Main menu

Background

သုံးဘီးတပ်ယာဉ်(Three-Wheeled Vehicles) များနှင့်ပတ်သက်၍ ကုန်ပစ္စည်း အမျိုးအစားခွဲခြားခြင်းဆိုင်ရာ သိကောင်းစရာ

Thu, 01/17/2019 - 11:22 -- journal_editor

   မြန်မာနိုင်ငံသည် ၁၉၉၁ ခုနှစ် မတ်လ ၂၅ ရက်နေ့တွင် ကမ္ဘာ့ အကောက်ခွန်အဖွဲ့၏ အဖွဲ့ဝင်နိုင်ငံဖြစ်လာခဲ့ပြီး ၁၉၉၄ ခုနှစ် ဒီဇင် ဘာ ၅ ရက်တွင် အပြည်ပြည်ဆိုင်ရာ စည်းဝါးညီကုန်ပစ္စည်း အမျိုး အစား ခွဲခြား သတ်မှ တ်ခြ င်းနှ င့် သင်္ကေတ အမှတ်အသားပေးခြင်းဆိုင်ရာသဘောတူညီချက် (The International Convention on The Harmonized Commodity Description and Coding System (HS) ၏ စာချုပ်အဖွဲ့ဝင်နိုင်ငံ ဖြစ်လာ ခဲ့ပါ သည်။ ထို့အပြင် မြန်မာနိုင်ငံသည် ၁၉၉၇ခုနှစ်ဇူလိုင်လ ၂၃ရက်နေ့တွင်အာဆီယံအဖွဲ့ဝင်နိုင်ငံဖြစ်လာ ခဲ့ပါသည်။ မြန်မာနိုင်ငံ အကောက်ခွန်ဦးစီးဌာနအနေဖြငHS Con- vention =စာချုပ်အဖွဲ့ဝင်နိုင်ငံဖြစ်သည့်အတွက် ကုန် ပစ္စည်း အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းကိုဆောင်ရွက်ရာတွင် ကမ္ဘာ့အကောက် ခွန်အဖွဲ့မှ ချမှတ်ထားသော လမ်းညွှန်ချက်များ၊ ထောက်ခံချက်များ (World Customs Organization (WCO) Guidelines, WCORecommendations) တို့နှင့်အညီ ခွဲခြားသတ်မှတ်ခြင်းဖြစ်ပြီး WCO HS Committees ချမှတ်သော စည်းမျဉ်းစည်းကမ်းများအတိုင်း လိုက် နာဆောင်ရွက်ရမည် ဖြစ်ပါသည်။ထို့အပြင် နိုင်ငံအတွင်းသို့ တင်သွင်းလာသော ကုန်ပစ္စည်းများနှင့် နိုင်ငံ အပြင် သို့  တင်ပို့သော ကုန် ပစ္စည်းများအပေါ် အမျိုးအစား ခွဲခြားသတ်မှတ်ခြင်းနှင့်ပတ်သက်၍ ကမ္ဘာ့နိုင်ငံအသီးသီးတွင်လည်း   အကောက်ခွန်ဌာနမှသာ အဓိက ဆောင်ရွက်နေပြီး မြန်မာနိုင်ငံအနေဖြင့်လည်း အကောက်ခွန် ဦးစီး ဌာနမှသာ ဆောင်ရွက်လျက်ရှိပါသည်။
  ကုန်ပစ္စည်းအမျိုးအစား ခွဲခြားသတ်မှတ်ရာတွင် ဥပဒေကဲ့သို့ လိုက်နာဆောင်ရွက်ရသည့် အပိုင်းမှတ်စု၊  အခန်းမှတ်စု၊ ခေါင်းစဉ် သတ်မှတ်ချက်တို့နှင့်အညီ ခွဲခြားသတ်မှတ်ရပြီး ကမ္ဘာ့အကောက်ခွန် အဖွဲ့၏ လမ်းညွှန်ချက်(WCO Guidelines), ASEAN လုပ်ထုံးလုပ် နည်းများကိုလည်း လိုက်နာဆောင်ရွက်ရပါသည်။ ထို့အပြင် ထပ်မံ ကိုးကားရသည့် ကမ္ဘာ့အကောက်ခွန်အဖွဲ့မှ ထုတ်ပြန်ထားသော ရှင်း လင်းချက်မှတ်စု (WCO Explanatory Note (EN) , HS ကော်မတီမှ ဆုံးဖြတ်ပေးခဲ့သော   ကုန်ပစ္စည်းအမျိုးအစားခွဲခြား သတ်မှတ်ခြင်း အငြင်းပွားဖွယ်ကိစ္စရပ်များဆိုင်ရာ မှတ်စုပေါင်းချုပ် (HS