Main menu

Background

ပြည်ပပို့ကုန် တိုးမြှင့်ဖို့ ကဏန်းပျော့ မွေးမြူကြစို့

Mon, 07/07/2025 - 11:43 -- journal_editor

ကဏန်းများသည် ပင်လယ်သမုဒ္ဒရာရေပြင် ရေချိုပိုင်းနှင့် ကုန်းတွင်းပိုင်းတို့တွင်  နေထိုင်လေ့ရှိ ကြသည်။ ကမ္ဘာအနှံ့အပြားတွင် ကဏန်းမျိုးစိတ်ပေါင်း ၆၇၀ဝ ကျော်ခန့်ရှိကြပြီး ကဏန်းအုပ်စုပေါင်း ၉၃ စု ခန့်ရှိသည်။  မြန်မာနိုင်ငံတွင် တွေ့ရှိရသော ကဏန်း များမှာ ရွှံ့ကဏန်း/ကဏန်းမည်းMud crab)၊ သဲ ကဏန်းSand crab)၊ ကဏန်းချေးပုန်း Mangrove crab))၊ ကဏန်းပြာ Blue swimming crab၊ ကဏန်း ဘုန်းကြီး/ကဏန်းနီ Spanner crab)  တို့ဖြစ်ကြပြီး အခြားကဏန်းမျိုးစိတ်ငယ်များမှာ ခြေနီကဏန်း၊ ကဏန်းဖြူ၊ အုန်းကဏန်း၊ ဝသုံးလုံးကဏန်း၊ မျောက် ကဏန်း၊ ကဏန်းယပ်တောင်၊ တယောထိုးကဏန်း တို့ဖြစ်သည်။ ကဏန်းမျိုးစိတ်များတွင် ကဏန်းပျော့ Soft-shell crab)မှာ အရေခွံလဲထားသော ကဏန်း ဖြစ်ပြီး စီးပွားရေးအရ အရေးပါသော ရေထွက်ပို့ကုန် တစ်မျိုးဖြစ်သည်။
ကဏန်း၏ အပေါ်ခွံ Carapace  အရောင်သည် ရွှံ့နှစ်ရောင် ရင့်ရင့်ဖြစ်ပြီး ဘဲဥပုံရှိသည်။ ကဏန်း အထီး၊ အမများကို ခွဲခြားရန်အတွက် ဝမ်းဗိုက်ပိုင်း (abdomen) ) ဘက်ကို လှည့်ကြည့်ခြင်းအားဖြင့် ရင် ဘတ်အဖုံးအပြား (ချက်ပြား) ၏  အနေအထားကို ကြည့်၍ လွယ်ကူစွာ ခွဲခြားနိုင်သည်။ ကဏန်းအမမှာ ဝမ်းဗိုက်ပြည့်လုနီးပါး (ဂ) ပုံသဏ္ဌာန်ရှိပြီး အထီးမှာ ချက်ပြားငယ်၍ ထိပ်ချွန်ချွန်(တြိဂံ)ပုံရှိသည်။ ကဏန်း များမှာ အသက်(၁-၂) နှစ်အရွယ်တွင် မျိုးပွားနိုင်ကြ ပြီး ကဏန်းအမမှာ ဥပေါင်း တစ်သိန်းကျော်ထိ ဥ နိုင်ကြသည်။ အသက် (၈-၁၃)နှစ်ထိ သက်တမ်းရှည် ကြပြီး ခြေလက် ၁၀ ချောင်းပါသည့် အခွံမာသတ္တဝါ decapod-crustaceans များဖြစ်ကြသည်နှင့်အညီ ကဏန်းများတွင် လက်မတစ်စုံ အပါအဝင် စုစုပေါင်း ခြေလက် ငါးစုံပါဝင်သည်။ ကဏန်းပျော့မှာ နောက် ဆုံးပေါ် လူကြိုက်အများဆုံးဖြစ်ပြီး မွေးမြူရေးလုပ်ငန်း များတွင် တွင်ကျယ်စွာ လုပ်ကိုင် အောင်မြင်လျက်ရှိ သည်။ 
