Main menu

Background

မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းညှိနှိုင်းဆောင်ရွက်မှုဖြင့် ရွှေလီမြို့ရှိဘဏ်များက ယာယီပိတ်သိမ်းခဲ့သည့် မြန်မာနိုင်ငံသားလုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများအား ပြန်လည်ဖွင့်လှစ်နိုင်

Mon, 06/26/2017 - 12:41 -- journal_editor

          မြန်မာ-တရုတ်နှစ် နိုင်ငံအကြား နယ်စပ်ကုန်သွယ်မှုဆောင်ရွက်ရာတွင် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ နှစ်နိုင်ငံကုန်သွယ်မှုပမာဏ အများဆုံး ဆောင်ရွက်ပေးလျက်ရှိရာ ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှုကို တရု တ်နိုင်ငံ ရွှေလီမြို့ Agricultural  Bank of China,China Construction Bank နှင့် Industrial and Commercial Bank of China ဘဏ်များဖြင့် ချိတ်ဆက်ဆောင်ရွက်လျက်ရှိသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၁၇ ခုနှစ် ဇွန်လ ၁၅ ရက်မှစ၍ မြန်မာနိုင်ငံသား ပို့ကုန်/ သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများအား တရုတ်နိုင်ငံဘက်မှ ယာယီပိတ်သိမ်းခဲ့သည်။ ထိုသို့ ဘဏ်စာရင်းများပိတ်သိမ်းခဲ့မှုနှင့် ပတ်သက်၍ စီးပွားေ ရးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာန ပြည်ထောင်စုဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အနေဖြင့် တရုတ်နိုင်ငံ ခရီး စဉ်အတွင်း တရုတ်ပြည်သူ့သမ္မတနိုင်ငံ စီးပွား ရေးကောင်စစ်ဝန်နှင့် စတင်ညှိနှိုင်းခဲ့ပြီး ၂၀၁၇ ခုနှစ် ဇွန်လ ၁၆ ရက်တွင် ဘဏ်စာရင်းများ ထပ်မံ ပိတ်သိမ်းခဲ့မှုသတင်းများအပေါ် မြန်မာနိုင်ငံ ဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ  သံရုံးသို့ ၎င်းင်း နေ့တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်၍ ဖြေရှင်း ဆောင်ရွက်ပေးရန် ညှိနှိုင်းခဲ့ သည်။
         ထို့အပြင် မြန်မာကုန်သည်များ၏ ငွေစာရင်းများ ပိတ်သိမ်းခဲ့မှုအား မည်သည့်အတွက်ကြောင့် ပြုလုပ်ခြင်းဖြစ်သည်ကိုသိရှိလိုကြောင်း၊ ပိတ်ထားသော မြန်မာနိုင်ငံသား ကုန်သည်လုပ်ငန်းရှင်များ၏ ငွေစာရင်းများအား အမြ န်ဆုံး ပြန်လည်ဖွင့်လှစ် ပေးရန် ရွှေလီမြို့ပါတီကော်မတီအတွင်းရေးမှူးနှင့် ရွှေလီမြို့အစိုးရဌာန ပြည်ပရေးရာတာဝန်ခံတို့ထံ ညှိနှိုင်းအကြောင်းကြားခဲ့ပြီး ကုန်သွယ်မှုလုပ်ငန်းများ ပုံမှန်ဆက်လက်ဆောင်ရွက်ပေးနိုင်ရေးဖြေ ရှင်း ကူညီပေးရန် မြန်မာနိုင်ငံဆိုင်ရာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံးသို့လည်း ညှိနှိုင်းအကြောင်းကြားခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လ ၁၇ ရက်နေ့တွင် မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်ရှိ ပဲ၊ ပြောင်း၊ နှမ်းအသင်း၌ Bank Account များ ပိတ်ထားခြင်း နှင့် ပတ်သက်သည့် ဆွေးနွေးပွဲပြုလုပ်ခဲ့သည်။ ဆွေး နွေးပွဲသို့ လွှတ်တော်ကိုယ်စားလှယ်များ၊ လွှတ်တော် ပြင်ပ၊ အစိုးရအထောက်အကူပြုလူမှုနိုင်ငံရေး အင်အားစုမှ ကိုယ်စားလှယ်များ၊ ပဲ၊ ပြောင်း၊ နှမ်း အသ င်း ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ လူအင်အား ၁၈၀ ခန့်တက်ရောက်ခဲ့သည်။ အဆိုပါဖြစ်စဉ်နှင့်ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇွန်လ ၁၈ ရက်တွင် မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်အထွေထွေ အုပ်ချုပ်ရေးဦး စီးဌာန၊ ခရိုင်အုပ်ချုပ်ရေးမှူးတို့ ဦးစီး၍ ခရိုင်စီမံ ခန့်ခွဲရေးကော်မတီဝင်များသည် ရွှေလီမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန် ဦးစီးအဖွဲ့နှင့် မူဆယ်မြို့၌ တွေ့ဆုံဆွေးနွေးခဲ့ရာ ရွှေလီမြို့ ပြည်သူ့အစိုးရ ဒုတိယမြို့တော်ဝန်မှ တ ရုတ်နိုင်ငံ လွေမုန်ကူးပြည်နယ်၊ အန်ဝေပြည်နယ်နှင့် အတွင်းမွန်ဂိုလီးယားတို့တွင် Online မှ လောင်းကစားလုပ်ငန်းများ လုပ်ကိုင်ပြီး ငွေကြေးများ တရားမဝင်လွှဲပြောင်းခြင်း၊ ငွေသွင်း/ ငွေထုတ်လုပ်ငန်းများ ဆောင်ရွက်နေခြင်း များကြောင့် တစ်ဖက်နိုင်ငံ ရွှေလီမြို့ပေါ်ရှိ ဘဏ်ခွဲများမှ Bank Account  ၃၄၉ ခုအား စစ်ဆေးရန်အတွက် ခေတ္တ ပိတ်ထားခဲ့ရာ မြန်မာနိုင်ငံသားပိုင် Bank Account ၁၃၂ ခုပါဝင်နေကြောင်း သိရှိရသည်။
          အဆိုပါကိစ္စနှင့် ပတ်သက်၍ တရုတ်နိုင်ငံ ပြည်တွင်းလုံခြုံရေးဝန်ကြီးဌာနက တိုက်ရိုက်ကိုင် တွယ်ဖြေရှင်းလျက်ရှိရာ အမှုနှင့်မသက်ဆိုင်သော ဘဏ်စာရင်းများအား စိစစ်ဖြေရှင်းရေးအတွက် အထူးအဖွဲ့ကို ဖွဲ့စည်းထား ခဲ့ကြောင်း တရုတ်နိုင်ငံဘက်မှ အသိပေးခဲ့ပါသည်။ အဆိုပါဖြစ်စဉ်ကို ယူနန်ပြည်နယ် အစိုးရပင်သိရှိခြင်းမရှိဘဲ တိုက်ရိုက်ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း၊ တရုတ်ဘက်မှ ရွှေလီဒုတိယမြို့တော်ဝန်ကို တာဝန်ပေး၍ အမြန်ဆုံး ညှိနှို င်းဆောင်ရွက်ပေးမည်ဖြစ်ကြောင်း တရုတ်ဘက်မှ ဇွန် ၁၈ ရက်တွင် ဆက်သွယ်ပြော ကြားခဲ့သည်။ ထို့နောက် ၂၀၁၇ ခုနှစ် ဇွန်လ ၂၀ ရက် ၁၄း၀၀ နာရီတွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန် ကြီး ဒေါက်တာသန်းမြင့်အား တရုတ်ပြည်သူ့သမ္မတ နိုင်ငံသံရုံးမှ သံရုံးယာယီ တာဝန်ခံ Mr.Chen Chen ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့က လာရောက် တွေ့ဆုံဆွေးနွေးခဲ့ရာ ယူနန်ပြည်နယ်၌ လတ်တလော ဖြစ်ပေါ်နေ သည့် ကုမ္ပဏီလုပ်ငန်းရှင် များ၏ ဘဏ်စာရင်းများ ယာယီပိတ်သိမ်းမှုများတွင် မြန်မာ-တရုတ် နှစ် နိုင်ငံ နယ်စပ်ကုန်သွယ်မှုဆိုင်ရာ ငွေပေးချေမှု ဆောင်ရွက်နေသော မြန်မာနိုင်ငံသား ကုမ္ပဏီလုပ်ငန်းရှင်အချို့၏ ဘဏ်စာရင်းများ ပါရှိ ခဲ့သည်ဟု ကြားသိရ၍ ယူနန်ပြည်နယ်စိုးရနှင့် ပူးပေါင်းပြီး သတင်းထုတ်ပြန်ခဲ့ကြောင်း၊ မိမိတို့ အနေဖြင့် ယခုလိုအင်တာနက်လောင်းကစားမှုများ ပြုလုပ်နေခြင်းကို မလိုလားပါကြောင်း၊ အဆိုပါ ပြဿနာကို နိုင်ငံအသီးသီး မှ စိတ်ဝင်တစား စောင့် ကြည့်နေကြပါကြောင်း၊ ပြဿနာဆက်လက် မကြီး ထွားစေလိုပါကြောင်းနှင့် အဆိုပါပြဿနာသည် တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ ပုံရိပ်ကို ညှိုးနွမ်းစေ နိုင်ပါ ကြောင်း ဆွေးနွေးခဲ့သည်။ ဆက်လက်၍ မိမိ တို့ဘက်မှ ကုန်သွယ်မှု လုပ်ငန်းများကို မှန်မှန်ကန်ကန် ဆောင်ရွက်နေသော်လည်း မသမာသူ ဘဏ်စာရင်းပိုင်ရှင်နှင့် လုပ်ငန်းသဘာဝခြင်း ဆက်ဆံမိသည့်အခါ မိမိတို့ နိုင်ငံဘက်မှ ကုန်သည် လုပ်ငန်းရှင်ဘဏ်စာရင်းအား မသ င်္ကာစရာ ဘဏ်စာရင်းအဖြစ် ယူဆခြင်း ဖြစ်နိုင်ကြောင်း၊ ယင်းပြဿနာအား အမြန်ဆုံး စုံစမ်းစစ်ဆေးစေလိုပါကြောင်း၊ မိမိတို့နိုင်ငံမှ ပါဝင် ပါကလည်း ထိထိရောက်ရောက် အရေးယူ ဆောင် ရွက်မည်ဖြစ်ကြောင်း၊ မသမာသူဘ ဏ်စာရင်း ပိုင် ရှင်များအား တိတိကျကျစုံစမ်း၍ အမြန်ဆုံး အရေးယူပေးစေလိုကြောင်း၊ အဆိုပါပြဿနာကြောင့် နှစ်နိုင်ငံကုန်သွယ်မှု ရပ်တန့်မသွားသော်လည်း အနည်းငယ်တုံ့ဆိုင်းသွားပါကြောင်း၊ တရုတ်ပြည် သူ့သမ္မတနိုင်ငံ ဘဏ်မှ ကုန်ပစ္စည်းများအား မိမိတို့ အနေဖြင့် လွတ်လပ်စွာ တင်ပို့/တင်သွင်းခွင့် ပြု ထားပါကြောင်း၊ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ တင်ပို့လျက်ရှိသော ကုန်ပစ္စည်းများမှာ ဆန်၊ ပြောင်း