Main menu

Background

စိုက်ပျိုးရေးကဏ္ဍဖွံ့ဖဖြိုးတိုးတက်မှုမှသည် နိုင်ငံစီးပွားတိုးတက်ရေးအတွက် ဦးစားပေးသီးနှံစိုက်ပျိုးရေး

Tue, 01/08/2019 - 15:49 -- journal_editor

မန်မာနိုင်ငံသည် ဒေသတွင်း တိုင်းပြည်များနှင့် နှိုင်းယှဉ်လျှင် ဖွံ့ဖြိုးတိုးတက်မှု အနည်းဆုံး တိုင်းပြည်စာရင်းတွင်ရှိနေပြီး အာဆီယံ ၁၀ နိုင်ငံတွင်လည်း မြန်မာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုGDP  သည် (၇)အဆင့်တွင်သာ ရှိနေပါတယ်။ တစ်ဦးချင်းဝင်ငွေရရှိမှုတွင်လည်း အိမ်နီးချင်းတရုတ်၊ ထိုင်းနိုင်ငံများနှင့် နှိုင်းယှဉ်ပါက များစွာ နိမ့်ကျ နေတာကို တွေ့ရပါတယ်။ ၂၀၁၅ ခုနှစ်စာရင်းအရ စီးပွားရေးလုပ် ကိုင်ရန် လွယ်ကူမှုအညွှန်းကိန်း (Ease Of Doing Business Index )ကို အာဆီယံနိုင်ငံအလိုက် နှိုင်းယှဉ်လေ့လာလျှင် မြန်မာနိုင်ငံသည် အောက်ဆုံးအနေအထားတွင်  တွေ့ရပါတယ်။ နိုင်ငံပေါင်း ၁၈၉နိုင်ငံ အနက် မြန်မာနိုင်ငံ၏ အဆင့်သည် ၁၆၇ နေရာတွင် ရောက်ရှိနေပြီး ကမ္ဘာလုံးဆိုင်ရာ ယှဉ်ပြိုင်နိုင်မှု အညွှန်းကိန်း (Global Competiti- veness Index)  တွင် မြန်မာနိုင်ငံသည် နိုင်ငံပေါင်း ၁၄၄ နိုင်ငံတွင် အဆင့် ၁၃၄ တွင်သာ ရှိနေပါတယ်။
မြန်မာနိုင်ငံအား ဆင်းရဲမှုအနိမ့်ဆုံး နိုင်ငံများစာရင်းမှ လွတ် မြောက်ရန်အတွက်  အုပ်ချုပ်သူအစိုးရအဖွဲ့အသီးသီးတို့က  နိုင်ငံစီး ပွားရေးဖွံ့ဖြိုးတိုးတက်ရန် နည်းလမ်းအမျိုးမျိုး၊ မူဝါဒအမျိုးမျိုး ရေး ဆွဲချမှတ်ပေးလျက်ရှိကာ စီမံကိန်းအသီးသီးချမှတ်ပြီး ရုန်း ထွက်နိုင် ရေးအတွက် ကြိုးစားဆောင်ရွက်လျက်ရှိပါတယ်၊။ တိုင်း ဒေသကြီးနှင့် ပြည်နယ်အသီးသီးရှိ အစိုးရအဖွဲ့များ၊ သက်ဆိုင်ရာဦးစီး ဌာနများနှင့်  အသင်းအဖွဲ့များ ကုမ္ပဏီများမှလည်း မိမိတို့ ရေမြေ ရာသီဥတုနှင့် ကိုက် ညီမယ့် စိုက်ပျိုးသီးနှံများ စိုက်ပျိုးထုတ်လုပ်နိုင်ရေး၊ ထုတ်ကုန်များ ဈေးကွက်ချိတ်ဆက်နိုင်ရေးအတွက်  Forum  များ ကျင်းပခြင်း၊   Trade Fair များ၊Business Matchingအစီအစဉ်များနှင့် Business Plan Competition များကျင်းပကာ ကြိုးပမ်းဆောင် ရွက်နေကြပါတယ်။