ကဏန်းပျော့များကို မြန်မာနိုင်ငံတွင် ၂၀ဝ၀ ပြည့်နှစ် နောက်ပိုင်းမှ စတင်မွေးမြူထုတ်လုပ်ခဲ့ခြင်း ဖြစ်သည်။ ကဏန်းပျော့တွင် သဘာဝကဏန်းပျော့နှင့် မွေးမြူရေးကဏန်းပျော့ဟူ၍ ရှိသည်။ ရေငန်ကဏန်း များမှာ ပုံမှန်အတိုင်းဆိုပါက ရက်ပေါင်း ၄၅ ရက်မှ ရက် ၉၀ အတွင်း အရေခွံလဲတတ်ကြသည်။ ကဏန်း အသက်အရွယ်အလိုက်  အခွံလဲနှုန်းမှာ အလေးချိန် ၇၀ ဂရမ်မှ ၁၀ဝ ဂရမ် အတွင်း ၁၅ ရာခိုင်နှုန်း၊ အလေး ချိန် ၁၀ဝ ဂရမ်မှ ၁၅၀ ဂရမ်အတွင်း ၃၅ ရာခိုင်နှုန်း၊ အလေးချိန် ၁၅၀ ဂရမ်မှ ၂၀ဝ ဂရမ်အတွင်း ၁၅ ရာခိုင် နှုန်းသာ  အခွံလဲတတ်ကြသည်။  အလေးချိန် ၂၀ဝ ဂရမ်ကျော် ကဏန်းကြီးများမှာမူ အခွံလဲမှု နှေးကွေး သောကြောင့် ကဏန်းပျော့မွေးမြူရန် တွက်ခြေမကိုက် ကြတော့သဖြင့် အခွံမာအနေဖြင့်သာ ရောင်းဝယ်ကြ သည်။
ကဏန်းပျော့ ထုတ်လုပ်ရာတွင် ကဏန်းဝယ် ယူခြင်း၊ မွေးမြူရေးကန်တွင် စနစ်တကျ မွေးမြူခြင်း၊ အအေးခန်းစက်ရုံတွင် ထုပ်ပိုးခြင်း၊ ပြည်ပဈေးကွက် သို့ တင်ပို့ရောင်းချခြင်းနှင့် အချို့ကို ပြည်တွင်းစားသုံး ရန် ရောင်းချခြင်း စသည်ဖြင့် အဆင့်ဆင့် လုပ်ဆောင် ကြရသည်။ ပင်လယ်ပြင်မှ ဖမ်းဆီးရရှိသည့် ကဏန်း များအား ဆိုဒ်အလိုက် ဝယ်ယူကြပြီး ရေငန်ထည့်သွင်း ထားသည့် ကဏန်းပျော့ မွေးမြူရေးကန်ထဲတွင် PVC ပလတ်စတစ်ပိုက်လုံးဖြင့်  ဖောင်ဖွဲ့ထား၍  အနက် ရောင်  ပလတ်စတစ်ကဏန်းအိမ် ဖောင်အတွဲလိုက် လေးများကို တစ်အိမ်လျှင် ကဏန်းတစ်ကောင်နှင့် ငါး အသားတုံး တစ်တုံးထည့်ကာ အစီအရီထားရှိမွေးမြူ ကြသည်။ ကဏန်းပျော့ မွေးမြူရေးကန် အလယ်တွင် ကန်ကိုဖြတ်လျက် သွပ်မိုးတံတားထိုးထားသည်။ ရေ ကန်အကျယ်အဝန်းပေါ်  မူတည်၍ ကဏန်းဖောင် များစွာ ထားရှိကြသည်။ 
ကဏန်းအခွံလဲ/မလဲကို စောင့်ကြည့်ရေးဝန် ထမ်းများက တစ်နာရီလျှင် တစ်ကြိမ် တံတားတစ်ဖက် တွင်ရှိသည့်  ကဏန်းဖောင်ကို ကြိုးဖြင့် တစ်ဖက်ကို ဖြည်းဖြည်းချင်း ဆွဲယူပြီး တံတားပေါ်မှ တစ်အိမ်ချင်း စေ့စေ့စပ်စပ် ကြည့်ကြရသည်။ ထိုကဏန်းပျော့အခွံ သည် အချိန်နှင့်အမျှ  