Main menu

Background

မြင့်တက်လာသော မြန်မာရော်ဘာတင်ပို့မှုနှင့် ကမ္ဘာ့ရော်ဘာဈေးကွက်

Mon, 09/03/2018 - 15:27 -- journal_editor

             ယနေ့ကာလတွင် မော်တော်ယာဉ်များ၊ စက်ဘီးများ၊ ဆိုင်ကယ် များ၊ လေယာဉ်ပျံများစသည့် ဘီးတပ်ယာဉ်တို့သည် ခရီးချုံ့ပေးနိုင် ပြီး အချိန်ကုန်သက်သာ၊ လူသက်သာစေသဖြင့်  လူအများ နေ့စဉ် သွားလာလှုပ်ရှားမှုများနှင့် ကုန်ပစ္စည်းများလွယ်ကူစွာ တင်ပို့ နိုင်ရေးတို့အတွက် မပါမဖြစ် နေ့စဉ်သုံးပစ္စည်းများ ဖြစ်လာခဲ့ပြီဖြစ် သည်။  အဆိုပါပစ္စည်းများအတွက် လိုအပ်သော တာယာများကို ရော်ဘာမှ ပြုလုပ်လျက်ရှိပြီး လူတို့အတွက် အသုံးပြုနေကြသည့်  ရှူးဖိနပ်၊ ခါးပတ်၊ လက်အိတ်၊ ဆေးပစ္စည်းများနှင့် နေ့စဉ်သုံး ပစ္စည်းများ ပြုလုပ်ရာတွင်လည်း ရော်ဘာသည်အရေးပါလှပါသည်။ အဆိုပါယာဉ်များတွင် အသုံးပြုနေသော တာယာများကို ရော်ဘာပင် များမှ ထွက်သော ရော်ဘာစေးအား နည်းမျိုးစုံဖြင့် ပြုပြင် ထုတ်လုပ် အသုံးပြုကြခြင်းပင်ဖြစ်သည်။ ရော်ဘာအစိမ်းများကို ကားထုတ်လုပ် သူများ၊ သင်္ဘောနှင့် လေယာဉ်လုပ်ငန်းများမှ  အဓိက အသုံးပြုခြင်း ဖြစ်ပြီး တစ်ကမ္ဘာလုံးမှထွက်ရှိသည့် ရော်ဘာစုစုပေါင်း၏ ၇၅ ရာခိုင် နှုန်းကို တာယာအဖြစ် အသုံးပြုနေကြသည်။ ထို့ပြင်၂၀၅၀ ခုနှစ်ခန့် တွင် တစ်ကမ္ဘာလုံးအတိုင်းအတာအရ ကားသုံးစွဲမှုမြင့်တက်လာနိုင် ကြောင်းကိုလည်း စစ်တမ်းများမှ ခန့်မှန်းထားပြီး လူဦးရေလည်း ပိုမို တိုးပွားလာမည်ဖြစ်ရာ  ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုလုပ်ငန်းများ သည် အလားအလာကောင်းများ ပေါ်ထွက်လျက်ရှိပါသည်။

ကမ္ဘာ့ ရော်ဘာသုံးစွဲမှုအခြေအနေမှာ နှစ်စဉ်တိုးတက်နေပြီး မော်တော်ကားတာယာ ထုတ်လုပ်မှုအတွက် ရော်ဘာ လိုအပ်ချက် သည် မြင့်မားလျက်ရှိပါသည်။ နေ့စဉ်လိုအပ်လျက်ရှိသော ရော်ဘာ များမှ အများစုကို ထိုင်းနိုင်ငံနှင့် အင်ဒိုနီးရှားနိုင်ငံတို့မှ တင်ပို့လျက် ရှိသည်။ ထိုမျှသာမက ကမ္ဘောဒီးယား၊ လာအို၊ မြန်မာနှင့် ဗီယက်နမ် နိုင်ငံတို့၏ ရော်ဘာထုတ်လုပ်မှုမှာလည်း ၂၀ဝ၀ ခုနှစ်နောက်ပိုင်းမှ စ၍ တိုးတက်မှုရှိလာကာ ရော်ဘာထုတ်လုပ်မှုတွင် အလားအလာရှိ သော နိုင်ငံများအဖြစ် ဂျပန်နိုင်ငံ Yamaguchi University

