Main menu

Background

ဈေးကွက်ဝင်အမယ်အဖြစ် တိုက်တွန်းအားပေးသင့်သော ကော်ဖီစိုက်ပျိုးရေး

Thu, 07/26/2018 - 13:14 -- journal_editor

        ကော်ဖီသည် အနံ့မွှေးကြိုင်ပြီး နှစ်သက်ဖွယ်ရာ အရသာရှိ သည့်အတွက် ယနေ့ခေတ်ကာလတွင် အသက်အရွယ်မရွေး သောက် သုံးမှုများပြားလာသော အဖျော်ရည်တစ်ခုပင်ဖြစ်ပါတယ်။ တစ်နေ့ တာအစ ကို ကော် ဖီေ မွှးမွှေးတစ်ခွက်ဖြင့်  စတင်တတ်သည့် အကျင့် သည်လည်း မြန်မာနိုင်ငံသား တော်တော်များများတွင်  အလေ့အကျင့် တစ်ခုဖြစ်လာခဲ့တာ  ကြာမြင့်ခဲ့ပြီဖြစ်ပြီး အချိန်အခါမရွေးလည်း သောက်သုံးနေကြတာဖြစ်ပါတယ်။ တကယ်ေ  တာ့ ကော်ဖီယဉ်ကျေး မှုသည် မြန်မာတွင်သာမက ကမ္ဘာအနှံ့တွင်ပါ တွင်ကျယ်စွာ ပျံ့နှံ့နေ သော ယဉ်ကျေးမှုတစ်ခုဖြစ်ပြီး မြန်မာ့ကျေးလက်ဒေသများတွင်ပါ မကျန် ကော်ဖီကို နှစ်သက်စွာ သောက်သုံးနေကြပြီလည်း ဖြစ်ပါ တယ်။ ကမ္ဘာ့မြို့တော်ကြီးများမှ ခမ်းနားကြီးကျယ်တဲ့  ကော်ဖီဆိုင် များဟာ မြို့တော်အင်္ဂါရပ်တစ်ခုအဖြစ်ပင် တင်စားနိုင်ပြီး ခေတ်သစ် ယဉ်ကျေးမှုရဲ့ ပြယုဒ်တစ်ခုလို့တောင် ညွှန်းဆိုကြပါတယ်။ ကမ္ဘာ့နိုင်ငံ ပေါင်း ၇၅ နိုင်ငံ ခန့် ဟာ ကော်ဖီ စိုက်ပျိုးတင်ပို့မှုကို ဆောင်ရွက်နေ ကြပါတယ်။   အဆိုပါနိုင်ငံများထဲတွင်မှ   မြန်မာနိုင်ငံသည်လည်း ကော်ဖီစိုက်ပျိုးတင်ပို့တဲ့ နိုင်ငံတစ်ခုအဖြစ်ပါဝင်နေပါတယ်။
ကော်ဖီ၏ အစ နှင့်   စိုက်ပျိုးမှုအများဆုံးနိုင်ငံများ၊ထုတ်လုပ်တင်ပို့မှု   အခြေအနေနှင့် ဈေးကွက်များထိုသို့လူအများ  စွဲလန်းနှစ်သက်သော ကော်ဖီရဲ့သမိုင်းကို လေ့လာကြည့်တဲ့အခါ အချို့စာများမှာတော့  ကော်ဖီဟာ အီသီယိုး ပီးယားနို င်ငံမှာ ၉ ရာစုလောက်ကတည်းကထွက်ရှိခဲ့ပြီး အာရပ်လူမျိုး များရဲ့ ကုန်သွယ်မှုပြုရာမှတစ်ဆင့် နေရာအနှံ့သို့ ပျံ့နှံ့လာတယ်လို့ ယူဆကြပါတယ်။ ကော်ဖီဟာ ကမ္ဘာ့အဖျော်ရည် သောက်သုံးမှုမှာ တတိယအများဆုံး ကုန် ပစ္စည်းဖြစ်ပြီး ရေနှင့် ရေနွေးကြမ်းသောက်သုံး မှုကတော့ နံပါတ်(၁)နဲ့ (၂) နေရာမှာရှိကြောင်း  စစ်တမ်းများအရ သိရပါတယ်။ ဒါ့အပြင် ရေနံနဲ့ ကော်ဖီစေ့ဟာ ကမ္ဘာ့ဒုတိယကုန်သွယ်မှု အများဆုံး ကုန်ပစ္စည်း လည်းဖြစ်ပါ တယ်။ ကော်ဖီကို သောက်သုံးဖို့ အတွက်သာမကဘဲ ဆေးဖက်ဝင်ပစ္စည်းနဲ့ အလှကုန်ပစ္စည်းများတွင် ပါ ထည့်သွင်းသုံးစွဲနေကြတာကြောင့် ဘက်စုံသုံး စွယ်စုံရကုန်စည်လို့ တောင် ဆိုနိုင်ပါတယ်။ ကော်ဖီစေ့ကို ကုန်သွယ် မှုပြုကြတဲ့အခါအဓိက အားဖြင့် နှစ်မျိုးသတ်မှတ်ထားပြီး Aribica  အမျိုးအစားနRobusta အမျိုးအစားတို့ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ Aribica ကော်ဖီ အမျိုးအစားဟာ ကမ္ဘာ့ကော်ဖီဈေးကွက်ရဲ့ ၇၀ ရာခိုင်နှုန်းကျော်ကို လွှမ်းမိုးထားပြီး Robusta ကော်ဖီအမျိုးအစားကတော့  ပိုမိုဈေးချိုကာ စိုက်ပျိုးဖြစ်ထွန်းလွယ်တယ်လို့ ကော်ဖီစစ်တမ်းများမှာ ဖော်ပြထား တာကို တွေ့ရပါတယ်။
ကော်ဖီဟာ ကမ္ဘာတစ်ဝန်းနေ့စဉ်သောက်သုံးနေကြတာ ဖြစ် တာကြောင့် ကော်ဖီထုတ်လုပ်မှု ထိပ်တန်းနိုင်ငံတွေဟာလည်း ဈေးကွက်ပြိုင်ဆိုင်မှုပြင်းထန်ကြပါတယ်။The Daily Records    ရဲ့ဖော်ပြ ချက်အရ ၂၀၁၈ ခုနှစ် ကော်ဖီထုတ်လုပ်မှု  အများဆုံးနိုင်ငံများမှာ ဘရာဇီး၊ ဗီယက်နမ်၊ကိုလမ်ဘီယာ၊ အိန္ဒိယ၊ မက်ဆီကိုနှင့် ဟွန်ဒူးရပ်စ် နိုင်ငံတို့ဖြစ်တာကို တွေ့ရပါတယ်။ဘရာဇီးနိုင်ငံ ဟာ လွန်ခဲ့တဲ့နှစ်ပေါင်း ၁၅၀ ကျော်မှစပြီး ယခု အချိန်ထိ ကမ္ဘာ့ကော်ဖီ စိုက်ပျိုးထုတ်လုပ်မှု အများဆုံးနိုင်ငံဖြစ်ပါ တယ်။ ယင်း နိုင်ငံဟာ နှစ်စဉ် ကော်ဖီစေ့တန်ချိန် ၂၂ သိန်းခန့်ကို ထုတ်လုပ်နေပြီး ထုတ်လုပ်မှုကို   လေ့လာကြည့်တဲ့အခါမှာAribica  အမျိုးအစား ကော်ဖီစေ့ ၇၆  ရာခိုင်နှုန်းနဲ့Robusta  အမျိုးအစား ကော်ဖီစေ့ ၂၆ ရာခိုင်နှုန်းခန့်ကို စတင်ကာ ထုတ်လုပ်နေတယ်လို့ သိရပါတယ်။
ဘရာဇီးနိုင်ငံဟာ ကမ္ဘာ့ကော်ဖီစိုက်ပျိုးမှု အများဆုံးနိုင်ငံတစ်ခု လည်းဖြစ်တဲ့အပြင် Green Coffee  ထုတ်လုပ်မှုနဲ့လည်း ကျော်ကြားလှ ပါတယ်။ ကော်ဖီထုတ်လုပ်တင်ပို့မှုဟာ နိုင်ငံစီးပွားရေးမောင်းနှင်မှု ရဲ့ အဓိကအား တစ် ခုဖြစ်ပြီး ၁၈၄၀ ခုနှစ်ခန့်မှ ကော်ဖီစိုက်ပျိုးမှုကို