Main menu

Background

မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍ မြှင့်တင်ခြင်း စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနား ကျင်းပ

Tue, 10/01/2019 - 13:55 -- journal_editor

      မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင် ခြင်း  စီမံကိန်း မိတ်ဆက်ခြင်းအခမ်းအနားကို စက်တင်ဘာ ၂၄ ရက် နံနက် ၉း၃၀ နာရီတွင် နေပြည်တော်ရှိ Horizon Lake View Resort Hotel ၌  ကျင်းပရာ ကမ္ဘာ့ ကုန်သွယ်ရေး အဖွဲ့ World Trade Organization (WTO) Enhanced Integrated Framework (EIF) အစီအစဉ်၏ မြန်မာနိုင်ငံ ဆိုင်ရာ  Focal Point ဖြစ်သူ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးနှင့်  ဆွစ်ဇာလန် နိုင်ငံ၊ဂျီနီဗာမြို့ရှိ EIF Executive Director ဖြစ်သူ Dr. Ratnakar Adhikari တို့ တက်ရောက်၍ အဖွင့်အမှာစကားအသီးသီး ပြောကြားခဲ့သည်။ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးက အဖွင့်အမှာစကားပြောကြားရာ၌ မြန်မာ နိုင်ငံ၏ ကုန်သွယ်ရေးကဏ္ဍတွင် ကုန်စည်ကုန်သွယ်ရေးသည် အတိုင်းအတာတစ်ခုအထိ အောင်မြင်မှုရှိကြောင်း၊ ကုန်သွယ်ရေးကဏ္ဍအောင်မြင်ရန်မှာ ကုန်စည် ကုန် သွယ်ရေး သာမက ဝန်ဆောင်မှုကုန်သွယ်ရေးပါ တိုးတက်မှုရှိရန် လိုအပ်ပါကြောင်း၊ ဒါကြောင့် မြန်မာနိုင်ငံ၏ဝန်ဆောင်မှု ကဏ္ဍတိုးတက်ရန် ရည်ရွယ်၍ မြန်မာနိုင်ငံ၏ ဂျီဒီပီနှင့်အလုပ် အကိုင်ရနိုင်စွမ်းကို အထောက် အကူပြုနိုင် မည့် မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်းစီမံကိန်း Myanmar Services Trade Enhancement Project (M-STEP) ကို ၂၀၁၉ ခုနှစ်၊ ဇွန်လမှ ၂၀၂၂ ခုနှစ်၊ ဇွန်လအထိ သုံးနှစ်ကြာ ဆောင်ရွက်သွားမည်ဖြစ် ပါကြောင်း၊ ဝန်ဆောင်မှုကဏ္ဍသည် ပွင့်လင်းမြင်သာမှုရှိရန် လိုအပ်ပြီး လူငယ်စွန့်ဦးတီထွင်သူများ၊ မြန်မာနိုင်ငံစီးပွားရေးလုပ်ငန်းများ၌ ယှဉ်ပြိုင်မှုရှိလာရန် လုပ်ဆောင်ရမည်ဖြစ်ပါကြောင်း ပြောကြားခဲ့သည်။
    ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ EIF Executive Director ဖြစ်သူ Dr. RatnakarAdhikari က အဖွင့်အမှာစကားပြောကြားရာတွင် မျက်မှောက်ကာလတွင် မြန်မာနိုင်ငံအနေဖြင့် ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ြ ခင်း (LDC Graduation) ကိုရရှိတော့မည်ဖြစ်သဖြင့် နိုင်ငံအတွက် အလွန်ပင်အရေး ကြီးသော ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍအား ပိုမိုကျယ်ပြန့် စွာ လုပ်ဆောင်ရတော့မည်ဖြစ်ကြောင်း၊ ဝန်ဆောင်မှု ကုန်သွယ်ရေး တောင့် တင်းခိုင်မာစေရန်  ခရီးသွားလုပ်ငန်းကဏ္ဍ၊ ဘဏ်လုပ်ငန်းကဏ္ဍ၊ ပို့ကုန်ထုတ်လုပ်ရေးကဏ္ဍတို့၌ကျယ်ပြန့် စွာလုပ်ဆောင်ရမည်ဖြစ်ပါကြောင်း၊ ဝန်ဆောင်မှုကုန်သွယ် ရေးနှင့်ပတ်သက်သည့် ဖြေလျှော့မှုများကိုလည်း လုပ်ေ ဆာင်ရန် လိုအပ်ပါကြောင်း၊ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ Enhanced Integrated Framework အစီအစဉ်မှလည်း မြန်မာနိုင်ငံ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံအဖြစ်မှ လွတ်မြောက်ရေးအတွက် မောင်းနှင်အားဖြစ်နိုင်သော ဝန်ဆောင်မှု ကဏ္ဍအတွက် လိုအပ်သည့်နေရာ၌ ဆက်လက်ထောက်ပံ့ကူညီပေးမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့်လည်း ယခင်လုပ်ငန်းစဉ်များ ကို အကောင်အထည်ဖော်ရာတွင် အောင်မြင်စွာ ဆောင်ရွက် နိုင်သည်ကိုတွေ့ရှိရသည့် အတွက် ယခုစီမံကိန်းတွင်လည်း ထိရောက်စွာအကောင်အထည် ဖော်နိုင်လိမ့်မည်ဟု မျှော်လင့် ပါကြောင်းပြောကြားခဲ့သည်။ အခမ်းအနားတွင် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပီပြင်စွာဆောင်ရွက်နိုင်ရေး