Main menu

Background

မိုးစပါး၊ နွေစပါးနှင့် အခြေခံ စပါးဈေးနှုန်း သတ်မှတ်မှု

Tue, 09/17/2019 - 13:22 -- journal_editor

        လာမည့် အောက်တိုဘာလကုန်တွင် စပါး အခြေခံဈေးနှုန်းကို သတ်မှတ် အဆိုပြု တင်ပြပေးနိုင်ရေးအတွက် ရည်မှန်းချက်ထား လုပ် ဆောင်ရန် လိုအပ်မည်ဖြစ်ကြောင်း နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်း၀ ယ်ရေးဝန်ကြီးဌာနရုံးတွင် သြဂုတ် ၃၀ ရက် နံနက် ပိုင်းက ပြုလုပ်ခဲ့သည့် ဆန်စပါးဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာသုံး သပ်အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီ၏ (၁/၂၀၁၉) လုပ်ငန်း ညှိနှိုင်းအစည်းအဝေးတွင် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးက ပြောကြားခဲ့ခြင်းဖြစ်သည်။ စပါး အခြေခံဈေးနှုန်း သတ်မှတ်မှုသည် ထိလွယ်ရှလွယ်ကိစ္စ ဖြစ်ခြင်းကြောင့် ဖြစ်နိုင်သည့် လက်တွေ့ဓမ္မဓိဋ္ဌာန်ကျသည့် ဈေးနှုန်း ကိုသာ သတ်မှတ်ပေးရန်လိုကြောင်း၊ လာမည့် ၂၀၂၀ ပြည့်နှစ်သည် ရွေးကောက်ပွဲနှစ်ဖြစ်၍ အခြေခံ စပါးဈေးနှုန်းကို သတ်မှတ်ရာတွင် သတိပြုဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ယခု ဈေးနှုန်းထက် ကျော်လွန် ဖြစ်ပေါ်လာမှု သည် ကောင်းမွန်သော်လည်း ယခုဈေးနှုန်းထက် ကျ သွားမည်ဆိုပါက နိုင်ငံရေးအကျိုးဆက်များပါ ဖြစ်လာနိုင်ကြောင်း ဒုတိယဝန်ကြီးက ပြောခဲ့သည်။
        စပါး အခြေခံဈေးနှုန်းသည် တောင်သူလယ်သမားများသာမက ကုန်သည်လုပ်ငန်းရှင်များပါ အကျိုးရှိနိုင်သည့် Win – Win Price ဖြစ်ရန်အတွက် ဈေးနှုန်းကို မှန်မှန်ကန်ကန် တွက်ချက်ရန်နှင့် အခြေခံ ဈေးနှုန်းကို အာမခံ ချက်ပေးနိုင်စေရန် ဆောင်ရွက်ရမည်ဖြစ်ပြီး ဆန်စပါး ဈေးကွက်နှင့် ဈေးနှုန်းဆိုင်ရာ သုံးသပ် အကြံပြုတင်ပြရေး လုပ်ငန်းကော်မတီက တွက်ချက်ထားသည့် အခြေခံဈေးနှုန်းနှင့် ထုတ်လုပ်မှု ကုန်ကျစရိတ်များကို ဦးဆောင်ေ ကာ်မတီသို့ တင်ပြကာ လမ်းညွှန်ချက်များကို ရယူသွားမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ်အတွင်းက တောင်သူလယ်သမားများ၏ အကျိုးကျေးဇူးအတွက် အစိုဓာတ် ၁၄ ရာခိုင်နှုန်းရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ စသည့် အရည်အသွေးပိုင်းဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ဧည့်မထ အမျိုးအစား ၄၆ ပေါင်၊ စပါးတင်း ၁၀၀လျှင် ကျပ်ငွေ ငါးသိန်းဈေးနှုန်းကို အခြေခံ၍ ဝယ်ယူ ပေးရန် ထုတ်ပြန်ကြေညာခဲ့ခြင်း