Background
အိန္ဒိယ ပဲစင်းငုံဈေးကွက် ဈေးအေးပြီး စိုက်ပျိုးမှု လျော့နည်းနေ အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်တွင် ဈေးမငြိမ်သော်လည်း ဈေးကွက် အတွင်း ထူးခြားသော အပြောင်းအလဲမရှိကြောင်း သိရပါတယ်။ ရောင်းလိုအား လုံလောက်သော်လည်း အရောင်းအဝယ် နည်းလျက်ရှိပြီး၊ ဝယ်လိုအားတက်လာပါက ဈေးကောင်းလာနိုင်ဖွယ် ရှိပါတယ်။ တစ်ဆင့်ရောင်းသူများရဲ့ အဝယ်လိုက်ချင်း ကလည်း ဈေးနှုန်းကို အထောက်အပံ့ပေးကြောင်း သိရပါတယ်။ အိန္ဒိယအနောက် ပိုင်း၊ အလယ်ပိုင်းနဲ့အရှေ့ပိုင်းမှာ မိုးရွာသွန်းမှုကြောင့် သီးနံှအတွက် အခြေအနေ ကောင်းပေမဲ့ ကုန်သည်များက တောင်ပိုင်းဒေသအတွက် စိုးရိမ်နေကြောင်း သိရပါတယ်။ အိန္ဒိယအရှေ့ပိုင်းနဲ့ အလယ်ပိုင်းမှာ ပဲစင်းငုံ ဆက်လက်စိုက်ပျိုးနေကြောင်း၊ ယခင်နှစ်ထက် စိုက်ပျိုးမှု လျော့နည်းတဲ့အပြင် ဈေးနှုန်းလည်း ကျဆင်းနေကာ အချို့ ဒေသများတွင် တောင်သူများကလည်း အခြားသီးနံှစိုက်ပျိုးရန် ပိုမိုအားသန်နေတယ်လို့ သိရပါတယ်။ သို့ရာတွင် စက်ပိုင်များထံမှ ဝယ်လိုအားတက်ပြီး၊ ၂ဝ၁၁- ၂ဝ၁၂ တွင် ယခင်နှစ်ထက် ပဲထုတ်လုပ်မှု ကျဆင်းဖွယ်ရှိတာကြောင့် ဈေးနှုန်းကို အထောက်အပံ့ဖြစ်နိုင်ကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/တန် ပဲစင်းငုံအသစ်အနီ(FAQ) ပဲစင်းငုံအဟောင်းအနီ(FAQ)၁၈-၈-၁၁ ၅၅ဝ-၅၇ဝ ၅၄ဝ-၅၆ဝ၁၁-၈-၁၁ ၅၇ဝ-၅၉ဝ ၅၆ဝ-၅၈ဝMIRT(MAPT)
အိန္ဒိယ မတ်ပဲ အဓိကဈေးကွက်များမှာ ဝယ်လိုအားနည်း အိန္ဒိယပြည်တွင်း လက်ငင်းဈေးကွက်မှာ ဈေးနှုန်းများ အတက်အကျနဲ့ မငြိမ် မသက်ဖြစ်နေပါတယ်။ အဓိက ဈေးကွက်များမှာ ဝယ်လိုအားနည်းနေပြီး၊ အိန္ဒိယ အရှေ့ပိုင်း နှင့် အနောက်မြောက်ပိုင်းမှာ ရေကြီးမှုနှင့် မိုးရွာသွန်းမှုကြောင့် ဥတ္တရာ ပရာဒေ့ရှ် ဒေသအချို့မှာ ထိခိုက်နိုင်မှုကို ကုန်သည်များက စိုးရိမ်နေကြကြောင်း သိရပါတယ်။ အိန္ဒိယပြည်အရှေ့ပိုင်းနှင့် အနောက်မြောက်ပိုင်းဒေသများမှာ မိုးဆက်လက် ရွာသွန်း နိုင်ပြီး၊ သြဂုတ်လ ၂၂ရက်ခန့်မှစလို့ ရာသီဥတုခြောက်သွေ့ နိုင်ကာ ၎င်း ရာသီဥတု ခြောက်သွေ့မှုက သီးနံှရင့်မှည့်မှုအတွက် အထောက် အပံ့ပြုနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒါပေမဲ့ အိန္ဒိယမြောက်ပိုင်းနဲ့ အလယ် ပိုင်းဒေသများမှာ သီးနံှစိုက်ပျိုးချိန် စောတာကြောင့် မိုးရွာသွန်းမှုက သီးနံှရင့်မှည့်မှုကို အဟန့်အတား ဖြစ်စေကြောင်း သိရပါတယ်။ ဈေးကွက်အသီးသီးမှာဖြစ်ပေါ်တဲ့ ဈေးနှုန်းများ နှိုင်းယှဉ် ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၁၈-၈-၁၁ ၁၇-၈-၁၁ ၁၆-၈-၁၁ ၁၂-၈-၁၁မွန်ဘိုင်း ၇၈၉ ၇၉၉ ၇၉၆ ၈ဝဝဒေလီ ၈၃၃-၈၇၇ ၈၃၈-၈၈၂ ၈၄ဝ-၈၈၄ ၈၃၈-၈၈၂ချန်နိုင်း ၈၁၁-၉၃၂ ၈၁၆-၉၃၇ ၈၁၈-၉၃၉ ၈၁၆-၉၃၇MIRT(MAPT)
တရုတ်၏ ကုန်ပြန်လည်ဖြည့်တင်းမှုကြောင့် ပြောင်းတင်သွင်းမှုမြင့်တက်နိုင် ကမ္ဘာ့ပြောင်း ဒုတိယအများဆုံးစားသုံးတဲ့ တရုတ်နိုင်ငံက တိရစ္ဆာန်စာအတွက် ဝယ်လိုအား တိုးတက်လာ ရာ ယခုနှစ် အောက်တိုဘာလ ၁ ရက်နေ့ကစတင်ကာ ပြောင်းကို ပြန်လည်သိုလှောင်ထားနိုင်ဖို့ ပြောင်းကိုတင်သွင်းနိုင်ကြောင်းYigu Information Consulting Ltd. ကုမ္ပဏီက ခန့်မှန်းလိုက်တယ်။ ပြည်တွင်းပြောင်းထုတ်လုပ်မှုက နိုင်ငံတော်အရန်သိုလှောင်ထားမှုနဲ့ တိုးတက် လာတဲ့ ဝယ်လိုအား ကိုပြည့်မီအောင် ထွက်ရှိမှာ မဟုတ်ကြောင်း သုတေသနပညာရှင် Zhang Qi ကပြောကြားလိုက်တယ်။ တရုတ် က ပြည်တွင်းငွေကြေးဖောင်းပွမှု သုံးနှစ်အတွင်းအမြင့်ဆုံးကို ရောက်ရှိခဲ့မှုကြောင့် ဈေးနှုန်းတွေ သက်သာဖြေလျော့ စေဖို့အတွက် ပြောင်းနဲ့ ပဲပုပ်ကို နိုင်ငံတော်အရန် သိုလှောင်ထားမှုမှ ထုတ်ရောင်းချ ပေးလျက်ရှိတယ်။ ပြီးခဲ့တဲ့လမှာ ဝက်သား ဈေးနှုန်းက ၅၇ ရာခိုင်နှုန်း မြင့်တက်ခဲ့တယ်။ ဒါကြောင့် နိုင်ငံတော်သိုလှောင်ထားမှုပြုလုပ်ဖို့အတွက် နိုင်ငံရပ်ခြားမှ သင်္ဘော တင် ဝယ်ယူဖို့ ရှာဖွေနိုင်ဖွယ်ရှိကြောင်း Zhang Qi က ခန့်မှန်းထားတယ်။ အောက်တိုဘာလနဲ့နိုဝင်ဘာလအတွင်း ရောင်းလိုအား ကျပ်တည်းနိုင်ကြောင်းနဲ့ လယ်သမားတွေကလည်း ရောင်းလိုအားတင်းကျပ်မှုကြောင့် ဈေးနှုန်းအမြင့်ကိုလည်း မျှော်မှန်းကြမှာဖြစ်တယ်။ လာမဲ့နှစ်အနည်းငယ်အတွင်းမှာ တရုတ်က နှစ်စဉ်အများဆုံးတင်သွင်းနေတဲ့ အမေရိကန်ပြည်ထောင်စုမှ ပြောင်းကို တန်ချိန် ၁၅ သန်းပိုမိုတင်သွင်းနိုင်ဖွယ် ရှိ ကြောင်း အမေရိကန်လယ်ယာစိုက်ပိုျးရေးဌာန မူဝါဒဌာန ညွှန်ကြားရေးမှူး Michael Dwyer က ခန့်မှန်းထားတယ်။ ချီကာဂိုကုန်သွယ်ရေးမှာ ဒီဇင်ဘာလ သင်္ဘောတင်မဲ့ ပြောင်းဈေးနှုန်းက သုည ဒသမ ၄ ရာခိုင်နှုန်း တက်သွားကာ တစ်တန်ကို ကန်ဒေါ်လာ ၂၇၁ ဒသမ ၁၆ နဲ့ ချုပ်ဆိုခဲ့ပါတယ်။ တရုတ်က ပြောင်းအစား ပိုမိုဈေးချိုတဲ့ ဂံျုတန်ချိန် ၁၆ သန်းကို အစားထိုးသုံးစွဲနိုင်ကြောင်း ခန့်မှန်းထားတယ်။ ယခုနှစ်မှာ ပြောင်းစိုက်ပျိုးရာမှာ အသုံးပြုတဲ့ ဓာတ်မြေသြဇာ၊ မျိုးစေ့နဲ့ ပေါင်းသတ်ဆေးဈေးနှုန်းတွေက ယခင်နှစ်နဲ့ နှိုင်းယှဉ်ရာမှာ ၁၅ ရာခိုင်နှုန်းနီးပါး မြင့်တက်ခဲ့တယ်။ အာဂျင်တီးနားက လာမဲ့ နှစ်မှာ တရုတ်ကို ပြောင်းတင်ပို့ဖို့ မျှော်လင့်လျက်ရှိကြောင်း သတင်းရရှိပါတယ်။ အေးမွန်မွန်လှိုင်၊Source:www.bloomberg.com
မလေးရှားမှာ သဘာဝရော်ဘာထုတ်လုပ်မှု တိုးမြှင့်မည် မလေးရှားနိုင်ငံက ယခုနှစ်မှာ ရော်ဘာပို့ကုန် ၂ ဆတိုးမြှင့် တင်ပို့နိုင်မယ်လို့ မျှော်လင့်နေကြောင်း သိရပါတယ်။ ရော်ဘာကုန်ကြမ်းတွေရဲ့ ဝယ်လိုအား ကောင်းလာကြောင်း ကုန်စည်များနှင့် စက်မှုကုန်ကြမ်းသီးနံှဆိုင်ရာဝန်ကြီးဌာန (Plantation Industries and Commodities Ministry) နဲ့ ကုန်ပစ္စည်း ဌာနဒုတိယဝန်ကြီးကပြောကြားခဲ့ပါတယ်။ ၂ဝ၁၁ မှာရော်ဘာတင်ပို့မှုကနေ ရင်းဂစ် ၁၄ ဒသမ ၄ ဘီလီယံ (ဒေါ်လာ ၄ ဒသမ ၈၉ ဘီလီယံ) ရရှိနိုင်ပြီး ၂ဝ၁ဝ ရရှိငွေ ရင်းဂစ် ၁၂ ဒသမ ၉၆ဘီလီယံထက် ၁၁ ရာခိုင်နှုန်းတိုးတက်တင်ပို့နိုင်မယ်လို့ သိရပါတယ်။ ၂ဝ၁၁ ပထမ နှစ်ဝက်မှာ ရော်ဘာထုတ်လုပ်မှု ၄၈ဝဝဝဝ တန်ရှိပြီး လွန်ခဲ့တဲ့နှစ် အလားတူကာလက ၄၅ဝဝဝဝ တန်ရှိခဲ့ကြောင်းသိရပါတယ်။ ခြေအိတ်နဲ့ တာယာကဲ့သို့သော ရော်ဘာထုတ်ကုန်တွေက မလေးရှားရဲ့ ပို့ကုန်မှာ ၂ ရာခိုင်နှုန်းပါဝင်ကြောင်းသိရပါတယ်။ မလေးရှား၊ အင်ဒိုနီးရှား၊ ထိုင်းနဲ့ ဗီယက်နမ်တို့က တစ်နှစ်ပတ်လုံးသဘာဝရော်ဘာထုတ်လုပ်ပြီး ကမ္ဘာ့တင်ပို့မှုရဲ့ ၉၃ ရာခိုင်နှုန်းကို တင်ပို့ ကြောင်း သတင်းရရှိပါတယ်။ Source;msn.KZW
ကမ္ဘာ့စီးပွားရေး ပြန်လည်ကောင်းမွန်လာခြင်းနှင့် ဆောင်းရာသီအတွက် လောင်စာဝယ်လိုအား မြင့်မားခြင်းက ရေနံစိမ်းဈေးနှုန်းကို မြှင့်တင်ပေးလိမ့်ဦးမည် အမေရိကန် အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်အကြား ေြွကးမြီ သက်တမ်းမြှင့်တင်ရေး ဆွေးနွေးမှုမှ သဘောတူညီမှုရရှိပြီဖြစ်ရာ တစ်ပတ်ကြာကျဆင်းသွားတဲ့ ရေနံစိမ်းဈေးနှုန်း ပြန်လည် မြင့်မားလာတယ်။ ဒါကြောင့် စက်တင်ဘာလ အရောက်ပို့ရမဲ့ ရေနံစိမ်းက တစ်စည်ကို၁ဒသမ ၅၉ဒေါ်လာ မြင့်မားကာ ၉၇ ဒသမ ၂၉ ဒေါ်လာနဲ့ နယူးယောက်ကုန်စည်ရောင်းဝယ်ရေးမှာ အရောင်းအဝယ်ဖြစ်ခဲ့တယ်။ ဇူလိုင်လ အတွင်း ရေနံစိမ်းဈေးနှုန်း သုည ဒသမ ၃ ရာခိုင်နှုန်း မြင့်မားခဲ့တယ်။ စက်တင်ဘာလ ငွေချေမယ့် ဘရန့် အမျိုးအစား ရေနံစိမ်းကလည်း တစ်စည်ကို ၁ ဒသမ ၄၁ ဒေါ်လာ(၁ ဒသမ ၂ ရာခိုင်နှုန်း) မြင့်မားကာ ၁၁၈ ဒသမ ၁၅ ဒေါ်လာနဲ့ လန်ဒန် ICE Futures Europe Exchange မှာ အရောင်း အဝယ်ဖြစ်ခဲ့တယ်။ ကာလတိုအတွင်း ရေနံစိမ်းတစ်စည်ကို ၉၅ ဒေါ်လာမှ ၁ဝ၅ဒေါ်လာအကြား ရှိနေလိမ့်မယ်ခန့် မှန်းခဲ့တဲ့တိုကျိုရှိပွဲစားကုမ္ပဏီ DNewedge