Main menu

Background

ဧရာဝတီတိုင်း ရေကြည်မြို့နယ်မှ ကြိမ်၊ ဝါး လက်မှုအချောထည် လုပ်ငန်းများ

Mon, 04/01/2024 - 11:32 -- journal_editor

ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ကြိမ်၊ ဝါး လက်မှု အချောထည်လုပ်ငန်းများကို လုပ်သားအင်အား ၂၅၀ဝ ကျော်ဖြင့်လုပ် ကိုင်ဆောင်ရွက်လျက်ရှိသည်။ အိမ်သုံး၊ ရုံးသုံး၊ လူသုံးကုန်ပစ္စည်းများ ဖြစ်သည့် ခြင်းလုံး၊သော့ချိတ်၊ ဦးထုပ်၊ ဖိနပ်၊ လက်ဆွဲခြင်း၊ လက်ကိုင် အိတ်၊ ဘောပင်ထည့်ခွက်၊ တစ်ရှူးဘောက်၊ ပန်းခြင်း၊ အမှိုက်ခြင်း၊ ပန်း ကန်ပြား၊ လင်ဗန်းတို့မှ ဧည့်ခန်းသုံး၊ ဟိုတယ်သုံးပစ္စည်းများဖြစ်သည့် စားပွဲ ၊ ကုလားထိုင်၊ ခန်းဆီး၊ ဗီဒို၊ မှန်တင်ခုံ၊ သေတ္တာ၊ အဝတ်လှန်းစင်၊ ဦးထုပ်၊ အဝတ်ချိတ်စင်၊ အလှဆင်မီးအိမ်အမျိုးမျိုး စသည့် လက်မှုပစ္စည်း အမျိုးအစား ၇၀ဝ ကျော်အား ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပ ဈေးကွက် များသို့ တင်ပို့ရောင်းချလျက်ရှိသည်။  ထုတ်ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းကျော်မှာ ကြိမ်ကိုအခြေခံ၍ ထုတ်လုပ် သော ပစ္စည်းများဖြစ်၍ ၂၀ ရာခိုင်နှုန်း မှာ ဝါးကိုအခြေခံ၍ ထုတ်လုပ်သော လူသုံးကုန်ပစ္စည်း များဖြစ်သည်။
ကြိမ်လုပ်ငန်းကို  ဆောင်ရွက်ကြရာတွင်  ကြိမ်ကုန်ကြမ်း ထုတ် လုပ်ရောင်းချသူ၊ အချောထည်ရက်လုပ်သူ၊ အချောထည်များကို ဆေး သုတ်ပြုပြင် ထုပ်ပိုး၍ နိုင်ငံခြားသို့ ရောင်းချသူဟူ၍ လုပ်ငန်း သုံးမျိုး ရှိသည်။
ဧရာဝတီတိုင်းဒေသကြီး ရေကြည်မြို့နယ်တွင် ကြိမ်လုပ်ငန်း လုပ်ကိုင်သူများသည် အချောထည် လုပ်ကိုင်သူများဖြစ်သည်။ ရန်ကုန် အခြေစိုက်ကုမ္ပဏီကြီးများသည် ရေကြည်မြို့ တွင် ကုမ္ပဏီ အလုပ်ရုံခွဲများ ဖွင့်လှစ်၍ ကုန်ကြမ်းပစ္စည်း ရောင်းချခြင်း၊ ကုန်ကြမ်းပေး ကုန်အချောယူ အဖြစ် ဆောင်ရွက်ပြီး ကုန်ချော ထုတ်လုပ်သည်။  ကုမ္ပဏီကြီးများအနေ ဖြင့် ပြည်တွင်း /ပြည်ပ အမှာစာရရှိမှုပေါ် မူတည်၍ ကုန်ကြမ်းများကို ဝယ်ယူရက်လုပ်၍ တစ်ပိုင်းချော ကုန်ပစ္စည်းများနှင့် အပြီးချော ကုန် ပစ္စည်းများအဖြစ် ရန်ကုန်စက်ရုံများသို့ ကားများဖြင့် ပို့ဆောင်ပေးကြ သည်။ 
