Main menu

Background

တနင်္သာရီတိုင်းဒေသကြီးမှ ပြည်ပဝင်ငွေ အဓိကရရှိနေသော သီဟိုဠ်စေ့ ကုန်ချော

Tue, 12/03/2024 - 11:15 -- journal_editor

တနင်္သာရီတိုင်းဒေသကြီးတွင် ရှေးယခင်ကပင် သီဟိုဠ်ပင်များမှာ တောင်ကုန်း၊ တောင်တန်းများနှင့် လွင်ပြင်၊ မြေလွတ်၊ မြေရိုင်းများတွင် အလေ့ကျ ပေါက် ရောက်လျက်ရှိခဲ့သည်။  အသီးမှ ထွက်ရှိသည့် သီဟိုဠ် အစေ့များကို  အစားအစာတစ်ခုအဖြစ် စားသုံးခဲ့ကြပြီး ၎င်းတွင် ခန္ဓာကိုယ်အတွက်လိုအပ်သော ဗီတာမင်နှင့် သတ္တုဓာတ်များစွာလည်း ပါဝင်လျက်ရှိသည်။ ယခု အခါ အဆိုပါ အလေ့ကျပေါက်ရောက်သော သီဟိုဠ် ပင်များအပြင် စီးပွားဖြစ် အဓိကထုတ်ကုန်တစ်ခုအဖြစ် တိုးချဲ့စိုက်ပျိုးလာကြသည်။
တနင်္သာရီတိုင်းဒေသကြီး၊  ဧရာဝတီတိုင်းဒေသ ကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် ရခိုင် ပြည်နယ် များတွင်လည်း  စီးပွားဖြစ်  စိုက်ပျိုးလာကြသည်။ တနင်္သာရီတိုင်းဒေသကြီးအတွင်း  ထားဝယ်၊ မြိတ်၊ ကော့သောင်းနှင့် ဘုတ်ပြင်းခရိုင်များတွင် စိုက်ဧက ၇၃၉၂၆ဧက၊  အသီး ခူး ၅၅၁၁၉ ဧက၊ တစ်ဧကအထွက် နှုန်း ၁၉၈ ပိဿာခန့်နှင့် စုစုပေါင်းအထွက် ပိဿာ ၁၀၉ သိန်းခန့်ထွက်ရှိကြောင်း သိရသည်။ 
သီဟိုဠ်သီးအစေ့များမှာ ဖေဖော်ဝါရီလ ဒုတိယ ပတ်မှစတင်ထွက်ရှိပြီး ဧပြီလ(သင်္ကြန်ကာလအပြီး)လကုန်ပိုင်း မိုးမကျမီအထိ ဆွတ်ခူးရရှိကြောင်း သိရ သည်။ သီဟိုဠ်စေ့ပေါ်သည့် ကာလတွင် မြို့ပတ်ဝန်း ကျင်ရှိ  သီဟိုဠ်စေ့အကြမ်းမှ အချောထုတ်လုပ်သည့် စက်ရုံများမှ အဝယ်ဒိုင်များဖွင့်လှစ်ကာ ဒေသမှ ထွက် ရှိသော သီဟိုဠ်စေ့အကြမ်းများကို ယမန်နှစ်က တစ် ပိဿာလျှင်  ကျပ် ၃၅၀ဝ ဖြင့် တိုက်ရိုက်ဝယ်ယူပြီး တစ်နှစ်ပတ်လုံး သီဟိုဠ်စေ့ ကုန်ချောများအား ထုတ် လုပ်လျက် ပြည်ပသို့ အဓိကတင်ပို့ရောင်းချလျက်ရှိပြီး ပြည်တွင်း၌လည်း ဖြန့်ဖြူးရောင်းချလျက် တိုင်းဒေသ ကြီးအနေဖြင့် ဝင်ငွေရရှိနေသော လုပ်ငန်းတစ်ခုဖြစ် သည်။