ဖြစ်သည်။ ထိုကဲ့သို့ စပါးတင်း ၁၀၀ လျှင် အခြေခံဈေးနှုန်း ကျပ် ငါးသိန်း သတ်မှတ်လိုက်ချိန်တွင် စပါးဈေးမှာ ကျပ်ငါးသိန်းအထက်တွင်သာ ရှိခဲ့ရာမှ ၂၀၁၉ ခုနှစ် အရောက် နွေစပါးပေါ်ချိန်တွင် စပါးေ ဈးနှုန်းများမှာ တင်း ၁၀၀ ကို ကျပ် ငါးသိန်းအောက် ကျဆင်းသွားခဲ့ရသည်။ အခြေခံ စပါးဈေးနှုန်း သတ်မှတ်စက တောင်သူလယ်သမားများ အတွက် အသက်ရှူချောင်ခဲ့သော်လည်း နောက်ပိုင်း အခြေခံဈေးနှုန်း ကျပ်ငါးသိန်းေ အာက်သို့ ကျဆင်းသွားချိန်တွင် တောင်သူ လယ်သမား များအတွက် အခက်အခဲများစွာ ကြုံတွေ့ခဲ့ရခြင်းကြောင့် မြန်မာ နိုင်ငံ၏ တချို့ဒေသများတွင် တောင်သူလယ်သမားများ၏ ဆန္ဒထုတ် ဖော်မှုများပင် ဖြစ်ပေါ်ခဲ့ရပါသည်။
        ထို့ကြောင့် အဆိုပါ အခြေအနေများ ဖြစ်ပေါ်ခဲ့မှုများကြောင့် ဒုတိယဝန်ကြီးက အမြော်အမြင်ကြီးစွာဖြင့် ထိလွယ် ရှလွယ်သည့် ကိစ္စဖြစ်ခြင်းကြောင့် လက်တွေ့ဓမ္မဓိဋ္ဌာန်ကျသည့် ဈေးနှုန်းကိုသာ သတ်မှတ်ပေးရေးအတွက် ရည်မှန်းချက်ထားလုပ်ဆောင်ရန် အကြံပြု တိုက်တွန်းထားခြင်း ဖြစ်သည်။ တောင်သူလယ်သမားများဘက်ကလည်း ကိုယ်လိုချင်သည့် နှုန်းထားကိုသာ သိပြီး စပါးအရည်အသွေး ကောင်း ရန် မကြိုးစားပါက သတ်မှတ်နှုန်းထား အတိုင်းပေးရန် အဆင်ပြေနိုင်မည်  မဟုတ်ပေ။ အခြေခံစပါးဈေး ကျပ်ငါးသိန်းဆိုသည်မှာ အစိုဓာတ် ၁၄ ရာခိုင်နှုန်း ရှိပြီး အဖျင်းအမှော်၊ ဖုန်၊ သဲ၊ ခဲ စသည့် အရည်အသွေးပိုင်း ဆိုင်ရာ စံချိန်စံညွှန်းများနှင့် ကိုက်ညီသည့် ၄၆ ပေါင်၊ စပါးတင်း ၁၀၀ ကို သတ်မှတ်ခြင်းပင် ဖြစ်ပါသည်။ သို့သော် လက်တွေ့တွင် သတ်မှတ်ထားသည့် စံချိန်စံညွှန်းများ အတိုင်း မဟုတ်ဘဲ  အရည်အသွေး လျော့နည်းနေသည်များ ရှိနေ သည်။ ထိုသို့ အခြေခံ စပါးဈေးနှုန်း ကျပ်ငါးသိန်း မည်သည့်အတွက် ကြောင့် မရရှိခြင်း အပေါ်ကိုလည်း ပြန်လည်လေ့လာ သုံးသပ်ရန် လိုအပ်မည် ဖြစ်ပါသည်။ လယ်သမားများအနေဖြင့် လယ်ကွက်ထဲမှ ရိတ်သိမ်းပြီးလျှင်ပြီးချင်း အခြောက်မခံဘဲ အစိုဓာတ် ၁၈ ရာခိုင်နှုန်းမှ ၁၉ ရာခိုင်နှုန်းအထိရှိသည့် စပါးကို လယ်ကွင်းထဲအရောက် ငါးသိန်း ရလိုကြခြင်းဖြစ်ကြောင်း သိရသည်။
