Main menu

Background

ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် ပထမအကြိမ် ခရီးစဉ်အတွင်း ရရှိခဲ့သော ရလဒ်များ

Fri, 12/13/2019 - 10:58 -- journal_editor

        မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒလေ့လာဆန်း စစ်ခြင်းလုပ်ငန်းစဉ်၏ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ကိုယ်စားလှယ်များ နှင့်ပထမအကြိမ် တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ရာတွင် ရလဒ် ကောင်းများ  ရရှိခဲ့သည်။ ထို့ပြင် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာနက ဦးဆောင်ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့် နိုင်ငံ တော်နှင့်ပြည်သူများ၏ အကျိုးစီးပွားအတွက်ကိုလည်း ကောင်းမွန် သည့်ရလဒ်များကို  ဆက်လက်ဆောင်ကြဉ်းပေးနိုင်မည်လည်း ဖြစ်သည်။ 
ကုန်သွယ်မှုမူဝါဒ  ဆန်းစစ်ခြင်းလုပ်ငန်းစဉ်
         ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏   ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်း လုပ်ငန်းစဉ်သည် အဖွဲ့ဝင်နိုင်ငံများ၏ ကုန်သွယ်မှုနှင့် ဆက်စပ်မူဝါဒ များအပေါ် သတ်မှတ်ထားသည့် အချိန်ကာလအပိုင်းအခြားအလိုက် ပြန်လည်ဆန်းစစ် လေ့လာသုံးသပ်ခြင်းဖြစ်ပြီး ယင်းလုပ်ငန်းစဉ်အား အဖွဲ့ဝင်များက မဖြစ်မနေလိုက်ပါဆောင်ရွက်ရန် တာဝန်ရှိသည့် လုပ်ငန်းစဉ်တစ်ခု ဖြစ်ပါသည်။ အဆိုပါ ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အား အဖွဲ့ ဝင်များက လိုက်ပါဆောင်ရွက်ရခြင်း၏ ရည်ရွယ်ချက်မှာ အဖွဲ့ဝင် အားလုံးက နိုင်ငံစုံ  ကုန်သွယ်မှုသဘောတူညီချက်များပါ စည်းမျဉ်း များ၊ စည်းကမ်းသတ်မှတ်ချက်များနှင့် ကတိကဝတ်များအား ပိုမိုစွဲမြဲ စွာ ထိန်းသိမ်းလိုက်နာစေရန်နှင့် အဖွဲ့ဝင်များ၏ ကုန်သွယ်မှုမူဝါဒ များနှင့် အလေ့အထများကို ကောင်းမွန်စွာ နားလည်သဘောပေါက် ခြင်းမှတစ်ဆင့် ပွင့်လင်းမြင်သာမှုကို တိုးမြှင့်နိုင်ပြီး မိမိနိုင်ငံအတွက် ပိုမိုချောမွေ့သည့် ကုန်သွယ်မှုစနစ်အား တိုးတက်ဆောင်ရွက်နိုင်ရန် ဖြစ်ပါသည်။ 
ပြင်ဆင်ဆောင်ရွက်လျက်ရှိမှု
      မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်း စစ်ခြင်း အစည်းအဝေးကို ၂၀၂၀ ခုနှစ် အောက်တိုဘာ ၁၂ ရက်မှ ၁၄ ရက်အထိ ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့၌ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။  အဆိုပါလုပ်ငန်းစဉ်အား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် တစ်နှစ်တာ အချိန်ဇယားကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့နှင့် ညှိနှိုင်းရေးဆွဲ၍ ၎င်းလုပ်ငန်းအစီအစဉ်အတိုင်း