Main menu

Background

မြန်မာနဲ့ ယူကေ၊ မြန်မာနဲ့ အီးယူ ကုန်သွယ်မှုများ --- ဤခရီးနီးသလား

Thu, 02/14/2019 - 14:43 -- journal_editor

     မြန်မာနိုင်ငံ၏ လက်ရှိအခြေအနေများကို ဥရောပသမဂ္ဂ မှ စောင့်ကြည့်လျက်ရှိသည်ကို လူတိုင်းသိထားပြီးဖြစ်ပါတယ်။ အဲ့ဒီလို   စောင့်ကြည့်မှုများနောက်ကွယ်ကနေ  ကုန်သွယ်မှု အပေါ်မည်ကဲ့ သို့အကျိုးသက်ရောက်မှု ရှိလာမည်ဆိုသည်ကို ရင်တထိတ်ထိတ်နဲ့ စောင့်နေကြရတယ်။
ကုန်သွယ်မှုနဲ့ဘယ်လိုဆက်စပ်လဲဆိုတာ စိတ်ဝင်စား စရာ ကောင်းပါတယ်။ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ တင်ပို့ သည့် ကုန်စည်များ ဥရောပနိုင်ငံများ၏ ဈေးကွက်သို့ဝင်ရောက် ခွင့်ပြုထားသည့် Everything But Arm အစီအစဉ်  (EBA) ဆိုတာရှိပါတယ်။ Everything But Armအစီအစဉ်ဆိုသည်မှာ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများမှ   တင်ပို့သည့် ကုန်စည်များ ဥရောပဈေးကွက်သို့ လက်နက်မှအပ ဈေးကွက်ဝင်ရောက် ခွင့်ပြုထားသည့် အစီအစဉ်ဖြစ်ပြီး ၎င်းတို့၏ ဈေးကွက်အတွင်း သို့ ဝင်ရောက်လာသည့် ကုန်စည်များအပေါ် တစ်ဖက်သတ် အကောက်ခွန်ကင်းလွတ်ခွင့်ပြုထားတဲ့Generalised Scheme of Preferences (GSP) အရ အကောက်ခွန်ကင်းလွတ်စွာဖြင့် ၎င်းတို့ရဲ့ဈေးကွက်အတွင်းသို့ ဝင်ရောက်ခွင့်ရရှိတာ ဖြစ်ပါတယ်။
သူတို့ရဲ့Regulations ထဲမှာ ပြဋ္ဌာန်းထားတဲ့ Provision  တစ်ခုဟာ EBAကို ဘယ်လို ခွင့်ပြုမယ်ဆိုတဲ့ ပြဋ္ဌာန်းချက်ဖြစ်နေ ပါ တယ်။ အဲ့ဒီ EBA  ကို ရရှိဖို့ဆိုရင် ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံများ ဟာ နိုင်ငံတကာလူ့အခွင့်အရေး ၁၅ မျိုးနဲ့ International Labor Organization – ILO Convention  များ၏ Principles များကို လိုက်နာရမှာဖြစ်ပါတယ်။ သူတို့တွေ ဆီမှာGSP Plus ဆိုတဲ့ အစီ အစဉ်လည်း ရှိပြီးတောLDC တွေရတGSP  ကGSP  Plus ကျ များ လိုက်နာရတဲ့ စည်းမျဉ်းများထက် ပိုပြီးပျော့ပြောင်းတယ်လို့ဆိုထားပါတယ်။
လက်ရှိမှာ EU  ဟာ မြန်မာနိုင်ငံကိုGSP  အခွင့်အရေးရပ် ဆိုင်းမလို အခြေအနေဖြစ်နေပြီးGSP  အခွင့်အရေးများ တကယ် ပဲရပ်ဆိုင်းတော့မယ်ဆိုရင် ဘယ်လိုပြင်ဆင်ဆောင်ရွက်ကြမလဲ။ ပြင်ဆင်ချိန်မှ ရှိပါ့မလား။ ကုန်သွယ်မှုပမာဏအပေါ် သက် ရောက်မှုတွေ  ဘယ်လိုရှိလာနိုင်သလဲစသည်ဖြင့် စိုးရိမ်ပူပန်မှု များရှိနေကြရပြီ။ ဒါကြောင့် သူတို့ရဲ့လုပ်ငန်းစဉ်တွေကို ပြော ပြပေးချင်တာ ဖြစ်ပါတယ်။