သီဟိုဠ်စေ့ အချောထုတ်လုပ်ရန်အတွက် ဝယ် ယူရရှိလာသော သီဟိုဠ်အကြမ်းလုံးများကို နေပူပူတွင် ငါးရက်ခန့် လှန်းပြီးလျှင် ဆိုဒ်ခွဲစက်ဖြင့် အေအဆင့်၊ ဘီအဆင့်၊ စီအဆင့်၊ ဒီအဆင့်စသည်ဖြင့် အဆင့် ခွဲခြားရယူပြီး  ခြောက်သွေ့စေရန် ပေါင်းခံစက်တွင် ထည့်၍ ၃၅ မိနစ်ခန့် ပေါင်းခံရသည်။ ပေါင်းခံစက်မှ ပေါင်းခံ၍ ထွက်ရှိလာသော သီဟိုဠ်စေ့အကြမ်းလုံး များမှ အခွံကြမ်းများအား စက်ဖြင့်  ခွာယူလိုက်လျှင် အခွံပါးကပ်နေသော သီဟိုဠ်စေ့ ကုန်ကြမ်းများ ရရှိ သည်။ သီဟိုဠ်စေ့  ကုန်ကြမ်းများအား အခြောက်ခံ စက်တွင်ထည့်ကာ အပူချိန်၈၀ ဒီဂရီနှင့် ရှစ်နာရီခန့် အခြောက်ခံပြီး ရရှိလာသော သီဟိုဠ်စေ့များအား လူ အင်အားဖြင့် အခွံပါးများ ထပ်မံခွာယူပြီးပါက အသင့် စားသုံးနိုင်သည့်  သီဟိုဠ်စေ့အချောများကို ရရှိမည်ဖြစ် သည်။ ထွက်ရှိလာသော သီဟိုဠ်စေ့ အချောများကို လုံးပြည့်၊ အခြမ်း၊  နှစ်ပိုင်းကျိုး၊ သုံးပိုင်းကျိုး စသည်ဖြင့်  ထပ်မံခွဲထုတ်ပြီး အသင့်ထုပ်ပိုးကာ ပြည်တွင်း ပြည်ပ ဈေးကွက်သို့ တင်ပို့ရောင်းချလျက်ရှိသည်။ 
သီဟိုဠ်စေ့ကုန်ကြမ်းမှ ရောင်းတန်းဝင် အစေ့ ချော(လုံးချော)အထိ အဆင့်ဆင့်  ထုတ်ယူရာတွင် အကြမ်း ၁၀ ပိဿာလျှင် ရောင်းတန်းဝင် သီဟိုဠ်စေ့ အချော(လုံးချော)လုံးပြည့် တစ်ပိဿာ ၅၀ ကျပ်သား ခန့်ရရှိကာ အခြမ်း၊   နှစ်ပိုင်းကျိုး၊ သုံးပိုင်းကျိုးနှင့် အခြား အသေးအဖွဲများ ၁၅ ကျပ်သားခန့် ထွက်ရှိ ကြောင်း တွေ့ရှိရသည်။ ဘေးထွက်ပစ္စည်းအနေဖြင့် အခွံ့အကြမ်း ခုနစ်ပိဿာခန့် ပြန်လည်ရရှိပြီး အဆိုပါ ဘေးထွက်ပစ္စည်းများအား ပေါင်းခံခြင်း၊ အခြောက်ခံ ခြင်းများတွင် အသုံးပြုသော ဘွိုင်လာများ၏ လောင် စာအဖြစ် ထင်းအစားထိုး ပြန်လည်အသုံးပြုနိုင်ကြောင်း သိရသည်။
