Main menu

Background

ပို့ကုန်တိုးတက်ရေး၊ အခွန်အခ ရရှိရေး၊ အလုပ်အကိုင် အခွင့်အလမ်းရရှိရေး ဆောင်ရွက်ပေးနိုင်ခ့ ဲသော ကုန်သွယ်မှုကဏ္ဍ

Fri, 09/07/2018 - 11:38 -- journal_editor

      မြန်မာနိုင်ငံအနေဖြင့် နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရာမှာ ပြည်ပကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်ရေးဟာ ယာဉ်တစ်စီးကို မောင်းနှင် လျက်ရှိတဲ့ အင်ဂျင်သဖွယ် အရေးပါလျက်ရှိပါတယ်။ ဒီလိုအရေးပါလှတဲ့ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရေးကို ဦးစားပေး ဆောင်ရွက်ခဲ့တဲ့အတွက် နှစ်စဉ် ကုန်သွယ်မှုပမာဏများ တိုးတက်လာသကဲ့သို့ကုန်သွယ်မှုပမာဏ လိုငွေလျှော့ချနိုင်စေရေးအတွက် ပို့ကုန်ကဏ္ဍတိုးမြှင့်တင်ပို့နိုင်ရေး ကိုလည်း အစဉ်တစ်စိုက်တွန်းအားပေး ဆောင်ရွက်လျှက်ရှိပါတယ်။ နိုင်ငံတကာကုန်သွယ်မှုစနစ်များအရ Re-Export ၊ Transit Trade စသည့် နည်းလမ်းများဖြင့် ကုန်သွယ်မှု တိုးမြင့်စေရေး ဆောင်ရွက်လျက်ရှိ ရာ၊ မြန်မာနို င်ငံ အနေဖြင့်လည်း ပြည်ပကုန်သွယ်မှု တိုးတက်စေရေး အထောက်အကူဖြစ်စေရန်၊ နိုင်ငံတော်အတွက် ထိုက်သင့်သည့် အခွန်ဘဏ္ဍာများ တိုးတက်ရရှိစေရန်၊ ဆိပ်ကမ်းဝန်ဆောင်ခများ တိုးတက်ရရှိစေရန်၊ လုပ်ငန်းအစဉ် တစ်လျှောက် ဆက်စပ်တဲ့ လုပ်ငန်းရှင်နှင့် ပြည်သူများအလုပ်အကိုင်အခွင့်အလမ်းများရရှိကာ ဘက်စုံအကျိုး ဖြစ်ထွန်းစေရန် ရည်ရွယ်၍နိုင်ငံတကာ ကုန်သွယ်မှု လုပ်ထုံးလုပ်နည်းများ နှင့်အညီ  Re-Export စနစ်အား စတင် ဆောင်ရွက်ခဲ့ပါတယ်။
        Re-Export စနစ်ဖြင့်သကြားတင်သွင်းမှုအား ပြည်တွင်း ကြံစိုက်ပျိုးထုတ်လုပ်သည့်ကာလတွင် ကြံစိုက်ပျိုးထုတ်လုပ်သူများနှင့် သကြားကြိတ်ခွဲ ထုတ်လုပ်သူများ ဈေးနှုန်းအရ ထိခိုက်မှုမရှိစေရန် အတွက်၂၀၁၇ ခုနှစ် စက်တင်ဘာလ ၂၂ ရက်နေ့တွင်ခေတ္တရပ်ဆိုင်းခဲ့ပါတယ်။ ထို့နောက် ပြည်တွင်း ကြံစိုက်ပျိုး ထုတ်လုပ်သူများ၊ ပြည်တွင်း သကြားစက် လုပ်ငန်းများအား ထိခိုက်မှုမရှိစေရန်အစီအစဉ်များချမှတ်၍ Re-Export စနစ်ဖြင့် သကြား တင်သွင်း/တင်ပို့ခွင့်အား၂၀၁၈ ခုနှစ် ဇွန်လ ၁ ရက် နေ့မှစ၍ ပြန်လည်ခွင့်ပြုပေးခဲ့ပါတယ်။၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ ခေတ္တရပ်ဆိုင်းသည့် ၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်အထိ စုစုပေါင်း သကြားတန်ချိန် (၄)သန်းခန့် Re-Export စနစ်ဖြင့် တင်ပို့တင်သွင်းခြင်း ဆောင်ရွက်ခဲ့ကြောင်း၊ ၂၀၁၈ ခုနှစ်ဧပြီ ၁ ရက်နေ့မှ သြဂုတ် ၁၇ ရက်နေ့ထိတွင် တန်ချိန် ၄ သိန်းကျော်၊တန်ဖိုးဒေါ်လာ ၂၆၈ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။ ထိုသို့ တင်ပို့နိုင်ခဲ့ခြင်းကြောင့် ကုန်သွယ်မှုပမာဏ မြင့်မားတိုးတက်လာမှုနဲ့အတူ နိုင်ငံတော်အတွက် သတ်မှတ်အခွန်အခများတိုးတက်ရရှိရေး ဆောင်ရွက်နိုင်ခဲ့ပါတယ်။ Re-Export ကို ဆောင်ရွက်ရန် ခွင့်ပြုသည့်အတွက် ကုန်သွယ်မှု ပမာဏ တိုးလာစေသည့်အပြင် နိုင်ငံတော်အနေဖြင့် Re-Export (သကြား) ပေါ်တွင် စုစုပေါင်းအခွန်ငွေ ၄ ဒသမ ၅ ရာခိုင်နှုန်းရရှိပြီး Supply Chain တစ်လျှောက်အကျိုးသက်ရောက်မှုအနေဖြင့် ကုန်သည်လုပ်ငန်းရှင်များ အပြင် Transportation Services လုပ်ငန်းရှင်များကိုပါ ပိုမိုအကျိုးဖြစ်ထွန်း စေခဲ့ပါတယ်။
           ကမ္ဘာပေါ်ရှိ သကြားထုတ်လုပ်နိုင်မှု၊ တင်ပို့ရောင်းချနိုင်မှု၊တင်သွင်းမှု အခြေအနေများကို လေ့လာကြည့်ရာတွင် သကြားအများဆုံး ထုတ်လုပ်သော နိုင်ငံများမှာ Foreign Agricultural Service (USDA) ၏ စာရင်း များအရ ဘရာဇးီ ၊ အန္ဒိယ ၊ ဥရောပသမဂ၊္ဂထိုင်းနိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ကြပါတယ်။ သကြားတင်ပို့သောကမ္ဘာ့ထိပ်တန်း နိုင်ငံများမှာ ဘရာဇီး၊ ထိုင်း ၊ အိန္ဒိယ၊ သြစတြေးလျနှင့် ဥရောပသမဂ္ဂနိုင်ငံများဖြစ်ကြပြီး ၂၀၁၈ ခုနှစ် မေလအထိ ဘရာဇီးနိုင်ငံသည် တန်ချိန် ၂၃ ဒသမ ၆ သန်း၊ ထိုင်းနိုင်ငံသည် တန်ချိန် ၁၁သန်း၊ အိန္ဒိယနိုင်ငံသည် တန်ချိန် ၆ သန်း၊ သြစတြေးလျနိုင်ငံသည်တန်ချိန် ၃ ဒသမ၇ သန်း၊ ဥရောပသမဂ္ဂနိုင်ငံများမှ တန်ချိန် ၃ သန်းအသီးသီး တင်ပို့နိုင်ခဲ့ကြပါတယ်။ သကြားတင်သွင်းမှု အများဆုံးနိုင်ငံများကတော့ အင်ဒိုနီးရှား၊ တရုတ်၊ အမေရိကန်ပြည်ထောင်စု၊အာရပ်စော်ဘွားများ ပြည်ထောင်စု၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတို့ဖြစ်ကြပါတယ်။ အင်ဒိုနီးရှားနိုင်ငံ ပြီးလျှင် တရုတ်နိုင်ငံသည် ဒုတိယအများဆုံးသကြား လိုအပ်လျက်ရှိသည့် နိုင်ငံတစ်ခုဖြစ်ပါတယ်။ တရုတ်နိုင်ငံသည် သကြား ထုတ်လုပ်မှုတွင် ကမ္ဘာ့အများဆုံး ထုတ်လုပ်နိုင်သည့်နိုင်ငံများ စာရင်းတွင် ၅ နိုင်ငံမြောက်အဖြစ် ပါဝင် ကာ နှစ်စဉ်ပျမ်းမျှသကြားတန်ချိန် ၁၀ သန်းဝန်းကျင် ထုတ်လုပ်နိုင်သော်လည်း တရုတ်နိုင်ငံ၏ ပြည်တွင်း စားသုံးရန် လိုအပ်မှုသည် တစ်နှစ်လျှင် တန်ချိန်၁၆ သန်းခန့် ဖြစ်သည့်အတွက် ၆ သန်းခန့် လိုအပ်လျက် ရှိပါတယ်။ USDA တွင် ဖော်ပြပါရှိသော စာရင်းများ အရလည်း တရုတ်နိုင်ငံသည်၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်မှ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် မေလအထိတွင်နှစ်စဉ် ပျမ်းမျှသကြား တန်ချိန် ၄ သန်းကျော်မှ ၆ သန်းကျော်ထိတင်သွင်းရလျက်ရှိတာကို လည်း လေ့လာတွေ့ရှိရပါတယ်။မိမိတို့ မြန်မာနိုင်ငံမှာ Re-export