Main menu

Background

GSP အခွင့်အရေးနောက်မှ EU မြန်မာကုန်သွယ်မှု

Thu, 02/14/2019 - 12:09 -- journal_editor

ဥရောပသမဂ္ဂ (EU) ဟာ စီးပွားရေးဖွံ့ဖြိုးတိုးတက်နေသည့် နိုင်ငံ ၂၈ ခုကို ပေါင်းစည်းထားပြီး ကမ္ဘာ့အကောင်းဆုံး စီးပွားရေး ဘုံစနစ် တစ်ခုကို ပိုင်ဆိုင်ထားသည့် နိုင်ငံ၊ အဖွဲ့အစည်းတစ်ခုဖြစ်ပါတယ်။ ၂၀၁၇ ခုနှစ်မှာ  EU   နိုင်ငံတွေရဲ့ပြည်တွင်းအသားတင် ထုတ်လုပ်မှုGDP  ယူရို ၁၅ ဒသမ ၃ ထရီလီယံ အထိရှိ ခဲ့လို့ အမေရိကန်ပြည်ထောင်စုထက်ပင် ပမာဏပိုမိုခဲ့ပြီး ကမ္ဘာ့ကုန်သွယ်မှုရဲ့၁၅ ရာခိုင်နှုန်းခန့်အထိရှိခဲ့ပါတယ်။ EU  ၊ တရုတ်၊ အမေရိကန်တို့ဟာ ကမ္ဘာ့ကုန်သွယ်မှုအင်အားကြီးနိုင်ငံများအဖြစ် ရပ်တည်နေတာလည်း ဖြစ်ပါ တယ်။

EU အနေနဲ့LDCလို့ခေါ်တဲ့  ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေ အပေါ်မှာပေးတဲ့  ကုန်သွယ်မှုဆိုင်ရာ အထူးအခွင့် အရေးဖြစ်တဲ့ ယေဘုယျအကောက်ခွန်သက်သာခွင့် (GSP) ပေးတဲ့နေရာမှာ မြန်မာ နိုင်ငံကလည်း EU  GSP အခွင့်အရေးရရှိတဲ့နိုင်ငံတစ်ခုဖြစ်ပါတယ်။ ၁၉၉၇ လောက်က ပြည်တွင်းမှာ အလုပ်သမားများကို အတင်းအကြပ် ခိုင်းစေမှုရှိတယ်ဆိုတဲ့  အကြောင်းပြချက်နဲ့ ပိတ်သိမ်းခံရတဲ့GSP

အခွင့်အရေးဟာ ၂၀၁၃ ခုနှစ်အတွင်းမှာ ပြန်လည်ရရှိခဲ့တာ ဖြစ်ပါ တယ်။ EBA လို့ခေါ်တဲ့ “လက်နက်မှ လွဲလို့ကျန်ကုန်ပစ္စည်းများ အားလုံး” ကုန်သွယ်မှု အထူးအခွင့်အရေး ပေးထားခဲ့တာ ဖြစ်ပါတယ်။ အကောက်ခွန် သက်သာခွင့်ရရှိတဲ့အတွက် မြန်မာ့ပို့ကုန်တွေဟာ EU ဈေးကွက်ကိုပိုမို ထိုးဖောက်နိုင်ခဲ့တဲ့အတွက် ၂၀၁၁-၂၀၁၂ ဘဏ္ဍာ နှစ်မှ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်း EU Myanmar ကုန်သွယ်မှု အခြေအနေ ပိုမိုတိုး တက်လာရခြင်း ဖြစ်ပါတယ်။

EU Myanmar ကုန်သွယ်မှု

EU-မြန်မာ ကုန်သွယ်မှုအခြေအနေကို ပြန်ကြည့်ရင် ၂၀၁၀-၂၀၁၁ ဘဏ္ဍာနှစ်မှာ စုစုပေါင်းကုန်သွယ်မှု အမေရိကန်ဒေါ်လာ သုည ဒသမ ၂၈ ဘီလီယံရှိရာကနေ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ အမေရိကန်ဒေါ်လာ နှစ်ဘီလီယံခန့်အထိ နှစ်အလိုက် တိုးတက်ခဲ့ တာကို တွေ့ရှိခဲ့ရပါတယ်။ GSP