Compen- dium)? WCO HS Classification Opinion များတွင် ဖော်ပြထားသည့် ရှင်း လင်း ချက်များအရလည်း ကုန်ပစ္စည်းအမျိုးအစား  ခွဲခြားသတ် မှတ်ရပြီးWCO  အဖွဲ့ဝင်နိုင်ငံများအားလုံးနှင့်လည်း HS Codeတစ် ပြေးညီသတ်မှတ်ရပါသည်။ယခုအခါ မြန်မာနိုင်ငံအတွင်းသို့ တင် သွင်းမှုများလာပြီး အရှေ့တောင် အာရှအပါအဝင်  ကမ္ဘာတစ်ဝန်း၌ တွင်ကျယ်စွာ အသုံးပြုလျက်ရှိသည့် သုံးဘီးတပ်ယာဉ်  အမျိုးအစား (Three-Wheeled Vehicles) များ၏ ကုန်ပစ္စည်းအမျိုးအစား ခွဲခြား သတ်မှတ်ခြင်း ဆိုင်ရာနည်းလမ်းများကို တင်ပြလိုပါသည်။
သုံးဘီးတပ်ယာဉ်ဟုဆိုရာတွင် ယေဘုယျအနေဖြင့် ရှေ့တစ် ဘီး နောက်နှစ်ဘီးတပ်ယာဉ်  အမျိုးအစားနှင့် ရှေ့နှစ်ဘီး နောက် တစ်ဘီးတပ်ယာဉ်အမျိုးအစားဟူ၍ နှစ်မျိုးရှိပါသည်။ စာဖတ်သူများ ထင်သာမြင်သာရှိစေရန်  နမူနာဓာတ်ပုံများကိုလည်း တင်ပြလိုပါ သည်။
ယခုရှင်းလင်းတင်ပြမှာကတောHS Code Heading 87.03- “Motors cars and other motor vehicles principally   designed  for the transport of person” ဖြစ်ပြီး    ယင်းခေါင်းစဉ်အောက်တွငSaloon, Hatchback, Station Wagon ကဲ့သို့သော လူစီးမော်တော် ယာဉ်များအပြင် မော်တော်ဆိုင်ကယ်အင်ဂျင်နှင့် မော်တော်ဆိုင်ကယ် ဘီးတပ်ဆင်ထားသော ဝန်ပေါ့သုံးဘီးတပ်ယာဉ်များပါ အကျုံးဝင်ပါ သည်။ အသေးစိတ်အား ထပ်မံရှင်း လင်း တင်ပြသွားမည်ဖြစ်ပါသည်။
သုံးဘီးတပ်ယာဉ်တစ်စီးတွင်  ယခုတင်ပြမည့် အချက်နှစ်ချက် ထဲမှ တစ်ချက်နှင့် ကိုက်ညီပါကHS Code Heading 87.03 နှင HS Code Heading 87.04ခေါင်းစဉ်အောက်တွင်အကျုံးဝင်မည်ဖြစ်ပါ သည်။ ပထမအချက်မှာ- မော်တော် ဆိုင်ကယ်အင်ဂျင်နှင့် မော်တော် ဆိုင်ကယ်ဘီးများတပ်ဆင်ထားပြီးယာဉ်၏ ဖွဲ့စည်းတည်ဆောက်ပုံ(Mechanical Structure)  အရပုံမှန်မော်တော်ကားတစ်စီး၏ သွင်ပြင် လက္ခဏာများ (ဥပမာ-မော်တော် ယာဉ်၏ Steering System သို့မ ဟုတ်  ယာဉ်အားနောက်ဆုတ်နိုင်သော  ဂီယာReverse Gear  နှင့် ယာဉ်အကွေ့တွင် အရှိန်အားထိန်းညှိပေးသောဂီယာ Differential ပါရှိပါကHS Code Heading87.03  သို့မဟုတ်HS Code Heading 87.04  ခေါင်းစဉ်အောက်တွင်   အကျုံးဝင်ကြောင်း WCO EN တွင် ရှင်းလင်းဖော်ပြထားပါသည်။
