Main menu

Background

မဲပြာပုဆိုးမဟုတ် ဆန်းသစ်တီထွင် ပြည်တွင်းဖြစ်ပုဆိုး တန်ဖိုးထားဝတ်ဆင်

Mon, 07/03/2023 - 12:17 -- journal_editor

အဝတ်အထည်ကဏ္ဍသည် ဝါစိုက်ပျိုးထုတ် လုပ်သည်မှ အထည်ရက်လုပ်ရောင်းချသည့် ကွင်း ဆက်တစ်လျှောက်  ကျယ်ပြန့်သည့် စီးပွားရေး အတွက်   အရေးပါသော     ကဏ္ဍတစ်ခုဖြစ်ကာ အလုပ်အကိုင် အခွင့်အလမ်းများစွာ ပေးနိုင်သည်။ ပြည်တွင်း ဝတ်ဆင်ရေးအတွက်  အရေးပါသလို ပြည်ပသွင်းကုန်အစားထိုးအဖြစ်   ထုတ်လုပ်မှု တိုးတက်ရန်လိုအပ်သည်။    ထို့ပြင် အထည်ချုပ် လုပ်ငန်းများမှ   ပြည်ပတင်ပို့    ရောင်းချခြင်းဖြင့် ပြည်ပဝင်ငွေ ရှာဖွေပေးနိုင်သည်ဖြစ်၍ အလေး ထားရမည့် လုပ်ငန်းတစ်ခုဖြစ်သည်။
မြန်မာနိုင်ငံတွင်   ဗမာပုဆိုးဟူ၍ ၁၈၀ဝ ပြည့်နှစ်ဝန်းကျင်ခန့် တောင်ရှည် ပုဆိုးဝတ်ဆင်မှုမှ စတင်ခဲ့သည်။   ပုဆိုးသည်   အမျိုးသားများ၏ ရိုးရာဝတ်စုံပင်ဖြစ်ပြီး မြန်မာလူမျိုးတို့ နေ့စဉ်ဝတ် ဆင်ကြသည်။  အထူးပွဲတက်  အခမ်းအနားများတွင် ပုဆိုးနှင့်တိုက်ပုံကို  ဂုဏ်ယူစွာ ဝတ်ဆင်ကြသည်။ ပုဆိုးအဝတ်အထည်များကို အိန္ဒိယ၊ ဘင်္ဂလား ဒေ့ရှ်၊ သီရိလင်္ကာနှင့် မလေးရှားနိုင်ငံတို့တွင်လည်း ထုတ်လုပ်ရောင်းချခြင်းနှင့် ဝတ်ဆင်အသုံးပြုခြင်း တွေ့ရပြီး လန်ချည်၊ လုံချည်၊ ကိုင်လီ၊ ဆာရမ်ဟု အမည်အမျိုးမျိုး ခေါ်ဝေါ်ကြောင်း သိရသည်။ 
ဝါပွင့်ကိုခူးဆွတ် နေလှန်းပြီး ဝါဖန့်၊ ဝါကြိတ်၊ ဝါဖတ်၊ ဝါဂွမ်းနုကို ဗိုင်းလိပ်ပြီး ချည်ခင်ရအောင် ဗိုင်းငင်ကြသည်မှာ  ရှေးခေတ်ကတည်းက ဆောင် ရွက်ခဲ့ကြသည်။ ယခုလက်ရှိ ချည်မျှင်မှ အထည် ထုတ်လုပ်ပုံအဆင့်ဆင့်မှာ   ကုန်ကြမ်းချည်အား အဖြူချွတ်၍ ဆေးဆိုးခြင်း၊ ကော်တင်ခြင်း၊ ချားဆွဲ အတိုင်ချည်ရှည်ခြင်း၊  နှပ်ကော်ခြင်း၊ ယဉ်သွား သွင်းခြင်း၊ ရက်ဖောက်ယောက်ခြင်းဟု ခေါ်သည့် တိုင်ချည်ဆင်ပြီးနောက်   ဖောက်ချည်အတွက် တညင်းလုံး (ယောက်လုံး)တွင် ချည်များရစ်ပတ် ခြင်းပြီးနောက်   စင်တင်   အထည်ရက်ခတ်ခြင်း အဆင့်မှ   အထည်ကုန်ချောထွက်ရှိလာခြင်းပင် ဖြစ်သည်။
