Main menu

Background

ပြည်ပကုန်သွယ်မှု အမေရိကန်ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံရောက်ရှိ ယခင်နှစ်ကာလတူထက် ပို့ကုန်သွင်းကုန်အမေရိကန်ဒေါ်လာ ၁ ဒသမ ၆ ဘီလီယံပိုမို

Wed, 08/02/2017 - 09:18 -- journal_editor

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် နိုင်ငံတော်၏စီးပွားရေး ပိုမို ကောင်းမွန်လာရန်အတွက် လုပ်ဆောင်လျက်ရှိရာမှာ ပို့ကုန်မြှင့်တင်ရေးကို အဓိကဦးစားပေးပြီး လုပ်ဆောင်လျက်ရှိပါတယ်။ပို့ကုန်ကဏ္ဍ တွင် ယခုလက်ရှိပမာဏထက် သုံးဆအထိတိုးတက်တင်ပို့နိုင်ရေးအတွက် အစိုးရသစ်အနေဖြင့် စီးပွားရေးမူဝါဒများ ချမှတ်၍လုပ်ဆောင်လျက်ရှိပါတယ်။ ယင်းသို့လုပ်ဆောင်လျက်ရှိရာတွင် ကုန်သွယ်ရေးဦးစီးဌာနအနေဖြင့်  ကုန် သွယ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို ဖြေလျှော့ပေးခြင်း၊ကန့်သတ်ထားသော ပို့ကုန်အမယ်များကို ဖြေလျှော့ပေးခြင်း၊ ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးကော်မတီကို ဖွဲ့စည်းပြီး က ဏ္ဍအသီးသီးမှာ ရင်ဆိုင်ကြုံတွေ့နေရတဲ့ အခက်အခဲများကို ပူးပေါင်းဖြေရှင်းပေးလျက် ရှိပါတယ်။ အဲဒီလိုဆောင်ရွက်မှုများကြောင့် မြန်မာ နိုင်ငံရဲ့ကုန်သွယ်မှုအခြေအနေဟာ ဘဏ္ဍာနှစ်တစ်နှစ်ထက်တစ်နှစ် တိုးတက်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ ပြည်ပကုန်သွယ်မှု အခြေအနေဟာ ၂၀၁၇-၂၀၁၈ ဘ ဏ္ဍာနှစ် (ဧပြီလမှ ဇူလိုင်လ တတိယပတ်ထိ) ပို့ကုန်တန်ဖိုး အမေရိ ကန်ဒေါ်လာ ၃ ဒသမ ၉ ဘီလီယံခန့်၊ သွင်းကုန် တန်ဖိုး အမေရိက န်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံ ဖြစ်တဲ့အတွက် ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၉ ဒသမ ၅ ဘီလီယံ ဆောင်ရွက်နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် ပို့ကုန်သုည ဒသမ ၇ ဘီလီယံ၊ သွင်းကုန်သုညဒသမ ၉ ဘီလီယံ အပါ အဝင် ကုန်သွယ်မှု ၁ ဒသမ ၆ ဘီလီယံပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာန မှထုတ်ပြန်တဲ့ စာရင်းဇယားများအရ သိရှိရပါ တယ်။