လိုက်ပါဆောင်ရွက်လျက်ရှိသည်။ အဆိုပါ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ် အောင် မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနအတွင်း ဦးဆောင်လုပ်ငန်းအဖွဲ့ (Core Team) ကို ကုန်သွယ်ရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က ဥက္ကဋ္ဌအဖြစ် ဦးဆောင်၍  ဝန်ကြီးဌာနအောက်ရှိ ဝန်ကြီးရုံး အပါအဝင် ဦးစီးဌာနများမှ ကိုယ်စားလှယ် ၁၆ ဦးဖြင့် ၂၀၁၉ ခုနှစ် သြဂုတ် လတွင် ဖွဲ့စည်းဆောင်ရွက်ခဲ့ပါသည်။ ဒုတိယအကြိမ် ကုန်သွယ်မှု မူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်နှင့်ပတ်သက်၍ ရုံးအဖွဲ့၏ လုပ်ငန်း တာဝန်များကို  ကုန်သွယ်ရေးဦးစီးဌာနအောက်ရှိ WTO ဌာနခွဲမှ တာဝန်ခံအဖြစ် ဆောင်ရွက်လျက်ရှိသည်။  ထို့ပြင် သက်ဆိုင်ရာဌာန၊ အဖွဲ့ အစည်းများနှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်နိုင်ရေးအတွက် ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသည့် ဦးစီးဌာနနှင့် အဖွဲ့အစည်း စုစု ပေါင်း ၈၃ ခုနှင့် ပုဂ္ဂလိကကဏ္ဍအသင်းအဖွဲ့ ရှစ်ခုတို့မှ Contact Person  နှင့် Focal Person များ သတ်မှတ်ကာ အနီးကပ်ပေါင်းစပ်ညှိ နှိုင်းဆောင်ရွက်လျက်ရှိသည်။
ပထမအကြိမ် ခရီးစဉ်
      မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက်  ပထမဦးဆုံးလုပ်ငန်းအနေဖြင့် ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိ မြန်မာနိုင်ငံ၏ ကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများနှင့်ဆက်စပ်၍ အချက်အ လက် များကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှ ၂၀၁၉ ခုနှစ် စက်တင်ဘာ ၁၈ ရက်တွင် မေးခွန်း များမေးမြန်းခဲ့သည်။ အဆိုပါ မေးမြန်းချက်များနှင့်ပတ်သက်၍ သက် ဆိုင်ရာဌာနများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ပြုလုပ်နိုင်ရန် အတွက် ကမ္ဘာ့ကုန်သွယ်ရေ းအဖွဲ့ ၏ အတွင်းရေးမှူးရုံးအဖွဲ့မှ တာဝန်ခံကိုယ် စားလှယ်များသည် ၂၀၁၉ ခုနှစ် ဒီဇင်ဘာ ၂ ရက်မှ ၅ ရက်အထိ ပထမအကြိမ်ခရီးစဉ်အဖြစ် မြန်မာနိုင်ငံသို့ လာရောက်ခဲ့သည်။
ဆက်စပ်အစည်းအဝေးများ
        ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များသည် ခရီးစဉ်၏ ပထမရက်ဖြစ်သည့် ဒီဇင်ဘာ ၂ ရက်နံနက်ပိုင်းတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေးဦးစီးဌာန ညွှန် ကြားရေးမှူးချုပ် ဦးဆောင်သည့် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်း ဆိုင် ရာ ဦးဆောင်လုပ်ငန်းအဖွဲ့  (Core Team) တွင် ပါဝင်သော ဒုတိယ ညွှန်ကြားရေးမှူးချုပ်နှင့်အဖွဲ့ဝင်များအား တွေ့ဆုံကာ ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒ လေ့လာဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ လက်ရှိအခြေအနေများ၊ ရှေ့ဆက်ဆောင်ရွက်မည့်လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ အသေးစိတ် ဆွေးနွေးခဲ့ကြသည်။ ထို့နောက် နေ့လယ်ပိုင်းတွင် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ် စားလှယ်များသည် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး၊ အမြဲတမ်းအတွင်းဝန် ဦးအောင်စိုး နှင့် ဝန်ကြီးဌာနအောက်ရှိ သက်ဆိုင်ရာဦးစီးဌာနမှ ညွှန်ကြားရေးမှူး ချုပ်များအား ဂါရဝပြုတွေ့ဆုံကာ မြန်မာနိုင်ငံ၏ ဒုတိယအကြိမ် ကုန် သွယ်မှုမူဝါဒ  ဆန်းစစ်ခြင်းလုပ်ငန်းစဉ်နှင့် ပတ်သက်၍ ဆက်လက် ဆောင်ရွက်သွားမည့် အခြေအနေများကို ရှင်းလင်းဆွေးနွေးတင်ပြခဲ့ သည်။ ယင်းသို့ဂါရဝပြု တွေ့ဆုံဆွေးနွေးစဉ် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏ ကိုယ်စားလှယ်အဖွဲ့ခေါင်းဆောင် Mr. Masahiro Harafuji က မြန်မာနိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏  နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များနှင့်အညီ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် အပြုသဘောဆောင်သည့် ပြုပြင်ပြောင်းလဲမှုများကို ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့နှင့် တကြွ်ကစွာ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း နှင့် ယင်းအခြေအနေများကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ အတွင်း ရေးမှူးရုံးအဖွဲ့မှ ပြုစုသည့် ဒုတိယအကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ် ခြင်း အစီရင်ခံစာတွင် မှန်မှန်ကန်ကန် ဖော်ပြသွားမည်ဖြစ်ကြောင်း၊ Core Team အဖွဲ့ဝင်များ၏  ဦးစီးဆောင်ရွက်မှုများကို အားရကျေ နပ်မှုရှိကြောင်း၊ ဆက်စပ်ဌာန/အဖွဲ့အစည်းများ၏ အားကောင်း သော ပူးပေါင်းဆောင်ရွက်မှုများကြောင့်  မြန်မာနိုင်ငံ၏  ဒုတိယ အကြိမ် ကုန်သွယ်မှုမူဝါဒဆန်းစစ်ခြင်းလုပ်ငန်း စဉ်မှာ အောင်မြင်ပြီး ရလဒ်ကောင်းများ ဆောင်ကြဉ်းလာမည်ဟု ယုံကြည်ကြောင်းတို့ကို ဆွေးနွေးပြောကြားခဲ့သည်။ ဒုတိယဝန်ကြီး ဦးအောင်ထူးက စီးပွား ရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနအနေဖြင့် ယခုလုပ်ငန်း စဉ်အား အောင်မြင်စွာ ဆောင်ရွက်နိုင်ရေးအတွက် ပူးပေါင်းဆောင် ရွက်မှုများကို အကောင်းဆုံးအနေအထားဖြင့် ကြိုးပမ်းဆောင်ရွက် လျက်ရှိကြောင်း၊ လုပ်ငန်းစဉ် အောင်မြင်နိုင်ရေးအတွက် ကမ္ဘာ့ကုန် သွယ်ရေးအဖွဲ့၏  ပံ့ပိုးကူညီမှုများကို  ကျေးဇူးတင်ရှိပါကြောင်းတို့ အပါအဝင် ဆက်လက်ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်ပတ်သက် ၍ ရင်းနှီးခင်မင်စွာ ဆွေးနွေးပြောကြားခဲ့သည်။
       ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ  ကိုယ်စားလှယ်များ၏ ခရီးစဉ် ဒုတိယနေ့ဖြစ်သော ဒီဇင်ဘာ ၃ ရက်တွင် ပထမအကြိမ် ကုန်သွယ်မှု မူဝါဒ လေ့လာဆန်းစစ်ပြီးနောက် ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်ကာ လအထိ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ ဖြစ်ပေါ်တိုး တက်ပြောင်းလဲမှု အခြေအနေများအား သက်ဆိုင်ရာဦးစီးဌာနနှင့် အဖွဲ့အစည်းများမှ ရှင်းလင်းဆွေးနွေးသည့် အလုပ်ရုံဆွေးနွေးပွဲကို  စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာနက  ဦးဆောင်ကျင်းပခဲ့သည်။ အဆိုပါအလုပ်ရုံဆွေးနွေးပွဲကို GIZအဖွဲ့အစည်း၏ အထောက်အပံ့ဖြင့် Royal Nay Pyi Taw Hotel  ၌ ကျင်းပပြုလုပ်ခဲ့ပြီး ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိသည့် မိတ်ဖက် ဌာနအဖွဲ့အစည်း ၇၇ ခုမှ   ကိုယ်စားလှယ် ၁၁၂ ဦးနှင့် ပုဂ္ဂလိက အသင်းအဖွဲ့များမှရှစ်ခုမှ ကိုယ်စားလှယ်ရှစ်ဦးအပါအဝင် စုစုပေါင်း ၁၂၀ တက်ရောက်ခဲ့သည်။  ယင်းအလုပ်ရုံ ဆွေးနွေးပွဲတွင် ကုန်သွယ်မှုနှင့် အဓိကဆက်စပ် လျက်ရှိသည့်ဌာနများမှ ကိုယ်စားလှယ်များက မိမိတို့ဌာနအလိုက် ပြောင်းလဲဖြစ်ပေါ်တိုးတက်ခဲ့သည့် ကုန်သွယ်မှုဆိုင်ရာ မူဝါဒများနှင့် ပတ်သက်၍ အခြေအနေများအား ရှင်းလင်းတင်ပြဆွေးနွေးခဲ့ရာ ဖွံ့ ဖြိုးမှုအနည်းဆုံး နိုင်ငံဖြစ်သော်လည်း မြန်မာနိုင်ငံအနေဖြင့် အချိန် တိုအတွင်းတွင် တိုးတက် ပြောင်းလဲမှုအခြေအနေများအပေါ် ဂုဏ်ယူ ဝမ်းမြောက်ကြောင်းနှင့် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများ၏ ကြိုး ပမ်းအားထုတ်မှုများ၊ ပူးပေါင်းဆောင်ရွက်မှုများအား အသိအမှတ်ပြု ကြောင်းတို့ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကိုယ်စားလှယ်များက ချီးကျူး ပြောကြားခဲ့သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ  ကိုယ်စားလှယ်များ၏ ခရီးစဉ် တတိယနေ့နှင့် စတုတ္ထနေ့များဖြစ်သော ဒီဇင်ဘာ ၄ ရက်နှင့်  ၅ ရက် တို့တွင် ကုန်သွယ်မှုနှင့် အဓိကဆက်စပ်လျက်ရှိသည့် ဌာနအဖွဲ့ အစည်း ၅၃ မှ တာဝန်ခံကိုယ်စားလှယ်များအား ဖိတ်ကြားကာ သက် ဆိုင်ရာ အချိန်ဇယားအလိုက် ဌာနတစ်ခုချင်းမှ တာဝန်ခံကိုယ်စား လှယ်များနှင့် သီးခြားစီတွေ့ဆုံကာ ပြုစုပေးရမည့် အချက် အလက်များနှင့်စပ်လျဉ်း၍ အသေးစိတ်ဆွေးနွေးညှိနှိုင်းခဲ့ကြ သည်။ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များအနေဖြင့် ဌာနတစ်ခုချင်းမှ တာဝန်ခံကိုယ်စားလှယ်များ၏ တကြွ်ကစွာ ဆွေးနွေးမှုများ၊ ပူးပေါင်းဆောင်ရွက်မှုများကို  မျက်ဝါးထင် ထင်တွေ့မြင်ခဲ့ရပြီး ၎င်းတို့အနေဖြင့် မြန်မာနိုင်ငံ၏ ဒုတိယ အကြိမ်  ကုန်သွယ်မှုမူဝါဒ ဆန်းစစ်ခြင်းလုပ်ငန်းစဉ်အတွက် အကောင်း ဆုံးပူးပေါင်းဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း ထပ်မံအသိပေးဆွေးနွေးခဲ့ကြသည်။
