Main menu

Background

အစားအစာကုန်သွယ်မှုတွင် ဘေးအန္တရာယ်ကင်းရှင်းရေးလိမ်လည်လှည့်ဖြားကာကွယ်ရေး

Mon, 01/01/2024 - 11:48 -- journal_editor

အစားအစာကုန်သွယ်မှုကဏ္ဍဟူသည် အစာကွင်းဆက်များ၏ဘေးအန္တရာယ်ဖြစ်မှု ကာကွယ်ရန်  နည်းပညာအစီအမံများ အသုံး ပြုရန် လိုအပ်သော ကဏ္ဍတစ်ရပ်ဖြစ်သည်။   နိုင်ငံတကာ အစား အစာ ကုန်သွယ်ရေးတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ကြီး World Trade Organization WTO  စည်းမျဉ်းများအရ ကုန်သွယ်ဖက်နိုင်ငံများ၏ လူ၊ အပင်၊ တိရစ္ဆာန်နှင့် ပတ်ဝန်းကျင်နှင့်ပတ်သက်သော  ထိခိုက် ပျက်စီးယိုယွင်းမှု ကာကွယ်ရန်အတွက် လူ၊အပင်၊ တိရစ္ဆာန်ဆိုင်ရာ သန့်ရှင်း ကျန်းမာရေး သဘော တူညီချက်Sanitary and Phytosani-tary SPS Agreementနှင့်ကုန်သွယ်မှု နည်းပညာအတားအဆီးဆိုင်ရာ သဘောတူညီချက် Technical Barriers to Trade TBT Agreement  တို့ကို ကျင့်သုံးဆောင်ရွက်လျက်ရှိပါသည်။   အာဆီယံနိုင်ငံများ အတွက်လည်း   အာတီကယ်(၁၈)ပိုဒ်  ပါဝင်သော ASEAN  Food Safety regulatory Framework Agreement (AFSRF)  (မူကြမ်း)ကို ရေးဆွဲပြဋ္ဌာန်းလိုက်နာခြင်းဖြင့်စားသုံသူများကို အပြည့်အဝကာကွယ် ပေးရန်နှင့် ဘေးကင်းလုံခြုံသော ကုန်စည်များ လွယ်ကူစွာ  စီးဆင်း နိုင်စေရေး ဆောင်ရွက်လျက်ရှိသည်။ 
စားသောက်ကုန် ထုတ်လုပ်သည့်ကွင်းဆက်တိုင်းသည် အရေး ကြီးပြီး ထုတ်လုပ်တင်ပို့ရောင်းချရာတွင် အစာကွင်းဆက်တစ်လျောက် ပါဝင်သူများ၏   ကျင့်သုံးဆောင်ရွက်ချက်များ   practicesသည် ကောင်းမွန်မှု၊ လုံခြုံစိတ်ချရမှုရှိရန် အရေးကြီးသည်။ မရည်ရွယ်သော် လည်း ဖြစ်နိုင်ချေရှိသော ဘေးအန္တရာယ် unintentional  hazards) ကိုလည်းကောင်း ရည်ရွယ်ချက်ရှိရှိ ဆောင်ရွက်သော ဘေးအန္တရာယ် (intentional hazards)ကိုလည်းကောင်း ကာကွယ်ရန်ဖြစ်၍ မဖြစ် မနေ ကျင့်သုံးဆောင်ရွက်ရန် နည်းပညာအစီအမံများ အသုံးပြုခြင်း ဖြင့် ဝယ်ယူသူဘက်အား  အကာအကွယ် အပြည့်အဝ  ပေးထားခြင်း ဖြစ်သည်။ ၁၈ရာစုမှစ၍ ယနေ့ထက်တိုင် အစားအစာဆိုင်ရာ  လိမ် လှည့်ဖြားမှုသည်လည်း ဖြေရှင်းနေရဆဲပြဿနာတစ်ရပ်ဖြစ်ရာ ယင်း ကို ဦးတည်ချက်ထား၍ ရည်ရွယ်ချက်ရှိရှိဆောင်ရွက်မှသာ  အစား အစာ လုံခြုံစိတ်ချရမှု စီမံခန့်ခွဲရေးစနစ်  Food Safety Management Systemတစ်ခုလုံး လွှမ်းခြုံနိုင်မည်ဖြစ်သည်။  
