Main menu

Background

မြင့်တက်လာသော ကမ္ဘာ့ရေနံဈေးနှုန်းနှင့် ပြည်တွင်းစက်သုံးဆီဈေးကွက် အခြေအနေ

Wed, 05/30/2018 - 14:31 -- journal_editor

ယနေ့တိုးတက်လာသည့် ခေတ်ကြီးမှာ စက်သုံးဆီဟာ လူသား တို့၏ လူနေမှုဘဝတွင် နေ့စဉ်အသုံးပြု ရလျက်ရှိသည့် အရေးကြီး သည့်မဟာဗျူဟာမြောက် ကုန်စည်အမယ်တစ်ခု ဖြစ်ပါတယ်။ စက် သုံးဆီကို ယနေ့ခေတ်တွင် မြို့ပြ ဒေသများတွင်သာမက ကျေးလက် ဒေသများတွင်ပါ နေ့စဉ် တွင်တွင်ကျယ်ကျယ် သုံးစွဲရလျက်ရှိပါတယ်။ စက်သုံးဆီဖြင့် လူနေမှုဘဝတွင် နေ့စဉ်ပါဝင်လျက်ရှိတဲ့ မော်တော် ယာဉ်များ၊ ကုန်ပစ္စည်းထုတ်လုပ်မှုအတွက် စက်များလည်ပတ်ရသည် ဖြစ်ရာ စက်သုံးဆီဈေးနှုန်း  တက်ခြင်း/ကျခြင်းသည် အခြေခံ စား သောက်ကုန်များအပါအဝင် ကုန်စည်များ၏သယ်ယူ ပို့ဆောင်ရေး တွင်လည်းကောင်း၊ ထုတ်လုပ်မှု ကုန်ကျစရိတ်များတွင် လည်းကောင်း တိုက်ရိုက် အကျိုးသက်ရောက်မှု ရှိသည့်အတွက် စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးဟာ လွန်စွာအရေးကြီးလှပါတယ်။

မြန်မာနိုင်ငံအတွင်းမှာ စက်သုံးဆီဈေးနှုန်းများဟာ ဧပြီလ ဆန်းလောက်မှစတင်၍ တက်ခဲ့ပြီး သက်ဆိုင်ရာ တာဝန်ရှိသူ များမှ မဟာသြင်္ကန်ကာလအတွင်း စက်သုံးဆီဈေးနှုန်း  တည်ငြိမ်စေရေး အတွက် အရေးပေါ် အစည်းအဝေးများ ခေါ်ယူကာ ဈေးနှုန်းတည် ငြိမ်မှုရှိစေရေး အစီအမံများကိုဆွေးနွေးခဲ့ကြပါတယ်။ ဒီလိုစက်သုံး ဆီဈေးနှုန်းတက်ခြင်းဟာ မိမိနိုင်ငံတွင်း၌သာ တက်ခြင်းမဟုတ်ဘဲ အာဆီယံဒေသတွင်းရှိ  နိုင်ငံများသာမက ကမ္ဘာနှင့်အဝန်းတွင် ဈေး နှုန်းကြီးမြင့် နေခြင်း ဖြစ်တာကို လေ့လာတွေ့ရှိ ရပါတယ်။ စက်သုံးဆီ ဈေးမတက်တဲ့နိုင်ငံတွေကတော့ ကမ္ဘာပေါ်မှာ ရေနံထွက်ပြီး အသုံး ပြုနိုင်တဲ့နိုင်ငံများနဲ့ အစိုးရကနေ ဈေးကွက်ကိုချုပ်ကိုင်ပြီးလုပ်ဆောင် တဲ့နိုင်ငံအချို့ပဲရှိတာကိုလည်း လေ့လာတွေ့ ရှိရပါတယ်။

နေပြည်တော်မှာ နေထိုင်သူတစ်ဦးက “ခုဆို ဆီဈေးတွေက တအားတက်နေတာ။  ကားကအင်ဂျင်  ပါဝါ ၂.၄ ဓာတ်ဆီကားပါ။ အရင်ကဆို ကျပ် ၃၀၀၀၀ ဖိုးလောက်ဖြည့်ထားရင် တစ်ပတ်လုံး အကြိုက်သုံးလို့ရတယ်။ ခုက ကျပ် ၄၀၀၀၀ ဖိုးလောက်ဖြည့်ရင်တောင် တစ်ပတ်စာ မလောက်ချင်ဘူး။ ဆီဈေးကျဖို့ မျှော်လင့်မိပေမယ့်လည်း လွယ်မယ် မထင် ပါဘူး။ မေလ ၂၄ရက်နေ့မှာဆို 92 RON တစ်လီတာ ကို ၉၁၅ ကျပ်နှုန်းနဲ့ ဆီဖြည့်ခဲ့ရတယ်။ တစ်လီတာ တစ်ဒေါ်လာနား ကပ်တော့မယ်”ဟု ဆိုပါတယ်။ရန်ကုန်ရှိ အငှားယာဉ်မောင်းနှင်သူတစ်ဦးကလည်း “ဆီဈေး တက်တော့ ကားဆွဲရတာ မကိုက်ဘူးပေါ့ဗျာ။ ဆီဈေးတက်လို့ဆိုပြီး ကားခတိုးတောင်းတော့လည်း ခရီးသည်တွေက မကြည်ချင်ကြဘူးဗျာ” ဟု ညည်းပါတယ်။