Group မှ ကုန်စည်အရောင်းမန်နေဂျာ Ken Ltasegawa က ''ကမ္ဘာ့စီးပွား ရေးပြန်လည်ကောင်းမွန်လာခြင်းနဲ့ လာမယ့် ဆောင်းရာသီအတွက် လောင်စာ ဝယ်လိုအား မြင့်မားခြင်းက ရေနံစိမ်း ဈေးနှုန်းကို မြှင့်တင်ပေးလိမ့်ဦးမည်'' လို့ ခန့်မှန်းထားတယ်။ ဇူလိုင်လအတွင်း တရုတ်နိုင်ငံရဲ့ ကုန်ပစ္စည်းထုတ်လုပ်မှု အညွှန်းကိန်းက စီးပွားရေးပညာရှင်တွေ ခန့်မှန်းထား တာထက် ပိုမိုမြင့်မားလာခြင်းကလည်း ရေနံစိမ်းဈေးနှုန်းကို မြင့်မားစေတဲ့ အချက်အလက်ဖြစ်တယ်လို့သိရပါတယ်။ Source:Bloomberg.com, ပပ
အိန္ဒိယဈေးကွက်များအတွင်း လက်ကျန်လံျှနေတာကြောင့် နနွင်းဈေးကျဆင်း အိန္ဒိယနိုင်ငံ အီရော့နနွင်းဈေးကွက်အတွင်း နနွင်းဝင်ရောက်မှုမှာ မျှော်မှန်းမထားတဲ့ ပမာဏနဲ့ ဝင်ရောက်လာတာကြောင့် တစ်တန်ကို ရူပီး ၅၈ဝဝ (ကန်ဒေါ်လာ ၁၂၉ ဒသမဝ၅) ကျဆင်းခဲ့ပြီး အခြားဈေးကွက် တွေမှာလည်း ရူပီး ၂ဝဝဝ (ကန်ဒေါ်လာ ၄၇ ဒသမ ၆၅) ကျဆင်းခဲ့တယ်လို့ အီရော့နနွင်းကုန်သည်များ အသင်း ဥက္ကဌ မစ္စတာ အာကေဗွီရာဗီရှန်ကာမှ ပြောကြားပါတယ်။ နနွင်းဈေး ထိုးကျဆင်းခြင်းအပေါ် တောင်သူများ ထိတ်လန့် နေကြတယ်လို့ ဆိုပါတယ်။ ပုံမှန်အားဖြင့် ယခုလိုရာသီမှာ နနွင်းဈေးကွက်အတွင်း ဝင်ရောက်မှု လျော့ကျပေမဲ့ ယခုနှစ်မှာတော့ နနွင်းစိုက် တောင်သူ တွေက လက်ကျန်တွေ သယ်ယူရောင်းချတာကြောင့် ဈေးကျဆင်းရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။ ပြည်ပတင်ပို့နေတဲ့ ဝယ်လက် တွေကလည်း ဈေးအနိမ့်နဲ့ နည်းနည်းပဲ ဝယ်ယူတယ်လို့ ဆိုပါတယ်။ နနွင်းကြိုပွိုင့်ဈေးကွက်မှာ သြဂုတ်လ ၁ ရက်နေ့က တစ်တန်ကို ရူပီး ၇ဝ၅ဝဝ-၇၁၃ဝဝ (ကန်ဒေါ်လာ ၁၇၇၄-၁၇၉၂) ဈေးရှိပြီး ထပ်မံ ကျဆင်းနိုင်တယ်လို့လည်း ခန့်မှန်းကြပါတယ်။ ဈေးကွက်ထိန်းသိမ်းရေးကော်မတီဝင်းမှာ နနွင်းတစ်တန်ကို ရူပီး ၅၈ဝဝ (ကန်ဒေါ်လာ ၁၂၉.ဝ၅)ကျဆင်းပြီး ရူပီး ၆၄ဝ၆ဝ (ကန်ဒေါ်လာ ၁၇၃ဝ) ဖြစ်ခဲ့လို့ ယခုနှစ်အတွင်း နနွင်းလက်ချောင်းဈေးဟာ အနိမ့်ဆုံးဖြစ်ခဲ့တယ်လို့ သိရပါတယ်။ ယမင်းခင်၊ Source: businessline