ပိုမိုအားပေးခဲ့သောကြောင့် ကော်ဖီဟာ နိုင်ငံကိုယ်စားပြုထုတ်ကုန် တစ်ခုဖြစ်လာပါတယ်။ဒုတိယ စိုက်ပျိုးထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ ဗီယက်နမ်နိုင်ငံ ဖြစ်ပါတယ်။ နှစ်စဉ် ပျမ်းမျှ ၆၀ ကီလိုဝင် အိတ်ပေါင်း ၂၉ ဒသမ ၈ မီလီယံခန့်တင်ပို့နေပြီး တစ်နိုင်ငံလုံးမှာ ကော်ဖီစိုက်လုပ်ငန်းပေါင်း နှစ်သိန်းခန့်ရှိကာ ကော်ဖီစိုက်ပျိုးမှုစုစုပေါင်းဟာ ၂၇၀၀၀ ကီလိုမီတာ စကွဲယားခန့်ရှိကြောင်းကိုလည်း စစ်တမ်းများ မှာ ဖော်ပြထားကြပါ တယ်။ ကော်ဖီမှရတဲ့  နိုင်ငံခြားဝင်ငွေရရှိမှုကို ဗီယက်နမ်နိုင်ငံဟာ အဓိကထားနေပြီး၊ ကော်ဖီစိုက်ပျိုးခူးဆွတ်မှုအပိုင်းကို အလေးထား ဆောင်ရွက်တယ်လို့ဆိုပါတယ်။ ကော်ဖီဟာ ဗီယက်နမ်နိုင်ငံအတွက် ဆန်ပြီး လျှင် ဒုတိယတင်ပို့မှုအများဆုံး  အမယ်ဖြစ်ပြီး တောင်သူများ အတွက် ဝင်ငွေတိုးတက်စေတဲ့ သီးနှံအမယ်တစ်ခုလည်းဖြစ်ပါတယ်။USDA မှ ထုတ်ပြန်ချက်အရ ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ ခုနှစ်မှ ၂၀၁၈ ခုနှစ်  ကြား ကာလ တစ်နှစ်အတွင်း ကော်ဖီအိတ်ပေါင်း ၂၉ ဒသမ ၃ မီလီယံကျော်ကို ထုတ်လုပ်ရန် ရည်ရွယ်ထားပြီး အဆိုပါ ကိန်းဂဏန်းသည်USDA မှ ခန့်မှန်းထားသော ၂၉ ဒသမ ၉ မီလီယံ ထက်လျော့နည်းနေကြောင်း၊ မိုးနှောင်း ပိုင်းကာလတွင် မိုးရွာသွန်းမှု များပြားသဖြင့် ခန့်မှန်းပမာဏထက် လျော့နည်းဖွယ်ရာရှိကြောင်း၊ ၂၀၁၈-၂၀၁၉ တစ်နှစ်တာကာလထုတ်လုပ်မှုမှာမူ ရာသီဥတုကောင်း မွန်ပါက အထွက်နှုန်း ၂ ရာခိုင်နှုန်းခန့်တိုးကာ USDA ၏ခန့်မှန်းမှုကို ပြည့်မီနိုင်ကြောင်း သိရပါတယ်။ ဗီယက်နမ်နိုင်ငံသည် ၂၀၁၇ခုနှစ်မှ ၂၀၁၈  တစ်နှစ်တာကာလအတွင်း ကော်ဖီအိတ်ပေါင်း ၂၅ မီလီယံ ကို တင်ပို့နိုင်ခဲ့ပြီး  ၂၀၁၈-၂၀၁၉ တစ်နှစ်တာကာလတွင်မူ အထွက် နှုန်းကောင်းလာပါက ကော်ဖီအိတ်ပေါင်း ၂၅ ဒသမ ၂ မီလီယံတင်ပို့ နိုင်ရန် ရည်ရွယ်ထားကြောင်းကိုလည်း သိရပါတယ်။
