Main menu

Background

မြန်မာ-ထိုင်း ကုန်သွယ်မှု ပိုမိုဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများဖြင့် မဟာဗျူဟာကျစွာ တည်ရှိနေသော မြဝတီကုန်သွယ်ရေးဇုန်

Wed, 11/28/2018 - 11:25 -- journal_editor

                နိုင်ငံတစ်နိုင်ငံ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုတွင် ကုန်သွယ်မှုသည်ယာဉ်တစ်စီးကို မောင်းနှင်သည့် အင်ဂျင်သဖွယ်အဓိကအရေး ပါသောအခန်းကဏ္ဍမှပါဝင်လျက်ရှိပါတယ်။ မြဝတီကုန်သွယ်ရေးဇုန်သည် မြန်မာနိုင် ငံ တွင်ဒုတိယ အကြီးဆုံးကုန်သွယ်ရေး ဇုန်ကြီး ဖြစ်ပြီး မြန်မာ-ထိုင်းနယ်စပ်ကုန်သွယ်မှုလုပ်ငန်းများ ဆောင်ရွက်ရာ ကုန်သွယ်ရေးစခန်းများအနက်  အရေးပါသော  ကုန်သွယ်ရေးဇုန် တစ်ခုလည်းဖြစ်တဲ့အပြင် တည်နေရာ အနေ အထားအရ ဗီယက်နမ် နိုင်ငံ ဒါနန်းမြို့မှ  မြန်မာနိုင်ငံ  မော်လမြိုင်မြို့သို့  ဆက်သွယ်နိုင် သော အရှေ့-အနောက် စီးပွားရေးစြင်္ကံလမ်း (East West Economic Corridor) ပေါ်တွင် မဟာဗျူဟာကျစွာ တည်ရှိလျက်ရှိပါတယ်။ ''ကုန်သွယ်မှုလုပ်ငန်းများဖြင့် အမျိုးသားစီးပွားရေးဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရန်''ဟူသော စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ မျှော်မှန်းချက်ကို ပြည့်မြောက် စေရေးအတွက် ဝန်ကြီးဌာနမှ ချမှ တ်ပေး ထား သည့် ကုန်သွယ်ေ ရး ဦးစီးဌာန၏  ရည်ရွယ်ချက်(၅)ရပ်ဖြစ်သော ကုန်သွယ်မှုဆိုင်ရာ  သဘောတူညီချက်များနှင့် လိုက်လျောညီထွေရှိမည့် ကုန်သွယ်ရေး မူဝါဒများချမှတ်ဆောင်ရွက်ရန်၊ ကုန်သွယ်ရေးမူဝါဒနှင့်အညီ ကုန် သွယ်မှုလုပ်ငန်း များ ကို ပိုမိုတိုးတက်လာစေရန်၊ ပင်လယ်ရေကြောင်း ကုန်သွယ်မှုသာမက နယ်စပ်ဖြတ်ကျော်ကုန်သွယ်မှု အခွင့်အလမ်း များပါ တိုးတက်လာစေရန်၊ ယှဉ်ပြိုင်နိုင်စွမ်းရှိသော ကုန်သွယ်မှုပတ် ဝန်းကျင်ကောင်း များဖြစ်ပေါ် လာစေေ ရး ပံ့ပိုးကူညီဆောင်ရွက်ပေး ရန်နှင့် ကုန်သွယ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရေးအတွက် ကုန်သွယ်မှုဆိုင်ရာ အကူအညီများရယူရန်နှင့် ခေတ်မီသတင်းအချက် အလက်များ ဆက်သွယ်ရေးနည်းပညာ (ICT) ကျယ်ကျယ်ြ ပန့်ပြန့် အသုံးပြုသွားရန် စသည့် ရည်ရွယ်ချက်ကောင်းများနှင့်အညီ မြန်မာ- ထိုင်း နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်မှုတိုးမြင့်စေရေးအတွက် မြဝတီကုန် သွယ်ရေးဇုန်မှ အစဉ်တစိုက် ကြိုးပမ်းအကောင် အထည်ေ ဖာ်ဆောင်ရွက်လျက် ရှိပါတယ်။မြဝတီကုန်သွယ်ရေးဇုန်ဖြစ်ပေါ်လာသည့် သမိုင်းကြောင်းအား ပြန်ပြောင်းကြည့်ပါလျှင် မြန်မာ-ထိုင်း နယ်စပ်ကုန်သွယ်ရေးအား ၁၉၉၁ ခုနှစ်၊ ဒီဇင်ဘာလတွင် မြန်မာ့ထုတ်ကုန်၊  သွင်းကုန်လုပ်ငန်း မှ စတင်တာဝန် ယူေ ဆာင် ရွက်ခဲ့ပါတယ်။၁၉၉၆ ခုနှစ်၊ မတ်လ ၁၉ ရက် မှာ တရားဝင်နယ်စပ်ကုန်သွယ်ရေးကိုနှစ်နိုင်ငံဝန်ကြီးများလက်မှတ် ရေးထိုးဖွင့်လှစ်ခဲ့ပြီး မြဝတီနယ်စပ်ကုန်သွယ်ရေး  ညွှန်ကြားရေးမှူး ရုံးကို ၁၉၉၆ ခုနှစ်၊ဩဂုတ်လ ၄ ရက် တွင် တရားဝင်ဖွင့်လှစ်ခဲ့ပါတယ်။ အဲဒီနောက် ၂၀ဝ၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၂ ရက်တွင် ကုန်ပစ္စည်းစစ် ဆေးမှုအား  နယ်စပ်ဒေသ  လူဝင်မှုကြီးကြပ်ကွပ်ကဲရေးတပ်ခွဲမှ တာဝန်ယူခဲ့ပါတယ်။ ၂၀ဝ၅ ခုနှစ်၊ ဇန်နဝါရီ ၂၈ ရက်တွင် နယ်စပ် ဒေသ လူဝင်မှုကြီးကြပ်ကွပ်ကဲရေးတပ်ခွဲမှ  