Background
အိန္ဒိယနနွင်းဈေး အကျဘက်ဆက်ဆင်းဖွယ်ရှိ အိန္ဒိယနိုင်ငံတောင်ပိုင်းပြည်နယ်များမှာ နနွင်းစိုက်ပျိုးမှု တိုးတက်နေတဲ့သတင်းများအရ နနွင်းဈေးနှုန်း အကျဘက်ရှိ နေဦးမှာဖြစ်ပါတယ်။ နနွင်းရောင်းချသူများဟာ နနွင်းအထွက်ပိုမိုမြင့်တက်မယ့် ခန့်မှန်းချက်တွေက ဈေးကျဖို့ဖြစ်စေတာမို့ ၎င်းတို့လက်ကျန်များ ရှင်းထုတ်လာဖွယ်ရှိပါတယ်။ ဒါပေမဲ့ ပြည်ပအမှာအော်ဒါများအရ ဈေးအနိမ့်နဲ့ ဝယ်ယူနိုင်ခြင်းကတော့ ဈေးနှုန်းကိုအထောက်အပံ့ဖြစ်စေနိုင်တယ်လို့ ကုန်သည်များကဆိုပါတယ်။ နနွင်းထွက်ရှိမှုဟာ ၂ဝ၁ဝ-၁၁ အတွင်း အိတ် ၆၉ သိန်းထွက်ရှိခဲ့ရာမှ ယခုနှစ်မှာ အိတ်ပေါင်း ၈၂ သိန်း ထိ မြင့်တက်နိုင် တယ်လို့ခန့်မှန်းထားပါတယ်။ ပြည်တွင်းလှောင်လက်များမှာ နနွင်းလက်ကျန်အလုံအလောက် ရှိနေတဲ့အတွက် သြဂုတ်လကုန်ထိ ကာလတိုအတွင်း ဈေးနှုန်းဟာ ပြည်တွင်း၊ ပြည်ပဝယ်လက်တွေရဲ့ ဝယ်လို အားပေါ်မူတည် နေတယ်လို့ ဆိုပါတယ်။ ကာလလတ် နဲ့ ကာလရှည်အတွင်းမှာတော့ နနွင်းစိုက်ပျိုးမှုတိုးတက်ခြင်းနဲ့ လက်ကျန်ရှိနေတာကြောင့် အကျဘက်ဆင်းလိမ့်မယ်လို့ဆိုပါတယ်။ NCDEX မှာ သြဂုတ်လ ၂၅ ရက်နေ့ လက်ငင်းဈေးဟာ တစ်တန်ကို ရူပီး ၆၄၅ဝဝ (ကန်ဒေါ်လာ ၁၃၉၉ ဒသမ ၇) ဈေးဖြစ်ခဲ့ပါတယ်။ ဟင်းခတ်အမွှေးအကြိုင်အဖွဲ့စာရင်းအရ ၂ဝ၁၁ ဧပြီလမှ ဇွန်လအထိ နနွင်းတင်ပို့မှုဟာ တန်ချိန် ၂၁၇၇၅ ရှိလို့ ယခင်နှစ်ကာလတူတင်ပို့ခဲ့တဲ့ တန်ချိန် ၁၅ဝဝဝ ထက်၄၅ ရာခိုင်နှုန်း ပိုမိုတယ်လို့ဆိုပါတယ်။ ဗီယက်နမ်၊ အင်ဒိုနီးရှားနဲ့ နိုက်ဂျီးရီးယားတို့က ရောင်းလိုအားကောင်းနေခြင်းနဲ့အတူ ကမ္ဘာ့ဈေးကွက်မှာ ရောင်းချမှုက အားကောင်းနေပါတယ်။ ဝယ်လိုအားဘက်မှာလည်း ဆေးနဲ့အလှကုန်လုပ်ငန်း တိုးတက်တာကြောင့် စားသုံးမှုတိုးတက်နေတယ် လို့ဆိုပါတယ်။ လက်ရှိနနွင်းစိုက်ပိုျးမှုအနေနဲ့ ယခင်နှစ်ထက် ၁၅ရာခိုင်နှုန်းလျော့ကျပေမယ့် ပုံမှန်စိုက်ဧရိယာထက်တော့ ပိုမိုတယ်လို့ဆိုပါတယ်။ ယခင်နှစ်က စိုက်ဧကအလွန်မြင့်မားခဲ့ရာ ယခုလိုအချိန်မှာ ဟက်တာ ၆၉ဝဝဝ စိုက်ပျိုးထားပြီး ယခုနှစ်မှာ ဟက်တာ ၆ဝဝဝဝ စိုက်ပျိုးထားကြောင်းနဲ့ ပုံမှန်အားဖြင့် ဟက်တာ ၅၆ဝဝဝ စိုက်ပျိုးမှုရှိတယ်လို့သိရပါတယ်။ ယမင်းခင်၊Source: Business standard