မှပြုလုပ် သည့် စစ်တမ်း တွင် ဖော်ပြခဲ့သည်။ အဆိုပါစစ်တမ်းတွင် မြန်မာသည် ရော်ဘာထုတ်လုပ်မှုအတွက်   အလားအလာကောင်းကြောင်း၊ ကမ္ဘာ့ နိုင်ငံအများအပြားသည် စက်မှုထွန်းသစ်စနိုင်ငံများ ဖြစ်လာပြီး မော် တော်ယာဉ်သုံးစွဲမှု မြင့်တက်လာသည်နှင့်အမျှ ရော်ဘာ လိုအပ်ချက် သည်လည်း ပိုမိုမြင့်တက်လာကြောင်းကိုလည်း ဖော်ပြထားသည်။ သို့ဖြစ်ရာ ရော်ဘာထွက်ရှိနေသည့် ဖွံ့ဖြိုးဆဲနိုင်ငံများသည် ဈေးကွက် လိုအပ်ချက်ကြီးမားနေသည့် ရော်ဘာကို အားပြု စိုက်ပျိုး ဝင်ငွေတိုး လျက်ရှိပါသည်။ တာယာအဖြစ် အများဆုံး အသုံးပြုနေသည့် ရော်ဘာ များ၏ ၉၀ ရာခိုင်နှုန်းခန့်သည် ထိုင်း၊ အင်ဒိုနီးရှား၊ မလေးရှား၊ အိန္ဒိယနှင့် တရုတ်နိုင်ငံတို့မှ တင်ပို့နေခြင်းဖြစ်သည်။ ယင်းစစ်တမ်း တွင်  Ribbet Smoked Sheet (RSS)

အမျိုးအစားသည် သမိုင်းဝင်မှတ်တမ်းကောင်းရှိနေပြီး လူသိများ ကြောင်းကို ဖော်ပြထားသည်ကို လေ့လာတွေ့ရှိရပါသည်။               

Food Security Policy Project (FSPP)

၏စာတမ်းသည်လည်း မြန်မာနိုင်ငံ၏ ရော်ဘာကဏ္ဍကို လေ့လာဖော်ပြထားပြီး မြန်မာ့ ရော်ဘာကဏ္ဍ၏ အကြီးမားဆုံးစိန်ခေါ်မှုမှာ အထွက်နှုန်းလျော့နည်း မှုနှင့် အရည်အသွေးမပြည့်မီမှုများဖြစ်ကြောင်း၊ ရော်ဘာအတွက် သီးခြားပြဋ္ဌာန်းမှုများ မတွေ့ရကြောင်း၊ စိုက်ပျိုးမှုမှ တင်ပို့မှုအထိ ကွင်းဆက်တစ်လျှောက်တွင် စံချိန်စံညွှန်းနှင့်ပတ်သက်သည့် အားနည်းချက်များရှိနေကြောင်း၊ သို့သော်လည်း ထိုအားနည်းချက် များကို အချိန်မီ ဖြည့်ဆည်းပြင်ဆင်ခြင်းဖြင့် ထိပ်တန်း ရော်ဘာ တင်ပို့သည့် နိုင်ငံဖြစ်လာနိုင်ကြောင်းကို သုံးသပ်ဖော်ပြထားသည် ကိုလည်း တွေ့ရှိရပါသည်။

