Main menu

Background

၂၀၁၈ ဘဏ္ဍာနှစ်(၂)လအတွင်း ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကျော်ရရှိ ကာလတူထက် အမေရိကန်ဒေါ်လာ သုည ဒသမ ၈ ဘီလီယံကျော် တိုးတက်လာ

Fri, 06/15/2018 - 12:54 -- journal_editor

နိုင်ငံတော်အစိုးရအနေဖြင့် ပြည်သူကိုဗဟိုပြု၍ အားလုံးပါဝင်နိုင်သော စဉ်ဆက်မပြတ် တိုးတက်စေရန် ရည်ရွယ်သည့် စီးပွားရေးမူဝါဒ (၁၂)ရပ်ကို ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ “ဘက်စုံဖွံ့ဖြိုး တိုးတက်ရေး၊ စားနပ်ရိက္ခာဖူလုံစေရေးနှင့် ပို့ကုန်မြှင့်တင်နိုင်ရေးတို့အတွက် လယ်ယာကဏ္ဍ၊ မွေးမြူရေးကဏ္ဍ နှင့်စက်မှု ကဏ္ဍများ၊ ဘက်ညီစွာတိုးတက်လာစေရန်နှင့်လယ်ယာစက်မှုကဏ္ဍ ချိန်ခွင်လျှာညီသည့် စီးပွားရေး ပုံစံဖော်ထုတ်ရန်”အချက်သည်လည်း တစ်ချက် အပါအဝင်ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန အနေဖြင့်လည်း အဆိုပါအချက် အကောင်အထည်ဖော်ဆောင်ရွက်နိုင် ရန်ရည်ရွယ်ပြီး ပြည်သူတစ်ရပ်လုံးပါဝငခ် စံ ားနငို မ် ည့် စးီ ပာွ းရေး ဖံ့ွ ဖြို းတးို တကမ် ြှုဖစ်ပေါ်စေရန် ကဏ္ဍအလိုက် ထိရောက်ကောင်းမွန်သည့် စီမံကိန်းများ ရေးဆွဲအကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ စီးပွားရေး လုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရေး၊ စားနပ်ရိက္ခာဖူလုံရေးနှင့် ပြည်ပတင်ပို့မှု မြှင့်တင်နိုင်ရေး ဟန်ချက်ညီညီ ဖွံ့ဖြိုးတိုးတက်လာစေရေးတို့အတွက် ကုန်သွယ်မှုဆိုင်ရာမူဝါဒများ လိုက်လျောညီထွေ ချမှတ်အကောင်အထည်ဖော် ဆောင်ရွက်ပေးလျက်ရှိပါတယ်။ကုန်သွယ်မှုဆိုင်ရာ မူဝါဒများခေတ်နှင့် အညီ လိုက်လျောညီထွေ ဖြစ်စေရန် အကောင်အထည်ဖော် ဆောင်ရွက်ပေးမှုများကြောင့် ကုန်သွယ်မှုပမာဏများ လည်း နှစ်စဉ်မြင့်မားတိုးတက်လျက်ရှိရာ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏသမိုင်းမှတ်တိုင် သစ်များစိုက်ထူနိုင်ခဲ့သလို၂၀၁၈ ခုနှစ် (ဧပြီလနှင့် မေလ) (၂)လတွင်လည်းအရှိန်အဟုန်ဖြင့် ကြိုးစားဆောင်ရွက်ခဲ့သောကြောင့် ပို့ကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ၄ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန် ဒေါ်လာ၃ ဒသမ ၄ ဘီလီယံနှင့် စုစုပေါင်းပြည်ပကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၅ ဒသမ ၈ ဘီလီယံကျော် ဆောင်ရွက်နိုင်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်(ဧပြီလနှင့် မေလ) (၂)လတာ ကာလတွင်ပြည်ပ ကုန်သွယ်မှုတန်ဖိုး အမေရိကန် ဒေါ်လာ ၅ ဒသမ၈ ဘီလီယံမှာ ပင်လယ်ရေကြောင်းကုန်သွယ်မှု မှအမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံဖြစ်ပြီးနယ်စပ်ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၁ဒသမ ၃ ဘီလီယံဖြစ်သဖြင့် ပင်လယ်ရေကြောင်းကုန်သွယ်မှုမှာ ၇၈ ရာခိုင်နှုန်းဖြစ်ပြီး နယ်စပ်ကုန်သွယ်မှုမှ၂၂ ရာခိုင် နှုန်းဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ပင်လယ်ရေကြောင်းကုန်သွယ်မှုတွင် အများဆုံးကုန်သွယ်ဖက် နိုင်ငံ များမှာ တရုတ်၊ စင်ကာပူ၊ထိုင်း၊ မလေးရှား၊ ဂျပန်၊ အိန္ဒိယ၊ အင်ဒိုနီးရှားနှင့်ဗီယက်နမ်နိုင်ငံတို့ဖြစ်ပြီး နယ်စပ် ကုန်သွယ်မှုတွင်မူဆယ်၊ မြဝတီနှင့် ချင်းရွှေဟော် ကုန်သွယ်ရေးစခန်းများမှ အများဆုံးဆောင်ရွက်နိုင်ခဲ့တာ ကိုတွေ့ရှိရပါတယ်။၂၀၁၈ ခုနှစ် (ဧပြီလနှင့် မေလ) (၂)လတွင်ပြည်ပပို့ကုန်တန်ဖိုးဟာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၄၀၀ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခင်နှစ်ထက် ပိုမိုတင်ပို့နိုင်သည့် ပစ္စည်းအုပ်စုများမှာ တိရစ္ဆာန်ထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန်ဒေါ်လာသန်း၄၀၊ ရေထွက်ပစ္စည်း အုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၂၆ သန်း၊ သတ္တုတွင်းထွက်ပစ္စည်းအုပ်စုတွင် တန်ဖိုးအမေရိကန် ဒေါ်လာ ၅၉ သန်း၊ စက်မှုကုန်ချောပစ္စည်းအုပ်စုတွင် တန်ဖိုး အမေရိကန်ဒေါ်လာ ၃၇၄ သန်း ပိုမိုတင်ပို့နိုင် ခဲ့တာဖြစ်ပြီးလျော့နည်းတင်ပို့သည့် ပစ္စည်းတွေကတော့လယ်ယာထွက်ကုန်ပစ္စည်း တန်ဖိုးအမေရိကန်ဒေါ်လာ ၇၆ သန်းကျော်နှင့် သစ်တောထွက်ပစ္စည်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၂ သန်းကျော်လျော့နည်း တင်ပို့နိုင်ခဲ့ကြောင်း သိရှိရပါတယ်။၂၀၁၈ ခုနှစ်( ဧပြီလနှင့် မေလ)(၂)လတွင်ပြည်ပသွင်းကုန် တန်ဖိုးဟာ ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာသန်း ၄၀၀ ကျော် ပိုမိုတင်သွင်းနိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ ယခင်နှစ်ထက်ရင်းနှီး