
မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ဟာ လားရှိုးမြို့မှ (၁၀၅) မိုင်ခန့် ကြူကုတ် (ပန်ဆိုင်း) မြို့မှ ၁၂ မိုင်ခန့်နှင့် မူဆယ်မြို့မှ ခုနစ် မိုင်ခန့်အကွာ မိုင်းယုကျေးရွာတွင်တည်ရှိပြီး နယ်စပ်ကုန်သွယ်မှုအားလုံးရဲ့ ၇၀ ရာခိုင်နှုန်းကျော် ကုန်သွယ်မှုလုပ်ငန်း ဆောင်ရွက် လျက်ရှိတဲ့ စခန်းဖြစ်သလို ကုန်သွယ်မှုပမာဏဟာလည်း နှစ်စဉ်မြင့်မားတိုးတက်လျက် ရှိကြောင်း လေ့လာတွေ့ရှိရပါတယ်။ ကုန်သွယ် ရေးဇုန်အပေါ် မှီတင်းနေထိုင် လုပ်ကိုင်ဆောင်ရွက်လျက်ရှိတဲ့ သူဌေးသူကြွယ်တွေ ပါဝင်သလို ကိုယ်စားလှယ် Agent များ၊ အရောင်း အဝယ် ပြုလုပ်သူများ၊ ကုန်တင်/ကုန်ချ အလုပ်သမားများ၊ ယာဉ် မောင်းများ စသည်ဖြင့် အလွှာအသီးသီးမှ ပြည်သူတွေ ဟာ ကုန်သွယ် မှုပမာဏတွေ မြင့်မားတိုးတက်လျက်ရှိတာကို ဝမ်းသာပီတိ ဖြစ် လိမ့်မယ်လို့ ယုံကြည်မိပါတယ်။ တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှု ပမာဏတွေ တိုးတက်လာသလို အလုပ်အကိုင် အခွင့်အလမ်းတွေ လည်း ပိုမိုများပြားလာတဲ့ (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်ကြီး ရေရှည် တည်တံ့ခိုင်မြဲစေရန် လိုလားတောင့်တကြလိမ့်မယ်လို့လည်း ယုံကြည် မိပါတယ်။
ကုန်သွယ်မှု ပမာဏများ မြင့်မားတိုးတက်လာတာနဲ့အမျှ တရားဝင်လမ်းကြောင်းမှန်ပေါ်မှ လုပ်ငန်းဆောင်ရွက်သူများဟာ ရေရှည်အကျိုးမျှော်တွေးပြီး တရားနည်းလမ်းတကျ နိုင်ငံတော်ကို အခွန်အခတွေ ပေးသွင်းရမှာဖြစ်ပြီး နိုင်ငံဘဏ္ဍာများ လေလွင့်ဆုံးရှုံးမှု မရှိစေရေး အလေးထား ဆောင်ရွက်ရမှာဖြစ်ပါတယ်။ တရားမဝင် လမ်းကြောင်းမှ ဝင်ထွက်သွားလာနေမှုတွေကိုလည်း တာဝန်သိစိတ် ဖြင့် ဝိုင်းဝန်းတားဆီးဆောင်ရွက်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုဆောင် ရွက်မှလည်း တစ်နှစ်ထက်တစ်နှစ် ကုန်သွယ်မှုပမာဏတွေ တိုးတက် နေတဲ့ (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်ရဲ့ အစဉ်အလာကောင်းကို ဆက် လက်ထိန်းသိမ်းပြီး နိုင်ငံတော်အခွန်အခတွေလည်း တစ်နှစ်ထက် တစ်နှစ် ပိုမိုတိုးတက်ရရှိနေမှာ ဖြစ်ပါတယ်။
မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်ရဲ့ ကုန်သွယ်မှုပမာဏကို လေ့လာကြည့်မယ်ဆိုရင် ကုန်သွယ်ရေးဇုန် စတင်အကောင်အထည် မဖော်မီကာလ ၂၀၀၁-၂၀၀၂ ဘဏ္ဍာနှစ်မှာ ပို့ကုန်၊ သွင်းကုန် နှစ် ရပ်ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၄၄ သန်း ကျော် သာရှိခဲ့သော်လည်း ကုန်သွယ်ရေးဇုန် အကောင်အထည်ဖော်သည့် ကာလ၂၀၀၅-၂၀၀၆ ဘဏ္ဍာနှစ်မှာတော့ ပို့ကုန်သွင်းကုန် နှစ်ရပ် ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာသန်း(၄၇၀) ကျော် အထိ တိုးတက်လာခဲ့ကြောင်း လေ့လာတွေ့ရှိခဲ့ရပါတယ်။ ၂၀၀၉-၂၀၁၀ ဘဏ္ဍာနှစ်မှစတင်၍ ပို့ကုန်၊ သွင်းကုန် နှစ်ရပ်ပေါင်း ကုန် သွယ်မှုပမာဏ အမေရိကန် ဒေါ်လာသန်း ၁၀၀၀ ကျော်အထိ ကုန် သွယ်မှုများ တိုးတက်လာခဲ့ပြီး ယခုအစိုးရသစ် စတင်တာဝန်ယူသည့် ကာလ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ပို့ကုန်၊ သွင်းကုန် နှစ်ရပ်ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ သန်း ၅၄၀၀ ကျော်ထိ တိုး တက်လာတာကိုလည်း လေ့လာသိရှိရပါတယ်။
ယခုလက်ရှိ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ကို လေ့လာကြည့်မယ် ဆိုရင်လည်း ဘဏ္ဍာနှစ် တစ်နှစ်လုံးအတွက် ပို့ကုန်လျာထားချက် အမေရိကန်ဒေါ်လာ ၄၀၅၅ သန်း၊သွင်းကုန်လျာထားချက် အမေ ရိကန် ဒေါ်လာ ၁၅၁၅ ဒေါ်လာသန်း၊ ကုန်သွယ်မှု တစ်ရပ်လုံးအနေ ဖြင့် အမေရိကန်ဒေါ်လာသန်း ၅၅၇၀ သတ်မှတ်ထားရှိပြီး တစ်နှစ်လုံး လျာထားချက်အပေါ် ဒီဇင်ဘာလအထိ မြေပြင်အမှန် ပို့ကုန်ဆောင် ရွက်နိုင်မှုအနေဖြင့် အမေရိကန်ဒေါ်လာ ၂၉၀၃ သန်းကျော်၊ သွင်း ကုန်အမေရိကန် ဒေါ်လာ ၁၂၄၁ သန်းကျော်၊ ကုန်သွယ်မှု တစ်ရပ် လုံးအနေဖြင့် မြေပြင်အမှန်ဆောင်ရွက်နိုင်မှု အမေရိကန်ဒေါ်လာ ၄၁၄၄ သန်းကျော် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ကြောင်း လေ့လာတွေ့ရှိရ ပါတယ်။ ရာခိုင်နှုန်းအားဖြင့် ပို့ကုန်လျာထားချက်အပေါ် မြေပြင် အမှန်ဆောင်ရွက်နိုင်မှု ၇၁ ဒသမ ၆၀ ရာခိုင်နှုန်း၊ သွင်းကုန်လျာထား ချက်အပေါ် မြေပြင်အမှန်ဆောင်ရွက်နိုင်မှု ၈၁ ဒသမ၉၄ ရာခိုင်နှုန်း ကျော်၊ ပို့ကုန်သွင်းကုန် နှစ်ရပ် ပေါင်းကုန်သွယ်မှု လျာထားချက်အပေါ် မြေပြင်အမှန် ဆောင်ရွက်နိုင်မှု ၇၄ ဒသမ ၄၁ ရာခိုင်နှုန်း ဆောင်ရွက် နိုင်ပြီဖြစ်လို့ ကျန်ရှိနေသေးတဲ့ ဇန်နဝါရီလမှ မတ်လအထိ သုံးလ တာကာလအတွင်း တစ်လပျမ်းမျှ ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၇၅ သန်းကျော်ရရှိပါက ကုန်သွယ်မှု ပမာဏ လျာထားချက် ပြည့်မီကျော်လွန်မယ်လို့လည်း ယုံကြည်မိပါတယ်။