အခွင့်အရေး ပြန်လည်ရရှိခဲ့တဲ့ ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်ကနေ နှစ်စဉ်ကုန်သွယ်မှုပိုမိုတိုးတက်လာ တဲ့ အနေအထားဖြစ်ပါတယ်။ဒီလိုတင်ပို့ခဲ့တဲ့နေရာမှာ CMP  (အထည်ချုပ်) ပစ္စည်းများက နှစ်အလိုက် အများဆုံး တင်ပို့နိုင်ခဲ့ခြင်းဖြစ်ပြီး၂၀၁၇-၂၀၁၈ဘဏ္ဍာနှစ်မှာ                                                        အမေရိကန်ဒေါ်လာ တစ်ဘီလီယံခန့်အထိ တိုးချဲ့တင်ပို့နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒုတိယအနေနဲ့ကတော့  လယ်ယာထွက်ကုန်ပစ္စည်း များထဲက ဆန်ကွဲဖြစ်ပြီး တတိယကတော့ ဆန်ဖြစ်ပါတယ်။ ငါးတင်ပို့ မှုဟာလည်း စတုတ္ထအများဆုံး တင်ပို့နိုင်တာဖြစ်ပြီး EU

 ကယခင် ရေငန်ငါးတင်ပို့မှုကနေ ၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာ့ရေချို ငါး မွေးမြူရေးလုပ်ငန်းတွေကိုပါ တင်သွင်းခွင့်ပြုလာတဲ့အတွက် လာမယ့် နှစ်တွေမှာ ရေထွက်ပစ္စည်းတင်ပို့မှုက  ယခင်ထက်ပိုမိုများပြားလာ နိုင်မှာဖြစ်ပါတယ်။ အဓိကတင်သွင်းတဲ့ ကုန်ပစ္စည်းတွေကတော့ သတ္တုနှင့် သတ္တုရိုင်းများ၊ ပဲတီစိမ်း၊ နှမ်း၊ သစ်ခွဲသား၊ ပုစွန်နဲ့ ပန်းနှမ်း တို့ဖြစ်ပါတယ်။   EU

နိုင်ငံ တွေထဲမှာ ဂျာမနီ၊ ပြင်သစ်၊ နယ်သာလန် စတဲ့နိုင်ငံတွေဟာ မြန်မာနဲ့ ကုန်သွယ်မှုအများဆုံး  ဆောင်ရွက်တဲ့ နိုင်ငံတွေပဲဖြစ်ပါတယ်။

EU သို့ မြန်မာဆန်နှင့်ဆန်ကွဲ တင်ပို့မှုအခြေအနေ

ဆန်ဟာ ကမ္ဘာ့လူဦးရေထက်ဝက်ကျော်၏ အဓိကပင်မ အစား အစာဖြစ်ပြီး၊ ကမ္ဘာနှင့်အဝန်းတွင် နှစ်စဉ်ခန့်မှန်းကြိတ်ခွဲပြီး ဆန် တန်ချိန် သန်းပေါင်း ၄၈၀ ခန့် ထုတ်လုပ်လျက်ရှိပါတယ်။ မြန်မာနိုင်ငံ မှာ စစ်တမ်းများအရ ၂၀ဝ၆ ခုနှစ်မှစ၍ နှစ်စဉ်ဆန်တန်ချိန် သန်း ၃၀ ခန့်ထုတ်လုပ်နိုင်တာကို လေ့လာတွေ့ရှိရပါတယ်။ ပြည်တွင်းဆန် ထုတ်လုပ်မှု၏ ၇၅ ရာခိုင်နှုန်းကျော်ကို ပြည်တွင်း၌ စားသုံးကာ ပိုလျှံ သောပမာဏကို ပြည်ပသို့တင်ပို့လျက်ရှိပါတယ်။  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာနိုင်ငံမှ  ပြည်ပသို့ ဆန်တန်ချိန် ၃ ဒသမ ၆ သန်း တင်ပို့နိုင်ခဲ့ပါတယ်။

