Main menu

Background

မြေကြီးမှ ရွှေသီးမည့် မြန်မာ့အိုးလုပ်ငန်း

Mon, 05/05/2025 - 11:03 -- journal_editor

မြန်မာနိုင်ငံတွင်MSMEsလုပ်ငန်းများဖွံ့ဖြိုးတိုးတက်စေ ရေးအတွက် ဆန်မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်၊ သစ်၊ ဝါးများမှ တစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်၊ တွင်းထွက်များမှတစ်ဆင့် တန်ဖိုး မြှင့် ထုတ်ကုန်၊ ဝါဂွမ်းမှတစ်ဆင့်တန်ဖိုးမြှင့်ထုတ်ကုန်၊ ချည်ထည် များ ထုတ်လုပ်ခြင်းနှင့် မြေကြီးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်၍ရောင်းချကြသည်။
ယခုလိုအချိန်သည် မြန်မာနိုင်ငံ၏  ရာသီဥတုမှာ ပူပြင်း ခြောက်သွေ့သော နွေရာသီအခါကာလ ဖြစ်သည့်အတွက် မြေကြီး မှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် မြေအိုးများထုတ်လုပ်ရောင်းချ ခြင်း လုပ်ငန်းများဖြင့် အရောင်းအဝယ်ဖြစ်လျက်ရှိသည်။ ရာသီ ဥတုပူပြင်းလာသည်နှင့်အမျှ လူတို့သည် အေးမြသောအစားအစာ နှင့် သောက်သုံးရေများကို သောက်သုံးလာကြသည်။ အလွန်ပူပြင်း သည့် အချိန်တွင် ရေခဲသေတ္တာ၊Water Cooler  မှ  ရေများသည် လူတို့အတွက် ဘေးဥပဒ်အန္တရာယ်များဖြစ်နိုင်သဖြင့် သောက်သုံး ရန်မသင့်ပါ။ ထို့ကြောင့် သဘာဝကပေးသော မြေကြီးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန် မြေအိုးများကို ရေထည့်၍ သောက်သုံးကြ သဖြင့် ကျန်းမာရေးလည်း ကောင်းမွန်လာနိုင်သလို သောက်ရေ အေးအေးလေးကိုလည်း သောက်သုံးနိုင်မည်ဖြစ်သည်။
မြေကြီးမှတစ်ဆင့် တန်ဖိုးမြှင့်ထုတ်ကုန်  မြေအိုးလုပ်ငန်း ကို ပြည်ခရိုင်အနေဖြင့် ပန်းတောင်းနှင့် ပေါက်ခေါင်းမြို့နယ်များ တွင် စီးပွားဖြစ်လုပ်ကိုင်ကြသည်။ ပန်းတောင်းမြို့နယ်တွင် ဖောင်း ကန်ရွာနှင့် ပေါက်ခေါင်းမြို့နယ် ချောင်းကောင်းကျေးရွာတို့တွင် မြေအိုးဖုတ်ခြင်း လုပ်ငန်းများကို တွင်ကျယ်စွာ လုပ်ကိုင်လာခဲ့သည် မှာ နှစ်ပေါင်းများစွာကြာမြင့်လာခဲ့သည်။ ထုတ်လုပ်သော အိုး များမှာ သောက်ရေအိုး၊ ရေခပ်အိုး၊ ပန်းအိုး၊ ထမင်းချက်အိုး စသည်ဖြင့် ဘက်စုံသုံးအိုးများကို ဆိုဒ်စုံထုတ်လုပ်ရောင်းချကြပြီး သင်္ကြန်ကာလများတွင်လည်း အကြိုအိုး၊ အတာအိုးတို့ကိုလည်း ထုတ်လုပ်ရောင်းချကြသည်။ 
အိုးလုပ်ငန်းကို အောက်တိုဘာလမှစ၍  ဧပြီလအထိ လုပ်ကိုင်ကြပြီး မိုးတွင်းကာလဖြစ်သော မေလမှ စက်တင်ဘာအထိ ငါးလအကြာ  အလုပ်နားချိန်ဖြစ်ကြသည်။ ထိုသို့အလုပ်နားချိန် တွင် ကုန်ကြမ်းပစ္စည်းများဖြစ်သော မြေကြီး၊ ဖွဲနှင့်ထင်းများကို စုဆောင်းကြသည်။ မိုးလများကုန်ချိန်တွင် အိုးဖုတ်ရန်အတွက် စတင် လုပ်ကိုင်ကြသည်။ အိုးဖုတ်ရန်တစ်ဖိုလျှင်  အလုပ်သမား ခြောက်ဦးခန့်လိုအပ်ပြီး အိုးဖိုတစ်ဖိုလျှင် အိုးအလုံးပေါင်း သောင်း ပြောင်း တစ်သောင်းခန့်ဖုတ်ယူရရှိသည်။ အိုးတစ်ဖို ဖုတ်လျှင် သုံး နာရီသာ ကြာမြင့်ပြီး တစ်နေ့လျှင် အိုးတစ်ဖိုသာ ထုတ်ယူနိုင် ကြောင်း သိရသည်။ အိုးဖုတ်ရာတွင် ဆောင်းရာသီ၌ ဖုတ်သည့်အိုး မှာအကောင်းဆုံးဖြစ်ပြီး ရှေးလူကြီးသူမများက ဆောင်းရာသီ တွင်ဖုတ်သည့် သောက်ရေအိုးကို တစ်နှစ်ပတ်လုံး အေးသဖြင့် ဝယ်ယူသုံးစွဲကြသည်။ 