အတွက် အစိုးရ၊ ပုဂ္ဂလိကကဏ္ဍ၊ ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း များအားလုံး  ညှိနှိုင်းပူးပေါင်းဆောင်ရွက်နိုင်ရေး Current Situation and Potential for   e-Commerce in Myanmar ခေါင်းစဉ်ဖြင့် စကားဝိုင်းဆွေးနွေးပွဲပြုလုပ်ခဲ့ပါ သည်။ စကား ဝိုင်း ဆွေးနွေးပွဲတွင် ဒစ်ဂျစ်တယ်အသုံးပြု စီးပွားရေးလုပ်ငန်း များ အားလုပ်ကိုင်ကြသည့် Online Shop လုပ်ငန်းမှ RGO – 47၊ ဒစ်ဂျစ်တယ်နည်းပညာ အသုံးပြုလုပ်ငန်းများဖြစ်ကြသည့်  CB Bank ၊ Shop.com ၊ Za Information Technology၊ ငွေကြေးပေးချေမှု ဝန်ဆောင်မှုလုပ်ငန်းများဖြစ်ကြသည့်  KBZ Bank ၊  SBS ၊ ထောက်ပံ့ပို့ဆောင်ရေးလုပ်ငန်းများ  ဖြစ် ကြသည့် Kargo Co.,Ltd နှင့် DHLတို့၏ ကိုယ်စားလှယ် အသီးသီး များက ပါဝင်ဆွေးနွေးခဲ့ကြပြီး စီမံကိန်းပါ Component များ အားအကောင်အထည် ဖော်ရမည့် သက်ဆိုင်ရာ နယ်ပယ်များအလိုက် ဘာသာရပ်ဆိုင်ရာ တာဝန်ခံကိုယ်စားလှယ်များက ရှင်းလင်းဆွေးနွေးခဲ့ကြသည်။
     မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင် ခြင်း စီမံကိန်းသည် မြန်မာနိုင်ငံ၏ ဒစ်ဂျစ်တယ်စီးပွားရေးစနစ် ပီပြင်စွာ ဆောင်ရွက်နိုင်ရေးအတွက်  ဝန်ဆောင်မှုကုန်သွယ် ရေးအား တိုးမြှင့်ဆောင်ရွက်ရန်ရည်ရွယ်၍ ရေးဆွဲပုံဖော်ထား ခြင်းဖြစ်ပါသဖြင့် မြန်မာနိုင်ငံအနေဖြင့် ဒစ်ဂျစ်တယ် အသုံးပြု ကူးသန်းရောင်းဝယ်မှုလုပ်ငန်းများတွင် ပုဂ္ဂလိကလုပ်ငန်းရှင် များ၏ အောင်မြင်လိုသော လက်တွေ့လုပ်ငန်းများကို Show Case အဖြစ် ပြခန်း ၁၀ ခန်း ခင်းကျင်းပြသရာ ဝန်ကြီးဌာနမှ ကိုယ်စားလှယ်များ လာရောက်လှည့်လည်ကြည့်ရှုခဲ့ကြပါသည်။ ယင်းနေ့ မွန်းလွဲပိုင်းတွင် အဆိုပါ စီမံကိန်း၏ ကြီးကြပ်လမ်းညွှန်မှုဆိုင်ရာ ကော်မတီဖွဲ့စည်းပုံနှင့် သုံးနှစ်တာအတွင်း ဆောင် ရွက်ရန် လုပ်ငန်းစဉ်များကို ရှင်းလင်းဆွေးနွေးနိုင်ရေးအတွက် ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်း၊ EIF အတွင်းရေးမှူးရုံးမှ Executive Director ဖြစ်သူ Mr. RatnakarAdhakari ၊စီမံကိန်း Sub-Contrac-tor များဖြစ်သည့် UNCTAD နှင့်  World Bank တို့အပြင် ဖွံ့ဖြိုးမှုမိတ်ဖက် အဖွဲ့ အစည်းများဖြစ်ကြသည့်  UNDP ၊ Universal Postal Union (UPU)၊ European Union ၊ USAID ၊ Australia Group နှင့် GIZ တို့ပါဝင်သည့် ညှိနှိုင်းအစည်းအဝေး ကျင်းပခဲ့သည်။
     အဆိုပါအခမ်းအနားသို့ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ World Trade Organization (WTO) Enhanced Integrated Framework (EIF) အစီအစဉ်၏ မြန်မာနိုင်ငံဆိုင်ရာ Focal Point ဖြစ်သူ  စီးပွားရေးနှင့်ကူးသန်းရောင်း ဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး ဦးဆောင်၍  ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ EIF Executive Director Dr. Ratnakar Adhikari နှင့်တကွ စီမံကိန်းစာချုပ်ပါ အဖွဲ့များဖြစ်သည့် UNCTAD ၊ World Bank၊ EU တို့အပြင် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း(၆)ဖွဲ့၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ဒုတိယ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးချုပ်များနှင့် ဝန်ကြီးဌာနအသီးသီးမှ တာဝန် ရှိသူများ၊ International Trade Adviser ဖြစ်သူ Mr. Sven Sylvain Callebaut နှင့်တကွ ကုန်သွယ်မှုနှင့် ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များ၊ ပုဂ္ဂလိက အသင်းအဖွဲ့များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ်နှင့် ညီနောင်အသင်းများမှ ကိုယ်စားလှယ်များ စုစုပေါင်း ၂၀၀ ခန့် တက်ရောက်ခဲ့ကြသည်။