နှင့် သစ်သီးဝလံများဖြစ်ကြောင်း၊ မိမိတို့ အနေဖြင့် နှစ်နိုင်ငံကုန်သွယ်မှု ပမာဏကို တိုးမြင့်စေလိုပါ ကြောင်း၊ မြန်မာနိုင်ငံမှ ဆန်နှင့်ပြောင်းကို ခွဲတမ်း သတ်မှတ်ချက်မရှိဘဲ တရုတ်နိုင်ငံသို့ တင်ပို့နိုင်ရေး  ဆောင်ရွက်ပေးရန် ညှိနှိုင်းစာပေးပို့လိုပါကြောင်း၊ ယခုကဲ့သို့ ဖြစ် ရပ်များကြောင့် နှစ်နိုင်ငံ ပူးပေါင်း ဆောင်ရွက်သည့် ကိစ္စရပ်များအား မထိခိုက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။
         တရုတ်ပြည်သူ့သမ္မတနိုင်ငံသံရုံး သံရုံး ယာယီတာဝန်ခံက နယ်စပ်ဒေသ၌ လတ်တလော ဖြစ်ပေါ်နေသည့် အခြေအနေများကြောင့် နှစ် နိုင်ငံအကြားချစ်ကြည်ရင်းနှီးမှု ထိခိုက်မှုများ ဖြစ်ပေါ်လာမည်ကို စိုးရိမ်မိပါကြောင်း၊ တရုတ် - မြန်မာ နယ်စပ် ဒေသများရှိ တရားမဝင်လုပ်ငန်းများအား တရုတ်နိုင်ငံဘက်မှ ဖော်ထုတ်ဖမ်းဆီးအရေးယူမှုများ ပြုလုပ်ခဲ့ရာတွင် တရားမဝင်လုပ်ငန်းများအတွက် အသုံးပြုနေသည့် Bank Account ၅၀၀၀ ကျော်ခန့်ကို ဖော်ထုတ်စစ်ဆေး တွေ့ရှိခဲ့ပါကြောင်း၊ ၎င်း Bank Account ၅၀၀၀ ကျော်ထဲမှ ၂၀၀ ကျော် သည် မြန်မာကုန်သည် လုပ်ငန်းရှင်များပါဝင်နေပါ ကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် တရားမဝင် အင်တာနက်လုပ်ငန်းများကို အခြေခံ၍ အင်တာ နက်လောင်းကစားမှု လုပ်ငန်းများနှင့် ငွေကြေးခဝါချမှုများကို လုပ်ကိုင်နေခြင်းကြောင့် တရုတ်နိုင်ငံ၏ပြည်ထဲရေးဝန်ကြီးဌာနမှ ဖော်ထုတ်စိစစ်စုံစမ်း ဆောင်ရွက်နေသည်မှာ တစ်နှစ်ခန့်ကြာမြင့်နေပြီ ဖြစ်ကြောင်း၊  ယင်း ကိစ္စနှင့်ပတ်သက်၍စုံစမ်းစစ် ဆေးမှုလုပ်ငန်းများ၊ နှောင့်နှေးကြန့်ကြာမှုများ မဖြစ်ပေါ်စေရန် ကြိုတင်အသိမပေးခဲ့ခြင်း ဖြစ်ပါ ကြောင်း၊ မိမိအနေဖြင့်လည်း ပြည်ထဲရေးဝန်ကြီး ဌာနသို့ ယခုလိုစုံစမ်းစစ်ဆေးမှုများ ပြုလုပ်လိုသည့် အတွက် နှစ်နိုင်ငံကုန်သွယ်မှု ဆက်ဆံရေးများ ကြန့်ကြာခြင်း၊ ချစ်ကြည်ရင်းနှီးမှုများ ပျက်ပြား နိုင်ကြောင်း၊ အသိပေးပြောကြားခဲ့ပါကြောင်း၊ ယခု ပြဿနာသည် မြန်မာနိုင်ငံ၏ ကုန်သည်လုပ်ငန်း ရှင်များနှင့် တိုက်ရိုက် ဆက်စပ်မှု ရှိမည်ဟု မထင်ပါ ကြောင်း ပြန်လည်ဆွေးနွေးခဲ့သည်။
