Main menu

Background

မြန်မာ့ဝဥ စိုက်ပျိုးထုတ်လုပ်မှု မြင့်မားခြင်းမှ ဈေးကွက်ခိုင်မာရေးဆီသို့ . . . .

Thu, 07/11/2019 - 13:06 -- journal_editor

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊  ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ဇွန် ၁၂ ရက်တွင် တရုတ်နိုင်ငံ ကူမင်း မြို့Dianchi International Convention and Exhibition Center ၌ ကျင်းပပြုလုပ်သည့် တောင်နှင့်အရှေ့တောင်အာရှ ကုန်စည်ပြပွဲနှင့် ရင်းနှီးမြှုပ်နှံမှုပွဲတော် ၂၀၁၉ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ခဲ့သည်။ ပြည်ထောင်စုဝန်ကြီးသည် ချင်းပြည်နယ်ဝန်ကြီးချုပ် ဦးဆလိုင်း လျန်လွယ်နှင့်အတူ  ချင်းတောင်ရတနာ ကုမ္ပဏီနှင့် တရုတ်ပြည်သူ့ သမ္မတနိုင်ငံ Sichuan Newstar Konijac Co.Ltd. တို့အကြား ဝဥ နည်းပညာနှင့် အရည်အသွေးမြှင့်တင်မှု ပူးပေါင်းဆောင်ရွက်ရေးနှင့် အရည်အသွေးမြင့် ဝဥခြောက်ရောင်းဝယ်ရေး  နားလည်မှု သဘောတူစာချုပ်ချုပ်ဆိုပွဲသို့ တက်ရောက်ခဲ့ကြောင်းနှင့် ချင်းပြည်နယ်မှ ဝဥ နှစ်စဉ်တန်ချိန် ၅၀၀ ခန့် ခန့်မှန်းတန်ဖိုးအမေရိကန်ဒေါ်လာ ၅ သန်း ရောင်းဝယ်ရေး စာချုပ်နှင့်အခြား ကုန်သွယ်မှုစာချုပ်များကို လက် မှတ်ရေးထိုးနို င်ခဲ့ကြောင်း ဇွန် ၁၃ ရက်တွင် ထုတ်ဝေသည့် မြန်မာ့ အလင်းသတင်းစာအရသိရှိရသည်။ ထိုသို့ဈေးကွက်ခိုင်မာမှု အလား အလာကောင်းများ ပေါ်ပေါက်လာပြီဖြစ်သည့်အတွက် စိုက်ပျိုးထုတ် လုပ်မှုကဏ္ဍကို အားပေးမြှင့်တင်ရန် လိုအပ်လာပြီဖြစ်သည်။ ဝဥကို အင်္ဂလိပ်အမည်  Yam ဟုခေါ်ဆိုပြီး နိုင်ငံတကာအခေါ် အဝေါ်မှာ Elephant  foot  ဖြစ်ပါသည်။ ဝဥ၏ မူရင်းဒေသမှာ အရှေ့ တောင်အာရှ  အင်ဒိုနီးရှားကျွန်းဆွယ်ဖြစ်ပြီး အပူပိုင်းဒေသနှင့် အာဖရိ ကဒေသများတွင် သဘာဝအလျောက် ပေါက်ရောက်ပါသည်။ ကမ္ဘာတွင် ဝဥမျိုးပေါင်း ၁၃၀ ခန့်ရှိပြီး ၁၂ မျိုးခန့်ကိုသာ ဖော်ထုတ်သုံးစွဲလျက်ရှိကြောင်း သိရှိရသည်။ အာဖရိက၊ တောင်အာရှ၊ အရှေ့ တောင်အာရှနှင့် အပူပိုင်း ပစိဖိတ်ကျွန်းများတွင် အဓိကစိုက်ပျိုးသည့် အပူပိုင်းဥသီးနှံဖြစ်သည်။ ဝဥ စတင်ပေါက်ရောက်သော ဒေသသည် အင်ဒိုနီးရှားကျွန်းဆွယ်ဖြစ်ပြီး ဂျပန်နိုင်ငံကို ခရစ်နှစ် ၇၀၀ မတိုင်မီက ကိုရီးယားနိုင်ငံဘက်မှတစ်ဆင့် ဆေးဝါး အနွယ်အဖြစ် ဝင်ရောက်ခဲ့ကာ နာရာ့ခေတ်တွင် တရုတ်ပြည်ဘက်မှတစ်ဆင့် ဆေးဝါးအဖြစ် စတင်ယူဆောင်စိုက်ပျိုးခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