စနစ်ဖြင့် သကြားတင်သွင်း/တင်ပို့ခွင့် ပြုပေးခဲ့ခြင်း၏ အကျိုး/အပြစ်များကို ပြန်လည်လေ့လာဆန်းစစ်ကြည့်ပါက လုပ်ငန်းဆောင်ရွက်သည့် ကုမ္ပဏီလုပ်ငန်း ရှင်များအနေဖြင့် ပြည်ပနိုင်ငံများမှ သကြားတစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၅၀ မှ ၄၈၀ ဖြင့် ဝယ်ယူတင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်ရောင်းချရာတွင် တစ်တန်လျှင် အမေရိကန်ဒေါ်လာ၅၅၀ မှ ၆၅၀ ရရှိ သဖြင့် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ မှ၁၅၀ ပိုမိုရရှိခဲ့ပါတယ်။ အဆိုပါ ပိုမိုရရှိမှုများကို Re-export လုပ်ငန်းစဉ်တစ်လျှောက် သယ်ယူပို့ဆောင်သူ၊ အတင်အချ အလုပ်သမားများအပါအဝင် အားလုံးခွဲဝေခံစားရရှိခဲ့ပြီး ဝင်ငွေနှင့် အလုပ်အကိုင်အခွင့်အလမ်း များစွာရရှိခဲ့တာကို တွေ့ရှိရပါတယ်။ ဒါ့အပြင် Re-export စနြစ်ဖင့်သကြားတင်သွင်းခြင်းအတွက် ပြည်တွင်းဆိပ်ကမ်းများဘက်မှ သကြားတစ်တန် တင်သွင်းတိုင်းနိုင်ငံခြားငွေ အမေရိက န်ဒေါ်လာ ၈ ဒေါ်လာ မြန်မာငွေအားဖြင့် ၁၁၀၀၀ ကျပ်ရရှိခြင်း၊ ဆိပ်ကမ်းရှင်းလင်းရေး ဝန်ဆောင်မှုနှင့်ဆိပ်ကမ်းမှ ရန်ကုန်သိုလှောင်ရုံအထိ သကြားတစ်တန်လျှင် မြန်မာငွေကျပ် ၁၃၀၀၀ ရရှိခြင်း၊ ပြည်ပတင်ပို့သည်အထိ ကုန် တင်ကုန်ချအဆင့်ဆင့် ပြုလုပ်ခြင်းများအတွက် အလုပ်သမားခ သကြားတစ်အိတ်လျှင်ပျမ်းမျှကျပ် ၅၀၀ ခန့်အထိရရှိခဲ့သည့်အတွက် တစ်တန်လျှင်ကျပ် ၁၀၀၀၀ ခန့်ရရှိခြင်း၊ သကြားယာယီ သိုလှောင်ခြင်းအတွက်တစ်တန်လျှင်ကျပ် ၁၂၀၀ မှကျပ် ၁၆၀၀ ထိ ရရှိခြင်း၊ မူဆယ်အထိသယ်ယူပို့ဆောင်ခ သကြားတစ်တန်လျှင် ကျပ် ၇၅၀၀၀ ခန့် ရရှိခြင်းစသည့် Supply Chain တစ်လျှောက်ဝင်ငွေနှင့် အလုပ်အကိုင် အခွင့်အလမ်းများစွာ ရရှိခဲ့တာကို လေ့လာေ တွ့ရှိရပါတယ်။ နိုင်ငံတော်၏ အခွန်ဘဏ္ဍာရရှိမှု ဘက်တွင်လည်း Re-export စနစ်ဖြင့် သကြားအား ကုန်သွယ်ခွင့် ပြုခဲ့ခြင်းကြောင့် ယခင်ကအကောက်ခွန်သည် သုညဒသမ ၅ ရာခိုင်နှုန်း ၊ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အထိ တင်သွင်းတင်ပို့ခဲ့သည့်  Re-export သကြား တန်ချိန် ၄ သန်းအပေါ်တွင် နိုင်ငံတော်အနေဖြင့် အခွန်ခန့်မှန်းခြေကျပ် ၁၂၈ ဘီလီယံခန့် ရရှိခဲ့ပါတယ်။ သို့ရာတွင် ၂၀၁၇ ခုနှစ် အောက်တိုဘာ ၁ ရက်နေ့မှစ၍ သကြားတင်သွင်းသည့် အကောက်ခွန်နှုန်းထားအား သုည ဒသမ၅ ရာခိုင်နှုန်းမ ှ ၃ ရာခိုင်နှုန်းအထိ တိုးမြှင့်သတ်မှတ်ခဲ့သည့်အတွက် နိုင်ငံတော်အတွက် အခွန် ၅ ရာခိုင်နှုန်းအထိ တိုးမြှင့်ရရှိခဲ့ပါတယ်။ သို့ဖြစ်၍ Re-export စနစ်ဖြင့် သကြား တင်သွင်း/တင်ပို့ခြင်းဆောင်ရွက်ခြင်းကြောင့် နိုင်ငံတော်အနေဖြင့် တင်သွင်းသည့် တန်ဖိုးအပေါ် အကောက်ခွန် ၃ ရာခိုင်နှုန်း၊ ကြိုတင်ဝင်ငွေခွန်၂ရာခိုင်နှုန်း အခွန်ရရှိခဲ့ပြီး သကြား တစ်တန် လျှင် အခွန်အနေဖြင့် အမေရိကန်ဒေါ်လာ ၂၂ဒသမ၅ ခန့် ရရှိခဲ့တာကို လေ့လာ တွေ့ရှိရပါတယ်။