စစ်ကိုင်းတိုင်းဒေသကြီးတွင် ရက်ကန်းလုပ် ငန်းပေါင်း ၃၁၀ ခုရှိရာ  မုံရွာခရိုင်တွင် ၁၁၀ ခု၊ စစ်ကိုင်းခရိုင်တွင် ၆၁ ခု၊  ရွှေဘိုခရိုင်တွင် ၅၃ ခု၊ ကလေးခရိုင်တွင် ၈၁ ခု၊   ယင်းမာပင်ခရိုင်တွင် လေးခုနှင့်   ကန့်ဘလူခရိုင်တွင် တစ်ခုဖြစ်ကြောင်း၊ အသေးစား စက်မှုလက်မှု လုပ်ငန်းဦးစီးဌာနတွင် ဝတ်ဆင်ရေးဆိုင်ရာ လုပ်ငန်းများ မှတ်ပုံတင်ထား ကြောင်းသိရသည်။ ရက်ကန်းနှင့် သက်မွေးပညာ သင်တန်းကျောင်း(မုံရွာ)မှ ရက်ကန်းမျိုးဆက်များ မွေးထုတ်ပေးလျက်ရှိပြီး နည်းပညာပေးသင်တန်း များ ဖွင့်လှစ်ပို့ချပေးလျက်ရှိသည်။  သင်တန်းပြီး မြောက်ပြီး  လုပ်ငန်းလုပ်ကိုင်မည့်သူများအတွက် ဈေးကွက်ချိတ်ဆက်ပေးခြင်း၊ စက်ပစ္စည်း မတည် ပေးခြင်းများ  ပံ့ပိုးသည့်အစီအစဉ်များလည်း  ရှိ ကြောင်းသိရသည်။ 
ဆိပ်ခွန်လုံချည်ဟုထင်ရှားသည့်   အထည် များကို   စစ်ကိုင်းတိုင်းဒေသကြီး၊  ရွှေဘိုခရိုင်၊ ဆိပ်ခွန်ကျေးရွာမှ ထုတ်လုပ်ခြင်းဖြစ်သည်။ ဆိပ်ခွန်ကျေးရွာတွင်   ရက်ကန်းလုပ်ငန်းရှင်  ၈၀ ခန့်ရှိပြီး  ဝင်းမော်ဦး၊ ဆင်နှစ်ကောင်၊ ဆင်မင်း၊ တက်နေဝင်း၊  ဘရဏီ၊  ရွှေသစ္စာ  လုပ်ငန်းရှင် ခြောက်ဦးမှာ   မိမိတို့ကိုယ်ပိုင်တံဆိပ်တပ်၍ ဈေး ကွက်သို့ တင်ပို့ရောင်းချကြပြီး ကျန်လုပ်ငန်းရှင် များ၏ ရက်ကန်းစင်များမှထုတ်လုပ်သော အထည် များကို ရန်ကုန်၊ မန္တလေး၊ မြစ်ကြီးနားနှင့် အခြား မှာကြားသည့် မြို့များသို့ တင်ပို့ရောင်းချကြသည်။ စက်ရက်ကန်းများကို   ဂျပန်နိုင်ငံမှ  မိုပုံစံဖြင့် ဝမ်းတွင်းမြို့နယ်တွင် သံရည်ကျိုပုံလောင်း၍ တပ် ဆင်ထုတ်လုပ်သည်ကို   မှာယူအသုံးပြုခြင်းဖြစ် ကြောင်း သိရသည်။ 
ပုဆိုးတစ်ကွင်း  ရက်လုပ်ရာတွင် အနက် ရောင်နှင့် အခြားအရောင်သုံးမျိုးခန့်ရော၍ အဆင် ဖော် ရက်လုပ်ကြသည်။ ချည်များကို  ဆေးဆိုး ဒယ်များတွင် ဆေးဆိုးရာ၌ ဆေးဆိုးနည်းများမှာ ဆာလ်ဖာဖြင့် အမည်းရောင်ဆိုးနည်း၊ ဓာတ်ဆေး ဆိုးနည်း၊ ဆေးမှုန်များဖြင့်ဆိုးနည်း၊ ဘရန်ဇိုဆိုး နည်း၊ ရီအက်တစ်နည်းဖြင့်ဆိုးနည်း၊ သဘာဝဆေး ဆိုးနည်းတို့ဖြစ်သည်။  ထို့နောက် စက်ရက်ကန်း တွင် အတိုင်ချည်အတွက် ယောက်လုံးဖြင့် ချည်ချ ၍ အသင့်ပြုလုပ်သည့်ရဟတ်ပုတ်စက်ဖြင့် အတိုင် အဆင်ပြုလုပ်ပြီးနောက် အဖောက်ချည်အတွက် ချားတွင်တပ်ကာ  ရက်ဖောက်ဖြင့် သွတ်သွင်းထား သော  ရက်ဖောက်ကို  လွန်းတွင်တပ်ဆင်ကာ အတိုင်ချည်များကြားတွင်  လွန်းပြေးစေခြင်းဖြင့် အထည်များ ရက်လုပ်သည်။ လျှပ်စစ်မီးမရသည့် အချိန်တွင်လည်း ဆိုလာများ၊မီးစက်များအသုံးပြု ၍ စက်ရက်ကန်းများ လည်ပတ်နေရကြောင်း သိရ သည်။
ကျားဝတ်လုံချည်များကို အလျား လက်မ  ၈၀၊ အနံ ၄၄ လက်မအရွယ်  ရက်လုပ်ပြီး တစ် လက်မ ပတ်လည်တွင် အတိုင် ၅၆ ပင်၊  အဖောက် ၆၀ ပင်ဖြင့် ရက်လုပ်သည်။ ဆိပ်ခွန်မှ အဓိကထုတ် လုပ်သည့် အမျိုးအစားလေးမျိုးမှာ ၁/၂၁၊ ၂/၈၀၊ ၁/၄၀ နှင့် ပိုးတွဲဟူ၍ဖြစ်သည်။ ၁/၂၁ ဆိုသည်မှာ  ဝါချည်တစ်ပေါင်လျှင် အရှည် ကိုက် ၈၄၀ ရှိသော  ချည်လိမ် ၂၁ လိမ်ရရှိသောချည်ကိုဆိုလိုပြီး ၁/၂၁  ချည်ထုပ်တစ်ထုပ်တွင် တစ်ပင်ချည်  ၂၁ လိမ်ပါရှိ ကာ ချည်တစ်လိမ်တွင် ငါးခင်ပါရှိသဖြင့် ချည်ခင်  ၁၀၅ ခင်ပါရှိသည်။ ၂/၈၀ ဆိုသည်မှာ ဝါချည် တစ်ပေါင်လျှင် အရှည်ကိုက် ၈၄၀ ရှိသော ချည် လိမ်  ၄၀ လိမ် ရရှိသောချည်ကို ၂/၈၀ ချည်ဟုခေါ် ပြီး ၂/၈၀ ချည်ထုပ်တစ်ထုပ်တွင် နှစ်ပင်ချည် ၄၀ လိမ်ပါရှိကာ ချည်တစ်လိမ်တွင် ငါးခင်ပါရှိသဖြင့် ချည်ခင် ၂၀ဝ ခင် ပါရှိသည်။ ၁/၄၀ ဆိုသည်မှာ ဝါချည်တစ်ပေါင်လျှင် အရှည်ကိုက် ၈၄၀ ရှိသော ချည်လိမ်  ၄၀ လိမ်ရရှိသော ချည်ကို ၁/၄၀ ချည် ဟုခေါ်ပြီး ၁/၄၀ ချည်ထုပ်တစ်ထုပ်တွင် တစ်ပင် ချည်၄၀ လိမ်ပါရှိကာ ချည်တစ်လိမ်တွင် ငါးခင်ပါရှိ သဖြင့် ချည်ခင် ၂၀ဝ ခင်ပါရှိသည်။ ချည်ထုပ်တစ် ထုပ် ရက်လုပ်ပါက ပုဆိုးကွင်းရရှိမှုမှာ ၁/၂၁ ချည် ဖြင့် (၁၃.၃)ကွင်း၊ ၁/၄၀ ချည်ဖြင့်(၁၆.၅)ကွင်း၊ ၂/၈၀ ချည်ဖြင့် ၁၅ ကွင်းရရှိသည်။ ၁/၂၀ နှင့် ၁/၄၀ မှာ ရောင်းရသည့် ဈေးနှုန်း အတူတူခန့်ပင် ဖြစ်ရာ ၁/၄၀ မှာ ကုန်ကျစရိတ် လျော့နည်းသဖြင့် အကျိုးအမြတ် ပိုများကြောင်း တွေ့ရသည်။ 