မြန်မာနိုင်ငံတွင်မူ   ရော်ဘာကို ရွှေဖြူဟု  တင်စားခေါ်ကြပြီး အမျိုးသားပို့ကုန်မဟာဗျူဟာမြောက် ပစ္စည်းတစ်မျိုးအဖြစ်ပါဝင်ကာ မွန်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်း၊ ဧရာဝတီတိုင်းနှင့် ကရင် ပြည်နယ၊် ရှမ်းပြည်နယ်နှင့်  ရခိုင်ပြည်နယ်တို့တွင် စိုက်ပျိုးလျက်ရှိ သည်။ မြန်မာ့ရော်ဘာအား ဘဏ္ဍာနှစ်အလိုက် တင်ပို့မှုကို လေ့လာ ရာတွင်  ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၁၈  သန်း တန်ဖိုးရှိ ရော်ဘာတန်ချိန် ၇၅၁၅၄ တန်၊ ၂၀၁၃-၂၀၁၄ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၁၉၆ သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၈၄၂၉၉ တန်၊ ၂၀၁၄-၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၁၂ သန်းတန်ဖိုးရှိ ရော်ဘာ တန်ချိန် ၇၇၅၁၈ တန်၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၁၀၁ သန်းတန်ဖိုးရှိ ရော်ဘာ တန်ချိန် ၈၈၅၈၁ တန်၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၁၉၇  သန်းတန်ဖိုးရှိ ရော်ဘာတန်ချိန် ၁၄၁၃၅၅ တန်ကို  တင်ပို့နိုင်ခဲ့ပါသည်။

၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် မြန်မာ့ရော်ဘာတင်ပို့မှုမှာ စုစုပေါင်း ၁၄၉၀၅၅ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉၄ သန်း တင်ပို့နိုင်ခဲ့သည်။ ပင်လယ်ရေကြောင်းမှ ရော်ဘာတင်ပို့မှုမှာ ၄၆၆၃၈ တန်၊ အမေရိကန်ဒေါ်လာ ၆၇ သန်း တင်ပို့ခဲ့ကာ  နယ်စပ် ကုန်သွယ်ရေလမ်းကြောင်းမှ ရော်ဘာတန်ချိန် ၁၀၂၄၁၇ တန်၊ အမေရိကန်ဒေါ်လာ ၁၂၇  သန်း  တင်ပို့မှုရှိခဲ့ကြောင်းသိရပါသည်။ ထို့ကြောင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်ရော်ဘာတင်ပို့မှုသည် နယ်စပ် လမ်းကြောင်းမှ ရော်ဘာတန်ချိန် ၅၅၇၇၉ တန်၊ တန်ဖိုး အားဖြင့် အမေရိကန်ဒေါ်လာ ၆၀ သန်း ပိုမိုတင်ပို့မှုရှိခဲ့ကြောင်းကို အောက်ပါ အတိုင်း တွေ့နိုင်ပါသည်။

 

စဉ်      ဘဏ္ဍာနှစ်       ရေတွက်ပုံ       အရေအတွက်   တန်ဖိုး (အမေရိကန် ဒေါ်လာသန်း)

၁။       ၂၀၁၂ -၂၀၁၃   တန်     ၇၅၁၅၄ ၂၁၈

၂။       ၂၀၁၃-၂၀၁၄    တန်     ၈၄၂၉၉ ၁၉၆

၃။       ၂၀၁၄ -၂၀၁၅   တန်     ၇၇၅၁၈ ၁၁၂

၄။       ၂၀၁၅ -၂၀၁၆   တန်     ၈၈၅၈၁ ၁၀၁

၅။       ၂၀၁၆ -၂၀၁၇   တန်     ၁၄၁၃၅၅        ၁၉၇

၇။       ၂၀၁၇ -၂၀၁၈   တန်     ၁၄၉၀၅၅        ၁၉၄

 

၂၀၁၈ ခုနှစ် ဧပြီ ၁ ရက် မှ ဇူလိုင် ၃၁ ရက်အထိ ရော်ဘာ တင်ပို့မှုမှာ စုစုပေါင်း ၅၀၅၉၂ တန်၊ တန်ဖိုးအားဖြင့် အမေရိကန် ဒေါ်လာ ၆၁ သန်း တင်ပို့မှုရှိခဲ့ပါသည်။ တင်ပို့မှုကို လေ့လာကြည့်ရာ တွင် ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန်၂၃၈၅၂ တန်၊ တန်ဖိုး အားဖြင့် အမေရိကန် ဒေါ်လာ ၃၀  သန်း တင်ပို့ခဲ့ပြီး နယ်စပ်လမ်း ကြောင်းများမှ ရော်ဘာတန်ချိန်၂၆၇၄၀ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၁ သန်း တင်ပို့ခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ် ရာ နယ်စပ်မှ အမေရိကန်ဒေါ်လာ ၁ သန်းခန့် တန်ဖိုးရှိ ရော်ဘာ ၂၈၈၈ တန်ပိုမိုတင်ပို့ခဲ့သည်။ နယ်စပ်မှ တင်ပို့မှုသည် တရုတ်နိုင်ငံသို့ အများဆုံးတင်ပို့နေကြောင်းကိုလည်း တွေ့ရှိရသည်။

အဆိုပါကာလနှင့် ကာလတူဖြစ်သော ၂၀၁၇ ခုနှစ် ဧပြီ ၁ ရက် မှ ဇူလိုင် ၃၁ ရက်အထိ ကာလကို လေ့လာကြည့်ပါက ရော်ဘာတင်ပို့ မှုမှာ စုစုပေါင်း ၄၅၀၂၁ တန်၊ တန်ဖိုးအားဖြင့် အမေရိ ကန်ဒေါ်လာ ၆၈ သန်း တင်ပို့မှုရှိခဲ့ပါသည်။ တင်ပို့မှုကို လေ့လာကြည့်ရာတွင် ပင်လယ်ရေကြောင်းမှ ရော်ဘာတန်ချိန် ၁၁၇၄၃ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၁၉ သန်း တင်ပို့ခဲ့ပြီး နယ်စပ်လမ်းကြောင်းများမှ ရော်ဘာ တန်ချိန် ၃၃၂၇၈ တန် ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၉ သန်း တင်ပို့ခဲ့သည်ကို တွေ့ရသည်။ သို့ဖြစ်ရာ နယ်စပ်မှ အမေ ရိကန်ဒေါ်လာ ၃၀ သန်းတန်ဖိုးရှိ ရော်ဘာ ၂၁၅၃၅ တန်ပိုမိုတင်ပို့ခဲ့ပြီး  တရုတ်နိုင်ငံသို့  အများဆုံး တင်ပို့နေကြောင်းကိုလည်း တွေ့ရှိရ သည်။

ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက်အထိ ကာလတူ နှိုင်းယှဉ်မှု ဇယား

 

စဉ်      နှစ်      ရေတွက်ပုံ       အရေအတွက်   တန်ဖိုး (အမေရိကန် ဒေါ်လာသန်း)

၁။       ၂၀၁၇  တန်     ၄၅၀၂၁ ၆၈

၂။       ၂၀၁၈  တန်     ၅၀၅၉၂ ၆၂

                             (+၅၅၇၁)       (- ၆)

 

 

ထို့ကြောင့် ၂၀၁၇ ခုနှစ် နှင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက် ကာလတူအတွင်း နှိုင်း ယှဉ်ချက်အရ ၂၀၁၈ ခုနှစ် တွင် ရော်ဘာတန်ချိန် ၅၅၇၁ တန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၆ သန်း ခန့်လျော့နည်းရရှိခဲ့သည်ကို တွေ့ရှိရ သည်။

တင်ပို့ခဲ့သည့် နိုင်ငံများကို လေ့လာရာတွင် ၂၀၁၇ ခုနှစ်က ပင်လယ်ရေကြောင်းမှ မလေးရှား၊ တရုတ်၊ ကိုရီးယား၊ ဂျပန်နှင့် အိန္ဒိယနိုင်ငံတို့ကို တင်ပို့ခဲ့ပြီး ၂၀၁၈ ခုနှစ်တွင်မူ အဆိုပါနိုင်ငံများ အပြင် အင်ဒိုနီးရှား၊ စင်ကာပူ၊ပါကစ္စတန်၊ ချက်ပြည်သူ့သမ္မတနိုင်ငံ၊ ဘင်္ဂလားဒေ့ရှ်၊ ဗီယက်နမ်နှင့် ထိုင်ဝမ်တို့အား ဈေးကွက် တိုးချဲ့နိုင်ခဲ့ သည်ကို တွေ့ရသော်လည်း နယ်စပ်လမ်းကြောင်းကမူ တရုတ်နိုင်ငံ ကိုသာ အားပြုပြီး အများဆုံး တင်ပို့နေကြောင်းတွေ့ရသည်။