       အခြေခံစပါးဈေးနှုန်းကို ၄၆ ပေါင်၊ စပါးတင်း ၁၀၀ လျှင် ငွေကျပ် ငါးသိန်း သတ်မှတ်ခဲ့သည်မှာ မှန်သော်လည်း လက်ရှိတွင် မိုးစပါးပေါ်ရန် တစ်လခန့်သာလိုတော့သည့်အတွက် လုပ်ငန်း ကော် မတီအနေဖြင့် ပြည်နယ်နှင့် တိုင်းဒေသကြီးများအလိုက် တစ်ဧက စပါးထုတ်လုပ်မှုကုန်ကျစရိတ်များကို စနစ်တကျ တွက်ချက်ထားရှိရန် လိုအပ်ပါသည်။ သို့မှသာ အခြေခံစပါးဈေးနှုန်းကို မှန်မှန်ကန်ကန် ပြန်လည်သုံးသပ်နိုင်မည် ဖြစ်ပါသည်။ ထိုသို့  တွက် ချက်ရာတွင်လည်း  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနက အဓိကတွက်ချက်ပေးမည် ဖြစ်ပြီး ဗဟို စာရင်းအင်းအဖွဲ့၊ တောင်သူလယ်သမားကြီးများ၊ ပညာရှင်အဖွဲ့ အစည်းများနှင့် တက္ကသိုလ်များမှ စစ်တမ်းေ ကာက်ပြီး တွက်ချက်ပေး ရန် လိုအပ်ပါသည်။ သို့မှသာ မှန်ကန်မှုရှိပြီး ရောင်းသူရော ဝယ်သူပါ နှစ်ဦးနှစ်ဖက် အဆင်ပြေနိုင်မည် ဖြစ်ပါသည်။ အခြေခံဈေးနှုန်းကို ကြေညာပေးနိုင်ခြင်းဖြင့် အခြေခံ ရည် ညွှန်းဈေးနှုန်းကို သက် ဆိုင်ရာဌာနမှ ကြေညာပေးနိုင်ပါက အခြေခံ ဈေးနှုန်းတစ်ခုကို အခြေပြုနိုင်ခြင်း၊ ရိတ်သိမ်းချိန်တွင် စိုက်ပျိုးသူများ ယုံကြည်မှုတိုးပွားစေခြင်း၊ အစိုးရ၏တိကျသော မူဝါဒကို ယုံကြည်မှုရှိ လာခြင်း၊ အစိုးရ၏ လုပ်ဆောင်ချက်များ ကို ပိုမိုလိုက်ပါ ဆောင်ရွက်မှု ရှိလာခြင်း၊ ဆန်စပါးဈေးကွက်တွင် ထိတ်လန့်မှုများလျော့ပါး၍ ဈေးကွက်ကာလ အပိုင်းအခြားတစ်ခုကို တည်ငြိမ်စွာထိန်းနိုင်ခြင်း၊ ကျပ်ငွေ ဘီလီယံများစွာရှိသော နိုင်ငံပို့ကုန်ဈေးကွက်တစ်ခုအား ရာခိုင်နှုန်း အနည်းငယ်မျှသာ အခြေအနေပေါ်မူတည်၍ ထောက်ပံ့ ပေးခြင်းအားဖြင့် ဈေးကွက်တွင်းရှိ စိုက်ပျိုးထုတ်လုပ်သူများအား အထောက်အပံ့ပြုနိုင်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေအတွင်းေ ရးမှူး ဦးလူမော်မြင့်မောင်က ပြောသည်။
       ထို့ပြင် စပါးအခြေခံဈေးနှုန်း မကြေညာနိုင်ပါက စိန်ခေါ်မှုများ အနေဖြင့် လက်ရှိ ဖွံ့ဖြိုးတိုးတက်လာနေသော ဆန်စပါးကဏ္ဍ အရှိန် အဟုန်အား ယုတ်လျော့သွားစေနိုင်ခြင်း၊ တောင်သူ လယ်သမားများ ၏ စပါးစိုက်ပျိုး မှုအပေါ်တွင် စိတ်ဝင်စားမှုမရှိတော့ဘဲ စပါးစိုက် ပျိုးခြင်း မပြုလုပ်ခဲ့လျှင် စိုက်ပျိုးထုတ်လုပ်တင်ပို့မှု လမ်းကြောင်းတစ် လျှောက်လုံး လည်ပတ်မှုနှောင့်နှေးရပ်တန့်သွားနိုင်ကြောင်း မြန်မာ နိုင်ငံ ဆန်စပါးအသင်းချုပ် အထွေထွေ အတွင်းရေးမှူး ဦးလူမော်မြင့် မောင်က ပြောဆိုထားခဲ့သည်။ ယခုနှစ်အတွက် အခြေခံစပါးဈေးနှုန်း သတ်မှတ်ရာတွင် လိုအပ်ပါက မိုးစပါး၊ နွေစပါး ခွဲခြားသတ်မှတ်သွားမည်ဟုသိရပါသည်။ မိုးစပါးနှင့် နွေစပါး စိုက်ပျိုးထုတ်လုပ် မှု၏ ကုန်ကျ စရိတ်မှာ မတူညီ သလို အရည်အသွေးမှာလည်း တူညီနိုင်မည်မဟုတ်ပေ။ သို့အတွက် ကြောင့် မိုးစပါးနှင့် နွေစပါးကို သီးခြားစီထုတ်လုပ်မှု