ရှမ်းပြည်နယ်တောင်ပိုင်းတွင်လည်း ရှမ်းပြည်နယ်လယ်ယာ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ကာလတိုစီမံကိန်းရေး ဆွဲရေးအတွက်Forum  ကို တောင်ကြီးမြို့  SSSCCIရုံးခန်းအစည်း အဝေးခန်းမတွင် နိုဝင်ဘာ ၅ ရက်မှ ၆ရက်အထိ ကျင်းပခဲ့ပါတယ်။ အဆိုပါForum  တွင်SSSCCI စိုက်ပျိုးစီးပွား ဖွံ့ဖြိုးတိုးတက်ရေး ကော်မတီက ကာလတိုစီမံကိန်းရေးဆွဲနိုင်ရေးအတွက် တင်သွင်းခဲ့တဲ့ စာတမ်းကို ကောက်နုတ်ဖော်ပြသွားမှာဖြစ်ပါတယ်။ စာတမ်းရဲ့ ရည် ရွယ်ချက်ကတော့ ရှမ်းပြည်နယ်တောင်ပိုင်းမှ  တရုတ်ပြည်သူ့သမ္မတ နိုင်ငံသို့ ပြောင်း၊ ပဲပုပ်နဲ့  သကြားကို ကုန်ဖလှယ်မှုစနစ်ဖြင့် အစိုးရ အချင်းချင်း သဘောတူညီမှုရယူကာ ခန့်မှန်းတန်ဖိုး အမေရိကန် ဒေါ်လာတစ်ဘီလီယံ ထုတ်လုပ်ရောင်းချနိုင်ပြီး ပြည်နယ်စီးပွားဖွံ့ဖြိုး တိုးတက်လာစေဖို့ဖြစ်ပါတယ်။
ကမ္ဘာ့ပြောင်းထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး
ကမ္ဘာ့ပြောင်းစိုက်ပျိုးထုတ်လုပ်မှုမှာ ၂၀၁၆-၂၀၁၇ ခုနှစ်တွင် စုစုပေါင်း တန်ချိန် ၁ ဒသမ ဝ၈ ဘီလီယံ ရှိပြီး အမေရိကန်နိုင်ငံအနေဖြင့် ပြောင်းအများဆုံးထုတ်လုပ်သော နိုင်ငံဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတ နိုင်ငံနှင့်  ဘရာဇီးနိုင်ငံတို့ကတော့ ဒုတိယနှင့် တတိယအများဆုံးထုတ် လုပ်သော  နိုင်ငံများဖြစ်တယ်လို့  ဆိုပါတယ်။  ဥရောပသမဂ္ဂနှင့် အာဂျင်တီးနားနိုင်ငံတို့ကတော့  စတုတ္ထနှင့်  ပဉ္စမနေရာရှိတာကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။
 
ကမ္ဘာ့ပြောင်းဈေးကွက်မှာ ကုန်သွယ်မှုပြုနေတဲ့ ပြောင်းတန် ချိန် စုစုပေါင်းခန့်မှန်း ၁၂၅  မှ ၁၄၀ မီလီယံရှိပြီး ပို့ကုန်တန်ဖိုးအနေ ဖြင့် အမေရိကန်ဒေါ်လာ ၂၈ ဒသမ ၈ ဘီလီယံရှိတယ်လို့ဆိုပါတယ်။ အမေရိကန် နိုင်ငံကတော့ ပြောင်းတင်ပို့မှု  အများဆုံးနိုင်ငံဖြစ်ပြီး ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ၅၆ ဒသမ ၅ မီလီယံ တန်ရှိပါတယ်။ ဒုတိယ အများဆုံး  တင်ပို့တဲ့နိုင်ငံကတော့ အာဂျင်တီးနားနိုင်ငံဖြစ်ပြီး ၂၁ ဒသမ ၆ မီလီယံတန်နဲ့ တတိယ အများဆုံးတင်ပို့သော နိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး ၂၁ မီလီယံတန်ရှိကြောင်းကို တစ်ဖက်ပါဇယားမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့ပြောင်းသုံးစွဲမှု အများဆုံးနိုင်ငံတွေကတော့ အမေရိကန် နိုင်ငံနှင့် တရုတ်နိုင်ငံတို့ဖြစ်ပြီး  အောက်ပါဇယားမှာ ဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုနှင့် ကုန်သွယ်ရေး
မြန်မာနိုင်ငံရဲ့ ခန့်မှန်းပြောင်း စိုက်ပျိုးထုတ်လုပ်မှုကတော့ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ ၂ ဒသမ ၂၅ မီလီယံ မက်ထရစ်တန်ရှိပြီး စုစု ပေါင်းစိုက်ပျိုးဧက ၁ ဒသမ ၂ မီလီယံရှိပြီးတော့ ရှမ်းပြည်နယ်မှာ ၅၂ ရာခိုင်နှုန်း၊ စစ်ကိုင်းတိုင်းမှာ ၂၂ ရာခိုင်နှုန်း၊ မကွေးတိုင်းမှာ ၁၀ ရာခိုင်နှုန်းခန့် အသီးသီးစိုက်ပျိုးကြတယ်လို့ဆိုပါတယ်။ ရှမ်းပြည် နယ်ရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို အောက်ပါဇယားမှာ ဖော်ပြ ထားပါတယ်-

ရှမ်းပြည်နယ်  တောင်ပိုင်းမှာ စုစုပေါင်း  ပြောင်းစိုက်ဧက ၂၅၄၄၉၈ ခန့်ရှိပြီး ပြောင်းထွက်ရှိမှု ပမာဏမှာ  ၄၀၁၁၄၃ မက်ထရစ် တန်ရှိပါတယ်။  ရှမ်းပြည်နယ် တောင်ပိုင်းတွင်  ပြောင်းစိုက်ပျိုးထုတ် လုပ်မှုအများဆုံးမြို့နယ်ကတော့ တောင်ကြီးမြို့နယ်တွင်  ၆၄၇၀၉ ဧကခန့်နှင့် ရပ်စောက်မြို့နယ်တွင် ၄၉၅၇၈ ဧကခန့်ရှိတယ်လို့ သိရ ပါတယ်။ ရှမ်းပြည်နယ်တောင်ပိုင်းရဲ့ ပြောင်းစိုက်ပျိုးထုတ်လုပ်မှုကို အောက်ပါဇယားမှာ ဖော်ပြထားပါတယ်။

၂၀၁၆-၂၀၁၇ ခုနှစ်မှာ မြန်မာနိုင်ငံ  စုစုပေါင်းပြောင်းထုတ် လုပ်မှု ၂ ဒသမ ၂၅ မီလီယံမက်ထရစ်တန်မှာ တစ်မီလီယံမက်ထရစ် တန်ကတော့ ပြည်တွင်းမွေးမြူရေးအစာ ထုတ်လုပ်ရေးမှာ အသုံးပြု ပြီးတော့ ခန့်မှန်း တစ်မီလီယံမက်ထရစ်တန်ကိုတော့ တရုတ်နိုင်ငံသို့ မူဆယ်ဈေးကွက်မှတစ်ဆင့် တင်ပို့ရောင်းချပြီး ဗီယက်နမ်နိုင်ငံသို့ တန်ချိန်  ၂၈၂၆၂ နှင့်  မလေးရှားနိုင်ငံသို့ တန်ချိန် ၃၂၈၄ ခန့် တင်ပို့ ရောင်းချခဲ့တယ်လို့ သိရပါတယ်။
တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏   ပြောင်းထုတ်လုပ်သုံးစွဲမှု အခြေ အနေ