        မြန်မာနိုင်ငံရှိ လုပ်ငန်းရှင်များအနေဖြင့် ပြည်ပမှ သကြားများ တင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပြန်လည်တင်ပို့မှု (Re-export) လုပ်ဆောင်နေခြင်းမှာ တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ သကြား ပြည်တွင်းဈေး များနှင့် ပြည်ပမှ တင်သွင်းသည့် ဈေးများကွာဟမှုကြောင့်ဖြစ်ပါတယ်။ လက်ရှိသကြား နိုင်ငံတကာပေါက်ဈေးမှာတစ်တန်လျှင် အမေရိကန် ဒေါ်လာ ၄၅၀ ခန့်ရှိပြီး၊ တရုတ်ပြည်သူ့သမ္မတ နိုင်ငံ၏ သကြားထုတ်လုပ်မှု ကုန်ကျစရိတ် မှာ ထိုင်းနိုင်ငံထက်နှစ်ဆ၊ အိန္ဒိယနိုင်ငံထက် ၃၀ရာခိုင်နှုန်း ကြီးမားကြောင်း လေ့လာသိရှိရပါတယ်။ တရုတ်ပြည်သူ့ သမ္မတနိုင်ငံတွင် ပျမ်းမျှ ကြံသကြားတစ်တန် ထုတ်လုပ်မှုမှာ ယွမ် ၆၀၀၀ (အမေရိကန်ဒေါ်လာ ၉၅၂)မျှ ရှိပါတယ်။ သို့သော်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ပြည်တွင်းသကြားလုပ်ငန်းများကို အကာအကွယ်ပေးသည့်အနေဖြင့်ပြည်ပမှ သကြားတင်သွင်းမှုကို အဆင့်သုံးဆင့် ထားရှိဆောင်ရွက်ထားကာ၊ သကြားတင်သွင်းမှုကို အတားအဆီးများ ပြုလုပ်ထားရာတွင် ကိုတာသကြား (tariff rate quota) တင်သွင်းမှု၊ safeguard measure မထိသော်လည်း ကိုတာထက် ကျော်လွန်သည့် သကြားတင်သွင်းမှုနှင့် safeguard measure သက်ရောက် မှုခံရသည့် သကြားတင်သွင်းမှုဟူ၍ ရှိကြောင်း လေ့လာသိရှိရပါတယ်။မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းသကြားများကို တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ တင်ပို့ခွင့်ပြုရာတွင် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ၏စာရင်းအရ တရားဝင် တင်ပို့မှုသည် ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင်မက်ထရစ်တန် ၄၆၇၁ ရှိကြောင်း သိရှိရပါတယ်။ ထို့အပြင် မြန်မာ-တရုတ်နယ်စပ်ကုန်သွယ်မှုတွင် နယ်စပ်နေပြည်သူတစ်ဦးလျှင် တစ်နေ့ယွမ် ၈၀၀၀ ဖိုး သို့မဟုတ် သကြားကီလို ၅၀ ဝင်အိတ် ၄၀ အတိကို အကာက်ခွန်လွတ် ရောင်းဝယ်ခွင့်ပြုထားကြောင်း၊ ထို့အတွက်ကြောင့် မြန်မာနိုင်ငံက ကုန်သည်များသည်ပြည်ပမှသကြားများ တင်သွင်းပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံဘက် သို့ နယ်စပ်ကုန်သွယ်မှုအဖြစ် တင်သွင်းနေကြခြင်းဖြစ်ကြောင်း၊သကြားကို နယ်စပ်ကုန်သွယ်ရေး စနစ်အပြင် ကုန်ချင်း ဖလှယ်မှု စနစ် (Counter Trade System) ဖြင့် တင်ပို့နိုင်ရန်လည်း