အိန္ဒိယကို မန်ကျည်းစေ့ ၄၇ တန်တင်ပို့ ပင်လယ်ရေကြောင်းကုန်သွယ်မှုလမ်းမှ သြဂုတ်လ ၁၄ ရက်မှ ၂ဝ ရက်တာ ကာလအတွင်း မန်ကျည်းစေ့ ၄၇ တန်ကို တင်ပို့ခဲ့ပါတယ်။ ယခင်သီတင်းပတ် မန်ကျည်းစေ့တင်ပို့မှုက တန် ၅ဝ ရှိခဲ့တာကြောင့် ဒီသီတင်းပတ်မှာ တန်အနည်း ငယ်သာလျော့နည်းခဲ့ပါတယ်။ ယခင်သီတင်းပတ်က စင်ကာပူနိုင်ငံကို တင်ပို့ခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ အိန္ဒိယနိုင်ငံကို တင်ပို့ခဲ့ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီ ဈေးကန်ဒေါ်လာ ၂၃ဝ ဝန်းကျင်နဲ့ တင်ပို့ခဲ့တာကြောင့် စုစုပေါင်း ပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သောင်းကျော်ရရှိခဲ့ပါတယ်။ MIRT (DOT)
အိန္ဒိယ ကုလားပဲဈေးအနည်းငယ်တိုး အိန္ဒိယပြည်တွင်း ဈေးကွက်များမှာ ယခုတစ်ပတ်အတွင်း ဝယ်လိုအားကောင်း နေတာကြောင့် ကုလားပဲ ဈေးအနည်းငယ်တိုးလာပါတယ်။ ကနေဒါနဲ့ အမေရိကန် တို့မှာ ထုတ်လုပ်မှုကျဆင်းဖွယ်ရှိခြင်းကြောင့် နိုင်ငံတကာ ဈေးခိုင်မာနေခြင်းအပြင် ပြည်တွင်းဝယ်လိုအား ကောင်းမွန်နေခြင်းက ဈေးနှုန်းကို အထောက်အပံ့ ဖြစ်စေပါ တယ်။ မိုးပဲစိုက်ဧက ကျဆင်းခြင်းကြောင့် မိုးပဲအထွက်လျော့ကျဖွယ်ရှိခြင်းက ဈေးကွက်ကို လွှမ်းမိုးနေပါတယ်။ ကုလားပဲကို စက်တင်ဘာ-အောက်တိုဘာမှာ စတင် တော့မှာဖြစ်ပြီး၊ ရာသီဥတုအခြေအနေအရ စိုက်ပိုျးမှု တိုးတက်ဖွယ် ရှိတယ်လို့ ခန့်မှန်းကြပါတယ်။ လာမယ့်လများမှာ ဝယ်လိုအားက ဈေးနှုန်းကို ပြောင်းလဲစေနိုင် ပါတယ်။ ဈေးကွက် အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ၊ နှိုင်းယှဉ်ဖော်ပြ လိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၅၉၅ ၅၇၉ ၅၉၁ ၅၇၅-၅၈ဝဒေလီ - ၆၈၈-၆၉၄ ၆၈၉-၆၉၅ ၆၅၂-၆၅၇ကန်ပါ ၇ဝ၁ ၇ဝ၆ ၇၁၁ ၆၇၉MIRT(MAPT)
