မြန်မာနိုင်ငံသည် စပါးကိုစိုက်ပျိုး၊ ဆန်ကိုစား၊ ပြည်ပဝင်ငွေအတွက် ဆန်ကို ပြည်ပတင်ပို့ခဲ့သည်မှာ ၁၉၀၀ ပြည့်လွန်နှစ်များက ထဲက ဆိုလျှင် မှားမည်မထင်ပါ။ မြန်မာနိုင်ငံမှ ပြည်ပဆန်တင်ပို့မှုသည် နှစ်ပေါင်း တစ်ရာကျော် ရှိပြီဖြစ်ကြောင်း သိရှိရသည်။ မြန်မာ နိုင်ငံသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်တွင်လည်း ပြည်ပသို့ဆန်တင်ပို့မှုကို ဆက်လက်ဆောင်ရွက်ခဲ့သည်။ ၁၉၆၂ ခုနှစ်နောက်ပိုင်း တော်လှန်ရေးကောင်စီနှင့် ဆိုရှယ်လစ်ေ ခတ်များ တွင်လည်း ပြည်ပသို့ဆန်တင်ပို့မှုကို ဆောင်ရွက်ခဲ့ပါသည်။ ၁၉၈၈ ခုနှစ်နောက်ပိုင်း တပ်မတော်အစိုးရလက်ထက်တွင်လည်း ဆန် တင်ပို့မှုကို ဆက်လက်ဆောင်ရွက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ် ဧပြီလတွင် ဆန်စပါးလုပ်ငန်း ကို အစိုးရက တိုက်ရိုက်ဝယ်ယူခြင်း မပြုကြောင်း၊ အစိုးရကလည်း ပြည်ပသို့ဆန်ရောင်းချခြင်းကို တိုက်ရိုက်ဆောင်ရွက် ခြင်းမပြုကြောင်း ကြေညာပြီးနောက်တွင် ပုဂ္ဂလိကလုပ်ငန်းရှင်များက ပြည်ပဆန်တင်ပို့မှုများကို ယနေ့ အထိ ဆက်လက်လုပ်ဆောင်လာခဲ့ပါ သည်။ ပြည်ပဆန်တင်ပို့မှု တစ်လျှောက်လုံးတွင် မြန်မာနိုင်ငံသည် အခြားသောအာရှတိုက်မှ ဆန်တင်ပို့နိုင်ငံများနှင့် ယှဉ်ပြိုင်နေရမှုများ ကို ရင်ဆိုင်ရလျက်ရှိပြီး ဆန်တင်ပို့ရာတွင် ကမ္ဘာ့ထိပ် တန်း နိုင်ငံများ ဖြစ်သော ထိုင်း၊ ဗီယက်နမ်နှင့် ဆန်တင်သွင်းမှု အများဆုံးနိုင်ငံဖြစ် သော တရုတ်နိုင်ငံတို့၏ ဆန်စပါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒပိုင်းဆိုင်ရာ ဆောင်ရွက်ချက်များကို မြန်မာနိုင်ငံက အခြေအနေ များနှ င့် နှိုင်းယှဉ်သုံးသပ်နိုင်စေရန်နှင့် အတုယူသင့်သည်များ၊ ရှောင် သင့် ဆောင်သင့်သည်များကို ဆက်လက်ဆောင်ရွက်နိုင်စေရန် ရည် ရွယ်ပြီး လေးနိုင်ငံ ယှဉ်တွဲရေးသားတင်ပြလိုခြင်းဖြစ်ပါသည်။
တရုတ်နိုင်ငံ၏ ဆန်စပါးမူဝါဒ