ဧရာဝတီတိုင်းဒေသကြီးမှ ရန်ကုန်သို့ ရာသီထွက်ကုန်များ လက်ကားတင်ပို့ရောင်းချသော မစုစုက“ ကျွန်မတို့ခုကုန်သယ် ရင် ကားခက ဆီဈေးတက်လို့ဆိုပြီး ကားခကဈေးတက်တယ်လေ။ အဲ တော့ ရောင်းတဲ့ကုန်စည်အပေါ် နည်းနည်းထပ် ဆောင်းပြီးဈေးတင် ရတော့တာပေါ့။ မဟုတ်ရင် မကိုက်ဘူး ။  နောက်ဆုံးကတော့ ဒီစရိတ် တွေ စားသုံးသူကကျခံရတာ ပါပဲ”ဟု မသက်မသာ မျက်နှာထားနှင့် ဆိုပါတယ်။

ဆီဆိုင်ဖွင့်လှစ်ရောင်းချနေသူ တစ်ဦးကတော့ “တကယ်တော့ ကျွန်မတို့နိုင်ငံက ဆီဈေးက အခြားအိမ်နီးချင်းနိုင်ငံတွေက ဆီဈေးထက်ကို နည်းနေပါသေးတယ်။ ဆီဆိုင်တွေအနေနဲ့ကလည်း တချို့ အချိန်တွေမှာလိုအပ်ရင် လိုအပ်သလိုအရှုံးခံ ရောင်းချပေးရတာမျိုး လည်းရှိပါတယ်။ ဆီဈေးတက်နေတာကတော့ လက်ရှိတစ်ကမ္ဘာလုံး ခံစားနေရတဲ့ ပြဿနာပါ” ဟု ပြောပါတယ်။

မေလ ၂၄ ရက်နေ့ ဈေးနှုန်းများအရ မိမိနိုင်ငံရဲ့ဓာတ်ဆီ 92 RON လက်လီဈေးဟာ တစ်လီတာကို အမေရိကန်ဒေါ် လာ သုညဒသမ၆၈ ( ၉၁၅ ကျပ်)ဖြစ်ပါတယ်။ မေလ၂၁ ရက်နေ့မှာ www.globaloilprice.comမှာ ဖော်ပြထားတဲ့ ဈေးနှုန်း များအရ အိမ်နီးချင်း နိုင်ငံများ၊ အာဆီယံဒေသတွင်း နိုင်ငံများနဲ့  ကမ္ဘာပေါ်ရှိ  နိုင်ငံများ အနက် ဈေးအနိမ့်ဆုံး နိုင်ငံနှင့်ဈေး အမြင့်ဆုံးနိုင်ငံများကို အောက်ပါ အတိုင်းတွေ့ရှိရမှာဖြစ်ပါတယ်။ ဈေးအနိမ့်ဆုံး နိုင်ငံများကတော့ရေနံ အလျှံပယ် ထုတ်လုပ်သည့်ဗင်နီဇွဲလား၊ အီရန်နိုင်ငံများဖြစ်ပြီး ဈေး နှုန်းအမြင့်ဆုံးနိုင်ငံများကတော့ နော်ဝေ၊ အိုင့်စ်လန်၊ ဟောင်ကောင် နိုင်ငံများပဲဖြစ်ပါတယ်-

ဒါ့အပြင် မော်တော်ယာဉ် သုံးစွဲမှုနည်းပါးသော စင်ကာပူနိုင်ငံ တွင်ပင်  မေလ ၂၃ရက်နေ့တွင်  www.imoney.sg  မှာ ဖော်ပြပါရှိတဲ့ လောင်စာဆီ ဈေးနှုန်းများအရ လက်လီ တစ်လီတာ ဈေးနှုန်းများမှာ  92 Octane သည်စင်ကာပူ ဒေါ်လာ  ၂ ဒေါ်လာမှ  ၃ ဒေါ်လာ နီးပါးခန့် ၊ ဒီဇယ်သည် စင်ကာပူဒေါ်လာ ၁ ဒသမ ၇၇ မှ ၁ ဒသမ ၇၉ ခန့် အသီးသီး ဖြစ်ကြောင်း သိရှိရပါတယ်။ စင်ကာပူနိုင်ငံတွင် ၂၀၁၅ ခုနှစ်၌ Premium Grade ဓာတ်ဆီအတွက် အခွန်သည် တစ် လီတာလျှင်၂၀ ဆင့်မှ ၆၄ ဆင့်ထိ တိုးမြှင့်ခဲ့ကြောင်း၊  Intermediate Gradeဓာတ်ဆီအတွက် အခွန်သည် တစ်လီတာလျှင် ၁၅ ဆင့်မှ ၅၆ ဆင့်ထိ တိုးမြှင့်ခဲ့ကြောင်း၊ ထိုသို့ အခွန်များ တိုးမြှင့်လာသည့်အတွက် လည်း ကမ္ဘာ့ ရေနံ စိမ်းဈေး ကျဆင်းခဲ့လျှင်တောင် သုံးစွဲသူများမှ ဈေး ကျခြင်းကို မခံစားကြရကြောင်း၊ သယ်ယူစရိတ်၊ သိုလှောင်စရိတ်၊ ဈေးကွက်မြှင့်တင်မှုစရိတ်၊ လုပ်ငန်းလည်ပတ်မှုစရိတ် စသည့် ကုန် ကျမှုများသည် လက်လီဈေးနှုန်းတွင် အကျိုးသက်ရောက်မှု ရှိလျက်ရှိ ကြောင်း၊ သို့ရာတွင် စင်ကာပူရှိ  အချို့ဘဏ်များသည် ၎င်းင်းတို့၏ Credit Card များအသုံးပြု၍ ဝယ်ယူခြင်းဖြင့် ဓာတ်ဆီဈေးနှုန်း လျှော့ ချပေးသည့်စနစ်ကို ကျင့်သုံးလျက်ရှိကြကြောင်း သိရှိရပါတယ်။