ဆွေးနွေးခဲ့သည့်  အဓိကအချက်များ
       ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှကိုယ်စားလှယ်များ၏ ပထမ အကြိမ်ခရီးစဉ်အတွင်း၌ ကုန်သွယ်မှုနှင့် ဆက်စပ်လျက်ရှိ သောဌာနနှင့်  အဖွဲ့အစည်းအသီးသီးမှ တာဝန်ခံကိုယ်စား လှယ်များနှင့်တွေ့ဆုံကာ ပြုစုပေးပို့ထားသော ကနဦးအချက် အလက်များကို အခြေခံကာ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။ ၂၀၁၃ ခုနှစ်မှ လက်ရှိအချိန်အထိကုန်သွယ်မှုဆိုင်ရာ ဖြစ်ပေါ် တိုးတက်မှုများအပေါ် ရှင်းလင်းဆွေး နွေးမှုများနှင့်စပ်လျဉ်း၍ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့မှ ကိုယ်စားလှယ်များက သုံးသပ် ပြောဆိုရာ၌ ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံဖြစ်သော်လည်း မြန်မာ နိုင်ငံအနေဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ ၏  သဘောတူညီချက် များနှင့်အညီ ကုန်သွယ်မှုဆိုင်ရာ မူဝါဒများအား ချိန်ညှိပြုပြင် ပြောင်းလဲကာ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ၌ ၎င်းတို့၏ အတွေ့အကြုံ အရ မြန်မာနိုင်ငံ၏ ဖြစ်ပေါ်တိုးတက်မှုများကို  အချိန်တို အတွင်း သိသာထင်ရှားစွာ တွေ့မြင်ရကြောင်း၊ ယင်းဖြစ်ပေါ် တိုးတက်မှုအခြေအနေများအား ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့သို့ ပြန်လည်တင်ပြသွားမည်ဖြစ်ကြောင်း ဆွေးနွေးခဲ့သည်။ ထို့ပြင် သက်ဆိုင်ရာဌာန၊ အဖွဲ့အစည်းများမှ ပြုစုပေးပို့ ခဲ့သည့် ကနဦး အချက်အလက်များနှင့် ပထမအကြိမ် ခရီးစဉ် အတွင်း ရရှိခဲ့သည့် အချက်အလက်များကို အခြေခံကာ ကမ္ဘာ့ ကုန်သွယ်ရေးအဖွဲ့မှ ကျွမ်းကျင်ပညာရှင်များက အစီရင်ခံစာ မူကြမ်းအား ၂၀၂၀ ခုနှစ်၊ မတ်လတွင် ပထမဆင့်အနေဖြင့် ရေးသားပြုစုသွားမည်ဖြစ်ကြောင်း၊ အချက်အလက်များ ရရှိ ရေးအတွက် ၎င်းတို့ မျှော်မှန်းထားသည်ထက် ကြိုတင်ပြင်ဆင် ပြုစုထားသည့်အတွက် ကျေးဇူးတင်ရှိကြောင်းနှင့် ၎င်းတို့ အနေဖြင့် ထပ်မံသိရှိလိုသည့် အချက်အလက်များ၊ ဖြည့်စွက် လိုသည့် အချက်အလက်များရှိပါက တာဝန်ခံဌာနဖြစ်သည့် စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ် ရေးဦးစီးဌာနမှ တာဝန်ရှိသူများမှတစ်ဆင့် လိုအပ်သလို ဆက် သွယ်ညှိနှိုင်းဆောင်ရွက်သွားမည် ဖြစ်ကြောင်းတို့ကို ဆွေးနွေး ပြောကြားခဲ့သည်။ 
ရရှိခဲ့သော ရလဒ်များ