အိန္ဒိယ ပဲတီစိမ်း ဈေးသိသိသာသာ မြင့်တက် အိန္ဒိယပြည်တွင်းဈေးကွက်အနံှ့အပြားမှာ ဝယ်လိုအား အဆက်မပြတ်ရှိနေတာကြောင့် ယခုတစ်ပတ် ပဲတီစိမ်းဈေးက သိသိသာသာမြင့်တက်လာခဲ့ပါတယ်။ နိုင်ငံအနံှ့အပြားက ပဲအသစ်တွေ သြဂုတ်လကုန်ပိုင်းမှာ စတင်ဝင်လာတော့မှာဖြစ်ပေမယ့် ကုန်သည်တွေကတော့ ပဲအရည်အသွေးပေါ် စိုးရိမ်နေကြပါတယ်။ နိုင်ငံအလယ် ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးအဆက်မပြတ်ရွာသွန်း နေတာကြောင့် သီးနံှအတွက် နေရောင်လိုအပ်နေပါတယ်။ နိုင်ငံ တောင်ပိုင်းက ပဲတီစိမ်းစိုက်ပျိုးမှု သိသိသာသာ နှေးကွေး နေတယ်လို့ သိရပါတယ်။ ပဲအထွက် လျော့ကျဖွယ်ရှိခြင်းနဲ့ အရည်အသွေးပေါ် စိုးရိမ်မှုများကြောင့် ပဲတီစိမ်းဈေး ဆက်လက် ခိုင်မာဖွယ်ရှိတယ်လို့ ကုန်သည်များက သုံးသပ်ကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက် ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း (ကင်ညာ) ၁ဝ၁၈-၁ဝ၃၉ ၉၃၉ ၉၅၂ ၉ဝ၉-၉၁၄ဒေလီ - ၇၆၅-၈ဝ၈ ၇၆၆-၈၁ဝ ၇၆၇-၈၁ဝအာကိုလာ ၇၅၈-၁ဝ၃၉ ၇၆၅-၁ဝ၄၉ ၇၆၆-၉၈ဝ ၇၆၇-၈၇၆MIRT(MAPT)
အိန္ဒိယဝယ်လက် ကြိုက်ဈေးရှိတဲ့ ပဲတီစိမ်း ပုံမှန်အရောင်းအဝယ်ဖြစ် ရန်ကုန်တိုင်းဒေသကြီး၊ ဘုရင့်နောင်ကုန်စည်ဒိုင် FOB ဈေးကွက်မှာ လက်ရှိဖြစ်နေတဲ့ ပဲတီစိမ်းဈေးက ပြည်ပဝယ်လက် ကြိုက်ဈေးဖြစ်နေလို့ အရောင်းအဝယ် ပုံမှန်ဖြစ်နေတယ်လို့ သိရပါတယ်။ သြဂုတ်လ ၁၉ ရက်မှ ၂၅ ရက်အထိ တစ်ပတ်အတွင်း FOB အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၅ဝဝဝ ခန့်ရှိတယ်လို့ သိရပါတယ်။ ပင်လယ်ရေကြောင်းအပြင် တရုတ်နယ်စပ် ကလည်း အဆွဲရှိတာမို့ ပဲတီစိမ်းအရောင်းအဝယ်ကတော့ ပုံမှန်ရှိနေတယ်လို့ ဆိုပါတယ်။ သြဂုတ်လအတွင်း ၂၅ ရက်အထိ၊ FOB အရောင်းအဝယ်ဖြစ်မှုဟာ တန်ချိန် ၁၈ဝဝဝ ကျော်ပြီလို့ သိရပါတယ်။ ပြည်ပအဝယ် ပုံမှန်ရှိပေမယ့် ပြည်ပပို့ကုန် ဝင်ငွေလဲလှယ်နှုန်းအပြောင်းအလဲကြောင့် သြဂုတ်လ ၂၆ ရက်မှာ FOB ပဲတီစိမ်း ဈေး၊ အနည်းငယ်လျော့ကျခဲ့ပါတယ်။ ယခင်သီတင်းပတ်ဈေးနဲ့ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ပဲတီစိမ်းအညာ ပဲတီရွှေဝါအသေး ပဲတီရွှေဝါအကြီး၂၆-၈-၁၁ ၇၁ဝ-၇၃ဝ ၉၂ဝ-၉၄ဝ ၁ဝဝဝ-၁ဝ၂ဝ၁၈-၈-၁၁ ၇၁ဝ-၇၃ဝ ၉၄ဝ-၉၆ဝ ၁ဝ၁ဝ-၁ဝ၃ဝMIRT(MAPT)
