
စီးပွားရေးနှင့် ကူးသန်း ရောင်း ဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနအနေဖြင့် ပို့ကုန်သုံးဆ တိုး မြှင့်ရေးကို အဓိကဦးတည်ချက်ချမှတ် ပြီး လုပ်ဆောင်လျက်ရှိပါတယ်။ပို့ကုန်ကဏ္ဍတိုးမြှင့်နိုင်မှ သာ နိုင်ငံတော်ရဲ့ စီးပွားရေးလည်း တိုး တက်လာမှာဖြစ်ပါတယ်။ ဒါကြောင့် ပို့ ကုန်တိုးမြှင့်ရေးအတွက် ဆောင်ရွက် လျက်ရှိရာမှာ ယခုဘဏ္ဍာနှစ်ကုန်ခါနီး ကာလရဲ့ ပို့ကုန်တင်ပို့မှုအပိုင်းကို သုံး သပ်ကြည့်မည်ဆိုပါက သဘာဝဓာတ် ငွေ့ တင်ပို့မှုကဏ္ဍမှာ လျော့ကျသွားပေ မယ့် ကျန်တဲ့ကဏ္ဍများမှ တိုးတက်လာ တဲ့အတွက် ပြည်ပပို့ကုန်ကဏ္ဍ တိုးတက် လာတာကို တွေ့ရမှာဖြစ်ပါတယ်။
ကုန်သွယ်ရေး ဦးစီးဌာနရဲ့ နှိုင်း ယှဉ်ချက်စာရင်းများအရ သဘာ၀ ဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန် ဒေါ်လာ ၁ ဒသမ ၂ ဘီလီယံခန့် လျော့ နည်းတင်ပို့ခဲ့ပေမယ့် အခြားသော ပြည်ပပို့ကုန်များမှ ပို့ကုန်ရငွေမှာ အမေ ရိကန်ဒေါ်လာ သန်း ၅၀၀ ခန့် ပိုမို ရရှိ လာခဲ့တယ်လို့ ဆို ပါတယ်။မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှု ပမာဏအနေဖြင့် ယခု ဘဏ္ဍာနှစ် ဖေဖော်ဝါရီ ၂၄ ရက်အထိ ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၀၂၃၁ သန်းခန့် နှင့် သွင်းကုန် တန်ဖိုး အမေရိကန် ဒေါ်လာ ၁၅၀၂၄ သန်းခန့် စုစုပေါင်း ကုန်သွယ်မှု ပမာဏ အမေရိကန်ဒေါ်လာ ၂၅၂၅၅ သန်းကျော်ခန့် ဆောင်ရွက် နိုင်ပြီးဖြစ်ပါတယ်။
ပြည်ပသို့ ပို့ကုန်တင်ပို့နိုင်မှု အခြေအနေကို ယခင်နှစ်ကာလတူ နှင့် နှိုင်းယှဉ်တဲ့အခါ ပို့ကုန်တန်ဖိုး အမေ ရိကန်ဒေါ်လာ သန်း ၅၀၀ ခန့်နဲ့ သွင်း ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၅ သန်းကျော် ပိုမိုတင်သွင်း ခဲ့တာ ကို တွေ့ရပါတယ်။ ဒါကြောင့် ကုန်သွယ်မှု ပမာဏအနေဖြင့် ပို့ကုန်ပိုင်းမှာရော သွင်းကုန်ပိုင်းမှာပါ အမေရိကန် ဒေါ်လာ ၆၃၆ သန်းခန့် ပိုမိုဆောင်ရွက် နိုင်တာကို တွေ့ရှိရပါတယ်။
ယခုဘဏ္ဍာနှစ် ဖေဖော်ဝါရီလ ၂၄ ရက်အထိ ပို့ကုန်ကဏ္ဍကိုကြည့်ရင် ပင်လယ်ရေကြောင်းကဏ္ဍမှ အမေ ရိကန်ဒေါ်လာ သန်း ၆၀၀၀ ကျော်၊ နယ်စပ်ကုန်သွယ်မှုမှ အမေရိကန် ဒေါ်လာ သန်း ၄၀၀၀ ကျော် တင်ပို့နိုင် ခဲ့ပါတယ်။