ကုန်ကျစရိတ်နှင့် အခြေခံဈေးနှုန်းများကို ထည့်သွင်းစဉ်းစား  သတ်မှတ် ရန်အတွက် ဆွေးနွေးသွားရန်ရှိနေကြောင်း သိရပါသည်။ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေဖြင့် ပြီးခဲ့သည့် ၂၀၁၈ ခုနှစ် မတ်လက အခြေခံစပါးဈေးနှုန်းကို နွေစပါး၊ မိုးစပါး ခွဲခြားမှု မရှိဘဲ စပါးတင်း ၁၀၀ လျှင် ကျပ် ငါး သိန်းနှုန်းဖြင့် သတ်မှတ်ခဲ့ခြင်းဖြစ်  သည်။ စပါးအခြေခံဈေးနှုန်း သတ်မှတ်ရာတွင် ကုန်သည်များနှင့် စက်ပိုင်များအတွက် တွက်ခြေကိုက်ရန် လိုအပ်သလို တောင်သူလယ် သမားများအတွက်လည်း အကျိုးအမြတ်ရရှိရန် လိုအပ် မည် ဖြစ်ပါသည်။
          စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန  ဒုတိယ ဝန်ကြီး ဦးအောင်ထူးကလည်း အခြေခံစပါးဈေးတွက်ချက်ရာတွင် တောင်သူလယ်သမားများအတွက် အကျိုးအမြတ်ရနိုင်မှုကို အလေးပေး ထည့်သွင်းတွက် ချက်သွားရန်  လမ်းညွှန်ထားပါသည်။ အခြေခံစပါး ဈေးကို မှန်မှန်ကန်ကန် တွက်ချက်နိုင်ရန်အတွက် ထုတ်လုပ်မှု ကုန် ကျစရိတ်နှင့် အခြေခံဈေးနှုန်းကို တွက်ချက်ပြီး ဒုတိယသမ္မတ ဦးဆောင်သည့် တောင်သူလယ်သမား အခွင့်အရေးကာကွယ်ရေး နှင့် အကျိုးစီးပွားမြှင့်တင်ရေးဦးဆောင်အဖွဲ့သို့  တင်ပြရမည်ဖြစ်သည်။ ယင်းအဖွဲ့မှ  အခြေခံစပါးဈေးနှုန်းကို ထုတ်ပြန်ကြေညာပေး သွားမည်ဖြစ်ကြောင်း သိရပါသည်။ အခြေခံစပါးဈေး မှာ ၄၆ ပေါင် စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်း ဆိုသည်မှာ တောင်သူလယ်သမားများအတွက် အဆင်ပြေကြောင်း၊ သို့သော် ဧရာဝတီတိုင်းဒေသကြီးတွင် ပေါင်၅၀ စပါးတင်း ၁၀၀ လျှင် ငါးသိန်းဈေးဖြစ်နေကြောင်း၊ ပေါင်၅၀ စပါးတင်း ၁၀၀ လျှင် ကျပ်ငါးသိန်း ဈေးမှာ တောင်သူလယ်သမားများအတွက် တွက်ခြေမကိုက်ကြောင်း ဧရာဝတီတိုင်းဒေသကြီးမှ တောင်သူကိုယ်စားလှယ် ဦးအေးသောင်း က ပြောထားသည်။ အခြေခံစပါးဈေးနှုန်း သတ်မှတ်ရာတွင် မိုးစပါးနှင့် နွေစပါးမှာ ကွာခြားမှုများ ရှိလာနိုင်သည်။ တောင်သူများ ဘက်ကလည်း မိမိတို့ စိုက်ပျိုးထုတ်လုပ်လိုက်သည့် စပါးများမှာ သတ်မှတ် အရည်အသွေးများ ပြည့်မီရန်  မဖြစ်မနေ ကြိုးပမ်းကြရမည် ဖြစ်ပါသည်။ မည်သို့ ပင်ဆိုစေ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယ ဝန်ကြီး ဦးအောင်ထူး ပြောကြားထားသလို အခြေခံစပါးဈေး တွက် ချက်ရာတွင် တောင်သူလယ်သမားများအတွက် အကျိုးအမြတ်ရရှိနိုင် မှုကို အလေးပေး ထည့်သွင်းတွက်ချက်သွားရန် လိုအပ်မည်ဖြစ်ပါ ကြောင်း တိုက်တွန်းရေးသားလိုက်ရပါသည်။

 

စိန်သံ