ယခုတစ်ပတ် အိန္ဒိယဈေးကွက် ပဲစင်းငုံဈေးအတက်ဘက်ချီတက် ယခုတစ်ပတ်အတွင်း အိန္ဒိယပဲဈေးကွက်များမှာ ပဲစင်းငုံဈေးနှုန်း အတက်အကျ အပြောင်းအလဲများ ဖြစ်ပေါ်ပေမယ့် အတက်ဘက်ကို ဦးတည်နေတာ တွေ့ရပါတယ်။ ဈေးကွက်တွေမှာ အနိမ့်ဆုံးထောက်ပံ့ဈေး အောက်နဲ့ ရောင်းချနေတဲ့အတွက် အဝယ်ရှိနေခြင်းက ဈေးနှုန်းကို အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်မှာ ပဲစင်းငုံ စိုက်ပျိုးပြီးစီးမှု သတင်းကို စောင့်ကြည့်လျက်ရှိပြီး စိုက်ဧရိယာဟာ ယခင်နှစ် ထက် ၁၆ ရာခိုင်နှုန်းကျော် လျော့ကျလို့ ထုတ်လုပ်မှုလည်း သိသိသာသာကျဆင်း နိုင်တယ်လို့ သိရပါတယ်။ ပွဲတော်အတွက် ဝယ်လိုအား ရှိလာနိုင်ခြင်းနဲ့ ပဲအသစ် ဈေးကွက်အတွင်းဝင်ဖို့ ၃ လကျော် လိုအပ်နေခြင်းက ဈေးနှုန်းဆက်လက်ခိုင်မာဖို့ အထောက်အပံ့ဖြစ်စေပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၆၂၈ ၆၁၂ ၆၁၈-၆၂၄ ၅၈၆ဒေလီ - ၆၅၃-၆၅၅ ၆၅၄-၆၅၇ ၆၃၅-၆၃၇ချန်နိုင်း ၆၁၇ ၆၁၂ ၆၂၄ ၅၈ဝ-၅၉၁MIRT(MAPT)
အိန္ဒိယ မတ်ပဲ ဈေးခိုင်မာ အိန္ဒိယပြည်တွင်းဈေးကွက်တွေမှာ ဝယ်လိုအားရှိနေပြီး ပဲစိုက်ဧရိယာကျတဲ့ သတင်းတွေကြောင့် ယခု တစ်ပတ်မတ်ပဲဈေး ခိုင်မာလာပါတယ်။ ၁၅ ရက်အတွင်း ပဲစိုက်ဧရိယာအများအပြားက ပဲအသစ်တွေ စတင်ဝင်ရောက်တော့မှာဖြစ်ပေမယ့် နိုင်ငံအလယ်ပိုင်းနဲ့ တောင်ပိုင်းမှာ မိုးရွာသွန်းမှုများတာကြောင့် သီးနံှများအတွက် စိုးရိမ်နေကြရပါတယ်။ အဓိကမတ်ပဲစိုက်ရာဒေသတွေမှာ မိုးပိုမိုခြင်းက နောက်ကျ စိုက်တဲ့ သီးနံှတွေအတွက်ကောင်းပေမယ့် အစောပိုင်းစိုက်သီးနံှတွေ အတွက် အရည် အသွေး ထိခိုက်နိုင်စေပါတယ်။ ပဲစိုက်ပျိုးတဲ့ ပြည်ပနိုင်ငံတွေမှာ ပဲထွက်ရှိမှုနည်းခြင်း က နိုင်ငံတကာ ဈေးခိုင်မာစေသလို ကာလတိုအတွင်း ပြည်တွင်းပဲဈေးကိုလည်း ခိုင်မာစေမယ်လို့ ကုန်သည်များက ခန့်မှန်းကြပါတယ်။ ဈေးကွက်အသီးသီးမှာ ဖြစ် ပေါ်တဲ့ မတ်ပဲဈေးများ နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ်။ ဒေါ်လာ/ တန် ၂၅-၈-၁၁ ၂၄-၈-၁၁ ၂၃-၈-၁၁ ၂ဝ-၈-၁၁မွန်ဘိုင်း ၈ဝဝ-၈ဝ၆ ၈ဝ၃ ၈ဝ၄ ၇၈၃-၇၈၈ဒေလီ - ၈၄၁-၈၅၅ ၈၂၁-၈၆၅ ၈၂၁-၈၆၅ချန်နိုင်း ၈၂၃ ၈၁၄ ၈၂၁-၈၂၆ ၈၁ဝMIRT(MAPT)
