Main menu

Background

စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေများဆိုင်ရာ အသိပညာပေးအစီအစဉ် ကျင်းပ

Tue, 10/10/2023 - 08:39 -- journal_editor

စားသုံးသူကာကွယ်ရေး၊ ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေ များဆိုင်ရာ  အသိပညာပေးအစီအစဉ်ကို   ရန်ကုန်မြို့ရှိ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ် (့ငြ်္ဃဃှု) ခန်းမ၌ အောက်တိုဘာ ၇ ရက် နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။  
အဆိုပါ အသိပညာပေးအစီအစဉ်သို့ မြန်မာနိုင်ငံယှဉ် ပြိုင်မှုကော်မရှင်ဥက္ကဋ္ဌ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ တက်ရောက် အမှာစကားပြောကြားခဲ့သည်။  ဝန်ကြီးက အမှာစကားပြော ကြားခဲ့ရာတွင် မြန်မာနိုင်ငံအနေဖြင့် ဒေသတွင်းအာဆီယံအဖွဲ့ ကြီးတွင် အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများကို လိုက်ပါဆွေးနွေးခြင်း၊ အကောင်အထည် ဖော်ဆောင်ရွက်ခြင်းများရှိသကဲ့သို့  အခြားသော ကမ္ဘာ့နိုင်ငံ များနှင့်လည်း ကုန်သွယ်မှုနှင့်ရင်းနှီးမြှုပ်နှံမှုများကို ဆောင်ရွက် နေကြောင်း၊ 
ထိုသို့ဆောင်ရွက်ရာတွင်  ဈေးကွက်လက်ဦးမှုအတွက် ယှဉ်ပြိုင်မှုများ ရှိလာပြီး စားသုံးသူအပေါ် ကောင်း ကျိုး၊ ဆိုးကျိုး အကျိုးသက်ရောက်မှုဖြစ်ပေါ်လာကြောင်း ၊ ကုန်အမှတ်တံဆိပ် မှတ်ပုံတင်ခြင်းကို ပုဂ္ဂလိက လုပ်ငန်းရှင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် သိရှိရန်လိုအပ်ကြောင်း၊ ထို့အတွက်ကြောင့် ယှဉ်ပြိုင်မှု ဥပဒေ၊  စားသုံးသူကာကွယ်ရေးဥပဒေ နှင့် မူပိုင်ခွင့် ဥပဒေများပြဋ္ဌာန်းပြီး ကျင့်သုံးအကောင်အထည်ဖော် ဆောင်ရွက်နေခြင်းအပေါ် ဆွေးနွေးရန် ယခုအစီအစဉ်ကို ကျင်းပရခြင်းဖြစ်ကြောင်း ပြောကြားသည်။
ထို့အပြင်  စားသုံးသူများအသုံးပြုမည့် ကုန်စည်နှင့် ဝန်ဆောင်မှုများ ဘေးအန္တရာယ်ကင်းရှင်းပြီး လုံခြုံစိတ်ချရမှုရှိစေရေးအတွက် ဈေးကွက် စောင့်ကြည့်စစ်ဆေးခြင်းလုပ်ငန်းများကို ဌာနပေါင်းစုံပူးပေါင်း ဆောင်ရွက်နေကြောင်း၊ နယ်ပယ်တိုင်းတွင် စီးပွားရေးယှဉ်ပြိုင်မှုများ မျှမျှတတရှိရန်လိုအပ်ကြောင်း၊ ယှဉ် ပြိုင်မှုဆိုင်ရာ အသိပညာပေးလုပ်ငန်းအစီအစဉ်များကိုလည်း နိုင်ငံအနှံ့ဆောင်ရွက်နေကြောင်း၊ ကုန် အမှတ်တံဆိပ်မူပိုင်ခွင့် လျှောက်ထားခြင်းများ လက်ခံခြင်းကို အီလက်ထရွန်နစ် မှတ်ပုံတင်စနစ်ဖြင့်လက်ခံ ဆောင်ရွက်ပေးနေသကဲ့သို့ နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတို့ရှိ မူပိုင်ခွင့်ဦးစီးဌာနရုံးများတွင်လည်း လက်ခံဆောင်ရွက်ပေးနေကြောင်း၊ တီထွင်မှုမူပိုင်ခွင့်ဥပဒေကိုလည်း ၂၀၂၄ ခုနှစ်တွင် အာဏာတည်နိုင် ရေးပြင်ဆင်ဆောင်ရွက်နေကြောင်း၊ မိမိတို့နိုင်ငံတွင် မူပိုင်ခွင့်အာဏာကာကွယ်ပေးသည့် စနစ်တစ်ရပ် ကျင့်သုံးဆောင်ရွက်ခြင်းသည် နိုင်ငံတော်၏ စီးပွားရေးကဏ္ဍတစ်ရပ်လုံး ဖွံ့ဖြိုးတိုးတက်စေရေး နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုများ တိုးတက်လာစေရေး၊ အဆင့်မြင့် နည်းပညာများလွှဲပြောင်းရယူနိုင်ရေး၊ ကုန်ထုတ်လုပ်မှု နှင့် စီးပွားရေးကဏ္ဍများ မြင့်မားတိုးတက်လာစေရေးအတွက် အထောက်အကူပြုမည့်အပြင် စွန့်ဦးတီထွင် သူများ၊ ဖန်တီးသူများ၊ ပုဂ္ဂလိကလုပ်ငန်းရှင်များ၏ အခွင့်အရေးများကို ဥပဒေနှင့်အညီ ရရှိခံစားစေနိုင်မည် ဖြစ်ကြောင်း၊  ထို့အပြင်   စားသုံးသူကာကွယ်ရေး၊  ယှဉ်ပြိုင်မှုနှင့် မူပိုင်ခွင့်ဥပဒေတို့သည် နိုင်ငံအတွက် စီးပွားရေးဖွံ့ဖြိုးတိုးတက်စေရန်  ကဏ္ဍအစုံမှ ကြိုးပမ်းဆောင်ရွက်နေချိန်တွင် အားလုံးပါဝင်သည့် အဓိက ဒေါက်တိုင်ကြီးသုံးခုဖြစ်ကြောင်းပြောကြားခဲ့သည်။
အဆိုပါ အသိပညာပေးအစီအစဉ်တွင် သက်ဆိုင်ရာ ဥပဒေများအလိုက် ကျွမ်းကျင်ပညာရှင်များ နှင့် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ခံအရာရှိများ၊ နယ်ပယ်စုံမှ ဖိတ်ကြားထား သည့် အသိပညာရှင်၊ အတတ်ပညာရှင်များ၊ ညီနောင်အသင်းများနှင့် ကုမ္ပဏီများမှ ၁၆၀ ကျော် တက် ရောက်ခဲ့ကြောင်း သိရသည်။ 

ကျော်ကို