တာဝန်ယူခဲ့မှုအား ရုပ် သိမ်းခဲ့ပြီး ကုန်သွယ်မှုမူဝါဒကောင်စီ၏ လမ်းညွှန်ချက်အရ နယ်စပ် ကုန်သွယ်ရေးဦးစီးဌာနမှ အဖွဲ့ခေါင်းဆောင်၊ အကောက်ခွန်ဦးစီးဌာန၊ လူဝင်မှုကြီးြ ကပ်ရေးနှင့်အမျိုးသားမှတ်ပုံတင်ရေးဦးစီးဌာန၊ ပြည် တွင်းအခွန်များဦးစီးဌာန၊   မြန်မာ့စီးပွားရေးဘဏ်နှင့် မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့မှ အဖွဲ့ဝင်အဖြစ်ပါဝင်သည့်  (One Stop Services) အဖွဲ့ ဖြင့် ပြောင်းလဲတာဝန်ယူခဲ့ကြောင်း လေ့လာသိရှိရပါတယ်။
       ထို့နောက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်  အစိုးရ၏ ၂၀ဝ၅ ခုနှစ်၊ မတ်လ ၇ ရက်၊ အမိန့်ကြော်ငြာစာအမှတ် (၅/၂၀ဝ၅) ဖြင့် မြန်မာ-ထိုင်း နှစ်နိုင်ငံနယ်စပ်ကုန်သွယ်ရေးလုပ်ငန်းများ   ပိုမို တိုးမြှင့်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ မြဝတီကုန်သွယ်ရေးဇုန်တည် ဆောက်ရေးလုပ်ငန်းကော်မတီကို စီးပွားရေးနှင့်  ကူးသန်းရောင်း ဝယ်ရေးဝန်ကြီးဌာန၊  ဒုတိယဝန်ကြီး  ဥက္ကဋ္ဌအဖြစ် ပါဝင်သောအဖွဲ့ ဖွဲ့စည်း၍ ၂၀ဝ၆ ခုနှစ်၊ အောက်တိုဘာလ ၁ ရက်မှစတင်ပြီး မြဝတီ ကုန်သွယ်ရေးဇုန်ကို တည်ဆောက်ခဲ့ပါတယ်။ ၂၀ဝ၉ ခုနှစ်၊ စက်တင်ဘာလ ၁ ရက်တွင် ကုန်သွယ်ရေးဇုန်ရှိ ပို့ကုန်/သွင်းကုန်ရုံးနှင့် ယာဉ် စစ်ကွင်းများတည်ဆောက် ပြီးစီးခဲ့ပြီး မြဝတီနယ်စပ် ကုန်သွယ်ရေး ရုံး (ယာဉ်စစ်ကွင်းအဟောင်း) မှ မြဝတီ  ကုန်သွယ်ရေးဇုန်သို့ပြောင်း ရွှေ့၍ ပို့ကုန်/သွင်းကုန်လုပ်ငန်းများ  စတင်ဆောင်ရွက်ခဲ့ကြောင်း လေ့လာသိရှိရပါတယ်။
    ထို့နောက်တွင်တော့   ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၉ ရက်မှာ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးဆောင်ကျင်းပသည့် (One Stop Services) အဖွဲ့ဝင် ဌာန များ၏ ညွှန်ကြားရေးမှူးချုပ် အဆင့် လုပ်ငန်းညှိနှိုင်းအစည်းအဝေးမှ (One Stop Services) အဖွဲ့တွင် နယ်စပ်ကုန်သွယ်ရေးဦးစီးဌာနမှ ခေါင်းဆောင်အဖြစ် တာဝန်ယူဆောင်ရွက်ခြင်း   မပြုတော့ဘဲ သက် ဆိုင်ရာ (One Stop Services) အဖွဲ့ဝင်ဌာန အ လိုက် ဥပဒေလုပ်ထုံး လုပ်နည်းများကို ကျင့်သုံးကာ မိမိဌာန၏အဓိကလုပ်ငန်းတာဝန်များ ကို ကိုယ်စီတာဝန်ယူဆောင်ရွက်သွားရန် ညှိနှိုင်းဆုံးဖြတ်ချက်အရ ၂၀၁၂ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်မှစ၍ လိုက်နာကျင့်သုံးဆောင် ရွက် ခဲ့တယ် လို့ လေ့လာသိရှိရပါတယ်။၂၀၁၃ ခုနှစ်၊ အောက်တိုဘာလ ၉ ရက်တွင် နိုင်ငံတော်မှ နယ်စပ်ဒေသအသီးသီးရှိ ကုန်သွယ်ရေး စခန်းများရှိ ဥှ အဖွဲ့များ၌ ကုန်သွယ်ရေးဦးစီးဌာနက အုပ်ချုပ်မှု ခေါင်းဆောင် အဖြစ်ဆောင် ရွက် ရန်တာဝန်ပေးအပ်ခဲ့မှုအရ မြဝတီ ကုန်သွယ်ရေးဇုန်၏ အုပ်ချုပ်မှုကိစ္စရပ်များအား ကုန်သွယ်ရေးဦးစီး ဌာနမှ တာဝန်ယူဆောင်ရွက်လျက်ရှိပါတယ်။
    မြဝတီကုန်သွယ်ရေးဇုန်ရဲ့ မြန်မာ-ထိုင်း နှစ်အလိုက် နယ်စပ် ကုန်သွယ်မှုအခြေအနေအနေဖြင့် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်တွင် ကုန်သွယ်မှုပမာဏ စုစုပေါင်း အမေရိကန်ဒေါ်လာ ၄၃ ဒသမ ဝ၀၈ သန်းသာ ရှိခဲ့ရာမှ ၂၀၁၃ -၂ ၀၁၄ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၂၇၁ ဒသမ ၅၀၁ သန်း၊ ၂၀၁၄ -၂၀၁၅ ဘဏ္ဍာနှစ်တွင် အမေရိကန် ဒေါ်လာ ၄၅၆ ဒသမ ၉၀၂ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ ၇၂၆ ဒသမ ၁၁၂ သန်း၊ ၂၀ ၁၆-၂၀၁၇ ဘဏ္ဍာ နှစ်တွင် အမေရိကန်ဒေါ်လာ ၉၃၁ ဒသမ ၇၂၀ သန်း၊ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် အမေရိကန်ဒေါ်လာ  ၉၄၂ ဒသမ ၂၈၁ သန်းဖြင့် တစ်နှစ်ထက်တစ်နှစ်ကုန်သွယ်မှုပမာဏ တိုးတက်လာခဲ့တာကို တွေ့ ရှိရပါတယ်။  ၂၀၁၈ ခုနှစ် Mini Budget  ဖြစ်သော (ဧပြီလ မှ စက်တင်ဘာလအထိ)တွင် ပို့ကုန်အမေရိကန်ဒေါ်လာ ၄၁ ဒသမ ၅၇၀ သန်း၊ သွင်းကုန်အမေရိကန်ဒေါ်လာ ၃၇၉ ဒသမ ၁၄၄ သန်း၊ ကုန်သွယ်မှုပမာဏ အမေရိက န်ေ ဒါ်လာ ၄၂၀ ဒသမ ၇၁၄ သန်း ဆောင်ရွက်နိုင် ခဲ့သည့်အတွက် လျာထားချက်အပေါ်တွင် ၁၀၂ ဒသမ ၆၁ ရာခိုင်နှုန်းဖြင့် လျာထားချက်အပေါ် ပြည့်မီရုံ မျှမက ကျော်လွန်အောင် ဆောင်ရွက်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ၂၀၁၈ ခုနှစ် Mini Budget အတွင်းတွင် အမယ် သစ် ပို့ကုန်အနေဖြင့် ကင်ပွန်းသီးခြောက်၊ ကျွဲအရှင်နှင့် ဆီမီးတောက်ပန်းတို့ကိုလည်း တိုးချဲ့တင်ပို့ ဆောင်ရွက်နိုင်ခဲ့ပါတယ်။
     လက်ရှိကာလဖြစ်သော၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်အသစ်၏ ပထမဆုံးလဖြစ်သည့် အောက်တို ဘာလ၏ ကုန်သွယ်မှုအနေဖြင့် ပို့ကုန်အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၈၆ သန်း၊ သွင်းကုန် အမေရိကန် ဒေါ်လာ ၅၈ ဒသမ ၁၄၆ သန်း၊ စုစုပေါင်းကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ၆၇ ဒသမ ၁၃၂ သန်း ဆောင်ရွက်နိုင်ခဲ့သည့်အတွက် လျာထားချက်အပေါ်တွင် ၉၃ ဒသမ၂၄  ရာခိုင်နှုန်း ဆောင်ရွက်နိုင်ခဲ့ပြီး ဖြစ်ကာ  ယခင်နှစ်ကာလတူထက် ကုန်သွယ်မှု ပမာဏတန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ၂၅၂ သန်း ခန့်ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
       ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ် အောက်တိုဘာလအတွင်း အဓိကတင်ပို့နိုင်ခဲ့တဲ့ ပစ္စည်းများကတော့ ချုပ်ပြီးအထည်၊ မြေပဲဆန်၊ ငါးမျိုးစုံ၊ ပဲတီစိမ်း၊ ဝဥခြောက်(အမှုန့်)၊ ကဏန်း၊ ငရုတ်သီးခြောက်၊ ငါးပိ၊ သီဟိုဠ်စေ့၊ ပုစွန်၊ သတ္တုနှင့် သတ္တုရိုင်းများ၊ သားရေစိမ်းနှင့် သားရေချော၊ နှမ်း(ညို)၊ မတ်ပဲ ၊ မန်ကျည်းသီး (အစေ့ပါ) တို့ဖြစ်ပါ တယ်။ ဒါ့အပြင် အမယ်သစ်ပို့ကုန်အနေဖြင့် မက္ကဒေးမီးယား (Macadamia)   အား သုံးတန်တင်ပို့နိုင်ခဲ့ပြီးဖြစ်ပါတယ်။ အဆိုပါ ပစ္စည်းသည် လိုင်စင်လျှောက်ထားရန်မလိုသည့် ပို့ကုန်အမယ် သစ် တစ်မယ်လည်းဖြစ်ပြီး ထိုင်းနိုင်ငံဘက်မှကုန်စည်လိုအပ်ချက်အရ ဆက်လက်တင်ပို့နိုင်လျက်ရှိပါတယ်။အဓိကတင်သွင်းခဲ့သော ပစ္စည်းများကတော့ မော်တော် ဆိုင်ကယ်နှင့် အပိုပစ္စည်း၊ အဖျော်ယမကာ မျိုးစုံ၊ တွင်းထွက်သတ္တုမှအပ(ဆောက်လုပ်ရေးပစ္စည်းများ)များ ၊ မော်တော်ယာဉ်နှင့် အပိုပစ္စည်း များ၊ အလှကုန်ပစ္စည်းမျိုးစုံ၊ ရေနံထွက်ပစ္စည်းများ၊ ဓာတ်မြေဩဇာများ၊ ချည်ထည်များ၊ ချုပ်ပြီးအဝတ် အထည် များ၊ စက်နှင့် စက်ပစ္စည်းများ၊ ဆေးဝါးပစ္စည်းများ၊ ဝါယာကြိုးများ၊ ဆပ်ပြာ၊ အခြားစက္ကူများ၊ ရုပ်မြင် သံကြားစက်များဖြစ်ပါတယ်။ ၂၀၁၈ အောက်တို ဘာလအတွင်းမှာ မြန်မာတို့ရဲ့အထွတ်အမြတ်ထားရာ သီတင်းကျွတ်ပွဲတော်ရှိသည့်အတွက် ကုန်သွယ်မှုပြုသည့် ယာဉ်အစီးရေ အနည်းငယ်လျော့နည်းခြင်း၊ ဂျိုင်း (ပွန်တွန်းတံတား)၏ ခံနိုင်ဝန်ကြောင့် တန်ချိန်ကန့်သတ်သည့် ကိစ္စများရှိခဲ့ခြင်းကလည်း ကုန်သွယ်မှု တွင် လျာထားချက်ထက် အနည်းငယ်လျော့ကျခဲ့သော်လည်း ကာလတူထက်မူ ကုန်သွယ်မှုပမာဏ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒသမ ၂၅၂ သန်း ပိုမိုဆောင်ရွက်နိုင်ခဲ့ပါတယ်။