ပို့ကုန်တင်ပို့မှုကို ကုန်ပစ္စည်း အမယ်အလိုက် သုံးသပ်ကြည့်မယ် ဆိုရင် စက်မှုကုန်ချောပစ္စည်းတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၄၇၈၉ သန်း တင်ပို့နိုင်ခဲ့ပြီး ပို့ကုန်အများဆုံးတင် ပို့နိုင်ခဲ့တဲ့ ကဏ္ဍတစ်ရပ် ဖြစ် ပါ တယ်။ မြန်မာနိုင်ငံရဲ့ အဓိက အားထားရတဲ့ လယ်ယာကဏ္ဍမှ ပို့ကုန်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၂၅၀၃ သန်းသာ ရှိတဲ့အတွက် ပို့ကုန်အုပ်စုအလိုက်တင် ပို့မှုမှာ ဒုတိယနေရာမှာသာ ရပ်တည် နေခဲ့တာကို တွေ့ရပါတယ်။
လယ်ယာထွက်ကုန်ပစ္စည်းကဏ္ဍ ရဲ့ ပို့ကုန်တင်ပို့မှုအပိုင်းကို သုံးသပ် ကြည့်ပါက ယခုဘဏ္ဍာနှစ် ဖေဖော် ဝါရီလ ၂၄ ရက်အထိ ဆန်နဲ့ ဆန်ကွဲ တန်ချိန် ၁ ဒသမ ၄၂၈ ဘီလီယံ တင်ပို့ မှုမှ အမေရိကန်ဒေါ်လာ သန်း ၅၀၀ နီးပါးရရှိခဲ့တာကို တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်ကာလတူနဲ့ နှိုင်းယှဉ်ကြည့်မယ်ဆိုရင် ပြီးခဲ့တဲ့ ကာလတူက တန်ချိန် ၁ ဒသမ ၄ဘီလီယံ ခန့် တင်ပို့မှုမှ အမေရိကန်ဒေါ်လာ သန်းပေါင်း ၄၈၀ ကျော် ရရှိခဲ့တဲ့အတွက် ယခုဘဏ္ဍာနှစ်မှာ ဆန်နဲ့ ဆန်ကွဲတင် ပို့မှုမှ တန်ချိန် နှစ်သောင်းကျော် ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
ထို့ပြင် မတ်ပဲတင်ပို့မှုတွင်လည်း ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ ၆၃၅ သန်းကျော် တန်ဖိုးရှိ မတ်ပဲတန်ချိန် ငါးသိန်းကျော် တင်ပို့နိုင် ခဲ့ပြီး ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၄၂၅ သန်းကျော် တန်ဖိုးရှိ တန်ချိန် လေးသိန်းကျော် တင်ပို့နိုင်ခဲ့ တဲ့အတွက် အမေရိကန်ဒေါ်လာသန်း ၂၁၀ ကျော် (တန်ချိန် ကိုးသောင်းကျော်)ပိုမိုတင်ပို့နိုင်ခဲ့တာ တွေ့ရပါတယ်။
အလားတူ မြေပဲဆန်တင်ပို့မှုတွင် ယခုဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ် လာ သန်း ၁၀၀ ခန့် (တန်ချိန် ရှစ်သောင်း ကျော်) တင်ပို့နိုင်ခဲ့ပြီး ယခင်ဘဏ္ဍာနှစ် က အမေရိကန်ဒေါ်လာ ၄၃ သန်းဖိုး (တန်ချိန် သုံးသောင်းကျော်) တင်ပို့နိုင် ခဲ့တဲ့အတွက် အမေရိကန်ဒေါ်လာ ၅၆ သန်းကျော် (တန်ချိန် ငါးသောင်းကျော်) ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