      မြန်မာနိုင်ငံတွင် ဝဥပင်များကို ကရင်ပြည်နယ်၊ ကချင်ပြည် နယ်၊ မွန်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်းနှင့် မြောက်ပိုင်း၊ စစ်ကိုင်း တိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ ဧရာ ဝတီတိုင်းဒေသကြီးနှ င့် မကွေးတိုင်းဒေသကြီးများရှိ သစ်ရိပ်၊ ဝါးရိပ် ကောင်း၊ အစိုဓာတ်ကောင်းသည့်နေရာများတွင် သဘာဝအလျောက် အမြောက်အမြားပေါက်ရောက်လျက်ရှိသည်။ ယခုအခါ ဝဥခြောက် လုပ်ငန်းများ ပိုမိုတွင်ကျယ်လာသဖြင့် စိုက် ခင်းများဖြင့် စနစ်တကျ စိုက်ပျိုးလာကြပြီး ဝဥတူးဖော် ရောင်းချသူများလည်း များပြားလျက်ရှိကာ နိုင်ငံခြားဝင်ငွေ ရှာဖွေပေးလျက်ရှိသည်။ မြန်မာနိုင်ငံတွင် ဒေသ အလိုက် ဝဥမျိုးများပေါက်ရောက်ဖြစ်ထွန်းနေမှုကို လေ့လာကြ ည့်လျှင်  ပဲခူးတိုင်းဒေသကြီး၊  သာယာဝတီ၊  မော်လမြိုင်ဒေသများမှာ Amorphophallus Purpuraceans ဝဥမျိုးဖြစ်ထွန်းပါသည်။ မြစ်ကြီးနား၊ ကသာဒေသတွင် A.Bulbifer ဝဥမျိုးနှင့် A.Karamsis မျိုးများ၊ သာယာဝတီမြို့န ယ်နှင့် စစ်တောင်းမြစ်ဝှမ်းဒေသများတွင် A.Choloro- spathus ဝဥမျိုး၊ ကရင်ပြည်နယ်နှင့် တောင်တန်းဒေသများတွင် A.Oneophyllum မျိုးနှင့် A.Burmaicus ဝဥများ၊ ရှမ်းပြည်နယ် တောင်ပိုင်း၊ မြောက်ပိုင်းနှင့် ပြင်ဦးလွင်၊ မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင်  A.Campanulatus  မျိုးနှင့်  A.Conjak ဝဥမျိုးများ ပေါက်ရောက်ဖြစ်ထွန်းသည်။ ဝဥကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံများတွင် စားသောက်ကုန် ထုတ်လုပ်ခြင်း၊ စက်မှုကုန်ကြမ်း ပြုလုပ်ခြင်း၊ အလှကုန်ပစ္စည်းများ ထုတ်လုပ်ခြင်း၊ ဆေးဝါးထုတ်လုပ်ခြင်း၊ ဘေးထွက်ပစ္စည်းများအား တိရစ္ဆာန်အစားအစာအဖြစ် တွင်ကျယ်စွာအသုံးပြုလျက်ရှိသည်-
    (က)    စားသောက်ကုန်များအနေဖြင့် အသင့်စား အသားတု စားကုန်များ၊ ဂျယ်လီအမျိုးမျိုး၊ ခေါက်ဆွဲအမျိုးအမျိုး၊ ဂျုံမှုန့်အစားထိုး ဝဥအမှုန့်အဖြစ်အသုံးပြုခြင်း။
    (ခ)    စက်မှုကုန်ကြမ်းအနေဖြင့် ဆေးဆိုးပန်းရိုက်လုပ်ငန်း၊ စာရေးကိရိယာများတွင် အသုံးပြုသည့်ကော်ပြုလုပ် ခြင်း။
    ( ဂ )    အလှကုန်ပစ္စည်းများတွင် မျက်နှာပေါင်းတင်ဆေး ကော်ရည်အဖြစ် ပြုလုပ်သုံးစွဲခြင်း။
