Main menu

Background

Tuesday, 18 Jul 2023

ရော်ဘာ
ဇွန် ၁ ရက်မှ ၃၀ ရက်အထိ ကာလအတွင်း ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၉ ဒသမ ၅၄၅ သန်း တန်ဖိုးရှိ ရော်ဘာ ၇၆၄၈ တန် တင်ပို့ခဲ့ကြောင်း သိရသည်။ ရော်ဘာတင်ပို့သော နိုင်ငံများမှာ တရုတ်နိုင်ငံသို့ ရော်ဘာ ၆၈၈၈ တန်ကျော်၊ အင်ဒိုနီးရှားနိုင်ငံသို့  ရော်ဘာတန်ချိန် ၃၀ဝ၊ ကိုရီးယားနိုင်ငံသို့ ရော်ဘာတန်ချိန် ၂၀ဝ ကျော်၊ ဗီယက်နမ်နိုင်ငံသို့ ရော်ဘာတန်ချိန် ၁၀ဝ ကျော်၊ မလေးရှားနိုင်ငံသို့ ရော်ဘာတန်ချိန် ၆၀၊ အိန္ဒိယနိုင်ငံသို့ ရော်ဘာ ၅၈ တန်နှင့် ဘင်္ဂလားဒေ့ရှ် နိုင်ငံသို့ ရော်ဘာ ၃၉ တန် တင်ပို့ခဲ့သည်။

Monday, 17 Jul 2023

ဇွန်လအတွင်း  ပင်လယ်ရေကြောင်း ကုန် သွယ်မှုနှင့် နယ်စပ်ကုန်သွယ်ရေး   စခန်းများမှ ပဲတီစိမ်း တန်ချိန် ၄၃၇၀ဝကျော်၊ မတ်ပဲတန်ချိန် ၄၆၅၆၀ ကျော်၊   ပဲစင်းငုံတန်ချိန် ၁၅၀၅၀ ကျော် တင်ပို့ခဲ့သဖြင့် ပဲတန်ချိန်  စုစုပေါင်း တန် ၁၀၅၃၁၀ ကျော် တင်ပို့ခဲ့သည်။
ပဲတီစိမ်း

Tuesday, 20 Jun 2023

ပြည်ပဆန်ဈေးကွက်ကို လေ့လာကြည့်ပါက ၂၀၂၃ ခုနှစ် ဇွန် ၁၂ ရက်တွင် Thai Rice Exporter Association Website ၌ ဖော်ပြချက်အရ  ပါကစ္စတန် ဆန်ဈေးနှုန်းများမှာ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ ၂၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေ ရိကန်ဒေါ်လာ ၄၅၂ဒေါ်လာ ဖြင့်လည်းကောင်း ဖြစ်ပေါ်ခဲ့သည် ကိုသိရသည်။ ထိုင်းဆန်ဈေးနှုန်းများမှာ ၁၀ဝ ရာခိုင်နှုန်း ဘီဂရိတ် ဆန်တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၅၂၃ဒေါ်လာ ဖြင့်လည်း ကောင်း၊ ဧည့်မထ ၅ ရာခိုင်နှုန်း တစ်တန်လျှင် အမေရိကန် ဒေါ်လာ ၅၀၉ ဒေါ်လာဖြင့် လည်းကောင်း၊ ဧည့်မထ (၂၅ %) ဆန် တစ်တန်လျှင် အမေရိကန်ဒေါ်လာ ၄၉၂ ဒေါ်လာဖြင့်

Monday, 19 Jun 2023

ဆန်
၂၀၂၃ ခုနှစ် မေလအတွင်း ပင်လယ်ရေကြောင်းကုန် သွယ်မှုမှ အမေရိကန် ဒေါ်လာ ၂၁ ဒသမ၂၃၁ သန်း တန်ဖိုးရှိ ဆန်တန်ချိန် ၄၃၆၀ဝ ကျော် တင်ပို့ခဲ့သည်။ တင်ပို့မှုအနေဖြင့် အီးယူအဖွဲ့ဝင်နိုင်ငံများသို့ ဆန်တန်ချိန် ၃၈၆၃၀ ကျော်နှင့် အာရှနိုင်ငံများသို့ ဆန်တန်ချိန် ၄၉၇၀ ကျော်တင်ပို့ခဲ့သည်။