၂၀၁၇ ခုနှစ်နှင့် ၂၀၁၈ ခုနှစ် ဧပြီ ၁ ရက်မှ ဇူလိုင် ၃၁ ရက် အထိကာလတူအတွင်း နှိုင်းယှဉ်ချက်အရ ၂၀၁၈ ခုနှစ်တွင် ရော်ဘာ တန်ချိန် ပိုမိုတင်ပို့နိုင်ခဲ့ပြီး တန်ဖိုးအားဖြင့် လျော့နည်းရရှိခဲ့သည်ကို တွေ့ရှိရပြီးဖြစ်ရာ ထိုသို့  တန်ဖိုးလျော့နည်း   ရရှိမှုကို လေ့လာကြည့် ပါက ၂၀၁၇ ခုနှစ် RSS (Ribbet Smoked Sheet)

အမျိုး အစားအစုံမှ တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၁၉၀ဝ မှ အမြင့် ဆုံးဈေး ၂၂၀ဝ MSR (Myanmar Standard Rubber)

အမျိုးအစားအစုံမှ တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၁၇၅၀ မှ အမြင့်ဆုံးဈေး၂၃၀ဝ အထိ ရရှိခဲ့ပြီး ထိုကာလတွင် ဈေး အမြင့်ဆုံးရရှိခဲ့သည်ကို တွေ့ရှိရပါသည်။ သို့သော် နောက်ပိုင်းကာလ များတွင်    ဈေးနှုန်းအနည်းငယ်  လျော့ကျသွားခဲ့သည်ကိုလည်း တွေ့ရသည်။ ထိုကာလမတိုင်မီ ၂၀၁၇ ခုနှစ် နှစ်ဆန်းပိုင်းကမူ MSR

အမျိုးအစားမှာ တစ်တန်လျှင် အမြင့်ဆုံးဈေးအမေရိကန်ဒေါ်လာ ၂၇၀ဝ၊ MSR

အမျိုးအစား မှာ တစ်တန်လျှင် အမြင့်ဆုံးဈေး အမေ ရိကန်ဒေါ်လာ ၂၈၅၀ အထိပင်  မြင့်တက်ခဲ့သည်ကိုလည်း မြန်မာ နိုင်ငံ ရော်ဘာစိုက်ပျိုး ထုတ်လုပ်သူများအသင်း၏ ထုတ်ပြန်ချက်အရ တွေ့ရသည်။ ထို့ကြောင့် ရော်ဘာဈေးနှုန်းသည် ၂၀၁၇ နှစ်ဆန်းပိုင်း ကာလတွင် အမြင့်ဈေး ဖြစ်ပေါ်ခဲ့ပြီး ထိုနှစ်၏ အမြင့်ဆုံးဈေးများမှာ RSS

အမျိုးအစား တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၂၇၀ဝ၊ MSR

အမျိုးအစား  တစ်တန်လျှင် အမေရိ ကန်ဒေါ်လာ ၂၈၅၀ ဖြစ်ကြောင်း တွေ့ရှိရသည်။

၂၀၁၈ ခုနှစ် ဧပြီမှ ဇူလိုင်အ ထိ ဈေးနှုန်းများမှာမူ ဧပြီလဆန်း တွင် RSS

အမျိုးအစားအစုံမှ တစ်တန်လျှင် အနိမ့်ဆုံး ဈေး အမေ ရိကန်ဒေါ်လာ၁၁၀ဝ မှ အမြင့်ဆုံးဈေး ၁၄၀ဝ၊ MSR အမျိုးအစားအစုံ မှ တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၁၇၅၀ မှ အမြင့်ဆုံး ဈေး၁၈၀ဝ ရရှိခဲ့ပြီး မေလလယ်ခန့်ကRSS

