Main menu

Background

ပြည်ပကုန်သွယ်မှုကဏ္ဍ၏ အဓိကစိန်ခေါ်မှု Transporation နှင့် Logistics Facilities ဆိုင်ရာပြသနာများ

Mon, 05/15/2017 - 15:18 -- journal_editor

   မြန်မာနိုင်ငံဟာ ဖွံ့ဖြိုးတိုးတက်မှု လမ်း ကြောင်းပေါ်ကို ရောက်နေတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ် ပါတယ်။ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်နိုင်ဖို့ အတွက်  ကုန်ထုတ်လုပ်မှုကဏ္ဍနဲ့ ဆက်နွယ်နေတဲ့ ပို့ကုန်သွင်းကုန်ကဏ္ဍဟာလည်း အရေးပါတဲ့ကဏ္ဍတစ်ရပ်မှာ ပါဝင်နေပါတယ်။ပို့ကုန်သွင်းကုန်လို့ ဆိုရာမှာလည်း သွင်း ကုန်ထက် ပို့ကုန်က ပိုမိုအရေးပါတယ်ဆိုတာ အားလုံးအသိပဲဖြစ်ပါတယ်။ ပို့ကုန်ပမာဏ တစ်နေ့ ထက်တစ်နေ့ များပြားလာပြီး တစ်နေ့ ထက်တစ် နေ့ လွယ်ကူလျင်မြန်ချောမွေ့မှသာ နိုင်ငံရဲ့စီးပွား ရေး ယခုထက် ပိုမိုတိုးတက်လာမှာဖြစ်ပါတယ်။နိုင်ငံတော်အစိုးရအနေနဲ့လည်း ပို့ကုန်သုံးဆတိုးတက်တင်ပို့နိုင်ရေးအတွက်ကိုလည်း စီးပွား ရေးဦးတည်ချက်တွေ ချမှတ်ပြီး လုပ်ဆောင်နေ တာ တွေ့ရပါတယ်။၂၀၁၆-၁၇ ဘဏ္ဍာနှစ်မှာ ပြည်ပ ပို့ကုန် တန်ဖိုး အမေရိကန်ဒေါ်လာ ၁၂ ဘီလီယံနဲ့ သွင်း ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁၇ ဘီလီယံ ရရှိခဲ့တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၂၉ ဒသမ ၂၁၂ ဘီလီယံရရှိခဲ့တာကို တွေ့ရပါတယ်။ယခင်နှစ်က တင်ပို့တင်သွင်းခဲ့တာနဲ့ နှိုင်း ယှဉ်ကြည့်မယ်ဆိုရင် ပြည်ပပို့ကုန် တန်ဖိုး အမေ ရိကန်ဒေါ်လာ ၈၂၈ သန်းနဲ့ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၆၃၄ သန်းရရှိခဲ့တဲ့အတွက် ယခင်နှစ်ထက်  ကုန်သွယ်မှုပမာဏအမေရိကန်ဒေါ် လာ ၁၄၆၂ သန်းပိုမိုတိုးတက် ဆောင်ရွက်နိုင်ခဲ့ ကြောင်း သိရပါတယ်။မြန်မာနိုင်ငံဟာ နိုင်ငံအသီးသီးနဲ့ ကုန်သွယ် မှု ပြုရာမှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုနဲ့ရော နယ်စပ်ကုန်သွယ်မှုနဲ့ပါ ကုန်သွယ်မှုပြုနေတာ ဖြစ်ပါတယ်။ပို့ကုန်ရော သွင်းကုန်ပါ များပြားလာပြီး ကုန်သွယ်မှု ပိုမိုတိုးတက်လာတာနဲ့အမျှ ကုန်းတွင်း ဆိပ်ကမ်းနဲ့ ရေပြင်ဆိပ်ကမ်းတွေဟာ တစ်နေ့ ထက်တစ်နေ့ ပိုမို အရေးပါနေတာကို တွေ့ရမှာ ဖြစ်ပါတယ်။ဒါပေမဲ့လည်း လက်ရှိမြေပြင် အခြေအနေ မှာတော့ ပို့ကုန်ထက် သွင်းကုန်ပမာဏက ပိုမို များပြားနေတာကို တွေ့ရမှာဖြစ်ပါတယ်။ ပို့ကုန် သွင်းကုန် ပမာဏ ပိုမိုများပြားလာတာနဲ့အမျှ ဆိပ် ကမ်းတွေမှာ ကုန်သေတ္တာတွေ စုပုံရောက်ရှိနေပြီး ဆိပ်ကမ်းမှာကျပ်တည်းမှုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။