  မြန်မာနိုင်ငံ ဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းမိတ်ဆက်ခြင်းအခမ်းအနားနှင့်   စီမံကိန်းကြီးကြပ်လမ်း ညွှန်မှုဆိုင်ရာ ကော်မတီကျင်းပခဲ့ခြင်းဖြင့် စီမံကိန်းတွင် ပါဝင်သည့် Component အလိုက် ဆောင် ရွက်မည့် လုပ်ငန်းစဉ်များအား ကုန်သွယ်မှုနှင့်ဆက်စပ်သည့် ဝန်ကြီးဌာနများမှ ကိုယ်စားလှယ်များနှင့် ပုဂ္ဂလိကကဏ္ဍမှ အသင်းအဖွဲ့များ၊ လုပ်ငန်းရှင်များနှင့် ဖွံ့ဖြိုးမှု မိတ်ဖက်အဖွဲ့အစည်း များတို့အကြား ပူးပေါင်းေ ဆာင်ရွက် ရမည့်  နယ်ပယ်များနှင့်ဆက်စပ်၍ ဗဟုသုတမျှဝေဖလှယ် ဆွေးနွေး နိုင်ခဲ့ခြင်း၊ မြန်မာနိုင်ငံ၏ ဂျီဒီပီနှင့် အလုပ်အကိုင်ရရှိနိုင်စွမ်းကို အထောက်အကူပြုနိုင်မည့်  ဝန်ဆောင်မှုကုန်သွယ်ရေး ကဏ္ဍအတွက် နည်းစနစ် တကျရှေ့ ဆက်ဆောင်ရွက်သွားနိုင်မည့် မူဝါဒလမ်းစဉ်များရရှိခဲ့ခြင်း စသည့် အကျိုးရလဒ်များရရှိခဲ့ ကြောင်း သုံးသပ်တွေ့ရှိရပါသည်။ မြန်မာနိုင်ငံဝန်ဆောင်မှုကုန်သွယ်ရေးကဏ္ဍမြှင့်တင်ခြင်း စီမံကိန်းအား ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့က  ဖွံ့ဖြိုးမှုအနည်းဆုံး နိုင်ငံများ၏ ကုန်သွယ်မှုကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အကူအညီပေးသည့် မူဘောင်ဖြစ်သည့် Enhanced Integrated Frame- work အစီအစဉ်မှ မြန်မာနိုင်ငံအား ထောက်ပံ့ပေးသော ရန်ပုံငွေကို မြန် မာနိုင်ငံအစိုးရသို့ တိုက်ရိုက်ပေးအပ်ခြင်းဖြစ်ပါသည်။ အဆိုပါစီမံကိန်းအတွက် ထောက်ပံ့ငွေ အမေရိကန်ဒေါ်လာ  ၂ ဒသမ ၁ သန်းရရှိ မည်ဖြစ်ပြီး ၂၀၁၉ ခုနှစ်မှ ၂၀၂၂ ခုနှစ်အထိ သုံးနှစ်ကြာ အကောင်အထည်ဖော် ဆောင် ရွက်သွားမည်ဖြစ်ပါသည်။

 

WTO