ကဲဒီလိုဆိုရင်ဖြင့်  လောင်စာဆီဈေးတက်ရတဲ့ မူလအကြောင်း ရင်းကို ကျွန်မတို့ လေ့လာကြည့်ကြရအောင်။ အကြောင်းရင်းကတော့ ရေနံထုတ်တဲ့ဇာတ်လမ်းက စတာပါပဲ။ ၂၀၁၈ ခုနှစ် ဧပြီ ၁၃ ရက်မှာ ရိုက်တာသတင်းဌာန website  ၌ ဖော်ပြထားသော သတင်းတစ်ရပ် အရ ကမ္ဘာ့ရေနံထုတ်လုပ်ရောင်းချသူ နိုင်ငံများအဖွဲ့ဖြစ်တဲ့ Orga- nization of the Petroleum Exporting Countries (OPEC) ၎င်းရဲ့ မိတ်ဖက်နိုင်ငံများမှ၂၀၁၇ ခုနှစ် ဇန်နဝါရီလမှစလို့ ရေနံကိုလျှော့ ထုတ်ရန် ဆုံးဖြတ်ခဲ့တာက အစပြုလို့ ၂၀၁၈ ခုနှစ် နှစ်ဦးပိုင်းကတည်း က တရိပ်ရိပ်စတက်ခဲ့တဲ့ ဈေးများဟာ မေလမှာတော့ အမြင့်ဆုံးကို ရောက်ရှိခဲ့ပြီး ရေနံစည်တစ်စည်ဈေး အမေရိကန်ဒေါ်လာ ၇၀ မှ ၇၉ ဝန်းကျင်ထိ ဈေးတက် လာတာပဲဖြစ်ပါတယ်။ OPECအဖွဲ့နဲ့ မိတ်ဖက် နိုင်ငံများက လျှော့ချလိုက်တဲ့ ထုတ်လုပ်မှုပမာဏဟာ ယခင် ထုတ်နေ ကျထက် တစ်နေ့ကို ရေနံစည် ၁ ဒသမ ၈ သန်းအထိ လျှော့ ချလိုက် တယ်လို့ ဆိုပါတယ်။ ကမ္ဘာ့နိုင်ငံများမှ သိုလှောင်ထား တဲ့အရန်ဆီ လက်ကျန်အနေအထားများအရ တင်သွင်းပြီး သုံးရတာမျိုးတွေ ဖြစ် လာတော့ ဆီဈေးတွေတက်ပြီပေါ့။ တစ်ကမ္ဘာလုံးနီးပါးမှာရှိတဲ့ နိုင်ငံ တွေအကုန်နီးပါး ဈေးတက်ခြင်း ပြဿနာကို ရင်ဆိုင်ရလျက်ရှိ တာပါ။ အိန္ဒိယမှာဆိုရင် ၁၆ နှစ်အတွင်း အမြင့်ဆုံးဈေး ဖြစ်သွားတာ ကြောင့် တစ်နိုင်ငံလုံး အုတ်အော်သောင်းနင်း ဖြစ်နေကြတယ်လို့ လည်း သိရပါတယ်။ 7 News Perth တွင် မေလ ၂၄ ရက်၌ ဖော်ပြ ထားမှုအရ သြစတြေးလျနိုင်ငံ ပါ့သ်မြို့၌ ဆီဈေးနှုန်းများဟာ လေး နှစ်အတွင်း အမြင့်ဆုံးကို ရောက်ရှိခဲ့တယ်လို့ဆိုပါတယ်။  အမေ ရိကန်နိုင်ငံကတော့ ကျောက်လွှာတွေထဲက ရေနံထုတ်တဲ့ နည်းစနစ် ရထားတဲ့အတွက်ကြောင့်  ဈေးသိပ်မတက်သေးဘဲ  ယခင်ထက်  သုည ဒသမ၅ရာခိုင်နှုန်း လောက်ပဲတက်တယ်လို့ လေ့လာတွေ့ရှိရ ပါတယ်။ 

၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် တစ်နိုင်ငံလုံး ကုန်သွယ်မှုပမာဏ တန်ဖိုးရဲ့ ၁၀ ရာခိုင်နှုန်းရှိပြီး လက်ရှိ ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့ အထိ ယာယီကုန်သွယ်မှုစာရင်းများအရဆိုလျှင် တစ်နိုင်ငံလုံး ကုန် သွယ်မှု ပမာဏတန်ဖိုး၏ ၁၁ ရာခိုင်နှုန်းရှိသည် ကိုတွေ့ရှိရပါတယ်။ ကုန်သွယ်ရေးလိုငွေပြမှု (Trade Deficit)သည် ၂၀၁၇-၂၀၁၈ ဘဏ္ဍာ နှစ်၌ အမေရိကန်ဒေါ်လာ  ၃၈၄၈ သန်းဖြစ်ရာ စက်သုံးဆီတင် သွင်းမှု တန်ဖိုးက ၃၃၆၆ သန်းဖြစ်သည့်အတွက် ၈၇ ရာခိုင်နှုန်း၊ ၂၀၁၈ ခုနှစ် မေလ ၁၁ ရက်နေ့ အထိတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၀၉ သန်း၌ စက်သုံးဆီ တင်သွင်းမှုတန်ဖိုးသည် ၄၀၃ သန်းဖြစ်သည့် အတွက် ၅၀ ရာခိုင်နှုန်းအသီးသီး ပါဝင်လျက်ရှိပါတယ်။ မိမိနိုင်ငံတွင် လမ်းပန်းဆက်သွယ်ရေး တိုးတက်လာပြီး စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ယာဉ်အသုံးပြုမှုများလည်း တိုးမြှင့် လာမှုနှင့်အတူ စက်သုံးဆီ လိုအပ်မှုက လည်း မြင့်တက်လာခဲ့ပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံကို တင်သွင်းလာတဲ့ စက်သုံးဆီများသည် အများအားဖြင့် စင်ကာပူနိုင်ငံမှ တင်သွင်းလာပြီး ဆိပ်ကမ်း ရောက် တန်ဖိုး အပေါ်တွင် ၁ ဒသမ ၅ ရာခိုင်နှုန်း၊ ကုန်သွယ်လုပ်ငန်းခွန် ၅ ရာခိုင်နှုန်း၊ အထူးကုန်စည်ခွန် ၅ရာခိုင်နှုန်း ကောက်ခံသဖြင့် စုစု ပေါင်းအခွန် ၁၁ ဒသမ ၅ ရာခိုင်နှုန်းဖြစ်နေကြောင်း၊ ဒါ့အပြင် လုပ် ငန်းရှင်၏ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်းကလည်း ပေးဆောင်ရသည် ဖြစ်၍ ထိုအခွန်များ၏တန်ဖိုးသည်လည်း စက်သုံးဆီဈေးနှုန်းအပေါ် တွင် သက်ရောက်မှုရှိတာကိုလည်း တွေ့ရှိရပါတယ်။ မြန်မာနိုင်ငံနှင့် အာဆီယံနိုင်ငံများရဲ့ ဒီဇယ်ဆီအပေါ်ကောက်ခံသည့် အထူးကုန်စည် ခွန်နှုန်း၊ အခြားသွယ်ဝိုက်ခွန်နှုန်းနှင့် တစ်လီတာရောင်းချသည့် ဈေး နှုန်းများအား လေ့လာသည့်အခါ  အထူးကုန်စည်ခွန်ကောက်ခံခြင်း မရှိသော နိုင်ငံနှစ်နိုင်ငံတွေ့ရှိရပြီး  မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပါတယ်။ 

စက်သုံးဆီဈေးကြီးမြင့်မှုနဲ့ပတ်သက်ပြီး   နိုင်ငံတော်အစိုးရရဲ့ လမ်းညွှန်ချက်နဲ့  သက်ဆိုင်ရာဝန်ကြီးဌာနအသီးသီးမှ တာဝန်ရှိသူ များ ကြိုးပမ်းညှိနှိုင်းဆောင်ရွက်နေတဲ့ အကြောင်းလေးကိုလည်း လေ့လာမိသလောက် မျှေ၀ ပါရစေ။ ၂၀၁၈ ခုနှစ် ဧပြီလ ၁၂ ရက်နေ့ တွင် နိုင်ငံတော်၏လမ်းညွှန်ချက်အရ  သက်ဆိုင်ရာ ဝန်ကြီးဌာနများ၊ သက်ဆိုင်ရာ အသင်းအဖွဲ့ များ၊ သက်ဆိုင်ရာကုမ္ပဏီများနှင့် စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ဦးဆောင်၍ ပထမ အကြိမ် ညှိနှိုင်း အစည်းအဝေးကျင်းပပြုလုပ်ခဲ့ပြီး မဟာသြင်္ကန်ကာလ အတွင်း စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေး ဆောင်ရွက်ပေးခဲ့တာကို အားလုံးအသိပဲဖြစ်ပါတယ်။ ၎င်းင်းညှိနှိုင်းအစည်းအဝေးမှ အစည်း အဝေး သဘောတူညီချက်များကို နောက်တစ်ရက်မှာ နိုင်ငံတော် သမ္မတရုံးသို့တင်ပြပြီး ဆက်လက်ဆောင်ရွက်လျက်ရှိတာကိုလည်း လေ့လာသိရှိရပါတယ်။ စက်သုံးဆီဈေးနှုန်း တည်ငြိမ်ရေးနဲ့  ပတ် သက်လို့ ကာလတို၊ ကာလလတ်၊ ကာလရှည်ဟူ၍ အပိုင်းသုံးပိုင်းခွဲပြီး ဆောင်ရွက်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