ကိုလမ်ဘီယာနိုင်ငံဟာလည်း ကော်ဖီ အများဆုံးစိုက်ပျိုးထုတ် လုပ်တဲ့ နိုင်ငံဖြစ်ပြီး အရသာကောင်းမွန်မှုနဲ့ အရည်အသွေး ထိန်း သိမ်းနိုင်မှုအပိုင်းမှာ နာမည်ကြီးလှပါတယ်။ Aribica  ကော်ဖီအမျိုး အစားထုတ်လုပ်တင်ပို့မှုမှာ ထင်ရှားလှပြီး ယင်းအမျိုးအစားကြောင့် ပင် ထိပ်တန်း စာရင်းဝင်နိုင်ငံဖြစ်လာခဲ့ပါတယ်။
ကော်ဖီထုတ်လုပ်မှု  အများဆုံးနိုင်ငံထဲတွင် မိမိတို့၏ အိမ်နီး ချင်း အိန္ဒိယနိုင်ငံသည်လည်း တစ်ခုအပါအဝင်ဖြစ်ပါတယ်။ အိန္ဒိယ နိုင်ငံဟာ စိုက်ပျိုးရေးကို အဓိကထားတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပြီး လယ် ယာထွက်သီးနှံများ စိုက်ပျိုးတင် ပို့မှုမှာ ထိပ်တန်းစာရင်းဝင်နိုင်ငံ လည်းဖြစ်ပါတယ်။ ကော်ဖီစိုက်ပျိုးမှုကို နိုင်ငံရဲ့ တောင်ပိုင်းဒေသမှာ အဓိကပြုလုပ်ပါတယ်။  လက်ရှိမှာတော့ တစ်နှစ်တွင် စုစုပေါင်း တန် သုံးသိန်းကျော်ကို  အသေးစား စိုက်ပျိုး သူများနှ င့် ကော်ဖီစိုက်ခင်း မြေရှင်များမှ စိုက်ပျိုးထုတ်လုပ်နေကြတာဖြစ်ပြီး အဓိကဈေးကွက်ဖြစ် တဲ့ ဥရောပနဲ့ ရုရှားကို တင်ပို့မှုများပြားပါတယ်။မက်ဆီကိုနိုင်ငံက တော့ တစ်နှစ်လျှင် ကော်ဖီတန်ချိန် နှစ်သိန်းခွဲခန့်ကို စိုက်ပျိုးထုတ် လုပ်နေပါတယ်။ မက်ဆီကိုရဲ့ အဓိကဈေးကွက်မှာ အမေရိကန်နိုင်ငံ ဖြစ်ပါတယ်။
မက်ဆီကိုနိုင်ငံ၏နောက်တွင် ထုတ်လုပ်မှုအများဆုံးနိုင်ငံမှာ ဟွန်ဒူးရပ်နိုင်ငံဖြစ်ပါတယ်။ အဆိုပါနိုင်ငံဟာလည်း ၂၀၁၁ ခုနှစ်ခန့် မှစ၍ ကျော်ကြားလာခဲ့သော်လည်း သောက်သုံးသူများမှ ကိုလမ် ဘီယာနှင့် အီသီယိုးပီးယားေ ကာ်ဖီဟု လွဲမှားယူဆမှုခံနေရပြီး နိုင်ငံ သတ်မှတ်ချက်ဖော်ထုတ်မှု အားနည်းချက်ကို ရင်ဆိုင်နေရတဲ့နိုင်ငံ တစ်ခုလည်းဖြစ်ပါတယ်။ ကော်ဖီကိုနိုင်ငံစီးပွားရေးအနေနဲ့ အဓိက စိုက်ပျိုးထုတ်လုပ်နေပြီး အလုပ်လက်မဲ့လျှော့ချဖို့နဲ့ တစ်ဦးချင်းဝင်ငွေ ရရှိမှုအတွက် အထောက်အပံ့ဖြစ်နေစေပါတယ်။ Central America ဟာ ယင်းနိုင်ငံရဲ့ အဓိကဈေးကွက်ဖြစ်ပါတယ်။
