Main menu

Background

သွင်းကုန်လိုင်စင်လျှောက်ထားရန် လိုအပ်သော  ကုန်စည်စာရင်းများ သတ်မှတ်ထုတ်ပြန်

Wed, 02/16/2022 - 15:53 -- journal_editor

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည် ကိုဗစ်(၁၉) ရောဂါကူးစက်မှု နောက်ဆက်တွဲအနေ ဖြင့် စီးပွားရေးလုပ်ငန်းများ တုံ့ဆိုင်းခြင်းကို ပြန်လည် ကုစားနိုင်ရန်၊ နိုင်ငံ၏ ပို့ကုန် တင်ပို့မှု၊ သွင်းကုန် တင် သွင်းမှုများ စနစ်တကျရှိစေရန်နှင့် ပြည်ပမှ ကုန်စည်များ တင်သွင်းမှုအတွက်  နိုင်ငံခြားငွေကြေး အသုံးပြုမှုကို ထိန်းညှိဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ပြည်ပမှတင်သွင်း မှုများသည့် ကုန်စည်များကို သွင်းကုန်လိုင်စင်စနစ်ဖြင့် ဆောင်ရွက်လျက်ရှိကြောင်း သိရှိရသည်။
ထိုသို့ လိုင်စင်စနစ်ဖြင့်ဆောင်ရွက်ရာတွင် သွင်း ကုန်လုပ်ငန်းရှင်များ ကြိုတင်ပြင်ဆင် ဆောင်ရွက်နိုင်ရေး အတွက် ပြည်တွင်းလိုအပ်ချက်၊ ပြည်တွင်းထုတ်လုပ်နိုင်မှု၊  ကုန်ကြမ်းလိုအပ်ချက်များကို   အခြေခံ၍ သွင်းကုန် လိုင်စင်လျှောက်ထားရန် လိုအပ်သော ကုန်စည်စာရင်း များကို အဆင့် ၃ ဆင့် သတ်မှတ်ထုတ်ပြန်ရန် လျာထား ကြောင်း သိရှိရသည်။
ပထမအဆင့်အနေဖြင့် အီလက်ထရွန်နစ်ပစ္စည်း များ၊ စားသောက်ကုန်အချို့၊  အလှကုန်နှင့် လူသုံးကုန် ပစ္စည်းများ၊ စက္ကူပစ္စည်းများ၊ ဆောက်လုပ်ရေးသုံး ပစ္စည်းများနှင့် သက်ဆိုင်သည့် 2017  Customs Tariff of Myanmar t& HS. Code 10 digit  ဖြင့် ကုန်စည် ၃၀၇၀ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီ ၁ ရက် နေ့မှစတင်၍  သတ်မှတ်ကြောင်း  ပို့ကုန်သွင်းကုန်နှင့် ပတ်သက်သည့် သတင်းလွှာ (၁၈/၂၀၂၁)ဖြင့် ထုတ်ပြန် ခဲ့သည်။ 
ဒုတိယအဆင့်အနေဖြင့် ဂျုံစေ့၊ စားသောက်ကုန် အချို့၊ ပလတ်စတစ်ပစ္စည်းအချို့၊  ပျော့ဖတ်၊  ပိုးချည်၊ ဝါချည်၊ ကော်ဇောကဲ့သို့သော ကြမ်းခင်းများ၊ ချည်ထည် ပစ္စည်းများ၊ ဖန်ဖြင့်ပြုလုပ်သော လူသုံး၊ အိမ်သုံးပစ္စည်း များ၊ စက်ဘီးနှင့် မော်တော်ယာဉ်အပိုပစ္စည်းများ ပါဝင် သည့်2017 Customs Tariff of  Myanmar t & HS. Code 10 digit ဖြင့် ကုန်စည် ၈၂၆ လိုင်းကို သွင်းကုန်လိုင်စင် လျှောက်ထားရန် လိုအပ်သော ကုန်စည်လိုင်းများအဖြစ် ၂၀၂၂ ခုနှစ် မတ် ၁ ရက်မှစတင်၍ သတ်မှတ်ကြောင်းကို ၂၅-၁-၂၀၂၂ ရက်တွင် ပို့ကုန် သွင်းကုန်နှင့် ပတ်သက် သည့် သတင်းလွှာ (၁/၂၀၂၂) ဖြင့် ထုတ်ပြန်ခဲ့သည်။
ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များ လုပ်ငန်းဆောင် ရွက်ရာတွင် ပိုမိုအဆင်ပြေစေရေးအတွက် သတ်မှတ်ရက်  မတိုင်မီ သွင်းကုန်လိုင်စင်များအား ကြိုတင်လျှောက်ထား လိုပါက ၁-၂-၂၀၂၂ ရက်မှစတင်၍ သွင်းကုန်လိုင်စင် လျှောက်ထားခွင့်ပြုသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အဆိုပါ  ကုန်စည်လိုင်းများအလိုက်  ထုတ်ပြန် ချက်များကို ဝန်ကြီးဌာန၏ ဝက်ဘ်ဆိုဒ်များဖြစ်သောcommerce.gov.mm, myanmartradeportal.gov.mm  နှင့် commercejournal.com.mm တို့တွင် လွှင့်တင်ထား ပြီးဖြစ်သဖြင့် အသေးစိတ် ကြည့်ရှုလေ့လာနိုင်ကြောင်း နှင့် အဆိုပါထုတ်ပြန်ချက်များ အပေါ် မရှင်းလင်းသည် များကို မေးမြန်းလိုပါက နေပြည်တော်ရှိ ကုန်သွယ်ရေး ဦးစီးဌာန (ရုံးချုပ်)တွင်လည်းကောင်း၊ ရန်ကုန်၊ မန္တလေး အစရှိသည့် မြို့ကြီးများရှိ ပို့ကုန်သွင်းကုန်  ရုံးခွဲများတွင် လည်းကောင်း၊ နယ်စပ်ကုန်သွယ်ရေးစခန်းများ၊ ကုန် သွယ်ရေးဇုန်များသို့လည်းကောင်း ချိတ်ဆက်၍ မေးမြန်း နိုင်ကြောင်း သိရသည်။  

MOC(IR)