အဲဒီနောက်မှာတော့ ယခု မေလ  ၁၂ ရက်နေ့တွင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ဦးဆောင်၍ ဒုတိယအကြိမ် အစည်းအဝေး ထပ်မံခေါ်ယူကျင်းပခဲ့ပြီး စက်သုံးဆီ သိုလှောင်ကန် များ မလုံလောက်သည့် အခက်အခဲ ဖြစ်ပေါ်နေမှုနှင့်  စက်သုံးဆီဈေး နှုန်း ကြီးမြင့်နေမှုနှင့်ပတ်သက်လို့ ဆက်လက်ဆွေးနွေး ညှိနှိုင်းခဲ့ကြ ပါတယ်။ ညှိနှိုင်း အစည်းအဝေးမှာ သက်ဆိုင် ရာ တာဝန်ရှိသူများ ၏ဆွေးနွေးညှိနှိုင်းချက်များအရ မြန်မာ့ရေနံနှင့် ဓာတုဗေဒလုပ်ငန်းမှ လည်း ဓာတ်ဆီဂါလံ ၃ သန်းကို မန်းသံပုရာကန် ရေနံချက်စက်ရုံမှ ဖြန့်ဖြူးရန် မြန်မာနိုင်ငံ စက်သုံးဆီတင်သွင်းဖြန့်ဖြူး ရောင်းချသူများ (MPTA)ဖြင့် ညှိနှိုင်းဆောင်ရွက်ရာမှာ ဂါလံ ၃ သန်း နီးပါး လုံး ငွေသွင်းပြီးဖြစ်ပြီး တစ်ဂါလံ ကျပ် ၃၂၀၀ ဈေးနှုန်းဖြင့် ရောင်းချ ပေးပြီးဖြစ်ကြောင်း သိရှိရပါတယ်။ လက်ရှိ စက်သုံးဆီဈေးကွက်ထဲသို့ လိုအပ်ချက်အများစုအား မပံ့ပိုးနိုင်သော်လည်း၊ အစိတ်အပိုင်းတစ်ခု အနေဖြင့် ပံ့ပိုးပေးနိုင်မည်ဖြစ်ပါကြောင်း သိရှိရပါတယ်။ ဒါ့အပြင် ဈေးကွက် တည်ငြိမ်မှုရှိစေရေးအတွက် ဓာတ်ဆီ၊ ဒီဇယ်များလည်း သတ်မှတ်ဈေးနှုန်း တစ်ခုဖြင့် (MPTA) မှတစ်ဆင့် ရောင်းချသွားမှာ ဖြစ် ကြောင်း၊ (MPTA)အနေဖြင့်လည်း တကယ်သုံးစွဲမည့် ဆိုင်တွေအထိ တစ်ပြည်လုံးရောက်ရှိရန်ဖြန့်ဖြူးပေးလျက် ရှိကြောင်း၊ ထို့ပြင် သန်လျင် ရေနံချက်စက်ရုံမှာ နှစ်ပေါင်းများစွာကြာမြင့်နေပြီ ဖြစ်သည့်အတွက် အဆင့်မြင့်ရန် လိုအပ်ကြောင်း၊ Octane 92 RON  အရည်အသွေး ရရှိရန်ကိုလည်း  နည်းလမ်းမျိုးစုံဖြင့် ဆောင်ရွက် လျက်ရှိကြောင်း၊ ပြည်ပကုမ္ပဏီများနှင့် မြန်မာပြည်တွင် လိုအပ်ချက်ရှိသည့် စက်သုံး ဆီ အသုံးပမာဏကိုလုံလောက် အောင် ထုတ်လုပ်နိုင်သည့် စက်ရုံ ကြီး ဆောက်လုပ်နိုင်ရန် ဆွေးနွေးနေကြောင်းကိုလည်း လေ့လာသိရှိရ ပါတယ်။

စက်သုံးဆီ သယ်ယူပို့ဆောင်ရေးနှင့်ပတ်သက်၍လည်း လျှပ်စစ် နှင့်စွမ်းအင်ဝန်ကြီးဌာန မှဆွေးနွေးတင်ပြချက်များ အရ လမ်းပေါ် တွင် ဘောက်ဆာတစ်စီးသွားခြင်းမှာအခြားကားအစီးရေ၂၀၀၀ သွားလာခြင်းနှင့် ညီမျှ၍ လမ်းများပျက်စီး မှု ရှိသကဲ့ သို့ တစ်ဖက်မှာ လည်း Accident မကြာခဏ ဖြစ်ပေါ်တာရှိကြောင်း၊ ထို့ကြောင့် ဆီသယ်ရထားဖြင့် ပို့ဆောင် နိုင်ရေး၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန၊ မြန်မာ့ရေနံထွက်ပစ္စည်း ရောင်းဝယ်ရေးမှ ညှိနှိုင်းဆောင်ရွက်နေပါ ကြောင်း၊  သီလဝါ-ရန်ကုန်-မြစ်ကြီးနားအထိ ဆီသယ်ရထားဖြင့် တင်ပို့နိုင်ရန် ညှိနှိုင်းဆောင်ရွက်ထားရှိကြောင်း သိရှိရပြီး ဆီသယ်တွဲ ရထားများဖြင့်  ဒီဇယ်ကိုသာ သယ်ဆောင်ခွင့်ပေးနိုင်ကြောင်းနှင့် ဓာတ်ဆီသယ်ယူခြင်းအတွက် ဆီတွဲများ တိမ်းစောင်းမှုနှင့် ပတ်သက် ၍ အန္တရာယ်ကြီးမားသဖြင့် သယ်ဆောင်ခွင့် မပြုကြောင်း လေ့လာ သိရှိရပါတယ်။ ဒါ့အပြင် ပုဂ္ဂလိက လုပ်ငန်းရှင်များမှ  ဆီသယ်တွဲ ကိုယ်ပိုင်ဝယ်ယူပါက မြန်မာ့မီးရထားမှ လမ်းအသုံးပြုခသာ ကောက် ခံပြီး မီးရထားလမ်း အသုံးပြုပြေးဆွဲခွင့် ခွင့်ပြုပေးသွားမှာ ဖြစ်ကြောင်း နှင့် လက်ရှိဆီ သယ်ရထားတွဲအား ပုဂ္ဂလိကများသို့ မျှေ၀ အသုံးပြုခွင့် တောင်းဆိုလာပါက ဆောင်ရွက်ပေးသွားရန်နှင့် ပုဂ္ဂလိက ကဏ္ဍမှ သယ်လို သည Point များရှိပါ ကလက်ရှိ MPPE သယ်ဆောင်နေသည့် Point များနှင့် နီးစပ်နေသည့် နေရာများသို့ သယ်ဆောင် ပေးသွားမှာ ဖြစ်ကြောင်းလည်း သိရှိရပါတယ်။

သီလဝါဆိပ်ကမ်းတွင် စက်သုံးဆီ တင်၊ချ ဆိပ်ကမ်းဆောက် လုပ်ရန်အတွက် မြေနေရာရယူထားပြီး လုပ်ငန်းအကောင်အထည် ဖော် ဆောင်ရွက်နိုင်ခြင်းမရှိသေးသည့် ကုမ္ပဏီလုပ်ငန်းရှင်များအနေ ဖြင့် သိုလှောင်ကန်နှင့် တံတားများ အမြန်ဆုံးတည်ဆောက်ရမှာဖြစ်ပြီး မဆောင်ရွက်နိုင်က ဆောင်ရွက်နိုင်မည့် ကုမ္ပဏီများအား ပြန်လည် လွှဲပြောင်းပေးရမှာ ဖြစ်တဲ့အတွက် လုပ်ငန်းရှင်များဘက်မှလည်း မြန်မြန်ဆန်ဆန် အကောင်အထည်ဖော်ကြတော့မှာ ဖြစ်တယ်လို့ မျှော်လင့်ရပါတယ်။ စက်သုံးဆီ သိုလှောင်နိုင်ဖို့ကိုလည်း ရန်ကုန်တိုင်း ဒေသကြီးအတွင်ွှ Tankနှင့် Bounded Ware House  တည်ဆောက်နိုင် ရေး ရန်ကုန်တိုင်းအစိုးရအဖွဲ့မှ Plan   ရှိသည့်အတွက် ရန်ကုန်တိုင်း ဒေသကြီးနှင့် မြန်မာနိုင်ငံစက်သုံးဆီ လုပ်ငန်းရှင်များအသင်းမှ လေ့ လာ၍အသင်းမှဦးဆောင်ပြီး ကြိုးပမ်းဆောင်ရွက်သွားမယ်လို့လည်း သိရှိရပါတယ်။ ဒီအချက်အလက်တွေကို ကြည့်ခြင်းအားဖြင့် နိုင်ငံ တော်အစိုးရနဲ့ တာဝန်ရှိဝန်ကြီးဌာနအားလုံးဟာ နိုင်ငံရဲ့ Strategic Commodity  ဖြစ်တဲ့ စက်သုံးဆီဈေးနှုန်းတည်ငြိမ်ရေးနှင့် ပတ်သက် လို့ အစဉ်တစ်စိုက်ကြိုးစား ဆောင်ရွက်ပေးနေတာကိုလည်း လေ့လာ တွေ့ရှိရပါတယ်။

သုံးသပ်ချက်

စက်သုံးဆီဈေးနှုန်း ကြီးမြင့်မှုကို သုံးသပ်ကြည့်ရရင် ကမ္ဘာ့ စက်သုံးဆီ ထုတ်လုပ်မှု၊ ကမ္ဘာ့ဈေးကွက် အခြေအနေတို့အပြင် ကမ္ဘာ့ နိုင်ငံရေး ၊ စစ်ရေး ၊စီးပွားရေး အခြေအနေများနှင့်ပါ  ပတ်သက်ဆက် နွယ်လျက်ရှိပါတယ်။ ယခုလို စက်သုံးဆီ ဈေးနှုန်းမြင့်တက်လာမှုဟာ တစ်ကမ္ဘာလုံးကို ရိုက်ခတ်လာတဲ့အတွက် ဇွန်လမှာ ထပ်မံကျင်းပမယ့် ဥဏနဃ အစည်းအဝေးမှာ ရေနံထုတ်လုပ်မှုနဲ့ပတ်သက်လို့ တစ်နည်း တစ်ဖုံ  ပြောင်းလဲမှုရှိဖို့၊ ပမာဏတိုးပြီး ထုတ်လုပ်ပေးဖို့ကို အားလုံးက မျှော်လင့်နေကြပါတယ်။ ဒါပေမယ့် OPEC အဖွဲ့ကြီးကတော့ အမေ ရိကန်က အီရန်ကို ပိတ်ဆို့မှုတွေ ဆောင်ရွက်ရင်တော့ သူတို့ကလည်း ရေနံနဲ့ ပြန်လည်ခုခံမှာဖြစ်ပြီး တစ်ကမ္ဘာလုံး အခက်တွေ့နိုင်တယ်လို့ သုံးသပ် ထားကြပါတယ်။ ဒါကတော့  ကမ္ဘာ့အရေးပေါ့။ ကျွန်မတို့ မြန်မာနိုင်ငံရဲ့ လောင်စာဆီဈေးနှုန်းနဲ့ပတ်သက်လို့ ဈေးနှုန်း တည်ငြိမ်ရေး လုပ်လို့ရမှာလေးတွေကို  စဉ်းစားကြည့်ရ အောင်။ ပထမတစ်ချက်ကတော့ သုံးစွဲမှုချွေတာဖို့ပဲ ဖြစ်ပါတယ်။ မော်တော်ယာဉ်၊ မော်တော်ဆိုင်ကယ် အရေအတွက်တွေကလည်း ဟိုးအရင်ကထက်စာရင် များပြားလာတာဖြစ်လို့ လောင်စာဆီ သုံးစွဲ မှုကလည်း ပိုမြင့်လာပါတယ်။ စက်တပ် ယာဉ်သုံးစွဲမှုကို ချွေတာနိုင် သလောက် ချွေတာခြင်းဖြင့် လောင်စာ ဆီသုံးစွဲမှုကို လျှော့ချကြည့်ရ မှာ ဖြစ်ပါတယ်။ နောက်တစ်ချက်ကတော့ ရေနံစိမ်းဟာ မိမိနိုင်ငံမှာ လည်း ထွက်ရှိတာဖြစ်တဲ့အတွက် ရေနံစိမ်းကို မိမိနိုင်ငံတွင်း တိုက် ရိုက်ချက်ပြီး လုံလောက်စွာ ဖြန့်ဖြူးရောင်းချနိုင်ဖို့ ဖြစ်ပါတယ်။ ဒါက လည်း သက်ဆိုင်ရာ တာဝန်ရှိသူတွေက အကောင်အထည်ဖော်ရေး ဆောင်ရွက်နေပြီလို့  သိရတဲ့အတွက် အနာဂတ် မှာ အကောင်အထည် ပေါ်လာတော့မှာဖြစ်ပါတယ်။ လက်ရှိမှာ လောင်စာဆီ တင်သွင်းမှု အတွက် စင်ကာပူဈေးကွက် ကိုသာ အဓိကမှီတည်နေရပြီး သယ်ယူ ပို့ဆောင်ခစရိတ်ကလည်း ကြီးမြင့်တဲ့အတွက် သယ်ယူ ပို့ဆောင်ခစရိတ်တွေ အပေါ်မှာ ဈေးနှုန်းကလည်း  လိုက်ပြီးမြင့်တက်နေမှာ ဖြစ် ပါတယ်။  ဥပမာဆိုလျှင်-မိမိနိုင်ငံရှိ ဆိပ်ကမ်းများရဲ့လက်ရှိ ရေလမ်း ကြောင်း အနေအထားအရ ရေစူးကန့်သတ်ချက်ရှိတဲ့အတွက် ပြည်ပ ကုန်တင်သင်္ဘော ကြီးများ ရဲ့သယ်ယူ ပို့ဆောင်ခ Freight Costတွေ မြင့်လာတာကို တွေ့ရမှာဖြစ်ပါတယ်။ စက်သုံးဆီကို အခြားနိုင်ငံများမှ တင်သွင်းတဲ့အခါမှာ အဆင်ပြေချောမွေ့ပြီး နိုင်ငံတစ်နိုင်ငံတည်းမှ တင်သွင်းရေးကို မှီခိုနေရန်မလိုဘဲ ရေနံထုတ်လုပ်တဲ့နိုင်ငံများမှ  တိုက်ရိုက် တင်သွင်း နိုင်ဖို့လိုအပ်ပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့ရာ ရေစူး နက်သော၊ တန်ချိန်များသည့် နိုင်ငံ တကာ ပင်လယ်ကူး သင်္ဘောကြီးများ မိမိဆိပ်ကမ်းကို အဆင်ပြေစွာ ဝင်ရောက်နိုင်ရေးအတွက် လိုအပ်တဲ့ သောင်တူးဖော်ရေးလုပ်ငန်းများ၊ ရေလမ်းကြောင်းပြုပြင်ခြင်းလုပ်ငန်း များကို အဆင့်မီပြုပြင်ဆောင်ရွက်ရန်လည်း လိုအပ်မှာဖြစ်ပါတယ်။ ဒါက ပြည်ပကနေ တင်သွင်းသယ်ယူတဲ့ အပိုင်းပါ။

