Main menu

Background

အိန္ဒိယနိုင်ငံ၏ ပဲတင်ပို့မှု မူဝါဒအပြောင်းအလဲနှင့် အနာဂတ်အလားအလာ

Mon, 10/23/2017 - 11:52 -- journal_editor

       အိန္ဒိယနိုင်ငံသည် နိုင်ငံအတွင်း ဖြစ်ပေါ်လျက်ရှိသည့် ပဲဈေး နှုန်းများနိမ့်ကျလာမှုကို အထောက်အကူပြုစေရန်အတွက် ပြည်တွင်းသို့ ပဲတင်သွင်းမှု ကန့်သတ်ချက်ကို ပြီးခဲ့သည့် သြဂုတ်လအတွင်းက ထုတ်ပြန်ခဲ့သည်။ ယ င်းကဲ့သို့ ထုတ်ပြန်ခဲ့ပြီးနောက် အိန္ဒိယနိုင်ငံ၏ စီးပွားရေး အကြံပေးအရာရှိချုပ် Arvind Subramanian က အိန္ဒိယနိုင်ငံအနေ ဖြင့် ပဲတင်ပို့မှုမူဝါဒကို ကန့်သတ်လိုက်သော်လည်း နိုင်ငံတကာဈေး ကွက်နှင့် ဈေးနှုန်းကန့်သတ်မှုရှိေ နခြင်း၊ ပို့ကုန်အတွက် ယှဉ်ပြိုင်နိုင်စွမ်းနိမ့်ကျခြင်း၊ ပို့ကုန်တင်ပို့ခွင့်တွင် အခြားပဲအမျိုးအစားများအား တင်ပို့ခွင့်မပြုခြင်းစသည့် အကြောင်းအရာများကြောင့် ပဲတင်ပို့ခွင့် မူဝါဒအပြောင်းအလဲ၏ အသီးအပွင့်ကို ခံစားရန်မှာ အချိန် ယူရဦး မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထို့ပြင် လွန်ခဲ့သည့်တစ်နှစ်ခန့် ကတည်းက ပဲတင်ပို့မှုကန့်သတ်ချက်ကို ဖယ်ရှားသင့်သည်ဟု စူဘရာမန်းနီးယန်က ထုတ်ဖော်ပြော ကြားခဲ့ပြီးနောက် အိန္ဒိယအစိုးရသည် ပဲတင်ပို့မှု တားမြစ်ချက်ကို ၂၀၁၇ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် အဆုံးသတ်လိုက်ပြီဖြစ်သည်။ အဆိုပါပဲတင်ပို့မှုကန့်သတ်ချက်ကို ဖယ်ရှားသည့်အမိန့်သည် အိန္ဒိယ  နိုင်ငံသို့ မတ်ပဲ၊ ပဲတီစိမ်းနှင့် ပဲစင်းငုံ တင်သွင်းခြင်းအား  ကန့်သတ် လိုက်သည့် အမိန့်ထုတ်ပြန်ပြီးနောက် ထွက်ပေါ်လာခြင်းဖြစ်သည်။ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၀၆-၂၀၀၇ ဘဏ္ဍာနှစ်က မတ်ပဲ၊ ပဲတီစိမ်း၊ ပဲနီလေး၊ ပဲစင်းငုံနှင့် ကုလားပဲတို့ကို ပြည်ပနိုင်ငံအသီးသီးသို့ တင်ပို့ခဲ့သည်။ သို့သော် ၂၀၁၆-၁၇ ဘဏ္ဍာနှစ်တွင် အခြားနိုင်ငံ များမှ တင်သွင်းလာသည့် ပဲတန်ချိန် ၆ ဒသမ ၆ သန်းနှင့် ပြည်တွင်းမှ စိုက်ပျိုးထွက်ရှိသည့်ပဲတန်ချိန် နှစ်ရပ်ပေါင်းမှာ တန်ချိန် သန်း ၃၀ နီးပါးအထိ ရှိလာခဲ့သည်။ ယင်းဖြစ်ရပ်ကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ပဲများကို ပြန်လည်တင်ပို့နိုင်သည့် အနေအထားတစ်ရပ်တွင် ရှိနေခဲ့ သည်။