ညှိနှိုင်းလျက်ရှိပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံက တင်သွင်းသောသကြားများ၏ ၇၀ ရာခိုင်နှုန်းမှာ စက်မှုလုပ်ငန်းသုံးအတွက် ဖြစ် ကြောင်းလည်း လေ့လာသိရှိရပါတယ်။ တရုတ်ပြည်သူ့သမ္မတနိုင်ငံသည် ၎င်းင်း၏ပြည်တွင်း ထုတ်လုပ်သူများ၏ ကြံများကို အနည်းဆုံး ဈေးနှုန်း သတ်မှတ်၍ ဝယ်ယူရာတွင် ကြံတစ်တန်လျှင် ၄၅၀ ယွမ်မှ ၅၀၀ယွမ်အထိ ဈေးသတ်မှတ်ဝယ်ယူနေကြောင်း သိရပါတယ်။ ကြံကို ကွမ်းရှီးယူ၊ ယူနန်ပြည်နယ်နှင့် ဟိုင်နန် ပြည်နယ်များတွင် အများဆုံးစိုက်ပျိုးပြီး ကြံတစ်တန်ကို အနိမ့်ဆုံးဈေးယွမ် ၄၅၀ မှ ၅၀၀ ( မြန်မာကျပ် ၉၄၅၀၀ မှ ၁၀၅၀၀၀ကျပ်) ပေး၍ ဝယ်ယူလျက်ရှိကြောင်း၊ ဒါ့အပြင် ယူနန်ပြည်နယ်အနေဖြင့် မြန်မာနိုင်ငံနှင့်လာအိုနိုင်ငံများမှ ကြံများကို နယ်စပ်မှတစ်ဆင့် ဝယ်ယူလျက်ရှိ ရာ မြန်မာနိုင်ငံ၏ နယ်စပ်ဒေသများတွင်တိုးချဲ့ စိုက်ပျိုး ထုတ်လုပ်ထားသော ကြံများအား ဝယ်ယူခဲ့ပြီး မြန်မာနိုင်ငံဘက်က ဝယ်ယူမှုမှာ (၇၀ ရာခိုင်နှုန်း) ရှိ၍ လာအိုနိုင်ငံဘက်ကကြံ ဝယ်ယူမှုမှာ (၃၀ ရာခိုင်နှုန်း) ရှိကြောင်း ေ လ့လာသိရပါတယ်။ ယင်းကြံများအပေါ်ကိုတာ သတ်မှတ်မှုမရှိဘဲ အခွန်(၁၅၀ ရာခိုင်နှုန်း) ကောက်ခံကြောင်း၊ ၂၀၁၇ -၂၀၁၈ ဘဏ္ဍာနှစ်အတွင်း မြန်မာနိုင်ငံနယ်စပ်ဒေသမှ ထွက်ရှိသော ကြံများအား တရုတ်ပြည်သူ့သမ ္မတ နိုင်ငံ သို့နယ်စပ်မှ တင်ပို့ခဲ့ရာ ကြံတန်ချိန် ၂၄၈၃၃၂ တန်တင်ပို့နိုင်ခဲ့ပြီး တစ်တန်လျှင်ပျမ်းမျှ ၉၂၈၁၂ ကျပ်မျှ ရရှိခဲ့ကြောင်းသိရှိရပါတယ်။
           မြန်မာနိုင်ငံအနေဖြင့် ပြည်တွင်းကြံစိုက်ပျိုး ထုတ်လုပ်မှုမှာဧက ၄သိန်းကျော် စိုက်ပျိုးပြီး ကြံတန်ချိန် ၁၀ သန်းကျော် ထွက်ရှိကြောင်း သိရှိရပါတယ်။ ပြည်တွင်းရှိ သကြား စက်ရုံ ၂၂ ရုံမှ နှစ်စဉ်သကြားဖြူ၊ သကြားညိုတန်ချိန် ၂ဒသမ၄ သိန်းမှ ၃ သိန်းအထိထုတ်လုပ်နိုင်ကြောင်း သိရှိရပါတယ်။ နယ်စပ်ဒေသတွင် စိုက်ပျိုးသော ကြံဈေးမှာ တစ်တန်လျှင်ကျပ် ၈၀၀၀၀ မှ ၉၀၀၀၀ အထိရရှိသော်လည်း မြန်မာ နိုင်ငံအတွင်းပိုင်း ကြံစိုက်ပျိုးရာဒေသများတွင်တစ်တန်လျှင် ကျပ် ၃သောင်းခွဲမှ ၄ သောင်းခွဲအတွင်းသာ ရရှိကြောင်းတွေ့ရှိရပါတယ်။စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအနေဖြင့်ပြည်တွင်း သကြားထုတ်လုပ်မှု တိုးတက်စေရန် အတွက် လည်းပြည်တွင်းထုတ်လုပ်သည့် သကြားများကို ပြည်ပသို့တင်ပို့ခွင့်ပြုပေးလျက်ရှိပြီး ပြည်တွင်းထွက် သကြားများဘဏ္ဍာနှစ်အလိုက်ပြည်ပသို့ တင်ပို့နိုင်ခဲ့မှု အခြေအနေမှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။

 

တန်ဖိုးအမေရိကန်ဒေါ်လာသန်း

စဉ်        ဘဏ္ဍာနှစ်                                                  တန်ချိန်              တန်ဖိုး