၂၀၁၈ ခုနှစ်မှာ တရုတ်နိုင်ငံရဲ့ စုစုပေါင်းပြောင်းစိုက်ပျိုးထုတ် လုပ်မှုကတော့ ၂၂၀ မီလီယံမက်ထရစ် တန်ခန့်ရှိတယ်လို့ဆိုပါတယ်။ ှီ့ဗ ရဲ့အချက်အလက်များအရ တရုတ်နိုင်ငံဟာ တစ်နှစ်ပြောင်း တန်ချိန် ၂၀ မီလီယံ မက်ထရစ်တန် တင်သွင်းဖို့လိုအပ်ကြောင်း သိရ ပါတယ်။ ပြည်တွင်းပြောင်းတစ်တန်ဈေးနှုန်းမှာ ၁၆၀ဝ-၁၇၀ဝ ယွမ် (ဒေါ်လာ ၂၃၈-၂၅၃) ခန့်ရှိပါတယ်။ အမေရိကန်ပြောင်းတစ်တန်ဈေး နှုန်းမှာခန့်မှန်းဒေါ်လာ ၁၅၀-၁၈၀ ရှိတယ်လUSDA ဈေးကွက် သတင်းအရ သိရပါတယ်။ တရုတ်နိုင်ငံရဲ့ ပြောင်းတင်သွင်းမှုကတော့ တိုးတက်ရန်ရှိနေတဲ့ အကြောင်းအရင်းနှစ်ရပ်ရှိတယ်လို့ ဆိုပါတယ်။ ပထမအကြောင်းရင်းကတော့ တရုတ်နိုင်ငံက ပြောင်းကိုethanol ူ ထုတ်လုပ်မှုကို မြှင့်တင်နေခြင်းဖြစ်ပြီး ဒုတိယအကြောင်းအရင်းက တော့ တရုတ်အစိုးရက တောင်သူများကို ပြောင်းစိုက်ပျိုးမှုလျှော့ချခိုင်းပြီး ပဲပုပ်ကို တိုးချဲ့စိုက်ပျိုးရန်  တွန်းအားပေးမှုများကြောင့်ဖြစ်ပါ တယ်။
ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှုနှင့် ကုန်သွယ်ရေ

အမေရိကန်စိုက်ပျိုးရေးဌာန(USDA)ရဲ့  ခန့်မှန်းချက်အရ ကမ္ဘာ့ပဲပုပ်ထုတ်လုပ်မှု စုစုပေါင်း ၃၄၆ မီလီယံ မက်ထရစ်တန်ရှိတယ် လို့ ဆိုပါတယ်။ အမေရိကန်၊ ဘရာဇီးနှင့် အာဂျင်တီးနားနိုင်ငံတို့ရဲ့ ပဲပုပ်ထုတ်လုပ်မှုမှာ       

ကမ္ဘာ့စုစုပေါင်း ပဲပုပ်ထုတ်လုပ်မှုရဲ့ ၈၂ ရာခိုင်နှုန်းရှိပြီး ပဲပုပ်သုံးစွဲမှုမှာတော့ တရုတ်နိုင်ငံဟာ  အများဆုံး ဆိုတာကို အောက်ပါဇယားတွေမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံပဲပုပ်ထုတ်လုပ်မှုနှင့်ကုန်သွယ်ရေး
    မြန်မာနိုင်ငံရဲ့ ပဲပုပ်စုစုပေါင်း ထုတ်လုပ်မှုကတော့ မက်ထရစ်တန် ၃ သိန်းခန့်ရှိပြီး ပဲပြားထုတ် လုပ်မှုမှာ အများဆုံးအသုံးပြုနေကြောင်းသိရပါတယ်။ ပဲပုပ်စိုက်ပျိုးခန့်မှန်းဧက ၂၅၀ဝ၀ ရှိပြီး အများဆုံး ကတော့ ရှမ်းပြည်နယ်မှာ စိုက်ပျိုးထုတ်လုပ်ပါတယ်။ ပဲပုပ်ကြိတ်ဖတ်ကလည်း မြန်မာ့မွေးမြူရေးကဏ္ဍအတွက် လိုအပ်ချက်မြင့်မားနေပြီး ပြည်တွင်းမှာလည်း လုံလောက်စွာမထုတ်လုပ်နိုင်တဲ့အတွက် ပြည်ပက ပဲပုပ်ကြိတ်ဖတ် ခန့်မှန်းစုစုပေါင်းမက်ထရစ်တန်ချိန် တစ်သန်းတင်သွင်းနေရတယ်လို့ဆိုပါတယ်။ မြန်မာ နိုင်ငံရဲ့ ပဲပုပ်ပြည်တွင်းစားသုံးမှု  ဖူလုံမှုအပြင် တရုတ်နိုင်ငံရဲ့ ပဲပုပ်လိုအပ်ချက်မြင့်မားမှုကြောင့် စိုက်ဧက များတိုးချဲ့ဆောင်ရွက်ရန် လိုအပ်နေပါတယ်။
