Main menu

Background

တရုတ်နိုင်ငံ၏ သကြားတင်သွင်းမှုနှင့် သက်ဆိုင်သော မူဝါဒ

Thu, 08/01/2019 - 14:44 -- journal_editor

ကုန်သွယ်မှုပြုရာတွင် မိမိနိုင်ငံ၏စိုက်ပျိုးထုတ်လုပ်မှုကို အခြေခံ၍ ပြည်ပဈေးကွက်ရှာဖွေရသလို ပြည်ပဈေးကွက်အရ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှု များကိုလည်း ပြောင်းလဲဆောင်ရွက်ရန်လည်း လိုအပ်ပါတယ်။ မိမိတို့ရည်မှန်းထားသောဈေးကွက်များအတွက် ဈေးကွက်ရှိသော နိုင်ငံရဲ့ကုန်သွယ်မှုမူဝါဒများကိုလည်း သိရှိထားရန် လိုအပ်ပါတယ်။ မြန်မာနိုင်ငံအနေဖြင့် ကုန်သွယ်မှုများပြုရာတွင် တရုတ်နိုင်ငံဟာ အဓိကကုန်သွယ်ဖက်နိုင်ငံဖြစ်တဲ့အတွက် တရုတ် နိုင်ငံရဲ့ ကုန်သွယ်မှုမူဝါဒများ အနက် သကြားတင်သွင်းမှု မူဝါဒများကို လေ့လာကြည့်ခဲ့ပါတယ်။ တရုတ်ပြည်သူသမ္မတနိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန (MOFCOM) က ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် ကြေညာ ချက်အမှတ် (၇၈) တွင် သကြား Quota ခွင့်ပြုမှုပမာဏ၊ လျှောက်လွှာ တင်သွင်းမည့်ကုမ္ပဏီလုပ်ငန်းစုအမျိုးအစား၊ လျှောက်လွှာတင်သွင်း မည့်သူ၏အခြေခံ လိုအပ်ချက်၊ စာရွက်စာတမ်းလိုအပ်ချက် ၊ Quota ခွဲဝေသတ်မှတ်မှုနှင့် လျှောက်လွှာတင်သွင်းရန်ကာလ သတ်မှတ်ချက် အစရှိသည့် အကြောင်းအရာများ ဖော်ပြထားသည်ကို လေ့လာ တွေ့ရှိရပါတယ်။
တရုတ်နိုင်ငံရဲ့၂၀၁၉ ခနှစ်အတွက် သကြားတင်သွင်းမှု Quota စုစုပေါင်းပမာဏမှာ တန်ချိန် ၁၉၄ ဒသမ ၅ သောင်းဖြစ်ပြီး ¤င်းတို့အနက် ၇၀ ရာခိုင်နှုန်းမှာ နိုင်ငံပိုင်ကုန်သွယ်မှုလုပ်ငန်းများအတွက် ဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းမည့် ကုမ္ပဏီလုပ်ငန်းစု အမျိုးအစားမှာ နိုင်ငံပိုင်ကုန်သွယ်မှု လုပ်ငန်းစုဖြစ်ကာ နိုင်ငံအဆင့် လုပ်ဆောင်နိုင်သည့် ဗဟိုစီးပွားရေးလုပ်ငန်းစုဖြစ်ရမှာ ဖြစ်ပါတယ်။
၂၀၁၈ ခုနှစ်တွင် သကြား Quota နှင့် တင်သွင်းခဲ့ဖူး (ကိုယ်စားလှယ်ဖြင့် တင်သွင်းမှုမပါဝင်)သည့် လုပ်ငန်းစုဖြစ်ရမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်၊ သကြားကြမ်း (တန်ချိန် ၆၀ဝ ကျော်နှင့်အထက်) သို့မဟုတ် နှစ်စဉ်သကြားရောင်းချမှုပမာဏ (ယွမ် ၄၅၀ မီလီယံနှင့်အထက်) ရှိသည့် သကြားထုတ်လုပ်သည့် လုပ်ငန်းစုဖြစ်ရမည်ဖြစ်သည့်အပြင် အဆိုပါ သကြားများကို အသုံးပြုကာ ကုန်ပစ္စည်းမျိုးစုံထုတ်လုပ်သည့် ကုမ္ပဏီ လုပ်ငန်းစုဖြစ်ရမှာဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းမည့်သူ၏အခြေခံလိုအပ်ချက်များမှာ ၂၀၁၈ ခုနှစ် အောက်တိုဘာ ၁ ရက်မတိုင်မီ တရုတ်နိုင်ငံ၊ စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနတွင် မှတ်ပုံတင်ရမှာဖြစ်ပြီး ပြစ်မှု ကင်းရှင်းကြောင်း မှတ်တမ်းရှိရမည်ဖြစ်ပါတယ်။ နိုင်ငံ၏ စက်မှုလုပ်ငန်း ဆိုင်ရာ မူဝါဒနှင့် စက်မှုလုပ်ငန်းဖွဲ့စည်းမှုဆိုင်ရာ လမ်းညွှန်ချက် ကတ်တလောက် (Guidance Catalogue for Industrial StructureAdjustment) တို့နှင့် ဆက်စပ်သည့် သတ်မှတ်လုပ်ထုံး လုပ်နည်းများနှင့် ကိုက်ညီရမည်ဖြစ်ပြီး လယ်ယာထွက်ကုန်များအတွက်သွင်းကုန် Quota စီမံခန့်ခွဲခြင်းဆိုင်ရာ ကြားဖြတ်အစီအမံ (Interim Measures for the Administration of Import Tariff Quota for Agricultural Products) နှင့် ၂၀၁၈ ခုနှစ်အတွက် သကြားတင်သွင်းမှု Quota သတ်မှတ်ချက် ပမာဏ လျှောက်လွှာတင်သွင်းမှုနှင့် Quota ခွဲဝေသတ်မှတ်မှုဆိုင်ရာ လုပ်ထုံးလုပ်နည်းသတ်မှတ်ချက်တို့အပေါ် ချိုးဖောက်မှုများမရှိရန် လိုအပ်ပါတယ်။
လိုအပ်သောစာရွက်စာတမ်းများအနေဖြင့် လယ်ယာထွက်ကုန်များအတွက် သွင်းကုန် Quota လျှောက်လွှာအစီရင်ခံစာ၊ လျှောက်လွှာပုံစံ၊ လုပ်ငန်းလိုင်စင် မိတ္တူ၊ General Trade Quota လျှောက်ထားမှုများအတွက် ၂၀၁၇ ခုနှစ် ကုမ္ပဏီလုပ်ငန်းစု၏
သကြားရောင်းချမှု VAT Invoice မိတ္တူနှင့် စားသောက်ကုန်ထုတ်လုပ်မှု လိုင်စင်၊ အစားအစာထုတ်လုပ်မှုလိုင်စင်၊ မူရင်း သကြားထုတ်လုပ်မှု ဆိုင်ရာ လုပ်ငန်းစုများအတွက် အဓိကတာဝန်ယူသည့်ဌာနမှ အဆိုပါ လုပ်ငန်းအတွက် ခွင့်ပြုမိန့်မိတ္တူတို့ လိုအပ်မှာဖြစ်ပါတယ်။ စုစုပေါင်း Quota ပမာဏနှင့်ကိုက်ညီသည့် လျှောက်လွှာများ အား Quota ခွဲဝေပေးမည်ဖြစ်ပြီး စုစုပေါင်းပမာဏနှင့် ကိုက်ညီမှုမရှိ