          အိန္ဒိယနိုင်ငံတွင် တစ်နှစ်လျှင် ပဲစားသုံးမှု တန်ချိန်မှာ၂၂ သန်းရှိရာ ရှစ်တန်ခန့်မှာ ပိုလျှံနေသည်ဟုဆိုသည်။ အိန္ဒိယနိုင်ငံအနေဖြင့် ပို့ကုန်တားမြစ်ချက်ကို ဖယ်ရှားလိုက်သော်လည်း  Agricultural and Processed Food Products Export Development Authority (APEDA) သို့ ပဲတင်ပို့သူများ၏စာရင်း ပေးသွင်းမှုမှာ တန်ချိန် ၂၀၀ သာရှိသေးသဖြင့် ပဲတင်ပို့မှု အလား အလာကောင်းလာစေရန် လိုအပ်ချက်များအားဆက်လက်လုပ် ဆောင်ကြရ ဦးမည်ဖြစ်သည်ဟုဆိုသည်။ အိန္ဒိယအစိုးရအနေဖြင့် ပို့ကုန်တင်ပို့ခွင့်ကို ပြန်လည်ခွင့်ပြု ထားသော်လည်း ပဲအမျိုးအစားအားလုံးကို ခွင့်ပြုထားခြင်းမရှိဘဲ မတ်ပဲ၊ ပဲတီစိမ်းတို့ကိုသာ ခွင့်ပြုထားသဖြင့် အခြားသော ပဲအမျိုးအစား များကိုလည်း တင်ပို့ခွင့်ပြုသင့်ကြောင်း၊ လက်ရှိဖြစ်ပေါ်နေသည့် ပဲဈေးနှုန်းများအရ အာဖရိကနှင့် မြန်မာနိုင်ငံတို့မှ ပဲဈေးနှုန်းများသည်  အိန္ဒိယမှပဲဈေးများထက် ပိုမိုသက်သာနေသည့်အတွက် ပဲတင်ပို့ခြင်းသည် တွက်ခြေမကို က်သည့် လုပ်ငန်းတစ်ခုပင်ဖြစ်ကြောင်း မွမ်ဘိုင်း ရှိ ပို့ကုန်လုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်။ ထို့ပြင် နိုင်ငံတွင်း၌ မိုးခေါင်မှုများ  ထပ်မံဖြစ်ပေါ်လာပါက ပဲထုတ်လုပ်မှု လျော့ကျလာနိုင်သဖြင့် အစိုးရကပို့ကုန်  တားမြစ်ချက် ကို တစ်ဖန်ပြန်လည်ထုတ်ပြန်လာနိုင်ကြောင်း၊ ပဲတင်သွင်းခွင့်ကန့် သတ်ချက်ကိုလည်း ပြန်လည်ပြင်ဆင်လာမည်ကို စိုးရိမ်လျက်ရှိ ကြောင်း၊ အစိုးရအနေဖြင့်ပို့ကုန်တားမြစ်ချက်များ ရှိလာပါက ဆုံးရှုံးမှုများဖြစ်ပေါ်လာနိုင်သဖြင့် ပို့ကုန်အတွက် စာချုပ်ချုပ်ဆိုရန်မှာ အဆင်မပြေနိုင်ကြောင်း အခြားသောပို့ကုန်လုပ်ငန်းရှင်တစ်ဦးက  ပြောကြားခဲ့သည်။
          အိန္ဒိယနိုင်ငံသည် ပဲတင်ပို့မှုကို ဆယ်စုနှစ်တစ်စုကြာတား မြစ်ပိတ်ပင်ခဲ့သဖြင့် ပြည်တွင်းပဲဈေးကွက်သည်  ထုတ်လုပ်မှုနှင့်တင်သွင်းမှုပေါ်မူတည်၍ စားသုံးသူဈေးကွက်ဖြစ်ပေါ်ခဲ့ကာ ပြည်တွင်းပဲ ဈေးကွက်နှင့် ဈေးနှုန်း သည် ပြည်တွင်းလိုအပ်ချက်နှင့် ပဲရရှိနိုင်မှု အပေါ်မူတည်၍ ဖြစ်ပေါ်ခဲ့သည်။ အိန္ဒိယနိုင်ငံသည် ကမ္ဘာပေါ်တွင် ပဲအများဆုံး