Main menu

Background

လွတ်လပ်သော ကုန်သွယ်ရေး၏ ကမ္ဘာ့စီးပွားရေးအပေါ် သက်ရောက်မှု

Tue, 08/06/2024 - 13:23 -- journal_editor

အပြန်အလှန် ချိတ်ဆက်မှု ပိုမိုများပြားလာသည့် ကမ္ဘာတွင် လွတ်လပ်သော ကုန်သွယ်မှုသဘောတူညီချက်များ (FTAs) သည် နိုင်ငံတကာကုန်သွယ်မှု၏ တိုးတက်ပြောင်းလဲမှုကို ပုံဖော်ရာတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။  FTAs သည် အခွန်အခ၊ ခွဲတမ်း နှင့် သွင်းကုန် ကန့်သတ်ချက်ကဲ့သို့သော အတားအဆီးများ လျှော့ ချခြင်း သို့မဟုတ် ဖယ်ရှားခြင်းအားဖြင့် ကုန်သွယ်မှုကို လွယ်ကူ ချောမွေ့စေသည်။ ၎င်းတို့သည် နိုင်ငံနှစ်နိုင်ငံ သို့မဟုတ် ထို့ထက်ပို သော နိုင်ငံများကြား ချုပ်ဆိုသော သဘောတူစာချုပ်များဖြစ်သည်။ 
အဆိုပါ သဘောတူညီချက်များသည်  နယ်စပ်ဖြတ်ကျော် ကုန်စည်၊ ဝန်ဆောင်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ ပိုမိုချောမွေ့စွာ စီးဆင်း စေရန် ရည်ရွယ်သည်။ ထိုမှတစ်ဆင့် စီးပွားရေး တိုးတက်မှုနှင့် နိုင်ငံ တကာ  ဆက်ဆံရေး အားကောင်းလာစေရန် ရည်ရွယ်သည်။ ဤ ဆောင်းပါး၌ နိုင်ငံတကာကုန်သွယ်မှုတွင် FTAs ၏ အရေးပါသော အခန်းကဏ္ဍနှင့် ကမ္ဘာလုံးဆိုင်ရာ စီးပွားရေး အပေါ်  သက်ရောက်မှု တို့ကို ဆန်းစစ်ထားသည်။
FTAs ၏ သဘောသဘာဝ
FTAs သည်နှိုင်းယှဉ်အားသာချက် နိယာမ(principle of com- parative advantage) ) အတိုင်း လည်ပတ်နေသည်။ နှိုင်းယှဉ် အား သာချက် သဘောတရားအရ နိုင်ငံများသည် ပိုမိုထိရောက်စွာ ထုတ် လုပ်နိုင်သော အခြားနေရာမှပစ္စည်းများ  တင်သွင်းနေသည်။ ထို အချိန်တွင် အခြားနိုင်ငံများသည် အထိရောက်ဆုံး ထုတ်လုပ်နိုင်သည့် ကုန်ပစ္စည်းနှင့် ဝန်ဆောင်မှုများ အထူးပြု ထုတ်လုပ်နိုင်စေသည်။ ဤအထူးပြုချက်က စီးပွားရေးတစ်ခုလုံး၏ စွမ်းဆောင်ရည်  မြှင့် တင် ပေးပြီး  ကုန်ထုတ်စွမ်းအားနှင့် ဆန်းသစ်တီထွင်မှုကို တိုးမြှင့်ပေး နိုင်သည်။ 
  FTA  ၏ အဓိကအင်္ဂါရပ်များ
အခွန်စည်းကြပ်မှု လျှော့ချခြင်း- FTA များသည် ပုံမှန်အားဖြင့် ကုန်စည်နှင့် ဝန်ဆောင်မှု အများအပြားအပေါ် အခွန်အခများ လျှော့ ချခြင်း သို့မဟုတ်  ဖယ်ရှားခြင်းဖြစ်သည်။ အခွန်လျှော့ချခြင်း၏ ကောင်းကျိုးကို  ၎င်းတို့၏  မိတ်ဖက်နိုင်ငံများ ပိုမိုရရှိ ခံစားနိုင်စေ သည်။