ကမ္ဘာ့သီဟိုဠ်စေ့ အထွက်နှုန်းကျဆင်းပြီး ဝယ်လိုအားမြင့်မားလာသဖြင့် ဈေးနှုန်းများ ထပ်မံမြင့်မားနိုင် ၂ဝ၁၁ ခုနှစ် ၊ ပထမ (၇) လအတွင်း ဗီယက်နမ်မှ သီဟိုဠ်စေ့တင်ပို့မှု ပမာဏက တန်ချိန် ၈၄ဝဝဝ ထိ ရောက်ရှိကာ ဝင်ငွေအနေနဲ့ ကန်ဒေါ်လာ ၆၅၆ သန်း ရရှိခဲ့တယ်လို့ ဗီယက်နမ်သီဟိုဠ်စေ့ အသင်း (Vinacas)ဥက္ကဌမှ ပြောကြားတယ်။ တင်ပို့မှုပမာဏအနေနဲ့ ယခင်နှစ်အလားတူကာလနဲ့ ယှဉ်ရင် ၁၆ ရာခိုင်နှုန်း ကျဆင်း သွားသော်လည်း တန်ဖိုးအနေနဲ့ ၁၄ ဒသမ ၈ ရာခိုင်နှုန်း ပိုမိုခဲ့တယ်လို့ သိရတယ်။ ယခင်နှစ်က သီဟိုဠ် စေ့တင်ပို့ရာမှာ ပျမ်းမျှနှုန်းအနေနဲ့ တစ်တန်ကို ကန်ဒေါ်လာ ၅၃ဝဝ ရရှိခဲ့ပေမဲ့ ယခုနှစ်မှာ တစ်တန်ကို ပျမ်းမျှနှုန်း အနေနဲ့ ကန်ဒေါ်လာ ၇၆ဝဝ ရရှိခဲ့တယ်လို့ Vinacas ဥက္ကဌက ပြောကြားတယ်။ ယခုနှစ်မှာ ဗီယက်နမ်မှာ အချိန်အခါမဟုတ်တဲ့ မုတ်သုန်မိုးတွေရွာသွန်းခြင်းနဲ့ သီဟိုဠ်ပင် အများစုမှာ သက်ကြီးပင်တွေဖြစ်နေခြင်းတို့ကြောင့် သီဟိုဠ်စေ့ ထုတ်လုပ်မှုနှုန်းက ယခင်နှစ်ထက် လျော့နည်းသွားဖွယ်ရှိပြီး တန်ချိန် ၃၃ဝဝဝဝ သာ ထုတ်လုပ်နိုင်ဖွယ်ရှိတယ်လို့သိရတယ်။ ဗီယက်နမ်မှ သီဟိုဠ်စေ့ပြုပြင်ထုပ်ပိုး တင်ပို့သူတွေက ပြည်ပမှသီဟိုဠ်စေ့ကိုလည်း တင်သွင်းကြတယ်။ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း သီဟိုဠ်စေ့တန်ချိန် ၁၂ဝ၇၃၂ တန် တင်သွင်းခဲ့ရပြီး နိုင်ဂျီးရီး ယား ၊ ဂါနာ၊ အိုင်ဗရီကို့စ်တ်၊ အင်ဒိုနီးရှားနဲ့ ကမ္ဘောဒီးယားတို့မှ သီဟိုဠ်စေ့တွေကို ဝယ်ယူတင်သွင်းခဲ့ကြောင်း သိရတယ်။ ထပ်မံပြီးလည်း တန်ချိန် ၃၂၉၃ဝဝ ဝန်းကျင်ကို ၂ဝ၁၁ ခုနှစ်၊ ဒုတိယ နှစ်ဝက်အတွင်း တင်သွင်းဖွယ်ရှိတယ်လို့ ခန့်မှန်းထားတယ်။ ကမ္ဘာ့သီဟိုဠ်စေ့ ထွက် နှုန်းကျဆင်းပြီး ဝယ်လိုအားမြင့်မားလာရာ ဈေးနှုန်းတွေ ထပ်မံမြင့်မားဖွယ်ရှိတယ် လို့ ခန့်မှန်းကြတယ်။ လက်ရှိကမ္ဘာ့သီဟိုဠ်စေ့ဈေးကွက်မှာ အမေရိကန်နဲ့ အီးယူမှာ သီဟိုဠ်စေ့ လက်ကျန်နည်းနေတဲ့အပြင် တရုတ်နဲ့ အိန္ဒိယက သီဟိုဠ်စေ့ ဝယ်လို အား အထူးမြင့်မားနေကြောင်း သိရပါတယ်။ ပပ၊Source:theproducenews.com