ထုတ်လုပ်သည့် နိုင်ငံဖြစ်သည့်အပြင်ပဲအများဆုံးစားသုံးသည့်  နိုင်ငံလည်းဖြစ်ရာ နိုင်ငံတကာပဲဈေးနှုန်း သည် အိန္ဒိယပြည်တွင်းပဲဈေးနှုန်းနှင့် လိုက်ပါချိန်ထိုး၍ ပြောင်းလဲနေခြင်းဖြစ်သည်။ သို့သော် အိန္ဒိယနိုင်ငံ၏ ပြည်တွင်းပဲဈေးနှုန်းသည် ၂၀၁၅ ခုနှစ်ကုန်ပိုင်းအထိ နိုင်ငံတကာ ပဲဈေးနှုန်းအောက်တွင်သာရှိနေခဲ့သည်။ ၂၀၁၅ ခုနှ စ်တွင် အိန္ဒိယနိုင်ငံ၌ မိုးခေါင်မှုများဖြစ်ပေါ်ခဲ့သဖြင့် ပြည်တွင်း ပဲထုတ်လုပ်မှုများ ကျဆင်းခဲ့ရာ အိန္ဒိယနိုင်ငံ၏ ပြည်တွင်း ပဲဈေးနှုန်းသည် နိုင်ငံတကာ၏ ပဲဈေးနှုန်းထက် မြင့်မားလျက်ရှိ ကြောင်း အိန္ဒိယနိုင်ငံ စိုက်ပျိုးရေး ဝန်ကြီး ဌာန၏သတင်းအချက် အလက်များအပေါ် အခြေခံ၍ ကျွမ်းကျင်သူတို့က သုံးသပ်ခဲ့သည်။ အိန္ဒိယနိုင်ငံတွင် ပဲဈေးနှုန်းများသည် ရာသီဥတုအခြေအနေ နှင့် ထုတ်လုပ်မှုအပေါ် အခြေခံ၍ ပြောင်းလဲဖြစ်ပေါ်လေ့ရှိသည်။ မိုးခေါင်ေြ ခာက်သွေ့၍ ပဲအထွက်နှုန်းနည်းသည့်နှစ်တွင် ပဲဈေးနှုန်း များ အဆမတန်မြင့်တက်လေ့ရှိသည်။ သို့သော် ပဲဈေးနှုန်းများမြင့် တက်လာမှုကို အကြောင်းပြုကာ တောင်သူများသည် ပဲစင်းငုံအပါ အဝင် အခြားသောပဲအမျိုးမျိုးကို ယခင်နှစ်များကထက် ပိုမိုစိုက်ပျိုး ခဲ့ကြသဖြင့် ထိုနှစ်တွင် ပဲဈေးနှုန်းများ ပြန်လည်ကျဆင်းလာခဲ့ရသည်။ ဥပမာအားဖြင့် ပြရမည်ဆိုလျှင် ၂၀၁၅ခုနှစ်က အိန္ဒိယနိုင်ငံ၌ မိုးခေါင်ခြောက်သွေ့ခဲ့ရာ ပဲစင်းငုံအပါအဝင် အခြားပဲများ၏  ထုတ် လုပ်မှုများကျဆင်းခဲ့သဖြင့် ပဲဈေးနှုန်းများ နှစ်ဆခန့်မြင့်တက်ခဲ့သည်။
          သို့သော် ၂၀၁၆ခုနှစ်တွင်မူ ၂၀၁၅ ခုနှစ်က ပဲဈေးကောင်းမှုကို အကြောင်းပြု၍ ပိုမိုတိုးချဲ့စိုက်ပျိုးခဲ့ကြသဖြင့် ပဲစိုက်ဧက ၅၀ ရာခိုင် နှုန်းမြင့်တက်ခဲ့သည်။ ပဲစင်းငုံထွက်ရှိမှုမှာလည်း မြင့်တက်ခဲ့ကာ တန် ချိန် ၄ ဒသမ ၈ သန်းအထိ ရှိလာခဲ့သည်။ ၂၀၁၆ခုနှစ် စက်တင်ဘာလမှ ၂၀၁၇ ခုနှစ်စက်တင်ဘာလအထိ ကင်နာတာကာပြည်နယ်ရှိဂူလ်ဘာဂါလက်ကားဈေး၌ မပြုပြင်မကြိတ်ခွဲရသေးသည့် ပဲစင်းငုံလက်ကားဈေးမှာတစ်တန်လျှင် ရူပီး ၇၀၀၀ မှ ရူပီး ၄၅၀၀ သို့ ကျဆင်းခဲ့ပြီး မွမ်ဘိုင်းလက်ကားဈေးကြီး တွင်မူ ပဲစင်းငုံကြိတ်ခွဲပြုပြင်ပြီး လက်ကားဈေးမှာ တစ်ကီလိုလျှင် ၁၁၅ ရူပီးမှ ၇၅ ရူပီးအထိကျဆင်းခဲ့သည်။ ထို့ပြင် အလီဘာဘာအွန်လိုင်း ဈေးကွက်၌ ပဲစင်းငုံ လက် ကား ဈေးသည် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၂၅၀မှ ၄၀၀ ကြား (တစ်ကီလိုဂရမ်လျှင် ၁၆ရူပီးမှ ၂၆ ရူပီးကြား)သာရှိပြီး နိုင်ငံတကာ ဈေးကွက်တွင်လည်း အိန္ဒိယနိုင်ငံ၏ ပေါက်ဈေးထက် လျော့နည်း လျက်ရှိကာ တန်ဇန်း နီးယားမှ တင်သွင်းသည့် ပဲတီစိမ်းဈေးသည် ကီလိုဂရမ် ၁၀၀ လျှင် ရူပီး ၄၁၀၀ ရှိပြီး မာလာဝီမှ တင်သွင်းသည့် ပဲစင်းငုံဈေးသည် ကီလိုဂရမ် ၁၀၀လျှင် ရူပီး ၃၃၀၀ သာရှိသည်ဟု ဆိုသည်။ ထို့ကြောင့် အိန္ဒိယနိုင်ငံတွင် ပြည်ပမှ တင်သွင်းသည့် ပဲစင်းငုံ၏ပျမ်းမျှဈေးနှုန်းသည် ၂၀၁၇ခုနှစ် ဧပြီလမှ ဇွန်လအတွင်း တစ်ကီ လိုဂရမ်လျှင် ရူပီး ၄၀ သာရှိခဲ့ပြီး ၂၀၁၆ခုနှစ် ဧပြီလမှ ဇွန်လအတွင်း တစ်ကီလိုဂရမ်လျှင် ၈၂ ရူပီးရှိခဲ့ကြောင်း သိရသည်။ ထို့ပြင် ကနေ ဒါ နိုင်ငံအနေဖြင့် ပဲနီလေးနှင့် ပဲတီစိမ်းထုတ်လုပ်မှု တိုးတက်ခဲ့သဖြင့် အိန္ဒိယနိုင်ငံသို့  စံချိန်တင်လောက်သည်အထိ  တင်ပို့ထားပြီးဖြစ် ကြောင်း သတင်းများတွင် ဖော်ပြထားသည်။ ပြီးခဲ့သည့် သြဂုတ်လအတွင်းက အိန္ဒိယနိုင်ငံ အစိုးရက ပဲတင်သွင်းမှု ကန့်သတ်ချက်ကို ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ချက် ကြောင့် အိန္ဒိယနိုင်ငံသို့ မတ်ပဲနှင့်ပဲစင်းငုံတို့ကို အများအပြားတင် သွင်းလျက်ရှိသည့် မြန်မာနိုင်ငံမှ ပဲများသည် နိုင်ငံတကာဈေးကွက်တွင်  ဈေး သက်သာစွာဖြင့်ဝယ်ယူရရှိလာမည့်  အနေအထားသို့ရောက် ရှိလာခဲ့ကြောင်း၊ အာဖရိက၏ ပဲထုတ်လုပ်မှုသည်လည်း ၁၀ ရာခိုင်နှုန်းခန့်တိုးတက်လာသဖြင့်  နိုင်ငံတကာဈေးကွက်၌ ရောင်းလိုအား ပမာဏပိုမိုများပြားလာနိုင်ေ ကြာင်း၊ အိန္ဒိယတောင်သူများအနေဖြင့် အစိုးရက  သတ်မှတ်ထားသည့်  အနိမ့်ဆုံးပဲဈေးနှုန်းအောက်တွင် သာရရှိနေသော်လည်း  အိန္ဒိယနိုင်ငံ၏ ပဲစင်းငုံဈေးနှုန်းသည် ပို့ကုန် အဖြစ် တင်ပို့ရန်အတွက်ယှဉ်ပြိုင်နိုင်စွမ်း နိမ့်ကျနေ သည့် အနေအထားသို့ ရောက်ရှိနေကြောင်း၊ သို့သော် မျှော်လင့်ချက်မဲ့သည့်အနေအထား တစ်ရပ်မဟုတ်ဘဲ  အစိုးရဦးဆောင်သည့်အဖွဲ့က လေ့လာ၍ ဆုံး ဖြတ်ထားခြင်းဖြစ်ရာ လာမည့်ခြောက်လခန့်အတွင်း အရည်အသွေးမြင့် တန်ဖိုးမြှင့်ပို့ကုန်ထုတ်လုပ်မှုကို ပုံဖော်နိုင်လိမ့်မည်ဟု မျှော်လင့် ရကြောင်း  India Pulses and Grains Association ၏ ဥက္ကဋ္ဌ ပရာ ဗင်ဒွန်ဂရီက ပြောကြားခဲ့သည်။