မြှုပ်နှံမှုကုန်ပစ္စည်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာ ၁၇၉ သန်းကျော်၊ လုပ်ငန်းသုံး ကုန်ကြမ်းတွင် တန်ဖိုးအမေရိကန်ဒေါ်လာသန်း၂၂၀ နှင့် လူသုံးကုန်ပစ္စည်းများအုပ်စုတွင်တန်ဖိုး အမေရိကန် ဒေါ်လာခုနစ်သန်း ကျော် ပိုမိုတင်သွင်းခဲ့ကြောင်း သိရှိရပါတယ်။လယ်ယာထွက်ကုန်ပစ္စည်းများတွင် အဓိက တင်ပို့မှုအများဆုံး ဆန်နှင့် ဆန်ကွဲတင်ပို့မှုမှာ၂၀၁၈ ခုနှစ် (ဧပြီလနှင့် မေလ)တွင် တန်ချိန် ၄ဒသမ ၇ သိန်း၊ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၆၃သန်းတင်ပို့ခဲ့ပြီး ယခင်နှစ် ကာလတူထက် တန်ချိန်တစ်သောင်းကျော် တန်ဖိုး အမေရိကန်ဒေါ်လာ၂၇ သန်း ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဆန်နှင့်ဆန်ကွဲတင်ပို့မှုတွင် ပင်လယ်ရေ ကြောင်းမှ ၄၆ ရာခိုင်နှုန်းနှင့် နယ်စပ်မှ ၅၄ ရာခိုင်နှုန်း တင်ပို့နိုင်ခဲ့ပြီး နိုင်ငံပေါင်း ၃၅ နိုင်ငံသို့ တင်ပို့နိုင်ခဲ့ပါတယ်။ ထို့အပြင်တရုတ်နိုင်ငံ ကူမင်းမြို့ ပြည်သူ့အစိုးရနှင့် မြန်မာနိုင်ငံစီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနတို့အကြား ကုန်သွယ်မှု ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး နိုင်ရေးအတွက် ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များအား မေ ၂၄ ရက်တွင် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများမှရှင်းလင်းဆွေးနွေးမှု ပြုလုပ်ခဲ့ကြောင်း၊ မြန်မာနိုင်ငံမှဆန်အပါ အဝင် လယ်ယာထွက်ကုန်ပစ္စည်းများဝယ်ယူလိုသည့်အတွက် ကူမင်းမြို့ရှိ မြန်မာကောင်စစ်ဝန် ရုံးမှတစ်ဆင့် သံတမန်လမ်းကြောင်းမှ ညှိနှိုင်းသည့်အတွက် နှစ်နိုင်ငံအစိုးရချင်း လက်မှတ်ရေးထိုးမှာ ဖြစ်ကြောင်း၊ နိုင်ငံတကာစံနှုန်းများနှင့်အညီ နှစ်ဖက်ကုမ္ပဏီများ ညှိနှိုင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း ကြားသိရပါတယ်။ မြန်မာနိုင်ငံမှာ ဆန်အပါဝင် လယ်ယာထွက်ကုန်ပစ္စည်းများအတွက် အလားအလာ ကောင်းမွန်မည့် အနေအထား ဖြစ်ပါတယ်။ ဆန်စပါးသည် နိုင်ငံ၏စားနပ်ရိက္ခာဖူလုံမှုနှင့် အဓိကပို့ကုန်အဖြစ် စွမ်းဆောင်ပေး လျက်ရှိပါတယ်။မြန်မာနိုင်ငံအနေဖြင့် ပဲမျိုးစုံပြည်ပသို့တင်ပို့မှုအနေဖြင့် ၂၀၁၈ ခုနှစ် (ဧပြီလနှင့် မေလ) တွင်တန်ချိန် ၂ သိန်း၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၂၉ သန်းတင်ပို့နိုင်ခဲ့ပြီး ယခင်နှစ်ကာလတူထက် တန်ချိန်အားဖြင့် ၁ ဒသမ ၅ သိန်း၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၁၃၃ သန်း လျော့နည်းတင်ပို့ခဲ့ပါတယ်။ မြန်မာနိုင်ငံမှ ပဲအများဆုံးတင်ပို့သည့်နိုင်ငံများမှာ အိန္ဒိယ၊ တရုတ်၊ ဂျပန် ၊ ပါကစ္စတန် ၊စင်ကာပူနှင့် မလေးရှား နိုင်ငံတို့ ဖြစ်ပြီး ပဲတင်ပို့မှု၏ ၉၀ ရာခငို န် နှု ်း ကျောမ် ာှ အနိ ယ္ဒိ နငို င် ြံဖစပ် ါတယ။်အိန္ဒိယသည် ကမ္ဘာပေါ်တွင် ပဲအများဆုံးထုတ်လုပ်သည့်နိုင်ငံဖြစ်သလို ပဲအများဆုံး စားသုံးသည့်နိုင်ငံဖြစ်သဖြင့် ပြည်ပမှ ပဲအများဆုံးတင်သွင်းလျက်ရှိပါတယ်။ အိန္ဒိယနိုင်ငံအနေဖြင့် ၂၀၁၇ခုနှစ် သြဂုတ်လတွင် ပဲစင်းငုံတင်သွင်းမှု တစ်နှစ်လျှင် တန်ချိန် (၂) သိန်း နှင့် မတ်ပဲ၊ ပဲတီစိမ်း တင်သွင်းမှုတစ်နှစ်လျှင် တန်ချိန် (၃) သိန်း ကန့်သတ်လိုက်ခြင်းကြောင့် ပဲတင်ပို့မှု လျော့နည်းခြင်းဖြစ်ပါတယ်။ အိန္ဒိယနိုင်ငံနှင့် ွ အသ ွ သဘော တူညီချက်ဖြင့် ပဲဆက်လက်တင်ပို့နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အနေဖြင့် ကြိုးပမ်းဆောင်ရွက်ခဲ့မှုများကြောင့် ၂၀၁၈-၂၀၁၉ဘဏ္ဍာနှစ်အတွက် မတ်ပဲတန်ချိန် ၁ ဒသမ ၅သိန်း၊ ပဲတီစိမ်းတန်ချိန် ၁ ဒသမ ၅ သိန်း တင်သွင်းခွင့်ပြုမည်ဖြစ်ကြောင်း သိရှိရတဲ့အတွက် ပဲတင်သွင်းမှု ကန့်သတ်ချက်များရှိကြောင်း သိရှိရပါတယ်။ မြန်မာ့ပဲများ အိန္ဒိယနိုင်ငံအပြင် အခြားဈေးကွက်များသို့ချဲ့ထွင် တင်ပို့နိုင်ရေးနှင့် တောင်သူများအနေဖြင့် တရုတ်နိုင်ငံ၌ ဈေးကွက်အလားအလာရှိသည့် ပြောင်းနှင့် ပဲပုပ်ကဲ့သို့သော ဈေးကွက်ဝင်သီးနှံများပြောင်းလဲ စိုက်ပျိုးနိုင်ရေးအတွက် အစိုးရနှင့် ပုဂ္ဂလိကလုပ်ငန်းရှင်များ၊ စိုက်ပျိုးထုတ်လုပ်သူ တောင်သူများမှ ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ပါတယ်။၂၀၁၈ ခုနှစ် (ဧပြီလနှင့် မေလ)တွင် ပို့ကုန်တင်ပို့မှုတွင် စက်မှုကုန် ချောပစ္စည်းအုပ်စုမှ ဃဏြစနစ်ဖြင့် ချုပ်ပြီးအထည် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၅၃၈ သန်းဖြင့် အများဆုံးဖြစ်ပြီးယခင်ကာလတူထက် တန်ဖိုး အမေရိကန်ဒေါ်လာ၂၆၁ သန်းပိုမိုတင်ပို့ခဲ့ပြီး ပြည်ပပို့ကုန် ပစ္စည်းများတွင် ပထမနေရာတွင်ရှိနေပြီး သဘာဝဓာတ်ငွေ့သည် တင်ပို့မှုတန်ဖိုး အမေရိကန်ဒေါ်လာ ၄၃၃သန်းဖြင့် ပြည်ပတင်ပို့မှုတွင် ဒုတိယနေရာတွင်ရှိနေပါတယ်။CMP အထည်ချုပ်လုပ်ငန်းများသည်ကုန်သွယ်ရေးဦးစီးဌာနမှာ ဆောင်ရွက်ထားရှိသောကူူFully Online Licenceစနစ်ဖြင့် ၂၀၁၇ ခုနှစ်တွင်စက်ရုံ ၁၀ ရုံ ဖြင့် စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈ခုနှစ် မေလတွင် စက်ရုံပေါင်း ၃၀၀ ကျော်ထိ တိုးချဲ့ဆောင်ရွက်လာပါတယ်။ CMPစနစ်ဖြင့် တင်ပို့မှုဟာ ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံရှိရာမှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ သုံးဘီလီယံထိ တိုးတက်ရရှိလာသဖြင့် ငါးနှစ်အတွင်း ပို့ကုန်သုံးဆ တိုးမြှင့်နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ပြည်ပသွင်းကုန်တင်သွင်းမှုတွင် ယခင်နှစ်ကာလတူ ပိုမိုတင်သွင်း ခဲ့သည့် ကုန်ပစ္စည်းများအားလေ့လာကြည့်ပါက အဓိကအားဖြင့် ရေနံထွက်ပစ္စည်းများဖြစ်သည့် ဒီဇယ်၊ ဓါတ်ဆီတင်သွင်းမှုသည် မိမိတိုင်းပြည်၏ မော်တော်ယာဉ်အနေအထားနှင့် အခြားစက်မှုလုပ်ငန်းများ တည်ဆောက်ရေး လုပ်ငန်းများသုံးစွဲမှုအပေါ် မူတည်နေကြောင်း၊ဓာတုဗေဒချည်ခင်များ တင်သွင်းမှုသည် အထည်အလိပ် လုပ်ငန်းများ ဖြစ်သည့် ှSME လုပ်ငန်းများပြန်လည်ဦးမော့လာသည့် အခြေအနေကို ပြနေကြောင်း၊ဆေးဝါးပစ္စည်းများတင်သွင်းမှုသည်နိုင်ငံသူ/နိုင်ငံသားများ၊ပြည်သူ/ပြည်သားများကျန်းမာရေးစောင့်ရှောက်မှုကို အလေးထားဆောင်ရွက်လာနိုင်ခြင်းပင်ဖြစ်ကြောင်း တွေ့ရှိရပါတယ်။ဒါ့အပြင် စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာနအနေဖြင့် လက်လီ၊ လက်ကားရောင်းချဖြန့်ဖြူးသူများအကြား မျှတသော ယှဉ်ပြိုင်မှုတိုးတက်စေခြင်းအားဖြင့် စားသုံးသူများအတွက်ဈေးနှုန်းေ လျာ့ကျပြီးရွေးချယ်ခွင့်ပိုမိုရရှိစေရန် လည်းကောင်း၊ ရောင်းချဖြန့်ဖြူးမှုလုပ်ငန်းများတွင်း ကုန်ပစ္စည်းအရည်အသွေးနှင့် ဝန်ဆောင်မှုအရည်အသွေး၊ နည်းပညာများ တိုးတက်လာစေရန်လည်းကောင်း၊ ပြည်တွင်းထုတ်ကုန်များ ဈေးကွက်ပိုမိုရရှိ၍ အသေးစားအလတ်စား စီးပွားရေးလုပ်ငန်းများ ပိုမိုဖွံ့ဖြိုးတိုးတက်လာစေရန်လည်းကောင်းရည်ရွယ်၍ နိုင်ငံခြားသားကုမ္ပဏီ၊ မြန်မာနိုင်ငံသားနှင့် နိုင်ငံခြားသား ပေါင်းစည်းဆောင်ရွက်သည့် ကုမ္ပဏီများအား ပြည်တွင်းတွင် လက်လီ၊လက်ကား