ကမ္ဘာ့ကြံသကြား ထုတ်လုပ်မှုနှင့်ကုန်သွယ်ရေး
ကမ္ဘာ့သကြားထုတ်လုပ်မှုကတော့ ၂၀၁၈-၂၀၁၉ ခုနှစ်မှာ စုစုပေါင်း မက်ထရစ်တန် ၁၈၈ မီလီယံ ခန့်ရှိပြီး လက်ကျန်သကြားမှာ ၄၉ မီလီယံမက်ထရစ်တန်ရှိတယ်လို့ အမေရိကန်စိုက်ပျိုးရေးဌာနက ထုတ် ပြန်ထားတာကို အောက်ပါဇယားတွေမှာ ဖော်ပြထားပါတယ်။

ကမ္ဘာ့သကြားထုတ်လုပ်မှု  အများဆုံးနိုင်ငံကတော့ ဘရာဇီးနိုင်ငံဖြစ်ပြီး ၃၄ ဒသမ ၂ မီလီယံမက် ထရစ်တန်ခန့်ရှိပြီး ဒုတိယအများဆုံးထုတ်လုပ်တဲ့နိုင်ငံကတော့ အိန္ဒိယနိုင်ငံဖြစ်ပြီး ၃၃ ဒသမ ၈ မီလီယံ မက်ထရစ်တန်ခန့်ရှိတယ်လို့ဆိုပါတယ်။ တတိယအနေဖြင့် ဥရောပသမဂ္ဂဖြစ်ပြီး ၂၀ ဒသမ ၃ မီလီယံ မက်ထရစ်တန်ခန့်ဖြစ်ပြီး တရုတ်ပြည်သူ့သမ္မတနိုင်ငံက ၁၀ ဒသမ ၈ မီလီယံမက်ထရစ်တန်ခန့်ဖြင့် စတုတ္ထ အများဆုံးထုတ်လုပ်တယ်လို့ သိရပါတယ်။
ပြည်ပတင်ပို့မှုအများဆုံးနိုင်ငံတွေကတော့ ဘရာဇီး၊ ထိုင်း၊ အိန္ဒိယ၊ ဩစတြေးလျနိုင်ငံတို့ဖြစ်ပြီး မီလီယံမက်ထရစ်တန် ၂၃ ဒသမ ၆ ၊ ၁၁ ၊ ၆ နှင့် ၃ ဒသမ ၇ အသီးသီးရှိကြောင်း သိရပါတယ်။ တရုတ် ပြည်သူ့သမ္မတနိုင်ငံကတော့ သကြားစားသုံးမှုခန့်မှန်းစုစုပေါင်းတန်ချိန် မီလီယံ ၁၅ ဒသမ ၇ ရှိတာကြောင့် နှစ်စဉ်သကြားတန်ချိန် စုစုပေါင်း ၅-၆ မီလီယံခန့် တင်သွင်းနေရတယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံသကြားစားသုံးမှုနဲ့ထုတ်လုပ်မှု
မြန်မာနိုင်ငံရဲ့ သကြားစားသုံးမှုစုစုပေါင်း မက်ထရစ်တန်ချိန် ၇ သိန်းခန့်ရှိပြီး ပြည်တွင်းထုတ်လုပ်မှု ကတော့ မက်ထရစ်တန်ချိန် ၄-၅ သိန်းခန့်သာရှိလို့ လိုအပ်တဲ့ တန်ချိန် ၂ သိန်းခန့်ကို ပြည်ပက တင်သွင်း နေရတယ်လို့ မြန်မာနိုင်ငံ ကြံနဲ့သကြားထုတ်လုပ်ရောင်းချသူများအသင်းက သိရပါတယ်။
စိုက်ပျိုးစီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီ၏ ပြောင်း၊ ပဲပုပ်၊ ကြံသကြားစီမံကိန်း အကြံပြု တင်ပြချက်