၎င်းတို့ရဲ့မစ်ရှင်ဟာ လာမယ့် နှစ်ပတ်ကာလအတွင်းမှာ မြန်မာနိုင်ငံကို လာရောက်ဖို့ရှိပါတယ်။ အဲ့ဒီမစ်ရှင်ဟာ နယ် ပယ် (၈) ခုအပေါ်မှာ ဦးစားပေးဆောင်ရွက်မှာဖြစ်ပြီး ၎င်းတို့ရဲ့ မြန်မာနိုင်ငံသို့ လာရောက်တဲ့ ခရီးစဉ်ကာလအတွင်း လူ့အခွင့် အရေးနဲ့ အလုပ်သမားအခွင့်အရေးများကို အဓိကအလေးပေး ဆွေးနွေးကြမှာ ဖြစ်ပါတယ်။ အဲ့ဒီမစ်ရှင်ဟာ အီးယူကော်မရှင် နာထံ အဆိုပြုတင်ပြမယ့်အဖွဲ့ ဖြစ်တယ်။ ၎င်းတို့ရဲ့တင်ပြချက် အပေါ်မူတည်ပြီး အီးယူအဖွဲ့ဝင်နိုင်ငံများရဲ့ သဘောထားကို ဆွေးနွေးတိုင်ပင်ကြ မှာဖြစ်ပါတယ်။ အဲ့ဒီဆွေးနွေးတိုင်ပင်ခြင်း ကနေ ထွက်လာမယ့် ဆုံးဖြတ်ချက်ဟာGSP ရဲ့အာတီကယ်  ၁၉ ကို ကျင့်သုံးမယ်၊ မကျင့်သုံးဘူးဆိုတဲ့အဖြေ  ထွက်လာမှာ ဖြစ်ပါတယ်။GSP ရဲ့ အာတီကယ် ၁၉ ဆိုတာGSP အခွင့်အရေး ပေးထားသော ကုန်စည်များ အားလုံး (သို့မဟုတ်) တချို့ကုန် စည်ကို ယာယီ ပြန်လည်ရုပ်သိမ်းတဲ့ နည်းလမ်းဖြစ်ပါတယ်။
အကယ်၍GSP  ရဲ့ အာတီကယ် ၁၉ ကိုချမှတ်မယ်လို့ ဆုံးဖြတ်ခဲ့ရင် ဆုံးဖြတ်ချက်ချပြီး ခြောက်လ တိတိဟာ စုံစမ်းစစ်ဆေးတဲ့ ကာလဖြစ်တယ်။ နောက်ထပ် ခြောက်လတိတိဟာ ပြန်လည် ရုပ်သိမ်းခြင်းခံရတဲ့ နိုင်ငံနဲ့  စစ်ဆေးတွေ့ရှိချက်ရလဒ်တွေကို ဆွေးနွေးမှာဖြစ်တယ်။ အဲ့ဒီ တစ်နှစ်ကာလ ပြီးဆုံးတဲ့နောက် ပိုင်းမှာ ကော်မရှင်နာဟာ နောက်ဆုံးဆုံးဖြတ်ချက်ကို ချမှတ်မှာ ဖြစ်ပါတယ်။ အဲဒီလို ဆုံးဖြတ်ချက်ချပြီး ၁၀ လဟာ ၎င်းဆုံးဖြတ် ချက် Entry into Force  မဖြစ်ခငGrace Period ဖြစ်ပါတယ်။ ဒါ့ကြောငGSP အခွင့်အရေး ရရှိနေတဲ့ ကုန်စည်တွေအတွက် အာတီကယ် ၁၉ အရ အခွင့်အရေးတွေ ယာယီပြန်လည်ရုပ်သိမ်း ခံရမယ်ဆိုရင် အဲဒီဆုံးဖြတ်ချက်ကို သိပြီးတာနဲ့ စုစုပေါင်း တစ် နှစ်နဲ့ ၁၀ လ ပြင်ဆင်ချိန်ရမယ်လို့ သုံးသပ်တွေ့ရှိရပါတယ်။
ဒါဆိုရင် ဘယ်လိုလုပ်ငန်းတွေက ကြိုတင်ပြင်ဆင်ကြမလဲ ဆိုတာကို စဉ်းစားကြည့်တဲ့အခါ အီးယူဈေးကွက်ကို  တင်ပို့တဲ့ သက်တမ်းတိုးစာချုပ်နဲ့ဆောင်ရွက်တဲ့လုပ်ငန်းများထက် သက် တမ်းရှည် စာချုပ်ရှိတဲ့သူတွေ သတိထားရတော့မယ်လို့ တွေး မိတယ်။ ဒါကြောင့် ဒီသတင်းလေးကို မျှဝေချင်တာဖြစ်ပါတယ်။
နောက်တစ်ခုက အီးယူကနေ ယူကေထွက်မယ့်BREXIT  ကိစ္စ ဖြစ်တယ်။ ဒါလည်း ကုန်သွယ်မှုကို ရိုက်ခတ်တော့မယ်။ ဘာဖြစ်လို့ လဲဆိုရင် ယူကေဟာ အီးယူအဖွဲ့ဝင်နိုင်ငံဖြစ်နေလို့ သာ အရှေ့ မှာ ဖော်ပြခဲ့တGSP  အစီအစဉ်နဲ့မြန်မာ့ထွက်ကုန်တွေ ယူကေရဲ့ ဈေးကွက်ထဲကို ရောက်နေတာဖြစ်တယ်။ အကယ်လို့ သူသာ အီးယူကနေ ထွက်သွားမယ်ဆိုရင် မြန်မာ့ထွက်ကုန်တွေ ယူကေ ဈေးကွက်ထဲကို အကောက်ခွန်သက်သာခွင့်နဲ့ ဝင်ရောက် ခွင့်ရဖို့ဆိုတာ နှစ်နိုင်ငံချင်း သီးခြားပြောကြရတော့မှာလား။ မြန်မာ-ယူကေတို့ရဲ့ကုန်သွယ်မှုခရီး  ဘယ်လိုဆက်ကြမလဲ စဉ်း စားရတော့မယ်။ ယူကေကိုပို့နေတဲ့ လုပ်ငန်းတွေအတွက် ကြိုတင်ပြင်ဆင်ကြရတော့မယ်။  အီးယူနိုင်ငံများ  အားလုံးဆီကို   တစ်ဖက်သတ် အကောက်ခွန်သက် သာခွင့်နဲ့ပို့နေတဲ့ ပမာဏရဲ့ ၂၀ ရာခိုင်နှုန်းခန့်ဟာ နှစ်စဉ် ယူကေနိုင်ငံဆီကို ပို့နေခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် မြန်မာနဲ့ယူကေ၊ မြန်မာနဲ့ အီးယူ ကုန်သွယ် မှုများ--  “ဤခရီးနီးသလား။

ဝင်းမင်းဖြိုး