သော်လည်း ယခင်တင်သွင်းခဲ့ဖူးသည့် အထောက်အထားရှိပါက ဦးစားပေး Quota ရရှိမည်ဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းသူ၏ ပြီးခဲ့သည့်နှစ် တင်သွင်းမှုအခြေအနေ၊ ထုတ်လုပ်နိုင်မှုစွမ်းအား၊ ရောင်းချမှုပမာဏနှင့် အခြားစီးပွားရေးလုပ်ငန်း အဆင့်အတန်းများ Quota ခွဲဝေ သတ်မှတ် သွားမည်ဖြစ်ပါတယ်။ လျှောက်လွှာတင်သွင်းသူအနေဖြင့် ၂၀၁၈ခုနှစ် အောက်တို
ဘာ ၁၅ ရက်မှ ၃၁ ရက်အထိ မိမိကုမ္ပဏီလုပ်ငန်းစုတည်နေရာဒေသ တွင်ရှိသည့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏အာဏာအပ်နှင်း ခြင်းခံရသည့်အဖွဲ့အစည်းသို့ လျှောက်လွှာတင်သွင်း လျှောက်ထား ရမှာ ဖြစ်ပြီး လျှောက်လွှာပုံစံအား တရုတ်နိုင်ငံ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၏ website တွင် ရယူနိုင်ပါတယ်။ ၂၀၁၉ ခုနှစ်ဇန်နဝါရီ ၁ ရက်မတိုင်ခင် တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ သကြားတင်သွင်းမှု Quota ပမာဏကို ထုတ်ပြန်ပေး သွားမှာဖြစ်ပါတယ်။ (ယခင် ထုတ်ပြန်ခဲ့တဲ့ မူဝါဒများကို လေ့လာခြင်းဖြစ်ပါတယ်) ထို့ပြင် လယ်ယာထွက်ကုန် များအတွက် သွင်းကုန် Quota ထောက်ခံချက်လက်မှတ် (Import Tariff Quota Certificate for Agricultural Products) အား အတုပြုလုပ်ခြင်း၊ ပြင်ဆင်ခြင်း၊ ပြန်လည်ရောင်းဝယ်မှုများပြုလုပ်ကြောင်းတွေ့ရှိရပါက သတ်မှတ်ထားသည့် လုပ်ထုံးလုပ်နည်းဥပဒေများအတိုင်း စုံစမ်းစစ်ဆေးအရေးယူမှုများ ပြုလုပ်ဆောင်ရွက် သွားမည်ဖြစ်ပြီး သတင်းအချက်အလက် မမှန်မကန် ဖြည့်သွင်းရေးသား၍ သွင်းကုန် Quota ထောက်ခံချက်လက်မှတ် (Import Tariff Quota Certificate) အား လိမ်လည်ရယူပါကနှစ်နှစ်အတွင်း လျှောက်လွှာတင်သွင်းလျှောက်ထားမှုကို လက်ခံ
ဆောင်ရွက်ပေးမည်မဟုတ်ကြောင်း ဖော်ပြထားသည်။
၂၀၁၉ ခုနှစ်၊ မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် USDA ForeignAgricultural Service Gain Report အရ ဘရာဇီးနိုင်ငံ၏ ကြီးမားသော သကြားတင်သွင်းမှုများကြောင့် ၂၀၁၈-၂၀၁၉ ခုနှစ်တွင် တရုတ်နိုင်ငံ ၏ သကြားတင်သွင်းမှု ၄ ဒသမ ၃ မီလီယံမက်ထရစ် တန်ရှိမည်ဟု ခန့်မှန်းထားပြီး အဆိုပါခန့်မှန်းချက်သည် ပြောင်းလဲခြင်းမရှိဘဲ ၂၀၁၉-၂၀၂၀ ခုနှစ်တွင်လည်း သကြားတင်သွင်းမှုမှာ ၄ ဒသမ ၃ မီလီယံမက်ထရစ်တန်အထိ ရောက်ရှိမည်ဟု ဆက်လက်ခန့်မှန်းထား သည်ကို တွေ့ရှိရပါတယ်။ တရုတ်နိုင်ငံ၏ ပုံမှန်သကြားတင်သွင်းမှုမှာ ဈေးကွက် ဘဏ္ဍာနှစ်တစ်ခု၏ ပထမ ခြောက်လလောက်တွင် ၂၀ ရာခိုင်နှုန်းနီးပါး တိုးလာခဲ့လေ့ရှိသော်လည်း တရားမဝင်တင်သွင်းမှု များကို ဖယ်လိုက်ပါက ထိုတိုးမြင့်လာမှုသည် တစ်စိတ်တစ်ပိုင်းအနေဖြင့် လျော့ကျသွားသည်ကို တွေ့ ရှိရပါတယ်။