ဗီယက်နမ်နိုင်ငံကို တင်ပို့ ဇူလိုင်လနောက်ဆုံးပတ်မှာတော့ ဗီယက်နမ်နိုင်ငံကို နနွင်း ၇၅ တန်တင်ပို့ခဲ့ ပါတယ်။ ယခင်သီတင်းပတ်မှာ ၁၁ တန်ကျော်သာတင်ပို့နိုင်ခဲ့ပေမဲ့ ဒီသီတင်းပတ် မှာ အပို့သာခဲ့ပါတယ်။ ယခင်သီတင်းပတ်တွေမှာ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၁၈၈ဝ ဝန်းကျင်ရှိခဲ့ပေမဲ့ ဒီသီတင်းပတ်မှာတော့ ကန်ဒေါ်လာ ၁၉၇ဝ ဝန်းကျင် ဈေးကောင်းရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန်ဒေါ်လာ တစ်သိန်းငါးသောင်းနီးပါးရရှိခဲ့ပါတယ်။ ဇွန်လရဲ့ စုစုပေါင်းနနွင်းတင်ပို့မှုမှာ တန်ချိန် ၁၃၅ တန်ရှိခဲ့ပြီး ဇူလိုင်လမှာ ၂ဝ၅ တန် ရှိခဲ့တာကြောင့် ဇူလိုင်လမှာ တန်ချိန် ၇ဝ ပိုမိုတင်ပို့နိုင်ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
စင်ကာပူနိုင်ငံကို ၆၄ တန်တင်ပို့ ဇူလိုင်လနောက်ဆုံးပတ်ကာလမှာ မန်ကျည်း ၆၄ တန်ကို စင်ကာပူနိုင်ငံကို ပင်လယ်ရေကြောင်းလမ်းမှ တင်ပို့ခဲ့ပါတယ်။ နှစ်ပတ်ဆက်တိုက် အပို့ပျောက်ခဲ့တဲ့ မန်ကျည်းက ဒီသီတင်းပတ်မှာ ပြန်လည်တင်ပို့နိုင်ခဲ့တာဖြစ်ပါတယ်။ တစ်တန်ကို အက်ဖ်အိုဘီဈေး ကန်ဒေါ်လာ ၇၈ဝ ဝန်းကျင်ရရှိခဲ့လို့ စုစုပေါင်းပို့ကုန်ဝင်ငွေ ကန် ဒေါ်လာ ငါးသောင်းရရှိခဲ့ပါတယ်။ ဇွန်လရဲ့ စုစုပေါင်း မန်ကျည်းတင်ပို့မှုမှာ တန်ချိန် လေးရာ့နှစ်ဆယ်ကျော်ရှိ ခဲ့ပြီး ဇူလိုင်လရဲ့ စုစုပေါင်းမန်ကျည်းတင်ပို့မှုမှာ တစ်ရာနှစ်ဆယ့်ခုနှစ်တန်သာရှိခဲ့ တာကြောင့် ဇူလိုင်လမှာ မန်ကျည်းတင်ပို့မှုမှာ တော်တော်လေးလျော့နည်းပြီး တင်ပို့ ခဲ့တာတွေ့ရပါတယ်။ MIRT (DOT)