    (ဃ)    ဆေးဝါးထုတ်လုပ်ခြင်းအနေဖြင့် အခြောက်ခံပြီး ဝဥ (သို့)အမြစ်တွင်  Glucomannan ၄၀ ရာခိုင်နှုန်း ပါဝင်သည့်အတွက် ကိုယ်အလေးချိန်လျော့ကျစေရန်၊ ဝမ်း ချုပ်ခြင်း၊ အဝလွန်ကဲခြင်း၊ ဆီးချိုရောဂါ  ကုသခြင်း၊ ဆီးချိုခြေမအနာကုသခြင်း၊  သိုင်းရွိုက်ကုသခြင်း၊ သွေးတိုးရောဂါကုသခြင်း စသည့်ဆေးဝါးများ  ထုတ် လုပ်ရာတွင်အသုံးပြုခြင်း။
    (င)    ဝဥအခြောက်ကို ကြိတ်ခွဲရာတွင် ဂျုံမှုန့်ကဲ့သို့ ပေါ့ပါး သည့် အမှုန့်နှင့် သကြားကဲ့သို့လေးသည့် (Man-Non) မန်နန်ပွင့်များရရှိပြီး  ပေါ့ပါးသည့် ဝဥအမှုန့်များကို တိရစ္ဆာန်အစာအဖြစ် အသုံးပြုခြင်း။
ဂျပန်နိုင်ငံတွင် အမှုန့်ပြုလုပ်၍ ကော်ပြန့်၊ ခေါက်ဆွဲ၊ ဖိလစ်ပိုင် နိုင်ငံတွင် ပေါင်မုန့်၊ အရက်၊ ဝိုင်ချက်လုပ်ခြင်း၊  တရုတ်နိုင်ငံတွင် အစားအစာ၊ ခေါက်ဆွဲ၊ အသားတုနှင့် မုန့်များပြုလုပ်ခြင်းတို့တွင် ထည့်သွင်းအသုံးပြုကြပြီး ကိုလက်စထရောကျဆေး၊ အဆီကျဆေး များဖော်စပ်ရာတွင်လည်း ဆေးဝါးအဖြစ် အသုံးပြုကြသည်။

ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုအခြေအနေ
     ဈေးကွက် ခိုင်မာအားကောင်းလာပြီဆိုလျှင် စိုက်ပျိုးထုတ်လုပ် မှု တိုးတက်များပြားလာရေး၊ အရည်အသွေးမြင့် ထုတ်ကုန်များရရှိရေး တို့အတွက် စနစ်တကျ အားပေးလုပ်ကိုင်ကြရမည်ဖြစ်သည်။ စိုက်ပျိုး ထုတ်လုပ်မှု တိုး တက်များပြားလာပြီဆိုပါက ဈေးကွက်ခိုင်မာရေး အတွက် လုပ်ဆောင်ရမည်ဖြစ်သည်။ ဝဥမှာစားသုံးမှုနှုန်း မြင့်မားကာ ပြည်ပဝယ်လိုအား များလျက်ရှိပြီး ဈေးကွက်ခိုင်မာသည့် အနေအထားတွင်ရှိနေသည့်အတွက် မြန်မာနိုင်ငံမှ စိုက်ပျိုးထုတ်လုပ်မှုက အားကောင်းလာစေရန် လုပ်ဆောင်ကြရမည်ဖြစ်သည်။ ရှေးယခင် အလေ့ကျပေါက်ရောက်မှုများမှ ယခုအခါစီးပွားဖြစ် စိုက်ပျိုးလာခဲ့ကြသော်လည်း ဈေးကွက်စဉ်ဆက်မပြတ် တိုးတက်ရန်မှာ စနစ်တကျ စိုက်ပျိုးထုတ်လုပ်ရန် အရေးကြီးလာပြီဖြစ်သည်။ မြန်မာနိုင်ငံတွင် ဝဥကို ချင်းပြည်နယ်တွင် အများဆုံးနှင့် စီးပွားဖြစ် စိုက်ပျိုးထုတ်လုပ်လျက် ရှိပြီး အခြားသော ပြည်နယ်နှင့် တိုင်းဒေသကြီးများတွင်လည်း စိုက် ပျိုးလျက်ရှိသည် ကို တွေ့ရှိရသည်။ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် တိုင်းဒေသကြီး/ပြည်နယ်အလိုက် ဧက ၁၃၀၀၀ ကျော် စိုက်ပျိုးထား ပြီး အများဆုံးစိုက်ပျိုးထုတ်လုပ်သည့် ချင်းပြည်နယ်၌ ဝဥစိုက်ဧက စုစုပေါင်း ၈၈၄၈ ဧက  စိုက်ပျိုးလျက် ရှိကြောင်း သိရှိရသည်။ တိုင်း ဒေသကြီး/ပြည်နယ်အလိုက် စိုက်ပျိုးထုတ်လုပ်မှုအခြေအနေအား လေ့လာကြည့်ရာ အောက်ပါအတိုင်းတွေ့ရှိရသည်-

၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်၊ တိုင်းဒေသကြီး၊ ပြည်နယ်အလိုက် ဝဥစိုက်ပျိုးထွက်ရှိမှုအခြေအနေ
    စဉ်    တိုင်း/ပြည်နယ်    စိုက်ဧက    အထွက်နှုန်း    အထွက် (ပိဿာ)
                (ပိဿာ)    အစို    အခြောက်
    ၁    ချင်းပြည်နယ်    ၈၈၄၈    ၆၁၉၉  .၂၀    ၅၄၈၅၀၅၂၂    ၉၁၄၁၇၅၄
    ၂    ကရင်ပြည်နယ်    ၃၀၃၃    ၁၃၄၇  .၂၈    ၄၀၈၆၃၀၀    ၆၈၁၀၅၀
    ၃    စစ်ကိုင်းတိုင်းဒေသကြီး    ၃၁    ၂၅၀၀    ၇၇၅၀၀    ၁၂၉၁၇
    ၄    ပဲခူးတိုင်းဒေသကြီး    ၂၇    ၅၆၀၀    ၁၅၁၂၀၀    ၂၅၂၀၀
    ၅    မကွေးတိုင်းဒေသကြီး    ၅၇၁    ၅၀၀၀    ၂၈၅၅၀၀၀    ၄၇၅၈၃၃
    ၆    ရခိုင်ပြည်နယ်    ၁    ၉၀၀    ၉၀၀    ၁၅၀
    ၇    ရှမ်းပြည်(တောင်)    ၆၀၀    ၆၂၀၀    ၃၇၂၀၀၀၀    ၆၂၀၀၀၀
    ၈    ရှမ်းပြည်(အရှေ့)    ၃    ၁၂၀၀    ၃၆၀၀    ၆၀၀
    ၉    ဧရာဝတီတိုင်းဒေသကြီး    ၉၀    ၂၀၀၀    ၁၈၀၀၀၀    ၃၀၀၀၀
         ပြည်ထောင်စုချုပ်    ၁၃၂၀၄    ၄၉၉၂  .၈၁    ၆၅၉၂၅၀၂၂    ၁၀၉၈၇၅၀၄

       ဝဥအများဆုံး စိုက်ပျိုးထုတ်လုပ်သည့်ချင်းပြည်နယ်၌ ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် ဝဥစိုက်ဧက စုစုပေါင်းမှာ ၈၈၄၈ ဧကရှိသည့် အနက် အများဆုံးစိုက်ပျိုးသည့်မြို့နယ်များမှာ ချင်းပြည်နယ် တောင် ပိုင်း မင်းတပ်မြို့နယ် တွင် ၃၁၉၀ ဧက၊ မတူပီမြို့နယ်တွင် ၁၇၂၁ ဧက၊ ရေဇွာမြို့နယ်တွင် ၁၁၉၁ ဧက၊ ချင်းပြည်နယ်မြောက်ပိုင်း၊ တီးတိန် မြို့နယ်တွင် ၇၁၁ ဧက စိုက်ပျိုးထုတ်လုပ်လျက်ရှိသည်။  ပြည်နယ် လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်း အင်းဦးစီးဌာန၊ ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနတို့၏  သီးနှံစာရင်းအရ ၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်နေ့အထိ ချင်းပြည်နယ်၏ မြို့နယ်အလိုက် ဝဥသီးနှံစိုက်ပျိုးထွက် ရှိမှုစာရင်းများကို အောက်ပါအတိုင်း ဖော်ပြအပ်ပါသည်-

ပြည်တွင်း၊ ပြည်ပဈေးကွက်နှင့် အလားအလာကောင်းများ