ရှမ်းပြည်နယ် တောင်ပိုင်းရဲ့ စိုက်ပျိုးထုတ်လုပ်နိုင်တဲ့ မြေဧရိယာစုစုပေါင်း ဧက ၁၇ သန်းခန့်ရှိပြီး တော့ လက်ရှိမှာက ဧက ၂ သန်းခန့်သာ စိုက်ပျိုးထုတ်လုပ်နေပြီး ကျန် ၁၅ သန်းခန့်မှာ အသုံးမပြုနိုင်သေးဘဲ စိုက်ပျိုးထုတ်လုပ်ရန် ကျန် ရှိနေတယ်လို့ ဆိုပါတယ်။ ရှမ်းပြည်နယ်ရဲ့ မြေအသုံး ချမှုကို တစ်ဖက်ပါဇယားမှာ ဖော်ပြထားပါတယ်။
ဒါကြောင့် စိုက်ပျိုးစီးပွားဖွံ့ဖြိုး တိုးတက်ရေး ကော်မတီအနေဖြင့် စိုက် ပျိုးမြေဧက ၁ သန်းခန့်ကို ပြောင်း၊ ပဲပုပ်နဲ့ ကြံသကြား စီမံကိန်းအတွက် ရှမ်းပြည် နယ်အစိုးရနဲ့အတူ  ပူးပေါင်း ပြီး အကျိုးရှိစွာ အသုံးပြုရန် စီမံကိန်းရေးဆွဲလိုတယ်လို့ ဆိုပါတယ်။ ခန့်မှန်းခြေစိုက် ပျိုးမြေဧက ၁ သန်းက ပြောင်း တန်ချိန် ၂ ဒသမ ၅ မီလီယံ မက်ထရစ်တန်၊ ပဲပုပ်တန် ချိန် ၁ ဒသမ၂၅ မီလီယံမက် ထရစ်တန်နဲ့ သကြားတန် ချိန် ၁ ဒသမ၂ သိန်းထုတ်လုပ်နိုင်ကြောင်း သိရပါတယ်။
ခန့်မှန်းတန်ဖိုး ပြောင်းတစ်တန်ကို အမေရိကန်ဒေါ်လာ ၂၀ဝနဲ့ ပဲပုပ်တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၆၀ဝနှုန်းဖြင့် တွက်ချက်ပါက စုစုပေါင်းတန်ဖိုးမှာ အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ဝန်းကျင် ရှိပါတယ်။ ဒီတန်ဖိုးတွေကို ရောက်အောင်ထုတ်လုပ်နိုင်ရန်အတွက် မြေဧက ၁ သန်းကို အဆင့်မြင့်စက်မှု လယ်ယာ နည်းပညာများပေါင်းစပ်ထည့်သွင်းပြီး စီမံခန့်ခွဲရန် လိုအပ်ပါတယ်။ ပြောင်းနဲ့ ပဲပုပ်ကို သီးလှည့် စိုက်ပျိုးပေးခြင်းဖြင့် မြေဆီလွှာကို ရေရှည်ကောင်းမွန်စေရန် အကျိုးဖြစ်စေမည့်အပြင် စိုက်ပျိုးတောင် သူများအတွက်လည်း ဝင်ငွေတိုးစေမှာဖြစ်ပါတယ်။  ထွက်ရှိလာတဲ့ အမေရိကန်ဒေါ်လာ ၁ ဘီလီယံ တန်ဖိုးရှိတဲ့ ပြောင်း၊  ပဲပုပ်တန်ချိန် ၃ ဒသမ ၇၅ မီလီယံမက်ထရစ်တန်နဲ့ သကြားတန်ချိန် ၁ ဒသမ ၂ သိန်းခန့်ကို ရှမ်းပြည်နယ်အစိုးရနဲ့ တရုတ်နိုင်ငံရှိ  သင့်လျော်သော ပြည်နယ်အစိုးရအဖွဲ့တစ်ဖွဲ့ဖြင့် Gorvenment to Gorvenment Bilateral Trade/ Aggreement  ပြုလုပ်ပြီးတော့ တရုတ်နိုင်ငံက ဧက တစ် သန်းစီမံကိန်းအတွက် လိုအပ်တဲ့အရင်းအနှီး၊ နည်းပညာ၊ မြေဩဇာ  စသည်ဖြင့် ပြန်လည်တင်သွင်းပြီး ဆောင်ရွက်သင့်တယ်လို့ တင်ပြထားပါတယ်။