USDA Foreign Agricultural Service Gain Report တွင် ဖော်ပြထားသည့် တရုတ်နိုင်ငံ၏ ပုံမှန်သကြားတင်သွင်းမှုဇယား (Chinese formal sugar imports chart) အရ ၂၀၁၅-၂၀၁၆ ဈေးကွက် ဘဏ္ဍာနှစ်တွင် ဘရာဇီးနိုင်ငံ၏ သကြားတင်ပို့မှုသည် ၁ ဒသမ ၁မီလီယံမက်ထရစ်တန်ရှိခဲ့ပြီး ၂၀၁၆-၂၀၁၇ ဈေးကွက်ဘဏ္ဍာနှစ်တွင် တစ်မီလီယံမက်ထရစ်တန်အောက် လျော့နည်းခဲ့သည့်အပြင် ၂၀၁၇-၂၀၁၈ ဈေးကွက် ဘဏ္ဍာနှစ်တွင် သုညဒသမ ၁ မီလီယံမက်ထရစ်တန်အထိ လျှော့ကျခဲ့ပါတယ်။ သို့သော် ၂၀၁၈-၂၀၁၉ ဈေးကွက်ဘဏ္ဍာ နှစ်တွင် ဘရာဇီးနိုင်ငံ၏ တရုတ်သို့ သကြားတင်ပို့မှုသည် ပြန်လည်ဦးမော့လာခဲ့ပြီး သုညဒသမ ၇၅ မီလီယံမက်ထရစ်တန် တင်ပို့နိုင်ခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။ ထို့ပြင် တရုတ်နိုင်ငံအနေဖြင့် Quota ခွင့်ပြုချက်ဖြင့် တင် သွင်းလာသော သကြားများအပေါ် အကောက်ခွန်နှုန်း ၁၅ ရာခိုင်နှုန်းကောက်ခံပြီး Quota ခွင့်ပြုချက်မပါရှိသော သကြားများ တင်သွင်းမှုအပေါ် ပုံမှန်အကောက်ခွန်နှုန်းမှာ ၅၀ ရာခိုင်နှုန်းဖြစ် သော်လည်း၂၀၁၇ ခုနှစ် မေ ၂၂ ရက်မှစ၍ ပြည်တွင်းလုပ်ငန်းများကို အကာအကွယ်ပေးရန်ရည်ရွယ်၍ သကြားတင်သွင်းမှုအပေါ် ကောက်ခံသည့် အကောက်ခွန်နှုန်းအား ၉၅ ရာခိုင်နှုန်းသို့ တိုးမြှင့်ခဲ့ပြီး ၂၀၁၈ခုနှစ်၊ မေ ၂၂ ရက်မှ ၂၀၁၉ ခုနှစ် မေ ၂၁ ရက်အတွင်းတွင် ၉၀ ရာခိုင်နှုန်းဖြင့်လည်းကောင်း၊ ၂၀၁၉ ခုနှစ် မေ၂၂ ရက်မှ ၂၀၂၀ ခုနှစ် မေ၂၁ ရက်အတွင်းတွင် ၈၅ ရာခိုင်နှုန်းဖြင့် လည်းကောင်း အသီးသီးကောက်ခံသွားမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရပါတယ်။
မူလအစတွင် တရုတ်နိုင်ငံမှ ကျင့်သုံးခဲ့သည့် ှ Safeguard Measaure တရုတ်နိုင်ငံ၌ ဈေးကွက်ဝေစု ၃ ရာခိုင်နှုန်းအောက်လျော့နည်းသည့် ဖွံ့ဖြိုးဆဲနိုင်ငံများနှင့် ဒေသတွင်းနိုင်ငံများမှ တရုတ်နိုင်ငံသို့ တင်သွင်းသောသကြားများသည် ထပ်တိုးအကောက်ခွန်နှုန်း များမှ ကင်းလွတ်ခွင့်ရှိပြီး Quota ပြင်ပတင်ပို့ပါက အခွန် ၅၀ ရာခိုင်နှုန်းသာ ပေးဆောင်ရပါတယ်။ ထိုကင်းလွတ်မှုကြောင့် ဘရာဇီးနိုင်ငံမှ