တရုတ်နိုင်ငံ၏ ဆန်စပါးမူဝါဒကို သုံးပိုင်းခွဲခြားလေ့လာနိုင် ပါသည်။ ၁၉၆၁ မှ ၁၉၇၇ ခုနှစ်အထိကို တရုတ်နိုင်ငံ၏ ပထမအပိုင်း အဖြစ် သတ်မှတ်နိုင်ပါသည်။ ယင်းကာလမှာ တရုတ်နိုင်ငံသည် ပြည်သူ့ဘုံဝါဒကို ဖော်ဆော င်နေချိန်ဖြစ်ပါသည်။ ယင်းအချိန်ကာလ တွင် ဆန်စပါးအထွက်နှုန်းနှင့် ရိတ်သိမ်းဧရိယာမှာ နှစ်စဉ်ပျမ်းမျှ ခြင်းအားဖြင့် ၁ ဒသမ ၈၅ ရာခိုင်နှုန်းမှ ၃ ဒသမ ၅၆ ရာခိုင်နှုန်းအထိ တိုးတက်လျက်ရှိကြောင်း သိရပါသည်။ ယင်းကာလ သည် တရုတ် နိုင်ငံတွင် ဆန်စပါးထုတ်လုပ်မှု ထင်ရှားစွာ တိုးတက်ခဲ့သော အခြေ အနေဖြစ်ပါသည်။ ဒုတိယအပိုင်းကို ၁၉၇၈ ခုနှစ်မှ ၂၀၀၃ ခုနှစ်အထိ သတ်မှတ်ထားပြီး ယင်းကာလသည် မိသားစုအလိုက် တာဝန်ခံသော စနစ် တစ်ရပ်ကို ထူထောင်ပြီး ဈေးကွက်အတွင်း ဖြေလျှော့မှုများ (Market Liberalization)ကို အကောင်အထည်ဖော်လာပါသည်။ တစ်ဖက်တွင်လည်း စပါးရိတ်သိမ်းသည့် ဧရိယာသည် နှစ်စဉ်ပျမ်းမျှ ၁ဒသမ ၈၈ရာခိုင်နှုန်း လျော့ နည်းလျက်ရှိကြောင်း သိရပါသည်။ ယင်းကာလတွင် hybrid rice ကို တိုးချဲ့စိုက်ပျိုးလာသဖြင့် အထွက် နှုန်းတွင် နှစ်စဉ် ၃ဒသမ၂၄ ရာခိုင်နှုန်း တိုးတက်ခဲ့သော်လည်း ရိတ် သိမ်းသည့် ဧရိယာအပိုင်းတွင် လျော့နည်းသဖြင့် စုစုပေါင်း ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုတွင် လျော့နည်းခဲ့ပါသည်။ တတိယ အပိုင်းအနေ ဖြင့် ၂၀၀၄ ခုနှစ်မှယခုအထိ သတ်မှတ်ထားပြီး တရုတ်နိုင်ငံ၏ ဆန် စပါးထုတ်လုပ်မှုသည် စိုက်ပျိုးထုတ်လုပ်မှုကဏ္ဍအတွက် အခွန်များ ကို တဖြည်းဖြည်း ဖြေလျှော့ပေးသဖြင့် တိုးတက်ပြောင်းလဲမှုများ ဖြစ်ပေါ်သော ကာလဖြစ်သကဲ့သို့ ထုတ်လုပ်သူများအား ထောက်ပံ့ သည့် အစီအစဉ်ကိုလည်း၂၀၀၄တွင် စတင်အကောင်အထည်ဖော်ခဲ့ ပါသည်။
ထိုင်းနိုင်ငံ၏ ဆန်စပါးမူဝါဒ
ထိုင်းနိုင်ငံသည် ဆည်မြောင်းကဏ္ဍတွင် ရင်းနှီးမြှုပ်နှံခြင်း၊ ခေတ်သစ် အမျိုးအစားများနှင့် တိုးတက်စိုက်ပျိုးထုတ်လုပ်ရန် ဆန္ဒ ပြင်းပြမှုများကြောင့် ဆန်စပါးထုတ်လုပ်မှုသည် ၁၉၇၀ပြည့်နှစ်များမှ စတင်ပြီးအထွက်နှုန်း တိုးတက်လျက်ရှိသော်လည်း ထိုင်းနိုင်ငံသည် အခြားအာရှနိုင်ငံများ၏ အထွက်နှုန်းနှင့်ယှဉ်လျှင် နည်းပါးနေသေး ကြောင်း တွေ့ရှိရပါသည်။ ထိုင်းနိုင်ငံ၏ စပါးအထွက်နည်းခြင်းမှာ မိုးရေကို မှီခို စိုက်ပျိုးရသောဒေသများ ပါဝင်ေ နသောကြောင့်ဖြစ်သည်ကို တွေ့ရပါသည်။ အထူးသဖြင့် အရှေ့မြောက်ဒေသရှိ ဟုမ်းမလိ သို့မဟုတ် Jasmine rice နှင့် ဒေသအထွက်ကောင်း ဆန် မွှေးမျိုးများ စိုက်ပျိုးသည့်ဒေသ၏ အထွက်နှုန်းများကြောင့်လည်း ဖြစ်ကြော င်း ဖော်ပြကြပါသည်။ ဆန်စပါး စိုက်ပျိုးထုတ်လုပ်မှုဧရိယာကို တိုးချဲ့ခြင်းအားဖြင့်၁၉၈၀ ပြည့်နှစ်များမတိုင်မီကပင် ထိုင်းနိုင်ငံ သည် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှုတွင် တိုးတက်လျက်ရှိပါသည်။ ၁၉၉၀ ပြည့်နှစ်များတွင် ရာသီ စပါး Photoperiod Sensitive Rice များအစား ရက်စပါးဖြစ်သော Non-photoperiod Sensitive Rice များအား ကျယ်ပြန့်စွာ အစားထိုးစိုက်ပျိုးခြင်းဖြင့်လည်း ရာသီစုံ ဘက်စုံစိုက်ပျိုးနိုင်ခြင်းကို ဆည်ရေသောက် မြေဧရိယာများ တွင် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ယင်းသို့ ဆောင်ရွက်နိုင်သဖြင့် ထိုင်းနိုင်ငံ သည် ကမ္ဘာ့ဆန်ဈေးကွက်တွင် ထိပ်တန်း Premium Rice များနှင့် အရည်အသွေးမြင့်ဆန်များ ထုတ်လုပ်မှုကို ထိန်းသိမ်းထားခြင်းဖြင့် အဓိကရည်မှန်း ချက် Target အတွက် ပထမအဆင့်ကို ထိန်းထား နိုင်ပါသည်။ စိုက်ပျိုးရေးဆိုင်ရာ စီးပွားရေး Agronomic နှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အကန့်အသတ်များကြောင့် Jasmine Rice သည် အခြားအမျိုးအစားများနှင့် နှိုင်းယှဉ်ပါက အထွက်နှုန်း နည်းပါးပါသည်။ ထင်ရှားသည်မှာ အစိုးရက ဈေးနှုန်း အထောက် အပံ့ပြုသည့် အစီအစဉ် Price Support Program နှင့် ကတိကဝတ် အာမခံချက်ပေးသည့် အစီအစဉ် Pledging Program တို့သည် ဆန်စပါးထုတ်လုပ်မှု တိုးတက်မှုအတွက် များစွာအထောက် အကူ ဖြစ်သည်ဟုဆိုပါသည်။ သို့ရာတွင်အဆိုပါအစိုးရ၏ဈေးသတ် မှတ်ချက်ကြောင့် အရည်အသွေးမြင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်မှု အစီအစဉ်တွင် အထောက်အပံ့ အပြည့်အ၀ မဖြစ်နိုင်ကြောင်း သိရပါသည်။
ဗီယက်နမ်နိုင်ငံ၏ ဆန်စပါးမူဝါဒ
ဗီယက်နမ်အတွက် ၁၉၈၀ ပြည့်နှစ်တွင် စာချုပ်စာတမ်းဖြင့် ကုန်ထုတ်လုပ်ခြင်းစနစ် Contract Production System ကို မိတ်ဆက် ခဲ့ပြီးနောက် ဆန်စပါးထုတ်လုပ်မှုသည် အထွက်နှုန်း အပိုင်းတွင် သိသာထင်ရှားစွာ တိုးတ က်လာသည်ကို တွေ့ရသည့်အပြင် လယ်ကွင်းအတွင်းထုတ်လုပ်မှုစွမ်းရည်လည်း သိသာစွာတိုးတက်လာပါသည်။ ထပ်မံဖြည့်စွက်ရမည်ဆိုလျှင် ဗီယက်နမ်နိုင်ငံသည် ပြုပြင် ပြောင်းလဲရေးမူဝါဒတွင် ပါဝင်သည့် အချက်တစ်ခုဖြစ် သည့် စိုက်ပျိုး