အကောက်ခွန်မဟုတ်သော အတားအဆီးများ - ဤသဘောတူ ညီချက်များက ခွဲတမ်း၊ သွင်းကုန်လိုင်စင်နှင့် စည်းမျဉ်း စည်းကမ်း ဆိုင်ရာအတားအဆီးကဲ့သို့သော အကောက်ခွန်မဟုတ်သော အတား အဆီးများ (Non-Tariff Barriers) ကိုင်တွယ်ဖြေရှင်းပေးသည်၊ ထို အချက်က ပိုမိုချောမွေ့ပြီး ခန့်မှန်းနိုင်သော ကုန်သွယ်ရေး စီးဆင်းမှု ဖြစ်စေသည်။
ရင်းနှီးမြှုပ်နှံမှု ပြဋ္ဌာန်းချက်-  FTAs တွင် အဖွဲ့ဝင်နိုင်ငံများကြား ရင်းနှီးမြှုပ်နှံမှုများကို ကာကွယ်ရန်နှင့် မြှင့်တင်ပေးသည့် ပြဋ္ဌာန်း ချက်များပါဝင်သည်။ ထို့ကြောင့် တည်ငြိမ်ပြီး ခန့်မှန်းနိုင်သော ရင်းနှီး မြှုပ်နှံမှု ပတ်ဝန်းကျင်ကို ဖော်ဆောင်ပေးသည်။
Óဏပစ္စည်းမူပိုင်ခွင့်  -  ကုန်သွယ်ရေး  သဘောတူစာချုပ်များက Óဏပစ္စည်း မူပိုင်ခွင့်များ (Intellectual Property Rights)  အကာ အကွယ်ပေးမှုကို အားကောင်းစေသည်။ ထို့ပြင် ဆန်းသစ်တီထွင်မှု နှင့် နိုင်ငံများကြား နည်းပညာလွှဲပြောင်းမှုကို အားပေးသည်။
FTAs      ၏ စီးပွားရေးသက်ရောက်မှု
စီးပွားရေးတိုးတက်မှု မြှင့်တင်ခြင်း- ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှုများ လွယ်ကူချောမွေ့ စေခြင်းအားဖြင့်  FTAs  များက စီးပွားရေး တိုးတက် မှုကို အထောက်အကူဖြစ်စေသည်။ ဈေးကွက် ဝင်ရောက်မှု တိုး လာခြင်းက ပို့ကုန်ပမာဏ ပိုမိုမြင့်မားစေပြီး အရင်းအမြစ်များ ပိုမို ထိရောက်စွာ ခွဲဝေပေးနိုင်သည်။
အလုပ်အကိုင်  ဖန်တီးခြင်းနှင့် ဝင်ငွေတိုးတက်ခြင်း - ပိုမိုကောင်း မွန်သော ကုန်သွယ်မှုက နိုင်ငံခြား  ရင်းနှီးမြှုပ်နှံမှုကြောင့် အကျိုး ဖြစ်ထွန်းလျက်ရှိသော ကဏ္ဍများနှင့်  ပို့ကုန်ဦးစားပေးစက်မှု လုပ် ငန်းတို့၌ အလုပ်အကိုင် ဖန်တီးပေးသည်။ အကျိုးဆက်အနေဖြင့် လုပ်ခ ပိုမိုမြင့်မားပြီး လူနေမှု အဆင့်အတန်း မြှင့်တင်ပေးသည်။
စားသုံးသူအကျိုးခံစားခွင့် -  FTAs အဖွဲ့ဝင်နိုင်ငံများရှိ စားသုံးသူများ သည် ဈေးနှုန်းချိုသာသော ကုန်စည်နှင့် ဝန်ဆောင်မှုများစွာ သုံးစွဲရ သော ကောင်းကျိုးခံစားခွင့်ရှိသည်။ ထို့ကြောင့် ၎င်းတို့၏ ဝယ်ယူ နိုင်စွမ်းအားနှင့် အလုံးစုံသက်သာချောင်ချိရေးကို မြှင့်တင်ပေးသည်။  
လုပ်ငန်းချဲ့ထွင်ခြင်း - စီးပွားရေးလုပ်ငန်းများသည် ဈေးကွက်သစ် များသို့ ဝင်ရောက်ခွင့်ရရှိပြီး လုပ်ငန်းများ ချဲ့ထွင်နိုင်ခြင်း၊ အမြောက် အမြား ထုတ်လုပ်မှု၏ စီးပွားရေး အကျိုးခံစားခွင့် ရရှိခြင်းနှင့် ယှဉ် ပြိုင်နိုင်စွမ်း တိုးတက်ခြင်း စသည့်ကောင်းကျိုးများ ရရှိသည်။