ရောင်းချခွင့်ပြုသည့် အမိန့် ကြော်ငြာစာထုတ်ပြန်ခဲ့ပြီး စည်းမျဉ်း စည်းကမ်းနှင့် အသေးစိတ် အချက်အလက်များ ကိုwww.commerce.gov.mmတွင် လည်းဖောြ်ပ ပေးထားကြောင်း သရှိရပါတယ်။နိုင်ငံတော် အစိုးရအနေဖြင့် စီးပွားရေးပိုမို ကောင်းမွန်စေရန်နှင့် အခွင့်အလမ်းကောင်းများရရှိစေရန်ရည်ရွယ်၍ပြင်ဆင်ဖြေလျော့ဆောင်ရွက်ပေးမှုများအား စဉ်ဆက်မပြတ်ညှိနှိုင်း ပြုလုပ်ဆောင်ရွက်ပေး လျက်ရှိပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ပြည်ထောင်စုဝန်ကြီးနှင့် ဒုတိယဝန်ကြီး၏ နိုင်ငံခြားခရီးစဉ်များတွင်လည်း နှစ်နိုင်ငံကုန်သွယ်ရေးနှင့် ရင်းနှီးမြှုပ်နှံမှုပိုမိုတိုးတက်အောင် ပူးပေါင်း ဆောင်ရွက်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စရပ်များကို အလေးထားဆွေးနွေးခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ဒါကြောင့်မို့မြန်မာနိုင်ငံရှိ ကုမ္ပဏီလုပ်ငန်းရှင်များအပါအဝင် စိုက်ပျိုးထုတ်လုပ်သူများပါမကျန် ပြည်သူပြည်သားအားလုံးက ရှိပြီးသား ဈေးကွက်မပျောက်ပျက်စေရေး၊ ဈေးကွက်အသစ်ထပ်မံရှာဖွေနိုင်ရေး၊ အမယ်သစ်များတိုးချဲ့တင်ပို့နိုင်ရေး၊ရှိပြီးအမယ်များ အဆင့်မြှင့် တင်ပို့နိုင်ရေး ၊နိုင်ငံအတွင်း သို့အရည်အသွေးကောင်းမွန် မှန်ကန်သော ပစ္စည်းများ တင်သွင်းနိုင်ရေး ဆောင်ရွက်ရမှာဖြစ်ပါတယ်။ သို့မှသာ ကုန်သွယ်မှုမြင့်မားတိုးတက်ခြင်းမှသည် စီးပွားရေး များရရှိနိုင်မှာ ဖြစ်သည့်အတွက် ကုန်သွယ်မှုကဏ္ဍနှင့်သက်ဆိုင်သူအလွှာအသီးသီးမှပြည်သူများဝိုင်းဝန်းပူးပေါင်းကြိုးပမ်းဆောင်ရွက်ဖို့လိုအပ်မှာ ဖြစ်ပါတယ်။လက်ရှိ ၂၀၁၈ ဘဏ္ဍာနှစ်ဟာ ကာလတို ခြောက်လဘဏ္ဍာနှစ်ဖြစ်ပါတယ်။ သို့ဖြစ်၍ ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့နိုင်ရေး၊ကုန်သွယ်မှုပမာဏ မြင့်မားရေးတို့အတွက် ကာလတိုအတွင်းအရှိန်အဟုန်နဲ့ ဆောင်ရွက်ဖို့ လိုပါတယ်။ ဒီလိုဆောင်ရွက်နိုင်ဖို့အတွက် နိုင်ငံ၏ကုန်သွယ်စီးပွား ဖွံ့ဖြိုးတိုးတက်မှုမှ နိုင်ငံတော်စီးပွားရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အထောက်အကူပြုနိုင်ရန်အတွက် သက်ဆိုင်သည့်ဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များ၊ကုန်သည်လုပ်ငန်းရှင်များပူဒပေါင်း ဆောင်ရွက်ရန် လိုအပ်ကြောင်း ဖော်ထုတ်ရေးသားတင်ပြအပ်ပါတယ်။

 

ပြည်သုတ