Main menu

Background

ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးအတွက် e- Government စနစ်တွင် ပြောင်းလဲလိုက်ပါ ဆောင်ရွက်မှု

Tue, 05/30/2017 - 13:03 -- journal_editor

   မြန်မာနိုင်ငံဟာ ခေတ်မီဖွံ့ဖြိုးတိုးတက် တဲ့နိုင်ငံတစ်နိုင်ငံအဖြစ် ရောက်ရှိဖို့အတွက် ဘက် ပေါင်းစုံက ကြိုးပမ်းဆောင်ရွက်လျက်ရှိပါတယ်။အဲဒီလို ကြိုးပမ်းဆောင်ရွက်ရာမှာ  စီးပွား ရေး ဖွံ့ဖြိုးတိုးတက်စေရေး၊ နိုင်ငံရေး တည်ငြိမ် အေးချမ်းမှုရရှိစေရေး၊ လူမှုစီးပွားဘ၀ ဖွံ့ဖြိုးတိုး တက်စေရေးတို့အတွက် ဦးတည်ချက်တွေချမှတ်ပြီး ဆောင်ရွက်လျက်ရှိပါတယ်။စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေဖို့အတွက် ဦး တည်ချက် ၁၂ ရပ်ချမှတ်ပြီး ဆောင်ရွက်လျက် ရှိရာ မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့  ကုန်သွယ်မှု  ဖွံ့ဖြိုးတိုးတက်စေရေး၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးတို့ကို ရည် မှန်းချက်ထားပြီး ဆောင်ရွက်လျက်ရှိပါတယ်အဲဒီလိုဆောင်ရွက်ရာမှာ စီးပွားရေးနှင့် ကူး သန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေး ဦးစီးဌာနအနေနဲ့ ကုန်သွယ်မှုလုပ်ငန်းများ လုပ် ကိုင်ရာမှာ  အဆင်ပြေချောမွေ့ လွယ်ကူလျင်မြန် စေဖို့အတွက် ကုန်သွယ်မှုဆိုင်ရာ အတားအဆီး တွေကို အတတ်နိုင်ဆုံးစိစစ်ပြီး ဖြေလျော့ ခွင့်ပြု ပေးခဲ့ပါတယ်။ကုန်သွယ်ရေးဦးစီးဌာနဟာ ၂၀၁၁ ခုနှစ်မှ စတင်ကာကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်များမှာ နိုင်ငံ တကာက သတ်မှတ်ထားတဲ့ အချက်များ၊ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့က သတ်မှတ်ထားတဲ့အချက် များနဲ့အညီ ဆောင်ရွက်နိုင်ဖို့ ဦးတည်ချက်ထားပြီး ဆောင်ရွက်ခဲ့ပါတယ်။ဒါကြောင့် ဖြေလျော့မှုများအဖြစuto-Licensing  စနစ်ကျင့်သုံးခြင်း၊Non-Licensing စနစ်ကျင့်သုံးခြင်း၊Negative List  စနစ်ကျင့်သုံး ခြင်းတို့ အပါအဝင် ဖြေလျော့မှုများကို အဆင့်လိုက် ဆက်တိုက် လုပ်ဆောင်ပေးနေပြီ ဖြစ်ပါတယ်။     ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ အစိုးရသစ် ကာလ ၂၀၁၆ခုနှစ်အတွင်းမှာ  Negative List  HS Line ၄၁၇ လိုင်းကို ထပ်မံဖြေလျော့ပေးခဲ့တဲ့အပြင် လိုင်စင်လျှောက်ထားရာမှာလည်း ကုမ္ပဏီများက တာဝန်ယူမှု၊ တာဝန်ခံမှုနဲ့တင်ပြလာတဲ့Invoice ပါတန်ဖိုးကို လက်ခံဆောင်ရွက်ပေးနေပြီဖြစ်ပါ တယ်။