စားသောက်ကုန်တစ်ခု၏ အစားအသောက်၊အစားအစာပါဝင် ပစ္စည်းများ (သို့မဟုတ်) အစားအသောက် ထုပ်ပိုးခြင်း၊ အညွှန်း တပ်ခြင်း၊ ထုတ်ကုန်အချက်အလက်များ  (သို့မဟုတ်) မှားယွင်းသော (သို့မဟုတ်)လွဲမှားသော ဖော်ပြချက်များအား  တမင်တကာ  ရည်ရွယ် ချက်ရှိရှိဖြင့် မမှန်ကန်သောအရာများဖြင့် အစားထိုးခြင်း၊  ထပ်မံ ပေါင်းထည့်ခြင်းအား စီးပွားရေးအကျိုးအမြတ်အတွက် ပြုလုပ်ခြင်း ဖြင့်  အကျိုးဆက်ကြောင့်  စားသုံးသူများ၏ကျန်းမာရေး ထိခိုက် နိုင်ခြင်းအား အစားအသောက် လိမ်လည်လှည့်ဖြားခြင်း food  fraud  ဟုခေါ်သည်။G lobal Food Safety Initiatives GFSI ၏ အဆိုအရ  အစားအစာဆိုင်ရာ လိမ်လှည့်ဖြားမှု  Food Fraud  ဆိုသည်မှာ စီးပွား ရေး(ငွေကြေး)ဆိုင်ရာ  ရယူလိုမှုကြောင့် ရည်ရွယ်ချက်ရှိရှိ ဆောင် ရွက်ရာမှ ဖြစ်ပေါ်သော လိမ်လည်လှည့်ဖျားမှုဖြစ်ပါသည်။ 
မြန်မာနိုင်ငံတွင် မိမိတို့စားသုံးသူရေးရာဦးစီးဌာနမှ အဆိုပြု ရေးဆွဲပြဋ္ဌာန်းထားသော    စားသုံးသူကာကွယ်ရေး(၂၀၁၉)ခုနှစ် ဥပဒေ အခန်း(၁)၊အပိုဒ်(၂)(ဆ)အရ  လိမ်လည်လှည့်ဖြားခြင်း Fraud ဆိုသည်မှာ   ကုန်စည်/ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ မှားယွင်းသော ဖော်ပြခြင်းဖြင့်ဖြစ်စေ၊ မမှန်ကန်သော ကြေညာခြင်းဖြင့်ဖြစ်စေ၊ မရိုး ဖြောင့်သော သဘောဖြင့် ဖြစ်စေ စားသုံးသူကလွဲမှားစွာ လက်ခံစေရန် ရည်ရွယ်ဆောင်ရွက်မှုကို ဆိုပါသည်။   စားသုံးသူကာကွယ်ရေး (၂၀၁၉)ခုနှစ် ဥပဒေအခန်း(၁)၊အပိုဒ်(၂)(ဇ)အရ ယင်းနှင့်အလားတူ အခြားအဓိပ္ပာယ် ဖွင့်ဆိုချက်တစ်ခုမှာ ထင်ယောင်ထင်မှားဖြစ်ခြင်း Deception)ဖြစ်၍ ကုန်စည်နှင့်ဝန်ဆောင်မှုနှင့်စပ်လျဉ်း၍ သဘာဝ အရည်အသွေးကိုဖြစ်စေ ထုတ်လုပ်မှုဖြစ်စဉ်ကိုဖြစ်စေ  ဆောင်ရွက်မှု ဖြစ်စဉ်ကိုဖြစ်စေ  ဝိသေသလက္ခဏာကိုဖြစ်စေ သတ်မှတ်ထားသော စံချိန်စံညွှန်းကိုဖြစ်စေ  ရည်ရွယ်ချက်ကိုဖြစ်စေ  အရေအတွက်ကို ဖြစ်စေ စားသုံးသူကို လွဲမှားယူဆမှုဖြစ်စေသော  ပြုလုပ်မှုကို ဆိုလို သည်။
ပညာရှင်များအဆိုအရ  အစားအစာလိမ်လည်လှည့်ဖြားခြင်း အမျိုးအစား ခုနစ်မျိုး ခွဲခြားထားရာ   အစားထိုးခြင်းsubstitution) ဖုံးကွယ်ခြင်း(concealment)၊ မှားယွင်းသော ကုန်အညွှန်းဖော်ပြခြင်း mislabelling) တရားဝင် မဟုတ်သော  မှောင်ခိုဈေးကွက်အတွက် ထုတ်လုပ်ခြင်း (grey market production / Theft) ၊ တရားမဝင်သော ထပ်ဖြည့်ပစ္စည်း အသုံးပြုခြင်း (unapproved enhancement) ၊ အတု ပြုလုပ်ခြင်း (counterfeiting)နှင့်  ရောနှောခြင်းDiluting တို့ဖြစ် သည်။ 
ဈေးကွက်တွင် တွေ့ရလေ့ရှိသော အစားအစာ လိမ်လည်လှည့် ဖြားခြင်းဖြစ်စဉ်များမှာ ဈေးကြီးသောဆီများကို  အခြားဆီများဖြင့် ရောနှောခြင်းဖြစ်ပြီး သံလွင်ဆီ(မြေပဲဆီ-ပြည်တွင်း)တွင် အခြား ဈေး သက်သာသောဆီများ ရောနှောခြင်း၊ ဈေးနှုန်းမတူညီသော  ငါးများ ရောင်းချရာတွင် ဈေးနှုန်းကြီးမြင့်သောငါးနှင့်   ပုံစံတူသော်လည်း အမျိုးအစား မတူသည့် ဈေးနှုန်းသက်သာသော ငါးရောနှောရောင်းချ ခြင်း(သို့မဟုတ်)အစားထိုး ရောင်းချခြင်း၊ နို့တွင်  မယ်လမင်းဓာတ် ဖြည့်၍ ရောင်းချခြင်း၊ လယ်ယာသီးနှံများတင်ပို့ရာတွင်  မျိုးရိုးဗီဇ ပြောင်းထားသောသီးနှံများGenetically  Modified Organism-GMOသီးနှံများနှင့် ရောနှောရောင်းချခြင်း၊ ပျားရည်ကို (ပျားရည် မဟုတ်သော) သကာရည်များ၊ အခြားပစ္စည်းများ ရောနှောရောင်းချ ခြင်း၊ ကော်ဖီနှင့် လက်ဖက်ခြောက်များ၏အမျိုးအစားနှင့် ထွက်ရှိရာ ဒေသများကို စီးပွားရေး အကျိုးအမြတ်ထွက်စေရန် လိမ်လည်လှည့် ဖြားခြင်း၊ ဈေးနှုန်းကြီးမြင့်သော ဟင်းခတ်အမွှေးအကြိုင်များကို ရော နှောရောင်းချခြင်း၊ အရက်၊ဘီယာနှင့်ဝိုင်အတု ပြုလုပ်ရောင်းချခြင်း၊ အသီးအနှံဖျော်ရည်တွင်  သစ်သီးအစစ်မှပြုလုပ်သော  ဖျော်ရည်နှင့် ဓာတုပစ္စည်းသုံးဖျော်ရည်အတုsynthetic cordial  ရောနှောရောင်းချ ခြင်းတို့ဖြစ်သည်။ 
ကမ္ဘာတစ်လွှား နိုင်ငံအလိုက်နာမည်ဆိုးဖြင့်ကျော်ကြားသော အစားအစာ  လိမ်လည်လှည့်ဖြားသောဖြစ်စဉ်များမှာ  နယူးဇီလန် နိုင်ငံထွက် မနုကပျားရည်Manuka Honey)သည်  အလှကုန်အဖြစ် လည်းကောင်း၊ ဆေးဘက်ဝင်၍လည်းကောင်း ကျော်ကြား၍ဈေးနှုန်း ကြီးမြင့်ရာ  တစ်နှစ်လျှင်  တန်ချိန် ၁၇၀ဝကျော်သာ  ထွက်ရှိသော် လည်း ဈေးကွက်တွင် နယူးဇီလန်ထုတ်  မနုကပျားရည်အမည်ဖြင့် တစ်နှစ်လျှင် တန်ချိန်တစ်သောင်းခန့် ရောင်းချခြင်း၊ ၂၀၂၃ခုနှစ်တွင် အင်္ဂလန်၊ပြင်သစ်နှင့်ဥရောပတစ်ခွင် အမဲသားညှပ်ဘာဂါများ ရောင်း ချရာတွင် အမဲသားအစား မြင်းသားနှင့်ဝက်သားများ  သုံးပုံတစ်ပုံခန့် ရောနှောထုတ်လုပ်ထားသည့်အမဲသားများအသုံးပြု ရောနှော ရောင်း ချခြင်းတို့ဖြစ်သည်။ ၂၀ဝ၈ခုနှစ်တွင်  တရုတ်နိုင်ငံတွင် ဖြစ်ပွားသော ကလေးငယ်များအတွက် နို့မှုန့်တွင် မယ်လမင်းရောနှော၍ လှည့်ဖြား ရောင်းချခြင်း၊ ဖာလာစေ့ကဲ့သို့ ဟင်းခတ်အမွှေးအကြိုင်တွင်  မြေပဲ များ ရောနှောထားရာ မြေပဲနှင့် ဓာတ်မတည့်သူများအတွက် ဆိုးကျိုး ဖြစ်စေခြင်း၊ အာရှနိုင်ငံများတွင် သံလွင်ဆီ၊ ငရုတ်ဆီနှင့် မြေပဲဆီများ တွင် ဈေးပေါသောအခြားဆီများ ရောနှောခြင်း၊ အမေရိကန်နိုင်ငံတွင် တီလားဗီးယားငါးကို အခြားဈေးကြီးသော ငါးများ အစားထိုး ရောင်း ချခြင်း၊ အီတလီချီစ် ထုတ်လုပ်စဉ်တွင် ကျွဲနို့အစား  နွားနို့အသုံးပြုခြင်း ဖြင့် လွဲမှားသော နို့အမျိုးအစား အသုံးပြုထုတ်လုပ်ခြင်း၊  အီးယူတွင် အသားထုတ်ပိုးသူများmeat packer)က လျှာနာခွာနာရောဂါဖြစ်ပွား သည့် ကျွဲနွားများအား  လုံလောက်သော   ကာကွယ်တားဆီးမှုများ ပြုလုပ်ရန်   ပျက်ကွက်ရုံမျှမက  ယင်းတို့ကို စားသောက်ရန် ဖြန့်ချိ ရောင်းချသည်အထိ ကျူးလွန်ခဲ့ကြခြင်းတို့ဖြစ်သည်။ 
ထိုမျှသာမက အစားအသောက်ကဏ္ဍကို အသုံးချ၍ ကြိုတင် ကြံစည်သော ရာဇဝတ်မှု ကျူးလွန်ခြင်းကိုMalicious contamination ဟုခေါ်သည်။  ၂၀ဝ၅ခုနှစ်တွင် ဗြိတိန်တွင် ဖြစ်ပွားသော ကျူးလွန် ခြင်းတွင် ပေါင်မုန့်အတွင်းတွင် ဖန်ထည်စများ အပ်များပါဝင်ခဲ့ခြင်း၊ အမေရိကန်နိုင်ငံ၊ အိုရီဂွန် အရွက်သုပ်ဘားဆိုင်၏ စားစရာများတွင် ဆယ်လ်မိုနဲလားပါဝင်၍ လူပေါင်း ၇၅၁ ယောက် နာမကျန်း ဖြစ်စေ ခဲ့ခြင်း၊၂၀ဝ၇ခုနှစ်တွင် ကိတ်မုန့်စက်ရုံတစ်ခုတွင် မြေပဲများဖြင့် ရော နှော ညစ်ညမ်းနေရာ ယခင်ဈေးကွက်တွင်းဖြန့်ဖြူးခဲ့သော ထုတ်ကုန် များ ပြန်လည်သိမ်းဆည်းခဲ့ရပြီး စက်ရုံကိုလည်း တစ်ပတ်ခန့်ကြာ အောင် သန့်ရှင်းရေးဆောင်ရွက်ခဲ့ရသည့်ဖြစ်စဉ်များ ဖြစ်ပွားခဲ့သည်။ 