ICO ရဲ့ ထုတ်ပြန် ချက်အရ  ၂၀၁၇ ခုနှစ် ကော်ဖီတင်ပို့မှု   အများဆုံးနိုင်ငံများကို အောက်ပါဇယားအတိုင်း တွေ့ရှိနိုင်ပါတယ်။အထက်ဖော်ပြပါ အချက်အလက်အရ ၂၀၁၇ ခုနှစ်တွင် ဘရာဇီး နိုင်ငံ ဟာ ကော်ဖီအများဆုံး တင်ပို့ခဲ့တာကို တွေ့နိုင်ပြီး ဗီယက်နမ်နိုင်ငံ ဟာလည်း ဘရာဇီးနိုင်ငံနီးပါး  တင်ပို့နေတာကို ထူးခြားစွာတွေ့ရတာ ကြောင့် ဗီယက်နမ်နိုင်ငံ၏ ကော်ဖီတင်ပို့မှုဟာ အလားအလာကောင်း နေတာကို တွေ့နိုင်ပါတယ်။ ဗီယက်နမ်အစိုးရဟာ  ကော်ဖီစိုက် တောင်သူများကို  အထူးအလေးထားပံံ့ပိုးမှုများ လုပ်ဆောင်နေပြီးRobusta ထုတ်လုပ်တင်ပို့မှုမှာ ကမ္ဘာ့ဈေးကွက်ရဲ့ ၄၀ ရာခိုင်နှုန်းကို ပင် ကျော်လွန်လာတာကြောင့် ဘရာဇီးနိုင်ငံထက်ပင် သာလွန်နေပြီ ဖြစ်ကြောင်း အချို့သတင်းများမှာ ရေးသားဖော်ပြနေကြပြီဖြစ်ပါတယ်။
မြန်မာ့ကော်ဖီ  စိုက်ပျိုးထုတ်လုပ်တင်ပို့မှုနှင့် ဈေးကွက်အခြေအနေများ
ယခုအခါ မြန်မာနိုင်ငံတွင်လည်း ကော်ဖီစိုက်ပျိုးထုတ်လုပ်မှုကို ကြိုးပမ်းဆောင်ရွက်နေပြီး တင်ပို့မှုတိုးတက်ရေးနှင့် ဈေးကွက်သစ် များရရှိရေးအတွက် ကြိုးစားနေကြပြီဖြစ်ပါတယ်။ ပို့ကုန်တိုးတက် တင်ပို့နိုင်ရေးကို ဦးတည်ကြိုး ပမ်းကြရာမှ ဈေးကွက်ဝင်အမယ်များကို အမြောက်အမြားတင်ပို့နိုင်ရေးကို ဦးစားပေးရမှာလည်းဖြစ်ပြီး ထိုမှ တစ်ဆင့်  ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ အလုပ်အကိုင်အခွင့် အလမ်းများရရှိရေးဆိုတဲ့ ရလဒ်များကိုပါ တစ်ပါ တည်း ခံစားကြရ မှာလည်းဖြစ်ပါတယ်။ မိမိတို့ရဲ့ အိမ်နီးချင်းနိုင်ငံဖြစ်တဲ့ အိန္ဒိယနိုင်ငံ ဟာဆိုရင် လက်ရှိမှာ စိုက်ပျိုးရေးကိုအခြေခံပြီး  ကော်ဖီဈေးကွက်ကို အုပ်စိုးနေတာကို ဖော်ပြပြီး အချက်အလက်များမှာ ထင်ရှား စွာတွေ့ နိုင်ပါတယ်။                

ဒါကြောင့် မြန်မာ့ကော်ဖီလုပ်ငန်းများ တိုးတက်ဖွံ့ဖြိုးရေးဟာ လည်း အလားအလာကောင်းစွာ ရှိနေတာကို သိနိုင်ပါတယ်။မြန်မာနိုင်ငံမှာAribica  အမျိုးအစားကော်ဖီကို ပြင်ဦး လွင်၊ ရွာငံနဲ့ ချင်းတောင်တန်းတွေမှာ အဓိက စိုက်ပျိုးနေပြီးRobusta  ကော်ဖီအမျိုးအစားကိုတော့ မြေနိမ့်ဒေသများနဲ့ ဧရာဝတီတိုင်းမှာ စိုက်ပျိုးကြောင်း သိရပါတယ်။ ကော်ဖီစိုက် ပျိုးရာမှာလည်း မိရိုးဖလာနည်းလမ်းများဖြင့်သာစိုက်ပျိုးကြ ပြီး အချို့မှာ ဈေးကွက် မရှိသဖြင့် သဘာဝအလျောက် ပေါက် ရောက်နေသော အပင်များကို ဖယ်ရှားပစ်ကြတယ်လို့  သိရပါ တယ်။ သို့ရာတွင် ယခုအခါ ကော်ဖီတင်ပို့မှုကို အလေးထား ဆောင်ရွက်ရန် နိုင်ငံတော်အစိုးရ၏အားပေးမှု၊ သက်ဆိုင်ရာ ဝန်ကြီး ဌာန များနှင့် နိုင်ငံတကာအဖွဲ့အစည်းများမှ ကူညီပံ့ပိုး မှု၊ အသင်းအဖွဲ့များ၏ အလေးထားကြိုးပမ်းမှုနှင့် စိုက်ပျိုးသူ တောင်သူများ၏ ကြိုးစားမှုတို့ကြောင့် မြန်မာ့ကော်ဖီကို ပိုမိုတင်ပို့နိုင်ရေး လုပ်ဆောင်နိုင်နေ ပြီဖြစ်ပါတယ် ။ ကော်ဖီ ဈေးကွက်ကို မြှင့်တင်နိုင်ခြင်းကြောင့် တောင်သူများဟာလည်း ဝင်ငွေရရှိလာပြီး အရင်က တစ်ပိဿာ ကျပ်တစ်ထောင်ဝန်းကျင်မှ ကျပ်လေးထောင်ခန့် ဈေးရလာကြောင်းကိုလည်း သိရပါတယ်။မြန် မာနိုင်ငံ  ကော်ဖီအသင်းမှလည်း ဈေးကွက်တိုးချဲ့နိုင် ရေး ကြိုးစားနေကြောင်း သိရပြီး နိုင်ငံတကာအဖွဲ့အစည်းများ ကလည်း နည်းပညာအကူအညီများ ပေးအပ်နေမှုများကြောင့် ယခုအခါ စိုက်ပျိုးတောင်သူများမှလည်း စိုက်ပျိုးမှု ၊ ထုတ်လုပ် မှု နည်းလမ်းများ တိုးတက်လာပြီဖြစ်ကြောင်း ဒေသခံများက ဆိုပါတယ်။ မြန်မာနိုင်ငံမှ ထွက်ရှိတဲ့ ကော်ဖီများကို ထိုင်ဝမ်၊ အင်္ဂလန်၊ သြစတြေးလျ၊ ကမ္ဘောဒီးယား၊ ကနေဒါ၊ ကိုရီးယား၊ ဂျပန်၊ ပြင်သစ်နှင့် ဆွစ်ဇာလန်နိုင်ငံများသို့ တင်ပို့နေပြီး ဈေး ကွက်သစ်ဖြစ်သော အမေရိကန်နိုင်ငံသို့လည်း တင်ပို့နိုင်ခဲ့ပြီး ဖြစ်ကာ  ဈေးကောင်းရခဲ့တယ်လို့လည်း ကော်ဖီကုန်သည် အသိုင်းအဝိုင်းမှ သိရပါတယ်။
ကော်ဖီတင်ပို့မှုအတွက်  လိုင်စင်လျှောက်ထားမှုကို ဘဏ္ဍာနှစ်အလိုက် လေ့လာကြည့်ရာမှာ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် ကော်ဖီစေ့တန်ချိန် ၃၉၅ ဒသမ ၂၁၅တန် (အမေရိကန် ဒေါ်လာ သုညဒသမ ၉၅၄ သန်း) တင်ပို့ ရန် လျှောက်ထားမှု ရှိခဲ့ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ကော်ဖီစေ့တန်ချိန်  ၄၇၇ ဒသမ ၂၀၆ တန် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၈၂၂ သန်း) တင်ပို့ရန် လျှောက်ထား မှုရှိခဲ့ကြောင်း တွေ့ရပါတယ်။ ထို့ကြောင့် ဘဏ္ဍာနှစ်နှို င်းယှဉ်ပါက ၂၀၁၇-၂၀၁၈ဘဏ္ဍာ နှစ်သည် ၂၀၁၆-၂၀၁၇ဘဏ္ဍာနှစ် ထက် တန်ချိန် ၈၁ ဒသမ ၉၉၁ တန် တင်ပို့ရန် ပိုမိုလျှောက်ထားခဲ့သည်ကို တွေ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၈၆၂ သန်း ပိုမိုခဲ့ သည်ကိုလည်း တွေ့ရပါတယ်။