USDA

စာရင်းများအရ EU

ဟာ  ၂၀၁၉ ခုနှစ်အတွက် ပြည် တွင်းဆန်ထုတ်လုပ်မှု ဆန်တန်ချိန်နှစ်သန်းခန့်  ထုတ်လုပ်နိုင်ရန် လျာထားပြီး ပြည်ပမှလည်း ဆန်တန်ချိန်နှစ်သန်းခန့် တင်သွင်းဖို့ လျာ ထားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်း အများဆုံး တင်သွင်းခဲ့သည့် နိုင်ငံများမှာ ကမ္ဘောဒီးယားနှင့် မြန်မာတို့ဖြစ်ပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ မြန်မာက EU

 သို့ စုစုပေါင်း  ဆန်တင်ပို့မှုဟာ ဆန် တန်ချိန်ကိုးသောင်းခန့်နဲ့ ဆန်ကွဲတန်ချိန် သုည ဒသမ ၃ သန်းခန့်ရှိ တာဖြစ်တဲ့အတွက် စုစုပေါင်းဆန်တင်ပို့မှုရဲ့သုံးရာခိုင်နှုန်းနဲ့ ဆန်ကွဲ တင်ပို့မှုရဲ့ ၅၀ ရာခိုင်နှုန်း အထိရှိပါတယ်။

မြန်မာ့ဆန်အပေါ်  EU မှ GSPအခွင့်အရေးရုပ်သိမ်းခြင်း

ဥရောပသမဂ္ဂအဖွဲ့ဝင် ၂၈ နိုင်ငံရှိတဲ့အနက်  စပါးစိုက်ပျိုး ထုတ်လုပ်သောနိုင်ငံက ရှစ်နိုင်ငံပဲရှိပါတယ်။ ကမ္ဘောဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှ အီးယူဈေးကွက်ကို တင်သွင်းလျက်ရှိတဲ့ ဆန်များမှာ တန်ချိန်ပမာဏများပြားပြီး ဈေးနှုန်းချိုသာတဲ့အတွက် အီးယူဆန် ထုတ်လုပ်သူများအနေနဲ့ ယှဉ်ပြိုင်နိုင်စွမ်းမရှိတဲ့အပေါ်မှာ  အကာ အကွယ်ပေးရေးဆိုင်ရာ စုံစမ်းစစ်ဆေးမှု ပြုလုပ်ပေးဖို့ အီတလီနိုင်ငံ က ၂၀၁၈ ဖေဖော်ဝါရီလအတွင်းကတည်းက ဥရောပကော်မရှင်ထံ အဆိုပြုချက်တင်သွင်းခဲ့ပါတယ်။ ဒီအဆိုပြုချက်အပေါ်မှာပဲ ကမ္ဘော ဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှ အီးယူဈေးကွက်ကို ဆန်တင်သွင်းမှုနဲ့ ပတ်သက်ပြီး  ကုန်သွယ်မှုအကာအကွယ်ပေးရေး (Safeguard Investigation) j

 ပြုလုပ်ပေးဖို့ပဲဖြစ်ပါတယ်။ GSP (EBA)

အစီအစဉ်မှာ အကျုံးဝင်တဲ့ဆန်အမျိုးအစားဟာ အင်ဒီကာဆန်ဖြစ် ပြီး (ဆန်လုံးရှည်အမျိုးအစားဖြစ်သည့်  ဇီယာဧည့်မထ) ကုန်စည်

တို့ဖြစ်ကြကာ မြန်မာနိုင်ငံမှာ အသုံးပြုနေတဲ့ AHTN HS 2017  စည်ဝါးညီစနစ် EU HS Code ( CN code 1006 30 27, 1006 30 48, 1006 30 67, 1006 30 98)အရ  ရှေ့ဂဏန်းခြောက်လုံးအထိ တူညီတာတွေ့ရပါ တယ်။