         အိန္ဒိယအလယ်ပိုင်းဒေသများ၌ မိုးရေရရှိမှု မညီမျှခြင်းနှင့် ရာဂျတ်စသန်၊ ဂူဂျာရတ်၊ ဥတ္တရာပရာဒေ့ရှ်၊ ဘီဟာနှင့် အာသံပြည် နယ်တို့တွင် ရေလွှမ်းမိုးခြင်းတို့ကြောင့် မိုးရာသီစိုက်သီးနှံထုတ်လုပ် မှုပမာဏကို ယခင်ကထ က် ၂ ဒသမ ၇၈ ရာခိုင်နှုန်းလျှော့ချပြီး တန် ချိန် ၁၃၄ ဒသမ ၆၇ သန်းသာ ထုတ်လုပ်နိုင်မည်ဟု အိန္ဒိယအစိုးရက ခန့်မှန်းထားသည်။ သို့သော် ယခုခန့်မှန်းထားသည့် ပမာဏသည် ပြီးခဲ့သည့်ငါးနှစ် အတွင်း ပျမ်းမျှထုတ်လုပ် သည့် ပမာဏဖြစ်သည့် တန်ချိန် ၁၂၈ ဒသမ ၂၄ထက်မြင့်မားနေကြောင်း အိန္ဒိယနိုင်ငံစိုက်ပျိုးရေးဝန်ကြီးဌာန၏ကြေညာချက်တွင် ဖော်ပြထားသည်။ ၂၀၁၇ ခုနှစ်အတွက် မိုးရာသီ သီးနှံထုတ်လုပ်မှုပမာဏ၏ပထမအကြိမ်ခန့် မှန်းချက်ကို၂၀၁၇ခုနှစ် စက်တင်ဘာ လ ၂၅ ရက် က ထုတ်ပြန်ခဲ့သည်။ ပြီးခဲ့သည့်နှစ်က တန်ချိန် ၁၃၈ ဒသမ ၅၂ သန်း အထိ စံချိန်တင်ထုတ်လုပ်နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ ဆန်၊ ပဲနှင့် နှံစားပြောင်းထုတ်လုပ်မှုပမာဏတို့  ကျဆင်းမည်ဖြစ်သည်ဟုဆို သည်။ ဒုတိယအကြိမ်ခန့်မှန်းချက်ကို ဆောင်းသီးနှံစိုက်ပျိုးပြီးချိန် ဖြစ်သည့် ၂၀၁၈ခုနှစ် ဖေဖော် ဝါရီလတွင် အစိုးရက ထုတ်ပြန်မည်ဖြစ်  ပြီး တတိယအကြိမ်နှင့် စတုတ္ထအကြိမ် ခန့်မှန်းချက်များကို မေလ နှင့်သြဂုတ်လတို့တွင် ဆက်လက်ထုတ်ပြန်မည်ဖြစ်သည်။ အိန္ဒိယနိုင်ငံတွင် ဝါဂွမ်း၊ ဆီထွက်သီးနှံနှင့် ဂုန်လျှော်ထုတ် လုပ်မှုသည် ကျဆင်းနိုင်သော်လည်း ကြံထုတ်လုပ်မှုမှာမူ တိုးတက် မည်ဟု ပထမအကြိမ်ခန့်မှန်းချက် တွင် ဖော်ပြထားသည်။ မိုးသီးနှံကို  အောက်တိုဘာလအတွင်း ရိတ်သိမ်းမည်ဖြစ်ရာ ယခင်နှစ်မိုးသီးနှံ ရာသီက စပါးတန်ချိန် ၉၆ ဒသမ ၃၉ သန်း ထုတ်လုပ် နိုင်ခဲ့သော်လည်း ယခုနှစ်တွင်မူ တန်ချိန်  ၉၄ ဒသမ ၄၈ သန်းသာ ထွက်ရှိမည်ဖြစ် သည့်အတွက် ယခင်နှစ်ကထက် တန်ချိန် နှစ်သန်းနီးပါးကျဆင်းနိုင် ဖွယ်ရှိကြောင်း အိန္ဒိယတိုင်းမ်သတင်းတွင် ဖော်ပြထားသည်။ သို့သော်ပြည်နယ်အစိုးရအေဂျင်စီ များနှင့်  Food Corporation of India(FCI) တို့၏ လက်ဝယ်တွင် ဆန်တန်ချိန် ၁၈ သန်းကျော် ရှိနေရာ ယင်းပမာဏသည် အရန်ဆန်အဖြစ်ထားရှိ မည့် ဆန်တန်ချိန် ၁၀ သန်းထက်ပင် ကျော်လွန်နေသဖြင့် အထွက်နှုန်းကျ ဆင်းမှုသည် ဆန်ဈေးနှုန်းအပေါ်  ရိုက်ခတ်မှုမ ရှိနိုင်ကြောင်း သုံးသပ်လျက်ရှိ သည်။