      မြန်မာနိုင်ငံမှထွက်ရှိသည့် ဝဥများကို ၁၉၇၂ ခုနှစ်မှစတင်၍ ပြည်ပနိုင်ငံများက စိတ်ဝင်စားခဲ့ပြီး ဂျပန်နိုင်ငံမှ ဝဥစိုက်ပျိုးရေးပညာရှင်များက မြန်မာနိုင်ငံသို့လာရောက်၍ မြန်မာဝဥများကို စစ်ဆေး ကြည့်ရှုခဲ့ရာ မြန်မာနိုင်ငံမှ ဝဥသည် အင်ဒိုနီးရှားနိုင်ငံမှ Dry Chip ပြုလုပ်၍ ၎င်းင်းတို့ဝယ်ယူသော ဝဥများထက် အရည်အသွေးကောင်းမွန်ကြောင်း သိရှိခဲ့သည့်အတွက် ဂျပန်နိုင်ငံက ယနေ့တိုင် မြန်မာနိုင်ငံထွက် ဝဥများကို ဝယ်ယူနေကြောင်း သိရှိရ သည်။ မြန်မာနိုင်ငံထွက် ဝဥများကို တရုတ်နိုင်ငံနှင့် ဂျပန်နိုင်ငံတို့က အဓိကဝယ်ယူနေပြီး တရုတ်နိုင်ငံသို့တင်ပို့သည့် ဝဥများကို မန္တလေးဈေးကွက်သို့လည်းကောင်း၊ ဂျပန်သို့ တင်ပို့မည့်ဝဥများကို ရန်ကုန်ဈေးကွက်သို့ လည်းေ ကာင်း တင်ပို့ရောင်းချရကြောင်း သိရှိရသည်။ ဝဥတွင် ကျန်းမာရေးကောင်းကျိုးများနှင့် အသုံးချမှုအများအပြား ရှိသော်လည်း မြန်မာနိုင်ငံ၌ သုံးစွဲမှုမများသေး သည်ကို တွေ့ရှိရသည်။ ပြည်ပတင်ပို့မှုတွင် တရုတ်သို့ ၈၅ ရာခိုင်နှု န်းနှင့် ဂျပန်နိုင်ငံသို့ ၁၅ ရာခိုင်နှုန်း အသီးသီး တင်ပို့လျက်ရှိသည်။

    ချင်းပြည်နယ်ထွက်ဝဥသည် အခြားဒေသတွင်ထွက်သောဝဥထက် အရည်အသွေး၊ အရသာ ပိုမို ကောင်းမွန်ကြောင်းသိရှိရသည်။ ဝဥများကို မန္တလေးမြို့နှင့် မူဆယ်မြိုများသို့ တင်ပို့ရောင်းချကြသည့်အပြင် အိန္ဒိယ၊ ကိုရီး ယား၊ တရုတ်၊ ဖိလစ်ပိုင်၊ အင်ဒိုနီးရှားနှင့် ဂျပန်နိုင်ငံတို့မှ ဝယ်ယူလျက်ရှိသော ဝဥအခြောက် မှုန့်ကို မင်းတပ်မြို့နယ်အတွင်း ကျေးရွာများမှ ကုန်ကြမ်းဝယ်ယူ၍ အမှုန့်ပြုလုပ်တင်ပို့လျက်ရှိသည်။ မြန်မာနိုင်ငံဈေးကွက်တွင် အရော င်းအဝယ်ပြုလုပ်နေသော ဝဥအမျိုးအစားမှာသုံးမျိုးရှိပြီး အနီ၊ အဝါနှင့် အဖြူရောင်တို့ဖြစ်ကာ အနီရောင်မှာ ပထမတန်းစား၊ အဝါရောင်မှာ ဒုတိယတန်းစားနှင့် အဖြူရောင်မှာ တတိယတန်းစားတို့ဖြစ်ကြောင်း သိရသည်။ချင်းပြည် နယ်ဒေသတွင်းတွင် ယခင်နှစ်များ၌ ဝဥအစို တစ်ပိဿာလျှင် ကျပ် ၆၀၀ မှ ကျပ် ၁၀၀၀ သာရရှိကြပြီး ယခုနှစ်တစ်ရာသီလုံး အစိုတစ်ပိဿာလျှင် ကျပ် ၁၀၀၀ မှ ကျပ် ၂၀၀၀ နှင့် ဝဥအခြောက်တစ်ပိဿာလျှင် ကျပ် ၉၀၀၀ မှ ကျပ် ၁၂၀၀၀ ရရှိကြောင်း သိရှိရသည်။

     ဂျပန်နိုင်ငံအနေဖြင့် အရည်အသွေးပိုင်းတွင် သေချာစစ်ဆေးပြီး တရုတ်နိုင်ငံထက် ဈေးပိုပေး ကြောင်း သိရှိရသည်။ သို့သော် ချင်းပြည်နယ်မှ ဝဥစိုက်တောင်သူများသည် မိရိုးဖလာအတိုင်း သိုလှောင် သိမ်းဆည်းထားသဖြင့် အရည်အသွေးပိုင်းတွင် အားနည်းမှုများဖြစ်ပေါ်ကာ လိုသလောက်မရောင်းချနိုင် ကြောင်းလည်း သိရှိရသည်။ ထို့ကြောင့် အခြောက်ခံသိုလှောင်မှုအား စနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ဝဥအခြောက်ခံပြုပြင်ထုတ်လုပ်သည့် စက်ရုံကို တည်ဆောက် လျက်ရှိကြောင်း