သကြားတင်သွင်းမှုများ သိသိသာသာလျော့ကျခဲ့ရပြီး သကြားအနည်းငယ် သာတင်သွင်းသည့်နိုင်ငံအများအပြားမှ သကြားတင်သွင်းမှုများ မြင့်တက်လာခဲ့ ကြောင်းလည်း တွေ့ရှိရပါတယ်။ သို့သော် ၂၀၁၈ ခုနှစ်၊ဩဂုတ်လတွင် တရုတ်နိုင်ငံမှ Safeguard Measaure ကို ပြင်ဆင်ခဲ့ပြီးထပ်တိုးအကောက်ခွန်နှုန်းများမှ ကင်းလွတ်ခွင့်အား ရပ်ဆိုင်းခဲ့သည့်အတွက် ဘရာဇီးနိုင်ငံအနေဖြင့် တရုတ်နိုင်ငံသို့ သကြားအကြီးမားဆုံးတင်သွင်းသူနေရာတွင် ပြန်လည် ရပ်တည်နိုင်ခဲ့ပါတယ်။
၂၀၁၇-၂၀၁၈ ဈေးကွက် ဘဏ္ဍာနှစ်၏ ပထမခြောက်လတွင် တရုတ်နိုင်ငံအနေဖြင့်
ဘရာဇီးမှ သကြား ၇၁၀ဝ၀ မက်ထရစ်တန်သာ တင်သွင်းခဲ့ပြီး ၂၀၁၈-၂၀၁၉ ဈေး
ကွက်ဘဏ္ဍာနှစ်၏ ပထမခြောက်လတွင် တရုတ်နိုင်ငံအနေဖြင့် ဘရာဇီးမှ သကြား
၇၀ဝဝဝ၀ မက်ထရစ်တန်အထိ တင်သွင်းခဲ့ကြောင်း လေ့လာတွေ့ရှိရပါတယ်။
၂၀၁၉ ခုနှစ် မတ် ၅ ရက်တွင် ထုတ်ပြန်ခဲ့သည့် USDA Foreign Agricultural Service Gain Report  အရ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သကြားထုတ် လုပ်မှုမှ ကျဆင်းသွားမည်ဖြစ်ပြီး ကြံထုတ်လုပ်မှုမှာ တည်ငြိမ်၍ သကြားမုန်လာစိုက်ဧကများ တဖြည်းဖြည်းချင်းတိုးလာပြီး သကြားမုန်လာ ထုတ်လုပ်မှုအနေဖြင့် ၁ ဒသမ ၄၅ မီလီယံမက်ထရစ်တန်အထိ ရောက်ရှိနိုင်မည်ဟု ခန့်မှန်း ထားကြောင်း၊ ၂၀၁၉-၂၀၂၀ ခုနှစ်တွင် တရုတ်နိုင်ငံ၏ သကြားစားသုံးမှုမှာ ၁၅ ဒသမ ၈ မီလီယံ မက်ထရစ်တန်အထိ ရောက်ရှိမည်ဖြစ်ကြောင်း လေ့လာတွေ့ရှိရသည်။
တရုတ်အစိုးရအနေဖြင့် ပြည်တွင်းသကြားဈေးကွက်ကို ကာကွယ်ရန်နှင့် သဘာဝပတ်ဝန်းကျင်၊ အစားအစာလုံခြုံမှုနှင့် စားသုံးသူများ၏ကျန်းမာရေးတို့ကို ကိုင်တွယ်နိုင်ရန်အတွက် မူဝါဒများဖြင့် ပြည်တွင်းဆေးသကြား ထုတ်လုပ်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုကို ကန့်သတ်လျက် ရှိကြောင်းလည်း တွေ့ရှိရသည်။