        ဆက်လက်၍ တရုတ်ပြည်သူ့သမ္မတနိုင်ငံ သံရုံး သံရုံးယာယီတာဝန်ခံက ယခုပြဿနာဖြစ်ရခြင်းသည် မသမာသူများက ကုန်သည်လုပ်ငန်းရှင် များ၏ Account အား အသုံးချ၍ တရားမဝင်လုပ်ငန်းများ၊ ပြဿနာများ ဖန် တီးလိုက်သည်ဟု စုံစမ်းသိရှိရပါကြောင်း၊ မြန်မာကုန်သည် လုပ်ငန်းရှင်များ၏  အခက်အခဲကို နားလည်ပါကြောင်း၊ ကုန်သွယ်မှုလုပ်ငန်းများ ဆက်လက်လည်ပတ်နိုင်ရန် အမြန်ဆုံးဆောင်ရွက်ပေးမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံ ဆက် ဆံရေးနှင့် ကုန်သွယ်မှုလုပ်ငန်းကြန့် ကြာမှုမရှိစေရန်နှင့် ထိခိုက်နစ်နာမှုများမရှိအောင် အစွမ်းကုန် ကြိုးစားပေးမည်ဖြစ်ကြောင်း ဆွေးနွေးပါသည်။ ထို့အပြင် အဆိုပါကိစ္စနှင့် ပတ်သက်၍ ၂၀၁၇ ခုနှစ် ဇွန်လ ၂၂ ရက် နံနက် ၁၀း ၀၀ နာရီ အချိန်တွင် ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ် ဦးဆောင်၍ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ သံရုံးမှ သံမှူးအား လက်ခံတွေ့ဆုံဆွေးနွေးခဲ့သည်။ ထိုကဲ့သို့ တွေ့ဆုံဆွေးနွေးရာတွင် တရုတ်သံမှူးက တရုတ်နိုင်ငံ ရှိ  ပြည်သူ့လုံခြုံရေး(ပြည်ထဲရေး) ဝန်ကြီးဌာနနှင့် ငွေကြေးဆိုင်ရာ ဝန်ကြီးဌာနတို့ ပူးပေါင်း၍ လောင်းကစားမှု မှုခင်းကြီးတစ်ခုအတွက် စုံစမ်းထောက်လှမ်းခဲ့ရာတွင် ပါဝင်ပတ်သက်သူ ၃၀ ဦးခန့်ဖမ်းဆီးခဲ့မိရာ မြန်မာနိုင်ငံသားနှ စ်ဦး ပါရှိနေ ပါကြောင်း၊ မှုခင်းနှင့်ပတ်သက်သည့် ဘဏ်စာရင်းများကို တရုတ်နိုင်ငံ ဥပဒေအရ ယာယီပိတ်သိမ်းလိုက် ကြောင်း၊ ကုန်သွယ်မှုနှင့် မသက်ဆိုင်ပါကြောင်း၊ နှစ်နိုင်ငံအကြား ပူးပေါင်းဆောင်ရွက်ကိစ္စရပ်များ အရှိန်အ ဟုန် ကောင်းမွန်ချိန်တွင် တရုတ်-မြန်မာ ချစ်ကြည်ရေးကို လိုလားသူများရှိသကဲ့သို့ အမြင် မတူသူများလည်းရှိကြောင်း၊ နှစ်ဦးနှစ်ဖက် သတိပြုရန်လိုပါကြောင်း၊ နယ်စပ်ဒေသ၌ ဖြစ်ပွားနေသည့် လောင်းကစားမှုများကို တားမြစ်နို င်ခြင်းဖြင့် နှစ်နိုင်ငံ အတွက် များစွာအကျိုးရှိပါကြောင်း၊ နှစ်နိုင်ငံအကြား ချစ်ကြည်ရင်းနှီးမှု၊   ပူးပေါင်းဆောင်ရွက်မှု၊ ဖွံ့ဖြိုး တိုးတက်မှုကို  သေချာစွာ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ မြန်မာ့လယ်ယာထွက်ကုန်ပစ္စည်းများ အဆင်ပြေစွာ တင်ပို့နိုင်ရေးအတွက် တရုတ်အစိုးရ ထံ တင်ပြပေးမည်ဖြစ်ကြောင်း၊ နှစ်ဦးနှစ်ဖက် ပူးပေါင်း၍ နည်းပညာ၊ စိုက်ပျိုးမှု စသည့် အကူအညီ များလည်း ထောက်ပံ့နိုင်ပါကြောင်း ဆွေးနွေးခဲ့ပါသည်။