      မြဝတီကုန်သွယ်ရေးဇုန်၌ အကောက်ခွန်ရှင်းလင်းရေး လုပ်ငန်းစဉ်များအားMACCS စနစ်ဖြင့် ဆောင်ရွက်ခြင်းကို ၂၀၁၈ ခုနှစ် ဇွန်လမှ  စတင်ဆောင်ရွက်ခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန၏BTOS နှင့်IELPS စနစ်မှ လိုင်စင် Data  များအား အကောက်ခွန်ဦးစီးဌာန၏MACCS   စနစ်သို့ EDI Format ဖြင့်Online Data  ပေးပို့ခြင်းကို ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁ ရက်မှစတင်ဆောင်ရွက်နိုင်ခဲ့ပါတယ်။ထို့နောက် ကုန်သွယ်ရေး ဦးစီးဌာနမှIndividual Trading Card (ITC)  ဖြင့် ထုတ်ပေးသည့်လိုင်စင်Data  များကိုပါ  EDI Format ဖြင့်MACCSစနစ်သို့  ပေးပို့ခြင်းကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်မှစတင် ဆောင်ရွက်နိုင်လျက်ရှိကြောင်းနှင့် ကုန်သည်လုပ်ငန်းရှင်များမှ နိုင်ငံတော်သို့ ပေးသွင်းရမည့် ငွေကြေး များကိုလည်း ကုန်သွယ်ရေးဦးစီးဌာနထံမှတစ်ဆင့် ငွေသားကိုင်ဆောင်ရန်မလိုဘဲ MPU   စနစ်ဖြင့် POS Device   များမှတစ်ဆင့်  Online  ဖြင့် မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နို င်လျ က်ရှိပါတယ်။
     ကုန်သွယ်မှုမြှင့်တင်ရေးအတွက် ကုန်သွယ်မှုမြှင့်တင်ရေး အစည်းအဝေးအခမ်းအနားများကိုလည်း ကုန်သွယ်ရေးဦးစီးဌာန မှကြီးမှူး၍ One Stop Services (OSS)  အဖွဲ့ဝင်ဌာနများ၊ ဆက်စပ်မိတ်ဖက်ဌာန များ၊ မြဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြဝတီနယ်စပ်ကုန်သည်ကြီးများအသင်း၊ ကုမ္ပဏီများ၊ လုပ်ငန်းရှင်/ကိုယ်စားလှယ်များဖြင့် လစဉ်ကျင်းပပြုလုပ်ကာ ကုန်သွယ်မှုတိုးမြင့်စေရေး၊ ကုန်သွယ်မှုလွယ် ကူလျင်မြန်ချောမွေ့ေ စရေးကိစ္စ များကို ရင်းနှီးပွင့်လင်းစွာညှိနှိုင်းဆွေးနွေး၍ ဆောင်ရွက်လျက်ရှိပါတယ်။ ကုန်သွယ်မှုလုပ်ငန်းစဉ်များ ကုန်စည်စီးဆင်းမှုများတွင် ကြန့်ကြာမှုများ၊ အဟန့်အတားများ၊Overlap Procedure များကို ဖော်ထုတ်နိုင်ရေးအတွကTime Release Study  အား ဒုတိယအကြိမ်စစ်တမ်းကောက် ယူရေးဆောင်ရွက်နိုင်ရေးအတွက် ရှင်းလင်းပြောကြားသည့် အခမ်းအနားအား အာရှဖွံ့ဖြိုးရေးဘဏ(ADB) , JICA  တို့၏ အကူအညီဖြင့် အကောက်ခွန်ဦးစီးဌာနမှဦးစီး၍ ၂၀၁၈ ခုနှစ် အောက်တိုဘာလ ၁၈ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန်၌ကျင်းပခဲ့ပြီး ကုန်သွယ်ရေးဦးစီးဌာန  အပါအဝင် ဥှ အဖွဲ့ဝင် ဌာနများနှင့် ကုန်သည်လုပ်ငန်းရှင်များ စုံညီစွာ တက်ရောက်ခဲ့ကြကြောင်းလည်း သိရှိရပါတယ်။
ထို့အပြင် မြန်မာ-ထိုင်းနှစ်နိုင်ငံအကြား ကုန်းလမ်းကုန်စည်သယ်ယူပို့ဆောင်ရေးဆိုင်ရာ လုပ်ငန်း ရပ်များ ပူးပေါင်းဆောင်ရွက် ရေးအတွက် ညှိနှိုင်းအစည်းအဝေးအခမ်းအနား(Enhancing Road Freight Transport Cooper ation Meeting between Myanmar and Thailand)  ကို ၂၀၁၈ ခုနှစ် နိုဝင်ဘာလ ၁ ရက်တွင် မြဝတီကုန်သွယ်ရေးဇုန် အစည်းအဝေးခန်းမ၌ မြန်မာစံတော်ချိန် နေ့လယ် ၂ါ်၃၀ နာရီမှ ၄ါ်၃၀ နာရီအထိ လက်ခံကျင်း ပခဲ့ပြီး နှစ်နိုင်ငံ တာဝန် ရှိသူများ  တက်ရောက်ခဲ့ကြကြောင်း၊ အစည်းအဝေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားချစ်ကြည်ရေးတိုးပွားကာ၊GMS-CBTAအဖွဲ့ဝင် နှစ်နိုင်ငံအကြား နယ်စပ် ဖြတ်ကျော် ကုန်စည်သယ်ယူပို့ဆောင်ရေး ဆိုင်ရာ ကိစ္စရပ်များ အကျိုးဖြစ်ထွန်းစေရေးနှင့် ပတ်သက်၍  နှစ်နိုင်ငံတာဝန်ရှိသူများမှ ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြ ကာ အစည်းအဝေးသို့ တက်ရောက်လာသော မြန်မာနိုင်ငံဘက်မှ မြဝတီနယ်စပ်ဒေသ  သယ်ယူပို့ဆောင်ရေးနှင့် ဝန်ဆောင်မှုလုပ်ငန်းရှင်များအသင်း ၏ တာဝန်ရှိသူများမှ မြန်မာ-ထိုင်း နှစ်နိုင်ငံအကြားInitial Implementation on Cross Border Transport Agreement (IICBTA) ကို အကောင်အထည်ဖော်သည့်အချိန်တွင် လုပ်ငန်းေ ဆာင်ရွက်သူများအနေဖြင့် တွေ့ကြုံရနိုင်သည့်  အခက်အခဲများ၊ စိန်ခေါ်မှုများအား ကြိုတင်စဉ်းစားဖြေရှင်းဆောင်ရွက်နိုင်ရေး အတွက် အပြုသဘောအကြံပြုချက်များကိုလည်း ရင်းနှီးပွင့်လင်းစွာ တင်ပြဆွေးနွေးခဲ့ကြကြောင်း သိရှိရ ပါတယ်။
     အဆိုပါ  IICBTA လက်မှတ်ရေးထိုးပြီးပါက ထိုင်းနိုင်ငံဘက်မှ ယာဉ်အစီး ၁၀ဝ နှင့် မြန်မာဘက်မှ ယာဉ်အစီး ၁၀ဝ အား ပထမအဆင့်အနေဖြင့် မြန်မာဘက်သို့မော်လမြိုင်မြို့ထိလည်းကောင်း၊ ဒုတိယ အဆင့်အနေဖြင့် ရန်ကုန် - သီလဝါထိလည်းကောင်း သွားခွင့် ရပြီး မိမိမြန်မာကားများမှာလည်း ပထမ အဆင့်တွင် ထိုင်းနိုင်ငံ ကောင်းကန်ထိ လည်းကောင်း၊ ဒုတိယအဆင့်အနေဖြင့် လာအိုနယ်စပ်နှင့် ကီလို ၁၀ဝ ခန့်သာကွာဝေးသည့် မုဒဟန်မြို့ သို့လည်းကောင်း သွားရောက်ခွင့်ရမည်ဖြစ်ကြောင်းကိုလည်း လေ့လာသိရှိရပါတယ်။
   ထိုင်းနိုင်ငံရဲ့ နယ်စပ်ကုန်သွယ်မှုအနေအထားကို  လေ့လာကြည့်ပါလျှင် ၂၀၁၇ ခုနှစ်တွင် ထိုင်း နိုင်ငံမှ ဗီယက်နမ်နိုင်ငံသို့ တင်ပို့သည့် မန-နထစသမအ ကုန်စည်များ အပါအဝင် ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ နှင့် မလေးရှားနို င်ငံများနှင့် နယ်စပ်ကုန်သွယ်မှုပမာဏသည် ထိုင်းဘတ် ၁ ဒသမ ၃ ထရီလီယံသို့ ရောက် ရှိခဲ့ပြီး ယခု ၂၀၁၈ ခုနှစ် တွင်နယ်စပ်ကုန်သွယ်မှုပမာဏသည်နောက်ထပ် ၁၀ ရာခိုင်နှုန်းမှ ၁၄ ရာခိုင်နှုန်း ထိ ထပ်မံတိုး တက်နိုင်လိမ့် မည်ဟု ထိုင်းနိုင်ငံ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ မျှော်မှန်း ထားကြောင်း www.aseanbriefing.com ာ  တွင် ရေးသားဖော်ပြထားသော သတင်းတစ်ရပ်အရ သိရှိရ ပါတယ်။     ထိုကဲ့သို့နယ်စပ်ကုန်သွယ်ရေးတိုးတက်နေခြင်းက ထိုင်းနိုင်ငံနယ်စပ်ဒေသ  အသီးသီးတွင်ရှိ သော ထိုင်းအထူးစီးပွားရေးဇုန် ၁၀ ခုတွင် စီးပွားရေးလုပ်ငန်းများ ပိုမိုရင်းနှီးမြှုပ်နှံရန်အတွက် ဆွဲဆောင် မှုတစ်ခုပင်ဖြစ်ပါတယ်။
ထိုင်းနိုင်ငံဟာ အထူးစီးပွားရေးဇုန် တည်ဆောက်ရန်  အကောင် အထည်ဖော်ခြင်းလုပ်ငန်းများကို ၂၀၁၅ ခုနှစ်တွင်စတင်ခဲ့ကာ အထူး စီးပွားရေးဇုန်  ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများအား အဆင့်(၂)ဆင့် ခွဲခြားဆောင်ရွက်ခဲ့ပါတယ်။ ပထမအဆင့် (first phase)အနေဖြင့် အကောင်အထည်ဖော်သော အထူး စီးပွားရေးဇုန်များတွင် တပ်ခရိုင်  (Tak)  ၊ မုဒဟန် (Mukdahan) ၊ ဆခို(Sa Kaeo)၊ တရတ်(Trat)  နှင့် ဆောင်ခ်လှ (Songkhla)  တို့ပါဝင်ပြီး ဒုတိယအဆင့်(Second Phase)  တွင်  အကောင်အထည်ဖော်မည့် ပြည်နယ်/ခရိုင်များမှာ ချင်းရိုင် (Chiang Rai)  ၊ နွန်ခိုင်း ; (Nong Khai)၊  နခွန်ဖနွမ် (Nakhon Phanom)?  ကန်ချနာပူရီ(Kanchanaburi)  နှင့် နာရသီဝပ် (Narathiwat)  တို့ဖြစ်ကြောင်း သိရှိရပါတယ်။