ကမ္ဘာ့ကုန်သွယ်မှု အပြောင်းအလဲနှင့်  FTAs
ကုန်သွယ်မှု သွေဖည်ခြင်းနှင့် ကုန်သွယ်မှုဖန်တီးခြင်း-  FTAs  များ သည် အဖွဲ့ဝင်နိုင်ငံအချင်းချင်း ကုန်သွယ်မှုပိုမိုလွယ်ကူစေပြီး ဈေး သက်သာခြင်းဖြင့်  ကုန်သွယ်မှုကို  ဖန်တီးနိုင်သည်။ ကုန်သွယ်မှု ဖန်တီးခြင်း သို့မဟုတ် ကုန်သွယ်မှု တိုးပွားခြင်း (Trade Creation) ) ဖြစ်စေ နိုင်ပါသည်။ သို့ သော်လည်း ၎င်းတို့သည် ပိုမိုထိရောက်သော အဖွဲ့ဝင် မဟုတ်သည့် ထုတ်လုပ်သူများထံမှ ကုန်သွယ်မှုကို လမ်း ကြောင်းလွဲပြီး ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုတွင် ထိရောက်မှု အား နည်းစေနိုင်သည်။ ကုန်သွယ်မှု သွေဖည်ခြင်း သို့မဟုတ် ကုန်သွယ်ရေး ဆုတ်ယုတ်ခြင်း Trade Diversion) ဖြစ်ပေါ်စေနိုင်သည်။ 
ဒေသဆိုင်ရာကုန်သွယ်ရေးအဖွဲ့-    FTAs  သည် ဥရောပသမဂ္ဂ (EU) ) နှင့် မြောက်အမေရိက လွတ်လပ်သောကုန်သွယ်မှု သဘောတူညီချက် (NAFTA)) ကဲ့သို့သော ဒေသတွင်းကုန်သွယ်မှု အစုအဖွဲ့ များ ဖွဲ့စည်း ရန် ဦးတည်သွားလေ့ရှိသည်။ ဤအဖွဲ့များသည် ကမ္ဘာလုံးဆိုင်ရာ ကုန်သွယ်မှုပုံစံနှင့် စီးပွားရေးမူဝါဒများကို သိသိသာသာ လွှမ်းမိုး နိုင်သည်။
ပထဝီဝင်နိုင်ငံရေး လွှမ်းမိုးမှု -  FTAs  သည် ပထဝီဝင်နိုင်ငံရေး မဟာ ဗျူဟာ၏ လက်နက်ကိရိယာများဖြစ်သည်။ ကုန်သွယ်ရေး သဘောတူ စာချုပ်များက အဖွဲ့ဝင်နိုင်ငံများကြား နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ဆက်ဆံမှုများ ခိုင်မာစေပါသည်။ ၎င်းတို့သည် ကမ္ဘာလုံးဆိုင်ရာ ကုန် သွယ်ရေးမူဝါဒနှင့် စေ့စပ်ညှိနှိုင်းမှုများကို လွှမ်းမိုးနိုင်ပြီး နိုင်ငံတကာ ဆက်ဆံရေးတွင် ပါဝါချိန်ခွင်လျှာ ပြောင်းလဲနိုင်သည်။
ဖွံ့ဖြိုးဆဲနိုင်ငံများအပေါ် သက်ရောက်မှု -  FTAs သည် ဖွံ့ဖြိုးဆဲ နိုင်ငံများကို ကမ္ဘာ့စီးပွားရေးတွင် ပေါင်းစည်းရန် အခွင့်အလမ်းများ ပေးစွမ်းနိုင်သည်။ သို့သော်လည်း ပိုမိုဖွံ့ဖြိုးပြီး နိုင်ငံများနှင့် ယှဉ်ပြိုင် ရလေ့ရှိသောကြောင့် စီးပွားရေးကွာဟမှု (Economic disparities) ဖြစ်စေနိုင်သည့် အလားအလာများ ရှိနေသည်။
ငွှ်္ဗ  ၏ စိန်ခေါ်မှုများနှင့် ဝေဖန်ချက်များ
