Main menu

Background

အားနည်းချက်များ ပြင်ဆင်ရန် လိုအပ်နေသည့် မြန်မာ့ဆန်စက်များ

Thu, 08/15/2019 - 12:29 -- journal_editor

မြန်မာ့ဆန်များ ပြည်ပဈေးကွက်သို့ ထိုးဖောက်ဝင်ရောက်နိုင် ရေးအတွက် ကြိုးပမ်းဆောင်ရွက်ရာတွင် ဆန်စက်များ၏ ထုတ် လုပ်မှုကျင့်စဉ်များ၊ သန့်ရှင်းရေးကောင်းများ၊ဆန်စက်များ၏ အရည် အသွေးအဆင့်အတန်းများ စသည်တို့ကို အလေးထားဆောင်ရွက်သင့် ပေသည်။ ၂၀၁၉ ခုနှစ် မေလခန့်က တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဆန်တန်ချိန် တစ်သိန်းတင်ပို့နိုင်ရန်အတွက် သက်ဆိုင်ရာနယ်ပယ်မှ တာဝန်ရှိသူများက ဆန်စက်အရည်အချင်း စစ်ဆေးကြရာတွင် အား နည်းချက်များစွာတွေရှိခဲ့ရသည်။ အဆိုပါ ဆန်တန်ချိန်တစ်သိန်းတင် ပို့ရန်အတွက် လျှောက်ထားသည့် ဆန်စက်စုစုပေါင်း ၁၀၃ စက်ရှိပြီး ထိုဆန်စက်များကို တရုတ်နိုင်ငံနှင့် ရေးထိုးခဲ့သော Quarantine Protocol လိုအပ်သောအချက်အလက်များသတ်မှတ်ပြီး စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနရှိ စားသုံးသူရေးရာဦးစီး ဌာနနှင့် မြန်မာ့ကုန်ပစ္စည်းစမ်းသပ်မှုလီမိတက်တို့မှ တာဝန်ယူ၍ စစ်ဆေးခဲ့သည်။

      အရည်အချင်း ကိုက်ညီမှု ရှိ၊ မရှိစစ်ဆေးရမည့် အချက်များ တွင် အဓိကအားဖြင့်  အပိုင်းသုံးပိုင်းပါရှိပြီး ကုန်ကြမ်း၊ ကုန်ချောသိုလှောင်ရုံထားရှိမှုအပိုင်းနှင့်လုပ်သားများ၏ တစ်ကိုယ်ရေ သန့် ရှင်းရေးနှင့် ကျန်းမာသန့်ရှင်းေ ရးအပိုင်းတို့ကို MITS အဓိက တာဝန်ယူစစ်ဆေးပေးသည်။ ဆန်စက်များ၏  ကြိတ်ခွဲရေးဆိုင်ရာ အဆင့်အတန်း လိုအပ်ချက်များနှင့်ပတ်သက်၍ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန စားသုံးသူရေးရာဦးစီးဌာန (ယ ခင် မြန်မာ့လယ်ယာထွက်ကုန် ပစ္စည်းရောင်းဝယ်ရေး)မှ အတွေ့အကြုံ ရှိပညာရှင်များက ကူညီဆောင်ရွက်၍စစ်ဆေးပေးပါသည်။ အဆိုပါ စစ်ဆေးရေးကဏ္ဍရှိ အပိုင်းသုံးပိုင်းတွင် စုစုပေါင်း အချက် ၂၄ ချက် ပါဝင်ပါသည်။ ထိုအချက်များနှင့်ပတ်သက်၍ လက်ရှိမြန်မာနိုင်ငံရှိ ဆန်စက်များ၏ အားသာချက်၊ အားနည်းချက်များ၊ ပြင်ဆင်ရန် လို အပ်ချက်များကို သုံးသပ်တင်ပြလိုပါသည်။

အရေးကြီးသော (High Risks) အချက်များ

    စစ်ဆေးရေးမှူးများ၏ စစ်ဆေးတွေ့ရှိချက်များကို မှတ်တမ်းပြု စု၍ ဓာတ်ပုံမှတ်တမ်းများနှင့်တကွ တရုတ်နိုင်ငံသို့ ဆန်တင်ပို့နိုင် ရေးအတွက် ကုမ္ပဏီများရွေးချယ်ဆောင်ရွက်ရေး (Technical Working Group-TWG) ထံ ပြန်လည်တင်ပြပါသည်။ ၎င်းတင်ပြ ချက်များအပေါ် ဆွေးနွေးရန်အတွက်TWG အစည်းအဝေးကို ၂၀၁၉ ခုနှစ် ဇွန် ၁၄ ရက်နှင့် ၁၆ ရက်တို့တွင် ကျင်းပပြုလုပ်ခဲ့သည်။ စစ်ဆေးသည့်အချက် စုစုပေါင်း ၂၄ ချက်တွင် အချက်အားလုံးကိုက် ညီသည့် ဆန်စက်ဟူ၍မတွေ့ရှိခဲ့ရပါ။ ထို့ကြောင့်TWG အဖွဲ့မှ အရေးကြီးသော အန္တရာယ်ရှိ High Risks အချက်များကို ဦးစွာ ဦးစားပေးသတ်မှတ်၍ အဆိုပါအချက်များတွင် အရည်အချင်းမကိုက် ညီသော ဆန်စက်များကို အကျစာရင်းအဖြစ် သတ်မှတ်ခဲ့သည်။TWG အဖွဲ့မှ High Risks အဖြစ်သတ်မှတ်သော အချက်များနှင့် စစ်ဆေးတွေ့ရှိချက်များကို ဖော်ပြလိုပါသည်-