ဒီနေရာမှာ အဓိကထား သုံးသပ်တင်ပြလို တာက ပြည်ပကုန်သွယ်မှုမှာ အဓိကစိန်ခေါ်မှု ဖြစ်နေတTransportation နဲ့Logistics Facilities  လိုအပ်ချက်တွေကို ရင်ဆိုင်နေရတဲ့ ပြဿနာတွေပဲ ဖြစ်ပါတယ်။
မြန်မာနိုင်ငံရဲ့    စီးပွားရေးမြို့တော်ကြီး ဖြစ်တဲ့   ရန်ကုန်မြို့ဟာ ပင်လယ်ဆိပ်ကမ်းမြို့ ဖြစ်တာနဲ့အညီ ဆိပ်ကမ်းပေါင်း  ခြောက်ခုနဲ့ ပင်လယ်ရေကြောင်းမှ တင်သွင်းလာတဲ့ ကုန် ပစ္စည်းတွေ၊ ပင်လယ်ရေကြောင်းမှ တင်ပို့မယ့် ကုန်ပစ္စည်းတွေ  အတင်အချပြုလုပ်လျက်ရှိပါတယ်။ဆိပ်ကမ်းပေါင်း ခြောက်ခုမှာ သင်္ဘောလိုင်း ပေါင်း ၂၉ လိုင်းဟာ သင်္ဘောအစီးရေပေါင်း ၆၆ စီးနဲ့ ကုန်တင်ကုန်ချလုပ်ငန်းတွေ လုပ်ကိုင်ခဲ့ပေ မယ့် ယခုလက်ရှိ အခြေအနေ မှာတော့ သင်္ဘော ၁၁ စီးက ရပ်နားထားပြီဖြစ်တဲ့အတွက် လုပ်ငန်း လည်ပတ်နေတဲ့ သင်္ဘော ၅၅ စီးသာရှိပါတော့ တယ်။
ဒီသင်္ဘောတွေဟာ ရန်ကုန်မြို့ကို အခြေပြု ပြီး စင်ကာပူနဲ့ မလေးရှားနိုင်ငံတို့ကို အဓိကထားပြီး လုပ်ငန်းဆောင်ရွက်လျက်ရှိသလို တရုတ်၊ ဗီယက် နမ်၊ ထိုင်းစတဲ့နိုင်ငံတွေနဲ့လည်း ကုန်သွယ်မှု ပြုလျက်ရှိပါတယ်။မြန်မာနိုင်ငံ အနေနဲ့ ပင်လယ်ရေကြောင်း ကနေ ကုန်သွယ်မှုဟာ တစ်နေ့ တခြားတိုးတက် လာတာကို တွေ့မြင်ရမှာဖြစ်ပါတယ်။ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှုကို ဘဏ္ဍာနှစ်အလိုက်ကြည့်မယ်ဆိုရင် ၂၀၁၃-၁၄ ဘဏ္ဍာနှစ်မှာ သွင်းကုန်က တန်ချိန် ၁၄ သန်း ကျော်ရှိခဲ့ပြီး ပို့ကုန်က တန်ချိန် ၂၃ သန်းကျော် ရှိခဲ့ပါတယ်။ ၂၀၁၄-၁၅ဘဏ္ဍာနှစ်မှာ  သွင်းကုန် တန်ချိန် ၁၇သန်းကျော်ရှိခဲ့ ပြီး ပို့ကုန်က တန်ချိန် ၂၆သန်းကျော်ရှိခဲ့တာကြောင့် ပင်လယ်ရေကြောင်း ကနေ ကုန်သွယ်မှုပမာဏ တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။
၂၀၁၅-၁၆ဘဏ္ဍာနှစ်မှာတော့ သွင်းကုန် တန်ချိန် ၁၄ သန်းကျော်နဲ့ ပို့ကုန်တန်ချိန် ၅ သိန်း ကျော်သာ ကုန်သွယ်မှု ပြုနိုင်ခဲ့ပါတယ်။ ၂၀၁၆-၁၇ ဧပြီလနဲ့ မေလနှစ်လအတွင်း သွင်းကုန်တန် ချိန် ၉ သိန်းကျော်နဲ့ ပို့ကုန်တန်ချိန် သုံးသိန်းနီးပါး ပင်လယ်ရေကြောင်းကနေ ကုန်သွယ်မှု ပြုနိုင်ခဲ့ပါ တယ်။