စီးပွားရေးမညီမျှမှု- ကုန်သွယ်ရေး သဘောတူစာချုပ်  ချုပ်ဆို အကောင်အထည်ဖော်ရာတွင်  ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု တိုးမြှင့် ခြင်း၏ အကျိုးကျေးဇူးများကို အညီအမျှ ခွဲဝေမရနိုင်ပေ။ ထို့ကြောင့် နိုင်ငံအတွင်း၌  လည်းကောင်း၊ နိုင်ငံများကြား၌  လည်းကောင်း စီးပွားရေး  မညီမျှမှု ပိုမိုဆိုးရွားစေနိုင်သည်ဟု ဝေဖန်သူများက စောဒကတက်ကြသည်။
သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုများ - ကုန်သွယ်မှုနှင့် ထုတ် လုပ်မှု တိုးမြင့်လာသည့် အချိန်တွင် ရေရှည်တည်တံ့ခိုင်မြဲရေးအတွက် မစီမံနိုင်ပါလျှင် သဘာဝပတ်ဝန်းကျင် ပျက်စီးစေနိုင်သည်။  FTA သည် ထိုကဲ့သို့သော သက်ရောက်မှုများ လျော့ပါးစေရန် တင်းကျပ် သော သဘာဝပတ်ဝန်းကျင် စံနှုန်းများ ထည့်သွင်းထားရပါမည်။
အချုပ်အခြာအာဏာဆိုင်ရာ ပြဿနာများ - ကုန်သွယ်ရေး သဘော တူ စာချုပ်များ ကျင့်သုံး အကောင်အထည်ဖော်ရာတွင် အဖွဲ့ဝင်နိုင်ငံ များ၏ စည်းမျဉ်းများနှင့် စံနှုန်းများ တစ်ပြေးညီဖြစ်ရန် လိုအပ်သည်။ ထိုသို့မဟုတ်ပါက အဆိုပါ  သဘောတူစာချုပ်များကို နိုင်ငံတော်၏ အချုပ်အခြာအာဏာနှင့် ပြည်တွင်းမူဝါဒကို ချိုးဖောက်သည့်အရာ အဖြစ် ရှုမြင်နိုင်သည်။
နိဂုံးကောက်ချက်
လွတ်လပ်သော ကုန်သွယ်မှု သဘောတူညီချက်များသည် နိုင်ငံ တကာကုန်သွယ်မှု အခင်းအကျင်းကို ပုံဖော်ရန်၊ စီးပွားရေးတိုးတက် မှုကို မောင်းနှင်ရန်နှင့် ကမ္ဘာလုံးဆိုင်ရာ အပြန်အလှန် ဆက်သွယ်မှုကို မြှင့်တင်ရန်အတွက် အရေးကြီးသောအခန်းကဏ္ဍမှ  ပါဝင်သည်။ ဈေးကွက် ဝင်ရောက်ခွင့်၊ အလုပ်အကိုင်  ဖန်တီးမှုနှင့် စားသုံးသူ အကျိုးကျေးဇူးများအပါအဝင် သိသာထင်ရှားသော အကျိုးခံစား ခွင့်များ ပေးဆောင်နေသည်။ သို့သော်လည်း ၎င်းတို့သည် စီးပွားရေး မညီမျှမှု၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ စိုးရိမ်မှုနှင့် အချုပ်အခြာ အာဏာပြဿနာကဲ့သို့သော စိန်ခေါ်မှုများ ‌တွေ့ရှိရ သည်။ 
FTAs ၏ အပြုသဘောဆောင်သော အကျိုးသက်ရောက်မှု အမြင့်ဆုံးရရှိရန် မူဝါဒချမှတ်သူများသည် အဆိုပါစိန်ခေါ်မှုများ ကိုင်တွယ်ဖြေရှင်းရန် လိုအပ်ပါသည်။ ထိုကဲ့သို့ ကိုင်တွယ်ဖြေရှင်းရာ တွင် အားလုံးပါဝင်ပြီး ရေရှည်တည်တံ့သော ကုန်သွယ်မှုမူဝါဒများ ((inclusive and sustainable trade policies) ချမှတ်ဆောင်ရွက်ရပါ မည်။ ကမ္ဘာ့စီးပွားရေး တိုးတက်ပြောင်းလဲလာသည်နှင့်အမျှ  FTAs  သည် ပိုမိုသာယာဝပြောပြီး အပြန်အလှန် ချိတ်ဆက်သော ကမ္ဘာ ကြီးကို မြှင့်တင်ရာတွင် ဆက်လက်အရေးပါနေမည်ဖြစ်သည်။

Source: linkedin.com

သိန်းမြင့်ဝေ