နယ်အသီးသီးမှ ရောက်လာသော တစ်ပိုင်းချောကုန် ပစ္စည်းများ ကို မီးမှုတ်ခြင်း၊ ကော်ပတ်အကြမ်း/အနုစားခြင်း၊ ပိုးသတ်ခြင်း၊ ဆေး သုတ်ခြင်းများပြုလုပ်၍ စနစ်တကျ ထုပ်ပိုးပြီး ပြည်တွင်းဈေးကွက်များ ၌  ခရီးသွားဖွံ့ဖြိုးရာသီတွင် ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ ပုဂံ၊ ပုသိမ်၊ နေပြည်တော်၊ ကျိုက်ထို၊ ပဲခူး စသည့် မြို့ကြီးများ၊ ပြည်ပဈေးကွက်များ ဖြစ်သည့် အာဆီယံနိုင်ငံများနှင့် ကိုရီးယား၊ နယ်သာလန်၊ ဒိန်းမတ်၊ ဂျာမနီ ၊ ဆွစ်ဇာလန်၊ နော်ဝေ၊ အမေရိကန်နိုင်ငံများသို့ တင်ပို့ရောင်းချရ သည်။ ကြိမ်လုပ်ငန်းတစ်ခုလုံးမှ ထွက်ရှိသော ကုန်ပစ္စည်းအားလုံး၏ ၁၀ ရာခိုင်နှုန်းမျှသာ ပြည်တွင်းသုံးအဖြစ် အသုံးပြုပြီး ၉၀ ရာခိုင်နှုန်းကို နိုင်ငံခြားသို့ တင်ပို့နေရသည်။ ပို့ကုန်အားလုံး၏ ၈၀ ရာခိုင်နှုန်းကို ရေကြည်မြို့နယ်မှ ထုတ်လုပ်ပေးလျက်ရှိသည်။
ကြိမ်လုပ်ငန်းများအတွက်  လိုအပ်သော ကုန်ကြမ်းများကို   ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်မှထွက်သော ကြိမ်လက်မဲကို ပရိဘောဂပစ္စည်းများဖြစ်သော စားပွဲ၊ ကုလားထိုင်၊ ခုတင်နှင့် ဒေသတွင်း သုံး တောင်း၊ ပလုံးများ ရက်လုပ်သော ကြိမ်သေးများရရှိသည်။ စီးပွား ဖြစ် အချောထည် ထုတ်လုပ်ရန် ကြိမ်ကုန်ကြမ်းများကို တနင်္သာရီ၊ ကချင်၊ ချင်း၊ စစ်ကိုင်းတိုင်းများမှ ရရှိ၍ ရန်ကုန်ရှိ ကုမ္ပဏီကြီးများသည် အသင့်ရက်လုပ်နိုင်သော ကုန်ကြမ်းနန်းမျှင် အမျိုးမျိုး၊ အူချောင်းအမျိုး မျိုးကို ရောင်းချပေးခြင်းဖြင့် ကုန်ကြမ်းပေး ကုန်ချောယူ စနစ်ဖြင့် ဆောင် ရွက်ကြောင်း တွေ့ရသည်။
လက်မှုထည် အလုပ်သမားတစ်ဦးအနေဖြင့် နေ့စဉ် လုပ်အားခ ကျပ် ၆၀ဝ၀ နှင့်အထက်ရရှိသည်။ ကြိမ်၊ ဝါး လက်မှုထည်လုပ်ငန်းများ သည် ရေကြည်မြို့နယ်အတွင်းရှိ လုပ်သားအင်အား  ၂၅၀ဝ ကျော် ကို အလုပ်အကိုင် အခွင့်အလမ်းများ ပေးနိုင်ခြင်းကြောင့် မိသားစုအတွက် ဝင်ငွေရရှိခြင်းသာမက မိမိနိုင်ငံမှ ထွက်ရှိသော ကြိမ်ကုန်ကြမ်းများကို တန်ဖိုးမြှင့်ထုတ်ကုန် ကုန်ချောထုတ်လုပ်၍  နိုင်ငံတကာသို့ ရောင်းချနိုင် သဖြင့် နိုင်ငံခြားဝင်ငွေရရှိစေသည်။ ကျေးရွာတစ်ရွာ ထုတ်ကုန်တစ်မျိုး (ဥညန လငေါူန ဥညန ဏမသိကခအ) အသွင်ဆောင်၍ နိုင်ငံခြားဝင်ငွေ ရှာဖွေ ပေးနိုင်သော မီးခိုးမထွက်သော စက်ရုံများသဖွယ်ဖြစ်သည်။
ပုဂ္ဂလိကကဏ္ဍဖွံ့ဖြိုးတိုးတက်စေရန် ရေကြည်မြို့နယ် ကြိမ်၊ ဝါး လက်မှု အချောထည်လုပ်ငန်းရှင်များအသင်းကို အလုပ်အမှုဆောင် အဖွဲ့ဝင်  ၁၇ ဦးဖြင့် ဖွဲ့စည်းခဲ့ပြီး  ကြိမ်လက်မှုထည်လုပ်ငန်း တိုးတက်စေ ရန် စုစည်းအားထုတ်  ကြိုးစားဆောင်ရွက်လျက်ရှိကြောင်း တွေ့ရှိရ သည်။      

                                                                    ချယ်ရီမြင့်

[ဤဆောင်းပါးတွင် အသုံးပြုထားသော ဓာတ်ပုံများအတွက် မူရင်းပိုင်ရှင် အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။]