လွန်ခဲ့တဲ့ငါးနှစ်အတွင်း အီးယူဈေးကွက်သို့ ကမ္ဘောဒီးယား နိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှ  ဆန်တင်သွင်းမှုမှာ ၁၃ ရာခိုင်နှုန်းမှ ၂၁ ရာခိုင်နှုန်းအထိ သုညရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ တိုးတက်ခဲ့ပြီး အီးယူလုပ်ငန်းရှင်များရဲ့ ဆန်ထုတ်လုပ်ရောင်းဝယ်မှုမှာ ၄၀ ရာခိုင် နှုန်းလျော့ကျခဲ့တဲ့အတွက် ဈေးကွက်ဝေစုမှာ ၅၂ ရာခိုင်နှုန်းမှ ၃၀ ရာခိုင်နှုန်းအထိ ကျဆင်းခဲ့ကြောင်းတွေ့ရှိရပါတယ်။ ဒါဟာ ကမ္ဘော ဒီးယားနိုင်ငံနဲ့ မြန်မာနိုင်ငံတို့မှ တင်သွင်းတဲ့ ဆန်ချောဈေးနှုန်းများ မှာ အီးယူဆန်စပါး ထုတ်လုပ်သူများရဲ့ကုန်ကြမ်း(စပါး) ဈေးထက် ဈေးချိုနေတဲ့အတွက် အီးယူဆန်စပါးကဏ္ဍမှာ ထိခိုက်နစ်နာနေရ ကြောင်း အီတလီနိုင်ငံက တင်ပြခဲ့တဲ့အတွက်စတင်ခဲ့တဲ့ အခြေအနေ ဖြစ်ပါတယ်။

ဒါကြောင့် အီးယူကော်မရှင်အနေနဲ့  မြန်မာနှင့်  ကမ္ဘောဒီးယား နိုင်ငံတို့မှ  တင်သွင်းတဲ့ ဆန်များကို အကောက်ခွန်လျှော့ချသည့် အခွင့်အရေးကို ရုပ်သိမ်းပြီး တဖြည်းဖြည်း ဖြေလျှော့သည့်စနစ်ဖြင့် သွင်းကုန် အကာက်ခွန်ကို ပြန်လည်စတင်မည်ဖြစ်ကြောင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ ၁၆ ရက်စွဲဖြင့် ထုတ်ပြန်ခဲ့ပြီး အကောက်ခွန် ကောက်ခံမှုအနေဖြင့် အင်ဒီကာဆန်အပေါ် ပထမနှစ်အတွင်း တင် သွင်းသည့် ဆန်တစ်တန်လျှင် ၁၇၅ ယူရို ၊ ဒုတိယနှစ်တွင် ဆန်တစ် တန်လျှင် ၁၅၀ ယူရိုနှင့် တတိယနှစ်တွင် ဆန်တစ်တန်လျှင်၁၂၅ ယူရို နှုန်းဖြင့် နှစ်အလိုက် အခွန်ကင်းလွတ်ခွင့် ယာယီပြန်ရုပ်သိမ်းခဲ့ပါ တယ်။