တင်ပြခဲ့တဲ့ သွင်းကုန်နဲ့ပို့ကုန်ပမာဏကို နှိုင်းယှဉ်ကြည့်မယ်ဆိုရင် သုံးနှစ်ကျော်ကာလ အတွင်းမှာ သွင်းကုန်က တန်ချိန် ၅၅ သိန်းကျော်၊ ပို့ကုန်က တန်ချိန် ၂၇ သိန်းကျော် ကုန်သွယ်မှု ပြုနိုင်ခဲ့ပါတယ်။ ဒီအချက်အလက်တွေအရ ကုန် သွယ်မှု လိုငွေပြနေခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။မြန်မာနိုင်ငံမှာ ကုန်သေတ္တာတင် ယာဉ်ဂိတ် ပေါင်း ၇၁ ဂိတ်ရှိပြီး ပေ ၄၀ ရှည်တဲ့ ကုန်သေတ္တာ တင်ယာဉ်က ၁၆၇၅ စီး၊ ပေ ၂၀ ကုန်သေတ္တာယာဉ် က အစီး ၇၀၀ ရှိပါတယ်။    ဒါပေမဲ့လည်း ဒီကုန် သေတ္တာတင်ယာဉ်တွေဟာ အာဆီယံရဲ့စံနှုန်းအရ ပြောရမယ် ဆိုရင် ပေ ၄၀ ရှိတဲ့ယာဉ်အရေအတွက် က ၁၆၇၅ စီးရှိတယ်လို့ ပြောလို့ မရတော့ပါဘူး။ မြန်မာနိုင်ငံမှာ လက်ရှိပြေးဆွဲနေတဲ့ ကုန်သေတ္တာ တင်ယာဉ်တွေဖြစ်တဲ့ ၁၂ ဘီးကားတွေ၊ ၁၀ ဘီး ကားတွေ  ပေ ၄၀ ရှည်တဲ့  ကုန်သေတ္တာတွေကို တင်လို့မရတော့ပါဘူး။   ဒါကြောင့်  ကုန်သေတ္တာ တင်ယာဉ်   အရေအတွက်ဟာလည်း ကျဆင်းလာ တော့မှာဖြစ်ပါ တယ်။
မြန်မာနိုင်ငံရဲ့အိမ်နီးချင်းနိုင်ငံတွေ ဖြစ်တဲ့ ကမ္ဘောဒီးယား၊ ထိုင်းနဲ့ ဗီယက်နမ်တို့ရဲ့ကုန်သေတ္တာ တင်ယာဉ်တွေရဲ့ ကုန်သယ်ဆောင်နိုင်မှုပမာဏ နဲ့ မြန်မာနိုင်ငံရဲ့ ကုန်သေတ္တာတင်ယာဉ်တွေရဲ့ ကုန် သယ်ဆောင်နိုင်မှုပမာဏကို နှစ်အလိုက်နှိုင်းယှဉ် ကြည့်မယ်ဆိုရင် မြန်မာနိုင်ငံရဲ့ကုန်သေတ္တာတင်ယာဉ်  တင်ဆောင်နိုင်တဲ့ကုန်ပမာဏဟာ အင်မတန် နည်းပါးနေတာကို အောက်ပါအတိုင်း  တွေ့ရမှာ ဖြစ်ပါတယ်။မြန်မာနိုင်ငံရဲ့  ၂၀၁၆ ခုနှစ်အတွင်း ကုန် သေတ္တာတင်ယာဉ်တွေရဲ့    ကုန်သယ်ဆောင် နိုင်မှုပမာဏဟာ တန်ချိန် ရှစ်သိန်းကျော် ကိုးသိန်း နီးပါးရှိကြောင်း သိရပါတယ်။ဒီပမာဏဟာ နောက်ပိုင်းမှာ ပိုမို မြင့်တက် လာနိုင်စရာအကြောင်းတရားတွေ အများကြီး ရှိနေပါပြီ။ အဲဒါတွေက အမေရိကန်နိုင်ငံဟာ ပစိဖိတ်ဖြတ်  ပူးပေါင်းဆောင်ရွက်ရေး သဘောတူ စာချုပ်  အဖွဲ့ဝင်အဖြစ်ကနေ   နုတ်ထွက်လိုက် တာရယ်၊   အမေရိကန်နိုင်ငံက  မြန်မာနိုင်ငံကိုGSP    အခွင့်အရေးတွေ    ပေးလိုက်တာရယ်    အဲဒီ အကြောင်းတရားတွေကြောင့် ထိုင်းတို့ ဗီယက်နမ် တို့ရဲ့ ဈေးကွက်ကို