ကုန်ကြမ်းသိုလှောင်ရုံထားရှိမှု

     ကုန်ကြမ်းသိုလှောင်ရုံနှင့် ကုန်ချောသိုလှောင်ရုံကို သီးခြားစီ ထားရှိရမည်ဖြစ်သည်။ ကုန်ကြမ်းသိုလှောင်ရုံများ/ စပါးသိုလှောင်ရုံ များသည် များသောအားဖြင့် ဖုန်၊ သဲ၊ ခဲ ပါဝင်မှုနှင့် ရိတ်သိမ်းေြွခ လှေ့ရာမှ ပိုးမွှားအချို့ ပါဝင်လာတတ်သည်။ ဆန်စက်များကိုကွင်းဆင်း စစ်ဆေးရာတွင် ကုန်ကြမ်း သိုလှောင်ရုံနှင့်ပတ်သက်၍သတ်မှတ်အရည်အချင်း မပြည့်မီသောဆန်စက်စုစုပေါင်း ၁၂ စက် တွေ့ရှိ ရသည်။ ဆန်စက်အများစုသည် ကုန်ကြမ်း သိုလှောင်ရုံကို သန့်ရှင်း သပ်ရပ်စွာထားသည့် အလေ့အထမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ထို့ ပြင် အဓိကအရေးကြီးသောအချက်ဖြစ်သည့် အပူချိန်နှင့် စိုထိုင်းဆ ကိုထိန်းချုပ်နိုင်သည့် အနေအထားမျိုးမရှိသည်ကို တွေ့ရှိခဲ့ရ သည်။ အပူချိန်နှင့် လေထုစိုထိုင်းဆသည်  သိုလှောင်သီးနှံ၏ အစိုဓာတ် ပါဝင်မှုကို အပြောင်းအလဲဖြစ်ပေါ်စေသည့်အတွက် ကုန်ပစ္စည်း အရည်အသွေးပေါ်တွင် သက်ရောက်မှုရှိနေသည်။

ကုန်ချော သိုလှောင်ထားရှိမှု

     ကြိတ်ခွဲထုပ်ပိုးပြီး ဆန်များကိုလည်း သီးသန့်သိုလှောင်ရုံဖြင့် ထားရှိရမည်ဖြစ်သည်။  Ready Cargo ကုန်ချောများသည် ပိုးသတ် မှိုင်းတိုက်မှုပြုရသဖြင့်ဖုန်၊ သဲ၊ ခဲနှင့် အခြားမလိုလားအပ်သော ပိုးမွှားများ ပြန်လည်ဝင်ရော က်ခြင်း မှ ကြိုတင်ကာကွယ်ရန်အတွက် ကုန်ချောကို သီးခြားထားရခြင်းဖြစ်ပါသည်။ အကယ်၍သိုလှောင်ရုံ တစ်ရုံတည်းရှိပါက ကုန်ကြမ်း၊ ကုန်ချောကို ဧရိယာသတ်မှတ်၍ အခန်းကန့်ခွဲခြား သိုလှောင်သင့်ပါသည်။ စစ်ဆေးခဲ့ေ သာ ဆန်စက်များအနက် ဆန်စက် ၁၁ စက်မှာ ကုန်ချောသိုလှောင်ရာတွင် သီးသန့်သိုလှောင်ခြင်းမရှိကြောင်း တွေ့ရှိခဲ့ရသည်။ ဆန်စက်အများစုသည် ကုန်ကြမ်းနှင့် ကုန်ချောကို သို လှောင်ရုံတစ်ခုထဲတွင် ထားလေ့ရှိပြီး အချို့ေ သာစက်များတွင်ကုန် ချောများကို ကြိတ်ခွဲရေးပြုလုပ်သည့်စက်ရုံအတွင်း အချိန်ကြာမြင့် စွာထားလေ့ရှိသည်ကိုတွေ့ရှိရသည်။ ကုန်ချောသီးသန့်ထားရှိခြင်း သည် လုပ်ငန်းအတွင်း ကောင်းမွန်သော အလေ့အထတစ်ခုဖြစ်ပြီး သယ်ယူပို့ဆောင်ရေးအတွက် စီမံခန့်ခွဲရာတွင် လွယ်ကူလျင်မြန်စေ သည်။ အထက်ပါအချက် နှစ်ချက်သည် တရုတ်နိုင်ငံနှင့် ချုပ်ဆို သော စာချုပ်၏အပိုဒ် (၅) (Article5) တွင် အထူးတလည်ဖွင့်ဆိုထား သောကြောင့် အရေး ကြီးသောအချက်အဖြစ် မှတ်ယူရမည်ဖြစ်သည်။