ဒီလိုပိတ်သိမ်းမှုဟာ မြန်မာဆန်   စိုက်ပျိုးထုတ်လုပ်သူများ အတွက် အထိုက်အလျောက် ထိခိုက်နစ်နာမှု  ဖြစ်ပေါ်နိုင်ပါတယ်။ တစ်ဖက်မှာလည်း စုစုပေါင်း မြန်မာ့ဆန်တင်ပို့မှုရဲ့ ၃ ရာခိုင်နှုန်းခန့် ရှိတဲ့ န့ ဈေးကွက်ကို လက်လွတ်လိုက်ရပေမဲ့  ၅၀ ရာခိုင်နှုန်းရှိတဲ့ ဆန်ကွဲတင်ပို့မှုကတော့ ဆက်လက်တင်ပို့နေနိုင်သေးတဲ့ အခြေအနေ တစ်ခုဖြစ်ပါတယ်။ ဆက်လက်ပြီး မြန်မာ့ဆန်ကို နိုင်ငံတကာဈေး ကွက်မှာ ဝယ်လိုအားရှိနေတဲ့ တရုတ်၊ ဘင်္ဂလားဒေ့ရှ်၊ အာဖရိကနိုင်ငံ တွေ ကို ပိုမိုတိုးချဲ့တင်ပို့နိုင်ဖို့ ကြိုးပမ်းဆောင်ရွက်ရမှာလည်းဖြစ်ပါ တယ်။

မြန်မာ့အထည်ချုပ်လုပ်ငန်းနှင့် EU GSP 

 

CMP

 (အထည်ချုပ်) လက်ခစားစနစ်ဟာ ဖွံ့ဖြိုးဆဲနိုင်ငံများ အတွက် အဓိကအားထားရတဲ့ လုပ်ငန်းတစ်ခုဖြစ်ပါတယ်။ မြန်မာ နိုင်ငံအတွက်လည်း ဒုတိယအကြီးဆုံးပို့ကုန်လုပ်ငန်းတစ်ခုဖြစ်ပြီး ယခင်ငါးနှစ်တာ ကာလမှစတင်၍ နှစ်စဉ်တိုးတက်မှုနှုန်း၂၅ ရာခိုင် နှုန်းရှိခဲ့ပါတယ်။ အဓိကတော့  အခြေခံလူတန်းစားတွေအတွက် အလုပ်အကိုင်အခွင့်အလမ်းများစွာ ဖန်တီးပေးနိုင်ခြင်းနဲ့ လုပ်အားနဲ့ နိုင်ငံခြားငွေရှာဖွေပေးနိုင်ခြင်း ဖြစ်ပါတယ်။ မြန်မာနိုင်ငံအတွက် တစ်နှစ်လျှင်အမေရိကန်ဒေါ်လာ ၆ ဘီလီယံကျော်ရှာဖွေပေးနိုင်ပြီး လက်ရှိစက်ရုံပေါင်း ၄၀ဝ ကျော်လောက်နဲ့ လည်ပတ်နေပြီး စက်ရုံ ရဲ့ထက်ဝက်ကျော်က နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေ ဖြစ်ပါတယ်။