သီဟိုဠ်စေ့အချော လုံးပြည့်များအား တရုတ် နိုင်ငံရှိ ကုန်သည်များမှ တစ်ကီလိုလျှင် ရောရာသီဟိုဠ် စေ့ (၃၂၀ မှ ၂၄၀)  အထိ ဆိုဒ်ရောရာများအား ဝယ်ယူ လျက်ရှိပြီး စင်ကာပူနိုင်ငံမှ တစ်ကီလိုလျှင် သီဟိုဠ်စေ့ ၃၂၀ ပါဆိုဒ်၊ ၂၄၀ ပါ ဆိုဒ်များအား ဈေးနှုန်းသီးသန့် သတ်မှတ်  ဝယ်ယူလျက်ရှိကြောင်းနှင့်  တစ်နှစ်လျှင် နှစ်ကြိမ်ခန့် ဝယ်ယူလျက်ရှိကြောင်း သိရသည်။ ယခု နှစ်တွင် ဗီယက်နမ်နိုင်ငံမှ သီဟိုဠ်စေ့ ကုန်ကြမ်းအတိုင်း လည်း လာရောက်ဝယ်ယူမှုရှိသည်။ 
ယခုအခါ တနင်္သာရီတိုင်းဒေသကြီးတွင် သီဟိုဠ် စေ့အချောဆိုဒ်ရောရာ တစ်ပိဿာလျှင် ကျပ် ၅၅၀ဝ၀ ပေါက်ဈေး   ဖြစ်ပေါ်နေကြောင်းနှင့်  ကျန်ရှိသော သီဟိုဠ်စေ့ အခြမ်း၊ နှစ်ပိုင်းကျိုး၊ သုံးပိုင်းကျိုးများအား ဒေသတွင်းနှင့် မြန်မာနိုင်ငံအတွင်းရှိ စားသောက်ဆိုင် များမှ တရုတ်ဟင်းလျာများ၊ ဒံပေါက်များ၊ ထိုးမုန့်များ၊ ရေခဲမုန့်များနှင့် အခြားသော စားသောက်ကုန်လုပ် ငန်းများတွင်  အသုံးပြုလျက်ရှိသည့်အတွက်  တင်ပို့ ရောင်းချလျက်ရှိကြောင်း ထားဝယ်မြို့ပေါ်ရှိ သီဟိုဠ် စေ့အချော ထုတ်လုပ်သည့် စက်ရုံမှ သိရသည်။ 
ထားဝယ်မြို့ပေါ်ရှိ သီဟိုဠ်စေ့အချော စက်ရုံ တစ်ရုံမှ တစ်ရက်လျှင် သီဟိုဠ်စေ့အလုံးကြမ်း  ပိဿာ ၄၀ဝ၀ ခန့်အား ကြိတ်ခွဲလျက်ရှိပြီး  သီဟိုဠ်စေ့အချော လုံးပြည့် ၆၅၀ ပိဿာခန့် ထွက်ရှိသည်။ စက်ရုံတစ်ရုံ လျှင် လုပ်သားဦးရေ ၁၀ဝ ဦးမှ၂၀ဝ ဦးခန့်ဖြင့် လည် ပတ်လျက်ရှိပြီး  အမျိုးသားလုပ်သား တစ်ဦးလျှင် တစ်နေ့ဝင်ငွေ ကျပ် ၂၀ဝ၀ဝ ခန့်၊ အမျိုးသမီး တစ်ဦး လျှင် ကျပ် ၁၅၀ဝ၀ ခန့် ပုံမှန်ဝင်ငွေ ရရှိလျက်ရှိသည်။ တနင်္သာရီတိုင်းဒေသကြီးတွင် သီဟိုဠ်စေ့  အချော စက်ရုံ အကြီး၊ အသေး စုစုပေါင်း ၂၆ ရုံခန့်ရှိပြီး ရာသီ ဥတု အခြေအနေအရ သီဟိုဠ်စေ့ကုန်ကြမ်း ထွက်ရှိမှု အပေါ် မူတည်၍ တစ်နှစ်ပတ်လုံး လည်ပတ်လျက်ရှိ သကဲ့သို့ သုံး/လေး လခန့်သာ လည်ပတ်နိုင်သော ကာလများလည်းရှိသည်။ တနင်္သာရီတိုင်းဒေသကြီးမှ သီဟိုဠ်စေ့ ကုန်ချောပိဿာ ၁၇ သိန်းခန့်ရရှိပြီး များစွာ ဝင်ငွေရရှိနေသော လုပ်ငန်းတစ်ခုဖြစ်သည်။ 
