖော့လုံး၊ ဗောင်း၊ မှူးကြီးမတ်ရာ ဝတ်ရုံအင်္ကျီ၊ ရုပ်သေးရုပ် အဝတ် တန်ဆာတို့ကို ပြုလုပ်ပေးကြသည်။ အခါအခွင့်ကြုံလျှင်ဖြင့် မျက်ပါးရပ်တွင် ရှိနေသည့် အလုပ်ရုံများသို့လည်း နောက်ထပ်ဝင်ရောက်လေ့လာ မှတ်တမ်းပြုသွားရမည်ဟုစဉ်းစားရင်း မန္တလာမှ ရွှေချည်ထိုးလုပ်ငန်းအကြောင်းကို အဆုံး သတ်လိုက်ရပါသည်။
(ဆောင်းပါးရေးသားနိုင်ရေးအတွက် အကူအညီပေးပါသော စိန်မြင့်မြန်မာမှု အနုပညာလုပ်ငန်းမှ ဆရာဦးစိန်မြင့်အား အထူးကျေးဇူးတင်ပါသည်)