ှ RSS အမျိုးအစားအစုံမှ တစ်တန်လျှင် အနိမ့်ဆုံးဈေး အမေရိကန်ဒေါ်လာ ၁၁၀ဝ မှ အမြင့် ဆုံးဈေး ၁၃၅၀ သို့ဆက်လက်နိမ့်ကျခဲ့ကာ နောက်ပိုင်းကာလများ တွင် ယခင် ဧပြီလဆန်းဈေးနှုန်းအတိုင်း ငြိမ်သက်နေခဲ့သည်ကို တွေ့ ရသည်။ MSR အမျိုးအစား အစုံဈေးနှုန်းမှာမူ ဧပြီလဈေးနှုန်းအတိုင်း အပြောင်း အလဲမရှိသည့်အတွက် ၂၀၁၈ခုနှစ်တွင် ရော်ဘာဈေး ကျဆင်းနေသည်ကို တွေ့ရှိရပါသည်။ သို့ဖြစ်ရာ ၂၀၁၈ ခုနှစ်သည် ၂၀၁၇ ခုနှစ်တွင် ရရှိခဲ့သော ဈေးထက် လျော့နည်းရရှိနေသဖြင့် ၂၀၁၈ ခုနှစ် ဧပြီလမှ ဇူလိုင်လ အတွင်း ကာလတူတွင် မြန်မာနိုင်ငံ အနေဖြင့် ရော်ဘာတန်ချိန် ပိုမိုတင်ပို့ခဲ့သော်လည်း ရော်ဘာဈေးများ ကျဆင်းနေမှုကြောင့်   တန်ဖိုး လျော့နည်းရရှိခဲ့ခြင်းပင် ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါသည်။

ယခုအခါ ရော်ဘာဥပဒေအသစ်ကို ပြဋ္ဌာန်းနိုင်ရန် ကြိုးပမ်း နေပြီး ၂၀၁၉ ခုနှစ်တွင် ရော်ဘာဗဟို ဈေးကွက်ဖွင့်လှစ်ရန် စီစဉ်နေ ကြောင်း မြန်မာနိုင်ငံ ရော်ဘာစိုက်ပျိုးထုတ်လုပ်သူများ အသင်း၏ထုတ်ပြန်မှုအရ သိရှိရပါသည်။ ပြည်တွင်းရော်ဘာ ထုတ်လုပ်သူများ အနေဖြင့်    နိုင်ငံတကာစံချိန်စံညွှန်းနှင့်အညီ     စိုက်ပျိုးထုတ်လုပ် ရန်စီစဉ်နေကြောင်း၊   မျိုးကောင်းမျိုးသန့်   ရွေးချယ်စိုက်ပျိုးမှသာ အထွက်နှုန်းကောင်းမွန်ပါကြောင်း၊  သို့ရာတွင် အထွက်နှုန်းကောင်း စေရန် ဆေးဝါးများ လွန်ကျူးစွာ သုံးစွဲပါက ရော်ဘာပင်များ သေဆုံး ပျက်ဆီးနိုင်စေကြောင်းတို့ကိုလည်း သိရှိရပါသည်။

နိုင်ငံတကာတွင် ရော်ဘာစိုက်ပျိုးထုတ်လုပ်မှုကို ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေး၊ ဝင်ငွေရရှိစေရေး၊ ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်းပေါများစေရေးနှင့် နိုင်ငံခြားငွေ စီးဝင်မှုအတွက် နိုင်ငံ၏စီးပွားရေး မောင်းနှင်အားတစ်ခုအဖြစ် အားထားလျက် ရှိပါ သည်။ ရော်ဘာပင်မှာ သက်တမ်း ၇ နှစ်ခန့်ရောက်ရှိမှသာ အစေးခြစ် ယူရရှိနိုင်သဖြင့် မျိုးကောင်းရွေးချယ် မှုမှားယွင်းပါက လုပ်ငန်းရှင်များ အတွက် အလွန်နစ်နာစေပါသည်။ ရော်ဘာစေးခြစ်သည့် လုပ်ငန်း သည် ဒေသခံတို့၏ ဝင်ငွေရရှိရေးကိုလည်း အထောက် အကူဖြစ် စေပြီး အလုပ်အကိုင်အခွင့် အရေးရရှိမှုကိုလည်း ဖြစ်ပေါ်စေရာ ယခုအခါ ရော်ဘာ ဈေးကျဆင်းမှု ကြောင့် အလုပ်အကိုင်မကောင်း ကြောင်း ဒေသခံများထံမှ သိရပါသည်။ လက်ရှိအခြေအနေမှ ကမ္ဘာ့ ရော်ဘာ ဈေးကျဆင်းနေမှုကြောင့် မြန်မာ့ရော်ဘာဈေး ကျဆင်းနေခြင်းဖြစ်ကြောင်းကိုလည်း  ရော်ဘာစိုက်ပျိုး ထုတ် လုပ်သူများ အသင်းထံမှ သိရပါသည်။