(က)        ၂၀၁၆-၂၀၁၇                                          ၁၀၂၈၆၃          ၆၂ . ၈၈၇
(ခ)          ၂၀၁၇-၂၀၁၈                                           ၁၂၁၈၅           ၈ .၄၈၃
(ဂ)           ၂၀၁၈-၂၀၁၉ (၁၇ .၈ .၂၀၁၈)အထိ          ၁၄၇၉၄၁         ၉၆ .၇၅၃

 

Re-export သကြားနှင့် စက်သုံးဆီ ပိတ်ရသည့် အကြောင်းရင်း
            ၂၀၁၈ ခုနှစ် ဇူလိုင်နှင့် သြဂုတ်လအတွင်း ငွေကြေး လဲလှယ် နှုန်း မြင့်တက်မှုများကြောင့် သက်ဆိုင်ရာ ဝန်ကြီးဌာနများနှင့် မြန်မာနိုင်ငံတော် ဗဟိုဘဏ်တို့၏ အဆိုပြုချက်အရ  ငွေအထုတ် အသွင်း မြန်သောRe-export စနစ်ကို ရပ်ဆိုင်းပေးရန် ဆွေးနွေး ညှိနှိုင်းခဲ့ပါတယ်။ ဒါ့ အပြင်၂၀၁၈ ခုနှစ် သြဂုတ်လ ၁၆ ရက်နေ့ ည ၈ါ်၀၀ နာရီ သတင်းအပြီး မြန်မာ့အသံနှင့် ရုပ်မြင်သံကြားတွင် မြန်မာနိုင်ငံတော် ဗဟို ဘဏ်၊ ဒုတိယ ဥက္ကဋ္ဌမှ ငွေကြေးလဲလှ ယ်နှုန်း မြင့်တက်မှုအပေါ် ဆောင်ရွက်မည့် အစီအမံများ ရှင်းလင်းဖြေကြား ရာတွင် လတ်တလော အမေရိကန်ဒေါ်လာ အထုတ်၊ အသွင်း မြန် ဆန်နေသော ျွန-နထစသမအ စနစ်ဖြင့် တင်သွင်းခြင်းကိစ္စများ ရပ်ဆိုင်း ရန် ညှိနှိုင်း ထားပြီးဖြစ်ကြောင်း ဖြေကြားခဲ့တယ်လို့ လေ့လာသိရှိရပါတယ်။ သို့ဖြစ်၍ ပြည်တွင်း ကြံစိုက်ပျိုး ထုတ်လုပ်မှုနှင့် သကြားထုတ်လုပ်မှု တိုးတက်လာစေရန် အတွက်လည်းကောင်း၊ ငွေကြေး လဲလှယ် မှုနှုန်း တည်ငြိမ်စေရေးအ တွက် လည်းကောင်း၊ ပို့ကုန်တိုးမြှင့်ရေးကို အထောက်အကူ ပြုစေသည့် Re-export စနစ်ဖြင့် ပြည်ပမှ သကြား နှင့်စက်သုံးဆီ သွင်းကုန်လိုင်စင် ထုတ်ပေးမှုများအား ၂၀၁၈ ခုနှစ်၊ သြဂုတ် ၁၇ ရက်နေ့မှစ၍ ရပ်ဆိုင်းခဲ့ပါတယ်။ ယင်းသို့ ရပ်ဆိုင်းခြင်း မှာလည်း ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ (WTO) ၏ သတ်မှတ်ချက် များအရ အရေးပေါ်အခြေအနေတွင် ဆောင်ရွက်နိုင်သည့်အချက် အပေါ်မူတည်၍ ရပ်ဆိုင်းခဲ့ခြင်းဖြစ်ကြောင်းကို လေ့လာတွေ့ရှိ ရပါတယ်။

Re-export သကြားနှင့်စက်သုံးဆီ ပိတ်ပြီးနောက် နိုင်ငံခြား ငွေလဲနှုန်း အခြေအနေ
            မြန်မာနိုင်ငံ၌ အမေရိကန် ဒေါ်လာနှင့် ပြည်တွင်းငွေကြေး (ကျပ်)တို့ လဲလှယ်နှုန်း ပမာဏ မြင့်တက်ခဲ့မှုအား လေ့လာကြည့်ပါမူ မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သော ငွေလဲနှုန်းများအရ ၂၀၁၈ ခုနှစ် ဧပြီ၊ မေလ များတွင် ၁၃၄၀ -၁၃၅၅ ကျပ် ဝန်းကျင်ဖြင့် တဖြည်းဖြည်း  မြင့်တက်လာခဲ့ရာမှ ၂၀၁၈ ခုနှစ် ဇွန်လလယ်တွင် ၁၃၅၉ ကျပ်၊ ဇူလိုင်လအတွင်းတွင် ၁၃၉၈ ကျပ်မှ ၁၄၂၉ ကျပ်၊ သြဂုတ် ၁ ရက်နေ့မှ ၁၇ ရက်နေ့အတွင်းတွင် ၁၄၂၉ ကျပ် မှ ၁၄၉၈ ကျပ်အထိ မြင့်တက်ခဲ့ပါတယ်။ ျွန-နထစသမအ စနစ်ကို ရပ်ဆိုင်းလိုက်သည့် ၂၀၁၈ ခုနှစ် သြဂုတ် ၁၇ ရက်နေ့တွင် ဖြစ်ပေါ်ခဲ့သော ငွေလဲနှုန်းသည် မြန်မာ နိုင်ငံတော် ဗဟိုဘဏ်မှ ထုတ်ပြန်သော နှုန်းထားအရ ၁၄၉၈ ကျပ်ဖြစ်ပြီး၊ သြဂုတ် ၂၁ ရက်မှ ၂၃ ရက်ထိ ၃ ရက်တာကာလတွင် ၁၄၉၅ ကျပ် ဖြင့် အနည်း ငယ် ပြန်ကျလာခဲ့ပါတယ်။ ၎င်းင်းနောက် သြဂုတ်လ ၂၄ ရက်နေ့မှစ၍ ၁၄၉၉ ကျပ်သို့ ပြန်လည်မြင့်တက်ခဲ့ကာ၊ သြဂုတ်လ ၃၀ ရက်နေ့တွင် ၁၅၁၅ ကျပ်အထိလည်းကောင်း ဆက်တိုက် မြင့်တက်ခဲ့ပြီး၊ လက်ရှိ သြဂုတ် ၃၁ ရက်နေ့တွင်တော့ ၁၅၁၂ ကျပ် ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ သို့ဖြစ်၍ (Re-export) စနစ် ဖြင့် သကြား တင်သွင်းမှုကို လတ် တလော ရပ်ဆိုင်းခဲ့သော်လည်း ဒေါ်လာဈေးမှာ သိသိသာသာ လျော့ကျလာခြင်းမရှိဘဲ  ထပ်မံ၍ မြင့်တက်လျက်ရှိသည်ကိုပင် လေ့လာတွေ့ရှိရပါတယ်။ အများအမြင်ဖြစ်သော Re-export လုပ်ငန်းကြောင့် ငွေလဲ လှယ်နှုန်း မြင့် တက်သည် ဆိုသည်မှာလည်း အမှန်တကယ် တိုက်ရိုက်သက်ဆိုင်ခြင်း ရှိ/မရှိကို လက်ရှိတွင် Re-export စတင် ရပ်ဆိုင်းချိန်မှ လက်ရှိကာလအထိ နှစ်ပတ်ကျော်ကာလအတွင်း ဈေးမကျသည့်အပြင် ဆက်လက် တိုးမြင့်နေေ သာ ငွေလဲနှုန်းက သက်သေထူလျက်ရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ နိုင်ငံခြားငွေ ရောင်းဝယ်ရာမှာ အရင်က ဗဟိုဘဏ်ရဲ့ ရည်ညွှန်း ငွေလဲနှုန်း သုညဒသမ၈ ရာခိုင်နှုန်းအတွင်း အတိုး/အလျော့ လုပ်နိုင်တယ်လို့ သတ် မှတ်ထားတာကို ပယ်ဖျက်လိုက်ပြီးနောက် ဒေါ်လာငွေလဲလှယ်နှုန်းဟာ ပြင်ပပေါက်ဈေးအရ  ၁၅၇၀ ကျပ် ဝန်းကျင်အထိ မြင့်တက်ခဲ့တာကိုလည်း တိုက်တိုက်ဆိုင်ဆိုင် လေ့လာတွေ့ရှိရ ပါတယ်။ ဒီငွေလဲလှယ်နှုန်း မြင့်တက်ရခြင်း ဟာ ကမ္ဘာ့နိုင်ငံရေး၊ စီးပွားရေးများအပါအဝင် အခြေအနေအကြောင်းအရာ များစွာ ပေါ် မူတည်လျက်ရှိကြောင်းကိုလည်း အားလုံးက လက်ခံပြီး ဖြစ်ပါ တယ်။
        လက်ရှိ ဈေးကွက်အတွင်း ဖြစ်ပေါ်နေသောဂယက်များ အနေ ဖြင့်လည်း Re-export သကြားတင်သွင်းတင်ပို့ခွင့် ရပ်ဆိုင်း လိုက်ခြင်းကြောင့် ကုန်သည်များ နစ်နာရသည်ဆိုသည်နှင့် ပတ် သက်၍မူ ပြည်ပမှ ကုန်ပစ္စ ည်းများ တင်သွင်းရာ၌ သွင်းကုန်လိုင်စင် ရရှိပြီးမှ ကုန်ပစ္စည်းများ မှာယူတင်သွင်းရမည် ဖြစ်သော်လည်း အချို့သော ကုမ္ပဏီလုပ်ငန်းရှင်များအနေဖြင့် လုပ်ထုံးလုပ်နည်း များနှင့် ကိုက်ညီမှု မရှိဘဲ သွင်းကုန်လိုင်စင် မရရှိမီ ကုန်ပစ္စ ည်းများ ကြိုတင်ဝယ်ယူပြီး သင်္ဘောတင်သွင်းလာခြင်းများကြောင့် ဖြစ်ကြောင်း လေ့လာတွေ့ ရှိရပါတယ်။ နိဂုံးချုပ်အားဖြင့် ဆိုရသော် Re-export စနစ်ဖြင့်သကြား တင်သွင်း / တင်ပို့မှုအား ရပ်ဆိုင်းခဲ့တဲ့အတွက်ကြောင့် နိုင်ငံေ တာ်အတွက်  