ထိန်းချုပ်ဖျက်ပိုးထောင်ချောက်များ

       ထိန်းချုပ်ဖျက်ပိုးထောင်ချောက်များကို ၁၀ဝ စတုရန်းမီတာ လျှင် တစ်ခုနှုန်းဖြင့် ထားရှိရမည်ဖြစ်ကြောင်း နှစ်နိုင်ငံသဘောတူ စာချုပ်၏ အပိုဒ်(၄) တွင်ဖော်ပြထားပါသည်။ သိုလှောင်ရုံနှင့်စက်ရုံ အတွင်း အခြားတိရစ္ဆာန်များ မဝင်ရောက်နိုင်စေရန် ငှက်တားဆန်ကာများ၊ ြွကက်ထောင်ချောက်များကိုပါ ထားရှိရမည်။ ဆန်စက်သို လှောင်ရုံများတွင် ြွကက်များ အလွယ်တကူ မဝင်ရောက်နိုင်စေရန် ဝင်ပေါက်များ၌ ထုပိတ်များ ထားရှိရမည်ဖြစ်သည်။ ဖျက် ပိုးများ အနက် ကာဖရာကျိုင်းနှင့် ကျိုင်းနီဖျက်ပိုးများ ကင်းစင်ရေးသည် အလွန်အရေးကြီးသော အချက်ဖြစ်ပြီး တရုတ်နိုင်ငံဘက်မှလည်း  မြန်မာနိုင်ငံနှင့်ချုပ်ဆိုသော Protocol တွင် အပိုဒ် (၄) (Article 4) ၌ အသေချာဖွင့်ဆို ထားသော အချက်ဖြစ်သည်။ ဤအချက်သည် ဆန်စက်များအနေဖြင့် မည်သည့်ဈေးကွက်အတွက်မဆို လိုက်နာ ကျင့်သုံးသင့်သည့် အလေ့အထတစ်ခုပင်ဖြစ်သည်။ စစ်ဆေးခဲ့သော ဆန်စက်များအနက် ဆန်စက် ၁၄ စက်မှာ ဖျက်ပိုးထိန်းချုပ်သည့်  စနစ်မရှိကြောင်း စစ်ဆေးတွေ့ရှိရသည်။ အချို့စက်များတွင် မီးထောင်ချောက်များထားရှိသော်လည်း ငှက် တားဆန်ကာများ၊ ကြွက်ထောင်ချောက်များ ထားရှိမှုမရှိကြောင်းတွေ့ ရှိရသည်။ အချို့သော စက်များသည် အခြား High Risks အဖြစ် သတ်မှတ်သော အချက်များတွင် အရည်အချင်းပြည့်မီလျက်ရှိသော ကြောင့် ခေါ်ယူတွေ့ဆုံ၍ ဖျက်ပိုးထိန်းချုပ်မှုပြုလုပ်ရန် ခံဝန်ကတိ ရေးထိုး၍ခွင့်ပြုခဲ့သည်။ အဆိုပါကုမ္ပဏီများဘက် မှလည်း သတ်မှတ် အချိန်အတိုင်းအတာအတွင်း ပြန်လည်ပြင်ဆင်၍ ပြီးစီးမှုမှတ်တမ်း များကို ဓာတ်ပုံမှတ်တမ်းနှင့်တကွ ပြန်လည်ပေးပို့ခဲ့သည်။ ဤအချက် ကိုကြည့်ခြင်းအားဖြင့် ဆန်စက်များသည် ကောင်းမွန်သော အလေ့ အထများဆောင်ရွက်နိုင်သည့် အရည်အချင်းရှိသော်လည်း ထိုသို့ မဖြစ်မနေ  ဆောင်ရွက်လာတတ်စေရန် တွန်းအားတစ်ခု လိုအပ် ကြောင်း မြင်သာစေပါသည်။

ကုန်ကြမ်းအသုံးပြုနိုင်မှု

      ဆန်စက်များကို ကြိတ်ခွဲနိုင်မှုနှုန်းနှင့်ပတ်သက်၍ တစ်ရက် လျှင် အနည်းဆုံးစပါးတန် ၅၀ ကြိတ်ခွဲနိုင်ခြင်း ရှိ၊ မရှိစစ်ဆေးသည်။ ပြည်ပသို့တင်ပို့သော ဆန်စက်တစ်စက်၏ ကြိတ်ခွဲထုတ်လုပ်နိုင် စွမ်းသည် အနည်းဆုံး တစ် နာရီလျှင် ဆန်တစ်တန်ကျကြိတ်ဖွပ်နိုင် ရမည်ဖြစ်သည်။ အဆိုပြုဆန်စက်များတွင်RC/RM စက်များ များပြားစွာပါဝင် သဖြင့် ဤအပိုင်းတွင်အရည်အချင်း မပြည့်မီသော စက်တစ်ခုသာ စစ်ဆေးတွေ့ရှိရသည်။ ဆန်စက်များ တည်ထောင်ရာတွင် ကုန်ကြမ်း လုံလောက်စွာရရှိနိုင်သည့် ဒေသများတွင် စက်တည်ထောင်ခြင်းကို အလေးထားရမည်။ အထူးသဖြင့် တစ်နေ့လျှင် တန်(၁၀ဝနှင့် အထက်) ကြိတ်ခွဲနိုင်သောဆန်စက်များသည်ဒေသတွင်း တစ်နှစ် ပတ်လုံး ကုန်ကြမ်းလုံလောက်စွာ ရရှိနိုင်မှုကို ထည့်သွင်းစဉ်းစားရပါမည်။ အဆိုပါစက်ကြီးများကို လည်ပတ်မောင်းနှင်ရာတွင် ကုန်ကြမ်း ပြတ်တောက်မှု (သို့) မလုံလောက်မှုဖြစ်ပေါ်က ဆန်၏အရည်အသွေး အပြင် စက်အရည် အသွေးကိုပါ ကျဆင်းစေပါသည်။ မြန်မာနိုင်ငံ တွင် ဆန်စက်များ တည်ဆောက်ကြရာ၌ အဆိုပါအချက်ကို အလေး ထား၍ ရေရှည်စီမံကိန်းချတွက်ချက်မှု အားနည်းနေသေးကြောင်း တွေ့ရှိရသည်။