ချည်အမျိုးအစား ၁/၄၀၊ ၂/၈၀၊ ၂/၁၀ဝ ဟုခေါ်ဆိုခြင်းမှာ ချည်အရွယ်အစား လုံးပတ်များ ကို  နံပါတ်သတ်မှတ်ခြင်းဖြစ်ပြီး နံပါတ်ငယ်လျှင် ချည်အလုံးတုတ်ပြီး  ဈေးနှုန်းနိမ့်သည်။ အထည် ထူသည်။ ၂/၁၀ဝ ချည်သည် လုံးပတ်အသေးငယ် ဆုံး အမျှင်ဆုံးဖြစ်ပြီး ထိုချည်ရရှိရန် အရည်အသွေး ကောင်းသော ဝါချည်ကို အသုံးပြုရသဖြင့် ဈေးနှုန်း မြင့်မားသည်။ အထည်အသားမှာ ပါးလွှာညက် ညောသည်။ ထိုချည်အသုံးပြုမှုပေါ်  မူတည်၍ ပုဆိုးဈေးနှုန်းများ  ကွာခြားသွားရခြင်းဖြစ်သည်။ ပုဆိုးဈေးနှုန်းများအနေဖြင့် ၁/၄၀ ချည်ပုဆိုးမှာ  ကျပ် ၄၅၀ဝ-၈၅၀ဝ၊ ၂/၈၀ ချည်ပုဆိုးမှာ   ကျပ် ၁၈၀ဝ၀-၂၂၀ဝ၀၊ ၂/၁၀ဝ ချည်ပုဆိုးမှာ  ကျပ် ၂၅၀ဝ၀-၂၈၀ဝ၀ ၊ ချည်ပိုးရောမှာ ကျပ် ၁၅၀ဝ၀-၃၀ဝ၀ဝ၊ ပိုးစစ်ချိတ်ပုဆိုးမှာ ကျပ် ၅၀ဝ၀ဝ-၉၀ဝ၀ဝ  ဈေးကွက် ဈေးနှုန်းရှိကြောင်း သိရသည်။ ပုဆိုးကို အထည်ဆိုင်အားလုံးတွင် ဝယ်ယူရရှိနိုင်ပြီး ဥညူငညန ဈေးကွက်မှ လက်လီလက်ကား ဖြန့်ဖြူးသည့်ဈေး ကွက် ကျယ်ပြန့်ကြောင်းသိရသည်။ ချည် ၁၀ ပေါင် ဈေးနှုန်းများမှာ ၁/၂၁ အကျစ်ချည်မှာ ကျပ် ၅၅၀ဝ၀၊ ၁/၄၀ ချည်မှာ ကျပ် ၅၀ဝ၀ဝ၊ ၂/၈၀ ချည်မှာ ကျပ် ၈၀ဝ၀ဝ  ၂/၁၀ဝ ချည်ဈေးနှုန်းမှာ ကျပ် ၁၄၀ဝ၀ဝ ၊ စီလွန်ခေါ်သည့် ယုံဟာလီချည် မှာ  ကျပ် ၆၅၀ဝ၀ အသီးသီးရှိပြီး မန္တလေးအမရပူရ ဘက်မှ ဝယ်ယူရရှိကြောင်း သိရသည်။
စာမဖတ်တတ်တဲ့ ယောကျာ်းဟာ အကန်းနဲ့ တူပြီး ရက်ကန်း မရက်တတ်တဲ့မိန်းမဟာ အကျိုးနဲ့ တူတယ်ဟူသော ဗမာစကားပုံသည် နေအိမ်တိုင်း တွင် လက်ရက်ကန်းစင်များထားရှိပြီး အမျိုးသမီး များက မိသားစုအတွက် လုံချည်ရက်လုပ်ကြသော တစ်ချိန်တစ်ခါက မြန်မာစကားပုံတစ်ခုဖြစ်သည်။ ရွှေချည် ငွေချည်တန်းပါလို့ ရက်ကန်းကိုယ်စီ တန်း ကိုယ်စီ၊ ရက်ကန်းစင် အကွက်ဆန်းထွင် ပျို့မောင် ကြီး ရွှေသျှောင်ပွနှင့်တော်ပါ့မလားရှင်၊ လက်ခတ် သံကျွန်းဖိုသား သောင်းတိုင်ကကြား၊ ရွှေလွန်းပျံ ရပ်မနား ဘယ်ညာခုန်လို့သွား၊ ဝတ်လဲတော်ရွှေ ပုဆိုး တန်းထိုးလို့ကြိုပါ့မယ်ဟူသော သီချင်းများ စာသားများက ရက်ကန်းကို အလေးထား ရေးဖွဲ့ ခဲ့ကြသည်။ ဆောင်ရန်၊ ရှောင်ရန်၊ ဂရုပြုရန် သတိ ထားစရာအဖြစ် မြန်မာစကားပုံများခိုင်းနှိုင်းပုံပြု ကြရာ  ပုဆိုးနှင့်ပတ်သက်သည့် စကားပုံများအဖြစ်  ချည်ပုဆိုးက ပိုးပေါင်းချင်၊ ပုဆိုးခြုံထဲက လက် သီးပြ၊ ပုဆိုးတန်းတင်၊ မဲပြာပုဆိုးကိုပင် ချုပ်ရိုးတင် စသည်တို့ကို တွေ့ရသည်။ ပုဆိုးခါးတောင်းကျိုက် လုပ်အား တန်ဖိုးထားသော မြန်မာတို့သည် ရိုးရာ ပုဆိုးကို ထိန်းသိမ်းသုံးစွဲကြသည်။ ဗမာလူမျိုးစုနှင့် ဒေသအလိုက်  ရက်လုပ်သော  အထည်များနှင့် အဆင်များမှာ အမျိုးအစား စုံလင်လှရာ ရခိုင် လုံချည်၊ မွန်လုံချည်၊ ကချင်လုံချည်၊ အင်းလေး လုံချည်၊ ဇင်းမယ် (ချင်းမိုင်) လုံချည်၊ ယောလုံချည်၊ ဆိပ်ခွန်လုံချည်၊  ထားဝယ်လုံချည်  စသည်ဖြင့် နာမည်ကျော်ကြားမှုမှာ ဂုဏ်ယူဖွယ်ရာဖြစ်သည်။ ပွဲတိုးပွဲတက်ဝတ်ဆင်သော   ပိုးဖဲပုဆိုးများသည် နူးညံ့သော ဖဲပိုးသားနှင့် လှပသောချည်တို့ကို အနု စိတ်လှပစွာ ရက်လုပ်ထားသောကြောင့် ရေလျှော် လျှင် အနည်းငယ်  ရုန်းနိုင် ကြေသွားနိုင်သဖြင့် ရေမလျှော်ဘဲ နေလှန်း၍ ပြန်သိမ်းခြင်း၊ အခြောက် လျှော်ခြင်းဖြင့်သာ သုံးစွဲရန် အကြံပြုထားသည်။
အိန္ဒိယပုဆိုးမှာ အမည်းရောင်၊ အညိုရောင် နှင့် အဖြူရောင်၊ အပြာရောင်တို့ဖြင့် လေးထောင့် ကွက်ကြီးကြီး  အဆင်များရော အကွက်စိပ်စိပ် အဆင်များပါ တွေ့ရသည်။ မြန်မာဈေးကွက်တွင် ဈေးကွက်ဝင်  သုံးစွဲကြပြီး အိန္ဒိယမှတင်သွင်းကြ သည်။ ပြည်ပမှ ချည်များဆိုးဆေးများလည်း တင် သွင်းအသုံးပြုကြရာ    ကုန်ကြမ်းတင်သွင်းမှုကို လျှော့ချမရသော်လည်း  ကုန်ချောတင်သွင်းမှုကို လျှော့ချနိုင်သည်။ ယခင်ကပုဆိုးဝယ်ပါက စက် ဆိုင်သို့ အချုပ်အပ်ရသော်လည်း ယခုအခါ ပုဆိုး အသစ်များကို ချုပ်ပြီးအသင့်ဝတ်၊ ရေချပြီးမှရောင်း ချသော ပေါင်းပုဆိုး၊ အဆင်ဆန်း၊ အနံကြီး ကွင်း ကျယ်   စသည်ဖြင့်  သုံးစွဲသူ ပိုမိုအဆင်ပြေရေး တီထွင်ရောင်းချလျက်ရှိကြသည်။ ရက်ကန်းလုပ် ငန်းရှင်များသည် ကုန်ကြမ်းပစ္စည်းများ ဈေးတက် သဖြင့် အရင်းအနှီး အခက်အခဲ၊ လျှပ်စစ်မီးအခက် အခဲ၊ လုပ်သားအခက်အခဲ၊ သယ်ယူပို့ဆောင်ရေး အခက်အခဲ၊  ဈေးကွက်ဈေးနှုန်း ယှဉ်ပြိုင်ရသည့် အခက်အခဲများကြားက ထုတ်လုပ်လျက်ရှိခြင်းဖြစ် သည်။ သို့ဖြစ်၍ မဲပြာပုဆိုးမဟုတ် ဆန်းသစ်တီထွင် ထားသော ပြည်တွင်းဖြစ်ပုဆိုးများကို တန်ဖိုးထား ဝတ်ဆင်သင့်ပါကြောင်း အကြံပြုလိုက်ပါသည်။

ရီလင်းထွဋ် (မုံရွာ)