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ဒီဇင် ဘာလအထိ (ကာလတူ) ကုန်သွယ်မှု ပမာဏကို လေ့လာကြည့်မယ် ဆိုရင် အောက်ပါအတိုင်း တိုးတက်လာတာကို တွေ့မြင်ရမှာ ဖြစ်ပါ တယ်-
တန်ဖိုး -ဒေါ်လာသန်းပေါင်း
ဘဏ္ဍာနှစ် ပို့ကုန် သွင်းကုန် ကုန်သွယ်မှုပမာဏ
၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် ၂၉၀၃ .၄၃၀ ၁၂၄၁ .၄၃၉ ၄၁၄၄ .၈၆၉
ဒီဇင်ဘာလအထိ
၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် ၂၇၅၇ .၃၄၇ ၁၂၃၃ .၀၉၅ ၃၉၉၀ .၄၄၂
ဒီဇင်ဘာလအထိ
ခြားနားချက် (+)၁၄၆ .၀၈၃ (+)၈ .၃၄၄ (+)၁၅၄ .၄၂၇
ပို(+)/လို(-)
မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ တင်ပို့ လျက်ရှိတဲ့ အဓိကပို့ကုန်ပစ္စည်းများမှာ သဘာဝဓာတ်ငွေ့၊ ဆန်၊ သကြား( Re Export) ၊ ကျောက်စိမ်း၊ ပြောင်း၊ ဒီဇယ်(Re Export ) ၊Re Export (Cruide Oil) ၊ ရော်ဘာစိမ်း၊ ပဲတီစိမ်း၊ ဖရဲသီး၊ ကဏန်း၊ ငါးမျိုးစုံ၊ ဆန်ကွဲ၊ သတ္တုနှင့် သတ္တုရိုင်းများ၊ လက်ဝတ်ရတနာ စသည့် အမယ်များဖြစ်ကြောင်း သိရှိရပါတယ်။ အဆိုပါ အဓိက ပို့ကုန်အမယ် များရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ကာလတူ) ဒီဇင်ဘာလအထိ နှိုင်းယှဉ်ချက်များ အရ သဘာဝဓါတ်ငွေ့ အမေရိကန် ဒေါ်လာ ၆၄ သန်းကျော်၊ ဆန် ၂၀၁ သန်းကျော်၊ ကျောက်စိမ်း ၁၂ သန်းကျော်၊ ပြောင်း ၅၈ သန်းကျော်၊ဒီဇယ(Re Export) ၁၀၉ သန်းကျော်၊Re Export (Cruide Oil) ၆၅ သန်းကျော်၊ ရော်ဘာစိမ်း သန်း ၂၀ ကျော်၊ ပဲတီစိမ်း ၄၅ သန်းကျော်၊ ဖရဲသီး ၄ သန်းကျော်၊ ကျောက်စိမ်း ၁၂ သန်းကျော်၊ ငါးမျိုးစုံ ၁ သန်းကျော်၊ သတ္တုနှင့် သတ္တုရိုင်းများ ၇ သန်းကျော်၊ လက်ဝတ်ရတနာ ၅ သန်း ကျော် ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။
မိမိနိုင်ငံအတွင်းသို့ တစ်ဖက်နိုင်ငံမှ တင်သွင်းလျက်ရှိသော အဓိကသွင်းကုန်ပစ္စည်းများမှာ မော်တော်ယာဉ်နှင့် မော်တော်ယာဉ် အပိုပစ္စည်းများ၊ မော်တော်ဆိုင်ကယ်နှင့် အပိုပစ္စည်းများ၊ ချည်ထည် ပိတ်စများ၊ ဓာတ်မြေသြဇာများ၊ စက်နှင့်စက်ပစ္စည်းများ၊ သံနှင့် သံမဏိ ဆောက်လုပ်ရေးပစ္စည်းများ၊ မီးဖိုချောင်သုံး ပစ္စည်းများ၊ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးရေးနှင့် တပ်ဆင်ရေးပစ္စည်းများ၊ ဓာတု ဗေဒပစ္စည်းများ၊ တွင်းထွက်(သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်း များ၊ ဆေးဝါးပစ္စည်းများ၊ လယ်ယာသုံး နောက်တွဲယာဉ်နှင့် အခြား