ယခင်က ကုန်သွယ်မှုဆိုင်ရာ ကိစ္စရပ်တိုင်း အတွက် ငွေပေးချေမှုများဖြစ်တဲ့  လိုင်စင်ကြေး ပေးသွင်းခြင်း၊ ထသက မှတ်ပုံတင်ကြေးပေးသွင်း ခြင်း၊ စီးပွားရေးအကျိုးဆောင်လုပ်ငန်းရှင်  မှတ်ပုံ တင်ကြေးပေးသွင်းခြင်း စတဲ့နိုင်ငံတော်သို့ ပေး သွင်းငွေများကို ဆောင်ရွက်ရာမှာ  မြန်မာနိုင်ငံ သားများဘဏ်မှာ ငွေစာရင်းဖွင့်လှစ်ထားသူများကို e-Paymentစနစ်နဲ့ လက်ခံဆောင်ရွက်စေခဲ့ ပါတယ်။အဲဒီလို ဘဏ်တစ်ခုတည်းကိုသာ အားထား ပြီး ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုတွေကို ပြုလုပ်  ခဲ့တဲ့အတွက်  အချိန်ကြန့်ကြာမှု၊  ငွေပေးချေရာမှာ နှောင့်နှေးမှု  စတဲ့အခက်အခဲတွေနဲ့  ရင်ဆိုင်ကြုံ တွေ့ခဲ့ရပါတယ်။ဒါကြောင့် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန အနေနဲ့ JY Myanmar Payment Union (MPU) နဲ့ချိတ်ဆက်ပြီး ဆောင်ရွက်ထားတဲ့ ဘဏ်များမှMPU  ကတ်စနစ်သုံးပြီး၊ ကုန်သွယ်မှု  ဆိုင်ရာကိစ္စတွေမှာ ငွေပေးချေမှုဆောင်ရွက်နိုင် ဖို့အတွက် သက်ဆိုင်တဲ့   ဌာနများ၊ ဘဏ်များ၊ အိုင်တီ ကုမ္ပဏီများနဲ့  ချိတ်ဆက်ဆောင်ရွက်ခဲ့ပါ တယ်။
MPUနဲ့ ချိတ်ဆက်ဆောင်ရွက်ခဲ့တဲ့အတွက် ယခင်က ဘဏ်တစ်ခုတည်းမှာသာ  ကုန်သွယ်မှု ဆိုင်ရာ ငွေပေးချေမှုများကို ပြုလုပ်နိုင်ခဲ့ပေမယ့် ဘဏ် ၂၃  ဘဏ်နဲ့ ချိတ်ဆက်ထားတဲ့MPU နဲ့ လက်တွဲလုပ်ကိုင် ဆောင်ရွက်လိုက်တဲ့ အတွက် ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှု  ကိစ္စရပ်တိုင်းမှာ လွယ်ကူလျင်မြန်ချောမွေ့လာတော့မှာ   ဖြစ်ပါ တယ်။
ကုန်သွယ်မှုနဲ့ပတ်သက်တဲ့   ငွေပေးချေမှုလုပ် ငန်းများကိုMPU စနစ်နဲ့ ပြောင်းလဲပေးချေဖို့ ချိတ် ဆက်ဆောင်ရွက်ရာမှာ e-Government ဖြစ်စေဖို့၊ ကုန်သွယ်မှုနဲ့ပတ်သက်တဲ့ ငွေပေးချေမှုကိစ္စတိုင်း မှာ နိုင်ငံတကာကသတ်မှတ် ထားတဲ့ စနစ်အတိုင်း လိုက်ပါဆောင်ရွက်နိုင်ဖို့၊ ငွေစက္ကူတွေကို အရွက် လိုက်အသုံးပြုနေမယ့်အစား   လုံခြုံလွယ်ကူတဲ့ ကတ်စနစ်နဲ့ အသုံးပြုနိုင်ဖို့၊ ယခင်က ငွေပေးချေမှု တွင် ဘဏ်တစ်ဘဏ်တည်းကိုသာ e-Payment စနစ် နဲ့  ခွင့်ပြုနေခြင်းထက် ဗဟိုဘဏ်လက် အောက်မှာရှိတဲ့  ဘဏ်အားလုံးမှာ MPU စနစ်နဲ့ ဆောင်ရွက်နိုင်ဖို့၊ ငွေစက္ကူနဲ့ပေးချေရာမှာ ငွေ စက္ကူအတုများ လက်ခံမိခြင်း၊ ငွေထုတ်ပေးရခြင်း စတဲ့ မလိုလားအပ်တဲ့ အုပ်ချုပ်မှုကိစ္စရပ် များ မဖြစ် ပွားစေဖို့၊ အချိန်မရွေး၊ နေရာဒေသမရွေး သုံးစွဲနိုင် ဖို့၊   နယ်စပ်ကုန်သွယ်ရေးစခန်းများမှာ နေ့စဉ် ကောက်ခံရရှိတဲ့ ကုန်သွယ်မှုဆိုင်ရာဝင်ငွေတွေကို သက်ဆိုင်ရာဘဏ်သို့  ပြန်လည်ပေးပို့ရာမှာ လုံခြုံ မှုဆိုင်ရာ အခက်အခဲနဲ့ အုပ်ချုပ်မှုဆိုင်ရာ အခက် အခဲ  ပြဿနာများမရှိစေရန် ရည်ရွယ်ပြီးMPU စနစ်ကို ကျင့်သုံးခဲ့တာဖြစ်ပါတယ်။
ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှု  ကိစ္စရပ် များကို ဆောင်ရွက်ရာမှာ  MPU စနစ်ကို ကျင့်သုံး လိုက်တာဟာ  ကုန်သည်လုပ်ငန်းရှင်များအနေနဲ့  ငွေပေးသွင်းခြင်းဆိုင်ရာကိစ္စရပ်များကို လွယ်ကူ လျင်မြန်စွာနဲ့ ဆောင်ရွက်နို င်တော့ မှာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ကုန်သွယ်မှုလွယ်ကူချောမွေ့စေရေးအတွက်   ပြင်ဆင်ဆောင်ရွက်ရာမှာ နယ်ပယ်အသီးသီး၊ ကဏ္ဍအသီးသီးမှာ စိန်ခေါ် မှုများရှိနေတာကို တွေ့ရမှာဖြစ်ပါတယ်။အထူးသဖြင့် အခုလို ကုန်သွယ်မှုဆိုင်ရာ ငွေေ ပးေ ချ မှုကိစ္စရပ်များကို dk  e-Government  စနစ် နဲ့ လိုက်ပါအကောင်အထည်ဖော် ဆောင်ရွက်ရာ မှာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေ၊ ပြဿနာတွေ ပိုပြီးရှိနေတတ်ပါတယ်။အဲဒီစိန်ခေါ်မှု အခက်အခဲတွေကို ရင်ဆိုင် ကျော် လွှားပြီး အခွင့်အလမ်းများအဖြစ် ပြောင်းလဲ ဆောင်ရွက်သွားကြရမှာဖြစ်ပါတယ်။ ကုန်သွယ်မှု ဆိုင်ရာ အခက်အခဲတွေ၊ စိန်ခေါ်မှုတွေရှိနေတဲ့ အတွက် ကုန်သွယ်ရေးဦးစီးဌာနသာမက သက် ဆိုင်ရာဌာနအသီးသီးအနေနဲ့ ရှေ့ဆက် မတိုးရဲဘူး ဆိုရင် ကုန်သွယ်မှုကဏ္ဍဟာ ခေတ်ဟောင်း၊ စနစ် ဟောင်းက အတွေးအခေါ်များနဲ့ တိုးတက်မှုမရှိဘဲ ရပ်တန့်နေမှာဖြစ်ပါတယ်။ဒါကြောင့် ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ရှေ့တိုးမယ့်ခြေတစ်လှမ်းအဖြစ် e-Government  စနစ်ကို လိုက်ပါ အကောင်အထည်ဖော်ဆောင်ရွက် နေတာပဲဖြစ်ပါတယ်။e-Government စနစ်ကို လိုက်ပါအကောင် အထည်ဖော်ဆောင်ရွက်ရာမှာ အင်တာနက်လိုင်း များ ကောင်းမွန်ရေးဟာ အရေးပါတဲ့ကဏ္ဍတစ် ရပ်မှာ ပါဝင်နေပါတယ်။
မြန်မာနိုင်ငံရဲ့     ဆက်သွယ်ရေးကဏ္ဍဟာ ဖွံ့ဖြိုးတိုးတက်လာပြီလို့ဆိုရပေမယ့်  အခြားသော အာဆီယံနိုင်ငံများနဲ့ နှိုင်းယှဉ်မယ်ဆိုလျှင် အနည်း နဲ့အများ ဖွံ့ဖြိုးမှုနောက်ကျနေသေးတာကို တွေ့ရ မှာဖြစ်ပါတယ်။ဒါကြောင့် ကုန်သွယ်မှုဆိုင်ရာငွေပေးချေမှုကိစ္စရပ်တိုင်းဟာ အင်တာနက်လိုင်း ကောင်းမွန်မှု အပေါ်မှာ တည်မှီနေပါတယ်။  ဒါကြောင့်လည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေနဲ့ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီး ဌာန အပါအဝင် အခြားသောဌာနများနဲ့လည်း ချိတ်ဆက် ညှိနှိုင်းဆောင်ရွက်လျက်ရှိပါတယ်။
ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုမှာMPU  နဲ့ ဆောင်ရွက်ရာမှာ သာမန်ဈေးဆိုင်များ၊ စတိုး ဆိုင်များ၊ စားသောက်ဆိုင်များမှာ POSစက်များနဲ့ ငွေဖြတ်တောက်ပေးချေနိုင်တဲ့စနစ်မျိုး မဟုတ်ဘIELPS ,  BTOS ,  DCCA  Account  စတဲ့စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှာ အသုံး ပြုနေတဲ့Application  များနဲ့ ချိတ်ဆက်ဆောင်ရွက် ရတာဖြစ်တဲ့အတွက် လိုင်စင်တစ်စောင်ချင်းပေါ် မှာ အင်တာနက်ကွန်ရက်မှတစ်ဆင့် သတ်မှတ် ထားတ Server များနဲ့ ချိတ်ဆက်ဆောင်ရွက်ရ တာဖြစ်ပါတယ်။
အင်တာနက်လိုင်း ကောင်းမွန်မှန်ကန်စွာ ရရှိနိုင်ဖို့အတွက် ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ ဖိုင်ဘာဆက်ကြောင်းလိုင်းတွေ၊ADSL လိုင်းတွေ ကို အရန်အနေနဲ့ ချိတ်ဆက်ထားရှိပြီး လုပ်ငန်းများ ဆောင်ရွက်လျက်ရှိပါတယ်။
ဒါ့အပြင် အင်တာနက်လိုင်းပြတ်တောက် ခြင်း၊ နှေးကွေးနေခြင်းများ ဖြစ်ပေါ်ခဲ့ပါက ကုန် သည်လုပ်ငန်းရှင်များ    အခက်အခဲမရှိစေရေး အတွကManual  စနစ်နဲ့ပါ လက်ခံပေးဖို့ ဆောင် ရွက်ထားရှိပြီးဖြစ်ပါတယ်။
ကုန်သွယ်ရေးဦးစီးဌာနအနေနဲ့ MPU နဲ့ ချိတ်ဆက်ပြီး ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုလုပ် ငန်းများကို ဆောင်ရွက်ရာမှာ ကနဦးခြေလှမ်း အဖြစ် နေပြည်တော်ရုံးချုပ်၊ ရန်ကုန် ပို့ကုန်သွင်း ကုန်ရုံး၊ မြဝတီကုန်သွယ်ရေးဇုန်၊ မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်တို့မှာ စတင်ဆောင်ရွက်မှာ ဖြစ်ပါတယ်။
အဲဒီစနစ်ကို  လာမယ့်  ဇွန်လအတွင်းမှာ စတင်အကောင်အထည်ဖော် ဆောင်ရွက်တော့မှာ ဖြစ်ပါတယ်။ ဆက်လက်ပြီးတော့လည်း   အထူး စီးပွားရေးဇုန်၊ မြန်မာနိုင်ငံ  ရင်းနှီးမြှုပ်နှံမှုကော် မရှင်၊   ကျန်နယ်စပ်ကုန်သွယ်ရေး စခန်း များ စတဲ့  ကုန်သွယ်မှုဆိုင်ရာ နယ်ပယ်အားလုံးမှာMPU စနစ်ကို အသုံးပြုပြီး  ငွေပေးချေမှုကိစ္စရပ်များ၊ ငွေပေးသွင်းမှုကိစ္စရပ်များကို ပြုလုပ်နိုင်တော့မှာ ဖြစ်ပါတယ်။
ဒါ့အပြင် ကုန်သည်လုပ်ငန်းရှင်များအနေနဲ့ လိုင်စင် လျှောက်ထားခြင်း၊ ငွေပေးသွင်းခြင်း၊  လိုင်စင်ထုတ်ယူခြင်း လုပ်ငန်းများကို စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသို့   လာရောက်ရန်မလိုတော့ဘဲ   မိမိကုမ္ပဏီရုံး ခန်းနေရာမှာပင် ဆောင်ရွက်နိုင်မယ့်Fully Online Licensing   စနစ်ကို ၂၀၁၆ခုနှစ် ဇွန်လ ၇ ရက်မှာ    ခွင့်ပြု အမယ် ၄၃ မျိုးနဲ့ ခွင့်ပြုထုတ်ပေးနိုင်ခဲ့ပြီးဖြစ်ပါ တယ်။