ဒုတိယအချက်မှာ T-shaped chassis frame  ပေါ်တွင် တပ်ဆင် ထားပြီး အနောက်ဘီးနှစ်ဘီးမှာ သီးခြားဘက်ထရီ ပါဝါမော်တာဖြင့် မောင်းနှင်နိုင်သော ယာဉ်များသည် HS Code Heading 87.03 သို့မ ဟုတ်  HS Code Heading 87.04 ခေါင်းစဉ်အောက်တွင် အကျုံးဝင် ပါသည်။ ထို့ပြင် အဆိုပါယာဉ်များကိုSingle Central Control Stick  အသုံးပြု၍  ယာဉ်အားမောင်းနှင်သူက  စတင်နိုင်ခြင်း၊ အရှိန်မြှင့် တင်နိုင်ခြင်း၊ ဘရိတ်အသုံးပြုနိုင်ခြင်း၊ ရပ်တန့်နိုင်ခြင်းနှင့် နောက်ပြန် လှည့်ခြင်းပြုလုပ်နိုင်ပါသည်။
ဤနေရာတွင် သတိပြုရန်အချက်မှာ ရှေ့တစ်ဘီး နောက် နှစ် ဘီးတပ် ဝန်ပေါ့သုံးဘီးယာဉ်များအတွက်မူSteering system ရရှိ ခြင်း၊ ရှိ/မရှိကိုထည့်သွင်းစဉ်းစားရန်မလိုဘဲ နောက်လှည့်နိုင်သောReverse Gear  ပါရှိမှု အပေါ်မူ တည် ၍ ဆုံးဖြတ်ရမည်ဖြစ်ပါသည်။
HS Code Heading 87.03တွင် အကျုံးဝင်သောသုံးဘီးတပ် ယာဥ (Three-Wheeled Vehicles)  များ၏ နမူနာပုံအချို့အား တင်ပြ လိုပါသည်။ဆက်လက်ပြီးတင်ပြမှာကတော့ ှံ HS Code Heading 87.04– “Motor vehicles for the transport of goods”ဖြစ်ပြီး ယင်းခေါင်းစဉ် အောက်တွင် အကျုံးဝင်သည့်ယာဉ်များသည် ကုန်တင်ယာဉ်များ၊ လုပ်ငန်းသုံးယာဉ်များဖြစ်ပါသည်။ အဆိုပါယာဉ်များတွင် ရှေ့ခန်း  နှင့် နောက်ခန်းအားသီးခြား ကန့်ထားလေ့ ရှိပြီး နောက်ခန်းမှာ ကုန် ပစ္စည်း တင်ဆောင်ရန်အတွက် နေရာလွတ်ပါရှိပါသည်။ HS Code Heading 87.04  တွင်အကျုံးဝင်သောသုံးဘီးတပ်ယာဉ်များ၏ဖွဲ့စည်း တည်ဆောက်ပုံ (Mechanical Structure)  မှာ သုံးဘီးတပ် လူစီးမော် တော်ယာဉ်များ၏ ဖွဲ့စည်းတည်ဆောက်ပုံနှင့်တူညီပြီး ခရီးသည်တင် ဆောင်ခြင်းနှင့် ကုန်ပစ္စည်းတင်ဆောင်ခြင်းသာ  ကွာခြားမည်ဖြစ်ပါ သည်။
ှံHS Code Heading 87.04 တွင် အကျုံးဝင်သောသုံးဘီးတပ် ယာဉ်(Three-Wheeled Vehicles)  များ၏  နမူနာပုံအချို့ကိုလည်းတင်ပြလိုပါသည်။ဆက်လက်တင်ပြ မှာကတော့  HS Code Heading 87.11- “Motorcycles  (including mopeds) and cycles fitted with an auxiliary motor, with or without side-cars; side-cars” ဖြစ်ပြီး ယင်းခေါင်းစဉ်အောက်တွင် ခရီးသည်တင်ဆောင်ရန်အတွက် အထူး ပုံစံပြုလုပ်ထားသော    နှစ်ဘီး တပ် ယာဉ်အုပ်စုနှင့် ဘေးတွဲတပ်ဆင် ထားသော မော်တော်ဆိုင်ကယ်များ အကျုံးဝင်ပါသည်။ ထို့ပြင် လူ တစ်ဦးသာ တင်ဆောင်နိုင်သည့် လျှပ်စစ်ဓာတ်အားသုံး နှစ်ဘီးတပ် ယာဉ်များလည်း အကျုံးဝင်ပြီး ယင်း တို့သည်လူ သွားစြင်္ကံ များ၊ စက် ဘီးသွားလမ်းများ စသည့်အရှိန်နည်းနည်းဖြင့်  မောင်းနှင်ရသော ဧရိယာများတွင်သာ အသုံးပြုနိုင်ရန် ရည်ရွယ်ထုတ်လုပ်ထားပါသည်။ထိုကဲ့သို့သော ယာဉ်များကို ယာဉ်နှင့်မောင်းနှင်သူအား ဟန်ချက်ညီ  စေရန် တည့် မတ်ေ ပးသောနည်းပညာပေါ်တွင် အခြေခံ၍ထုတ်လုပ် ထားပါသည်။