တဖြည်းဖြည်း မာကျောလာပြီး နှစ်နာရီအကြာတွင် ပုံမှန်အခွံမာကဏန်း ပြန်ဖြစ်သွား သဖြင့် တစ်နာရီလျှင် တစ်ကြိမ်စောင့်ကြည့်ရခြင်းဖြစ်  ပြီး  ဆယ်ယူခြောက်သွေ့စေပြီးမှ အမျိုးအစားခွဲကာ စနစ်တကျထုပ်ပိုးပြီး အခန်းထဲထည့်သွင်း သိုလှောင် ထားရသည်။ ဈေးကွက်သို့ တင်ပို့ရာတွင် အအေးပေး ပြီး ပို့ကြရသည်။ 
ကဏန်းပျော့ မွေးမြူရာတွင် ရေငန်ပုစွန်မွေးမြူ ခြင်းကဲ့သို့ ပြည်ပမှ ပုစွန်သားလောင်း၊ ပုစွန်စာ ကုန် ကြမ်း  တင်သွင်းရခြင်းမျိုး မလိုအပ်ဘဲ ကဏန်းကုန် ကြမ်းသာလိုအပ်သည်။ ပင်လယ်ပြင်တွင် သဘာဝ အလျောက်  ပေါက်ဖွားနေသော  ကဏန်းများကို ဖမ်းဆီးမွေးမြူ ထုတ်လုပ်နေခြင်းဖြစ်သည်။ ကြာလျှင် ကဏန်းသယံဇာတ  လျော့နည်းလာမည်ဖြစ်သည့် အတွက် ကဏန်းမျိုးထိန်းသိမ်းနိုင်ရန် ငါးလုပ်ငန်း ဦးစီးဌာန၏ အကူအညီဖြင့် ဖျာပုံနှင့် လပွတ္တာမြို့နယ် ရေချိုရေငန်စပ်ကမ်းခြေတို့တွင် ပုဂ္ဂလိက ကဏန်းမွေး မြူရေးများ  လုပ်ဆောင်လာကြသည်ဟု သိရသည်။ ထိုသို့မွေးမြူမှုများမှသာလျှင် ကဏန်းမျိုးဆက် မပြုန်း တီးဘဲ ကဏန်းမှ တန်ဖိုးမြင့်ထုတ်ကုန်များ ပိုမိုထုတ် လုပ်လာနိုင်ပြီး နိုင်ငံခြားဝင်ငွေလည်း ပိုမိုရရှိ နိုင်မည် ဖြစ်သည်။
ကဏန်းပျော့ မွေးမြူသူလုပ်ငန်းရှင်များ တွေ့ ကြုံရသည့်   စိန်ခေါ်မှုများအနေဖြင့်   တစ်နာရီလျှင် တစ်ကြိမ် စေ့စေ့စပ်စပ် စစ်ဆေးရခြင်း၊ တစ်ကောင် ခြင်းကို  ခြေလက်များ မကျိုးမပဲ့အောင် အထူးသတိ ထား စောင့်ကြည့်ရခြင်း၊ ကဏန်းပျော့ ထုတ်လုပ်ရာ တွင် မွေးမြူထားသည့် ကဏန်းတိုင်းမရခြင်း၊ ကဏန်း အရေခွံလဲရာတွင် ၎င်းတို့၏အရွယ်အစားပေါ် မူတည် ချင်း၊ ကဏန်းဈေးကွက်၌ အသက်အရွယ်ကို အလေး ချိန် ဂရမ်ဖြင့် သတ်မှတ်ခြင်း၊ အိမ်နီးချင်းနိုင်ငံများတွင် လည်း မွေးမြူလာကြသည့်အတွက် ဈေးကွက်ပြိုင်ဆိုင် မှု မြင့်မားလာခြင်းတို့ဖြစ်ကြသည်။ ကဏန်းပျော့ မွေး မြူခြင်း၏ အားသာချက်မှာ ကဏန်းပျော့များ အရေ ခွံလဲပြီးြွကင်းကျန်သော အခွံ၊ အသေများကို ကျွမ်းကျင် သူများ၏  