မြန်မာနိုင်ငံက ပိုမိုခံစားခွင့် ရရှိလာနိုင်ပါတယ်။အမေရိကန်နိုင်ငံဟာ TPP  ကနေ နုတ်ထွက် လိုက်တဲ့အတွက် ဗီယက်နမ်နိုင်ငံက အမေရိကန် နိုင်ငံကို တင်ပို့နေတဲ့ ပို့ကုန်တွေ ကျဆင်းသွားနိုင် ပါတယ်။ အဲဒီလို ကျဆင်းသွားမယ့်အခွင့်အရေး တွေဟာ မြန်မာနိုင်ငံဘက်ကို စီးဆင်း လာမယ့် အခွင့်အလမ်းတွေအဖြစ် မျက်ဝါးထင်ထင် မြင် တွေ့ရတော့မှာဖြစ်ပါတယ်။ မြန်မာနိုင်ငံအနေနဲ့ အဲဒီလိုဖြစ်ပေါ်လာမယ့် အခွင့်အရေးတွေကို အမိ အရ ဆုပ်ကိုင်ထားနိုင်ဖို့ လိုပါတယ်။
မြန်မာနိုင်ငံအနေနဲ့ ကုန်သေတ္တာတင်ယာဉ် တွေရဲ့ကုန်ပစ္စည်းသယ်ယူနိုင်မှု ပမာဏဟာ တစ်နှစ် ထက်တစ်နှစ် ကျဆင်းသွားစရာမရှိဘဲ တိုးတက် လာစရာအကြောင်းသာ ရှိပါတယ်။ ၂၀၁၃ ခုနှစ်မှာ တန်ချိန် ငါးသိန်းကျော် တင်ဆောင်နိုင်ခဲ့ပေမယ့် ၂၀၁၆ခုနှစ်မှာတော့ တန်ချိန်ကိုးသိန်းနီးပါး တင် ဆောင်ခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ၂၀၁၇ခုနှစ်အတွက် ခန့်မှန်းတွက်ချက်ရာမှာ ကုန် တန်ချိန်ပေါင်း ၁၀ သိန်းကျော်၊ ၂၀၁၈ ခုနှစ်မှာ ကုန်တန် ချိန်ပေါင်း ၁၂ သိန်းကျော်၊ ၂၀၁၉ ခုနှစ် မှာ ကုန်တန်ချိန်ပေါင်း ၁၄ သိန်းကျော်  စသည်ဖြင့် တိုးတက်များပြားလာမှာဖြစ်ပါတယ်။
အလားတူကုန်သေတ္တာတင်ယာဉ်နဲ့ ကုန် တင်ယာဉ်အရေအတွက်ဟာလည်း  တစ်နှစ်ထက် တစ်နှစ်ပိုမိုများပြားလာတာကို သုံးသပ်ချက်များ အရ သိရှိရပါတယ်။ ကုန်သေတ္တာတင်ယာဉ်အရေ အတွက်ဟာ အာဆီယံစံနှုန်းနဲ့ကိုက်ညီမယ့် ယာဉ် တွေဖြစ်ဖို့လိုသလို ၂၀၁၇ ခုနှစ်ကစပြီး နှစ်စဉ် မြင့်တက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် ကုန်တင် ယာဉ် အရေအတွက်ဟာလည်း ၃၇ ဒသမ ၃၁ ရာခိုင်နှုန်းအထိ မြင့်တက်လာမှာဖြစ်ပါတယ်။
ကုန်သေတ္တာတင်ယာဉ်တွေ၊ ကုန်တင်ယာဉ် တွေ တစ်နှစ်ထက်တစ်နှစ် တိုးလာတဲ့အတွက် လက်ရှိရန်ကုန်မှာရှိတဲ့ ဆိပ်ကမ်းတွေနဲ့ လုံလောက် ပါ့မလားဆိုတာ စဉ်းစားစရာဖြစ်လာပါတယ်။ ဆိပ် ကမ်းဝန်ဆောင်မှုတွေကရော အပြည့်အ၀ ပေးနိုင် ပါ့မလားဆိုတာကိုလည်း စဉ်းစားကြရမှာ  ဖြစ်ပါ တယ်။
ရန်ကုန်မြို့ရဲ့ လက်ရှိအခြေအနေ အရ ယာဉ်ကြောကျပ်တည်း ပိတ်ဆို့မှုတွေဖြစ်ပေါ်နေ တဲ့အတွက်  ရန်ကုန်တိုင်းဒေသကြီး  အစိုးရက ကုန်သေတ္တာတင် ယာဉ်တွေနဲ့ ကုန်တင်ယာဉ်တွေ သွား လာချိန်ကို ကန့်သတ်ခဲ့ပါတယ်။