နိုင်သည့် မြေယာများကို အိမ်ထောင်စုများအား ခွဲဝေပေးခဲ့ပြီး နောက်ပိုင်း ၁၉၈၆ ခုနှစ်မှစတင်ပြီး ရိတ်သိမ်းနိုင်သည့်ဧရိယာသည် လျင်မြန်စွာ တိုးတက်လာပါသည်။ စိုက်ပျိုးထုတ်လုပ်ရေးဆိုင်ရာ စီးပွားရေး ပြုပြင်ပြောင်းလဲမှုအောက်ရှိ ဆည်မြောင်းကဏ္ဍတွင် ရင်း နှီးမြှုပ်နှံခြင်းကို အစိုးရက ၁၉၈၀ပြည့်နှစ်တွင် ဆောင်ရွက်ခြင်းနှင့် ၁၉၉၀ ပြည့်နှစ်တွင် အထွက်နှုန်းမြင့် Hybrid Rice မျိုးများကို ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြ င်းနှစ်ခုသည် ဆန်စပါးကဏ္ဍကို တိုးတက်ပြောင်းလဲစေသည့် အချက်များတွင် အဓိက ပါဝင်နေပါ သည်။ မြေယာကဏ္ဍ ပြုပြင်ပြောင်းလဲမှု တွင် သမဝါယမပိုင်လယ်မြေ များကို တောင်သူများသို့ တစ်ဦးချင်းပုဂ္ဂလိပိုင်အဖြစ်သို့ တရားဝင် အားဖြင့် လွှဲပြောင်းနိုင်ခဲ့ခြင်းသည် ဗီယက်နမ်နိုင်ငံ ဆန်စပါးကဏ္ဍ ပြုပြင်ပြောင်းလဲမှု လုပ်ငန်းများတွင် အလွန်ထင်ရှားသော ပြောင်း လဲမှုဖြစ်ပါသည်။
မြန်မာနိုင်ငံ၏ ဆန်စပါး မူဝါဒ
မြန်မာနိုင်ငံအနေဖြင့် လွတ်လပ်ရေးရပြီးနောက် ၁၉၄၈ခုနှစ်မှ ၁၉၆၂ ခုနှစ်အထိ ဆန်စပါးကို ကုမ္ပဏီများက ဝယ်ယူသည်မှ ပြည်ပ တင်ပို့သည်အထိ ဆောင်ရွက်ကြပြီး ၁၉၆၂ ခုနှစ်တွက် တပ်မတော်က အာဏာသိမ်းပြီးေ နာက် အစိုးရကသာ ဆန်စပါး ဝယ်ယူခြင်း၊ သယ်ယူ ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ဖြန့်ဖြူးရောင်းချခြင်းနှင့် ပြည်ပသို့ တင်ပို့ခြင်း စသည့် လုပ်ငန်းစဉ် အားလုံးကို အစိုးရဝန်ကြီးဌာနမှသာ ဆောင်ရွက်ခဲ့သည်။ တောင်သူများ အနေဖြင့် နိုင်ငံတော်သို့ သတ် မှတ်သည့်အတိုင်း စပါးများရောင်းချပေးသွင်းရပြီး ပိုလျှံသည့် စပါးများကိုသာ ပြည်တွင်းတွင် ရောင်းဝယ်ဖောက်ကားခဲ့ကြပါသည်။ အဆိုပါစပါးမှရရှိသည့်ဆန်ကိုလည်း ပြည်တွင်းတွင်သာ ရောင်း ချခွင့် ရှိပါသည်။ ပြည်ပတင်ပို့ခြင်းကို အစိုးရမှသာ တာဝန်ယူဆောင်ရွက် ပါသည်။ အစိုးရသည် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို ကျင့်သုံးပြီး ပြည်ပ တင်ပို့မှုအားလုံးကို အစိုးရကသာ ဗဟိုဦးစီးစနစ်ဖြင့် ဆောင် ရွက်ခဲ့ပါသည်။ ၂၀၀၃ ခုနှစ် တွင် ဆန်စပါးမူဝါဒသစ်ကို ကြေညာပြီး