သိရှိရသည်။ အဆိုပါစက်ရုံအား အောက်တိုဘာလမှ မတ်လအထိ ခြောက်လကြာ လည် ပတ်မည်ဖြစ်ပြီး ဝဥတန်ချိန် ၅၀၀ ကျော် အခြောက်ခံနိုင် မည်ဖြစ်သည်။ ဝဥအခြောက်ခံစက်အနေဖြင့် ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင် အခြောက်ခံစက်တစ်လုံး၊ ကန်ပက်လက်မြို့နယ်တွင် ဂျာမနီနှင့် တရုတ်နိုင်ငံထုတ် အခြောက်ခံစက်နှစ်လုံး အသီးသီးဆောက်လုပ်၍ ပြုလုပ်ဆောင် ရွက်လျက်ရှိသည်။ ထိုသို့ အရည်အသွေးပိုင်းကို စနစ်တကျပြုလုပ်၍ ထုတ်လုပ်မှသာလျှင် ရေရှည်ဈေးကွက် ခိုင်မာနိုင်မည် ဖြစ်သည်။ ဂျပန်နိုင်ငံအနေဖြင့် လက်ရှိအချိန်တွင် ဝဥတင်ပို့မှုအတွက် မြန်မာ၊ ကမ္ဘောဒီးယား၊ လာအို၊ သီရိလင်္ကာနိုင်ငံတို့အား မက်ထရစ်တန် ၂၄၀ အထိ အခွန်ကင်းလွတ်ခွင့်ပေးထားပြီး ခွင့်ပြုတန်ချိန် ခွဲတမ်းကျော်သွားပါက တစ်တန်လျှင်၂၉ ဒေါ်လာအခွန်ကောက်ကြောင်း သိရှိရသည်။ အဆိုပါ လေးနိုင်ငံ တွင် မြန်မာနိုင်ငံက ဝဥအထွက်နှုန်းများခြင်းကြောင့် ဈေးကွက်တိုးချဲ့ရန်အလားအလာကောင်းများ ပိုင်ဆိုင်လျက်ရှိနေသည်။

ဝဥစိုက်ပျိုးထုတ်လုပ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ခြင်းမှ ခိုင်မာသောဈေးကွက်အဖြစ် ဖော်ဆောင်နိုင်စေဖို့  . . . . .
       ချင်းပြည်နယ်တွင် ၂၀၁၁ ခုနှစ် သြဂုတ် ၁၉ ရက်၌ အာရုံဦးဝဥစိုက်ပျိုး ထုတ်လုပ်ရေးအစုအဖွဲ့ကို အသင်းသား ၁၅၀ ဦးဖြင့် ဖွဲ့စည်းခဲ့ကြောင်း သိရှိရသည်။ ပညာရေးဝန်ကြီးဌာန၊ သုတေသနနှင့် လေ့ကျင့် ရေးဦးစီးဌာနမှ ဝဥတုံပြုလုပ်နည်းသင်တန်းကို ဟားခါးမြို့တွင်သင်တန်းသား ၅၀ ဖြင့် တစ်ကြိမ်၊ မင်းတပ် မြို့တွင် သင်တန်းသား ၇၀ ဦးဖြင့် တစ်ကြိမ် စုစုပါင်း နှစ်ကြိမ် သင်တန်းပို့ချပေးပြီးဖြစ်သည်။ ထိုသို့ ဝဥ စိုက်ပျိုးထုတ်လုပ်မှုနှင့် ဈေးကွ က်ကောင်းမွန်ရန်အတွက် အသင်းအဖွဲ့၊ အစုအဖွဲ့များဖြင့် စုပေါင်း ဆောင် ရွက်ကြရမည်ဖြစ်သည်။ ပို့ကုန်အလားအလာရှိသော ဝဥ စိုက်ပျိုးထုတ်လုပ်မှု တိုးတက်အောင်မြင်လာစေရန်အတွက် ဝဥစိုက်ပျိုး ထုတ်လုပ်မှုနည်းပညာ များ၊ ရင်းနှီးမြှုပ်နှံမှုများ၊ သွင်းအားစုများ၊ စိုက်ဧကတိုးချဲ့နိုင်ရေးဆောင် ရွက်ပေးမည့် အစီအစဉ်များ စိုက်ပျိုးထုတ်လုပ်နိုင်စွမ်းမြှင့်တင်ရေးအတွက် ဘက်ပေါင်းစုံမှ အကူအညီပေးမှုများ ဆောင်ရွက်ပေးရန် လိုအပ်ပါသည်။ ဝဥကို လက်ရှိအခြေအနေတွင် ဝဥခြောက်ကုန်ကြမ်း အဖြစ်သာ တင်ပို့နိုင်ပြီး အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြားခြင်းတို့ကဲ့သို့ တန်ဖိုးမြင့်ထုတ်ကုန်အဖြစ် ပြောင်းလဲ ထုတ်လုပ်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန် လိုအပ်ပါသည်။ နည်းပညာ အားနည်းမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိုက် ဧကတိုးချဲ့နိုင်မှု အခက်အခဲများကြောင့် အလားအလာကောင်းသော သီးနှံထုတ်လုပ်မှုဖြစ်သော်လည်း ပို့ကုန်မြှင့်တင်နိုင်မှုအနေဖြင့် အားနည်းနေသေးကြောင်း သုံးသပ်ရရှိပါသည်။
      ပြည်တွင်းဈေးကွက်ခိုင်မာစေရန် ပြည်တွင်းစားသုံးမှုများပြားလာအောင် လုပ်ဆောင်ရန် လိုအပ် ပါသည်။ ပြည်တွင်းစားသုံးမှုများလာခြင်းသည် စိုက်ပျိုးထုတ်လုပ်မှု ရေရှည်တည်တံ့ရေးအတွက် အထောက်အပံ့ကောင်း တစ် ရပ်ပင်ဖြစ်ရာ စားသုံးမှုများလာအောင် ဆောင်ရွက်ကြရပေမည်။ ဝဥမှုန့်၊ ဝဥတုံ၊ အသားတု၊ yam ship၊ ဆေးဝါး စသည်တို့ကို ထုတ်လုပ်၍ ပြည်တွင်းဈေးကွက် ဖန်တီးရမည်ဖြစ်သည်။ ထို့ပြင် အခြားသော လူသုံးကုန်ပစ္စည်းများ၊ အလှကုန်များ စသဖြင့် တန်ဖိုးမြှင့်ထုတ်ကုန်များ ထုတ်လုပ်၍ ပြည်တွင်း၊ ပြည်ပဈေးကွက်များသို့ တင်ပို့ရောင်းချနိုင်သည်အထိ ပြုလုပ်ဆောင်ရွက်သင့်ပါသည်။ ဂျပန်နှင့် တရုတ်နိုင်ငံမှ ဝယ်လိုအားကောင်းသော ဝဥ(ခေါ်)ဖျံဥကို အရည်အသွေးမြင့် နိုင်ငံခြားပို့ကုန်အဖြစ် တင်ပို့နိုင်ရန် အစိုးရဌာနများ၊ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များအနေဖြင့် အစီအစဉ်များချမှတ်ကာ ပူးပေါင်းဆောင်ရွက်ကြရမည် ဖြစ်သည်။ ပုဂ္ဂလိကကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း များ၊ ပြည်တွင်းကုန်သွယ်မှု ဖွံ့ဖြိုးလာရေးတို့အတွက် ပြည်ထောင်စုအစိုးရ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုးရများ၊ အသင်းအဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက် နိုင်မည့် အစီအမံများ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်း၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လက်အောက်ရှိ စားသုံးသူရေးရာ  ွျှနဘျငအန တွင် ထုတ်ပြန်ပေးရန် စီစဉ်ခြင်း၊ ဈေးကွက်ဝင်သီးနှံများ တိုးချဲ့စိုက် ပျိုးထုတ်လုပ်နိုင်ရေးအတွက် သီးနှံအလိုက်အသင်းအဖွဲ့များ၊ အစုအဖွဲ့များ၊သီးနှံစိုက် ပျိုး ထုတ်လုပ်မှုဇုန် များ တိုးချဲ့ဖွဲ့စည်းတည်ထောင်နိုင်ရေးအတွက် ချင်းပြည်နယ်တွင် အာရုံဦးဝဥစိုက်ပျိုးထုတ်လုပ်ရေး အစုအဖွဲ့နှင့် ချိတ်ဆက်ခြင်း၊ ပြည်တွင်းကုန်သွယ်မှု တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အသင်းအဖွဲ့ များ၊ ကုန်စည်ဒိုင်များ၊ စွန့်ဦးတီထွင် ဆောင်ရွက်လိုသူများကို တိုးချဲ့စည်းရုံးဖွဲ့စည်းပြီး (Private Public Partership)ကို   အကောင်အထည်ဖော်ဆောင်နိုင်ရေး ကြိုးပမ်းဆောင်ရွက်ခြင်း၊ Contract Farming စနစ်များ ဖြစ်ထွ န်းအောင်မြင်လာစေရေး စည်းရုံးဆောင်ရွက်ခြင်း၊ ဈေးကွက်ဈေးနှုန်း ပိုမိုရရှိရေးအတွက် တန်ဖိုးမြှင့်ထုတ်ကုန် (Value Added) လုပ်ငန်းများ ဆောင်ရွက် နိုင်ရေး အားပေးမြှင့်တင်ခြင်း၊ အသေးစား၊ အလတ်စား (SMEs) စက်မှု ကုန်ထုတ်လုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာရေး/အရင်းနှီးရရှိရေး ပေါင်းစပ် ဆောင်ရွက်ခြင်း၊ အလုပ်အကိုင်ဖန်တီးပေးနိုင်မှု အလားအလာ ကောင်းများရှိသော စိုက်ပျိုးရေး၊ မွေးမြူ ရေးနှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ ဖွံ့ဖြိုးတိုး တက်လာစေရန်နှင့် ကဏ္ဍအရပ်ရပ်ရှိ အလုပ်သမားများ၏ လုပ်ငန်းကျွမ်းကျင်မှုနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်လာ စေရေးအတွက် အသက်မွေးဝမ်းကျောင်း ပညာရပ်များ၊ တန်ဖိုးမြှင့် ကုန်ထုတ်လုပ်မှုနည်းပညာဆိုင်ရာ သင်တန်းပို့ချမှုများကို သက်ဆိုင်ရာဌာန အဖွဲ့ အဖွဲ့အစည်းများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ကြရမည်ဖြစ်ပါသည်။

ဈေးကွက်ပိုင်ဆိုင် လာနိုင်မည်
     အရည်အသွေးမြှင့် ပြည်ပပို့ကုန်တင်ပို့နိုင်ရန် စက်ကိရိယာအသုံးပြု၍ ဝဥရေဆေးခြင်း၊ အခွံခွာ ခြင်း၊ အပါးလွှာခြင်း၊ အခြောက်ခံခြင်းများ ဆောင်ရွက်နေပြီဖြစ်သော်လည်း အမှုန့်ကြိတ်ခြင်း၊ အဆင့်ခွဲခြား ခြင်းဖြင့် တန်ဖိုးမြှင့် ထုတ်ကုန်များ တင်ပို့နိုင်ရန် ပေါင်းစပ်ညှိနှိုင်းခြင်း၊ စိုက်ပျိုးထုတ်လုပ်သူများ၊ ကုန်သည် များ၊ ဌာနဆိုင်ရာများ၊ တန်ဖိုးမြှင့်ထုတ်လုပ်သည့်လုပ်ငန်းရှင်များ ပါဝင်သည့် အလုပ်ရုံဆွေးနွေးပွဲများ ကျင်းပခြင်းစသည်တို့ကို ဆောင်ရွက် သွားကြရမည်ဖြစ်သည်။ ပို့ကုန်မြှင့်တင်ရေး အလားအလာကောင်းသော ဈေးကွက်အကြိုက် အရည်အသွေးမီထုတ်ကုန်များ၊ စိုက်ပျိုးသီးနှံထုတ်လုပ်မှုများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပါဝင်သက်ဆိုင်သူများ အားလုံး က စုပေါင်း ဆောင် ရွက်ကြမည်ဆိုလျှင် ကမ္ဘာ့ဝဥဈေးကွက်တွင် မြန်မာနိုင်ငံထွက် ဝဥများ နေရာရကာ ဈေးကွက်ပိုင်ဆိုင် လာနိုင်မည်ဖြစ်ပါကြောင်း အကြံပြုရေးသားလိုက်ရပါသည်။

 

DOCA(Domestic)