          ပြည်ပပို့ကုန်ကဏ္ဍကို ကြည့်မယ်ဆိုရင် ဒီနှစ်မှာ လယ်ယာထွက်ကုန်ပစ္စည်း တင်ပို့မှုက အမေ ရိကန်ဒေါ်လာ ၁၀၀၈ သန်းကျော် တင်ပို့နိုင်ခဲ့ပါတယ်။ အဓိကတင်ပို့ခဲ့တဲ့ လယ်ယာထွက်ကုန် ပစ္စည်းတွေကတော့ ပဲမျိုးစုံတန် ချိန် ခြောက်သိန်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာသန်း ၄၇၀၊ ဆန်နှင့် ဆန်ကွဲ တန်ချိန် ကိုးသိန်းခန့်၊ တန်ဖိုး အမေရိကန်ဒေါ်လာ၂၅၆ သန်း၊ ရော်ဘာတန်ချိန် လေးသောင်းကျော်၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၆၅ သန်း၊ သစ်သီး ဝလံမျိုးစုံတန်ချိန် သုံးသိန်းကျော်၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၆၈ သန်းနဲ့ ပြောင်း တန်ချိန် ၃ ဒသမ ၇သိန်း၊ တန်ဖိုး   အမေရိကန် ဒေါ်လာ ၆၈ သန်း တင်ပို့နိုင်ခဲ့ပါတယ်။ ယခုလက်ရှိ စာရင်းဇယားများအရ မြန်မာနိုင်ငံရဲ့ ဆန်နှင့် ဆန်ကွဲတင်ပို့မှုဟာ ယခင်နှစ်ကာလတူထက် တန်ချိန် ၅ ဒသမ ၂ သိန်းကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၁၄၂ သန်း  ပိုမိုတင်ပို့နိုင်ခဲ့ပြီး လယ်ယာကဏ္ဍတင်ပို့မှုရဲ့အဓိကနေရာမှာ ရောက်ရှိနေတာကိုတွေ့ရပါတယ်။ ပြောင်းတင် ပို့မှုမှာလည်း ယခင် နှစ်ကထက်တန်ချိန်နှစ် သိန်းကျော်၊ တန်ဖိုးအမေရိကန် ဒေါ်လာ ၃၁ သန်း ပိုမိုတင်ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ ယခုဇူလိုင်လတတိယပတ်အတွင်း သဘာ၀ ဓာတ်ငွေ့တန်ဖိုး အမေရိကန်ဒေါ်လာ ၇၈၆ သန်း တင်ပို့နိုင်ပြီး၊ ပြည်ပပို့ကုန်  တင်ပို့မှုတွင် ဒုတိယ နေရာမှာရှိနေကြောင်း၊ CMP စနစ်ဖြင့် ချုပ်ပြီး အထည်တင်ပို့မှုက တန်ဖိုး အမေရိကန်ဒေါ်လာ ၆၉၂ သန်းနဲ့တတိယနေရာမှာ ရှိနေပါတယ်။  ယခု နှစ်မှာလည်း ရေထွက်ပစ္စည်း၊   သစ်တောထွက် ပစ္စည်းနှင့်တိရစ္ဆာန်ထွက်ပစ္စည်းများကို ယခင်နှစ်များအတိုင်း အနည်းငယ်သာ တင်ပို့နိုင်ခဲ့ပါတယ်။
        ယခုနှစ်ပို့ကုန်ကဏ္ဍမှာ ယခင်နှစ်ကာလတူထက် ထူးထူးခြားခြား တင်ပို့မှုအနေနဲ့ သတ္တု တွင်းထွက်ပစ္စည်းတင်ပို့မှုဟာ ယခုနှစ် ဇူလိုင်လ တတိယပတ်အထိ အမေရိကန်ဒေါ်လာ ၃၂၅ သန်းဖိုး တင်ပို့နိုင်ပြီး ယခင်နှစ်ကာလ တူက အမေ ရိကန်ဒေါ်လာ ၈၄ သန်းသာ တင်ပို့နိုင်တဲ့အတွက် အမေရိကန်ဒေါ်လာ ၂၄၂ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ သတ္တုတွင်းထွက်ပစ္စည်း တင်ပို့မှုကို အသေးစိတ်လေ့လာကြည့်တဲ့အခါ သတ္တုနှင့်သတ္တုရိုင်းများ တင်ပို့မှုဟာ ယခုဘဏ္ဍာနှစ်  ဧပြီလမှ ဇူလိုင်လ တတိယပတ်ထိ အမေရိကန်ဒေါ်လာ ၁၈၃ သန်း ဖိုးတင်ပို့နိုင်ပြီး ယခင်နှစ်ကာလတူက အမေရိကန် ဒေါ်လာ ၆၁ သန်းသာ တင်ပို့နိုင်တဲ့အတွက် ယခုနှစ်မှာ အမေရိကန်ဒေါ်လာ ၁၂၂ သန်းဖိုး ပိုမို တင်ပို့နိုင်ခဲ့ပါတယ်။ သတ္တုတွင်းထွက်ပစ္စည်းများကို နိုင်ငံပေါင်း ၁၃ နိုင်ငံသို့  တင်ပို့နိုင်ခဲ့ပြီး တင်ပို့တဲ့ ဈေးကွက်မှာ ထူးခြားစွာ ပြောင်းလဲမှုမရှိသော်လည်း သတ္တုနှင့်  သတ္တုရိုင်းပစ္စည်း အမျိုးအစားများနဲ့ အရေအတွက် ပိုမိုတင် ပို့နိုင်ခဲ့တာကို တွေ့ရပါတယ်။ အရေအတွက် ပိုမိုတင်ပို့ခဲ့တဲ့နိုင်ငံတွေကတော့ တရုတ်၊ မလေးရှား ၊ ထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ ဖြစ်ပါတယ်။ အခြားသတ္တုတွင်းထွက်ပစ္စည်းများ တင်ပို့မှု အနေဖြင့် ယခုနှစ် ဧပြီလမှဇူလိုင်လ တတိယ ပတ်ထိ အမေရိကန်ဒေါ်လာ ၁၁၉ သန်းဖိုး တင်ပို့ခဲ့ပြီး ယခင်နှစ်ကာလတူက အမေရိကန်ဒေါ်လာ ၃ သန်းဖိုးသာ တင်ပို့ခဲ့တဲ့အတွက် အမေရိကန် ဒေါ်လာ ၁၁၆ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ အခြားသတ္တုတွင်းထွက်ပစ္စည်းများကို တင်ပို့ ခဲ့တဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံရှိပြီး ယခင်နှစ်ထက် ငါးနိုင်ငံ ပိုမိုတင်ပို့ခဲ့ပါတယ်။  အဓိကအများဆုံးတင်ပို့ခဲ့တဲ့ နိုင်ငံကတော့ တရုတ်နိုင်ငံဖြစ်ပါတယ်။
         သွင်းကုန်တင်သွင်းမှုမှာ  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ဧပြီလမှ ဇူလိုင်လတတိယပတ်ထိ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၅ ဒသမ ၆ ဘီလီယံရှိပြီး ယခင်နှစ်ကာလတူက သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၄ ဒသမ ၇ ဘီလီယံ သာရှိတဲ့အတွက် သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ကိုးဘီလီယံ ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။ အဓိကတင်သွင်းတဲ့ပစ္စည်းတွေကတော့ ရင်းနှီး မြှုပ်နှံမှုပစ္စည်းတွေဖြစ်တဲ့ စက်နှင့်စက်ပစ္စည်း  အမေရိကန်ဒေါ်လာ ၃၇၄ သန်း၊ သံနှင့်သံမဏိ ဆောက်လုပ်ရေးပစ္စည်း အမေရိကန်ဒေါ်လာ ၄၂၂ သန်း၊ တယ်လီဖုန်းနှင့် ဆက်သွယ်ရေးပစ္စည်းများ  အမေရိကန်ဒေါ်လာ ၁၃၆သန်း၊ မော်တော်ယာဉ် နှင့် မော်တော်ယာဉ် အပိုပစ္စည်းများ  အမေရိကန် ဒေါ်လာ သန်း ၄၇၀ ဖြစ်ပြီး