CMP   အထည်ချုပ်လိုင်စင်များကိုလည်းFully  Online  Licensing စနစ်နဲ့ လျှောက်ထားထုတ်ယူနိုင်ဖို့ အတွက် စနစ်နှစ်ခုချိတ်ဆက်ပြီး အထည်ချုပ်စက်ရုံ ၁၀ ရုံက လာရောက်လျှောက်ထား ထုတ်ယူနေပြီဖြစ်ပါတယ်။
အဲဒီလိုဖြေလျော့ပေးခဲ့တဲ့အတွက်  ကုန်သည်လုပ် ငန်းရှင်များအနေနဲ့ လုပ်ငန်းများ ပိုမိုအဆင်ပြေစေနိုင်တာ ကြောင့် လာမယ့် ဇွန်လဆန်းမှာ အမယ် ၃၀၀ ကျော်ကို ထပ်မံတိုးမြှင့်ပြီး လျှောက်ထားနိုင်ဖို့ ပြင်ဆင်လျက်ရှိပါ တယ်။ ဒါ့အပြင်ဃဏြ အထည်ချုပ်စက်ရုံ အားလုံးကို  ၤကူူပ ဥညူငညန ူငခနညျငညါ စနစ်ကျင့်သုံးနိုင်ရေးအတွက် ဆက် လက်ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေနဲ့ ကုန်သွယ်မှု အဆင်ပြေချောမွေ့စေရေး၊ ကုန်သွယ် မှု လွယ်ကူလျင်မြန်စေရေးတို့အတွက်Fully Online Licensing စနစ်ကို  ကျင့်သုံးဆောင်ရွက်ရာမှာ အောင်မြင်မှု ရရှိစေဖို့MPU နဲ့  ငွေပေးချေရာမှာ လိုအပ်တဲ့  ဝန်ဆောင်မှုများ၊Hardware  များကို ကမ္ဘောဇဘဏ်နဲ့ လိုအပ်တဲ့Jh  Software Application  များကိုInformation   Matrix  ကုမ္ပဏီတို့က ပူးပေါင်းဆောင်ရွက်ပေး ခဲ့တာဖြ စ်ပါ တယ်။
ယခုMPU စနစ်နဲ့ နိုင်ငံတော်သို့  ငွေပေးချေမှု ဆောင်ရွက်နိုင်ခဲ့တဲ့ လုပ်ငန်း အောင်မြင်မှုရရှိရေးအတွက် တစ်ဦးတစ်ယောက်တည်း၊ တစ်ဌာနတည်းရဲ့ လုပ်ဆောင် မှုနဲ့ ဆောင်ရွက်ခဲ့ခြင်းမဟုတ်ဘဲ သက်ဆိုင်တဲ့ဝန်ကြီးဌာန အားလုံး၊ မြန်မာနိုင်ငံတော်ဗဟိုဘဏ်၊ ကမ္ဘောဇဘဏ်န Information Matrix ကုမ္ပဏီတို့ရဲ့ ပူးပေါင်းဆောင်ရွက်ခဲ့ မှုကြောင့်ဖြစ်ပါတယ်။ကုန်သွယ်ရေး ဦးစီးဌာနအနေနဲ့ အခုလို e-Government စနစ်ကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ခဲ့ တဲ့အတွက် ကုန်သွယ်မှုဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုခြေလှမ်းတစ်ရပ်ကို တက်လှမ်း နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။ဒါကြောင့်   တိုးတက်လာတဲ့  ခေတ်စနစ်နဲ့အညီ ဆောင်ရွက်နိုင်စေရေး၊ ပွင့်လင်းမြင်သာတဲ့  စနစ်တစ်ခုကို ကူးပြောင်းနိုင်ရေး၊e-Government  စနစ် လိုက်ပါအကောင် အထည်ဖော်နိုင်ရေး၊ ကုန်သွယ်မှုလျင်မြန်ချောေ မွ့စေေ ရး လုပ်ငန်းများ  တိုးတက်စေရန် အကောင်အထည်ဖော် ဆောင်ရွက်တာဖြစ်တဲ့အတွက် ဆက်စပ်ဌာနများနဲ့ ကုန်သည် လုပ်ငန်းရှင်များအနေနဲ့လည်း ပူးပေါင်းဆောင်ရွက်ကြဖို့ တိုက်တွန်းလိုက်ရပါတယ်။

မယ်သီတာ