အိန္ဒိယကုလားပဲဈေး တည်ငြိမ်ရာမှ လျော့ကျ အိန္ဒိယ ပြည်တွင်းဈေးကွက်များအတွင်း ကုလားပဲဈေးနှုန်းတည်ငြိမ်ရာမှ လျော့ ကျလာခဲ့ပါတယ်။ ဈေးကွက်အများစုမှာ ဝယ်လိုအားနည်းပါးနေဆဲဖြစ်ပြီး လှောင် လက်များမှလည်း ဈေးအမြင့်မှာ လက်ကျန်ရှင်းထုတ်နိုင်ခြင်း က ဈေးနှုန်းကို ပိုမိုကျ ဆင်းစေပါတယ်။ လာမည့်လများမှာ ပွဲတော်ရာသီအတွက် ဝယ်လိုအား မြင့်တက်လာဖွယ်ရှိတယ်လို့ မျှော်လင့်ထားကြပါတယ်။ ရေလှောင်ကန်များမှာ ရေရရှိမှုဟာ ၁ဝ နှစ်အတွင်း ပျမ်းမျှရေရဲ့ အထက်မှာ ရှိနေတာကြောင့် စက်တင်ဘာနှောင်းပိုင်းမှာ စတင်မယ့် ဆောင်းပဲစိုက်ပျိုးမှုအတွက် အခြေအနေကောင်းနိုင်တယ်လို့ ခန့်မှန်း ထားပါတယ်။ သြစတြေးလျမှာ ပဲရိတ်သိမ်းနေပြီး တောင်သူများအနေနဲ့ ဈေးပိုမိုရရှိဖို့ သိုလှောင်ထားကြတယ်လို့ သိရပါတယ်။ ဈေးကွက် အသီးသီးမှာ ဖြစ်ပေါ်နေတဲ့ ဈေးနှုန်းများကို နှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၈-၁၁ ၃-၈-၁၁ ၂-၈-၁၁ ၁-၈-၁၁ ၃ဝ-၇-၁၁မွန်ဘိုင်း ၅၇၄-၅၉၇ ၅၇၅-၆ဝ၈ ၅၇၇-၆၂၂ ၅၇၉-၆၂၄ ၅၆၆-၆၂၂ဒေလီ ၆၆၄-၆၇ဝ ၆၇ဝ-၆၇၆ ၆၇၈-၆၈၄ ၆၈၇-၆၉၂ ၆၇၉-၆၈၄ကန်ပါ ၆၈၇ ၆၈၉ ၆၉၉ ၇ဝ၄ ၇ဝ၁MIRT(MAPT)
အိန္ဒိယပဲတီစိမ်း ဈေးအေးနေ အိန္ဒိယပြည်တွင်းဈေးကွက်များအတွင်း ဝယ်လိုအားနည်းတာကြောင့် ပဲတီစိမ်းဈေးနှုန်းလျော့ကျနေပါတယ်။ သြဂုတ်လကုန်ပိုင်းမှာ ပဲအသစ်တွေ ဈေးကွက်ထဲဝင်ရောက်လာတော့မှာဖြစ်ပြီး ကုန်သည်များ ပဲအရည်အသွေး အပေါ် စိုးရိမ်နေကြပါတယ်။ ယခုနှစ် ပဲထွက်ရှိမှုအခြေအနေကောင်းမွန်မယ့် အလားအလာနဲ့ ယခင်နှစ် လက်ကျန်တွေရှိခြင်းက ဈေးကွက်ကိုလည်း လွှမ်းမိုးလျက်ရှိနေပါတယ်။ ဒါပေမဲ့ ယခင်နှစ်ထက် စိုက်ဧက လျော့ကျတယ်လို့ သိရပါတယ်။ ဈေးကွက်အသီးသီးက ဈေးနှုန်းများနှိုင်းယှဉ်ဖော်ပြလိုက်ပါတယ် ဒေါ်လာ/ တန် ၄-၈-၁၁ ၃-၈-၁၁ ၂-၈-၁၁ ၁-၈-၁၁ ၃ဝ-၇-၁၁မွန်ဘိုင်း (ကင်ညာ) ၉၆၈ ၉၆၉ ၉၈၃ ၉၈၈ ၉၇၃ဒေလီ ၇၈၈-၈၃၃ ၇၈၉-၈၃၄ ၇၉၁-၈၃၇ ၇၉၅-၈၄ဝ ၇၉၂-၈၃၇အာကိုလာ ၇၈၈-၉ဝဝ ၇၈၉-၉ဝ၁ ၇၉၁-၉ဝ၄ ၇၉၅ -MIRT(MAPT)