စက်ကြိတ်အဆင့်အတန်း

      ပြည်ပတင်ပို့သော ဆန်များသည်ဆန်စက်၏ စက်ကြိတ် အဆင့်အတန်းအနေဖြင့် (well mill) အဆင့်ကြိတ်ခွဲနိုင်ရန် လိုအပ် ပါသည်။ ဆန်စက်၏ စက်ကြိတ်အဆင့်များတွင်  သာမန်အဆင့် ကြိတ်ခွဲမှု (ordinary mill)၊ သင့်တင့်ကောင်းမွန်သောကြိတ်ခွဲမှု (reasonable well mill)၊ အဆင့်မီကြိတ်ခွဲမှု (well mill)၊ အဆင့် လွန်ကြိတ်ခွဲမှု (extra well mill) ဟူ၍ရှိသည်။ well mill အဆင့် တွင် ကြိတ်ခွဲမှုပြုနိုင်ရန်အတွက် ဆန်ဖြူဖွပ်စက်အနေဖြင့် ဆန်ဖြူ ကျောက် အနိမ့်ဆုံး နှစ်ဆင့်ထားရှိရန်လိုအပ်မည်ဖြစ်သည်။ စစ်ဆေးချက်များအရ well mill မကြိတ်ခွဲနိုင်သော ဆန်စက် လေးစက်ပါဝင်နေသည်။ အချို့စက်များတွင် ဆန်ဖြူကျောက်ရှိ သော်လည်း အသုံးပြုမှုမရှိသော အချက်ကို ထူးခြားစွာတွေ့ရှိရသည်။ စက်ကြိတ်ဆင့်အတန်းများနှင့်ပတ်သက်၍ ဆန်၏ဆန်ဖြူနှုန်းသည် ဈေးကွက်အတွင်း အငြင်းပွားမှုဖြစ်ပွားနိုင်သည်။ ထို့ကြောင့် ဆန်စက် များ၏အဆင့်အတန်းကိုစံချိန်စံညွှန်း တစ်ရပ်ရေး ဆွဲပြီး စက်ကြိတ် အဆင့်အတန်းများကိုပါ အခိုင်အမာပြဋ္ဌာန်းထားနိုင်ရန် သက်ဆိုင်ရာ တာဝန်ရှိသူများက ဆောင်ရွက်ရမည်ဖြစ်သည်။

ဆန်အရောင်တင်စက်

    စပါးမှစတင်၍ ကြိတ်ခွဲရသောဆန်စက်များရှိသကဲ့သို့ ဆန်ကို ဆန်ကွဲပြန်လည်သန့်စင်ခြင်း၊ အရောင်တင်ခြင်းပြု လုပ်သည့်စက်များ လည်းရှိသည်။  ကြိတ်ခွဲသန့်စင်ပြီးဆန်များကို  အရောင်တင်ရန် အတွက် အရောင်တင်စက် (wet polisher) ရှိရမည်ဖြစ်ပါသည်။ စစ် ဆေးချက်များအရ wet polisher အသုံးမပြုသော ဆန်စက်စုစုပေါင်း ၁၁ စက်စစ်ဆေးတွေ့ရှိရသည်။ wet polisher အသုံးပြုရာ၌ အပူချိန် မြင့်မားသောဒေသများတွင်အလျင်စလို အိတ်သွပ်သည့် အလေ့အထ ကို ရှောင်ကြဉ်ရမည်။ ကြိတ်ခွဲပြီး စက်များ ချက်ချင်း အိတ်သွပ်ရာ တွင် ဆန်၏အပေါ်ယံမျက်နှာပြင်တွင် အပူရှိန်အနည်းငယ်ရှိသည် ဖြစ်ရာ wet polisher ၏ အစိုဓာတ်အနည်းငယ်ပမာဏမျှသည် ဆန် အိတ်အတွင်း ရေငွေ့ပျံမှုဖြစ်ပေါ်စေနိုင်ပြီး ဆန်ဝါနှင့် မှိုများပေါက် စေသည်။