CMP (အထည်ချုပ်) ကဏ္ဍမှာလည်း မြန်မာနိုင်ငံကို EU

အခွင့်အရေးပေးတဲ့ နိုင်ငံတွေထဲမှာ ဂျပန်၊ အမေရိကန်၊ တရုတ်နှင့် ကိုရီးယား စတဲ့နိုင်ငံတွေပါသလို EUလည်း အဓိကအခန်းကဏ္ဍမှ ပါဝင်နေပါတယ်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်အတွင်းမှာ မြန်မာ့ CMP(အထည်ချုပ်) ကဏ္ဍအနေနဲ့ EUသို့တင်ပို့မှုဟာ တန်ဖိုးအားဖြင့် ၁ ဒသမ ၆ ဘီလီယံနီးပါးရှိခဲ့ပါတယ်။ အခြား စိုက်ပျိုးရေး၊ သစ်တော ထွက်၊ ရေထွက်ကုန် ပစ္စည်းတွေအတွက် ထုတ်ပေးခဲ့ပေမဲ့အနည်း အကျဉ်းပဲရှိတာတွေ့ရတယ်။ EU GSPဟာ မြန်မာနိုင်ငံအတွက် ပေးတဲ့နေရာမှာ အခြား sector တွေထက် CMPအထည်ချုပ် လုပ်ငန်း တွေအတွက် အများဆုံးအကျိုးဖြစ်ထွန်းစေခဲ့ပါတယ်။၂၀၁၈ ခုနှစ်အတွင်းမှာ မြန်မာနိုင်ငံအတွင်းမှာ ရခိုင်အရေး အခင်းကိစ္စအပါအဝင် နိုင်ငံရေးကိစ္စအချို့နဲ့ဆက်စပ်ပြီး EU ဘက်က GSPကိစ္စ  ပြန်စဉ်းစားသုံးသပ်မှုတွေ ရှိခဲ့ပါတယ်။ EUက GSPခွင့်ပြု ထားတဲ့ ၄၉ နိုင်ငံရှိတဲ့အနက်မှာ   ဒေသတွင်းက ကမ္ဘောဒီးယားကို ၂၀၁၉ ခုနှစ် မေလနဲ့ မြန်မာကိုတော့ အောက်တိုဘာလအတွင်းက (EU Fact Finding Mission)အဖွဲ့တွေစေလွှတ်ပြီးရရှိခဲ့တဲ့ အချက် အလက်တွေကို EUပါလီမန်ကို  တင်ပြဆောင်ရွက်ထားတာ ဖြစ်ပါ တယ်။ တစ်ဖက်မှာ ကမ္ဘောဒီးယားရဲ့ အထည်ချုပ်လုပ်ငန်းဟာ EUဈေးကွက်ကို အဓိကထားသလို ဈေးကွက်ရဲ့ ၆၀ ရာခိုင်နှုန်းလောက် ကိုသိမ်းပိုက်ထားနိုင်တာ တွေ့ရပါတယ်။

CMPအထည်ချုပ်တွေရဲ့အားသာချက်က Trade

တစ်ခုတည်း တိုးတက်စေတာမဟုတ်ဘဲ  ရင်းနှီးမြှုပ်နှံမှုနဲ့  အလုပ်အကိုင်အခွင့် အလမ်းကိုပါ တိုးတက်စေတာဖြစ်ပါတယ်။  လက်ရှိ CMP sectorရျဲ့ supply chain

လုပ်ငန်းစဉ်တစ်လျှောက်  ပြည်တွင်းလုပ်သား ၅ သိန်းလောက်ကို  အလုပ်အကိုင် ဖန်တီးပေးထားနိုင်ပြီး အများစုက အမျိုးသမီးလုပ်သားများဖြစ်နေတာ တွေ့ရပါတယ်။ တစ်ဖက်မှာ လည်း နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး GSPသက်သာခွင့်ရရှိမှုနဲ့ လုပ်သားအင်အား၊ အနည်းဆုံး  လုပ်ခငွေကြေး   သတ်မှတ်ချက်၊ မြေယာတန်ဖိုးကြီးမြင့်မှုစတဲ့   စိန်ခေါ်မှုပေါင်း   များစွာကိုလည်း ရင်ဆိုင်နေရပါတယ်။လတ်တလော EU GSPရုပ်သိမ်းမှုဟာ ဆန်တစ်မျိုးတည်းပေါ် မှာသာ ယာယီရုပ်သိမ်းထားတာဖြစ်ပြီး ကျန်ကုန်ပစ္စည်းတွေအပေါ်မှာ အကောက်ခွန်သက်သာခွင့်   ရရှိနေဆဲပဲဖြစ်ပါတယ်။  အကယ်လို့ ဒီအခွင့်အလမ်းကိုသာ လက်လွှတ်ရမယ်ဆိုလျှင်  မြန်မာ့စီးပွားရေး ပေါ်မှာ ရိုက်ခတ်မှုတစ်ခု ဖြစ်ပေါ်လာနိုင်သလို  အထူးသဖြင့် မြို့ပြ နေ အခြေခံလူတန်းစားတွေရဲ့ဘဝကို ပိုမိုယိုင်နဲ့သွားစေမှာဖြစ်ပါ တယ်။ ဒီအတွက်လည်း EU Fact Finding Missionမြန်မာနိုင်ငံကို လာရောက်တဲ့ ကာလတွေအတွင်းမှာ  သက်ဆိုင်ရာအသင်းအဖွဲ့များ၊ အစိုးရတာဝန်ရှိသူများ၊ လူမှုအသင်းအဖွဲ့များနဲ့တွေ့ဆုံပြီး အခြေခံ လူတန်းစားများ အလုပ်အကိုင်  အခွင့်အလမ်း   ပျောက်ဆုံးမသွားရ အောင်  ညှိနှိုင်းဆောင်ရွက်မှုတွေ   လုပ်ခဲ့ကြတဲ့အတွက် မြန်မာနိုင်ငံ အတွက် ကောင်းသော ရလဒ်တစ်ခုထွက်လာမယ်လို့လည်း မျှော်လင့် ရပါတယ်။ တစ်ဖက်မှာလည်း အထည်ချုပ်တင်ပို့နိုင်မယ့် ဈေးကွက် များ ထပ်မံရှာဖွေခြင်း၊ တန်ဖိုးမြင့်အထည်များချုပ်လုပ်နိုင်ရန် ဆောင် ရွက်ခြင်း၊ CMP စနစ်ကစပြီး