ထိုကဲ့သို့ ဆောင်ရွက်နိုင်မယ်ဆိုလျှင် ပြည်ပသယ်ယူပို့ဆောင်ခ စရိတ်တွေ လျှော့ချနိုင်မှာဖြစ်တဲ့အတွက် ပြည်တွင်း ဈေးကွက်အတွင်း မှာ ပြန်လည်ဖြန့်ဖြူးတဲ့အခါမှာလည်း ဈေးလျှော့ ရောင်းချနိုင်မှာ ဖြစ်ပါတယ်။ တစ်ဖက်မှာလည်း ဈေးကွက် စီးပွားရေးစနစ်နှင့်အညီ လွတ်လပ်ပြီး တရားမျှတတဲ့ဈေးကွက် ဖြစ်ပေါ်စေဖို့ရာ ပြည်ပကုမ္ပဏီ များကို ဖိတ်ခေါ်၍ ရင်းနှီးမြှုပ်နှံရေး၊ တိုက်ရိုက်ရောင်းချခွင့်ပြုရေး ခွင့်ပြုဖို့ လိုအပ်ပါတယ်။

နောက်တစ်ခုက Storage ပါ။  မိမိတို့နိုင်ငံရဲ့ လက်ရှိအနေ အထားအရ စက်သုံးဆီရဲ့ ှအသမေါန ဃစေခေငအပ ကို  လုံလောက်စွာ ဆောင်ရွက်ဖို့ လိုမှာ ဖြစ်ပါတယ်။ ပြည်ပမှာ ဈေးကျတဲ့အချိန်တွေမှာ Storage Capacity (အများအပြား သိုလှောင်ထားနိုင်ရန်) လိုအပ်ပါတယ်။ ထိုသို့သိုလှောင်နိုင်ရေးအတွက် ခေတ်မီစနစ်ကျတဲ့ သိုလှောင်မှု စနစ် တွေ လိုအပ်မှာဖြစ်ပြီး ဒါတွေအတွက်လည်း ရင်းနှီးမြှုပ်နှံဖို့ လိုအပ် မှာဖြစ်ပါတယ်။ ဒီလို သိုလှောင်နိုင်မယ်ဆိုရင် ပြည်ပ ဈေးတက်စေဦး တော့  မိမိတို့မှာ သိုလှောင်ထားသည့် ပမာဏဖြင့် ပြည်တွင်းသုံးစွဲမှုကို အဆင်ပြေအောင် ဆောင်ရွက်နိုင်လျှင် ဈေးနှုန်းကို ထိန်းထားနိုင် မှာပဲ ဖြစ်ပါတယ်။ ဒါ့အပြင် လောင်စာဆီဈေးနှုန်း ကြီးမြင့်မှုတွေဟာ သယ်ယူ ပို့ဆောင်ခစရိတ်ကြီးမြင့်တာတွေအပေါ် တိုက်ရိုက်အချိုး ကျပြီး၊ သံသရာလည်နေတဲ့အတွက် ပြည်ပမှ စက်သုံးဆီ တင်သွင်း ရာမှာ ကြားခံမများဘဲ  Seller & Buyer - ရောင်းတဲ့သူ ၊ ဝယ်တဲ့သူ တိုက်ရိုက် အချိတ်ဆက်မိမိ ဝယ်ယူရရှိနိုင်ဖို့ကလည်း အရေးပါလှတဲ့ အချက် ဖြစ်ပါတယ်။ အဲဒီနောက် ပြည်တွင်းမှာ ပြန်လည်ဖြန့်ဖြူးတဲ့အခါမှာလည်း သယ်ယူပို့ဆောင်ရေးစနစ်ကို ယခုထက် ပိုပြီးှ Stream Line လုပ်နိုင် မယ်ဆိုရင် ပိုအဆင်ပြေမှာဖြစ်ပါတယ်။ လက်ရှိမှာ  တရုတ်နိုင်ငံမှ  မြန်မာနိုင်ငံအတွင်း ဖြတ်ပြီးသွယ်တန်းထားတဲ့ ရေနံပိုက်လိုင်းများရှိ ပြီးဖြစ်တဲ့အတွက် အဆိုပါပိုက်လိုင်းများမှ Share ပြုလုပ်၍ ရေနံချက် စက်ရုံကြီးများမယ်ဆိုရင် မိမိနိုင်ငံအတွက်လည်း ပိုအကျိုးရှိမှာဖြစ်ပါ တယ်။ လက်ရှိစနစ် မှာကတော့ Tanker Lorry များ (ဆီဘောက်ဆာ ကားကြီးများ) ကို အားကိုးနေရပါတယ်။ ထိုကဲ့သို့ ကားကြီးများနဲ့ သယ်ယူတဲ့အခါမှာ  လမ်းရဲ့ကြံ့ခိုင်ရေးကိုလည်း ထိခိုက်မှုရှိနိုင်ပြီး ဒါတွေကလည်း နိုင်ငံတော်ဘဏ္ဍာငွေကို ထိခိုက်လာစေမှာပဲဖြစ်တဲ့ အတွက် ရေရှည်မှာ Cost Effectiveဖြစ်မယ့် ကားများနဲ့ သယ်ခြင်း အစား ပိုက်လိုင်း ကိုအသုံးပြု၍ ဖြန့်ဖြူးနိုင်ရေး  နည်းလမ်းများကို စဉ်းစား ဆောင်ရွက် ကြရမှာ ဖြစ်ပါတယ်။ ဒီအရေးတွေနဲ့ပတ်သက်ပြီး တော့လည်း နိုင်ငံတော်အစိုးရပိုင်းမှ သက်ဆိုင်ရာ ဝန်ကြီးဌာန၊ အသင်းအဖွဲ့များ၊ ရောင်းချသူများ ညှိနှိုင်း ဆွေးနွေး၍ ကာလတို၊ ကာလလတ်၊ ကာလရှည်စီမံ ကိန်းများဖြင့် အကောင်အထည်ဖော်ရေး ဆောင်ရွက်လျက်ရှိတာကိုလည်း လေ့လာသိရှိရပါတယ်။ စက်သုံးဆီဟာ နိုင်ငံတော်ရဲ့လုံခြုံရေး၊ စီးပွားရေးနှင့် လူမှုဖွံ့ဖြိုးတိုးတက်မှုများအတွက် အရေးပါ သောမဟာဗျူဟာမြောက် ကုန်စည် (Strategic Commodity) ဖြစ်တဲ့အတွက် ရေရှည်ဈေးနှုန်း တည်ငြိမ်ရေးအတွက် ဝယ်ယူ  တင်သွင်းခြင်း၊ ပြည်တွင်း၌ ထုတ်လုပ်ရန် ရေနံချက်စက်ရုံလုပ်ငန်း များ အဆင့်မြှင့်တင်ခြင်း၊ အသစ်တည် ဆောက်ခြင်း၊ ကောင်းမွန်အဆင့်မီစွာ သိုလှောင်ခြင်း၊ မြန်မာနိုင်ငံတွင် Bounded Ware House နိုင်ငံခြားကုမ္ပဏီများ ရင်းနှီးမြှုပ်နှံ လာရောက်ဆောင်ရွက် နိုင်ရေး၊ ကျောက်ဖြူရေနက်ဆိပ်ကမ်းမှ ပိုက်လိုင်းဖြင့် မြန်မာနိုင်ငံပြည်တွင်းကို  သွယ်တန်းပြီး သယ်ယူပို့ဆောင်နိုင်ရေး စသည့် ရေရှည်ဆောင်ရွက်ရမည့်  လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံမှုများ ဖိတ်ခေါ်ကာ  Public Private Partnership (PPP) Model အသုံးပြု၍ ဆောင်ရွက်စေခြင်း စသည့် ကိစ္စရပ်များအား စက်သုံးဆီ၏ Supply Chainတစ်လျှောက်လုံးတွင်ပါဝင်သူ  Stakeholders  အားလုံး ပူးပေါင်းဆောင်ရွက်ကြရမှာဖြစ်ပါကြောင်းသုံး သပ်တင်ပြလိုက်ရပါတယ်။

Source: www.globaloilprice.com, www.bloomberg.com,

www.imoney.sg , https://www.reuters.com,   https://oilprice.com,

https://thewest.com.au,  https://www.facebook.com/7NewsPerth/