အရောင်ရွေးစက်

      ဆန်စက်များတွင်ကြိတ်ခွဲပြီးဆန်များကို ဆန်ဖြူအရောင်ပေါ်မူတည်၍အရောင်ရွေးစက် (color sorter) ဖြင့် ခွဲခြားမှုပြုလုပ်ဖို့ လိုအပ်သည်။ သို့မှသာ အရောင်မညီသောဆန်များ ဖြစ်သည့် ဆန်ဝါ၊ ဆန်နီ၊ မှည့်စွန်းနှင့် ဗိုက်ဖြူ ဆန်များကို ဖယ်ထုတ်၍ အရောင်ညီသော ဆန်များကို ရရှိနိုင်မည်ဖြစ်သည်။ အရောင်ရွေးစက်များသည် တန်းမြင့် ဆန်များကြိတ်ခွဲရာတွင် အလွန်အရေးပါပါသည်။ အဆိုပြု ဆန်စက် များထဲတွင် ဆန်စက် ၁၁ စက်မှာ ဆန်အေ ရာင်ရွေးစက်အသုံးပြုခြင်း မရှိကြောင်း တွေ့ရှိရသည်။ ဆန်အရောင်တင်စက် နှင့် အရောင်ရွေး စက်များ တပ်ဆင်အသုံးပြုမှုစစ်ဆေးရာတွင် အဆိုပါ စက်ယူနစ်များကို မှန်ကန်သော နေရာတွင် အစီအစဉ်တကျ တပ်ဆင် ထားြ ခင်း ရှိမရှိကိုပါ စစ်ဆေးမှုပြုလုပ်ပါသည်။ သို့မှသာ အဆိုပါစက်များကို အမှန်တကယ် အသုံးပြုမှု ရှိမရှိ သတ်မှတ်နိုင်မည်ဖြစ်ပါသည်။ ကြိတ်ခွဲရေးအပိုင်းရှိ အဓိကအားနည်းချက်များမှာ ဆန်စက် အများစုသည်ဥပမာအားဖြင့် တန် ၁၀ဝ ကျ ဆန်စက်တစ်ခုအတွက်စက်ယူနစ်များကိုတစ်ပြေးညီတစ်ပြိုင်နက် တပ်ဆင်ခြင်းမျိုးမဟုတ်ဘဲ၊ ဟာလာကဲ့သို့သော ဆန်စက်အသေးများမှထပ်ဆင့်ယူနစ်များ တိုးချဲ့ တည်ဆောက်သည့် ပုံစံမျိုးတွေ့ရှိရသည်။ ငွေကြေး အလုံအလောက် ရင်းနှီးမြှုပ်နှံနိုင်သောကုမ္ပဏီကြီးများသာ ခေတ်မီဆန်စက်များကို တစ်ပြေးညီ တပ်ဆပ်နိုင်ကြသည်။ ထိုအချက်သည် အရည်အသွေး မြင့် မြန်မာ့ဆန်ကြိတ်ခွဲရေးနှင့် စီးပွားရေး တွက်ခြေကိုက်မှုတို့အတွက် ဖြေရှင်းရခက်ခဲမည့်ပုစ္ဆာတစ်ရပ် ဖြစ်လာနိုင်သည်။

     အထက်ပါ အရေးကြီးသောအန္တရာယ်ရှိ (High Risks) အချက် များတွင် အရည်အချင်းမပြည့်မီသော ဆန်စက်များကို စာရင်းပြုစုရာ တွင် ဆန်စက်ပေါင်း ၂၄ စက်ရှိသည်ကို တွေ့ရှိခဲ့ရသည်။ ကျန်ဆန် စက် ၇၉ စက်မှာ ကျန်းမာသန့်ရှင်းရေးအပိုင်းတွင် အားနည်းချက်များ ရှိနေသော်လည်း High Risks အချက်များတွင် အောင်မြင်ခဲ့သဖြင့် အရည်အချင်းပြည့်မီသော ဆန်စက်များအဖြစ် Technical Working Group မှ အတည်ပြုဆုံးဖြတ် ခဲ့ပါသည်။ သို့ရာတွင် အဆိုပါ ၇၉ စက် အနက်  ၁၀  စက်မှာ  မီးထောင်ချောက်များ  လုံလောက်မှုမရှိခြင်း၊ သိုလှောင်ရုံအဆင်သင့်မဖြစ်ခြင်း စသောအချက်များ တွေ့ရှိခဲ့ရသဖြင့် အချိန်မီပြင်ဆင်ပေးရန် ဝန်ခံကတိဖြင့် ရွေးချယ်ခဲ့ရသည်။

ဆန်စက်များ၏ အားနည်းချက်များ

        ဆန်စက်အရည်အချင်းစစ်ဆေးသော အပိုင်း(၃)ပိုင်းအနက် မြန်မာနိုင်ငံရှိ ဆန်စက်များသည် ကျန်းမာသန့်ရှင်းရေးအပိုင်းတွင် လွန်စွာအားနည်းလျက်ရှိကြောင်း တွေ့ရှိရသည်။ အပိုင်း(B)သည် စားသောက်ကုန်များ ကျန်း မာရေးနှင့်ညီညွတ်စေရန်အတွက်စစ်ဆေး သောအချက်ဖြစ်ပြီး ဆန်စက်များသည် Good Hygienic Practices GHP များနှင့် အနည်းငယ်အလှမ်းဝေးနေသေးကြောင်း လေ့လာ တွေ့ရှိရသည်။ နိုင်ငံတကာတွင် အစားအစာထုတ် လုပ်မှု ထုပ်ပိုးမှုတို့ အတွက် နိုင်ငံတကာစံချိန်စံညွှန်းများနှင့်အညီသာ ထုပ်လုပ်မှုထုပ်ပိုး မှုတို့ကို လက်ခံကြောင်းတွေ့ရှိရသည်။ ထို့ကြောင့် အစားအစာ ဘေး အန္တရာယ်ကင်းရှင်းရေးနှင့် ကျန်းမာသန့်ရှင်းရေး အလေ့အထကောင်း များအတိုင်းကျင့်ကြံ၍ အရည်အသွေးမြင့်ထုတ်ကုန်များ ထုတ်လုပ် နိုင်ရန် ကြိုးပမ်း ဆောင်ရွက်ကြရမည်ဖြစ်သည်။