ယာဉ်များ၊ ချုပ်ပြီးအဝတ်အထည်များ၊ သတ္တုကုန်ချော ဆောက်လုပ် ရေးပစ္စည်းများဖြစ်ကြောင်း သိရှိရပါတယ်။ အဓိကသွင်းကုန်အမယ် များရဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်နှင့် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ကာလတူ) ဒီဇင်ဘာလထိ နှိုင်းယှဉ်ကြည့်ရင် ချည်ထည်ပိတ်စ အမေရိကန်ဒေါ်လာ ၉၉ သန်းကျော်၊ ဓာတုဗေဒပစ္စည်းများ အမေရိကန်ဒေါ်လာ တစ်သန်းကျော်၊ ချုပ်ပြီးအဝတ်အထည်များ အမေရိကန်ဒေါ်လာ တစ်သန်းကျော်၊ တွင်းထွက် (သတ္တုမှအပ) ဆောက်လုပ်ရေးပစ္စည်းများ အမေရိကန်ဒေါ်လာ သုည ဒသမ ၄ သန်းကျော်၊ ဆေးဝါးပစ္စည်းများ အမေရိကန်ဒေါ်လာ သုညဒသမ ၆၂၈ သန်းကျော် တင်သွင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။
မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေနဲ့ ကုန်သွယ်မှုများ တိုးတက်လာတာနှင့်အမျှ နေ့စဉ် ဝင်/ထွက် သွားလာလျက်ရှိသော ကုန်တင်ယာဉ်ကြီးများလည်း လွန်စွာများပြားလျက်ရှိပါတယ်။
မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေး ဇုန်သည် ကုန်သွယ်မှုမြှင့်တင်နိုင်ရန် ကုန်သည်လုပ်ငန်းရှင်များအား တရား ဝင် ကုန်သွယ်မှုလုပ်ငန်းများ ဆောင် ရွက်နိုင်ရေးအတွက် ကြိုးစားအကောင် အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ကုန်သွယ်မှုလျင်မြန်ချော မွေ့စေရေး အတွက် ကုန်သွယ်မှုဆိုင်ရာ အခက် အခဲများကို အချိန်နှင့်တစ်ပြေးညီဆောင် ရွက်ပေးနိုင်ရေးကိုလည်း အစဉ်တစိုက် ကြိုးပမ်းအကောင်အထည်ဖော် ဆောင် ရွက်ပေးလျက်ရှိသော ကုန်သွယ်ရေး ဇုန်တစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်၊ ဒီဇင်ဘာလအတွက် ကုန်သွယ်မှုမြှင့် တင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေး ကို မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံ ညွှန်ကြားရေးမှူးမှ ဦးဆောင် ၍ ဇန်နဝါရီ ၅ ရက်တွင် မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန် အစည်းအဝေး ခန်းမ၌ ကျင်းပခဲ့ရာ ဌာနဆိုင်ရာများ၊ ကုန်သည်အသင်းအဖွဲ့များ၊ ကုမ္ပဏီ လုပ်ငန်းရှင်များ၊ ကိုယ်စားလှယ်များ စုစုပေါင်း ၅၄ ဦး တက်ရောက်ခဲ့ပါတယ်။