လုပ်ငန်းသုံးကုန်ကြမ်း ပစ္စည်းများဖြစ်တဲ့ ရေနံထွက်ပစ္စည်း အမေရိကန် ဒေါ်လာ ၉၂၂ သန်း၊ ပလပ်စတစ်ကုန်ကြမ်းပစ္စည်း အမေရိကန်ဒေါ်လာ ၁၇၇ သန်း ၊ဓာတ်မြေသြဇာ အမေရိကန်ဒေါ်လာ သန်း ၁၀၀ ၊ ဓာတုဗေဒချည် ခင်များ အမေရိကန်ဒေါ်လာ ၁၁၃ သန်း ဖြစ်ပါတယ်။ လူသုံးကုန်ပစ္စည်းအနေဖြင့် ဆေးဝါးပစ္စည်းများကို အဓိကအများဆုံးတင်သွင်းခဲ့ပြီး အမေ ရိကန်ဒေါ်လာ ၁၆၁ သန်းဖိုးအထိ တင်သွင်းခဲ့တာကို တွေ့ရ ပါတယ်။ ပြည်ပမှ တင်သွင်းလာသောကုန်စည် ပမာဏများပြားလာခြင်းကြောင့် ပြည်တွင်းရှိ အလားတူ ကုန်စည်ထုတ်လုပ်သူများ ထိခိုက်နစ်နာမှု ဖြစ်ပေါ်ခြင်းမှ ကာကွယ်ကုစားနိုင်ရန်အတွက် သွင်းကုန်ပမာဏ မြင့်တက်ခြင်း မှ  ကာကွယ် ပေးမှုဥပဒေ (မူကြမ်း) (Safeguard  Law  on Increased  Import) အား ရေးဆွဲလျက်ရှိပြီး လျှော့ ဈေးဖြင့် စုပုံတင်ပို့ ခြင်းနှင့် အစိုးရထောက်ပံ့မှုရယူ တင်ပို့ခြင်းတို့ ကြောင့် ဖြစ်ပေါ်လာသော ပြည်တွင်း ကုန်စည် ထုတ်လုပ်သူများ၏ ထိခိုက်နစ်နာမှုကို ကာကွယ်ကုစားပေးမှု (Antidumping  and Countervailing  Law) ဥပဒေ(မူကြမ်း) အား  ရေးဆွဲလျက်ရှိပါ တယ်။    
          စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့် ခိုင်မာသော ဈေးကွက်ရှာဖွေ နိုင်ရေးအတွက်  ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့တွင် အမြဲတမ်းကိုယ်စားလှယ်တစ်ဦးနှင့် တရုတ်၊ အိန္ဒိယ၊ ထိုင်း၊ စင်ကာပူ၊ ဂျပန်၊ ကိုရီး ယား၊ ဟောင် ကောင်၊ ဆွစ်ဇာလန်၊ ဘယ်လ်ဂျီယံနိုင်ငံတို့သို့ စီးပွားရေးသံမှူးများစေလွှတ်၍ စီးပွားရေးသံမှူးများအား သက်ဆိုင်ရာ နိုင်ငံအလိုက် ဈေးကွက်အခြေအနေများအား စုံစမ်းထောက်လှမ်းခြင်းနှင့် ဈေးကွက်ရရှိရေး ညှိနှို င်းဆွေးနွေးခြင်းများဆောင်ရွက်စေခဲ့ပါတယ်။ စီပွားရေးသံမှူးများက ပေးပို့တဲ့ ဈေးကွက်အခြေအနေနဲ့ အစီရင်ခံစာများကို ပြည်တွင်းလုပ်ငန်းရှင်များသိရှိပြီး ဈေးကွက်သေချာ သည့်သီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်စေရန်အတွက် စီး ပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန website ဖြစ်သည့် www.commerce.gov.mm နဲ့ Commerce Journal တို့တွင် ဖော်ပြပေးလျက်ရှိပါတယ်။ ဒါ့အပြင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန အနေဖြင့် မည်မျှပင် ကုန် သွယ်မှု အဆင်ပြေချောမွေ့စေရေးအတွက် ပေါင်း စပ်ညှိနှိုင်းဖြေရှင်းဆောင်ရွက်ပေးနေသော်လည်း စိန်ခေါ်မှု အခက်အခဲများနှင့် ရင်ဆိုင်နေရဆဲပင် ဖြစ်ပါတယ်။ အဲဒီစိန်ခေါ်မှုတွေကတော့ နိုင်ငံရဲ့ အဓိ က တင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်းများကို စိုက်ပျိုးထုတ်လုပ်တင်ပို့ရာမှာ ရာသီဥတု၊ သဘာဝဘေး အန္တရာယ်များ ကျရောက်ခြင်း၊ သွင်းအားစုကုန်ကျစရိတ်မြင့်မားခြင်း၊ သီးနှံမျိုးကောင်း မျိုးသန့်ရရှိရန်လိုအပ်ခြင်း၊ စိုက်ပျိုး ထုတ်လုပ်မှု ကုန်ကျစရိတ်များမြင့်မားခြင်း၊ အရည်အသွေးမြင့် ထုတ်ကုန်များ (Value Added) ထုတ်လုပ်မှု နည်းပါးခြင်း၊ နိုင်ငံတကာဈေးကွက်နှင့် ဝယ်လိုအားအပေါ် တည်မှီနေရခြင်း၊ ခေတ်မီစိုက်ပျိုးရေး နည်း စနစ်များ၊ ရိတ် သိမ်းမှုစနစ်များ၊ ထုတ်လုပ်မှု စနစ်များ လိုအပ်နေခြင်းစတဲ့ အချက်များဟာ လက်ရှိလယ်ယာထွက်ကုန် စိုက်ပျိုးထုတ်လုပ် တင်ပို့ ရောင်းချရာမှာ ရင်ဆိုင်နေရတဲ့ အခက်အခဲများ စိန်ခေါ်မှုများပဲ ဖြစ်ပါတယ်။ ကုန်ထုတ်လုပ်မှု တိုးတ က်ရေးအတွက် အဓိကစိန်ခေါ်မှုတစ်ရပ်ကတော့ စက်ရုံပိုင်ရှင်၊ ကုန်သည်လုပ်ငန်းရှင်များရဲ့ ငွေရေးကြေးရေး (Financing) ရရှိရေး အခက်အခဲပဲဖြစ်ပါတယ်။ ထုတ်လုပ်သောပစ္စည်းများ အရည်အသွေးကောင်း၊ စံချိန်မီပစ္စည်းများ ရရှိရေးအတွက် ဘဏ္ဍာငွေ တောင့်တင်းရန် လိုအပ်လှပါတယ်။ နိုင်ငံတော် အစိုးရအနေဖြင့် ကုန်ထုတ်လုပ်မှု လုပ်ငန်းများအား ယခုထက် ပိုမိုတိုးတက်ပြီး ပို့ကုန်သုံးဆမြှင့် တင်နိုင်ရေးအတွက် လိုအပ်လျက်ရှိတဲ့ နည်းပညာ၊ ငွေေ ရးကြေးရေး အခက်အခဲများအား ဖြေရှင်းပေး ဖို့လိုအပ်လျက်ရှိနေပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်  ကြီးဌာနသည် ရင်ဆိုင်နေရသည့် စိန်ခေါ်မှုများ ၊အခက်အခဲများကို သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ အသင်း အ ဖွဲ့များ၊ ကုန်သည်လုပ်ငန်းရှင်များ ၊အာဆီယံဒေသတွင်း နိုင်ငံများနှင့်သာမက အိမ်နီးချင်းနိုင်ငံများရှိ အစိုးရများနှင့် ပူးပေါင်းညှိနှိုင်း ဆောင်ရွက်မှုများရဲ့ရလဒ်များကြောင့် ယခုလို ကုန်သွယ်မှုများ ပိုမိုတိုးတက်အောင်ဆောင်ရွက် နိုင် တာဖြစ်ပါ တယ်။