        ထို့ပြင် ၂၀၁၇-၁၈ သီးနှံရာသီအတွက် ဆန်ဝယ်ယူမည့်ကာလ မှာ အောက်တိုဘာလ ၁ ရက်တွင် စတင်ခဲ့ရာ ပြည်နယ်အေဂျင်စီများ အနေဖြင့် ဆန်တန်ချိန် ၃၇ ဒသမ ၅ သန်းခန့် ဝယ်ယူသွားရန် ရည် မှန်းထားကြောင်း သိရသည်။ပဲမျိုးစုံထုတ်လုပ်မှုတွင် ယခင်နှစ် မိုးသီးနှံ ရာသီက တန်ချိန် ၉ ဒသမ ၄၂ သန်း ရှိခဲ့သော်လည်း ယခုနှစ်တွင် တန် ချိန် ၈ ဒသမ ၇၁သန်းသို့ကျဆင်း နိုင်သည်ဟု ခန့်မှန်းထားသည်။ သို့သော် NAFED, SFAC နှင့်  FCI တို့ကဲ့သို့သော အစိုးရအေဂျင်စီများ၏လက်ဝယ်၌ အရန်ပဲ တန်ချိန် ၁ ဒသမ ၈သန်း ဝန်းကျင်ခန့် ကျန်ရှိနေသဖြင့် ဈေးနှုန်း မြင့်တက်ရန် အလားအလာမရှိကြောင်း ကုန်သည်များကမှတ်ချက်ပြုထားသည်။ မြန်မာနှင့်အိန္ဒိယနိုင်ငံ တို့သည် ၁၉၄၈ ခုနှစ်မှစတင်၍ သံတမန်အဆက်အသွယ်ပြုလုပ်ခဲ့ ပြီး မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ကုန်သွယ်ရေးဆိုင်ရာ သဘောတူစာချုပ်ကို ၁၉၇၀ ပြည့်နှစ်တွင်ချုပ်ဆိုခဲ့ကာ နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးဆိုင်ရာ သဘော တူစာချုပ်ကို ၁၉၉၄ ခုနှစ်တွင် လက် မှတ်ရေးထိုးခဲ့ပါသည်။ မြန်မာနှင့်အိန္ဒိယနှစ်နိုင်ငံ အကြား နှစ်နိုင်ငံကုန်သွယ်ရေး ပူးတွဲကော်မတီ အစည်းအဝေး၊ နှစ်နိုင်ငံ အရာထမ်းအဆင့် နယ်စပ်ကုန်သွယ်ရေးကော်မတီ အစည်းအဝေးနှ င့် နယ်စပ်ဈေး ပူးတွဲကော်မတီအစည်းအဝေးများကို အပြန်အလှန်ကျင်းပ၍ နှစ်နိုင်ငံ ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ပူးပေါင်းဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနိုင်ငံမှ လယ်ယာထွက်ကုန်ပစ္စည်း များအနက် ပဲမျိုးစုံတင်ပို့မှုအနေဖြင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၇၇ နိုင်ငံသို့ အမေရိကန်ဒေါ်လာသန်း ၁၄၀၀ နီးပါးတန်ဖိုးရှိ  ပဲမျိုးစုံတန်ချိန် ၁၄သိန်း ကျော်ကိုတင်ပို့နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့  