အဲဒီလိုကန့်သတ်ခဲ့ရာမှာ ပထမ တစ်ကြိမ်က ညနေ ၆ နာရီမှ နံနက် ၆ နာရီအတွင်းသာ သွား လာခွင့်ရှိတယ်လို့ သတ်မှတ်ခဲ့ပါတယ်။
ဒါပေမဲ့ နောက်ပိုင်းမှာ ပို့ကုန်တွေ တင်ဆောင်လာတဲ့ ကုန် သေတ္တာတင်ယာဉ်တွေကို ညဘက်မှာသာ သွားလာခိုင်းပြီး သွင်းကုန် တွေ တင်ဆောင်လာတဲ့ယာဉ်တွေကိုတော့ နေ့ရောညပါ သွားလာဖို့ သတ်မှတ်ခဲ့ပါတယ်။
ပို့ကုန်တွေ တင်ဆောင်လာတဲ့ ယာဉ်တွေကို ညဘက်မှသာ သွား လာစေတဲ့အတွက် ပို့ကုန်တွေအပေါ်မှာ ကုန်ကျစရိတ်တွေ တက်လာ တာ တွေ့ရပါတယ်။ ညဘက်မှသာ ကုန်တင်ရတဲ့အတွက် ပို့ကုန် အတွက် ကုန်ကျစရိတ်တွေဟာ ယခင်ကထက် ပိုမိုကုန်ကျလာခဲ့ ပါတယ်။
ဒါ့အပြင် အခြားသောကုန်သွယ်မှု ကိစ္စရပ်များမှာလည်း ကုန် သွယ်မှု လျင်မြန်ချောမွေ့စေရေးအတွက် အကောက်ခွန်ရှင်းလင်းမှု မပြုလုပ်ခင် ရက်ပေါင်း ၃၀မှ ရက် ၁၈၀ အထိ ကုန်ပိုင်ရှင်Supplier  က ကုန်ဝယ်ယူသူBuyer အလွယ်တကူဝယ်ယူနိုင်ရေးအတွက် ကုန် ပစ္စည်းများကို လာရောက်ပြီး ကုန်ပစ္စည်း အပ်နှံတဲ့စနစ်ကို ကျင့်သုံး ဖို့လိုပါတယ်။
အဲဒီစနစ်ကို ကျင့်သုံးမယ်ဆိုရင် ဆိပ်ကမ်းမှာ ကျပ်တည်းမှုတွေ လျော့ပါးသက်သာသွားနိုင်သလို ယာဉ်ကြော ပိတ်ဆို့မှုတွေလည်း လျော့ပါးသွားနိုင်မှာဖြစ်ပါတယ်။
Bonded Warehouse  စနစ် ကောင်းမွန်လာပြီဆိုရင် ငွေကြေး ဈေးကွက်လည်း တည်ငြိမ်လာမှာဖြစ်ပါ တယ်။ ဈေးကွက်ဆိုတာဟာ ရောင်းလိုအားနဲ့ဝယ်လိုအားပေါ်မှာ တည်မှီနေ တာကို အားလုံး အသိပဲဖြစ်ပါတယ်။Bonded Warehoues  စနစ်တွေ ကောင်းလာတဲ့ အတွက် သွင်းကုန်ပစ္စည်းတွေဟာBonded Warehoues  မှာပဲ ရှိနေ တော့မှာဖြစ်တဲ့အတွက် ငွေကြေးဈေးကွက်ကလည်း အထိုက် အလျောက် တည်ငြိမ်လာမှာဖြစ်ပါတယ်။Bonded Warehoues  တွေ ကောင်းလာပြီဆိုရင် ငွေပေးချေမှုပုံစံတွေလည်း ပြောင်းလာမှာ ဖြစ်ပါတယ်။ တိုက်ရိုက်ငွေပေး ချေမှုပုံစံဆိုတာထက် Credit  စနစ်ကို ပြောင်းသွားပြီး ငွေကြေးဈေးကွက်တည်ငြိမ်မှုကို အထောက်အကူပြု လာမှာဖြစ် ပါတယ်။
ဒါကြောင့် အဲဒီစနစ်ကို ရန်ကုန်မြို့ မှာရှိတဲ့ အပြည်ပြည်ဆိုင်ရာ ကုန်တင် ကုန်ချဆိပ်ကမ်းများမှာ အကောက်ခွန် ဦးစီးဌာနနဲ့ မြန်မာ့ ဆိပ်ကမ်းအာဏာပိုင်တို့က ပူးပေါင်းကြီးကြပ်ပြီး ကျယ်ကျယ် ပြန့်ပြန့် ဆောင်ရွက်သင့်တဲ့ စနစ်တစ်ခုပဲ ဖြစ်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံဟာ ပို့ကုန်ကို ဦးစားပေးတဲ့နိုင်ငံဖြစ်တဲ့ အတွက် ကုန်တင်ယာဉ်တွေ သွားလာခွင့်ပြုရာမှာလည်း ပို့ကုန်ကုန် တင်ယာဉ်တွေကို ဦးစားပေးပြီး သွားလာစေဖို့ခွင့်ပြုပေးရမှာ ဖြစ်ပါ တယ်။