လောလောဆယ် ကမ္ဘာ့ရော်ဘာဈေးကွက်အခြေအနေမှာ ထုတ်လုပ်မှုကျဆင်းနေပြီ သုံးစွဲမှု များပြားနေသဖြင့် ဈေးကွက်လိုအပ် ချက်ကြီးမားလျက်ရှိပါသည်။ ရော်ဘာထုတ်လုပ်မှု  များပြားလျက်ရှိ သော နိုင်ငံများထဲမှ အချို့ကို လေ့လာကြည့်ရာတွင် အိန္ဒိယနိုင်ငံသည် ရော်ဘာအထွက်နှုန်း  ကျဆင်းနေပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာ နှစ်ဦး ကာလတွင်ပင် ထုတ်လုပ်မှုကျဆင်းမှုမှာ ခြောက်နှစ်တာကာလ အတွင်း အနိမ့်ဆုံးဖြစ်ခဲ့ကြောင်း   သိရသည်။  အဆိုပါကာလတွင် ရော်ဘာထုတ်လုပ်မှုလျော့ကျခဲ့ပြီး တန်ချိန် ၁၂၆၀ဝ၀ တန်သာ ထုတ်လုပ်နိုင်ခဲ့သော်လည်း သုံးစွဲမှုမှာ ပိုမိုမြင့်မားနေကြောင်း၊ သုံးစွဲမှု တန်ချိန် ၃၀၂၀ဝ၀ တန် အထိပင် ရောက်ရှိခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံသည်လည်း ရော်ဘာ အထွက်နှုန်းကျဆင်းမှုကို ခံစား နေရပြီး တာယာစက်ရုံများနှင့် မော်တော်ကား လုပ်ငန်းများ ထွန်း ကားလာမှုကြောင့်   လိုအပ်သော   ကုန်ကြမ်းပြည့်မီရေးနှင့် တင်ပို့မှု အရှိန် မကျဆင်းရေးအတွက်   ကြိုးစားနေရကြောင်း သိရသည်။ ယူနန်ပြည်နယ်တွင်လည်း လတ်တလော မိုးသည်းထန်မှုတို့ကြောင့် ရော်ဘာအထွက်နှုန်း   ထိခိုက်နိုင်ကြောင်းကိုလည်း   ထုတ်ပြန်သည့် သတင်းများအရ သိရပါသည်။ အလားတူပင် ဗီယက်နမ်နိုင်ငံသည် လည်း ၂၀၁၈ ခုနှစ် နှစ်ဆန်းမှ နှစ်လယ်ပိုင်းတင်ပို့မှုအထိ အခြေအနေ သုံးသပ်ချက်မှာ (၇) လတာ ကာလအတွင်း ရော်ဘာတင်ပို့မှုပိုမိုခဲ့ သော်လည်း တန်ဖိုးလျော့နည်းရရှိခဲ့ကြောင်းကို သိရသည်။ ယင်း (၇)လတာ ကာလတွင် ရော်ဘာတန်ချိန် ၁၂၂၀ဝ၀ တန်ကို တင်ပို့ခဲ့ သော်လည်း အမေရိကန်ဒေါ်လာ ၁၇၃ မီလီယံသာ ရရှိခဲ့ရကြောင်းကို ဗီယက်နမ် စက်မှုနှင့် ကုန်သွယ်ရေး ဝန်ကြီးဌာနမှ ထုတ်ပြန်ခဲ့သည်။ ထို့ကြောင့် နိုင်ငံတကာ ရော်ဘာ ဈေးကွက်အခြေအနေမှာ ရော်ဘာ ထုတ်လုပ်မှုများ ကျဆင်းနေသော်လည်း ဈေးကွက်လိုအပ်ချက်မှာ ပိုမို မြင့်တက်လျက်ရှိနေကြောင်းနှင့် ကမ္ဘာ့ရော်ဘာဈေးကျဆင်းနေမှုတို့ကြောင့် တိုးတက်တင်ပို့မှုများရှိနေသော် လည်း တန်ဖိုး လျော့ နည်းရရှိမှုများ ဖြစ်ပေါ်နေကြောင်း တွေ့ရှိရပါသည်။