ယခင်က  သောက်ရေအိုးနှင့် အခြားအိုးများကို ရှေးရိုး အတိုင်း ထုတ်လုပ်သုံးစွဲကြရာ ယခုအချိန်တွင် ခေတ်မီတိုးတက်လာ သည်နှင့်အမျှ အသစ်အဆန်းများကို ထုတ်လုပ်လာကြသဖြင့် ဈေး ကောင်းများလည်း ပိုမိုရရှိလာသည်။ ရိုးရိုးသမားရိုးကျသောက် ရေအိုးအပြင် ဆန်းသစ်တီထွင် အဆင့်မြှင့်တင်ပြီး ဇီးကွက်ပုံ သောက်ရေအိုးများ၊  ဖရုံသီးပုံစံ သောက်ရေအိုးများ၊ ငါးကြင်း ကွက်သောက်ရေအိုးများကို ထုတ်လုပ် ရောင်းချလာနိုင်ကြသည်။ ထိုသို့မြေကြီးကို ဆန်းသစ်တီထွင် အဆင့်မြှင့်တင်၍ တိုးတက် ထုတ်လုပ်လာနိုင်သဖြင့် ြှနျြ ကဏ္ဍများလည်း တိုးတက်လာ ခဲ့သည်။
မြေအိုးဈေးကွက်အနေဖြင့် ပန်းတောင်းမြို့နယ်မှထွက်ရှိ သော အိုးများကို ပန်းတောင်းမြို့၊ ဥသျှစ်ပင်မြို့၊ ပြည်မြို့နှင့် အခြား မြို့များသို့ တင်ပို့ရောင်းချကြသလို ပေါက်ခေါင်းမြို့နယ်မှထွက်ရှိ သော မြေအိုးများကို ပေါက်ခေါင်းဒေသတွင်းအပြင် ပေါင်းတလည် နှင့် ပြည်မြို့များသို့လည်း တင်ပို့ရောင်းချကြသည်။ 
သင်္ကြန်ကာလအတွင်း   အကြိုအိုးနှင့်  အတာအိုးများကို ထုတ်လုပ်ရောင်းချနိုင်ခဲ့ကြသည်။ ပြည်မြို့ရှိ ဈေးကွက်များတွင် မြေအိုးမျိုးစုံ  ရောင်းချလျက်ရှိပြီး လမ်းလျှောက်ဈေးသည်များ ကလည်း အိမ်တိုင်ရာ ရောက် တစ်လမ်းဝင် တစ်လမ်းထွက်လိုက်လံ ရောင်းချကြသဖြင့် အရောင်းအဝယ်မှာ တွင်ကျယ်လျက်ရှိသည်။ ရောင်းချ သည့် ဈေးနှုန်း များအနေဖြင့်လည်း ဈေးအမျိုးမျိုးရှိကြပြီး ရိုးရိုးသောက်ရေအိုးကြီး တစ်လုံးလျှင် ကျပ် ၃၅၀ဝ-၄၀ဝ၀၊ အလတ်တစ်လုံးလျှင် ကျပ် ၂၅၀ဝ-၃၀ဝ၀၊ ဇီးကွက်ပုံ၊ ဖရုံသီးပုံ၊ ငါးကြင်းကွက်ပုံ၊ သောက်ရေအိုးများမှာ တစ်လုံးလျှင် ကျပ် ၇၀ဝ၀-၈၀ဝ၀ ဖြင့် ရောင်းချသလို ပန်းအိုးများနှင့် အခြားအိုးမျိုးစုံကိုလည်း အသီးသီး ရောင်းချလျက်ရှိသည်။
မြေကြီးကို တန်ဖိုးမြှင့်ထုတ်ကုန်အဖြစ် အိုးမျိုးစုံထုတ်လုပ် ရောင်းချကြသဖြင့် ကျေးရွာနေပြည်သူများအနေဖြင့်လည်း အလုပ် အကိုင်ခွင့်အလမ်းများလည်းရရှိနိုင်သလို ထုတ်လုပ်ရောင်းချသူ များအနေဖြင့် ဝင်ငွေအဖြစ် တစ်နှစ်လျှင် ခုနစ်လ ဝင်ငွေများရရှိနိုင် မည်ဖြစ်၍  အိုးထုတ်လုပ်သူ လုပ်ငန်းရှင်များအနေဖြင့်လည်း မြေကြီးမှ ရွှေသီးနိုင်မည်ဖြစ်သည်။ မြန်မာနိုင်ငံအတွင်း ပြည်တွင်း လက်မှုထုတ်ကုန်အနေဖြင့် သဲအိုး၊ မြေအိုး၊ ကျောက်အိုး၊ စဥ့်အိုး အမျိုးမျိုးကို ဒေသအလိုက် ထုတ်လုပ်လျက်ရှိသည်။ 
(ဤဆောင်းပါးနှင့် ပတ်သက်ပြီး အသုံးပြုထားသည့် ဓာတ်ပုံများ အတွက် မူရင်းပိုင်ရှင်အား လေးစားစွာ ခရက်ဒစ် ပေးပါသည်။)

ဝေဝေမင်း (ပြည်)