          ကုန်သွယ်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်က ဘဏ်စာရင်းများပိတ်သိမ်းမှုနှင့်ပတ်သက်၍ မိမိတို့အနေဖြင့် တရုတ်နိုင်ငံသံရုံးနှင့် နီးနီးကပ်ကပ် ဆောင်ရွက်ခဲ့ပါကြောင်း၊ နှစ်နိုင်ငံ ချစ်ကြည်ရေး ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများတွင်အနှောင့်အယှက် မဖြစ်စေလိုပါကြောင်း၊ ယခုကိစ္စအား သာမန်ကိစ္စဟု သဘောမထားကြောင်း၊ ဆက်လက်၍ ကုန်သွယ်မှုပြုလုပ်ရာတွင် အပိတ်ခံရသည့် ဘဏ်စာရင်းများဖြင့် ကုန်သွယ်မှုမပြုဘဲ အခြားစာရင်းအသ စ်ဖြင့် ဆောင်ရွက်နိုင်သည်ကိုသိရှိပါကြောင်း၊ သို့ရာတွင် ကုန်သွယ်မှုပြုလုပ်နေသည့်ဘဏ်စာရင်းများ အပိတ်ခံရသဖြင့် အဆိုပါဘဏ်စာရင်းများတွင် ကုန်သွယ်မှုဆိုင်ရာ ပေးချေရမည့်ငွေများ ပါဝင်နေ၍ ကုန်သွယ်မှုများ မဆောင် ရွက်နိုင်တော့ဟု ကြားသိရကြောင်း၊ မိမိတို့ နိုင်ငံသည် လယ်ယာထွက်ကုန်ပစ္စည်းများအား တရုတ်နိုင်ငံသို့ အဓိကတင်ပို့လျက်ရှိပြီး တရုတ်နိုင်ငံဘက်မှ ယာဉ်ယန္တရားများ၊ လူသုံး၊ အိမ်သုံးပစ္စည်း များအား အကန့်အသတ်မရှိ တင် သွင်းခွင့်ပြုထား သော်လည်း မိမိတို့၏ လယ်ယာထွက်ကုန်များအား တရုတ်ဘက်မှ ကန့်သတ်ခြင်း၊ ဖမ်းဆီးခြင်း၊ ထိန်းသိမ်းခြင်းတို့ကို ဆောင်ရွက်နေပါကြောင်း၊ အဆိုပါကိစ္စများအား ဒေသနေပြည်သူများ၊ ကုန်သည်လုပ်ငန်းရှင် များအား ထိခိုက်မှုဖြစ်ပေါ်ခဲ့သဖြင့် ယင်းကဲ့သို့ ဆောင်ရွက်မှုများသည် နှစ်နိုင်ငံအကြား ချစ် ကြည်ရေး၊ ပူးပေါင်းဆောင် ရွက်ရေးကိစ္စများအပေါ် အဓိက အကျိုးသက်ရောက်မှု  ရှိနိုင်ပါကြောင်း၊ ယခု ငွေကြေးကိစ္စအပါအဝင် ကုန် သွယ်မှုဆိုင်ရာကိစ္စများ အဆင်ပြေချောမွေ့စေရေး ကူညီဆောင်ရွက်ပေးစေ လိုပါကြောင်း၊ မိမိတို့ဘက်မှလည်း အတတ်နိုင်ဆုံးပူးပေါင်းဆောင်ရွက်မည်ဖြစ်ပါကြောင်း ဆွေးနွေးပါ သည်။
         ထို့အပြင် မိမိတို့၏ လယ်ယာထွက်ကုန်များ တင်ပို့ရာတွင် လွယ်ကူချောမွေ့စေလိုပါကြောင်း၊ ဆန်၊ ပြောင်း၊ သကြားတင်ပို့ရာတွင် တရုတ်ဘက်မှ ဖမ်းဆီးမှုအပေါ် လယ်ယာထွက်ကုန်စိုက်ပျိုးထုတ် လုပ်သူများက ကျေနပ်မှု မရှိကြောင်း၊ ယခင်က ဘဏ်စာရင်းများ ပိတ်သိမ်းမှုရှိခဲ့သော်လည်း ယခုကဲ့သို့ ပြင်းထန်မှု မရှိခဲ့ကြောင်း၊ ယခုဖြစ်စဉ်အား အမြန်ဆုံး စိစစ်၍ ဖြေရှင်းပေးရန်နှင့်ပိတ်သိမ်းထားသည့် ငွေစာရင်းများအား အမြန်ဆုံး ပြန်လည်ဖွင့်လှစ် ပေး နိုင်ရေးအတွက် တရုတ်အစိုးရထံ ပြန်လည်တင်ပြ ပေးပါရန် မေတ္တာရပ်ခံပါကြောင်း၊ မြန်မာ-တရုတ်နှစ် နိုင်ငံအကြားဘက်စုံ ပူးပေါင်းဆောင်ရွက်ရေး