Monday, 28 Nov 2022

ပင်လယ်နက်ဒေသ ပို့ကုန်သဘောတူညီချက်မှ  ရုရှားနုတ်ထွက်မှု သည် ကမ္ဘာ့ဂျုံနှင့် ပြောင်းဈေးကွက်တွင်    စိုးရိမ်ပူပန်မှုများဖြစ်စေပြီး ချီကာဂိုကုန်သွယ်ရေးဘုတ်၌ ဂျုံဈေးနှုန်းသည်  ၆ ရာခိုင်နှုန်းနှင့်  ပြောင်း သည် ၂ ရာခိုင်နှုန်း မြင့်တက်ခဲ့သည်။
ရုရှားက သိမ်းပိုက်ထားသော ခရိုင်းမီးယားဒေသတွင် ယူကရိန်း၏ ဒရုန်းတိုက်ခိုက်မှုကို တုံ့ပြန်သည့်အနေဖြင့် ရုရှားက ပင်လယ်နက်သဘော တူညီချက်၌ပါဝင်မှုကို ဆိုင်းငံ့လိုက်သည်။

Friday, 28 Oct 2022

တရုတ်နိုင်ငံတွင် ဆားငန်ဒဏ် ခံနိုင်ရည် ရှိသည့် ရေငန်စပါးကို စမ်းသပ်စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် အောင်မြင်ဖြစ်ထွန်းနေပြီဖြစ် သည်။ အဆိုပါ စပါးစိုက်ပျိုးမှုမှာ သုံးနှစ်အတွင်း အထွက်နှုန်း  နှစ်ဆတိုးလာခဲ့ကြောင်း ဆင်ဟွာ သတင်းတစ်ရပ်တွင် ဖော်ပြထားသည်။တရုတ်နိုင်ငံသည် စားနပ်ရိက္ခာဖူလုံရေး အတွက် ကြိုးပမ်းနေချိန်တွင် မရှိမဖြစ်လိုအပ်သော  ဆန်စပါးအတွက် ဆားငန်ဒဏ် ခံနိုင်ရည်ရှိသည့် ဆန်ထုတ်လုပ်မှုတွင် တရုတ်စိုက်ပျိုးရေး ပညာရှင် များသည် နောက်ထပ်  စံချိန်တစ်ခု  ရရှိခဲ့ခြင်းဖြစ် သည်။ စမ်းသပ်မှု အောင်မြင်လာခဲ့ခြင်းကြောင့် လာမည့်  ရှစ်နှစ်မှ ၁၀ နှစ်အတွင်း  ဆားငန်ဒဏ်ခံ စပါး ဟက်တာ   ခုနစ်သန်းနီးပါး    စိုက်ပျို

Thursday, 13 Oct 2022

ယခုနှစ် စက်တင်ဘာ ၈ ရက်တွင် အိန္ဒိယက ဆန်ကွဲတင်ပို့မှု တားမြစ်ခဲ့ပြီး  စက်တင် ဘာ ၁၅ ရက်မှ စတင်၍ ဆန်ဖြူတင်ပို့မှုအပေါ်  အခွန် ၂၀ ရာခိုင်နှုန်းတိုး၍ ကောက်ခံခဲ့သည်။  အဆိုပါ တားမြစ်မှု များအား စက်တင်ဘာ  ၃၀ ရက်အထိသက်တမ်းတိုးပေးခဲ့ပြီး ယခုအခါ အောက်တိုဘာ  ၁၅ ရက်တိုင်အောင်ရွှေ့ဆိုင်းထားသဖြင့် လတ်တလောကမ္ဘာ့ဆန်ဈေးကျဆင်းနေသည်ဟုသိရသည်။အိန္ဒိယနိုင်ငံ၏တားမြစ်ချက်အသက်ဝင်ပြီးနောက်ပါကစ္စတန်၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံများအပါအဝင် ဆန်တင်ပို့သည့်နိုင်ငံများအားလုံးရှိ  ကမ္ဘာ့ဆန်ဈေးကွက်မှာ အလွန်လှုပ်ခတ်ခဲ့သည်။သို့သော်လည်း အိန္ဒိယအစိုးရ၏ပို့ကုန်စည်းမျဉ်းများ ဖြေလျှော့ပေးမှု နှင့်အတူယခုအချိန်တွင်