Free On Board(FOB) ? Original Design Manufacturer (ODM)

စနစ်တွေကို ပြောင်းလဲလုပ်ကိုင်နိုင် အောင် ပြင်ဆင်ခြင်း၊  အထည်ချုပ်ကဏ္ဍကနေပြီး  အီလက်ထရော နစ်ပစ္စည်း ထုတ်လုပ်ခြင်းနဲ့ မော်တော်ယာဉ် ထုတ်လုပ်ခြင်းတို့ကဲ့သို့ နည်းပညာ တိုးတက်ပြောင်းလဲထုတ်လုပ်နိုင်အောင်  ရည်မှန်းချက် ထားပြီးပြင်ဆင်ဆောင်ရွက်ရမှာဖြစ်ပါတယ်။EU  မြန်မာကုန်သွယ်မှုပိုမိုတိုးတက်စေ နိုင်ဖို့ ၂၀၁၃ ခုနှစ်မှာ ကတည်းက EU  ကုန်သွယ်ရေး ကိုယ်စားလှယ်ရုံးကိုမြန်မာပြည်မှာ ဖွင့်လှစ်ခဲ့သလို EU  ဈေးကွက်သို့ မြန်မာ့ပို့ကုန်ပစ္စည်းများပိုမို ထိုး ဖောက်နိုင်ဖို့ရည်ရွယ်ပြီး EU  နိုင်ငံများတွင် စီးပွားရေးသံမှူးများ ထားရှိနိုင်ရေး မြန်မာဘက်မှလည်းပြင်ဆင် ဆောင်ရွက်နေပြီဖြစ် ပါတယ်။ ၂၀၁၈ ခုနှစ်အတွင်းမှာ EU GSP အကောက်ခွန်သက်သာ ခွင့်အတွက်   တင်ပို့သူကိုယ်တိုင်    လျှောက်ထားရတ Registered Exporter System(REX) စနစ်အပါအဝင် CMP(အထည်ချုပ်) သွင်းကုန်လိုင်စင်များအတွက် သက်ဆိုင်ရာ ထောက်ခံချက် ပေးရတဲ့ အဖွဲ့အစည်းရုံးဌာနတွေကို လူကိုယ်တိုင်သွားရောက်လျှောက်ထားရန်မလိုဘဲ အွန်လိုင်းပေါ်မှ လုပ်ငန်းစဉ်အားလုံးကိုဆောင်ရွက်နိုင်တဲ့ Digitalization  of  Import  Licencing  systemများကို စီးပွားရေး နှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏     အကောင်အထည်ဖော် ဆောင်ရွက်ပေးခဲ့မှုတွေဟာလည်း EU မြန်မာကုန်သွယ်မှုလျင်မြန် ချောမွေ့စေရေးမှာ တစ်ဖက်တစ်လမ်းက  အထောက်အကူဖြစ်စေ ခဲ့ပါတယ်။

 

မျိုးကေဝင်း