       မြန်မာနိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒ လေ့ လာဆန်းစစ်ခြင်း လုပ်ငန်းစဉ်အတွက် ကမ္ဘာ့ကုန်သွယ်ရေး အဖွဲ့၏ ကိုယ်စားလှယ်များနှင့် ပထမအကြိမ် တွေ့ဆုံဆွေး နွေးခဲ့ရာတွင် ကုန်သွယ်မှုကဏ္ဍနှင့်ပတ်သက်၍ မြန်မာနိုင်ငံ၏ ပူးပေါင်းဆောင်ရွက်မှုများ၊ အပြုသဘောဆောင်သော ပြုပြင် ပြောင်းလဲမှုများနှင့် ဆက်လက်၍ပိုမိုတကြွ်ကစွာ အနီးကပ် ပူးပေါင်းဆောင်ရွက်သွားရန် ပြင်းပြသော  ဆန္ဒရှိမှုတို့ကို ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့၏ ကိုယ်စားလှယ်များက ပိုမိုသိရှိ နားလည် လက်ခံလာစေခြင်း၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများ အချင်းချင်းအပြင် ဆက်စပ် ပုဂ္ဂလိကအဖွဲ့အစည်းများနှင့် ဆက်သွယ်ညှိနှိုင်းဆောင်ရွက်မှု ပိုမိုအားကောင်းလာစေခြင်း၊ အစိုးရဌာနနှင့် အဖွဲ့အစည်းများတွင် ချမှတ်ကျင့်သုံးလျက်ရှိ သော ကုန်သွယ်မှုဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ် နည်းနှင့် စည်းမျဉ်းစည်းကမ်းများကို  ပွင့်လင်းမြင်သာရှိစွာ ချပြနိုင်ခြင်းဖြင့် ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့အပါအဝင် ဆက်စပ် နိုင်ငံတကာ အဖွဲ့အစည်းများ၏ မြန်မာနိုင်ငံအပေါ် ယုံကြည် လေးစားမှုကို ပိုမိုရရှိလာစေခြင်း၊ ကမ္ဘာ့ကုန်သွယ်ရေးအဖွဲ့ အသိုင်းအဝိုင်းတွင် မြန်မာနိုင်ငံအနေဖြင့် တကြွ်ကစွာပူးပေါင်း ဆောင်ရွက်နိုင်မည့် အခွင့်အလမ်းများ တိုးပွားလာစေခြင်း စသည့်ရလဒ်အကျိုးကျေးဇူးများကို ရရှိခဲ့ကြောင်း သုံးသပ် တွေ့ရှိရပါသည်။ နိဂုံးချုပ်အနေဖြင့် မြန်မာနိုင်ငံသည် ကမ္ဘာ့ကုန်သွယ် ရေးအဖွဲ့၏ နိုင်ငံစုံကုန်သွယ်မှု သဘောတူညီချက်များပါ စည်းမျဉ်းများ နှင့် ကတိကဝတ်များအား အကောင်းဆုံးလိုက်ပါ ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ရန်၊ နိုင်ငံစုံကုန်သွယ်မှု စနစ်တွင် နိုင်ငံတော်၏ ပုံရိပ်ကို အကောင်းဆုံး မြှင့်တင်နိုင် ရန်နှင့် ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုကဏ္ဍများ ဖွံ့ဖြိုးတိုးတက် ရေးအတွက် အထောက်အကူပြုစေရန် ရည်ရွယ်ကာ မြန်မာ နိုင်ငံ၏ ဒုတိယအကြိမ်ကုန်သွယ်မှုမူဝါဒဆန်း စစ်ခြင်းလုပ် ငန်းစဉ်ကို ၂၀၂၀ ခုနှစ်၊ အောက်တိုဘာလအတွင်း အပြီး ဆောင်ရွက်သွားရန် အချိန်ဇယားများကို စနစ်တကျ ရေးဆွဲ ကာ သတ်မှတ်အချိန်ကာလအလိုက် ဆောင်ရွက်သွားရမည့် လုပ်ငန်းများကို ဆက်စပ်ဌာန၊ အဖွဲ့အစည်းများနှင့် အနီးကပ် ညှိနှိုင်းပေါင်းစပ် ဆောင်ရွက်လျက်ရှိသည်။ ယင်းလုပ်ငန်း စဉ်ကြီးအား ရည်မှန်းချက်အတိုင်း ပြည့်ပြည့်ဝ၀အောင်မြင် အောင် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဦးဆောင် ကြိုးပမ်း ဆောင်ရွက်လျက်ရှိရာ နိုင်ငံတော်နှင့် ပြည်သူများ၏ အကျိုးစီးပွားအတွက် ကောင်းမွန်သည့် ရလဒ်ကောင်းများ ဆောင်ကြဉ်းလာနိုင်မည်ဟု ယုံကြည်မိပါသည်။ 

 

ညီညီအောင် (WTO)