လုပ်သားများကျန်းမာရေးနှင့် တစ်ကိုယ်ရေသန့်ရှင်းရေးသင်တန်း

         ဆန်စက်များသည် စားသောက်ကုန်ထုတ်လုပ်သော လုပ်ငန်း ဖြစ်သည့်အတွက် လုပ်သားများကို အစားအစာဘေးအန္တရာယ်ကင်း ရှင်းရေးနှင့် ကျန်းမာရေးသင်တန်းများပေးခြင်း၊ လမ်းညွှန်ကြီးကြပ် ခြင်း စသည်တို့ကို ဆောင်ရွက်မည်ဖြစ်ပါသည်။ ကုန်ပစ္စည်းများကိုသန့်ရှင်းသပ်ရပ်စွာ ထားရှိရေးနှင့်ညစ်ညမ်းမှု မရှိစေဘဲ စနစ်တကျ ကိုင်တွယ်တတ်စေရန် သင်တန်းများကိုအနည်းဆုံးတစ်နှစ်လျှင် တစ်ကြိမ် ပေးရပါမည်။ ဤအချက်နှင့်ပတ်သက် ၍ အဆိုပြုဆန်စက် သုံးပုံနှစ်ပုံ (၇၇ စက်) သည်  ဆောင်ရွက်ထားမှုမရှိကြောင်း တွေ့ရှိရသည်။ ၎င်းအချက်မှာ အဓိကအားဖြင့် ဆန်စက်တာဝန်ရှိသူများနှင့် သက်ဆိုင်ရာ ကုမ္ပဏီတာဝန်ရှိသူများ ကိုယ်တိုင်ပင်လျှင် GMP, GHP နှင့် Food Safety ဆိုင်ရာ ဗဟုသုတအားနည်းနေသေးကြောင်း တွေ့ရှိရသည်။ ဆန်စက်အများစုသည် လက်ရှိလုပ်ရိုးလုပ်စဉ် အတိုင်းသာလုပ်ငန်း လည်ပတ် လျက်ရှိပြီး အရည်အသွေးဆိုင်ရာ ခေတ်မီနည်းပညာများ အသုံးပြုမှု ပိုင်းတွင် အားနည်းလျက်ရှိသည်။

အဝတ်လဲခန်းများ ထားရှိမှု

       စားသောက်ကုန်ထုတ်လုပ်သောလုပ်ငန်းများတွင် GMP အလေ့အထကောင်းများအရ လုပ်သားများအတွက် လုပ်ငန်းခွင်သုံး အသုံးအဆောင်အဝတ်အထည်များ လဲလှယ်နိုင်ရန် အဝတ်လဲခန်း များ သီးသန့်ထားရှိ ပေးရ မည်။ ထိုအဝတ်လဲခန်းများအနေဖြင့်လည်း ကျား/မ လုပ်သားအရေအတွက် ပေါ်မူတည်၍ လုံလောက်မှုရှိအောင် ဂရုစိုက်ရမည်။ စစ်ဆေးတွေ့ရှိသော ဆန်စက်များတွင်လုပ်ငန်းခွင်အတွင်း သီးခြားဝတ်စုံများထုတ်ပေးမှု နည်း ပါးပြီး အဝတ်လဲခန်းနှင့် အလုပ် သမားများအတွက်နားနေဆောင်၊ စားသောက်ဆောင်စသည်ဖြင့် ပီပီပြင် ထောက်ပံ့ပေးမှုမရှိကြောင်း  လေ့လာရသည်။ အချို့သော စက်များသည် ISO  ရရှိပြီးသည့် စက်များနှင့် ISO ရရှိရေး ဆောင်ရွက် လျက်ရှိသည့် ဆန်စက်များတွင်ဤအချက်များဆောင်ရွက်ထားခြင်း သည်အားသာချက် အဖြစ်ရှိနေသည်။

အကာအကွယ်အသုံးအဆောင်များ ဝတ်ဆင်မှု

      စားသောက်ကုန်ထုတ်လုပ်သောလုပ်ငန်းခွင်ရှိ အလုပ်သမား များသည် သန့်ရှင်းသပ်ရပ်သည့်အကာအကွယ် အဝတ်အစား၊ ခေါင်း စွပ်၊ ဖိနပ်စသည်တို့ကိုအသုံးပြုရမည်ဖြစ်ပြီး၊ ပိုးမွှားအန္တရာယ် ကာကွယ်ရန်အတွက် လက် ကို ဆပ်ပြာဖြင့် သေချာစွာဆေးကြောသည့်အလေ့ အထရှိရမည်ဖြစ်သည်။ သို့သော်လည်း စစ်ဆေးတွေ့ရှိမှုများအရ အလုပ်သမားများသည် စွပ်ကျယ်လက်ပြတ်ကဲ့သို့သော အဝတ်အစားများကိုသာ အများဆုံး ဝတ်ဆင် မှုတွေ့ရှိရပြီး အချို့သည်လုပ်ငန်းခွင် အတွင်း ဖိနပ်၊ ခေါင်းစွပ်၊ လက်အိတ်စသည်တို့ကို ဝတ်ဆင်သည့် အလေ့ အထပင်မရှိကြောင်းတွေ့ရှိရသည်။