ကုန်သွယ်မှုလွယ်ကူချောမွေ့အဆင်ပြေမှာသာလျှင် နိုင်ငံ တော်ရဲ့ ပို့ကုန်ရငွေ တွေ အများအပြားဝင်ရောက်လာပြီး နိုင်ငံတော် ရဲ့ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကို များစွာ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။
အခုလိုမျိုး ကုန်တင်ယာဉ်သွား လာမှုကို ကန့်သတ်ခွင့်ပြုရာမှာ သက်ဆိုင်ရာဌာနတွေနဲ့ တိုင်ပင်ဆွေးနွေးပြီးမှသာ ခွင့်ပြုရမှာ ဖြစ် ပါတယ်။ ကုန်သွယ် မှုကဏ္ဍမှာ ကုန်သွယ်မှု ပိုငွေပြနေမှသာ နိုင်ငံ တော်ရဲ့ လိုအပ်ချက်တွေကို ပြန်လည်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်ပါတယ်။
ကုန်တင်ယာဉ်သွားလာခွင့်တွေကို ကန့်သတ်ရာမှာ သက်ဆိုင် ရာဝန်ကြီးဌာနတွေ၊ ပို့ကုန်သွင်းကုန်လုပ်ငန်းရှင်တွေ၊ ကွန်တင်နာ တင်မော်တော်ယာဉ်  ပိုင်ရှင်တွေ၊ ကုန်တင်ယာဉ်ပိုင်ရှင်တွေ၊ ဆိပ်ကမ်း ပိုင်ရှင်တွေ၊ အကောက်ခွန် ရှင်းလင်းရေးကိုယ်စားလှယ်တွေ စတဲ့ လုပ်ငန်းရှင်အသီးသီးနဲ့ အကျေအလည် ဆွေးနွေးပြီးမှ ကန့်သတ်သင့် ပါတယ်။
မြန်မာနိုင်ငံရဲ့နိုင်ငံတကာကုန်သွယ်မှုလုပ်ငန်းမှာ အဓိက အသက်သွေးကြောဖြစ်တဲ့ ရန်ကုန်မြစ်ဟာ ပင်လယ်ကူး သင်္ဘောကြီး များ ဆိုက်ကပ်သွားလာပြီး ကုန်သွယ်မှုလုပ်ငန်းတွေ လုပ်ဆောင်နေ တာဟာ နှစ်ပရိစ္ဆေဒကြာမြင့်နေပြီ ဖြစ်ပါတယ်။ အဲဒီလို နှစ်ပရိစ္ဆေဒ ကြာမြင့်လာတဲ့အတွက် ရန်ကုန်မြစ်အတွင်းမှာ နုန်းတွေ အနည်ထိုင် လာပြီး မြစ်ကျဉ်းတွေ ဖြစ်ပေါ်လာခဲ့ပါတယ်။
မြန်မာနိုင်ငံမှာ ဆိပ်ကမ်းပေါင်း ခြောက်ခုရှိရာမှာ လက်ရှိ လုပ်ငန်းလည်ပတ်နေတဲ့ ဆိပ်ခံတံတားပေါင်း ၂၃ စင်း ရှိပြီး တည် ဆောက်ဆဲက နှစ်စင်း၊ တည်ဆောက်ရန်လျာထားက ၃၂ စင်းရှိပါ တယ်။ လက်ရှိလည်ပတ်နေတဲ့ ဆိပ်ခံတံတား ၂၃ စင်းအနက်MITT  နဲ့ MIPL ဆိပ်ခံတံတားနှစ်စင်းသာ ရန်ကုန်မြစ်ရဲ့ပြင်ပမှာရှိနေပြီး ကျန် ၂၁ စင်းကတော့ ရန်ကုန်မြစ်ထဲမှာရှိနေတာ ဖြစ်ပါတယ်။