၂ဝ၁၁ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှု ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံရရန် အင်ဒိုနီးရှားမျှော်မှန်း ၂ဝ၁၁ ခုနှစ်မှာ အင်ဒိုနီးရှားက သဘာဝရော်ဘာတင်ပို့မှုမှ ဝင်ငွေအနေနဲ့ အနည်းဆုံး ကန်ဒေါ်လာ ၁ဝ ဘီလီယံရရှိဖို့ မျှော်မှန်းထားတယ်။ အင်ဒိုနီးရှားက ကမ္ဘာမှာ ဒုတိယမြောက် ရော်ဘာထုတ်လုပ်မှု အများ ဆုံးနိုင်ငံဖြစ်တဲ့အတွက် ယခုနှစ်မှာ တန်ချိန် ၃ သန်းထိ ထုတ်လုပ်နိုင်မယ်မျှော်မှန်းကြောင်း သိရတယ်။ ၂ဝ၁ဝ ခုနှစ်အတွင်း ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၃ ဒသမ ၃၈ ဘီလီယံ ရရှိခဲ့တယ်လို့ အင်ဒိုနီးရှား ရော်ဘာ ကုမ္ပဏီများအသင်း ဥက္ကဌ ဆူဟာတိုဟွန်ဂိုကူဆူမိုက ပြောကြားပါတယ်။ ၂ဝ၁၁ ခုနှစ် မှာ ရော်ဘာဈေးနှုန်း ပိုမိုမြင့်မား လာကြောင်း ၊ မတ်လအတွင်းက တစ်ကီလိုကို ကန်ဒေါ်လာ ၅ ဒသမ ၅၇ ဒေါ်လာ အထိ မြင့်မားခဲ့ပြီး ဧပြီလမှာ ဈေးကျသွား သော်လည်း တစ်ကီလိုကို ကန်ဒေါ်လာ ၄ ဒသမ ၅၆ အထိ ဈေးရကြောင်း ၊ ယခုနှစ် တစ်နှစ်လုံးမှာ ရော်ဘာတစ်ကီလိုကို ပျမ်းမျှဈေးနှုန်း ၄ ဒေါ်လာအထိ ရရှိနိုင်ကြောင်း၊ ဒီလိုရော်ဘာဈေးကောင်းလာရာ ရော်ဘာတင်ပို့မှုမှ ဝင်ငွေကန်ဒေါ်လာ ၁ဝ ဘီလီယံအထိရရှိဖို့ မျှော်မှန်းကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။ ယခုနှစ်အတွင်း အမေရိကန်နဲ့ ဥရောပဒေသစီးပွားရေး နှေးကွေးနေသော်လည်း အင်ဒိုနီးရှား ရော်ဘာ တင်ပို့မှုအပေါ် သိသိသာသာထိခိုက်မှုမရှိနိုင်ကြောင်း၊ အာရှမှ ရော်ဘာဝယ်လိုအား မြင့်မားလာခြင်းက အမေရိကန်နိုင်ငံမှ ရော်ဘာ ဝယ်လိုအားလျော့ကျမှုကို ဖြည့်ဆည်းပေးနိုင်မှာဖြစ်ကြောင်း ဥက္ကဌ ဆူဟာတိုက ပြောကြားတယ်။ အဓိကမှာ အာရှမှ ရော်ဘာ ဝယ်လိုအား အထူးမြင့်မားလာတဲ့ တရုတ်က နိုင်ငံရဲ့ ရော်ဘာ သိုလှောင်ထားရှိမှုကို ပြန်လည်ဖြည့်ဆည်းဖို့ ၂ဝ၁၁ ခုနှစ် ၊ ပထမ ၆ လအတွင်း ရော်ဘာတန်ချိန် ၅၇၄ဝဝဝ ဝန်းကျင်ကို ဝယ်ယူတင်သွင်းခဲ့ရာ တစ်နှစ်ထက်တစ်နှစ် ၄ ဒသမ ၅၇ ရာခိုင်နှုန်း မြင့်မားခဲ့တယ်လို့ သိရတယ်။ ဆက်လက်ပြီးလည်း တရုတ်ရော်ဘာဝယ်လိုအားကောင်းဦးမယ်လို့ ခန့်မှန်းကြပါတယ်။ ပပ၊Source:wam.ae, reuters, rubbermarketnews.net