အဆိုပါ အစည်းအဝေးတွင် ကုန် သွယ်ရေးဦးစီးဌာန၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန် တာဝန်ခံညွှန်ကြား ရေးမှူး ဦးဝင်းလွင်က ကုန်သွယ်မှု အခြေအနေများကို ရှင်းလင်းပြောကြား ပြီး၊ ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၁၅ ရက် အထိ ပင်လယ်ရေကြောင်းမှ ကုန်သွယ် မှုပမာဏမှာ အမေရိကန်ဒေါ်လာ ၁၇၂၂၄ ဒသမ ၇၉၇ သန်း၊ နယ်စပ်ကုန် သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅၃၉၀ ဒသမ ၂၅၇ သန်း ဆောင်ရွက်နိုင် ခဲ့ပြီး စုစုပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၂၂၆၁၅ ဒသမ ၀၅၄ သန်းဖြစ်ကြောင်း၊ ကာလတူနှိုင်း ယှဉ်ချက်အရ ယခင်နှစ်ထက် စုစု ပေါင်း ကုန်သွယ်မှုပမာဏ အမေရိကန် ဒေါ်လာ ၃၇၈၄ ဒသမ ၀၅၁ သန်း ပိုမို ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ မူဆယ် (၁၀၅) မိုင် ကုန်သွယ်ရေးဇုန်အနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်၊ ဧပြီလမှ ဒီဇင်ဘာလအထိ စုစုပေါင်း ကုန်သွယ် မှုပမာဏ လျာထားချက်မှာ အမေရိကန် ဒေါ်လာ ၄၁၂၅ သန်းဖြစ်ပြီး အမှန် ဆောင်ရွက်နိုင်မှုအနေဖြင့် စုစုပေါင်း ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၄၁၄၄ ဒသမ ၈၆၉ သန်းဖြစ်၍ ကုန်သွယ်မှုပမာဏ လျာထားချက် အပေါ် ၁၀၀ ဒသမ ၄၈ ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ဒီဇင်ဘာ လအတွင်း ထုတ်ပြန်ခဲ့သော ဝန်ကြီး ဌာန၏ အမိန့်နှင့် ညွှန်ကြားချက်များ၊ (၁၆)ကြိမ်မြောက် မြန်မာ-တရုတ် ကုန် စည်ပြပွဲကျင်းပခဲ့မှု အခြေအနေများ၊ (၁၂)ကြိမ်မြောက်ဲြွှဃဃဃ အစည်း အဝေးတွင် ဆွေးနွေးခဲ့မှုများ၊ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန် ပို့ကုန် ယာဉ်စစ်ကွင်း ကွန်ကရစ်ခင်းခြင်းလုပ် ငန်း ဆောင်ရွက်ပြီးစီးမှု အခြေအနေ များ၊ တရားမဝင်ကုန်သွယ်မှု တားဆီး ထိန်းချုပ်ရေး ဆောင်ရွက်နေမှု အခြေ အနေများ၊ နယ်မြေဒေသအတွင်း ထူးခြားသတင်းနှင့် လုံခြုံရေးဖြစ်စဉ်ဖြစ် ပေါ်ခဲ့မှု အခြေအနေများ၊ ကုန်သွယ်မှု ပမာဏ မြင့်မားတိုးတက်ရေးအတွက် ဆက်လက်ဆောင်ရွက်သွားမည့် အစီ အမံများ၊ ကုန်သွယ်မှုပမာဏ မြင့်မား တိုးတက်ရေးနှင့် ကုန်သွယ်ရေးဇုန် သန့် ရှင်းသာယာလှပရေးအတွက် ဌာနဆိုင် ရာများ၊ မိတ်ဖက်ဌာနများမှ ဝိုင်းဝန်း ဆောင်ရွက်ပေးစေလိုသည့် အချက် များအား အသေးစိတ် ရှင်းလင်းဆွေး နွေး ပြောကြားခဲ့ပါတယ်။
ထို့နောက် အစည်းအဝေးတက် ရောက်လာသူများ၏ သိရှိလိုသည်များ ကို ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ ကြောင်း သတင်းရရှိပါတယ်။
မူဆယ်(၁၀၅) မိုင်ကုန်သွယ်ရေးဇုန်