ပင်လယ်ဝကနေ ရန်ကုန်မြို့မှာရှိတဲ့ ဆိပ်ကမ်းတွေဆီကို သွား ရာ ရန်ကုန်မြစ်ကြောင်းတစ်လျှောက်မှာ မြစ်ကျဉ်းတွေဖြစ်ပေါ်နေတာ ကြောင့် ၁၆၇ မီတာထက်ကြီးတဲ့ သင်္ဘောတွေ ဝင်ရောက် ဆိုက်ကပ် လို့မရပါဘူး။ ဒါ ကြောင့် သင်္ဘောကြီးတွေဟာ အပြင် ဆိပ်ကမ်းတွေ ဖြစ်တ်MITT  နဲ့ MIPLဆိပ်ကမ်းတွေမှာပဲ ဝင်ရောက်ဆိုက်ကပ်ကြရ ပါတယ်။
အဲဒီဆိပ်ကမ်းနှစ်ခုဟာ သင်္ဘော ခြောက်စီးသာ တစ်ပြိုင်နက် တည်း ကုန်တင်ကုန်ချလုပ်နိုင်တဲ့အတွက် သင်္ဘောကြီးတွေဟာ ဆိပ်ခံတံတားရရှိဖို့ ပင်လယ်ဝမှာ ရက်အတန်ကြာအောင် စောင့် ဆိုင်းကြရပါတယ်။ အဲဒီလိုစောင့်ဆိုင်းရတဲ့အတွက် တစ်ရက်ကို အမေရိကန်ဒေါ်လာ ၂၀၀၀၀ ကနေ ၃၀၀၀၀ အထိ သင်္ဘောပိုင်ရှင် ထံကို ဒဏ်ကြေးအဖြစ်နဲ့ ပေးသွင်းရပါတယ်။
ဒါ့အပြင် ရန်ကုန်မြို့တွင်းမှာကလည်း ပို့ကုန်တင်ပို့မယ့် ကုန် သေတ္တာတင်ယာဉ်တွေကို ညဖက်မှသာ သွားလာမောင်းနှင်ခွင့်ရတဲ့ အတွက် မလိုအပ်ဘဲ ကုန်ကျစရိတ်တွေ မြင့်တက်နေရတာကို တွေ့ရှိ ရပါတယ်။
ဒီကုန်ကျစရိတ်တွေဟာ ပို့ကုန် သွင်းကုန်လုပ်ငန်းရှင်တွေကပဲ ကျခံရ တာဖြစ်တဲ့အတွက် ကုန်စည်ခတွေ မြင့် တက်လာခဲ့တာကို တွေ့ရမှာဖြစ်ပါတယ်။ ဒါကြောင့် ဒီလိုမျိုးဖြစ်ရပ်တွေကို ဖြေရှင်း နိုင်ဖို့အတွက် နည်းလမ်းရှာကြံကြရမှာဖြစ်ပါတယ်။
ဖြေရှင်းရမယ့်နည်းလမ်းတွေကို သက်ဆိုင်ရာဌာနများ၊ ပို့ကုန် သွင်းကုန် လုပ်ငန်းရှင်များ၊ကုန်သေတ္တာတင်ယာဉ် ပိုင်ရှင်များ၊ အကောက်ခွန်ရှင်းလင်းရေး ဆိုင်ရာအေဂျင်စီများစတဲ့ Logistic  ကဏ္ဍမှာ ဆက်နွယ်ပတ်သက်နေသူတွေ အားလုံး ဝိုင်းဝန်းပူးပေါင်းပြီး ဖြေ ရှင်းကြရမှာဖြစ်ပါတယ်။
ကုန်သေတ္တာတင်ယာဉ်တွေ ပိုမို တိုးတက်များပြားလာဖို့အတွက် ကားတွေ တင်သွင်းမယ့်အစားUsed Assemble  လုပ်တာမျိုးကို ခွင့်ပြု ပေးဖို့လို ပါတယ်။
ကုန်တင်သင်္ဘောကြီးတွေ ဆိုက်ကပ်နိုင်ဖို့အတွက် ပင်လယ် ဆိပ်ကမ်းတစ်လျှောက် ပင်လယ်ပြင်ဧရိယာတွေမှာGeneral Cargo Terminal  အသစ်တွေ တိုးချဲ့ဆောက်လုပ်သွားဖို့ လိုအပ်ပါတယ်။
ဒါ့အပြင် နိုင်ငံခြားငွေလဲနှုန်းတည် ငြိမ်ဖို့အတွက်Bonded Warehouse  တွေ ယခုထက်ပိုမိုများပြားအောင်တိုးချဲ့  တည်ဆောက် ဖို့လိုပါတယ်။
မြန်မာနိုင်ငံမှာ ခေတ်အဆက်ဆက် ဝန်ကြီးဌာနချင်းပေါင်းစပ် ညှိနှိုင်း လုပ်ကိုင်ဆောင်ရွက်မှုမှာ အားနည်း လျက်ရှိတာကို အားလုံး သိရှိပြီးဖြစ်ကြမှာပါ။
ဒီအချက်ဟာ နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုး တိုးတက်ဖို့အတွက် အရေး ပါတဲ့အချက် တစ်ချက်အနေနဲ့ပါဝင်နေတာကို သတိ ပြုရပါမယ်။