အမေ ရိကန်ဒေါ်လာသန်း ၇၀၀ ကျော် တန်ဖိုးရှိ ပဲမျိုးစုံ တန်ချိန် ခုနစ်သိန်းနီးပါးကို တင်ပို့နိုင်ခဲ့ပြီးဖြစ် သည်။ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှ စက်တင်ဘာလအထိ) တွင်လည်း မြန်မာနိုင်ငံမှ အိန္ဒိယနိုင်ငံ အပါအဝင် နိုင်ငံပေါင်း ၆၄ နိုင်ငံသို့ အမေရိက န်ဒေါ်လာ သန်း ၆၀၀ ကျော် တန်ဖိုး ရှိ ပဲမျိုးစုံတန်ချိန် ရှစ်သိန်းကျော်ကို တင်ပို့နိုင်ခဲ့ပြီး အိန္ဒိယနိုင်ငံသို့ အမေရိကန်ဒေါ်လာ သန်း ၃၀၀ နီးပါး တန်ဖိုးရှိ ပဲမျိုးစုံတန်ချိန် ငါးသိန်းနီးပါးကို တင်ပို့နိုင်ခဲ့ပြီးဖြစ်သည်။ယင်းကဲ့သို့ တင်ပို့ေ နချိန်တွင် အိန္ဒိယနိုင်ငံ က သွင်းကုန်ဆိုင်ရာ ကန့်သတ်ချက်ကို ထုတ်ပြန် လိုက်သဖြင့် မြန်မာနိုင်ငံရှိ ပဲတင်ပို့သူကုန်သည်များ၊ စိုက်ပျိုးထုတ်လုပ်သူတောင်သူများ  ဈေးနှုန်းကျ ဆင်းမှုနှင့် ရင်ဆိုင်ခဲ့ရကာ အခက်အခဲများစွာနှင့် ရင်ဆိုင်ခဲ့ရသည်။
       သို့သော် တင်ပို့ရန်ကျန်ရှိနေသည့် ပဲစင်းငုံများနှင့် ထွက်ရှိလာမည့်  ပဲစင်းငုံများကို ယခင်ကကဲ့သို့ ဆက်လက်တင်ပို့ခွင့် ရရှိရေးအတွက် သံတမန်နည်းလမ်းဖြင့် ဆောင်ရွက်ခဲ့ကြသည်။ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ် ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနှင့် မြန်မာ နိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံအမတ်ကြီးတို့ တွေ့ ဆုံ၍ အဆိုပါကိစ္စအား ကူညီဖြေရှင်းပေးပါရန် ဆွေးနွေးခဲ့သည်။ ယခုအခါတွင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန် ကြီးဌာနအနေဖြင့်  မြန်မာ-အိန္ဒိယ နှစ်နိုင်ငံအကြား ပဲရောင်းဝယ်မှု MOU လက်မှတ် ရေးထိုးနိုင်ရေး၊ ရောင်းချမည့် တန်ချိန်၊ ဈေးနှုန်း နှင့် တာဝန်ယူ အကောင်အထည်ဖော်မည့် အဖွဲ့ အစည်းများကို အိန္ဒိယနိုင်ငံနှင့်ညှိနှိုင်း၍ နားလည် မှုစာချွန်လွှာကို လက်မှတ်ရေးထိုးနိုင်ရေး ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။ မြန်မာနိုင်ငံမှ ပဲများအား ပြည်ပနိုင်ငံများသို့ ဈေးကွက်ရှာဖွေတင်ပို့ ရောင်းချနိုင်ရေးအတွက် စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ တိုင်းဒေသကြီ/ပြည်နယ် အစိုးရအဖွဲ့များ၊ ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံ ကုန်သည်များ နှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI)၊ မြန်မာနိုင်ငံပဲမျိုးစုံနှင့် နှမ်းကုန်သည် များအသင်း၊ ကုန်စည်ဒိုင်များနှင့် ပဲစိုက်ပျိုးထုတ် လုပ်သော တောင်သူများပါဝင်သည့် "ပဲမျိုးစုံတင် ပို့မှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေး  အထူးလုပ်ငန်း အဖွဲ့"ကိုလည်း ဖွဲ့စည်းခဲ့ပြီးဖြစ်သည်။
ဈေးကွက်ရှာဖွေနိုင်မှုအပေါ် မူတည်၍ ဈေးကွက်ရရှိမှု အခြေအနေများအရ ကုန်သွယ်ဖက်နိုင်ငံများနှင့် ပဲရောင်းဝယ်မှုဆိုင်ရာ နားလည်မှု စာချွန်လွှာများကိုလည်း ဆက်လက်ချုပ်ဆို ဆောင်ရွက်သွားနိုင်ရေးအတွက် စီစဉ်ဆောင် ရွက် လျက်ရှိကြောင်း သိရ သည်။ ယခုအခါတွင် မြန်မာနိုင်ငံတွင် ပဲမျိုးစုံကဏ္ဍအလိုက် ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များ၊ လက်ရှိ ဆောင်ရွက်နေမှုအခြေအနေများ၊ တောင် သူများ စိုက်ပျိုးထွက်ရှိလာမည့် ပဲများနှင့်ပတ် သက်၍ ဆောင်ရွက်မည့် လုပ်ငန်းစဉ်များနှင့် သီးနှံ အစားထိုး ပြောင်းလဲစိုက်ပျိုးရန်  ကိစ္စများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဆောင်ရွက်လျက် ရှိကြောင်း သိရသည်။ မည်သို့ပင်ဆိုစေကာမူ အိန္ဒိယနိုင်ငံအနေဖြင့် ၎င်းနိုင်ငံ ၏နိုင်ငံသားများအကျိုးငှာ ပဲတင်သွင်းခွင့်များကို ကန့်သတ်လိုက်သော်လည်း ၎င်းင်း နိုင်ငံ၏ ရာသီဥတုအခြေအနေ၊ ၎င်းနိုင်ငံ၏ပဲ တင် ပို့မှု အလားအလာ၊ နိုင်ငံတကာဈေးကွက်တွင် ပဲဈေးနှုန်းနှင့်ပတ်သက်၍ ယှဉ်ပြိုင်နှိုင်မှုမရှိြ ခင်း၊ ပဲတင်ပို့ခွင့် တားမြစ်ချက်အား ရုပ်သိမ်းလိုက်သော် လည်း မတ်ပဲ၊ ပဲတီစိမ်းနှင့်ပဲစင်းငုံမှအပ အခြား သောပဲများကို တင်ပို့ခွင့်ပြုမထားခြင်း စသည့် အခြေအနေများကြောင့် အိန္ဒိယနိုင်ငံအနေဖြင့် ပဲမျိုးစုံကဏ္ဍမှရရှိလာမည့်  အသီးအပွင့်များကို ခံစားနိုင်ရန်မှာ အချိန်ယူစောင့်ဆိုင်းရဦးမည်ဖြစ်သည်။ ထို့ကြောင့် ပဲတင်ပို့/တင်သွင်းခွင့် များအား အလျင်စလို ဖျက်သိမ်း/ကန့်သတ်လိုက်သည့် အတွက် အိန္ဒိယနိုင်ငံအနေဖြင့် ၎င်း၏နောက် ဆက်တွဲ အကျိုး ဆက်များကို ကာလတစ်ခုအထိ ခံစားနေရဦးမည်သာဖြစ်ပါကြောင်း   ရေးသား တင်ပြလိုက်ရပါသည်။

 

 

DOT(စစရ)