မောင်းနှင် သူအား  ရာသီဥတုဒဏ်မှ ကာကွယ်နိုင်ရန်အတွက် အမိုးအကာတပ်ဆင်ထားသော မော်တော်ဆိုင်ကယ်များနှင့် လူစီးရန် သို့မဟုတ် ကုန်ပစ္စည်းတင်ဆောင်ရန်အတွက် ဘေးတွဲတပ်ဆင်ထား သောမော်တော်ဆိုင်ကယ် များသည်လည်း ယင်းခေါင်းစဉ်အောက်တွင် အကျုံးဝင်ကြောင်း ဖော်ပြထားပါသည်။ ှံ ဃသိန ံနေိငညါ ၈၇.၁၁ တွင် အကျုံးဝင်သော   သုံးဘီး တပ်ယာဥHS Code Heading 87.11 များ၊  မော်တော်ဆိုင်ကယ်များ၏ နမူနာ ပုံအချို့ ကိုလည်း တင်ပြလိုပါသည်။
ယင်းသုံးဘီးတပ်လူစီးယာဉ်၊ ကုန်တင်ယာဉ်အမျိုးအစားများကို ကမ္ဘာနှင့်အဝှမ်း တွင်ကျယ်စွာအသုံးပြုလာကြပြီး  တစ် နိုင်ငံနှင့် တစ်နိုင်ငံ ကုန်သွယ်မှုများပြားလာသည့်အတွက်  ကုန်ပစ္စည်းအမျိုးအစားခွဲခြားခြင်းဆိုင်ရာ အငြင်းပွား မှုများလည်း ရှိပါသည်။ ထိုကုန်ပစ္စည်း အမျိုးအစား ခွဲခြားခြင်းဆိုင်ရာ   အငြင်းပွားမှုများအတွက (Three-Wheeled Vehicles)  မှ စည်းအဝေးများကျင်းပကာ ဖြေရှင်းဆောင်ရွက်ပေးရသည့်ကိစ္စများလည်းရှိပါသည်။
ယခုအခါ မြန်မာ့အကောက်ခွန်နှုန်းစာရင်း၂၀၁၇  အား စီမံကိန်းနှင့်  ဘဏ္ဍာရေးဝန်ကြီးဌာန၏ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၇) ဖြင့်  ထုတ်ပြန်ခဲ့ပြီး (၁-၁၀-၂၀၁၇) ရက်နေ့မှ  စတင်ကျင့်သုံးခဲ့ပြီးဖြစ်ပါသည်။ WCO Harm onized System Committee (HSC)  တွင် အကျုံးဝင်သော သုံးဘီးတပ်ယာဉ်များကို    မြန်မာ့ အကောက်ခွန်နှုန်းစာရင်း ၂၀၁၇ တွင် အင်ဂျင်ပါဝါ ပေါ်မူတည်၍  အကောက်ခွန်နှုန်း ၃၀ရာခိုင်နှုန်း သို့မဟုတ် ၄၀ ရာခိုင်နှုန်း  ကောက်ခံလျက်ရှိပြီးHS Code Heading 87.04တွင်အကျုံးဝင်သော သုံးဘီး တပ်ယာဉ်များကို မြန်မာ့အကောက်ခွန်နှုန်းစာရင်း   ၂၀၁၇ တွင် အကောက်ခွန်နှုန်း ၁၀ ရာခိုင်နှုန်း ကောက်ခံလျက်ရှိပါသည်။ HS Code Heading 87.03 တွင် အကျုံးဝင်သော  သုံးဘီးတပ်ယာဉ်များ ကို မြန်မာ့အကောက်ခွန်နှုန်းစာရင်း၂၀၁၇ တွင် အကောက်ခွန်နှုန်း၅ ရာခိုင်နှုန်း ကောက်ခံလျက် ရှိပါသည်။
သို့ဖြစ်ပါ၍ တင်သွင်းတင်ပို့သူများအနေဖြင့် အဆိုပါသုံးဘီးတပ်ယာဉ်များ  တင်သွင်းလာပါက ကုန်ပစ္စည်းအမျိုးအစား ခွဲခြားနိုင်ရန်နှင့်  နိုင်ငံ တကာတွင် ကျင့်သုံးနေသောအလေ့အထများအား ရှိနားလည်နိုင်စေရန် အကောက်ခွန် ဦးစီးဌာန အနေဖြင့် ကုန်သွယ်မှု လွယ်ကူ ချောမွေ့စေရေးကို ရှေးရှု၍ တင်ပြလိုက်ရခြင်းဖြစ်ပါသည်။