ယခုဖြစ်ပေါ်နေတဲ့ကိစ္စတွေမှာ ကုန်သေတ္တာတင်ယာဉ်ကိစ္စ၊ ဆိပ်ကမ်းတွေမှာ ကုန်သေတ္တာတွေ ကျပ်တည်းနေတဲ့ကိစ္စ၊ ဆိပ်ကမ်း မလုံလောက်မှုကိစ္စ စတဲ့အရေးကိစ္စတွေအားလုံးဟာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတစ်ခုတည်းနဲ့သာ သက်ဆိုင် တာမဟုတ်သလို မြန်မာ့ဆိပ်ကမ်းအာဏာပိုင်တစ်ခုတည်းနဲ့လည်း သက်ဆိုင်ခြင်းမရှိပါဘူး။ စီမံကိန်းနှင့်ဘဏ္ဍာရေး ဝန်ကြီးဌာန၊ စီးပွား ရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရန်ကုန် တိုင်းဒေသကြီး အစိုးရအဖွဲ့ စတဲ့ သက်ဆိုင်ရာဌာနအသီးသီးတို့ ပေါင်းစပ်ညှိနှိုင်း လုပ်ကိုင်ကြရမှာဖြစ်ပါတယ်။
ဒါ့အပြင် ကုန်သွယ်မှုကိစ္စသာမက အခြားသောကိစ္စများကို စတင်ဆောင်ရွက်ရာမှာ ဝန်ကြီးဌာနများအနေနဲ့ လိုအပ်တဲ့ကိန်း ဂဏန်း အချက်အလက်ပြုစုခြင်းနဲ့ သုတေသနပြုမှုတွေကို လုပ် ဆောင်ရာမှာ အသုံးစရိတ်ကို ချွေတာ သုံးစွဲကြပါတယ်။ လုပ်ငန်း တစ်ခု စတင်လုပ်ဆောင်ရာမှာ ဒါမှမဟုတ် အပြောင်းအလဲတစ်ခု ပြုလုပ်ကြရာမှာ သုတေသန ပြုလုပ်ခြင်းနဲ့ ကိန်းဂဏန်းအချက်အလက် ကောက်ယူစုဆောင်းခြင်းဟာ လုပ်ငန်းအောင်မြင်မှုရရှိဖို့အတွက်  အထောက်အကူပြုနိုင်တယ်ဆိုတာ မေ့ထားလို့မရပါဘူး။
ဆိပ်ကမ်းတွေ၊ Bonded Warehouse  တွေ၊ ကုန်သေတ္တာတင် ယာဉ် အရေအတွက် ပိုမိုများပြားအောင် ဆောင်ရွက်ရာမှာ ပြည်တွင်း ပြည်ပ လုပ်ငန်းရှင်တွေကို လုပ်ကိုင်ခွင့်ပြုသင့် ပါတယ်။
မြန်မာနိုင်ငံရဲ့ရာသီဥတုအခြေအနေ အရ ယခုလက်ရှိကာလ ဟာ ကောက်ပဲသီးနှံနဲ့ လယ်ယာထွက်ကုန်များကို နိုင်ငံရပ်ခြား တိုင်းပြည်များသို့ တင်ပို့နေရတဲ့ အချိန်ဖြစ်ပါတယ်။ အဲဒီလိုအချိန် မျိုးမှာ နှောင့်နှေးကြန့်ကြာမှုတွေ ရှိနေမယ်ဆိုရင် ပို့ကုန်တင်ပို့ရာမှာ အခက်အခဲတွေ ဖြစ်ပေါ်လာမှာဖြစ်ပါတယ်။
ဒါကြောင့် သွင်းကုန်ပို့ကုန်လုပ်ငန်းရှင်များ ရင်ဆိုင်ကြုံတွေ့ နေရတဲ့အခက်အခဲများကို ညှိနှိုင်းဖြေရှင်းပေးဖို့အတွက် သက်ဆိုင် ရာဌာနများအနေနဲ့ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါ ကြောင်း ရေးသားတင်ပြလိုက်ရပါတယ်။
Source :ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု အားပေးမြှင့်တင်ရေးကော်မတီ အစည်းအဝေးသို့ တင်ပြခဲ့တဲ့စာရင်းများ။