သန့်စင်ခန်းများ

      လုပ်သားများ၏တစ်ကိုယ်ရေသန့်ရှင်းရေးနှင့် ကျန်းမာရေး အထောက်အကူဖြစ်စေရန် သန့်ရှင်း သပ်ရပ်ပြီး လုံလောက်သော ရေလောင်းအိမ်သာများ စီစဉ်ထားရှိရမည်။ ထို့ပြင် ရေရရှိမှု အဆင် ပြေစေရန် ဆောင်ရွက်ရမည်ြ ဖစ်ပြီး အဆိုပါအိမ်သာများ၏ တည် နေရာနှင့် တည်ဆောက်ပုံတို့သည် ကုန်ပစ္စည်းအပေါ် ထိခိုက်မှုမရှိ စေရန် ဆောင်ရွက်ရမည်။ အဆိုပြုဆန်စက်များကိုစစ်ဆေးရာတွင် အချို့သော ဆန်စက် များသည်အိမ်သာမထားရှိမှု၊ အိမ်သာ မလုံလောက်မှု၊ ရေပေးဝေမှု စနစ်မကျမှု၊ တည်ဆောက်ပုံစနစ်မကျမှု စသည့်အချက်များ တွေ့ရှိရ ပြီး စုစုပေါင်း ဆန်စက် ၄၁ စက်မှာ ဤအချက်နှင့်ပတ်သက်၍ အရည် အချင်းမပြည့်မီကြောင်း တွေ့ရှိရသည်။

လုပ်သားများကျန်းမာရေး

     ဆန်စက်လုပ်ငန်းခွင်အတွင်း ကူးစက်ရောဂါပြန့်ပွားမှုမရှိစေ ရန် လုပ်သားများ၏ကျန်းမာရေးကို အထူးဂရုစိုက်ရမည်။ အစား အစာကျန်များ သန့်ရှင်းရေးအတွက်လုပ်ငန်းခွင်အတွင်း နာမကျန်း ဖြစ်သည်ဟု သံသယရှိပါက စီမံခန့်ခွဲသူများထံ အကြောင်းကြား၍ ဆေးစစ်မှုပြုလုပ်ရမည်။ တစ်နှစ်လျှင် တစ်ကြိမ်ခန့်လုပ်သားများ၏ ကျန်းမာရေးကို ဆေးစစ်မှုပြုလုပ်ရန် ဆောင်ရွက်ပေးရမည်ဖြစ်သည်။ အထူးသဖြင့် ကုန်ချောကုန်ကြမ်းများနှင့် တိုက်ရိုက်ထိတွေ့သူများ၏ ကျန်းမာရေးကို အထူးအလေးထား ဆောင်ရွက်သင့်ပါသည်။

အခြားအားနည်းချက်များ

       သိုလှောင်ရုံ၏ အနေအထား၊ လေဝင်လေထွက်ကောင်းမွန်မှု၊ သိုလှောင်ရုံအတွင်း အပူချိန်ကိုထိန်းညှိ ပေးနိုင်မှုစသည့်အချက်များ ကိုလည်း ဂရုပြုမှုအားနည်းပါသည်။ သိုလှောင်ရုံများတွင် ဆန်အိတ် များကို ပိုင်ပုံသိုလှောင် ရာ၌ ကြမ်းခင်းအသုံးပြုရပါမည်။ ပိုးသတ်မှိုင်း တိုက်ရာတွင် လွယ်ကူမှုရှိစေရန်နှင့် လူဝင်လူထွက် အဆင်ပြေစေရန် နံရံနှင့်အနည်းဆုံး လေးပေခန့်ခွာရပါမည်။ တရုတ်နိုင်ငံသို့ တင်ပို့ မည့် ဆန်များကို ပိုးသတ်မှိုင်းတိုက်မှု မဖြစ် မနေ ပြုလုပ်ရမည်ဖြစ် ကြောင်း စာချုပ်၏ အပိုဒ် (၇)တွင် ဖော်ပြထားသည်။ ထိန်းချုပ်ဖျက် ပိုးကင်းစင်ကြောင်း အသိအမှတ်ပြုလက်မှတ်ကိုလည်း သက်ဆိုင်ရာ အခွင့်အာဏာပိုင်အဖွဲ့အစည်းထံမှရယူပြီး တရုတ်ဘက်သို့ တင်ပြ ရမည်ဖြစ်သည်။ ထို့ကြောင့် သိုလှောင်ရုံကို ခိုအောင်းနိုင်သော ပိုးမွှား များ၊ တိရစ္ဆာန်များ၊ အမှိုက်သရိုက်များကို ရှင်းလင်းဖယ်ရှားရာတွင် လွယ်ကူအဆင်ပြေစေရန် ဆောင်ရွက်ထားရမည်ဖြစ်သည်။ သိုလှာင်ရုံ ၏ နံရံမျက်နှာစာ၊ အခန်းအကန့်များနှင့်ကြမ်းပြင်တို့ကို ရေစိမ့်မဝင် နိုင်ရန် စီမံဆောင်ရွက်ရာတွင် အဆိပ်အတောက်မဖြစ်စေနိုင်သော ပစ္စည်းများကိုသာ အသုံးပြုရပါမည်။ ကုန်ချောဆန်များကို အိတ်သွပ် ရာတွင် အိတ်အသစ်များအသုံးပြုရန် တရုတ်နိုင်ငံနှင့် ချုပ်ဆိုသော စာချုပ်၏ အပိုဒ် (၅)တွင် ဖော်ပြထားပါသည်။