၂၀၁၈ ခုနှစ် ဆန်းပိုင်းမှစတင်ပြီး ရှမ်းပြည်နယ်တောင်ပိုင်းရှိ လုပ်ငန်းရှင် ၁၅ ဦးခန့်  စုပေါင်းပြီး ချယ်ရီရနံ့ကုမ္ပဏီကိုတည်ထောင်ကာ ပြောင်း၊ ပဲပုပ်စိုက်ပျိုးရေးကို တောင်ကြီးမြို့နယ် ဘန့်ကွဲကျေးရွာမှာ တောင်သူ အစုအဖွဲ့များနဲ့ပူးပေါင်းပြီး ဧက ၁၀ဝဝကို အဆင့်မြင့်စက်မှုလယ်ယာနည်းပညာများ အသုံးပြု ပြီး နမူနာအဖြစ် ရင်းနှီးမြှုပ်နှံရန် စိစစ်ဆောင်ရွက်နေတယ်လို့ဆိုပါတယ်။
အနှစ်ချုပ်အားဖြင့် တင်ပြလိုတာကတော့ ရှမ်းပြည်နယ်တောင်ပိုင်း ကုန်သည်များအသင်းရဲ့စိုက်ပျိုး စီးပွားဖွံ့ဖြိုးတိုးတက်ရေးကော်မတီရဲ့ ရည်ရွယ်ချက်ဖြစ်တဲ့ ရှမ်းပြည်နယ်တောင်ပိုင်းမှ တရုတ်ပြည်သူ့ သမ္မတနိုင်ငံသို့ ပြောင်း၊ ပဲပုပ်ကို ကုန်ဖလှယ်မှုစနစ်ဖြင့်အစိုးရချင်း  သဘောတူညီမှုစာချုပ်နဲ့ ခန့်မှန်း တန်ဖိုး အမေရိကန် ဒေါ်လာ တစ်ဘီလီယံထုတ်လုပ်ရောင်းချနိုင်ပြီး ပြည်နယ်စီးပွားရေး ဖွံ့ဖြိုးတိုးတက်လာ စေရန် ရှမ်းပြည်နယ် အစိုးရနဲ့အတူ ပူးပေါင်း ဆောင်ရွက်လိုကြောင်း တင်ပြထားမှုတို့ဖြစ်ပါတယ်။
စီမံကိန်းအတွက် ရေတို-ရေရှည်လုပ်ဆောင်ရမည့်လုပ်ငန်းများ
အဆိုပါ အဖွဲ့အစည်းအနေဖြင့် စီမံကိန်းအတွက် ရေတို-ရေရှည် လုပ်ဆောင်ရမည့်လုပ်ငန်းများကိုလည်း တင်ပြခဲ့ကြပါတယ်။ လုပ်ငန်းစဉ်တွေကတော့-
    ၁။    ရှမ်းတောင်တွင် ပြောင်း၊ ပဲပုပ်နှင့် ကြံကို အဆင့်မြင့်စက်မှု လယ်ယာနည်းပညာဖြင့် စိုက်ပျိုး ထုတ်လုပ်ရန်၊ အလားအလာရှိသော မြေနေရာများကို အထူးဇုန်အဖြစ် f Geographic Infor- mation System Software  များဖြင့် သတ်မှတ်ဖော်ထုတ်ရန်။
    ၂။    ဖော်ထုတ်သတ်မှတ်ထားသော မြေနေရာများတွင် ကုန်ထုတ်လမ်းများ/သယ်ယူပို့ဆောင်ရေး စနစ်များလည်း သတ်မှတ်ဖော်ထုတ်ရန်နှင့် လိုအပ်သော ရင်းနှီးမြှုပ်နှံမှုကိုတွက်ချက်ရန်။
    ၃။    ゞင်းဒေသများတွင် စိုက်ပျိုးထုတ်လုပ်နေသော တောင်သူများကို အစုအဖွဲ့အားကောင်းစေရန် နှင့် သမအဖွဲ့များ ဖွဲ့စည်းဆောင်ရွက်ရန်။