အစိုးရအနေဖြင့် ဆန်စပါးကို တောင်သူများထံမှ တိုက်ရိုက် ဝယ်ယူ ခြင်းမပြုတော့ကြောင်း ထုတ်ပြန်ခဲ့သည်။ ဝယ်ယူခြင်းအပြင် သယ်ယူ ခြင်း၊ သိုလှောင်ခြင်း၊ ကြိတ်ခွဲခြင်း၊ ပြည်တွင်း တွင် လွတ်လပ်စွာ ရောင်းဝယ်ခြင်းများကို ခွင့်ပြုခဲ့ပါသည်။ ၂၀၀၃ ခုနှစ်တွင် ဆန်စပါးမူဝါဒကို ပြောင်းလဲခဲ့ပြီး ပြည်ပသို့ဆန်တင်ပို့မှုကို ပုဂ္ဂလိကကို ခွင့်ပြု သည်ဟုဆိုသော်လည်း ပြည်တွင်းဖူလုံရမည်၊ ပြည်တွင်း ဆန်ဈေး မတက် ရဟူသော အကန့်အသတ်များရှိသဖြင့် ဆန်ပြည်ပတင်ပို့မှု သည် ရုတ်တရက် တိုးတက်လာသည့် အခြေအနေမတွေ့ခဲ့ရပါ။ သို့ရာတွင် တစ်နှစ်ထက်တစ်နှစ် တိုးတက်လာသည်ကို တွေ့ရပါသည်။ ၂၀၀၇ ခုနှစ် တွင် တရုတ်နိုင်ငံ ဘက်သို့ နယ်စပ်မှတစ်ဆင့် တင်ပို့မှု သည် တိုးတက်လာခဲ့ပြီး တရုတ်နယ်စပ်မှ တင်ပို့မှုကြောင့် မြန်မာ့ဆန် တင်ပို့မှုသည် အများအပြား တိုးမြင့်လာသည်ကို တွေ့ရပါသည်။ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်တွင် ဆန်၊ ဆန်ကွဲတင်ပို့မှု သည် ရေကြောင်း မှ တန်ချိန် ၁ ဒသမ ၈ သန်း၊ နယ်စပ်မှ ၁ဒသမ ၈ သန်း၊ စုစုပေါင်း ၃ ဒသမ ၆ သန်း ကျော် တင်ပို့နိုင်ခဲ့သည်ကို တွေ့ရသည်။ အဆိုပါတင်ပို့ မှုတွင် တရုတ်နယ်စပ်မှ တင်ပို့မှုသည် တင်ပို့မှုစု စုပေါင်း၏ ၅၀ ရာခိုင် နှုန်းခန့််အထိ ပါဝင်နေသည်ကို တွေ့ရပါသည်။မြန်မာနိုင်ငံတွင် ဆန်စပါးနှင့်ပတ်သက်ပြီး အဓိက အကျဆုံးမူဝါဒအပြောင်းအလဲမှာ ၂၀၀၃ ခုနှစ် ဧပြီလတွင် ဝယ်ယူရေး၊ သယ်ယူရေး၊ သိုလှောင်ရေး၊ ကြိတ်ခွဲထုတ်လုပ် ရေးနှင့် ပြည်တွင်း၊ ပြည်ပ ရောင်းဝယ်ရေးများ၌ အစိုးရက တိုက်ရိုက်ပါဝင်ဆောင်ရွက်ခြင်း မပြုကြောင်း၊ အထူးသဖြင့် တောင်သူထံမှ အစိုးရအနေဖြင့် တိုက်ရိုက်ဝယ်ယူခြင်း မပြု ကြောင်း ကြေညာပြီး မူဝါဒပြောင်းလဲခဲ့ခြင်းြ ဖစ်ပါသည်။ ၂၀၁၁ ခုနှစ်အထိ မြန်မာနိုင်ငံအခြေအနေမှာ ဆန်စပါး အထွက်တိုးရေးကို ဆောင်ရွက်လျက်ရှိပြီး ပြည်ပတင်ပို့ခြင်း ကို ပုဂ္ဂလိကလုပ်ငန်းရှင်များအား တင်ပို့ခွင့်ပြုခဲ့သဖြင့် ဆန် တင်ပို့မှုသည် လျင်လျင်မြန်မြန် တိုး တက်လာပြီး တန်ချိန် တစ်သန်းအထိ ရောက်ရှိလာပါသည်။ သို့ရာတွင် ရေကြီးနစ် မြုပ်မှုများဖြစ်သော သဘာဝဘေးအန္တရာယ် ကြုံတွေ့ရသည့် အခါ နယ်စပ်ကုန်သွယ်မှုများကို တားမြစ်ခဲ့ပြီး ထိန်းသိမ်းခဲ့ ခြင်းမျိုးလည်း ရှိခဲ့ပါ သည်။ သို့သော်လည်း ၂၀၁၁ ခုနှစ် နောက်ပိုင်းမှ ယနေ့အထိ ပြည်ပဆန်တင်ပို့မှုကို တားမြစ်ခြင်း မျိုးမရှိခဲ့ပါ။ အဆိုပါအချက်သည် မြန်မာ့ဆန်စပါးကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော မူဝါဒ တစ်ခုပင် ဖြစ်သည်ဟု ဆိုနိုင်ပါသည်။ စပါးစိုက်စရိတ် တိုးပေးခြင်းနှင့် လယ်ယာကဏ္ဍတွင် အထောက်အကူဖြစ်စေသော လယ် ယာသုံးစက်ကိရိယာများကို အခွန်မဲ့ တင်သွင်းခွင့်ပြုခြင်း၊ အဆိုပါ စက်ကိရိယာများကို ချေးေ ငွဖြင့် ဝယ်ယူနိုင်ခြင်း၊ မြန်မာနိုင်ငံတွင်ရှိ ရွှေဘိုပေါ်ဆန်းမွှေးဆန်ကဲ့သို့ ဆန်များ သည် ပြည်တွင်းစားသုံးမှုနှင့် ပြည်တွင်းဈေးရရှိမှု မြင့်မား သော်လည်း အထွက်နှုန်းတွင် နည်းပါးသဖြင့် ထိုင်းနိုင်ငံ၏ အတွေ့အကြုံမျိုးကို အခြေ ခံပြီး စဉ်းစားဆောင် ရွက်သင့်ပါသည်။ အချို့စာရေးသူများက မြန်မာနိုင်ငံတွင် စိုက်ပျိုး ထုတ်လုပ်သူများသည် သုံးသီးကို သုံးရာသီလုံးတွင် စိုက်ပျိုး သင့်သည်ဟု ရေးသားသည်ကို တွေ့ရပါသည်။ တောင်သူများ သည် ဝင်ငွေတိုးတက မည့် နည်း လမ်းတစ်ခုဖြစ်သော သုံးသီး စိုက်ပျိုးမှုကိုသိပြီး ရင်းနှီးပြီးဖြစ်ပါ သည်။ သုံးသီးစိုက်ရန် အဓိက လိုအပ်ချက်မှာ ရေမှန်မှန်ရရှိရေးပင်ဖြစ်ပါသည်။ ရွှေဘိုခရိုင်တွင် ပေါ်ဆန်းမွှေးကို စိုက်ပျိုးဖြစ်ထွန်းေ အာင်မြင် ရခြင်း အချက်တစ်ခု မှာ ရေနှင့် နေရောင်ခြည်သည်ပေါ်ဆန်းမျိုး အတွက် အလွန်သ င့်လျော်သဖြင့် အောင်မြင်ခဲ့ခြင်းဖြစ်ပါ သည်။ အခြားနေရာများတွင် စမ်းသပ်ကြသော်လည်း ရွှေဘို ခရိုင်ကဲ့သို့ အောင်မြင်မှုကို သေချာစွာ မတွေ့မြင်ရခြင်းမှာ နေနှ င့် ရေကြောင့်ပင်ဖြစ်နိုင်ပါသည်။ မြန်မာနိုင်ငံတွင် အထွက် တိုးရေးကို ကြိုးပမ်းကြရာတွင် တစ်ဖက်မှ မူဝါဒ၊ ဥပဒေ၊ မဟာဗျူဟာနှင့် အကောင် အထည်ဖော်မှုအခြေအနေ များကို ညီညွတ်အောင် ဆောင်ရွက်သွားရန် လိုအပ်ပါသည်။
(မှတ်ချက်။ Sina Xie and Orachos napasintuwong wdkY\ ARE Working Paper No. 2557/1 (March 2014), Review of Rice Policies in China, Thailand and Vietnam ကို အခြေခံပြီး ရေးသားခြင်းဖြစ်ပါသည်)
မျိုးသူ (ကုန်သွယ်မြှင့်)