တနင်္သာရီတိုင်းဒေသကြီးတွင် ကုန်ကြမ်းရရှိမှု နှင့်  လည်ပတ်သည့် သီဟိုဠ်စေ့အချော စက်ရုံမျှတမှု မရှိသည့်အတွက် လိုအပ်သော ကုန်ကြမ်းများအား သီဟိုဠ်စေ့ စိုက်ပျိုးထွက်ရှိရာ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ရခိုင်ပြည်နယ်များမှ နှစ်စဉ်လိုအပ်သည့် ကုန်ကြမ်းများကို ဝယ်ယူထုတ်လုပ် နေရသဖြင့် ကုန်ကျစရိတ်များ ပိုမိုမြင့်မားလျက်ရှိ ကြောင်း သိရသည်။ ထို့ကြောင့် တနင်္သာရီ တိုင်းဒေသ ကြီးတွင် ဝင်ငွေရရှိနေသော သီဟိုဠ်ပင် စိုက်ပျိုးခြင်း လုပ်ငန်းများအား ပိုမိုတိုးချဲ့ စိုက်ပျိုးရန်နှင့် အထွက် နှုန်းများ  ပိုမိုတိုးတက်လာအောင် ဆောင်ရွက်သင့် ကြောင်း၊ ကုန်ကျစရိတ် သက်သာမှုရှိအောင် သီဟိုဠ် စိုက်ပျိုးထွက်ရှိသည့် နေရာများ၌ စက်ရုံများ ပိုမိုတိုးချဲ့ ထုတ်လုပ်သင့်ကြောင်း လေ့လာမိပါသည်။     
သို့ဖြစ်၍  တနင်္သာရီတိုင်းဒေသကြီး၏ အဓိက ထုတ်ကုန်တစ်ခု ဖြစ်သော သီဟိုဠ်စေ့အချောထုတ်လုပ် မှုလုပ်ငန်းသည် ဒေသတွင်း လူ့စွမ်းအားအရင်းအမြစ် နှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ တစ်ဦးချင်းဝင် ငွေများ   တိုးတက်မှုရရှိလာပြီး  မိရိုးဖလာ လက်မှု လုပ်ငန်းမှ ြှနျြ လုပ်ငန်းများ ပြောင်းလဲပြင်ဆင် ပြုလုပ်လာသဖြင့် စက်မှုစွမ်းအားများ မြင့်မားတိုးတက် လာကာ တန်ဖိုးမြင့် ထုတ်ကုန်များ (ဠေူကန ဗိနိ)  ကို ပြည်တွင်း၊ ပြည်ပ နိုင်ငံများသို့  တင်ပို့ရောင်းချခြင်း ဖြင့် စိုက်ပျိုးသူ တောင်သူမှ လုပ်သားစက်ရုံပိုင်ရှင် များအထိ ဝင်ငွေရရှိနေသည့် လုပ်ငန်းတစ်ခုဖြစ်သည်။တိုင်းဒေသကြီး၏ ွီဏ တိုးတက်မှု ဆောင်ရွက်ပေးနေ သကဲ့သို့  နိုင်ငံတော်အတွက်လည်း ပြည်ပဝင်ငွေ ရရှိ နေသော လုပ်ငန်းတစ်ခုဖြစ်ကြောင်း တင်ပြလိုက်ပါ သည်။ 

 

စိုးဗြိ (ထားဝယ်)