အကူအညီနှင့် သဘာဝမြေသြဇာအဖြစ် ထုတ်လုပ်နိုင်သည့်အတွက် စွန့်ပစ်စရာမလိုသော ရေ ထွက်ကုန်ပစ္စည်း(Zero Waste))ဖြစ်သည်။ ကဏန်း ပျော့ စွန့်ပစ်ပစ္စည်းမှ သဘာဝမြေသြဇာအဖြစ် ထုတ် လုပ်ပုံမှာ ကဏန်းအသေများနှင့် အရေခွံလဲ၍ ထွက် ရှိလာသော ကဏန်းအခွံများကို နေလှန်းကြိတ်ချေပြီး အရိုးမှုန့်ဓာတ်မြေသြဇာနှင့် အပင်များအတွက် လိုအပ် သော ကဏန်းအမိုင်နို အော်ဂဲနစ် ဆေးရည်အဖြစ် ထုတ်လုပ်ကြသည်။ ရရှိလာသော သဘာဝမြေသြဇာ များကို ဈေးကွက်အတွင်း ကဏန်းအမိုင်နိုအော်ဂဲနစ် ရွက်ဖျန်းဆေးရည်နှင့် သဘာဝမြေဆီလွှာ ပြုပြင်ဆေး များကို ပြည်တွင်း၌ ဖြန့်ဖြူးရောင်းချကြသည်။
ထို့ပြင် ကဏန်းပျော့စေရန်အတွက် မည်သည့် ဓာတုဆေးဝါးမျှ သုံးစွဲရန် မလိုအပ်ဘဲ သဘာဝအတိုင်း အခွံလဲ/မလဲ စောင့်ကြည့်ဖော်ယူကြရသဖြင့် ကဏန်း ပျော့ထုတ်လုပ်ရေးသည် ဓာတုဆေးဝါးကင်းစင်သည့် အော်ဂဲနစ်ပင်လယ်စာဖြစ်သည်။ ကဏန်းပျော့ စား သုံးခြင်းအားဖြင့် ပရိုတင်းအသားဓာတ် ြွကယ်ဝခြင်း၊ ဗီတာမင်နှင့်   သတ္တုဓာတ်များစွာ   ပါဝင်ခြင်းသည် အရသာ ထူးခြားကောင်းမွန်ရုံသာမက တစ်ကောင်လုံး လည်း စားသုံး၍ရသည့်အ ပြင်  ကျန်းမာရေးအတွက် လည်း များစွာ အထောက်အကူရစေသည်။  
ကဏန်းပျော့ကို  တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင်အပြင် ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်း မြို့နယ်၊ ဧရာဝတီတိုင်းဒေသကြီး လပွတ္တာနှင့် ရခိုင် ပြည်နယ်တို့တွင်လည်း မွေးမြူကြပြီး ထိုင်း၊ စင်ကာပူ၊  ဂျပန်၊ ကိုရီးယား၊ တရုတ်၊  ဟောင်ကောင်၊ တရုတ် (တိုင်ပေ)၊ သြစတြေးလျ၊ ကနေဒါနှင့်  ဥရောပ နိုင်ငံ များသို့  တင်ပို့ရောင်းချကြသည်။  ကဏန်းပျော့များ သည်  ပြည်တွင်းစားသုံးမှုအတွက်သာမက  ပြည်ပ နိုင်ငံခြား ဈေးကွက်များအထိ တင်ပို့နေရသည့် တန်ဖိုး မြင့် ရေထွက်ပို့ကုန်ပစ္စည်း တစ်မျိုးဖြစ်၍ ပြည်ပပို့ကုန် တိုးမြှင့်  တင်ပို့နိုင်ရေးအတွက် ကဏန်းပျော့ မွေးမြူ ရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရေး တင်ပြ လိုက်ရပါသည်။

 

မြိတ်ကုန်သွယ်ရေးစခန်း