       တင်ပို့သည့်အိတ်တွင်လည်း တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ဟူသော စာသား၊ ဆန်အမျိုးအစား၊ ကြိတ်ခွဲသည့်စက်ရုံ၊ တင်ပို့သူ အမည်၊ လုပ်ငန်းမှတ်ပုံတင်အမှတ်၊ ကုမ္ပဏီလိပ်စာ စသည်ကို မြန်မာ၊ တရုတ်နှစ်ဘာသာဖြင့် ဖော်ပြရမည်။ စက်ရုံနှင့်သိုလှောင်ရုံအတွင်း သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်းများ ဆောင် ရွက်ခြင်းသည် စက်ရုံအတော်များများ လိုက်ပါ ဆောင်ရွက်နိုင်မှု အားနည်းသော အချက်ဖြစ်ပြီး အပိုင်း(A)တွင် အရည်အချင်း မကိုက် ညီမှု အများဆုံး သတ်မှတ်ခံရသောအချက်ဖြစ်သည်။

      စပါးမှစတင်ကြိတ်ခွဲသော ဆန်စက်များတွင် စပါးအခြောက်ခံ စက်ထားရှိရန် လိုအပ်သည်။ ယနေ့ခေတ်တွင် စပါးရိတ်သိမ်းရာ၌ ခေတ်မီရိတ်သိမ်းေြွခလှေ့စက်များ အသုံးပြုလာကြသဖြင့် ဆန်စက် များသို့ ရောက်ရှိလာသော စပါးများသည်များသောအားဖြင့် အစို ဓာတ်မြင့်မားလျက်ရှိပါသည်။ ကြိတ်ခွဲမှုပြုရန်အတွက် လိုအပ်သော အစိုဓာတ်ပမာဏ ကိုရရှိရန်အခြောက်ခံစက်များ လိုအပ်သည်။ သင့် တော်မှန်ကန်သော အစိုဓာတ်တွင်ကြိတ်ခွဲမှုပြုလုပ်မှ သာလျှင် ဆန် အရည်အသွေး ကောင်းမွန်မှုနှင့်အောက်တန်းကိုက်ခြင်းကဲ့သိုသော စီးပွားရေးအရတွက်ခြေကိုက်မှုရှိမည်ဖြစ်ပါသည်။ ဆန်စက်အများစုသည် ခေတ်မီ စပါးအခြောက်ခံစက်များကို တွင်ကျယ်စွာ အသုံးပြု လာကြေ သာ် လည်း စစ်ဆေးခဲ့သော ဆန်စက် ၁၀၃ စက်ရှိသည့်အနက် ၁၃ စက်မှာ အသုံးပြုခြင်းမရှိကြောင်း တွေ့ရှိရသည်။ အစိုဓာတ် တစ်မှတ်သည် စပါးကြိတ်ခွဲရာ၌ အလေးချိန်၊ ပမာဏ၊ အရည်အသွေး နှင့်ဆန်သားရရှိမှုတို့တွင် သက်ရောက်မှုရှိသော်လည်း အများစုသည် အစိုဓာတ်ပေါ်တွင် အလေးနက်ထားစဉ်းစားမှုမရှိကြောင်း တွေ့ရှိရ သည်။

       မည်သို့ပင်ဆိုစေကာမူ တရုတ်နိုင်ငံသို့ ဆန်တန်ချိန် Quota တစ်သိန်းတင်ပို့နိုင်ရေးအတွက် စစ်ဆေးမှုများသည်နောင်တွင် ရရှိ လာနိုင်မည့် G to G Quota  များ၊ ပင်လယ်ရေကြောင်းမှတစ်ဆင့် ကမ္ဘာ့နယ်ပယ်အရပ်ရပ်သို့ တင်ပို့နိုင်မည့် တန်းမြင့်မြန်မာ့ဆန်များ  ကြိတ်ခွဲထုတ်လုပ်လုပ်ရေးအတွက် အတွေ့အကြုံကောင်း အထောက် အပံ့ကောင်းများဖြစ်လာတော့မည်ဟု  မှတ်ယူရပါသည်။  ယခု တစ်ကြိမ်စစ်ဆေးတွေ့ရှိရသည့် အားသာချက်များကို ဆက်လက် တည်ရှိစေပြီး အားနည်းချက်များ ပြုပြင်၍ စီမံကိန်းများ၊ မူဝါဒများ ချမှတ် အကောင်အထည်ဖော်ရမည်ဖြစ်သည်။ အနာဂတ်တွင် မြန်မာ့ ဆန်စပါး လောကရွှေခေတ်ဆီသို့ ပြန်လည်တက်လှမ်းနိုင်ပါစေကြောင်း ဆန္ဒပြုရင်းသုံးသပ်ချက်များကို နိဂုံးချုပ်အပ်ပါသည်။

 

မောင်မောင် (CTQM)