အထက်ဖော်ပြပါ တရုတ်နိုင်ငံ၏ သကြားကုန်သွယ်မှုနှင့် ထုတ်လုပ်မှုအခြေ အနေများနှင့် တရုတ်နိုင်ငံပြည်တွင်းလုပ်ငန်းရှင်များး သကြား Quota လျှောက်ထား လိုပါက လိုက်နာရမည့်အချက်များနှင့်ပတ်သက်၍ လေ့လာတွေ့ရှိချက်များအရ တရုတ်နိုင်ငံဘက်သို့ မြန်မာ့ထွက်ကုန်သကြားများ တင်ပို့လိုပါက တရုတ်နိုင်ငံ၊ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် လုပ်ထုံးလုပ်နည်းများ၊ အမိန့်ကြေညာချက်များအတိုင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ တရုတ်နိုင်ငံ၏ သကြားတင်သွင်းမှု Quota စုစုပေါင်း၏ ၇၀ ရာခိုင် နှုန်းမှာ နိုင်ငံပိုင်ကုန်သွယ်မှုလုပ် ငန်းများအတွက်ဖြစ်ခြင်းကြောင့် မြန်မာ့သကြားလုပ်ငန်းရှင်များအနေဖြင့် သကြား ပိုမိုတင်ပို့နိုင်ရေးအတွက် တရုတ်နိုင်ငံပိုင် လုပ်ငန်းများနှင့် ချိတ်ဆက် သင့်ကြောင်း၊ လက်ရှိတွင် မြန်မာနိုင်ငံအနေဖြင့် တရုတ်နိုင်ငံ၏ သကြားဈေးကွက်သို့ ဝင်ရောက်နိုင်ရေးအတွက် ခက်ခဲနေဦးမည်ဖြစ်ကြောင်း သုံးသပ်တွေ့ရှိရပါတယ်။
မြန်မာနိုင်ငံ၏ အဓိကပို့ကုန်တစ်ခုဖြစ်တဲ့ ဆန်ကိုလည်း တရုတ်နိုင်ငံသို့ တင်ပို့ရာတွင် တရုတ်နိုင်ငံရဲ့မူဝါဒများဖြစ်တဲ့ အပင်ပိုးမွှား ကင်းစင်ရေးဆိုင်ရာ (SPS) ကိစ္စရပ်များကိုလိုက်နာဆောင်ရွက်ရပြီး မြန်မာနိုင်ငံရှိ ဆန်စက်တွေနဲ့စိုက်ပျိုး ထုတ်လုပ်မှုများကို တရုတ်နိုင်ငံ တာဝန်ရှိသူများမှ လာရောက်လေ့လာစစ်ဆေးခြင်း များဆောင်ရွက်သလို နှစ်နိုင်ငံ (SPS) ဆိုင်ရာ ကိစ္စရပ်များ ဆောင်ရွက်ပြီးပါက မြန်မာနိုင်ငံရှိ ကြံစိုက်ပျိုးထုတ်လုပ်မှုနှင့်သကြားထုတ်စက်ရုံတွေကို တရုတ် တာဝန်ရှိများမှ လာရောက် လေ့လာဆန်းစစ်ခြင်းများ  ဆောင်ရွက်မှာဖြစ်တဲ့အတွက် အရည်အသွေးမြင့် သကြားထွက်ကုန်များရရှိရေး မိမိတို့၏ ပြည်တွင်းသကြား စက်များကို ကြိုတင်အဆင့်မြှင့်တင် ဆောင်ရွက်ထားရန် လိုအပ်မှာဖြစ်ပါတယ်။
သို့မှသာ နှစ်နိုင်ငံ (SPS) ဆိုင်ရာကိစ္စရပ်များ ဆောင်ရွက်ပြီးပါက အရည်အသွေးမြင့် သကြားများကို တရုတ်နိုင်ငံသို့ တရားဝင်လွယ်ကူစွာတင်ပို့နိုင်မှာဖြစ်တဲ့အတွက် ယခုကတည်းက ကြိုတင်ပြင်ဆင် ဆောင်ရွက်သင့်ပါကြောင်း လေ့လာသုံးသပ်မိပါတယ်။
Source: USDA Foreign Agricultural Service’s Sugar Annual Report
dated 3rd May, 2019
MOFCOM Announcement No. 78 of 2018 on Application and
Distribution for Sugar Import Tariff Quota in 2019