    ၄။    မြန်မာပြည် တရုတ်သံရုံးရှိ စီးပွားရေးဆက်ဆံရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးပြီးBilateral Trade Agreement ရရှိရေးကိုဆောင်ရွက်ရန်။
    ၅။    စီမံကိန်းကို အထောက်အကူပြုနိုင်ရန်အတွက် နိုင်ငံတကာဖွံ့ဖြိုးရေး ကူညီထောက်ပံ့မှုမိတ်ဖက် အဖွဲ့အစည်းများနှင့် ချိတ်ဆက်ဆောင်ရွက်ရန်။
    ၆။    စီမံကိန်းတွင် အဓိကပါဝင်မည့်   တောင်သူအစုအဖွဲ့များနှင့် ကုမ္ပဏီများတွင် Corporate Government အားကောင်းစေရန် အသိပညာပေး သင်တန်းများဆောင်ရွက်ရန်။
    ၇။    စီမံကိန်းကို အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ရန်အတွက်  လိုအပ်သော လူ့စွမ်းအား အရင်းအမြစ်မျာများကို ရှာဖွေစုစည်းတည်ဆောက်ရန်။
    ၈။    ငွေကြေးရင်းနှီးမြှုပ်နှံမှုနှင့်  စီမံခန့်ခွဲမှုဆိုင်ရာ  အသိပညာများကို  စီမံကိန်းတွင်  ပါဝင်မည့် တောင်သူအစု အဖွဲ့များနှင့် ကုမ္ပဏီများသို့ အသိပညာပေး ဆောင်ရွက်ရန်။
    ၉။    ပြောင်း၊ ပဲပုပ် ကုန်ချောထုတ်လုပ်နိုင်ရေးအတွက်လည်း ရေရှည်စီမံကိန်းရေးဆွဲပြီး သုတေသန လုပ်ငန်းများ ဆောင်ရွက်ရန်။
    ၁၀။    ပြောင်း၊ ပဲပုပ် စိုက်ပျိုးထုတ်လုပ်ရာတွင် ဓာတုမြေဩဇာများနှင့် တွဲဖက်အသုံးပြုရန်။
    ၁၁။    ပြောင်း၊ ပဲပုပ် မျိုးကောင်းမျိုးသန့်ထုတ်လုပ်ရေးကိုလည်း ရေရှည်စီမံကိန်း ရေးဆွဲဆောင်ရွက်ရန်။
    ၁၂။    ပြောင်း၊ ပဲပုပ်စိုက်ပျိုးထုတ်လုပ်ထားသော မြေများတွင် နေကြာသီးလှည့် စိုက်ပျိုးခြင်းကို ဆောင်ရွက်ပြီး နေကြာဆီထုတ်လုပ်ရေးကိုလည်း စီမံကိန်းရေးဆွဲရန်တို့ကို စာတမ်းတင်သွင်း ခဲ့ကြပါကြောင်းကို မြန်မာ့စိုက်ပျိုးရေးဘဏ္ဍ ဖွံ့ဖြိုးတိုးတက်ရန် ဆောင်ရွက်နိုင်စေရေးအတွက် ရည်သန်၍ ရေးသားဖော်ပြလိုက်ရပါတယ်။
References:
- Chery yanant's Market System Assessment and prefeasibility Study at Corn in Southern Shan.
- Shan State Investment Opportunities Survey Report, 2017
- USDA, China Grain and Feed Report
- China's 2018 Corn consumption expected tohit 224 million tonnes, Xinhua Net
- FAO Feed Price Monitoring and Analysis  / - Sugar: World Markets and Trade, USDA