ပထမအဆင့်တွင်ပါဝင်သော အထူးစီးပွားရေးဇုန်များအနက် မြန်မာနိုင်ငံမြဝတီမြို့နှင့် နယ်နိမိတ် ထိစပ်လျက်ရှိသော တာခ့်ခရိုင်၌ မဲဆောက်၊ မဲလမတ်နှင့် ဖုတ်ဖ နယ်စပ်သုံးခုရှိမြို့နယ်/ခရိုင်ငယ်ခွဲ ၁၄  ခု ပါဝင်သည့် ဧရိယာ ၁၄၁၉ Square Kilometer အား တာခ့်ခရိုင် အထူးစီးပွားရေးဇုန်(SEZ) အဖြစ် အကောင်အထည်ဖော်ခြင်း ဆောင်ရွက်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ တာ့ခ်ခရိုင်သည် ထိုင်း နိုင်ငံအတွက် လုံခြုံရေးအရဖြစ်စေ၊ စီးပွားရေးအရဖြစ်စေ၊ သဘာဝအရင်းအမြစ်များအရဖြစ်စေ၊ ဒေသ တွင်း ဆက်သွယ်မှုလမ်းကြောင်းများအရဖြစ်စေ မဟာဗျူဟာကျစွာ တည်ရှိနေသော အရေးပါသည့်ဒေသ တစ်ခုဖြစ်ပြီး ထိုင်းနိုင်ငံအနောက်ပိုင်း နယ်စပ်ဒေသအတွက် ကုန်သွယ်ရေးနှင့် စီးပွားရေး ဖွံ့ဖြိုးတိုးတက် ရာ အချက်အချာနေရာဖြစ်လာရန် အလားအလာကောင်းများစွာရှိသည့် ဒေသလို့လည်း ထိုင်းနိုင်ငံဘက်မှ သတ်မှတ်ထားကြောင်း လေ့လာသိရှိရပါတယ်။ ဒါကြောင့်လည်း ထိုင်းအစိုးရဟာ ထိုင်းနိုင်ငံရဲ့စီးပွားရေး ပိုမိုဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး တပ်ခရိုင်အတွင်းရှိ မဲဆောက် (Amphor Mae Sot) ၊ မဲလမက်(Mae Ramat)? ဖုတ်ဖ(Phob Phra)ဒေသအား  အပြည်ပြည်ဆိုင်ရာ ကုန်တင်/ကုန်ချ  ပြုလုပ်နိုင်သည့် အချက် အချာနေရာဖြစ်လာစေရန်နှင့် လုပ်သားများစွာဖြင့် လည်ပတ်သော ကုန်စည်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှု များပေးစွမ်းရာ စက်မှုဇုန်များ ဖြစ်ပေါ်လာစေရန်အတွက် တာ့ခ်ခရိုင်အထူးစီးပွားရေးဇုန်အဖြစ် အဆင့် မြှင့်တင် ဆောင်ရွက်ပေးလျက်ရှိတာပဲ ဖြစ်ပါတယ်။  
တာ့ခ်ခရိုင်အထူးစီးပွားရေးဇုန်ဖော်ဆောင်ရေးအတွက် လိုအပ်သော တည်ဆောက်ရေးလုပ်ငန်းများ ကို ထိုင်းနိုင်ငံဘက်မှ ဆောင်ရွက်လျက်ရှိရာ  အခြေခံအဆောက်အဦများ တည်ဆောက်မှုပိုင်းအနေဖြင့် အရှိန်မပျက် တိုးတက်လျက်ရှိတာကိုတွေ့ရှိရပါတယ်။ နယ်စပ်ကုန်သွယ်ရေးပိုမိုတိုးတက်ရန်ရည်ရွယ်၍ ထိုင်း-မြန်မာ ချစ်ကြည်ရေးတံတား အမှတ်(၂)ကို တည်ဆောက်လျက်ရှိပြီး တံတားအနီးတွင် ၁၂၀ ဧက ရှိသော ဒုတိယအကောက်ခွန်ရုံး
တည်ဆောက်ခြင်းစီမံကိန်းကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။  တည်ဆောက်ရေး  စီမံကိန်းကုန်ကျ စရိတ်ဟာ ဘတ်သန်းပေါင်း ၃၉၃ သန်းခန့် ကုန်ကျမည်ဖြစ်ကြောင်း သိရှိရပါတယ်။ ဆဝမ်-မဲဆောက်(Sawang-Maesot) အဝေးပြေးလမ်းမ အမှတ်(၁၂)၏ ပထမအပိုင်း၊ ဒုတိယပိုင်းပြီးစီးပြီဖြစ်ပြီး  တတိယ ပိုင်းအနေဖြင့် ၉၅ ရာခိုင်နှုန်း၊ စတုတ္ထပိုင်းအနေဖြင့် ၃၆ ဒသမ ၃၇ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကာ ၂၀၁၉ ခုနှစ် တွင် အပြီးသတ်ပြီးစီးမည်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။