နှမ်းတင်ပို့မှုကို ကြည့်ရင်လည်း ယခုဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၃၄ သန်းကျော် (တန်ချိန် ၁၀ သိန်း နီးပါး) တင်ပို့နိုင်ခဲ့ပြီး ပြီးခဲ့တဲ့ဘဏ္ဍာ နှစ်က အမေရိကန်ဒေါ်လာ ၁၂၂ သန်း ကျော် (တန်ချိန် ကိုးသိန်း) တင်ပို့နိုင်ခဲ့တဲ့ အတွက် အမေရိကန်ဒေါ်လာ ၁၁ သန်း ကျော် (တန်ချိန် ရှစ်ထောင်ကျော်) ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။
သစ်သီးဝလံ တင်ပို့မှုကဏ္ဍမှာ တစ်နှစ်ထက် တစ်နှစ်ပိုမိုတင်ပို့လာနိုင် တာကို တွေ့ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က သစ်သီးဝလံ တွေဖြစ်တဲ့ ဖရဲသီး၊ သရက်သီး၊ သခွား မွေးသီးတင်ပို့မှုမှ အမေရိကန် ဒေါ်လာ သန်း ၆၀ ကျော်(တန်ချိန် ငါးသိန်းနီးပါး) သာ ရရှိခဲ့ပေမယ့် ယခုဘဏ္ဍာနှစ်မှာ တော့ အမေရိကန်ဒေါ်လာ သန်း ၇၀ နီးပါး(တန်ချိန် ခြောက်သိန်းနီးပါး)ရရှိခဲ့ တာကြောင့် အမေရိကန်ဒေါ်လာ ၆ ဒသမ ၄၅၆ သန်းဖိုး ပိုမိုတင်ပို့နိုင်ခဲ့ပါ တယ်။
ဒါ့အပြင် ရော်ဘာတင်ပို့မှုမှာ လည်း ပို့ကုန်ဝင်ငွေ ပိုမိုရရှိခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က အမေရိ ကန်ဒေါ်လာ သန်း ၉၀ နီးပါး(တန်ချိန် ခုနစ်သောင်းကျော်) တင်ပို့နိုင်ခဲ့ပြီး ယခုဘဏ္ဍာနှစ်မှာတော့ အမေရိကန် ဒေါ်လာ ၁၆၁ သန်းကျော်(တန်ချိန် တစ်သိန်းကျော်) တင်ပို့နိုင်ခဲ့တာ ကြောင့် အမေရိကန်ဒေါ်လာ ၇၁ သန်း နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။
ပို့ကုန်ပိုမိုတင်ပို့မှု ကဏ္ဍများကို ကြည့်ပါက ရေထွက်ပစ္စည်းကဏ္ဍ၊ ချုပ် ပြီး အထည်တင်ပို့မှု၊ ျွန-နထစသမအ စနစ် ဖြင့် သကြားတင်ပို့မှုကဏ္ဍ၊ ျွန-နထစသမအ စနစ်ဖြင့် တာယာ၊ ဆန်၊ မြေပဲဆန်၊ အဆင့်မြင့်ဒီဇယ်တို့တင်ပို့မှုမှလည်း ပိုမို ရရှိခဲ့တာကို တွေ့ရပါတယ်။
ပဲတီစိမ်းတင်ပို့မှုမှာတော့ ယခု ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ ၁၇၉ သန်းကျော် တင်ပို့နိုင်ခဲ့ပေမယ့် ပြီး ခဲ့တဲ့ဘဏ္ဍာနှစ်က တင်ပို့ခဲ့တဲ့ အမေရိ ကန်ဒေါ်လာ ၂၆၂ သန်းကျော်နဲ့နှိုင်း ယှဉ်ပါက ၈၃ သန်းကျော် လျော့နည်း တင်ပို့ခဲ့တာတွေ့ရပါတယ်။