 အတုအပပြုလုပ်ခြင်းဖြစ်စဉ်များတွင်   အရက်၊ ဘီယာနှင့် ဝိုင် များကို အတုပြုလုပ်ခြင်းမှာ အများစုဖြစ်သည်။  ဆိုက် ဘာမှ ကျူး လွန်သော ပြစ်မှုများ cyber crimeမှာ  အစားအစာမှာယူသည့်ကိစ္စ တွင် ဖြစ်ပွားပြီး ငွေလွှဲကိစ္စများ၊ အြွေကးဝယ်ကတ်ကိစ္စများနှင့်ပတ် သက်သည်။ သူလျှိုထားခြင်း    espionage မှာ  အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်းတစ်ခုဖြစ်ရာ အစားအစာထုတ်လုပ်သော စက်ရုံများ၏ ဖော်မြူလာများကို တရားဝင် မဟုတ်သော နည်းလမ်း ဖြင့်ရယူခြင်းဖြစ်ရာ ယင်းကို အသုံးပြုထုတ်လုပ်မည်ဆိုပါ က ပြည့်စုံမှု ရှိ မရှိ မသေချာသည့်အပြင် ဥပဒေကြောင်းအရ   ငြိစွန်းနေသည်။ အစားအစာဆိုင်ရာ လိမ်လည်လှည့်ဖြားခြင်း နောက်ထပ် နည်းလမ်း တစ်ခုမှာ  ခြိမ်းခြောက်ငွေညှစ်ခြင်း extortion ဖြစ်၍  အစားအစာ ညစ်နွမ်းမှုဖြစ်ပွားနေခြင်းကို အကြောင်းပြု၍ မသမာသော အစိုးရ တာဝန်ရှိသူမှ ခြိမ်းခြာက်ငွေညှစ်ခြင်းနှင့် မသမာသူတစ်စုမှ စူပါမား ကတ်ရှိ အစားအစာများတွင် ညစ်နွမ်းမှုဖြစ်စေရန် ဆောင်ရွက်မည်ဟု ခြိမ်းခြောက်ခြင်းတို့ဖြစ်သည်။ 
အစားအစာကဏ္ဍတွင်သာမက အခြားမည်သည့်ကဏ္ဍတွင် မဆို လိမ်လည် လှည့်ဖြားမှု fraud ဖြစ်ပွားလေ့ရှိရာ ကျူးလွန်သူများကို လေ့လာရာတွင် လိမ်လည်လှည့်ဖြားမှု ကျူးလွန်သော လူ၁၀ ဦးလျှင် ကိုးဦးမှာ ရာဇဝတ်မှုဆိုင်ရာ နောက်ကြောင်း ရာဇဝင်ရှိသူများ မဟုတ် ပါ။ သို့ဖြစ်ရာ (မရည်ရွယ်ဘဲ) လိမ်လည်လှည့်ဖြားမှု   ကျူးလွန်ခြင်း ပြဿနာဖြေရှင်းရာတွင် လိမ်လည်လှည့်ဖြားမှု တြိဂံ Fraud Triangle  ကို သိရှိထားရန် လိုအပ်ရာ အခြေခံအချက်(၃)ချက်တို့မှာ   အခွင့် အလမ်း opportunity ၊ ကျိုးကြောင်းဆီလျော်စွာ စဉ်းစားနိုင်မှု ration-alization နှင့်စေ့ဆော်သောအချက်မျာmotivation (ဖိအား pressure) တို့ဖြစ်ပါသည်။ လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားရန်  အခြေအနေနှင့် ကြုံကြိုက်ပါက လူအများအနေဖြင့် မည်သို့တုံ့ပြန်ကြသည်ကို ပညာ ရှင်များ လေ့လာခဲ့ရာ “၁၀-၈၀-၁၀ ဥပဒေသ” အရ   ကျူးလွန်ကြောင်း တွေ့ရှိခဲ့သည်။ အဓိပ္ပာယ်မှာ လူပေါင်း ၁၀ဝ ဦးရှိပါက ၁၀ဦး မှာ လိမ် လည်လှည့်ဖျားမှု ကျူးလွန်မည့်သူများ လုံးဝမဟုတ်ပါကြောင်း  ဆန့် ကျင်ဘက် အနေဖြင့် ၁၀ဦးမှာ လိမ်လည်လှည့်ဖြားမှု ကျူးလွန်နိုင်မည့် နည်းလမ်းများကို အားထုတ်ကြိုးပမ်းကျူးလွန်ကြကြောင်း ကျန်သော ၈၀ဦးမှာမူ လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားစေသည့်  အခြေခံအချက် သုံးချက်အရ လိမ်လည်လှည့်ဖြားမှု ကျူးလွန်ကောင်း ကျူးလွန်ကြပါ ကြောင်း၊ သို့ဖြစ်ရာ ယင်းအခြေအနေများကြောင့်   တာဝန်ရှိသူများ အနေဖြင့် စောင့်ကြည့်ထိန်းချုပ်ခြင်း၊  ဥပဒေပြုခြင်းတို့ကို ဆောင် ရွက်ရန် လိုအပ်မည်ဖြစ်ကြောင်း   မှုခင်းပညာရှင်များက ထောက်ခံ အကြံပြုထားပါသည်။
အစားအစာ လိမ်လည်လှည့်ဖြားမှု ဖြစ်ပွားပါက Vulnerability assessment critical control point VACCP  အသုံးပြု၍စိစစ်ရန်ဖြစ် ရာ ရှုထောင့်သုံးမျိုးမှ အားနည်းချက်/ပျော့ကွက်များ Vulnerability ကို ဦးတည်စိစစ်ရန်လိုအပ်ပါသည်။ထုတ်ကုန်တွင်ပါဝင်သော ပစ္စည်း ဆိုင်ရာအချက်များ၊ လုပ်ငန်းအပေါ် သက်ရောက်သောအချက်များ နှင့်သွင်းအားစုနှင့် လုပ်ငန်းထုတ်လုပ်မှုကွင်းဆက်၏  မဟာဗျူဟာ များကို ထိန်းချုပ်သည့်အချက်များတွင် ပျော့ကွက်များ ရှိ မရှိ စိစစ်ရန် ဖြစ်၍ အနိမ့်/အမြင့်ကို   စိစစ်ရန်ဖြစ်သည်။  သို့မှသာ ပျော့ကွက် များ လျှော့ချ၍ လိမ်လည်လှည့်ဖြားမှုကို  ကာကွယ်နိုင်မည်ဖြစ်ပြီး အစားအစာ ထုတ်လုပ်မှုမှာ ကွဲပြားသည်ဖြစ်ရာ  ထုတ်ကုန်၏အရေး ကြီးသော ပါဝင်ပစ္စည်းတိုင်းကို လိုအပ်သလို   စိစစ်ရန်ဖြစ်သည်။ VACCP စိစစ်ခြင်းတွင် ဖြစ်နိုင်ခြေရှိသော ပျော့ကွက်များကို သတ် မှတ်ရန်၊  မသမာသော အလေ့အထများ ဖြစ်နိုင်ခြေရှိမှု အကဲဖြတ်ရန်၊ ထိန်းချုပ်မှု အစီအမံများကို  သတ်မှတ်ရန်၊  မှတ်တမ်းထားရှိရန်နှင့် ပြန်လည်သုံးသပ်ရန် စသည့်အဆင့်များပါဝင်ပြီး ယင်းတို့ကို ဆောင် ရွက်ရာတွင် တစ်ကြိမ်သာ ဆောင်ရွက်ရမည့်  အစီအမံမဟုတ်ဘဲ အမြဲဆန်းစစ်နေရန် လိုအပ်ပါသည်။
အစားအစာ လိမ်လည်လှည့်ဖြားမှုဖြစ်ပွားမှုသည် ဆောင်ရွက် နေကျဖြစ်သော ပုံမှန်ကုန်သွယ်ရောင်းဝယ်မှုသာမက အီးကောမတ်စ် တွင် ဖြစ်ပွားရာ အစိုးရ၏အီးကောမတ်စ်ဥပဒေ၊ နည်းဥပဒေများ မှတ်ပုံတင်ခြင်းဆိုင်ရာ လိုအပ်ချက်များအပြင် အီးကောမတ်စ် ထိန်း ချုပ်သော ပုဂ္ဂလိက ပလက်ဖောင်းများ e–commerce platform ကို ထိန်းချုပ်ကွပ်ကဲရန် လိုအပ်မည်ဖြစ်ပါသည်။ အစားအစာ လိမ်လည်လှည့်ဖြားမှုဖြစ်ပွားမှုကို  ဖော်ထုတ်ရာတွင် သိပ္ပံအခြေခံ၍   အချက်အလက် အထောက်အထားဖြင့်  သက်သေ ပြသမှသာ ထိန်းချုပ်အရေးယူနိုင်မည်ဖြစ်ရာ သာမန်  နည်းပညာများ ဖြင့် လုံလောက်မှုရှိရန် မလွယ်ကူဘဲ ခေတ်မီနည်းပညာများကို အသုံး ချရန် လိုအပ်သည်ဖြစ်ရာ  နည်းပညာရှုပ်ထွေး၍  ငွေကုန်ကြးကျ များပြားစွာ လိုအပ်သည်။ သို့ဖြစ်ပါ၍ အစားအစာ လိမ်လည် လှည့် ဖြားမှု ပြဿနာမဖြစ်ပွားစေရန် တားဆီးနိုင်မှသာလျှင်   ထုတ်လုပ်မှု ကွင်းဆက်  supply-chain တစ်လျှောက် ပါဝင်ပတ်သက်သူများ၏ စီးပွားရေးပုံမှန်လည်ပတ်နိုင်မည်ဖြစ်ပြီး တစ်ကြိမ်ယုံကြည်ချက်ပျက်စီး ပြိုလဲခဲ့ပါက ပြန်လည်ထူထောင်ရန် နှစ်ပေါင်းများစွာ ကြာမြင့်တတ် ပါသည်။  ထိုပြဿနာကို ဖြေရှင်းရန် နိုင်ငံအဆင့် အစားအစာ လိမ် လည်လှည့်ဖြားမှု  Food Fraud အဓိပ္ပာယ် ဖွင့်ဆိုရန်၊ ယင်းကို (ပုံမှန် ကုန်သွယ်ရောင်းဝယ်မှုနှင့်အီးကောမတ်စ်အတွက်ပါ) ဖြေရှင်းနိုင်ရေး မူဘောင်တစ်ခုရေးဆွဲရန် နိုင်ငံအဆင့် အစားအစာ အရည်အသွေးနှင့် ဘေးအန္တရာယ်ကင်းရှင်းရေးများကို  နိုင်ငံတကာစံချိန်စံညွှန်း ရေးဆွဲ ရေးအဖွဲ့များ၏စံသတ်မှတ်ချက်များအပေါ် အခြေခံ၍ တန်ပြန် အစီ အမံများ counter measures  ချမှတ်ရန်၊  ခေတ်အမီဆုံးသော နည်း ပညာအသုံးချမှု  လိုအပ်ချက် ဖြည့်ဆည်းထားရန်နှင့်  နည်းပညာ ခိုင်မာစေရေး အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရှိရန်တို့ကို ပညာ ရှင်များက ထောက်ခံ အကြံပြုထားပါသည်။ 
အစားအစာကုန်သွယ်မှုတွင်  လိမ်လည်လှည့်ဖြားမှု အခါအား လျော်စွာ ဖြစ်ပေါ်လျက်ရှိရာ မြန်မာနိုင်ငံကဲ့သို့ လယ်ယာထွက်ကုန် တင်ပို့သောနိုင်ငံတစ်ခုအတွက်   အရေးကြီးသော ကိစ္စတစ်ရပ်ဖြစ် သည်။ နိုင်ငံတကာစံချိန်စံညွှန်းများအပေါ် အခြေခံ၍ တန်ပြန်အစီ အမံများ ချမှတ်ရန်၊ နည်းပညာခိုင်မာစေရေး ခေတ်မီနည်းပညာများ၊ စက်ကိရိယာများကို အသုံးချ၍   လိုအပ်ချက်များကို  အဆင်သင့် ပြင်ဆင်ဆောင်ရွက်ထားရန်  ဥပဒေပြု၍ ပြဿနာ  မဖြစ်ပေအောင် တားဆီးရုံမျှမက ဥပဒေ၏အာဏာ သက်ရောက်မှု Law enforce-ment)) ပြည့်ပြည့်ဝ၀ဆောင်ရွက်နိုင်မှသာ အထိအခိုက်၊ အကုန်အကျ နည်းပါးသက်သာစွာဖြင့် အစားအစာ လိမ်လည်လှည့်ဖြားမှု ပြဿနာ ကို ကာကွယ်တားဆီးနိုင်မည်ဖြစ်သည်။ 
ရင်းမြစ်။   ။  the  CP law of 2019,  IFT.org, food fraud preventionthinktank.com  and  Fraud  Triangle

ဒေါက်တာဝေရီလင်း (စားသုံးသူရေးရာ)