Tuesday, 22 Jul 2014

ပဲစင်းငုံသီးနှံမှာ ဇွန်လအတွင်း ဈေး ငြိမ် အရောင်းအဝယ်ဖြစ်ခဲ့ရာမှ ယခု ဇူလိုင်လဆန်းမှစပြီး ပဲစင်းငုံဈေးမှာ မတ်ပဲဈေးကဲ့သို့ဈေးမြင့်လာတာကို တွေ့ ရပါတယ်။ ရန်ကုန်ဝယ်လက်မှ အိတ် ၃၀၀ ကျော် ၄၀၀ ထိ ဝယ်ယူမှုရှိပြီး၊ ပဲအဝင်မရှိပေမဲ့ လက်ကျန် ပဲများရှိတဲ့ အတွက်ရောင်းချမှုရှိခဲ့ပါတယ်။  ပဲစင်းငုံ ဈေးမှာယခုတစ်ပတ် တစ်တင်း ၂၁၀၀၀ ကျပ်မှ ၂၁၂၀၀ ကျပ်ထိ ယခင်အပတ် ထက် ဈေးပိုရနေခဲ့တယ်လို့ သိရပါ တယ်။

Tuesday, 22 Jul 2014

 

မန္တလေးမြို့ပေါ်ရှိ ပဲအရောင်း အဝယ်ပြုလုပ်တဲ့ ပွဲရုံများသို့ လယ်ဝေး၊ ပျဉ်းမနား၊ တပ်ကုန်း၊ စဉ့်ကူး၊ မတ္တရာ၊ သပိတ်ကျင်း ၊ ချောင်းဦး၊ မုံရွာစတဲ့ဒေသ များမှ မတ်ပဲအဓိက ဝင်ရောက်လျက် ရှိပါတယ်။ မန္တလေးတိုင်းဒေသကြီး အတွင်းမှာ စဉ့်ကူးမြို့နယ် က မတ်ပဲအများဆုံး စိုက်ပျိုးထွက်ရှိပါတယ်။ ၂၀၁၄ ခုနှစ် ဇန်နဝါရီလ၊ဖေဖော်ဝါရီလနဲ့မတ်လများ မှာ မတ်ပဲ တစ်ပိဿာ၁၀၀၀ ကျပ် အောက်မှာသာ အရောင်းအဝယ်ဖြစ် ခဲ့ပြီး၊ ဧပြီလဆန်းပိုင်းမှစပြီး တစ်ပိဿာ ၁၀၀၀ ကျပ်အထက်မှာ အရောင်း အဝယ် ဖြစ်တာ ယခုအချိန်အထိလို့ ဆို ရပေမဲ့ ဇူလိုင်လ တတိယအပတ်မှာ တော့ ယခုနှစ်ရဲ့လက်ရှိအ ချိန်အထိ မှာ တော့ ဈေးအမြင့် ဆုံး ကို ရောက်ေ နပါ တယ်။

Tuesday, 22 Jul 2014

 

ပြည်ပဲမျိုးစုံဈေးကွက်တွင် ယခု တစ်ပတ်မှာ မတ်ပဲနှင့် ပဲစင်းငုံသီးနှံ ဈေးမြင့်လာခဲ့သလို ထောပတ်ပဲသီးနှံ လည်း ဈေးပိုလာ ခဲ့တာ ကို တွေ့ရပါ တယ်။ ပဲကြီး၊ ဘိုကိတ်နဲ့ ပဲပုပ်သီးနှံ များကတော့ ဈေးငြိမ်အရောင်းအဝယ် ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ မတ်ပဲ ဈေး မှာ ယခင်တစ်ပတ်ကတစ်တင်း ၂၅၈၀၀ ကျပ်မှ ယခုတစ်ပတ်မှာ ရန်ကုန် ဝယ် လက် ဝယ်လိုအားကောင်း လို့ တစ်ရက် အိတ် ၄၀၀ ကျော် အရောင်းအဝယ်ဖြစ် ခဲ့ပြီး ပဲဈေးနှုန်းမှာ တစ်တင်း ၂၇၃၀၀ ကျပ်မှ

Pages