ယခုဘဏ္ဍာနှစ်မှာ ပဲစင်းငုံ တင် ပို့မှုကိုကြည့်ပါက ပဲစင်းငုံလျော့နည်း တင်ပို့ခဲ့တာကို တွေ့ရပါတယ်။ ယခု ဘဏ္ဍာနှစ်မှာ ပဲစင်းငုံ အမေရိကန် ဒေါ်လာ သန်း ၁၃၀ ဖိုးတင်ပို့နိုင်ခဲ့ပေ မယ့် ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က အမေရိကန် ဒေါ်လာ ၁၆၆ သန်းဖိုး တင်ပို့နိုင်ခဲ့တဲ့ အတွက် ပဲစင်းငုံလျော့နည်းတင်ပို့ခဲ့တာ တွေ့ရမှာ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်များစွာက သဘာဝဓာတ်ငွေ့တင်ပို့မှုမှ ပို့ကုန်ဝင် ငွေ များပြားစွာရရှိခဲ့ပေမယ့် ကမ္ဘာ့ သဘာဝဓာတ်ငွေ့ဈေးနှုန်း ကျဆင်းနေ ခြင်း၊ ထွက်ရှိမှု လျော့နည်းလာခြင်းတို့ ကြောင့် သဘာဝဓာတ်ငွေ့ကဏ္ဍမှ ပို့ကုန် ဝင်ငွေလျော့နည်းရရှိနေတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က သဘာ၀ ဓာတ်ငွေ့တင်ပို့မှုမှ အမေရိကန်ဒေါ် လာ သန်း ၄၀၀၀ နီးပါး ရရှိခဲ့ပေမယ့် ယခုဘဏ္ဍာနှစ်မှာတော့ အမေရိကန် ဒေါ်လာ သန်း ၂၆၀၀ ကျော်သာ ရရှိခဲ့ ပါတယ်။ ဒါကြောင့် ဘဏ္ဍာနှစ် နှစ်ခုရဲ့ ကာလတူ ပို့ကုန်ရငွေ ကို နှိုင်းယှဉ်ကြည့် ပါက ယခုဘဏ္ဍာနှစ် မှာ အမေရိကန် ဒေါ်လာ သန်း ၁၀၀၀ ကျော် လျော့နည်း တင်ပို့ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။
သွင်းကုန်အုပ်စုအလိုက် တင် သွင်းမှုမှာ ရင်းနှီးမြှုပ်နှံမှု ကုန်ပစ္စည်း များ တင်သွင်းမှုမှာ ပြီးခဲ့တဲ့ဘဏ္ဍာနှစ်နဲ့ နှိုင်းယှဉ်ပါက ယခုဘဏ္ဍာနှစ်မှာ တင် သွင်းမှု လျော့ကျခဲ့တာတွေ့ရပါတယ်။
ပြီးခဲ့တဲ့ဘဏ္ဍာနှစ်က ရင်းနှီးမြှုပ် နှံမှု ပစ္စည်းတင်သွင်းမှုမှာ အမေရိကန် ဒေါ်လာ သန်း ၇၀၀၀ ကျော်ရှိခဲ့ ပေမယ့် ယခုဘဏ္ဍာနှစ်မှာတော့ အမေရိကန် ဒေါ်လာ သန်း ၆၀၀၀ကျော်သာ တင် သွင်းခဲ့တဲ့အတွက် တင်သွင်းမှုတန်ဖိုး အမေရိကန်ဒေါ်လာ သန်း ၁၅၀၀ နီးပါး လျော့ကျခဲ့တာကို တွေ့ရပါတယ်။
ဒါပေမဲ့ လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းနဲ့ လူသုံးကုန်ပစ္စည်းများ တင် သွင်းမှုမှာတော့ ပိုမိုတင်သွင်းလာတာ တွေ့ရပါတယ်။
ပြီးခဲ့တဲ့ ဘဏ္ဍာနှစ်က လုပ်ငန်း သုံးကုန်ကြမ်းပစ္စည်းနဲ့ လူသုံးကုန် ပစ္စည်း နှစ်ရပ်ပေါင်းမှ အမေရိကန် ဒေါ်လာ ၇၂၈၀ သန်းကျော်ဖိုးတင်သွင်း ခဲ့ပေမယ့် ယခုဘဏ္ဍာနှစ်မှာတော့ အမေ ရိကန် ဒေါ်လာ ၈၈၆၃ သန်းကျော် တင်သွင်းခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာ ၁၅၈၃ သန်းကျော် ပိုမိုတင် သွင်းနိုင်ခဲ့တာကိုတွေ့ရမှာ ဖြစ်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ပို့ကုန် ကဏ္ဍမှာ ကဏ္ဍစုံမှ မြင့်တက်လာစေရေး အတွက် ကုန်သွယ်မှုဖြေလျော့ပေးမှု များကို တစ်ဆင့်ပြီးတစ်ဆင့်ဆောင်ရွက် ပေးလျက်ရှိပါတယ်။ ဒါ့အပြင်ကုန်သွယ် မှုကဏ္ဍ ပိုမိုတိုးတက်ကောင်းမွန်လာစေ ရေးနဲ့ တရားမဝင်ကုန်သွယ်မှု လျော့ နည်းပပျောက်စေရေးတို့အတွက်ကို လည်း ဆောင်ရွက်လျက်ရှိပါတယ်။
ကုန်သွယ်မှုကဏ္ဍ ပိုမိုတိုးတက် ရေးအတွကRe-export စနစ်နဲ့ ကုန် သွယ်ရာမှာ ပို့ကုန်အမယ်များကို တစ် ဆင့်ပြီး တစ်ဆင့်တိုးပြီး တင်ပို့နိုင်ရေး ဆောင်ရွက်ခဲ့ရာမှာ သကြား၊ ကွမ်းသီး၊ စက်သုံးဆီတို့အပြင် အခြားသော ပို့ကုန် အမယ်များဖြစ်တဲ့ အဝတ်အထည်၊ ကြက်သွန်ဖြူ၊ နှမ်း(ဖြူ/နက်)၊ ငရုတ် သီးခြောက်၊ မြေပဲ၊ ဝါဂွမ်း၊ ပဲပုပ်စေ့၊ ချည်မျှင်၊ သစ်သီးအစို၊ လျှပ်စစ်ပစ္စည်း များ၊ အလှကုန်ပစ္စည်းများ၊ အချိုရည် အမျိုးမျိုးနှင့် စားသောက်ကုန်ပစ္စည်း များ၊ စားသုံးဆီ၊ ကားတာယာတို့ကို လည်း ျွန-နထစသမအ စနစ်ဖြင့် တင်ပို့ခွင့် ပြုခဲ့ပါတယ်။
ဒါ့အပြင် ပို့ကုန်အမယ်သစ်များ တိုးချဲ့တင်ပို့နိုင်ရေးကိုလည်း သက်ဆိုင် ရာဌာနအသီးသီးနဲ့ ညှိနှိုင်းဆောင်ရွက် လျက်ရှိတဲ့အပြင် အေးခဲအသားကို လည်း ျွန-နထစသမအ စနစ်နဲ့တင်ပို့နိုင်ရေး အတွက် ဆောင်ရွက်လျက်ရှိပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်နှင့် ၂၀၁၆ ခုနှစ်တို့မှာ ဖြစ်ပေါ်ခဲ့တဲ့ သဘာဝဘေး အန္တရာယ်များကြောင့် စိုက်ပျိုးထုတ် လုပ်မှုများ လျော့ကျခဲ့လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ပို့ကုန်ဈေးကွက်များ ရှာဖွေ ခြင်း၊ ပို့ကုန် သွင်းကုန်ဆိုင်ရာ လုပ်ထုံး လုပ်နည်းများကို ဖြေလျော့ပေးခြင်း၊ ပို့ကုန်လုပ်ငန်းရှင်များ၏ အခန်းကဏ္ဍကို မြှင့်တင်ပေးခြင်းတို့ကို လုပ်ဆောင် ပေးခဲ့သဖြင့် ကုန်သွယ်မှုကဏ္ဍတွင် မူလထက် ပိုမိုမြင့်တက်အောင် ဆောင် ရွက်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် နိုင်ငံတော်ရဲ့ စီးပွား ရေး ရည်မှန်းချက်၊ စီးပွားရေးနှင့် ကူး သန်း ရောင်းဝယ်ရေးဝန်ကြီးဌာနရဲ့ ပို့ကုန် သုံး ဆမြင့်တက်ရေး မျှော်မှန်းချက်များ ကို ဖြည့်ဆည်းပေးမယ့် အလားအလာ ကောင်းများအဖြစ် မကြာမီကာလမှာ ရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။