      အဝေးပြေးလမ်းမအမှတ် ၁၃၀ နှင့်တံတား တည်ဆောက်မှုအခြေအနေများသည် တည်ဆောက်ဆဲ ဖြစ်ပြီး လမ်းပိုင်းအနေဖြင့် ၉၁ ဒသမ ၉၅ ရာခိုင်နှုန်း ၊ နယ်စပ်ထိန်းချုပ်မှုစနစ် BCF (Border Control Facility)  ၁၅ ဒသမ ၆၁ ရာခိုင်နှုန်း ပြီးစီးပြီဖြစ်ကာ မဲဆောက်အပြည်ပြည်ဆိုင်ရာလေဆိပ်၏ တည် ဆောက်ပြီးစီးမှုအနေဖြင့် ၂၀၁၈ ခုနှစ်တွင် ၈၆ ဒသမ ၆၅ ရာခိုင်နှုန်း၊ ယာဉ်ရပ်နား ဧရိယာဆောက်လုပ်ခြင်း ၈၂ ဒသမ ၆၆ ရာခိုင်နှုန်း  ပြီးစီးပြီဖြစ်ေ ကြာင်း သိရှိရကာ ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ပြီးစီးမှာဖြစ်ပါတယ်။ လိုအပ်သောမြေဧက၏ ၆၅ ရာခိုင်နှုန်းဖြစ်သော ၃၆၀ ဧကအတွက် ဝယ်ယူခြင်း၊ လျော်ကြေးငွေပေးခြင်း များကို အပြီးအစီးဆောင်ရွက်ပြီးဖြစ်ကာ လေယာဉ်ေြ ပးလမ်းကြောင်းကို လည်း ၄၅ x  ၂၁၀ဝ မီတာသို့ တိုးချဲ့ဆောင်ရွက်လျက် ရှိကြောင်း လေ့လာသိရှိရပါတယ်။ ဒုတိယမဲဆောက် အကောက်ခွန် စစ်ဆေးရေး စခန်း Checkpoint  တည်ဆောက်ခြင်းအား ၂၀၁၉ ခုနှစ်တွင် အပြီးဆောက်လုပ်မည် ဖြစ်ကြောင်းသိရှိရပြီး တည်ဆောက်ရေး လုပ်ငန်းအားလုံးအား ၂၀၂၀ ခုနှစ်တွင် အပြီးသတ်ဆောင်ရွက် မည်ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။ ထိုင်းနိုင်ငံအနေဖြင့် မြန်မာနိုင်ငံဖက်သို့ ကုန်သွယ်မှု(၃ဆ) တိုးမြှင့်ရန်ရည်ရွယ်၍ ထိုကဲ့သို့ တာခ့်ခရိုင်အထူးစီးပွားရေးဇုန် ဖော်ဆောင်နိုင်ရေး တည်ဆောက်ဆောင်ရွက်နေခြင်း ဖြစ်ပါ တယ်။
      ထိုင်းနိုင်ငံသည် ၎င်း၏စီးပွားရေးဇုန်များတွင် ရင်းနှီးမြှုပ်နှံမှုများ  အရှိန်အဟုန်မြင့်စွာ စီးဝင်စေရန် ဆောင်ရွက်လျက်ရှိပြီး အထူးစီးပွားရေးဇုန်တွင် လာရောက်ဆောင်ရွက်သော သတ်မှတ်ထားသည့် လုပ် ငန်း ၁၃ မျိုးအတွက် အထူးအကျိုးခံစားခွင့်များ/incentive(မက်လုံး) များဖြင့် လုပ်ငန်းရှင်များ လာရောက် ကာ ပိုမိုရင်းနှီးမြှုပ်နှံနိုင်စေရန် ဆွဲဆောင်လျက်ရှိကြောင်း လေ့လာသိရှိရပါတယ်။ အဆိုပါလုပ်ငန်း ၁၃ ခုမှာ လယ်ယာထွက်ကုန်များ၊ ရေထွက် ကုန်ငါး နှင့် ၎င်းနှင့်ဆက်စပ်လျက်ရှိသော စီးပွားရေးလုပ်ငန်းများ၊ ေြွကထည်၊ အထည်ချုပ်လုပ်ငန်း/ချည်မျှင်နှင့် သားရေလုပ်ငန်း၊ အိမ်သုံးပရိဘောဂ၊ လက်ဝတ်ရတနာ များနှင့်ဖက်ရှင်အသုံး အဆောင်များ၊ ဆေးဘက်ဆိုင်ရာပစ္စည်းကိရိယာများ၊ မော်တော်ကား/အင်ဂျင်နှင့် အစိတ်အပိုင်းဆက်စပ်ပစ္စည်းများ၊ လျှပ်စစ်ပစ္စည်းများ ၊ ပလတ်စတစ်ပစ္စည်းများ၊ ဆေးဘက်ဆိုင်ရာထုတ် ကုန်များ၊ ထောက်ပံ့ ပို့ဆောင်ရေးဆိုင်ရာလုပ်ငန်းများ၊ စက်မှုဇုန်/ အိမ်ခြံမြေလုပ်ငန်းနှင့် ခရီးသွားလုပ်ငန်း တို့ဖြစ်ကြောင်း လေ့လာသိရှိရပါတယ်။  တာ့ခ်ခရိုင် အထူးစီးပွားရေးဇုန်အောင်မြင်စွာ  ဖြစ်ထွန်းလာစေရေးအတွက် လိုအပ်သော တည် ဆောက်ရေးဆိုင်ရာ ပြင်ဆင်မှုများကို ဆောင်ရွက်နေသည့်နည်းတူ ဇုန်ဧရိယာအတွင်း ရင်းနှီးမြှုပ်နှံရန် စိတ်ဝင်စားသော လုပ်ငန်းရှင်များ/လုပ်ငန်းများကိုလည်း  နွေးထွေးစွာ ဖိတ်ခေါ်ကြိုဆိုလျက်ရှိကြောင်း သိရှိရပါတယ်။ ထို့ပြင် ထိုင်းနိုင်ငံ၏ အမျိုးသားရေးမျှော်မှန်းချက် ၂၀၁၅-၂၀၂၀ ၏ ဆောင်ပုဒ်ဖြစ်သော ''လုံခြုံရေး၊ ြွကယ်ဝချမ်းသာရေးနှင့် စဉ်ဆက် မပြတ်ဖွံ့ဖြိုးတိုးတက်ရေး''ဟူသည်နှင့်အညီ တာ့ခ်ခရိုင်သည် ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းများကို ဆောင်ရွက်ရာ၌ တာ့ခ်ခရိုင်အတွင်း နေပြည်သူများ၏အကျိုးစီးပွားဖြစ် ထွန်းရေးကို အစဉ်ရှေးရှု၍ လူမှုဘဝမြင့်မားရေး၊ သဘာဝပတ်ဝန်းကျင်နှင့် သယံဇာတ အရင်းအမြစ်များ ကိုလည်း မပျက်စီးအောင်စောင့်ရှောက်ကာ ပြည်တွင်းယဉ်ကျေးမှု အစဉ်အလာများကိုလည်း မပျက်စေဘဲ တိုးတက်မှုများရရှိစေရေး အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိကြောင်းကိုလည်း လေ့လာသိရှိရပါ တယ်။