နယ်ပယ်မှာ အရှိန်အဟုန်ဖြင့် ဆောင်ရွက်နေခြင်း၊ ငြိမ်းချမ်းရေးကိစ္စများ အပါအဝင် နယ်ပယ်အသီးသီးတွင် ကူညီဆောင်ရွက်နေခြင်းတို့ကြောင့် ကျေးဇူးတင်ရှိပါကြောင်း အပြန်အလှန်ပူးပေါင်းဆောင်ရွက်မှု၊ နားလည်မှုရှိသည့်နိုင်ငံများဖြစ်၍ ဖွံ့ဖြိုးတိုးတက်မှုကိုအတူ မျှဝေခံစားလိုကြောင်းဖြင့် ညွှန်ြ ကားရေးမှူးချုပ်က ဆွေးနွေးပါသည်။ မြန်မာနိုင်ငံသည် LDC နိုင်ငံတစ်နိုင်ငံဖြစ်ရာ မြန်မာနိုင်ငံ၏ လယ်ယာထွက်ကုန်ပစ္စည်း အများဆုံးတင်ပို့နေသည့် အကြီးဆုံးကုန်သွယ်ဖက်နိုင်ငံနှင့် ရင်းနှီးမြှုပ်နှံမှု အများဆုံးနိုင်ငံမှာ တရုတ်နို င်ငံ ဖြစ်သည်။ နှစ်နိုင်ငံကုန်သွယ်မှု ဆောင်ရွက်ရာတွင် နယ်စပ်ကုန်သွယ်မှုမှာ အရေးပါပြီး WTO နှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ သတ်မှတ်ချက် စည်းကမ်းများနှင့် အချို့နေရာများတွင်ကိုက်ညီမှုမရှိပေ။ သို့သော် နယ်စပ် ကုန် သွယ်မှုအား နှစ်နိုင်ငံ အကြား ချစ်ကြည်မှု၊ ပူးပေါင်း ဆောင်ရွက်မှုများအပေါ် အခြေခံ၍ ဆောင်ရွက်ကြခြင်းဖြစ်သည်။ ထိုကဲ့သို့ ဆောင်ရွက်ခြင်းသည် နှစ်နိုင်ငံပြည်သူများ အကျိုးဖြစ်ထွန်းမှုကို များစွာအကျိုးသက်ရောက်မှု ရှိသ ည်။ မြန်မာ-တရုတ် ကုန်သွယ်မှုသည် အခြား နိုင်ငံများနှင့်မတူသော ထူးခြားသည့်ဆောင်ရွက်မှု ဖြစ်ရာ အဓိကအရေးကြီးသည့်ကိစ္စရပ်မှာ ဘဏ်ကိစ္စများဖြစ်ပြီး နှစ်နိုင်ငံဘဏ်အချင်းချင်း တရားဝင် ငွေလွှဲခြင်း၊ ငွေပို့ခြင်း များဖြင့် ဆောင်ရွက်နိုင်ရန် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ စီမံကိန်းနှင့် ဘဏ္ဍာ ရေးဝန်ကြီးဌာနတို့နှင့် ညှိနှိုင်းဆောင်ရွက်လျက်ရှိ ကြောင်း သိရသည်။ နှစ်နိုင်ငံအကြား တရားဝင် ဘဏ်များဖြင့် ဖွင့်လှစ်ဆောင်ရွက်နိုင်ပါက ယခုကဲ့သို့ သော ကိစ္စရပ်များ ဖြစ်ပေါ်နိုင်တော့မည်မဟုတ်ပေ။ အဆိုပါဖြစ်ရပ်နှင့် ပတ်သက်၍ နှစ်နိုင်ငံမှတာဝန်ရှိသူများ ပူးပေါင်းညှိနှိုင်းဆောင်ရွက်ခဲ့မှု ကြောင့် ဇွန်လ ၂၃ ရက် ညနေ ၆ နာရီခန့်တွင် မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန် ကုန်သ ည် လုပ်ငန်းရှင်များ၏ သတင်းပေးပို့ချက်အရ ယာယီပိတ်သိမ်းထား သော မြန်မာနိုင်ငံမှ ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ၏ ဘဏ်စာရင်းများအား  ပြန်လည်ဖွင့်လှစ်ပေး ခဲ့ကြောင်း သတင်းရရှိပါသည်။

 

 

မြတ်စိုး