အလားတူပင် မြန်မာ့ရော်ဘာကဏ္ဍသည်လည်း အခြားနိုင်ငံ များ နည်းတူအထွက်နှုန်း နည်းပါးမှု၊ အလုပ်သမားရှားပါးမှု၊ ဈေး လျော့နည်းမှုတို့ကို တွေ့ကြုံနေရသဖြင့် နိုင်ငံတော်မှ ရော်ဘာဈေးမြင့် တက်ရောင်းချနိုင်ရေး၊ ရော်ဘာကုန်ချောကို ပြည်တွင်း၌ ထုတ်လုပ် ရောင်းချနိုင်ရေး၊ ရော်ဘာလုပ်ငန်း ကောင်းမွန်ပြီး ဒေသခံများ အလုပ် အကိုင်အခွင့်အလမ်းများရရှိကာ ကျေးလက်နေပြည်သူများ လူမှုဘဝ နေထိုင်မှု အဆင့်အတန်း တိုးတက်ပြီး ဝင်ငွေတိုးတက်စေရေးတို့ အတွက်  အားပေးဆောင်ရွက်လျက် ရှိပါသည်။ ထို့ပြင် ချေးငွေ များ ထုတ်ချေးနိုင်ရေးကိုလည်း  သက်ဆိုင်ရာဌာန အသီးသီးမှ ပံ့ပိုးကူညီ ရန် ကြိုးစားလျက် ရှိပါသည်။ ထိုမျှသာမက ရော်ဘာနှင့်ပတ်သက်သော သင်တန်း များ အပါအဝင် အစေးခြစ်နည်းအထိပါ သက်ဆိုင်ရာဌာန တို့မှ သင်တန်းများ ပို့ချ ပညာပေးနေမှုတို့ကိုလည်း တွေ့ရှိနေရပါ သည်။ သို့ဖြစ်ရာ နိုင်ငံခြားဝင်ငွေ စီးဝင်ရရှိရေးအတွက် စီးပွားရေး မောင်းနှင်အားတစ်ခုဖြစ်ပြီး ဈေးကွက်လိုအပ်ချက်ကြီးမားနေသည့် စီးပွားရေးကဏ္ဍတိုးတက်မှုအတွက် အရေးပါလှသော နိုင်ငံတော်၏ ပို့ကုန်မဟာဗျူဟာမြောက်သည့် ရော်ဘာကဏ္ဍ တိုးတက်ရေးအတွက် မျိုးကောင်းမျိုးသန့် ရော်ဘာပင်များကို နည်းစနစ်မှန်ကန်စွာ စိုက်ပျိုး ထုတ်လုပ်တင်ပို့နိုင်ရန်နှင့်  ရော်ဘာလုပ်ငန်းများ ကောင်းမွန်အောင် မြင်စွာ ရှင်သန်နိုင်ရန်အတွက် သက်ဆိုင်ရာကဏ္ဍ အသီးသီးတို့မှ တွန်းအားပေး ဆောင်ရွက်နိုင်ရေး လက်ရှိရော်ဘာတင်ပို့မှု  အခြေ အနေကို သုံးသပ်တင်ပြလိုက်ရပါသည်။

 

Sources: A Survey on the Competitiveness of Natural Rubber Companies in Mekong Sub - Region, Report of Food Security Policy Project  (FSPP):  Prospect for the Myanmar Rubber Sector, www. Rubber Board and Price, MRPPA website