          နျေအ ွျှနျအ နခသညသာငခ ဃသမမငိသမ ဖြစ်သော ဗီယက်နမ်နိုင်ငံ၊ ဒါနန်းမှ မော်လမြိုင်အထိ လမ်းကြောင်း နှင့် မော်လမြိုင်-ရန်ကုန်-မန္တလေး-တမူးလမ်းကြောင်း အကောင်အထည်ဖော်ပြီးသည့်နောက်တွင် အနောက် ဥရောပနိုင်ငံများအထိပါ ဆက်သွယ်မှုလမ်းကြောင်း တည်ဆောက်သွားနိုင်မည်ဖြစ်သည့်အတွက် ထိုင်း နိုင်ငံအနေဖြင့် အရှေ့တောင်အာရှ စီးပွားရေးလောကသာမက အနောက်ဥရောပနိုင်ငံများအထိပါ စီးပွား ရေးလမ်းကြောင်း ပွင့်လန်းလာနိုင်သည့် မဲဆောက်-မြဝတီ ဒေသအား မဟာဗျူဟာမြောက်သည့် ထိုင်း နိုင်ငံ၏ စီးပွားရေး ွအေနတပေ အဖြစ်ပင် တင်စား၍ ထိုင်းနိုင်ငံထုတ် သတင်းစာ/သတင်း တနဘျငအန များတွင် ရေးသားဖော်ပြလျက်ရှိတာကိုလည်း လေ့လာတွေ့ရှိရပါတယ်။ထိုသို့နှစ်စဉ်ကုန်သွယ်မှုတိုးတက်လျက်ရှိသော မြန်မာ-ထိုင်း ကုန်သွယ်မှုတွင် မိမိနိုင်ငံနှင့် တစ်ဖက် ထိုင်းနိုင်ငံ၏ ကုန်သွယ်မှုကိန်းဂဏန်း  အချက်အလက်များကို နှိုင်းယှဉ်ကြည့်ပါမူ ၂၀၁၈ ခုနှစ် ဧပြီလမှ ဩဂုတ်လအထိ နှစ်နိုင်ငံမှ တရားဝင်ထုတ်ပြန်သော စာရင်းများအရ ကွာခြားချက်မှာ ထိုင်းနိုင်ငံ၏ပို့ကုန် (မိမိဘက်သွင်းကုန်)တွင် အမေရိကန်ဒေါ်လာ ၆၁၈ သန်း၊ ထိုင်းနိုင်ငံ၏ သွင်းကုန်(မိမိဘက်ပို့ကုန်) တွင် အမေရိကန်ဒေါ်လာ ၄၈ သန်းဝန်းကျင် ကွာခြားမှုရှိကြောင်း စိစစ်တွေ့ရှိရသည့်အတွက် တရားမဝင်ကုန် သွယ်မှုလမ်းကြောင်းမှ တင်ပို့/တင်သွင်းမှုများလည်းရှိနေကြောင်း သိရှိနိုင်ပါ တယ်။ ထိုကဲ့သို့တရားမဝင် ကုန်သွယ်မှုများသည် နိုင်ငံတော်မှရရှိရ မည့် အခွန်အခများနစ်နာရသည့်အပြင်၊ နိုင်ငံတော်သို့အခွန်ငွေပေး ဆောင်၍တရားဝင်လမ်းကြောင်းပေါ်တွင် မှန်ကန်စွာလုပ်ဆောင်နေသော ကုန်သည်လုပ်ငန်းရှင်များ၏ဈေးကွက်အတွင်းယှဉ်ပြိုင်နိုင် စွမ်းရှိမှုနှင့် အကျိုးစီးပွားဖြစ်ထွန်းမှုများကို ထိခိုက်စေနိုင်မှာဖြစ်ပါ တယ်။သို့ဖြစ်၍ မြန်မာ-ထိုင်း ကုန်သွယ်မှုပိုမိုဖွံ့ဖြိုးတိုးတက်ရန် အလားအလာကောင်းများဖြင့်  မဟာ ဗျူဟာကျစွာတည်ရှိနေသော မြဝတီကုန်သွယ်ရေးဇုန်၏ ကုန်သွယ်မှုပမာဏများ ပိုမိုတိုးတက် မြင့်မားစေ ရေးအတွက် မိမိနိုင်ငံ၏ပို့ကုန်များတိုးတက်မြင့်မားရေး၊ အမယ်သစ်ပို့ကုန်များ တိုးချဲ့တင်ပို့ နိုင်ရေး၊ ထိုသို့ တင်ပို့နိုင်ရန်အတွက် ကုန်ထုတ်လုပ်မှုစွမ်းအား တိုးမြင့်စေရေး၊  မိမိနိုင်ငံမှပို့ကုန်များ၏ ဈေးကွက်ပိုမိုချဲ့ထွင် နိုင်ရေး၊ တရားမဝင်ကုန်သွယ်မှုများလည်း တရားဝင်ကုန်သွယ်မှုလမ်းကြောင်းပေါ်သို့ ရောက်ရှိလာစေရေး စသည့် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ ပိုမိုတိုးတက်မြင့်မားရေး အတွက် ဆောင်ရွက်ရမည့်လုပ်ငန်းစဉ် များအား ''ပြိုင်တူတွန်းလျှင် ရွေ့နိုင်သည်''ဆိုသကဲ့သို့ ကုန်သွယ်မှုလုပ်ငန်းစဉ်တစ်လျှောက်တွင် ဆောင် ရွက်နေကြသော သက်ဆိုင်ရာဌာနများ၊ ဒေသအာဏာပိုင် နှင့် ကုန်သည်လုပ်ငန်းရှင်များ၊ သက်ဆိုင်ရာ အသင်း/အဖွဲ့များအားလုံးမှ ကျရာကဏ္ဍမှ နိုင်ငံ့အကျိုး/ ပြည်သူ့အကျိုးအတွက် တက်ညီလက်ညီဖြင့် အရှိန်အဟုန်မပျက် ဆက်လက်ဝိုင်းဝန်းပူးပေါင်းဆောင် ရွက်ကြပါရန်လိုအပ်ပါကြောင်း ရေးသားတင်ပြ လိုက်ရပါတယ်။                          

   ကိုးကား - www.commerce.gov.mm , www.aseanbriefing.com,
https://www.prachachat.net/local-economy/news-118593