Main menu

Background

အမေရိကန်ပြည်ထောင်စုကပေးအပ်သည့် ယေဘုယျအကောက်ခွန် သက်သာခွင့် အစီအစဉ်အရ အကျိုးခံစားခွင့်ရရှိရန်အတွက် ကုန်စည်များအား တင်ပို့ရာတွင် ပင်ရင်းမှတ်ကျောက်များ ပြည့်မီအောင် လုပ်ဆောင်ပြီးမှ တင်ပို့ရမည်

Fri, 03/17/2017 - 13:03 -- journal_editor

        GSP အစီအစဉ်အရ    အမေရိကန်ပြည်ထောင်စုမှ အကောက်ခွန်ကင်းလွတ်ခွင့်နှင့်  လျှော့ပေါ့သက်သာခွင့် ပေးအပ်ထားသည့် ကုန်စည်များ ပြန်လည်ပြင်ဆင်ခြင်းနှင့် စပ်လျဉ်းသည့် ကြားနာမှုအစီအစဉ်  (၂၀၁၆- ၂၀၁၇)  ယေဘုယျ အကောက် ခွန်သက်သာခွင့် စနစ်အတွက် နှစ်စဉ်ပြန်လည်သုံး သပ်သည့်အစီအစဉ်)(2016-2017 GSP Annual Review)ကို ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလအတွင်းက အမေရိကန်ပြည်ထောင် စုရဲ့ ကုန်သွယ်ရေးကော်မရှင်ရုံးနဲ့ ကုန်သွယ်ရေး ကိုယ်စား လှယ်ရုံးတို့မှာ အသီးသီးကျင်းပခဲ့တယ်လို့ သိရှိရပါတယ်။
အဲဒီ အစီအစဉ်ဟာ အမေရိကန်ပြည်ထောင်စုအနေနဲ့ ၎င်းင်းတို့ နိုင်ငံအတွင်းသို့  တင်သွင်းလာမယ့် ကုန်စည်များ အပေါ် တစ်ဖက်သတ် အကောက်ခွန်လျှော့ချပေးလျက်ရှိတဲ့GSP အစီအစဉ်အရ အခွင့်အရေးပေးအပ်ထားတဲ့ ကုန်စည် များ အား ထပ်တိုးခြင်း၊ ပယ်ဖျက်ခြင်းတို့ကို ဆောင်ရွက်ခြင်း၊ ကန့်သတ်ရန် လိုအပ်တဲ့စာရင်းမှ ကင်းလွတ်ခွင့်ပြုရန် (Competitive Need Limitation Waiver)  တင်ပြလာသော နိုင်ငံများနဲ့ ကုန်စည်များ အား ပြန် လည်စဉ်းစားခြင်းတို့ကိုGSP ဆပ်ကော်မတီဝင်များ၊   ကော်မရှင်နာများက    ဆောင် ရွက်ဖို့အတွက် နှစ်စဉ်ကျင်းပလေ့ရှိတဲ့ ကြားနာမှုအစီအစဉ် ဖြစ်ပါတယ်။
ယခုကျင်းပခဲ့တဲ့ကြားနာမှုအစီအစဉ်မှာတော့ ဘိုလီး ဗီးယားနိုင်ငံ၊ ကုန်သွယ်ရေးသံမှူးက  prepared or preserved pineapples (HTS 2008.20.00)အားGSP အစီအစဉ်အရ အခွင့်အရေး ပေးအပ်တဲ့ကုန်စည်စာရင်းမှာ ထည့်သွင်းပေးရန် တင်ပြခဲ့မှုအပေGSP ဆပ်ကော်မတီက အဆိုပါကုန်စည်အား  အာဆီယံနိုင်ငံများနဲ့ တရုတ်နိုင်ငံတို့က အများဆုံးတင်သွင်း နေပြီး ဖိလစ်ပိုင်၊ အင်ဒိုနီးရှားစတဲ့ နိုင်ငံများဟာလည်းွှGSP အခွင့်အရေးရရှိနေပြီဖြစ်တယ်လို့ ပြောကြားခဲ့တယ်လို့ ဆိုပါ တယ်။
အဲဒီကြားနာမှုအစီအစဉ်မှာGSPအခွင့်အရေးကို ရရှိထားတဲ့အချို့နိုင်ငံများအနေနဲ့ကုန်စည်များကို ပြည်တွင်းမှာ ထုတ်လုပ်မှုမပြုဘဲ အခွင့်အရေးခံစားခွင့်ရှိတဲ့ နိုင်ငံအတွင်းသို့ တစ်ဆင့်ခံသင်္ဘော တင်ဆောင်မ (Transhipment)  ကို သာ ဆောင်ရွက်ပြီး GSP အခွင့်အရေးကို အသုံးပြုကာ အမေရိ ကန်ပြည်ထောင်စုသို့ ကုန်စည်များ တင်သွင်းနေတာကို လေ့ လာတွေ့ရှိခဲ့ရကြောင်း၊ အဲဒါကြောင့်GSP အခွင့်အရေးကို GSP အကျိုးခံစားခွင့်မရရှိသည့် Non- GSP  နိုင်ငံ များက အကျိုးခံစားနေသည်ကို လေ့လာတွေ့ရှိရကြောင်း၊ အဲဒီလို ကိစ္စရပ်တွေနဲ့ပတ်သက်ပြီး လိုအပ်တဲ့ကိစ္စရပ်များကို ဆက် လက် အရေးယူဆောင်ရွက်မှာဖြစ်ကြောင်း အမေရိကန် အကောက်ခွန်နှင့်  နယ်စပ် ကာကွယ်ရေးက အလေးအနက် ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။