သတ်မှတ်အခွန်အခများ နစ်နာတဲ့အပြင်၊ ကုန်သွယ်မှု ပမာဏဟာလည်း  လျော့ကျသွားနိုင်မှာဖြစ်ပါတယ်။   ဒါ့အပြင် ဒီလုပ်ငန်း ရပ်ဆိုင်းသွားတဲ့အတွက်ကြောင့်ကုန်သည် လုပ်ငန်းရှင် များ၊ လုပ်ငန်း ကိုယ်စားလှယ် များ၊  ဝန်ဆောင်မှု ဆောင်ရွက်ပေး သူများ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်း   ဆောင်ရွက်သူများ၊ ယာဉ် မောင်း၊ ယာဉ်နောက်လိုက်၊  ယာဉ်ပိုင်ရှင်များ၊ ကုန်တင်/ကုန်ချ အလုပ်သမားများ စသည့် ှကစစူပ ဃ့ငေည တစ်လျှောက်မှာ ပါဝင်နေ သူများအတွက်လည်း  အလုပ်အကိုင် အခွင့်အလမ်းများအပေါ် အတိုင်းအတာတစ်ခုအထိ သက်ရောက်မှုရှိမှာ ဖြစ်ပါတယ်။
            ဈေးကွက်ရှိနေပြီဖြစ်သော တရုတ်နိုင်ငံ၏ သကြားဈေးကွက် ကို ဝင်ရောက်နိုင်ရန်အတွက် နိုင်ငံတကာအဆင့်မီ သကြားထုတ် လုပ်သော စက်ရုံများ ရင်းနှီးမြှုပ်နှံ ထူထောင်ခြင်း၊ ပြည်တွင်းကြံ စိုက်ပျိုးထုတ်လုပ်မှု မြင့်မား တိုးတက်အောင် ဆောင်ရွက်ပေးခြင်း၊ ယင်းသို့ ဆောင်ရွက်ရာတွင်လည်း သီးနှံမျိုးအပါအဝင် ထုတ်လုပ်မှု ကုန်ကျ စရိတ် လျော့နည်းသက်သာအောင် ဆောင်ရွက်ပေးခြင်းတို့ ကို သက်ဆိုင်ရာဝန်ကြီးဌာနများ၊ အသင်းအဖွဲ့များမှ စနစ်တကျ စီမံဆောင်ရွက်ပေးရန် လိုအပ်ပါတယ်။ ယင်းသို့ဆောင်ရွက်ပေးခြင်း ဖြင့် ပြည်ပမှ တစ်ဆင့် ပြန်လည်တင်ပို့သည့် သကြား Re-export စနစ်အား အစားထိုးနိုင်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် ပြည်တွင်း စက်မှုလုပ်ငန်းများ အတွက် အဆင့်မီသကြားများ ထုတ်လုပ်နိုင်ခြင်း မရှိသော ပြည်တွင်းထုတ် သကြားများအစား ပြည်ပမှတင်သွင်း နေရမှုများလည်း လျော့နည်းသွားမှာ ဖြစ်ပါတယ်။ ပြည်ပမှတင်သွင်း ရသည့် သကြားဈေးနှုန်းထက် ပိုမိုမြင့်မားေ နသော ပြည်တွင်းထုတ် ဈေးကွက်ကိုလည်း စားသုံးသူ အကျိုးအတွက် လျှော့ချဆောင်ရွက် ပေးရန် လိုအပ်မှာဖြစ်ပါတယ်။ သို့ဖြစ်ပါ၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ဌာနအနေဖြင့် ကုန်သွယ်မှု တိုးမြှင့်ရေးအတွ က် ဈေးကွက်ရှာဖွေ ချိတ်ဆက်ခြင်း၊ မိမိနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်ထွက်ရှိတဲ့ ကုန်ပစ္စည်း များကို နိုင်ငံတကာစံချိန်စံညွှန်း အရည်အသွေးများနဲ့ ကိုက်ညီတဲ့ ပစ္စည်းများ ဖြစ်စေရေး တွန်းအားပေး ဆောင်ရွက်ခြင်း၊ ကုန်သွယ် ဖက်နိုင်ငံများနှင့် ပေါင်းစပ်ညှိနှိုင်းခြင်း (Trade Negotiation) နှင့် ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးအတွက် စီမံချက်များချမှတ် ဆောင်ရွက်လျက် ရှိပါကြောင်း တင်ပြလိုက်ရပါတယ်။
 

 

Reference: www.cbm.gov.mm , www.isosugar.org ,
Sugar:World Market & Trade Report(USDA_May/2018)