ဆက်လက်၍ ကာလတူခြင်းနှိုင်းယှဉ်ပါက ၂၀၁၈ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်၁၁  ရက် အထိ တင်ပို့ရန် လျှောက်ထားမှုမှာ ကော်ဖီစေ့ တန်ချိန် ၂၀၇ ဒသမ ၀၀၇တန် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၁၉၃ သန်း)ေ လျှာက် ထားမှုရှိခဲ့ ရာ ကာလတူ နှိုင်းယှဉ်ကြည့်လျှင် ၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်၁၁  ရက်အထိ တင်ပို့ရန် လျှောက်ထားမှုမှာ ကော်ဖီစေ့ တန်ချိန် ၂၃၈ ဒသမ ၆၁၆တန် (အမေရိကန်ဒေါ်လာ ၁ ဒသမ ၀၄၇ သန်း) ရှိခဲ့ သဖြင့် ၂၀၁၈ ခုနှစ်သည် ၂၀၁၇ ခုနှစ် ထက် ကော်ဖီစေ့တင်ပို့ရန် လျှောက်ထားမှုတန်ချိန် ၃၁ ဒသမ ၆၀၉ လျော့ကျသွားတာကို တွေ့ရပါတယ်။ ၂၀၁၆ ခုနှစ်ကို ထပ်မံလေ့လာတဲ့အခါမှာလည်း ၂၀၁၆ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်မှ ဇူလိုင်၁၁  ရက်အထိ တင်ပို့ရန် လျှောက်ထားမှုမှာ ကော်ဖီစေ့ တန်ချိန် ၂၅၄ ဒသမ ၈၇တန် (အမေရိကန်ဒေါ်လာ သုညဒသမ ၇၅၃ သန်း)လျှောက်ထားမှုရှိခဲ့တာကို တွေ့ရပါ တယ်။ ထို့ကြောင့် ကာလတူနှိုင်းယှဉ်ပါက  ၂၀၁၆ ခုနှစ်ထက် တန်ချိန် ၄၇ ဒသမ ၈၆၃ လျော့ကျသွားခဲ့ကြောင်း တွေ့ရပါတယ်။
သို့ဖြစ်ရာ ဘဏ္ဍာနှစ်အလိုက် နှိုင်းယှဉ်ပါက ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်သည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်ထက် တင်ပို့ ရန်ပိုမိုလျှောက်ထားမှုရှိခဲ့သည်ကိုတွေ့ရပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ သုညဒသမ ၈၆၂ သန်း ပိုမိုခဲ့သည်ကို လည်း တွေ့ရှိနိုင်သဖြင့် ဘဏ္ဍာနှစ် နှိုင်းယှဉ်မှုအရ ကော်ဖီစေ့ တင်ပို့မှုပိုမိုတယ်လို့ သုံးသပ်နိုင်ပါတယ်။
တိုက်တွန်းအားပေးသင့်သော ကော်ဖီစိုက်ပျိုးရေး
မြန်မာ့ကော်ဖီကဏ္ဍဟာ  ယခင်က တွင်ကျယ်မှုမရှိခဲ့ ပေမယ့် ၂၀၁၁ ခုနှစ်ခန့်မှစပြီး ကော်ဖီသောက်သုံးမှုများ ကမ္ဘာ့နိုင်ငံများအနှံ့ တိုးပွားလာခဲ့ကာ နှစ်စဉ် ၂ ရာခိုင်နှုန်းခန့် တိုးပွားနေတာကြောင့် မြန်မာ့ကော်ဖီလောကဟာလည်း လှုပ်ရှားလာခဲ့ပါတယ်။ မြန်မာနိုင်ငံရဲ့  ထုတ်ကုန်ကော်ဖီဟာ အနံ့၊ အရသာ အရည်အသွေးပိုင်းမှာ ထိပ်တန်းမှာရှိတယ်လို့ လည်း ကမ္ဘာက အသိအမှတ်ပြုလာပြီဖြစ်ကာ အဆင့်မြင့် ကော်ဖီဖြစ်ပြီး အရည်အသွေးမီကြောင်းကို ဂျာမနီရဲ့စစ်တမ်း မှာ ထုတ်ပြန်ထားပြီးလည်းဖြစ်ပါတယ်။
ကော်ဖီစိုက်ပျိုးမှုကို  မြှင့်တင်ရန်နှင့် ပိုမိုတင်ပို့ရန် အတွက် နိုင်ငံတော်မှလည်း တိုက်တွန်းအားပေး ကူညီနေပြီ ဖြစ်ပါတယ်။ ထို့ကြောင့် မြန်မာ့ဆန်အပြင် မြန်မာ့ကော်ဖီ ကိုပါ ဈေးကွက်ဝင်နိုင်ရန် ကြိုးပမ်းသင့်လှပါတယ်။  တင်ပို့ တဲ့ အခါမှာလည်း အရည်အသွေးမီသော စိုက်ပျိုးထုတ်လုပ်မှု များရရှိရန် အသိပညာ၊ နည်းစနစ်များနှင့် စံချိန်စံညွှန်းများကို ထိန်းသိမ်းတင်ပို့ရန် တွေးတောအလေးထားသင့်သလို ပြည်တွင်းဈေးကွက်ကို လွှမ်းခြုံနို င်ပြီး နိုင်ငံခြားေ ငွစီးထွက်မှု ချွေတာနိုင်ရေးကိုပါ ကြိုးပမ်းသင့်လှပါတယ်။ နာမည်တစ်ခု ရရှိရန် ကာလရှည်ကြာစွာ ကြိုးပမ်းရန် လိုအပ်သော်လည်း နာမည်တစ်ခုပျက်စီးရေးမှာ ကာလတိုအတွင်းဖြစ်သွားနိုင် တာကို ခုတလော နာမည်ကြီး သတင်းဖြစ် တဲ့ ဗီယက်နမ်နိုင်ငံရဲ့ ကော်ဖီထဲသို့ စားသုံးရန်မသင့်သည့် အရောအနှောများ ထည့် သည့်သတင်းအား နမူနာယူ ရှောင်ကြဉ်ရမှာဖြစ်ပြီး အရည် အသွေးထိန်းသိမ်းရေးကိုလည်း ဦးစားပေးရမှာ ဖြစ်ပါတယ်။
ထို့ကြောင့် မြန်မာ့ကော်ဖီကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး၊ ရေရှည်ရပ်တည်နိုင်ရေး၊ ပြည်တွင်းပြည်ပဈေးကွက် ခိုင်မာ ရေး၊ ပြည်တွင်းဈေးကွက် ကျယ်ပြန့်ရေး၊ ဈေးကောင်းရရှိပြီး ကော်ဖီစိုက်တောင်သူများ ဘဝတိုးတက်အဆင်ပြေ၍ ဝင်ငွေ တိုးကာ အလုပ်အကိုင်အခွင့်အလမ်း များတိုးတက်လာစေရန် အတွက် မြန်မာ့ကော်ဖီကဏ္ဍကို ပြည်တွင်းဈေးကွက်နှင့် ကမ္ဘာ့ ဈေးကွက်အလယ်ထိုးဖောက်နိုင်ကြပါစေကြောင်း ရေးသား ဆုတောင်းလိုက်ပါတယ်။