ဒီအချက်နဲ့ဆက်စပ်ပြီး အမေရိကန်ပြည်ထောင်စုက ပေးအပ်တဲ့GSP ဆိုင်ရာ အကောက်ခွန်သက်သာခွင့်ကို ခံစား ရရှိနိုင်ဖို့အတွက် ကိုက်ညီရမယ့်အဓိကအချက်များကို လိုအပ် သလို သိရှိအသုံးချနိုင်စေဖို့ ရည်ရွယ်ဖော်ပြ လိုက် ပါတယ်။
မြန်မာနိုင်ငံကနေ အမေရိကန်ပြည်ထောင်စုသို့ ကုန် ပစ္စည်းများ တင်ပို့လျက်ရှိတဲ့ တင်ပို့သူများအနေနဲ့ မိမိတို့ရဲ့ ပို့ကုန်ပစ္စည်းများအပေါ် အကောက်ခွန်သက်သာခွင့်ခံစားပြီး အမေရိကန် ပြည်ထောင်စုရဲ့ ဈေးကွက်ကို ရရှိနိုင် ဖို့ အတွက် ဆိုရင် အကောက်ခွန်သက်သာခွင့်ရရှိဖို့အတွက် လိုအပ်တဲ့ သက်သေခံအထောက်အထားအဖြစGSP Form Aလျှောက် ထားရယူပြီး  အမေရိကန်ပြည်ထောင်စုရဲ့  သက်ဆိုင်ရာ အာဏာပိုင်အဖွဲ့ထံသို့ တင်ပြပေးဖို့ လို အပ်ပါ တယ်GSP Form  A လျှောက်ထားရယူရာမှာလည်း မဖြစ်မနေကိုက်ညီဖို့၊ လိုအပ်တဲ့အချက်အလက်များနဲ့ ကိုက်ညီဖို့က လွန်စွာအရေး ကြီးလှပါတယ်။ ပထမဆုံးအနေနဲ့ ကိုက်ညီရမယ့်အချက် ကတော့ တင်ပို့တဲ့ကုန်စည် ဟာ အမေရိကန်ပြည်ထောင်စု အနေနဲ့ GSP  သက်သာခွင့်ကို ခွင့်ပြုဖို့ အကျုံးဝင်တဲ့ ကုန်စည် စာရင်းမှာ ပါဝင်ရမှာဖြစ်ပြီး  ကုန်စည်စာရင်းအသေးစိတ်ကို အမေရိကန်ပြည်ထောင်စုကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးရဲ့ တရားဝင်  ဝက်ဘ်ဆိုက်ဖြစ်တhttps://ustr.gov/ issue-areas/trade-development/preference-programs/generalized-system-preferences -:p/:p-program-i-0 မှာ လေ့လာကြည့် ရှုနိုင်သလို မြန်မာနိုင်ငံ စီးပွားရေးနှ င့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနရဲ့ဝက်ဘ်ဆိုက်ဖြစ်တဲ့www.commerce.gov.mm မှာလည်း လေ့လာကြည့်ရှုနိုင်ပါတယ်။တင်ပို့ မယ့် ကုန်စည်အနေနဲGSP  အစီအစဉ်မှာ အကျုံး ဝင်တဲ့ ကုန်စည်ဖြစ် တယ် ဆိုရင်ေ တာ့ နောက် ထပ်ပြည့်မီရမယ့် အချက် နောက်တစ်ချက်ကတော့ အဆိုပါကုန်စည်ကို မြန်မာ နိုင်ငံမှ အမေရိကန် ပြည်ထောင်စုသို့ တိုက်ရိုက်တင်သွင်းရမှာ ဖြစ်ပါတယ်။ နောက်ဆုံး အနေနဲ့ ပြည့်မီရမယ့်အချက်ကတော့ အရေး အကြီး ဆုံးဖြစ် ပါတယ်။  အဲဒါကတော့ မြန်မာနိုင်ငံအတွင်းမှာ ထုတ်လုပ်ခဲ့ကြောင်း သက်သေခံ မယ့်မှတ်ကျောက် (origin criteria) ပဲဖြစ်ပါတယ်။GSP  အစီအစဉ်ကို ခွင့်ပြုပေး ခြင်းရဲ့ သဘောတရားဟာ ဖွံ့ဖြိုး ဆဲနိုင်ငံတွေ အနေနဲ့ စီးပွားရေးဖွံ့ဖြိုးမှုကို အထောက်အပံ့ဖြစ်စေဖို့အတွက် ရည် ရွယ်တာဖြစ်လို့ တင်ပို့မယ့်ကုန်စည်ကိုGSP  အခွင့်အရေး ခံစားဖို့ အကျုံးဝင်တဲ့နိုင်ငံအတွင်းမှာ ထုတ်လုပ်ပြီး တင်ပို့ တယ်ဆိုတဲ့ အချက်ဟာ အရေးကြီးဆုံးဖြစ်ပါတယ်။ ဒါ့ကြောင့် တင်ပို့မယ့် ကုန်စည်ဟာ မြန်မာနိုင်ငံအတွင်းမှာ စိုက်ပျိုးထုတ် လုပ်တဲ့ ကုန်စည်ဖြစ်ရမှာဖြစ်ပါတယ်။ အကယ်၍ အခြားနိုင်ငံ များမှ တင်သွင်းလာတဲ့  ကုန်ကြမ်းပစ္စည်းများ ပါဝင်ထုတ် လုပ်ပြီး တင်ပို့မယ်ဆိုပါက အဆိုပါကုန်ပစ္စည်းကို နောက်ဆုံး ရောင်းချတဲ့ဈေးနှုန်းရဲ့ အနည်းဆုံး ၃၅ ရာခိုင်နှုန်း (အကယ်၍ ကုန်ကြမ်းပစ္စည်းများဟာ အာဆီယံအဖွဲ့ဝင်GSP  အကျိုး ခံစားခွင့်ရှိတဲ့ နိုင်ငံများဖြစ်တဲ့ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်း၊ ဖိလစ်ပိုင်နိုင်ငံတို့က တင်သွင်းလာခြင်းဖြစ်ပါက ထည့် သွင်း တွက်ချက်နိုင်ပါတယ်။ အကယ်၍ အခြားနိုင်ငံများက တင်သွင်းလာမယ်ဆိုရင်တော့ မြန်မာနိုင်ငံအတွင်းတွင် အနည်းဆုံး ၃၅ ရာခိုင်နှုန်း )ကို မြန်မာနိုင်ငံ မှာ ထုတ်လုပ် ရမှာဖြစ်ပြီး အဆိုပါပစ္စည်းဟာ မူလတင်သွင်းခဲ့တဲ့ကုန်ကြမ်းအခြေအနေကနေ နောက်ဆုံးကုန်ချောအဖြစ်   မတူကွဲပြား ခြားနားတဲ့ ထုတ်ကုန်အဖြစ် ထုတ်လုပ်တင်ပို့ရမှာ ဖြစ်ပါတယ်။ အမေ ရိကန်ပြည်ထောင်စု သို့  တင်သွင်းရာမှာ အမေရိကန် ပြည်ထောင်စုရဲ့  အကောက်ခွန်နဲ့ နယ်စပ်ကာကွယ်ရေးဌာနသို့ အကောက်ခွန်သက်သာခွင့်  အထောက်အထားအဖြစ် ွှဏ ၤသမာ ဗ တင်ပြရမှာ ဖြစ်ပါတယ်။
အမေရိ ကန်ပြည်ထောင်စု က ပေးအပ်လျက်ရှိတဲ့GSP  အစီအစဉ်မှာ အာဆီယံနိုင်ငံများအနက် မြန်မာ၊ ကမ္ဘော ဒီးယား၊ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ ထိုင်းနိုင်ငံတို့ ပါဝင်လျက် ရှိပါတယ်။ ဒါပေမယ့် တချို့တချို့သော အကျိုးခံစား ခွင့်ရှိ တဲ့ နိုင်ငံများဟာ ကုန်စည်ကို နိုင်ငံတွင်းမှာ ထုတ်လုပ်ခြင်းမပြုဘဲ တစ်ဆင့်ပို့တဲ့ အဆင(Transshipment)သာ ဆောင်ရွက် ကြောင်းကို တွေ့ရှိနေရတဲ့အတွက် အမေရိကန်ပြည်ထောင်စုရဲ့ အကောက်ခွန်နဲ့  နယ်စပ် ကာ ကွယ်ရေး ဌာနအနေနဲ့ ပြန် လည်စစ်ဆေးခြင်းကို ဆောင်ရွက်မှာဖြစ်တယ်လို့ အလေးအနက်ထားပြောကြားခဲ့တဲ့အကြောင်း လေ့လာတွေ့ရှိခဲ့ရပါ တယ်။ ဒါကြောင့် ကုန်စည်များကို နိုင်ငံကတစ်ဆင့် တင်ပို့တဲ့ အဆင့် (Transs hip ment) တစ်ခုတည်း ဆောင်ရွက်ရုံနဲ့ အကောက်ခွန် သက်သာခွင့်ခံစားနိုင်မှာ   မဟုတ်တဲ့အတွက် အကောက်ခွန်သက်သာခွင့် ခံစားနိုင်ဖို့ နိုင်ငံအတွင်းမှာ ထုတ် လုပ်တင်ပို့ကြောင်း  သေချာစေရန် အရေးကြီး လှပါေ ကြာင်း လေ့လာတင်ပြလိုက်ရပါတယ်။